Mayyu Magazine Of Arakan

  • Home
  • Mayyu Magazine Of Arakan

Mayyu Magazine Of Arakan Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mayyu Magazine Of Arakan, Magazine, .
(1)

Arakan State Is Crying For You !
31/01/2020

Arakan State Is Crying For You !

ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေ ဒီလထဲ ပြန်လက်ခံဖို့ နှစ်နိုင်ငံသဘောတူထားကြောင်း ဒေါက်တာဝင်းမြတ်အေး ပြောကြား~~~~~~~~~~■ ရခိုင်ပြ...
16/08/2019

ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေ ဒီလထဲ ပြန်လက်ခံဖို့ နှစ်နိုင်ငံသဘောတူထားကြောင်း ဒေါက်တာဝင်းမြတ်အေး ပြောကြား
~~~~~~~~~~
■ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့သူတွေကို ယခု သြဂုတ် လ ၂၂ ရက် မှာ ပြန်လည်လက်ခံဖို့ကို မြန်မာဘက်က ကမ်းလှမ်းထားတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က RFA ကိုပြောပါတယ်။

ဒါပေမဲ့ ဒီကနေ့အချိန်အထိတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အကြောင်းပြန်ကြားတာမရှိသေးဘူးလို့ ဒီကနေ့ ၀န်ကြီးဒေါက်တာဝင်းမြတ်အေးက နေပြည်တော်က သူ့ရဲ့ရုံးခန်းမှာပြောတာပါ။

ဘင်္ဂလားဒေ့ရှ်ဘက်က မကြာခင်က ပေးပို့ခဲ့တဲ့လူဦးရေ နှစ်သောင်းနှစ်ထောင်ကျော် ပါဝင်တဲ့ အမည်စာရင်းထဲက ပထမအသုတ်ဖြစ်တဲ့ သုံးထောင့်ငါးရာ့လေးဆယ်ကို လာမယ့် သြဂုတ်လ ၂၂ ရက်နေ့မှာ စတင်လက်ခံဖို့ သဘောတူထားကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဦးမြင့်သူ က ရိုက်တာသတင်းဌာနကို ပြောထားပါတယ်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်တိုက်ခိုက်မှုအပြီး ရခိုင်ပြည်နယ်က လူပေါင်း ၇ သိန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့တယ်လို့ ကမ္ဘာ့သတင်းတွေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက ပြောကြားထားပါတယ်။

ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံဖို့ အစိုးရက ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင် ဘာလမှာ စတင်ဖို့ ဆောင်ရွက်နေပေမဲ့ အခုအချိန်အထိ ပြန်လည်လက်ခံရေးအစီအစဉ် အောင်မြင်မှုမရှိသေးပဲ ဖြစ်နေတာပါ။

ဒီတကြိမ်ပြန်လည်လက်ခံရေး အောင်မြင်၊ မအောင်မြင်ကတော့ တဖက်နိုင်ငံရဲ့ တုံ့ပြန်မှုပေါ်မှာသာ မူတည်တယ်လို့လည်း ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

(RFA သတင်းထောက် ကိုသီဟထွန်းနဲ့ ကိုဝင်းကိုကိုလတ် ပေးပို့သည်)

ဖွဲ့စည်းပုံပြင်ဆင်ရေး မြစ်ကြီးနားမှာ ထောက်ခံဆန္ဒပြ~~~~~~~~~~■ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံတဲ့ ဆန္ဒပြပွဲကိ...
15/08/2019

ဖွဲ့စည်းပုံပြင်ဆင်ရေး မြစ်ကြီးနားမှာ ထောက်ခံဆန္ဒပြ
~~~~~~~~~~
■ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံတဲ့ ဆန္ဒပြပွဲကို မြစ်ကြီးနားမြို့မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

ဆန္ဒပြပွဲကို ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံကနေ စီတာပူရပ်ကွက်ရှိ မနောင်ကွင်းအထိ လမ်းလျှောက်ဆန္ဒပြခဲ့တာပါ။

အဲဒီနောက်မှာတော့ မနောင်ကွင်း မဂျွယ်ခန်းမမှာ ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ခြင်းနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လူထုထောက်ခံပွဲ ဆိုတဲ့ခေါင်းစဉ်နဲ့ စာပေဟောပြောပွဲ အခမ်းအနားပြုလုပ်ခဲ့ပါတယ်။

မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ ဖားကန့်၊ ရွှေကူ၊ မိုးညှင်း အစရှိတဲ့ မြို့နယ်တွေက ပြည်သူလူထု ခြောက်ထောင်ခန့် ပါဝင်ခဲ့ပါတယ်။

Photo: Elizabeth/ RFA

05/08/2019

Hi guys, how are you today?

Address


Website

Alerts

Be the first to know and let us send you an email when Mayyu Magazine Of Arakan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share