Mahar Lawka Parla 4

  • Home
  • Mahar Lawka Parla 4

Mahar Lawka Parla 4 ဓမ္မသည်သာ နိုင်ရမည်။

LAWKA PARLA BUREAU(Anti-Psywar, Information and Intelligence Operations in Counter-Terrorism)☝️ အဓမ္မဝါဒီတွေ ကျရှုံးစေရမ...
15/02/2024

LAWKA PARLA BUREAU
(Anti-Psywar, Information and Intelligence Operations in Counter-Terrorism)
☝️ အဓမ္မဝါဒီတွေ ကျရှုံးစေရမည်။

Meta/Facebook Platform


🌻 = Currently Active Page

Mahar Lawka Parla (Original)
Unpublished ⛔️

Mahar Lawka Parla 1
https://www.facebook.com/mhlkpl 🌻

Mahar Lawka Parla 2
https://www.facebook.com/mhlkpl2

Mahar Lawka Parla 3
https://www.facebook.com/mhlkpl3

Mahar Lawka Parla 4
https://www.facebook.com/mhlkpl4

Mahar Lawka Parla 5
https://www.facebook.com/mhlkpl5

15/02/2024
ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း၊ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ အမှတ် ၄၁ တိုးချဲ့ရပ်ကွက်၊ မင်းရဲကျော်စွာလမ်...
13/02/2024

ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း၊ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ အမှတ် ၄၁ တိုးချဲ့ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းအဆုံး၊ ငမိုးရိပ်ချောင်းဘေး ခြံကွက်လပ်၌ NLD/PDF အကြမ်းဖက်များက ရန်ကုန်မြို့အတွင်းသို့ အကြမ်းဖက်ပစ်ခတ်ရန် ချိန်ရွယ်ထားသည့် တရုတ်နိုင်ငံထုတ် ၁၀၇ မမ ရှော့တိုက်ဒုံး ၃လုံးကို လုံခြုံရေးတပ်ဖွဲ့များကအချိန်မီ ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

ဝါဒမှိုင်းမိပြီး ရူးရူးမိုက်မိုက် လမ်းလွဲလိုက်မိတဲ့ လူပိန်းတစ်ချို့ရဲ့ လွတ်မြောက်နယ်မြေအမည်ခံ လောကငရဲခန်းတွေထဲက ကိုယ်တွေ...
13/02/2024

ဝါဒမှိုင်းမိပြီး ရူးရူးမိုက်မိုက် လမ်းလွဲလိုက်မိတဲ့ လူပိန်းတစ်ချို့ရဲ့ လွတ်မြောက်နယ်မြေအမည်ခံ လောကငရဲခန်းတွေထဲက ကိုယ်တွေ့ဖြစ်ရပ်ဆိုးတွေနဲ့ အချိန်လွန်နောင်တတွေကို ဒီလောက် မြင်သိကြားသိနေရတာတောင် ဆက်ပြီးပိန်းပိတ်နေရင်တော့ ကိုယ်ဖြစ်ကိုယ်ခံပဲလေ။

သဗ္ဗေသတ္တာ ကမ္မသကာပါ။

မှတ်ဟ 🤣
13/02/2024

မှတ်ဟ 🤣

မြန်မာဘက်ကို တရားမဝင်ပို့မယ့် Walkie Talkie စကားပြောစက်တွေ သယ်ဆောင်လာသူ တစ်ဦးကို အိန္ဒိယ-မြန်မာနယ်စပ်မှာ ဖမ်းမိ========...
13/02/2024

မြန်မာဘက်ကို တရားမဝင်ပို့မယ့် Walkie Talkie စကားပြောစက်တွေ သယ်ဆောင်လာသူ တစ်ဦးကို အိန္ဒိယ-မြန်မာနယ်စပ်မှာ ဖမ်းမိ
================================

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙁𝙚𝙗 ~ 𝟏𝟑〕

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ရှာဟာခရိုင်မှာ အာသံရိုင်ဖယ်တပ်ဖွဲ့ဟာ ချင်းလူမျိုး အမျိုးသားတစ်ဦးကို Walkie Talkie စကားပြောစက်တွေနဲ့အတူ ဖေ​ဖော်ဝါရီ ၁၀ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ အိန္ဒိယဘက်ကလာတဲ့သတင်းတွေအရ သိရပါတယ်။

အာသံရိုင်ဖယ်တပ်ဖွဲ့ဟာ ရှာဟာခရိုင်၊ ရှာဟတ်လန်ကွန် လမ်းဆုံမှာ မသင်္ကာဖွယ်ရာ ချင်းအမျိုးသားတစ်ဦးကို ရှောင်တခင် စစ်ဆေးရှာဖွေရာကနေ တရားမဝင် သယ်ဆောင်လာတဲ့ Walkie Talkie စကားပြောစက် အလုံး ၁၀၀ ကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေက အင်တာနာပါဝင်တဲ့ UV-10R Walkie Talkie စကားပြောစက်အလုံး ၁၀၀ နဲ့ သူ့ဘက်ထရီ၊ အားသွင်းကြိုး အလုံး ၁၀၀ စီဖြစ်ပြီး တန်ဖိုးအားဖြင့် ရူပီးငွေ ၂ သိန်းခန့်ရှိတယ်လို့လည်း ဆိုထားပါတယ်။

ဒီစက်ပစ္စည်းတွေ သယ်လာသူက ချင်းပြည်နယ် ဟားခါးမြို့၊ ဒင်လောပါရွာမှာ နေထိုင်တဲ့ အသက် ၃၈ နှစ်အရွယ် Chung Tu ဆိုသူဖြစ်ပြီး လက်ရှိမှာတော့ ဖမ်းမိတရားခံကို ရဲတပ်ဖွဲ့ထံ လွှဲပြောင်းခဲ့သလို သူဟာ လက်နက်ပွဲစားလား၊ PDF အကြမ်းဖက်သမားလားဆိုတာကို​တော့ အိန္ဒိယက အာဏာပိုင်တွေ ဆက်လက်စစ်ဆေးနေလို့ သိရပါတယ်။

#𝙢𝙝𝙩𝙣𝙚𝙬𝙨

လူလို့မခေါ်ထိုက်သည့် အကြမ်းဖက်အားပေး သံဃာအယောင်ဆောင်တစ်ဦးအား လယ်ဝေးမြို့နယ်၌ ဖမ်းမိ================================ဖေဖော...
13/02/2024

လူလို့မခေါ်ထိုက်သည့် အကြမ်းဖက်အားပေး သံဃာအယောင်ဆောင်တစ်ဦးအား လယ်ဝေးမြို့နယ်၌ ဖမ်းမိ
================================

ဖေဖော်ဝါရီ ၁၃

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ဝဲကြီးကျေးရွာနေ NLD/PDF အကြမ်းဖက်သမားများအား အားပေးသွေးထိုးလှုံ့ဆော်နေသည့် သံဃာအယောင်ဆောင်တစ်ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ဖမ်းဆီးအရေးယူထားကြောင်းသိရသည်။

ကိုယ့်စောက်ဆင့်ကိုယ်သိကြ အကြမ်းဖက်ပဒတ်တွေ 😄
13/02/2024

ကိုယ့်စောက်ဆင့်ကိုယ်သိကြ အကြမ်းဖက်ပဒတ်တွေ 😄

MNDAA, TNLA, AA အကြမ်းဖက်အဖွဲ့များက ပြည်သူလူထုအပေါ် လက်နက်အားကိုးဖြင့် နိုင့်ထက်စီးနင်း ဂုတ်သွေးစုပ်အမြတ်ထုတ် ဆက်ကြေးကော...
13/02/2024

MNDAA, TNLA, AA အကြမ်းဖက်အဖွဲ့များက ပြည်သူလူထုအပေါ် လက်နက်အားကိုးဖြင့် နိုင့်ထက်စီးနင်း ဂုတ်သွေးစုပ်အမြတ်ထုတ် ဆက်ကြေးကောက်နေသည့် ငွေပမာဏနှုန်းထားများ ထုတ်ပြန်ထားသည်ကို တွေ့ရစဉ်။ 👇

13/02/2024

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ ဒေသခံပြည်သူများက ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြိုဆိုထောက်ခံကြောင်း ယနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ ဒေသခံပြည်သူများက ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြိုဆိုထောက်ခံကြောင်း  ယနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြသ...
13/02/2024

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ ဒေသခံပြည်သူများက ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြိုဆိုထောက်ခံကြောင်း ယနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အများပြည်သူများအသုံးပြုနေသည့်ကားလမ်းမပေါ်၌ NLD/PDF အကြမ်းဖက်အများထောင်ထားသည့် မိုင်းများကို ရှင်းလင်းဖယ်ရှား============...
13/02/2024

အများပြည်သူများအသုံးပြုနေသည့်
ကားလမ်းမပေါ်၌ NLD/PDF အကြမ်းဖက်အများထောင်ထားသည့် မိုင်းများကို ရှင်းလင်းဖယ်ရှား
================================

ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ နံနက် ၉ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန် ကျေးရွာအနီး အများပြည်သူအသုံးပြုနေသည့် ကားလမ်းမပေါ်တွင် NLD/PDF အကြမ်းဖက်များက လက်လုပ်မိုင်းများထောင်ကာ ခရီးသွားပြည်သူများအပေါ် အကြမ်းဖက်မှုများ ကျူးလွန်နေသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရှင်းလင်းပေးခဲ့ရာ လက်လုပ်မိုင်း ၃၀ လုံး၊ ၁၂ ဗို့ ဘက္ထရီ ၂ လုံး၊ ကီးပတ်ဖုန်း ၁ လုံး၊ ရီမုခလုပ် ၁ ခု၊ ဝါယာကြိုးမျိုးစုံ ၅၀၀ ပေတို့အား ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၌ ဒေသခံပြည်သူများက ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြိုဆိုထောက်ခံကြောင်း  ယနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြသည...
13/02/2024

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၌ ဒေသခံပြည်သူများက ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြိုဆိုထောက်ခံကြောင်း ယနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မန္တလေးမြို့၌ ဒေသခံပြည်သူများက ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြိုဆိုထောက်ခံကြောင်း  ယနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
13/02/2024

မန္တလေးမြို့၌ ဒေသခံပြည်သူများက ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြိုဆိုထောက်ခံကြောင်း ယနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဖေဖော်ဝါရီလ ၁၂ ရက်၊ နံနက် ၁၁ နာရီခွဲခန့်တွင်စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာအနီး နယ်မြေရှင်းလင်းရေ...
13/02/2024

ဖေဖော်ဝါရီလ ၁၂ ရက်၊ နံနက် ၁၁ နာရီခွဲခန့်တွင်
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာအနီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသောလုံခြုံရေးတပ်ဖွဲ့များအား NLD/PDF အကြမ်းဖက်သမားများက ချောင်းမြောင်းတိုက်ခိုက်လာသဖြင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက် ၂ လောင်းနှင့် လက်လုပ်သေနတ် ၂ လက်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

#အဓမ္မဝါဒီတွေကျရှုံးစေရမည်

MNDAA ကိုးကန့်အကြမ်းဖက်အဖွဲ့ ထိန်းချုပ်ထားသည့် ဒေသများတွင် KIA ကချင်အကြမ်းဖက်အဖွဲ့နှင့် SSPP/SSA ရှမ်းသူပုန်အဖွဲ့များ နှ...
13/02/2024

MNDAA ကိုးကန့်အကြမ်းဖက်အဖွဲ့ ထိန်းချုပ်ထားသည့် ဒေသများတွင် KIA ကချင်အကြမ်းဖက်အဖွဲ့နှင့် SSPP/SSA ရှမ်းသူပုန်အဖွဲ့များ နှင်ထုတ်ခံနေရပြီး အဆိုပါဒေသရှိ ပြည်သူများလည်း ကွန်မြူနစ်ဝါဒ၏ ဖိနှိပ်မှုကို ခါးသီးစွာ ခံစားနေရကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၌ KIA အကြမ်းဖက်အဖွဲ့နှင့် TNLA အကြမ်းဖက်အဖွဲ့များ စားကျက်နယ်မြေလုရာမှ ချောင်းမြောင်းတိုက်...
13/02/2024

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၌ KIA အကြမ်းဖက်အဖွဲ့နှင့် TNLA အကြမ်းဖက်အဖွဲ့များ စားကျက်နယ်မြေလုရာမှ ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ မိုင်းခွဲလုပ်ကြံခြင်း၊ အပြန်အလှန်ဖမ်းဆီးခြင်း၊ လမ်းကြောင်းပိတ်ဆို့ခြင်း၊ ပွဲလမ်းသဘင်များအား နှောင့်ယှက်ခြင်း စသည်တို့ဖြင့် အပြန်အလှန် အာဏာယှဉ်ပြိုင်လျှက်ရှိရာ စစ်ရေးအရ တင်းမာလာနေပြီး မကြာမီ တိုက်ပွဲများဖြစ်ပွားလာမည့် လက္ခဏာများ မြင်တွေ့နေရသည်ဟု ဒေသခံပြည်သူများ၏ အဆိုအရ သိရသည်။

ကောလင်းကကြိုနေမယ်ဆိုသည့် အကြမ်းဖက်ပဒတ်ကို ယမမင်းကလည်း လာကြိုသွားခဲ့သည်။ ⚰️
11/02/2024

ကောလင်းကကြိုနေမယ်ဆိုသည့် အကြမ်းဖက်ပဒတ်ကို ယမမင်းကလည်း လာကြိုသွားခဲ့သည်။ ⚰️

ဇရပ်ကြီးတိုက်ပွဲမှာ KNLA အဖွဲ့က ၂၀ ဦးထက်မနည်းသေဆုံးပြီး PDF က ၄ ဦးသာသေတယ်လို့ ဆို================================ 𝙈𝙃𝙏 ...
11/02/2024

ဇရပ်ကြီးတိုက်ပွဲမှာ KNLA အဖွဲ့က ၂၀ ဦးထက်မနည်းသေဆုံးပြီး PDF က ၄ ဦးသာသေတယ်လို့ ဆို
================================

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙁𝙚𝙗 ~ 𝟏𝟏〕

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့မှာ အခုလ ၇ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း KNLA အဖွဲ့တွေဘက်က တပ်ဖွဲ့ဝင် ၂၀ ထက်မနည်း သေဆုံးခဲ့ပြီး PDF ကတော့ ၄ ဦးသာ သေတယ်ဆို့ အကြမ်းဖက်အသိုင်းအဝိုင်းနဲ့နီးစပ်တဲ့ သတင်းဌာနတွေက ဖော်ပြထားပါတယ်။

အဲဒီတိုက်ပွဲမှာ တော်ဝင်ဒေါင်းစစ်ကြောင်း ဆိုတဲ့ PDF အဖွဲ့က အသက် ၂၀ နဲ့ ၃၀ ကြားအရွယ်တွေရှိတဲ့ မင်းခန့် ၊ သီဟ၊ စာကလေးနဲ့ ဘီးကျဲ ဆိုသူတို့ သေသွားခဲ့တာလို့ ဖော်ပြထားကြတာဖြစ်ပြီး ဇရပ်ကြီးဒေသခံတွေကတော့ PDF သေဆုံးသူအရေအတွက်သိချင်ရင် အဲဒီအရေအတွက်ကို ၅ နဲ့မြှောက်ကြည့်ဖို့ ပြောပါတယ်။

KNLA/ PDF ပူးပေါင်းအဖွဲ့တွေဟာ ဖေဖော်ဝါရီ ၇ ရက် မနက် ၂ နာရီ ၄၀ ခန့်ကစတင်ပြီး ဇရပ်ကြီးမြို့ရဲစခန်းအပြင် မြို့အနောက်ဘက်မှာရှိတဲ့ မြို့ဆိုးတံတား စစ်ဆေးရေးဂိတ်၊ မြို့အရှေ့တောင်ဘက်က ခလရ ၇၃၊ ချောင်းချာစခန်းနဲ့ ရှားစေလိုစခန်းတွေကို တပြိုင်နက်တိုက်ခိုက်ခဲ့တာလို့ ဝါဒဖြန့်သတင်းတွေက ဖော်ပြခဲ့တာဖြစ်ပြီး တပ်မတော်က လေကြောင်းပစ်ကူနဲ့အတူ ဟန်ချက်ညီညီ ခုခံတိုက်ခိုက်ခဲ့တာကြောင့် မြေပြင်မှာ သေကျန်ခဲ့တဲ့ ရန်သူ့အလောင်းပေါင်းများစွာ ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြမှုအရ သိရပါတယ်။

#𝙢𝙝𝙩𝙣𝙚𝙬𝙨

ပြည်သူထဲက မွေးဖွားလာတဲ့ ပြည်ချစ်သူရဲကောင်း စစ်သည်တော်လောင်းတွေ 💪
11/02/2024

ပြည်သူထဲက မွေးဖွားလာတဲ့ ပြည်ချစ်သူရဲကောင်း စစ်သည်တော်လောင်းတွေ 💪

ကောလင်းမြို့အတွင်း ဝင်ရောက်နေရာယူ၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများအ...
11/02/2024

ကောလင်းမြို့အတွင်း ဝင်ရောက်နေရာယူ၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများအား တိုက်ခိုက်ချေမှုန်း၊ မိုင်းရှင်းလင်းရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်
================================

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်

KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သမားများအနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကောလင်းမြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်တွင် KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်၍ မြို့လုံခြုံရေး ထုတ်နှုတ်အဖွဲ့နှင့် မြို့နယ်အဆင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းတို့အား တိုက်ခိုက်ခဲ့ပြီး မြို့နှင့် အနီးပတ်ဝန်းကျင်တွင် ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လူနေအိမ်များနှင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရားများရပ်တန့်စေရန် ဌာနဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်း၊ နေရပ်စွန့်ခွာသူ ဒေသခံများ၏နေအိမ်များသို့ ဖောက်ထွင်းဝင်ရောက်၍ ပစ္စည်းများယူဆောင်ခြင်း၊ ဖျက်ဆီး ခြင်း စသည့် အကြမ်းဖက်အဖျက် အမှောင့်လုပ်ငန်းများကို လုပ်ဆောင်ခဲ့ပါသည်။

အကြမ်းဖက်သမားများအနေဖြင့် ကောလင်းမြို့အား စစ်ကိုင်းတိုင်းဒေသကြီး၏ တောင်ဘက်နှင့် မြောက်ဘက် ဆက်သွယ်မှုအရ အရေးကြီးသောမြို့ဖြစ်ခြင်း၊ ကောလင်းမြို့ အနီးရှိ သဖန်းဆိပ်ဆည်ပတ်ဝန်းကျင်တွင် တရားမဝင်လုပ်ကိုင်လျက်ရှိသည့် ရွှေလုပ်ကွက်နှင့် ရေနံလုပ်ကွက်များကို ထိန်းချုပ်နိုင်သည့် နေရာဖြစ်ခြင်းတို့ကြောင့် အင်အားအလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကောလင်းမြို့သို့ အကြမ်းဖက်သမားများ ဝင်ရောက်တိုက်ခိုက် အကြမ်းဖက်လုပ်ရပ် ကျူးလွန်မှုအပေါ် နီးစပ်ရာ တပ်ရင်း၊ တပ်ဖွဲ့ရှိ တပ်မတော်သားများနှင့် လှုပ်ရှား စစ်ကြောင်း တစ်ကြောင်းမှ တန်ပြန်ချေမှုန်းရေး ဆောင်ရွက်ခဲ့သော်လည်း တစ်ချိန်တည်း၊ တစ်ပြိုင်တည်းတွင် ထီးချိုင့်မြို့အား အကြမ်းဖက်သမားများ၏ လက်အောက်သို့ မကျရောက်ရေး အတွက်လည်း အင်အားဖြန့်ခွဲ၍ စစ်ကူပစ်ကူ ပေးခဲ့ရခြင်းကြောင့် ကောလင်းမြို့အား တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များမှ သင့်တင့်သောအင်အား အသုံးပြု၍ ဝိုင်းပတ်ပိတ်ဆို့ ထားရှိခဲ့သည်။

တစ်ချိန်တည်းတွင် ကောလင်းမြို့ခံ ဝန်ထမ်းများ၊ အရပ်သားများအနေဖြင့် အကြောင်းမဲ့ နေရပ်စွန့်ခွာ ထွက်ပြေးရမှု၊ အနိုင်ကျင့်ခံရမှုအပေါ် တုန့်ပြန်နိုင်ရေးနှင့် နှိပ် စက်မှုများကို လက်မခံနိုင်သည့် ကျေးရွာများမှ လူငယ်များ၊ လူလတ်ပိုင်းများ အနေဖြင့် လည်း ဝန်းသို၊ ကန့်ဘလူ မြို့နယ်ရှိ နီးစပ်ရာ တပ်ဌာနချုပ်များမှ လှုပ်ရှားလုံခြုံရေးအဖွဲ့နှင့် ပူးပေါင်း၍ မြို့၊ ရွာကာကွယ်ရေးအတွက် ကူညီဆောင်ရွက်ပေးရန် တောင်းဆိုမှုများအရ ရပ်ရွာလုံခြုံရေး၊ မြို့ရွာကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်း၍လည်းကောင်း၊ တပ်မတော်မှလည်း လိုအပ်သည့် စစ်ကူ၊ ပစ်ကူ အင်အားများ ဖြည့်တင်းခြင်းအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထအပတ်မှ ၂၀၂၄ ဇန်နဝါရီလ တတိယအပတ်အထိ လည်းကောင်း ပြင်ဆင်လေ့ကျင့်ခြင်းနှင့် လိုအပ်သည့် စုဖွဲ့မှုများကိုဆောင်ရွက်ခဲ့သည်။

ထို့ကဲ့သို့ အင်အားစုဖွဲ့ပြီးနောက် တပ်မတော်စစ်ကူစစ်ကြောင်းများအနေဖြင့် ကောလင်းမြို့အတွင်းနှင့် အနီးပတ်ဝန်းကျင်ရှိ KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမား များအား အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter– Terrorism Operation) ဆောင်ရွက်ရန်အတွက် ဇန်နဝါရီ ၂၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့သို့ ရောက်ရှိကြရာ မြို့မိ၊ မြို့ဖများ၊ ဒေသခံပြည်သူများက သောင်း သောင်းဖြဖြကြိုဆို အားပေးခဲ့ကြသည်။ ထိုမှတစ်ဆင့် တပ်မတော်စစ်ကြောင်းများသည် ကောလင်းနယ်မြေအတွင်းသို့ စနစ်တကျဖြင့် အဆင့်ဆင့်ခြေကုပ်ယူ၍ လေကြောင်း ပစ်ကူ၊ လက်နက်ကြီး ပစ်ကူများဖြင့် ချီတက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲ ၁၈ ကြိမ်ဖြစ်ပွားခဲ့ပြီး ကောလင်းမြို့အား ယနေ့တွင် အပြီးတိုင် ပြန် လည် ထိန်းချုပ်ထားနိုင်ခဲ့သည်။

အကြမ်းဖက်သမားများအနေဖြင့် ကောလင်းမြို့အတွင်းသို့ ရောက်ရှိနေစဉ် အတွင်း ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက် အဦများ၊ လူနေအိမ်များတွင် တာယာကွင်းများ၊ သဲအိတ်များစီ၍ ဘန်ကာများ ဆောက်လုပ်ပြီး တပ်မတော် စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ် အဆောက်အဦများအကြားနှင့် အများပြည်သူ သွားလာ အသုံးပြုသည့် ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ မိုင်းထောင်ခြင်းများ၊ ဒေသခံပြည်သူ များကို လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထုတ်ပြန်ထားသည့် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်း (Rules of Engagement-ROE) နှင့်အညီ ဆောင်ရွက်ခဲ့ရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စနစ်တကျစုဖွဲ့၍ ချီတက်တိုက်ခိုက်ချေမှုန်းခဲ့မှုများကြောင့် အကြမ်းဖက်သမားများသည် လူနေအိမ်များနှင့် ဌာနဆိုင်ရာ အဆောက်အဦ များအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း စသည့် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်၍ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ထိတွေ့မှုများဖြစ်ပွားစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး အကြမ်းဖက်သမားများထံမှ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်း၊ ဗုံးသီးများ၊ အကြမ်းဖက်သမား ရုပ်အလောင်းအချို့နှင့် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရာတွင် အသုံးပြုသည့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိခဲ့သည်။

KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ခဲ့ခြင်းကြောင့် မြို့တွင်းရှိ အဆောက်အဦများစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး ၎င်းတို့ ထောင်ထားခဲ့သည့် မိုင်းများကြောင့် အများပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိစေရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းခြင်းလုပ်ငန်းများကို နေရာအလိုက်၊ လမ်းများအလိုက် စနစ်တကျ ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကောလင်းမြို့မှ နေရပ်စွန့်ခွာဒေသခံ ပြည်သူများ ပြန်လည် ဝင်ရောက်နေထိုင်နိုင်ရေးနှင့် အကြမ်းဖက်သမားများကြောင့် ယိုယွင်း ပျက်စီး ခဲ့ရသည့် အပျက်အစီးများ ဖယ်ရှားရှင်းလင်းပေးခြင်း၊ မိုင်းရှင်းလင်းပေးခြင်း စသည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံး ဆက်လက် ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Address


Website

Alerts

Be the first to know and let us send you an email when Mahar Lawka Parla 4 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share