Twin Thitt No Zyne

  • Home
  • Twin Thitt No Zyne

Twin Thitt No Zyne Depends on my mind.

27/02/2024

🏞

07/02/2024

တစ်ဖက်က ဖုန်တစ်မှုန်စာတောင် လူစိတ် မရှိဘဲ ရက်ရက်စက်စက် သတ်ဖြတ်ညှင်းဆဲနေပါစေ ငါတို့ဟာ ဘယ်တော့မှ သူတို့လို ပြုမူမှာမဟုတ်ဘူး။ ဒါဟာ ငါတို့အနေနဲ့ မရက်စက်တတ်တာလည်းမဟုတ်သလို မလုပ်တတ်လို့လည်းမဟုတ်ဘူး မလုပ်ချင်လို့ကွ။ လူ့တိရစ္ဆာန်တွေလို ပြန်တုံ့ပြန်ပြီး တစ်တန်းစားတည်း အဖြစ်မခံတာ။ ငါတို့လုပ်နေတဲ့တော်လှန်ရေးသည် အနာဂတ်မှာ လူသားဖြစ်တဲ့နိုင်ငံသားတစ်ယောက်အပေါ် အစိုးရသည် လူ့အခွင့်အရေးအပြည့်အဝပေးရမှာဖြစ်သလို သူ့သည်လည်း နိုင်ငံတော်အပေါ် တာဝန်ဝတ္တရားကျေပွန်ရမယ် ဆိုတဲ့အခြေအနေကိုဖန်တီးနိုင်ဖို့ဖြစ်တဲ့အတွက် တော်လှန်နေကြတဲ့ငါတို့ဟာ ပါးစပ်ကပဲ လူ့အခွင့်အရေးပြောနေတာမဟုတ်ဘဲ လက်တွေ့ကျင့်သုံးကျတာဖြစ်လို့ တော်လှန်ရေးမှာ ငါတို့ရဲ့သမိုင်းသည် လှပမှာဖြစ်တယ်။ တံတွေးထွေးဖို့တောင်မတန်တဲ့ရွံ့စရာအောက်တန်းစားတွေနဲ့ လူစိတ်ရှိတဲ့ပြည်သူ့ဘက်တော်သားတွေနဲ့ယှဉ်စရာကိုမလိုအောင် လံုးဝအထက်စီးကပဲဆိုတာပြောဖို့ကိုမလိုတော့တာ။

2023 ရေနှုတ်ဆက်ခဲ့ပါတယ်ဒီနှစ်မှာ ကိုယ်ဟာအများကြီးသင်ယူခဲ့ရတယ်လေသဘာဝကိုမြတ်နိုးလာခဲ့ပြီး နေ့စဉ်ဘဝကို ကျေးဇူးတရားကျင့်စဉ်တ...
31/12/2023

2023 ရေနှုတ်ဆက်ခဲ့ပါတယ်
ဒီနှစ်မှာ ကိုယ်ဟာအများကြီးသင်ယူခဲ့ရတယ်လေ
သဘာဝကိုမြတ်နိုးလာခဲ့ပြီး
နေ့စဉ်ဘဝကို ကျေးဇူးတရားကျင့်စဉ်တွေနဲ့အတူ စိတ်​ေကာင်းထားဖို့လေ့ကျင့်သင်ယူခဲ့ရတယ်
ဘဝမှာဘာဖြစ်ချင်တယ်ဆိုတာကို သိခွင့်ရခဲ့တယ်
လူသစ်တွေနဲ့လည်းတွေ့ဆုံခွင့်ရခဲ့သလို အတွေ့အကြုံအသစ်တွေနဲ့ ပညာအသစ်တွေလည်းရခဲ့တယ်
ကျွန်တော်ဟာအရမ်းချစ်ပါတယ်နော် လို့ပြောခွင့်မရပဲ ခွဲခွာခဲ့ရတယ်
ထင်မထားတဲ့အချိန်မှာ စွန့်လွှတ်ခြင်းဆိုတာကို ထိတွေ့ခဲဲ့ရတယ်
နိုင်ငံအနှံ့အပြားမှာလည်း မငြိမ်းချမ်းမှုတွေနဲ့ မလုံခြုံမှုတွေရှိလာတယ်
မျက်ရည်များခဲ့တဲ့နှစ်တစ်နှစ်ပေါ့
အမှားတွေကနေ သင်ခန်းစာယူပြီးဆင်ခြင်ရမယ် ရရှိခဲ့တာတွေအတွက် 2023 ကို​ေကျးဇူးတင်ကာ နှုတ်ဆက်ရင်းနဲ့ပဲ 2024 လေးဒီနှစ်တော့ လူတိုင်းဟာ အရင်နှစ်ထက်မျက်ရည်နည်းရတဲ့နှစ်လေး ကိုယ့်အိမ် ကိုယ့်မိသားစု ကိုယ်ချစ်တဲ့သူတွေနဲ့နွေးထွေးစွာ ပြန်ဆုံခွင့်ရကြပြီး အရင်နှစ်ကထက် ပိုကောင်းတဲ့ကိုယ်ဖြစ်လာဖို့ကြိုးစားခွင့်ရချင်ပါတယ်။

💜
08/12/2023

💜

21/10/2023
❤
19/10/2023

❤

ယုံပါ
11/10/2023

ယုံပါ

05/10/2023

သိပ်သဘောကျရတဲ့ လူတစ်ယောက်ရှိတယ်
သူ့အပြုံးလေး မြင်လိုက်တိုင်း
သူ့အသံလေး ကြားလိုက်တိုင်း
သူ့အကြောင်းလေးတွေ တွေးလိုက်တိုင်း
ကိုယ့်ကမ္ဘာမှာ ပန်းတွေပွင့်နေခဲ့တာ
တော်တော်လေးကို ချစ်နေမိတာ
အဲ့လိုလူတစ်ယောက် ကိုယ့်မှာရှိတယ် 💗

21/09/2023

Euphoria

(၁)
ကျနော်ဖွက်ထားမိတဲ့ညကောင်းကင်ကို သူ့မျက်ဝန်းတွေထဲမှာ ရှာတွေ့တယ်။မှော်ဆန်တဲ့ အခိုက်အတန့်လိုပါပဲ။ပြုစားခံလိုက်ရသလို ကျနော်အံ့သြမိတယ်။တုန်လှုပ်သွားတယ်။ စည်းချက်မမှန်တဲ့ရင်ခုန်သံတွေကို သတိထားမိတော့ ဝန်မခံချင်ပေမယ့် သူ့မျက်ဝန်းတွေလို အပြုံးပွင့်လေးကလည်း အန္တရာယ်များကြောင်းသိလိုက်ရတယ်။ တချိန်တည်းမှာပဲ မြတ်နိုးမိသွားတယ်။

"အရာအားလုံးလှတယ်​။
သူ့မျက်​ဝန်း
အပြုံးတစ်​ပွင့်​
​အေးမြမြ အသံလှိုင်း​လေး
​မှော်​ဆန်​ဆန်​လက်​ချောင်းရှည်​တွေနဲ့
သူ့ဆံသားတစ်​ချောင်းချင်းစီကအစ
သူဝတ်​နေကြ တီရှပ်​အစင်းကျား​လေးအဆုံး..။"

(၂)

တကယ်တော့...
ငေးကြည့်နေရရုံနဲ့တင်ဖြစ်ပါတယ်လို့ ကိုယ့်ကိုယ်ကို ညာပေမယ့် ဖုန်းမျက်နှာပြင်ကတဆင့် သူ့စိတ်အတက်အကျဘယ်လိုရှိမလဲ ခန့်မှန်းနေရတဲ့ဘဝကြီးကို ကျနော်မုန်းပါတယ်။ ဘယ်လမ်းပဲလျှောက်လျှောက် သူ့ဆီကိုပဲ တည့်တည့်မတ်မတ်ရောက်ချင်တယ်။အသံနဲ့ပဲဖြစ်ဖြစ် မျက်ဝန်းတွေနဲ့ပဲဖြစ်ဖြစ် အများကြီးသတိရတဲ့အကြောင်း ပြောပြချင်မိတယ်။ ဖုန်းမျက်နှာပြင်ကိုထိတွေ့ တဖက်သတ်မေးခွန်းထုတ်နေရတဲ့ အခိုက်အတန့်တွေအစားမျက်နှာချင်းဆိုင် အနီးကပ်ငေးခွင့်သာရရင် သူ့မျက်ဝန်းတွေထဲက ကြယ်တွေ ဘယ်လောက်စုံလဲ ကျနော်သေချာအဖြေပေးနိုင်မယ်ထင်တယ်။

"အငွေ့အသက်လေးဖမ်းမိရုံနဲ့
နေ့ရက်တွေ ပိုလှတယ်။
ကံကောင်းခြင်းတွေအကုန် ဒီရေစက်ကလေးနဲ့
ဆုံတွေ့ခွင့်ရဖို့ ပုံအပ်ခဲ့တာပဲဖြစ်ရမယ်။
ဒီလိုတွေးမိတော့ နှလုံးသားလေးနွေးလာတယ်။"

(၃)
လောဘကြီးရာကျကောင်းကျနိုင်ပေမယ့် သူဟာ
ကျနော် လက်မလျှော့ဘဲဆက်လျှောက်နေမိမယ့် မြေနီလမ်းလေးဖြစ်ပါတယ်။ အမှတ်တရတွေအစား မေ့ဖျောက်စရာဒဏ်ရာတွေကိုမှ ရင်နဲ့အပြည့်လွယ်ထားတတ်တဲ့ကျနော့်အတွက် အကြိမ်ကြိမ်သတိရနေမိမယ့် ပျော်ရွှင်ဖွယ်မှတ်ဉာဏ်အစိတ်အပိုင်းလေးဆိုလည်း
မမှားပါဘူး။ ချစ်ခြင်းမေတ္တာနဲ့ဆက်တဲ့ခရီးမို့
ဘယ်လောက်ရှည်ကြာတဲ့လမ်းဖြစ်ပါစေ
တနေ့နေ့တော့ ကျနော့်အိမ်ကလေးဆီရောက်ရှိပါလိမ့်မယ်။(ကျနော်ဖွက်ထားမိတဲ့ ညကောင်းကင်ကို
ပြန်လည်ရှာတွေ့ပါလိမ့်မယ်။)ဒီလို ကျနော်သေချာနေခဲ့ပါတယ်။

"ဟိုဘက်ကမ္ဘာမှာပဲဖြစ်​ဖြစ်​ပါ။
​ငေး​မောခြင်းကင်းစွာနဲ့
ကျ​နော်​...သူ့ကို ချစ်​ကြည့်​ချင်​ပါတယ်​။
ဒီ​လောက်​ပါပဲ။

💔
20/09/2023

💔

ဘယ်လိုသိခဲ့ပါ့မလဲ..တွေ့စကခပ်ငြိမ်ငြိမ်လူသားလေးကို ဒီလောက်ထိချစ်မိသွားမယ်လို့လေ...

ဒီတိုင်းလေး ကြည့်နေမိရင်း အပြုအမူလေးတွေဟာထူးခြားလို့ နှလုံးစကြိုးလေးဟာ လှုပ်ခတ်လာခဲ့တယ်

သတိထားမိချိန် ထိန်းချုပ်မရတဲ့အခြေအနေတစ်ခုကိုရောက်ရှိခဲ့ပြီ..။သူ့အကြောင်းလေးတွေပဲပြောချင်ပြီး သူ့အကြောင်းတွေပဲသိချင်နေမိတယ်

ရွေးချယ်မှုတွေအားလုံးထဲမှာ
ဒီမျက်ဝန်းညိုလေးကို ချစ်မိခဲ့ခြင်းက
အမှန်ဆုံးပဲ ဖြစ်လိမ့်မယ်..

မိုးအုံ့နေတဲ့နေ့ရက်တွေမှာတောင်
နေပြောက်လေးလို ကိုယ့်အပေါ်နွေးထွေးပေးတယ်..။

မဖြစ်နိုင်မှန်းသိရင်တောင် လျှောက်လှမ်းသွားတဲ့ခြေလှမ်းတွေက သူဆီသို့ပဲလိပ်မူသတဲ့..။

ထိခိုက်လိုခြင်းမရှိ ဆွဲထားလိုခြင်းမရှိ
ရိုးရိုးကလေးသဘောကျတယ်..။

ကိုယ့်ကိုယ်ကို တောင်အံ့သြခဲ့ရ
ဒီလောက်တောင် ချစ်မိသွားပုံများ..

-7
pic from pins

💙
20/09/2023

💙

🥺
08/09/2023

🥺

ရှုခင်းလှလှလေးတွေတွေ့ရင်
ဓာတ်ပုံရိုက်တာ ဝါသနာပါလွန်းတဲ့
ကျွန်တော့်ကို သတိရပေးပါ

မိုးကောင်းကင်မှာ တိမ်တွေအရမ်းလှနေတဲ့အခါ
တိမ်တွေကို အရမ်းချစ်တတ်တဲ့
ကျွန်တော့်ကို သတိရပေးပါ

လမ်းဘေးမှာ ပန်းလှလှလေးတွေ တွေ့တဲ့အခါ
ဘယ်ပန်းကိုမဆို ခေါင်းပေါ်ပန်တတ်တဲ့
ကျွန်တော့်ကို သတိရပေးပါ

ချိုချဥ်စားနေတဲ့ ကလေးလေးတွေတွေ့ရင်
ကလေးမဟုတ်သူငယ်မဟုတ် ချိုချဥ်အရမ်းကြိုက်တဲ့
ကျွန်တော့်ကို သတိရပေးပါ

လှပတဲ့တောင်တန်းဒေသတွေ ရောက်တဲ့အချိန်
ခင်ဗျားနဲ့အတူ တောင်တန်းဒေသမှာ အခြေချချင်တဲ့
ကျွန်တော့်ကို သတိရပေးပါ

အဝါရောင်ပန်းလေးတွေ
အဝါရောင်နုနုလေးတွေတွေ့ရင်
အဝါရောင်တစ်ရောင်ထဲကို စွဲစွဲမြဲမြဲကြိုက်တတ်တဲ့
ကျွန်တော့်ကို သတိရပေးပါ

တိမ်တွေလှနေရင် သတိရပေးပါ
တောင်တန်းတွေ လှနေရင် သတိရပေးပါ
ပန်းတွေ လှနေရင် သတိရပေးပါ

ချိုချဥ်လေးတွေ မြင်ရင် သတိရပေးပါ
အဝါရောင်နုနုလေးတွေ မြင်ရင် သတိရပေးပါ
ဘယ်အချိန်မဆို ခင်ဗျားကို အရမ်းချစ်တဲ့
ကျွန်တော့်ကို သတိရပေးပါ အစ်ကို

#တိမ်လွှာ

06/09/2023

Fangirl lifeရဲ့ပျော်ရွှင်မှုက ကြယ်တွေကိုချစ်တဲ့ကလေးတစ်ယောက်နဲ့တူတယ်လို့ထင်တယ်
နေ့ဘက်မှာ ပျောက်ကွယ်နေလည်းဒီကြယ်လေးရဲ့ဖြစ်တည်မှုကိုခံစားနိုင်တယ်

အဝေးဆုံးမှာရှိနေပေမဲ့ တစ်ခါတစ်လေကြဒီကြယ်လေးကသိပ်နီးစပ်တယ်လို့ခံစားရတယ်

မဖြစ်နိုင်တဲ့ကြယ်လေးကို ချစ်မိသွားတာက
ဘာပြန်ရနိုင်မလဲလို့လှောင်ရယ်သူတွေရှိလိမ့်မယ်..။

လောကကြီးကဘယ်အရာကိုမဆိုမင်းကိုယ်တိုင်မခံစားဖူးပဲနဲ့ နားမလည်နိုင်ဘူးတဲ့..
ဘယ်လိုလူမျိုးမှာမဆို သူတို့တန်ဖိုးထားတဲ့အရာတွေရှိတတ်ပြီး အဲအရာကို မထိခိုက်သင့်တာကလူသားဆန်တဲ့ကျင့်ဝတ်ဖြစ်တယ်

အနာဂတ်ပျောက်တဲ့နေ့တွေမှာ လမ်းပြပေးတယ်..ဝမ်းအနည်းရဆုံးနေ့တွေမှာ ပျော်ရွှင်မှုလေးပေးတယ်..

တစ့်နေ့တာလုံးပင်ပန်းပြီးတဲ့အခါ
ကြယ်လေးကိုငေးရတာဟာ အေးချမ်းရာရတယ်..။

အိပ်မက်ရည်မှန်းချက်တွေရှိလာခဲ့တယ်
စိတ်အင်အားတွေကိုအဝေးတစ်နေရာကပေးနေတယ်...။ဒီချစ်ခြင်းဆီက ဘာမှပြန်မရဘူးဆိုတာဘယ်လိုလုပ်ဖြစ်နိုင်မှာတဲ့လဲ

ဘဝရဲ့အမှတ်တရမှာ ဒီကြယ်လေးအတွက်ချစ်ခြင်းဟာ လှပလွန်းတဲ့Memoriesတွေအဖြစ်အမြဲကျန်ရှိခဲ့မှာပါပဲ

မဖမ်းဆုပ်နိုင်လို့ သိပ်ဝမ်းနည်းရပေမဲ့
ကြယ်တွေကိုချစ်တာဟာ ကိုယ့်လက်ဖဝါးလေးတွေထဲကြွေကျလာဖို့မှမဟုတ်ပဲလေ

ဟိုးအဝေးဆုံးအမြင့်ဆုံးမှာတောက်ပလေ
ဂုဏ်ယူစွာနဲ့ပျော်ရွှင်ရတယ်

ပိုင်ဆိုင်ဖို့မလိုသလိုဆုံးရှုံးဖို့လည်း
မလိုတဲ့ချစ်ခြင်းတစ်ခုက
သိပ်လှရက်တယ်မဟုတ်လား

-7

Pic from pins

စိတ်ကောလူပါ ဘာမှမတွေးနိုင်တော့တဲ့အထ​ိပင်ပန်းလွန်းမကပင်ပန်းလာခဲ့တယ် ဒီအသက်အရွယ်လေးနဲ့ ဒီလောက်ထိစိတ်ကောလူကော ပင်ပန်းစရာလို...
20/08/2023

စိတ်ကောလူပါ ဘာမှမတွေးနိုင်တော့တဲ့အထ​ိပင်ပန်းလွန်းမကပင်ပန်းလာခဲ့တယ် ဒီအသက်အရွယ်လေးနဲ့ ဒီလောက်ထိစိတ်ကောလူကော ပင်ပန်းစရာလိုလို့လားဟင်။
ည​​ေနက ဘာမှမတွေးနိုင်ဘဲအိပ်ပျော်သွားတော့ ကိုယ့်စိတ်ကိုပြန်တည်ဆောက်ဖို့အားယူနေတယ်လို့မက်တယ်
တွေးမိလိုက်တော့ အဲ့အရာကငါလိုအပ်နေတာများလား။
အရာရာကိုလွှတ်ချလိုက်ချင်ပြီ
အတွေးထဲရောက်လာတာက မြတ်နိုးမိသူ ကိုယ့်ရဲ့ဖြစ်တည်မှုကိုတောင်သိနိုင်မှာမဟုတ်တဲ့တစ်စုံတစ်ယောက်ပေါ့
သူ့ရဲ့တောက်ပတဲ့အပြုံးကိုမြင်လိုက်ရရင်ကိုပဲ ကိုယ့်မျက်နှာထက်မှာအပြုံးလေးတစ်ပွင့်ဖြစ်တည်လာတယ်
ဒါမဲ့သူသိနိုင်မှာတော့မဟုတ်ဘူး ကိုယ့်ရဲ့အပြုံးက အရင်နေ့တွေလိုမျိုး ဖြစ်မနေဘဲ ဖျော့တော့နေခဲ့တာကိုလေ
အခက်ခဲတွေကြုံလည်း ပြုံးပြုံးပဲကျော်ဖြတ်မယ်ဆိုပေမဲ့
​ဖျော့တော့တဲ့အပြုံးကိုတောင် မနည်းအားယူထားရတာပါ။
ကိုယ်ကမျှော်လင့်ချက်ကြီးစွာနဲ့ ယုံကြည်အားကိုးပြီး တကယ်လိုအပ်နေချိန်မှာ လောဘရယ်လို့မဟုတ်ဘဲ တောင်းဆိုခဲ့ပေမဲ့ လက်ခံရရှိခြင်းဆိုတာ ဗလာနတ္ထိပါ
ထပ်ပြီးယုံကြည်ပေးချင်ခဲ့ပေမယ့် ခဲမှန်ဖူးတဲ့စာသူငယ်လိုပေါ့ ထပ်ယုံကြည်ဖြစ်ခဲ့ရင်တောင် မျှော်လင့်ချက်ထားနေမှာမဟုတ်တော့ဘူး
ဘာလို့ငါ့ကိုမှလဲလို့မေးခွန်းထုတ်ချင်ပေမဲ့ စိတ်ထဲမထားတော့ဘူး
ကိုယ့်ထက်ခက်ခဲကြပ်တည်းသူတွေရှိသေးတာပဲလို့ အမြဲဖြည့်တွေးပေးရတာလည်း ပင်ပန်းလာပြီး ဒီလိုဖြည့်တွေးပေးလိုက်တာကကော စိတ်ထွက်ပေါက်တစ်ခု ဖြစ်နိုင်ပါ့အုံးမလားလေ။
အခုချိန်မှာ နွေးထွေးမှုထက် ကိုယ့်ရဲ့ဖြစ်တည်မှုက ကိုယ့်အနီးနား​ကလူတွေအတွက် ဘယ်လိုနေရာမှာ ရှိပေးနေခဲ့လဲကိုသိချင်မိတယ်
မပြောနိုင်ဘူးလေ အဲ့ကတစ်ဆင့် အရာအားလုံးကိုစိတ်ဒုံးဒုံးချပြီး အဆင်ပြေမယ့်တစ်နေရာကိုထွက်သွားနိုင်ဖို့ သေချာတဲ့စိတ်အဆုံးအဖြတ်ကိုပေးနိုင်မလားလေ
ကိုယ့်ကိုနားလည်ပေးနိုင်ပြီး ဘယ်တော့မှရောက်မလာနိုင်တဲ့ လိုအပ်နေတဲ့ ကူညီဖေးမမှုတစ်စုံကိုလည်း မျှော်လင့်မနေချင်ပေမဲ့ ရှိလာမလားဆိုတဲ့အတွေးလေးတော့ဝင်မိတယ်။
ညဖက်တိုက်ခက်လာတဲ့လေတစ်ချို့ကို စိတ်အနည်းကျဉ်းသက်သာလိုငြား ရှူရှိုက်လိုက်ပေမဲ့ မြို့ပြရဲ့မွန်းကျပ်မှုတွေကပါလေတော့ ခန္ဓာကိုယ်မွန်းကျပ်မှုပါရလိုက်တယ်လေ။
စိတ်လေးမဆိုစလောက်ပြေလျော့လေးမလားဆိုပြီး ဖွင့်ဟရေးတင်လိုက်မိတယ်။
ဘာမှမတွေးပဲအိပ်ပျော်သွားချင်မိတယ် အိပ်မက်မလှချင်ဘူး မဖြစ်နိုင်တာကိုနိုးလာရင်တစ်စိမ့်စိမ့်တွေးပြီး မခံစားချင်တော့ဘူး။
စိတ်ပင်ပန်းမှုတွေဟာ မျက်ရည်နဲ့အတူပြေပျောက်သွားဖို့ အသံတိတ်ငိုကြွေးခဲ့ရပေမဲ့ ပြေလျော့တယ်လို့ပြောမရခဲ့တဲ့အထိပဲ။

credit

13/08/2023
12/08/2023

တစ်ယောက်ယောက်ကိုနှလုံးသားတစ်ခုလုံးနဲ့ ချစ်မိသွားတဲ့အခါ အဲ့လူရဲ့ချစ်ခြင်းက ကိုယ်ပဲဖြစ်ချင်တာပေါ့ ကိုယ့်ရဲ့မပိုင်ဆိုင်ရခြင်းလေးရေ

ဒီနေ့မှာ ၂၆နှစ်ပြည့်ပြီဖြစ်တဲ့ ကိုယ့်ရဲ့ မြတ်နိုးရပါသောလေးရေ စတွေ့ခဲ့တာတောင် ၃ နှစ်ပဲရှိသေးတယ်လေ ကိုယ်ကကံကောင်းတဲ့ထဲမပါတ...
05/08/2023

ဒီနေ့မှာ ၂၆နှစ်ပြည့်ပြီဖြစ်တဲ့ ကိုယ့်ရဲ့ မြတ်နိုးရပါသောလေးရေ စတွေ့ခဲ့တာတောင် ၃ နှစ်ပဲရှိသေးတယ်လေ ကိုယ်ကကံကောင်းတဲ့ထဲမပါတော့ မွေးနေ့ဆုတောင်းလေးတောင်မတောင်းပေးနိုင်ပါဘူး မြောက်မြားစွာသောပရိတ်သတ်တွေကတော့ဆုတောင်းပေးနေတာသိတယ်မို့လား သူတို့လုပ်ပေးတာတွေကိုအားကျပေမဲ့ ကိုယ်ကဘာမှလုပ်မ​ပေးနိုင်တာတော့စိတ်မကောင်းဖြစ်မိပေမဲ့ ဝမ်းသာပေးပါတယ်။ မြန်မြန်မကြီးပြင်းလာပါနဲ့လား။💝💝

💔💔
29/07/2023

💔💔

ရောင်နီ

အိပ်မက်တွေများတယ်
အိပ်မက်တွေ ပိုပြီးဖောင်းပွလာသလိုပဲ
ဘာဖြစ်ချင်နေတာလဲ ဘာလုပ်ချင်တာလဲ
မသေချာမရေမှုများစွာနဲ့
ခုရက်တွေမှာ အိပ်မက်တွေသိပ်များတယ် ။

ပန်းတိုင်တွေများတယ်
လမ်းခရီးက ပိုပြီးဝေးသလိုဖြစ်နေပေမဲ့
ဘယ်လမ်းကို လျှောက်ရမလဲဆိုပြီးတော့
အရူးတစ်ယောက်လို ဟန်ချက်မညီမညာနဲ့
လမ်း ပျောက်နေသလို အဖြစ်မျိုးပေါ့ ။

လမိုက်ညတွေထဲ လပြည့်ညကိုစောင့်ရင်း
အမှောင်ထုထဲမှာ ရောင်နီအလင်းကိုမျှော်ရင်း
အဲ့ဒီလိုနဲ့ ပန်းတိုင်တွေ ပိုးဝေးသွားခဲ့ရ
ဘဝက အဲ့ဒီလိုမျိုး ခါးသက်သက်
ကံကြမ္မာက သိပ်ကိုရက်စက်တယ် ။

စိတ်ကို စိတ်နဲ့သတ်ကြတဲ့သူတွေကြားထဲမှာ
အမှောင်ညက ဓားတစ်လက်လိုပါပဲ
ငါကမမြင်မစမ်းနဲ့ တိမ်းရှောင်နေခဲ့ရပေါ့
ပြတ်ရှဒဏ်ရာတချို့နဲ့ ငါ့ရဲ့နေ့ရက်တွေဟာ
အမှောင်ထုထဲမှာမျက်ရည်တွေနဲ့...ရောင်နီရေ
ငါ့သွေးတွေမတိတ်ခင် အမြန်ဆုံးလင်းလှည့်ပါ ။

#ကေသရီ


- Bubble Tea & Drink

🥀🥀🥀🥀🥀🥀🥀🥀🥀
19/07/2023

🥀🥀🥀🥀🥀🥀🥀🥀🥀

17th July. World Emoji Day 🥳💝👏🏻🎉
17/07/2023

17th July. World Emoji Day 🥳💝👏🏻🎉

a wish
14/07/2023

a wish

👏👏👏
03/07/2023

👏👏👏

မင်္ဂလာပါ Hypers တို့🙋‍♀️…

Hypers တို့ သိကြလားဝေ…

ဒီနေ့ ဇူလိုင် ၃ ရက်နေ့က မြန်မာအမျိုးသမီးများနေ့ ဖြစ်ပါတယ်နော်။🙆‍♀️

မြန်မာအမျိုးသမီးများနေ့ ဘယ်လို့အစပြုခဲ့လည်းဆိုတော့ ၁၉၉၆ ခုနှစ်မှာ စတည်ထောင်ခဲ့တဲ့ The Myanmar National Committee for Women’s Affairs (MNCWF) ကိုဂုဏ်ပြုတဲ့အနေနဲ့ ၁၉၉၈ ကစပြီး ဇူလိုင် ၃ ရက်နေ့ကို "မြန်မာအမျိုးသမီးများနေ့" အဖြစ် သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။🤗

ခေတ်အဆက်ဆက် မြန်မာအမျိုးသမီးတို့ဟာဆိုရင် အမျိုးသားများတန်းတူ ရင်ပေါင်တန်းပြီး တည်တံ့နိုင်ခဲ့တာ ဒီနေ့ဒီအချိန်ထိပါပဲ။ အိမ်မှုကိစ္စအရာရာသာမက လူမှုရေး၊ စီးပွားရေး စတဲ့နယ်ပယ်တွေမှာပါ အသိပညာရှင်၊ အတတ်ပညာရှင်များစွာ ပေါ်ထွန်းခဲ့ပြီးဖြစ်ပါတယ်။😇



ဒီလို့ နယ်ပယ်အသီးသီးမှာ အောင်မြင်သူတွေရှိနေပေမဲ့ ရသင့်ရထိုက်တဲ့ ပညာရေး၊ အလုပ်အကိုင်နဲ့ တန်းတူအခွင့်အရေးတွေ မရရှိနိုင်သေးတဲ့ အမျိုးသမီးများလည်းရှိဆဲဖြစ်ပါတယ်။ 😪 တချို့နေရာတွေလို အရမ်းပြင်းထန်တဲ့ခွဲခြားမှုတွေမရှိပေမဲ့ နိုင်ငံရဲ့အခြေအနေနဲ့ မိသားစုရဲ့ဝင်ငွေပေါ်မူတည်ပြီး ဦးစားပေးမခံရတာတွေ၊ ဓလေ့ထုံးတမ်းတွေကြောင့် ခွဲခြားခံရတာတွေ အနည်းနဲ့အများရှိနေပါတယ်။

ညီမျှတဲ့ တန်းတူအခွင့်အရေးရရှိအောင်ကြိုးစားဖို့က ကိုယ်တို့အားလုံးမှာ တာဝန်ရှိပါတယ်နော်။ Hypers တို့လည်း ဒီ post လေးကိုမြင်ရင် မိမိပတ်ဝန်းကျင်မှာရှိတဲ့ အမျိုးသမီးတို့ကို အားပေးဂုဏ်ပြုဖို့နဲ့ တန်းတူညီမျှအခွင့်အရေးရရှိရေးအတွက် တက်အားသရွေ့ပါဝင်ကြဖို့ မမေ့ပါနဲ့နော်။🧏‍♀

Hyper Sharing Organization မှာ Telegram channel နဲ့ Viber Channel လည်းရှိနေပြီလို့ သတင်းကောင်းပါလိုက်ရပါတယ်။🥳

Subscribe လုပ်ဖို့ မမေ့ကြနဲ့ဦးနော်😉

Telegram - https://t.me/hypersharingorganization

Viber - https://bit.ly/3XmF7RM

နောက်ပိုင်းမှာလည်း အခုလိုမျိုး ဗဟုသုတရှိတဲ့ content အသစ်တွေကို မျှဝေပေးသွားဖို့ရှိတာမို့ Hyper Sharing Organization ရဲ့ page လေးကိုလည်း Like👍, Share & Follow❤️ လုပ်ထားပါနော်။💁‍♀️

Hyper တို့အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးဖြစ်ပါစေရှင်🥰

Address


Website

Alerts

Be the first to know and let us send you an email when Twin Thitt No Zyne posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share