Myanmar update news

  • Home
  • Myanmar update news

Myanmar update news သတင်းမှန်ဖြန့်ဝေရန်

ယနေ့ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ ရည်ညွှန်းလက်လီဈေးနှုန်းများ။
21/09/2022

ယနေ့ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ ရည်ညွှန်းလက်လီဈေးနှုန်းများ။

နေ့စဉ်သတင်း(၁၉.၉.၂၀၂၂)----------------------------------ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PD...
19/09/2022

နေ့စဉ်သတင်း(၁၉.၉.၂၀၂၂)
----------------------------------
ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲဝင် များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက်ရှိရာ စက်တင်ဘာလ ၁၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြိုနယ်အတွင်းမှ PDF အဖွဲဝင် အမျိုးသား ၄ ဦးနှင့် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြိုနယ်အတွင်းမှ PDF အဖွဲဝင် အမျိုးသား ၂ ဦး တို့ကို ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးခဲ့ပါသည်။

နေ့စဉ်သတင်း(၁၉.၉.၂၀၂၂)-------------------------------"မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁)ဖြင့် အ...
19/09/2022

နေ့စဉ်သတင်း(၁၉.၉.၂၀၂၂)
-------------------------------
"မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာစင်တာကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း အပြီးတည်ဆောက်မည်"
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာစင်တာကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
ယင်းအဆောက်အအုံ အုတ်မြစ်စီ မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြိုနယ် အေးသာယာမြို အမှတ် (၂) ရပ်ကွက် မြေကွက် အမှတ်(၉၃)၌ ကျင်းပခဲ့ရာ တိုင်းရင်းသားလူမျိုးများ‌ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါစင်တာပြီးပါက ရှမ်းပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်ရေးအတွက် ကွန်ပျူတာသင်တန်း၊ စက်ချုပ်သင်တန်း၊ မော်တော်ဆိုင်ကယ် စက်ပြင်သင်တန်း စသည် သက်မွေးပညာ ကာလတိုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

နေ့စဉ်သတင်း(၁၉.၉.၂၀၂၂)----------------------------------မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌဖလ...
19/09/2022

နေ့စဉ်သတင်း(၁၉.၉.၂၀၂၂)
----------------------------------
မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌဖလားပြိုင်ပွဲတွင် ဆုရရှိသူများအား ရန်ကုန်တိုင်းဝန်ကြီးချုပ်ဆုများပေးအပ်ချီးမြှင့်
မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌဖလားပြိုင်ပွဲနှင့် (၃၂) ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအ တွက် လူသစ်တန်းပြိုင်ပွဲတို့၌ ဆုရရှိသူများအား ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲအား ရန်ကုန်မြို့၊မရမ်းကုန်းမြို့ နယ်၊မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC)ခန်းမ၌ စက်တင်ဘာ ၁၈ ရက်ကကျင်းပခဲ့ခြင်းဖြစ်သည်။
ပြိုင်ပွဲတွင် အမျိုးသားအသက်(၂၁)နှစ်နှင့်အောက်အငယ်တန်းကာယဗလမောင်ပြိုင်ပွဲ ၅၅ ၊၆၀၊ ၆၅၊ ၇၀၊ ၇၅၊ ၈၀၊ ၈၀ နှင့်အထက်ကီလိုတန်းကာယဗလမောင်ပြိုင်ပွဲများတွင် ကာယဗလမောင်များက သတ်မှတ်ကိုယ်ဟန် ၇ မျိုးဖြင့်ပြသပြီးနောက် ပဏာမရွေးချယ်ခဲ့ကြသည်။
ထို့ပြင် အမျိုးသား၊အမျိုးသမီး Athlctic Physique ပြိုင်ပွဲ၊အမျိုးသမီး Model Physique (၁၆၀ စင်တီမီတာ)ပြိုင်ပွဲ၊ အမျိုးသမီး Model Physique (၁၆၀ စင်တီမီတာ)နှင့်အထက်ပြိုင်ပွဲ အမျိုးသား Sports Physique (၁၇၀ စင်တင်မီ တာ)ပြိုင်ပွဲ၊အမျိူးသား Sports Physicque (၁၇၀ စင်တီမီတာ)နှင့်အထက်ပြိုင်ပွဲ အမျိုးသမီး Fitness Physique ပြိုင်ပွဲများတွင် ကာယဗလမောင်မယ်များကသတ်မှတ်ကိုယ်ဟန် ၇ ခုနှစ်မျိုးဖြင့်ယှဉ်ပြိုင်ပြီးနောက် ပဏမရွေးချယ်ခဲ့သည်။
အလားတူ ဗိုလ်လုပွဲပြိုင်ပွဲများတွင် ပဏာမရွေး ချယ်ခံရသည့် ကာယဗလမောင်မယ်များကသတ် မှတ်ကိုယ်ဟန် ၇ ခုနှစ်မျိုးဖြင့်ယှဥ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်တာဝန်ရှိသူများက ပထမ၊ဒုတိယ၊တတိယနှင့်နှစ် သိမ့်ဆုရရှိသူများအား ဆုတံဆိပ်နှင့်‌ဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရပါသည်။

နေ့စဉ်သတင်း(၁၉.၉.၂၀၂၂)-------------------------------ထိုင်းတွင် မြန်မာနိုင်ငံသား ၁၅ ဦးဖမ်းဆီးခံရ၊ကိုဗစ်(၁၉)ရောဂါဖြစ်ပွာ...
19/09/2022

နေ့စဉ်သတင်း(၁၉.၉.၂၀၂၂)
-------------------------------
ထိုင်းတွင် မြန်မာနိုင်ငံသား ၁၅ ဦးဖမ်းဆီးခံရ၊ကိုဗစ်(၁၉)ရောဂါဖြစ်ပွားနေသူ ၂ ဦးတွေ့
ထိုင်းနိုင်ငံ၊ကန်ချနဘူရီခရိုင်၊ထောင်ဖာဖူမိမြို့တွင် စက်တင်ဘာ ၁၇ ရက်က ကုန်တင်ကားဖြင့်တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၅ ဦးဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။
ထိုင်းနိုင်ငံသားတစ်ဦးမောင်းနှင်လာသည့် ကုန်တင်ကားအား ထောင်ဖာဖူမိမြို့တာဝန်ရှိသူများက စစ်ဆေးရန်တားဆီးစဥ် ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် တာဝန်ရှိသူများကလိုက်လံဖမ်းဆီးပြီးနောက် ကားအားစစ်ဆေးရာ ကုန်ပစ္စည်းတင်သည့်နေရာ၌ လိုက်ပါလာသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၁ ဦးနှင့်အမျိုးသမီး ၄ ဦး(စုစုပေါင်း ၁၅ ဦး)အား ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများအား စစ်ဆေးရာ ရတ်ချဘူရီခရိုင်နှင့်ချွန်ဖော်ခရိုင်တို့၌ အလုပ်လုပ်ကိုင်ရန် ဝင်ရောက်လာခြင်းဖြစ်ကာ ပွဲစားခအဖြစ်တစ်ဦးလျင် ထိုင်းဘတ်ငွေ ၂၅၀၀၀ မှ ၂၈၀၀၀ အထိပေးချေခဲ့ရကြောင်း သိရသည်။
ထို့ပြင် ထိုင်းကျန်းမာရေးဝန်ထမ်းများက ဖမ်းဆီးရမိသူများအား ကိုဗစ်(၁၉)ရောဂါကူးစက်ခံထားရခြင်း ရှိ၊မရှိစစ်ဆေးရာ ၂ ဦးတွင် ကူးစက်ခံထားရကြောင်း စစ်ဆေးသိရှိရသဖြင့် Quarantine Centre သို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။
အလားတူ ကျန်ရှိသည့် ၁၃ ဦးနှင့်၎င်းတို့အား ကုန်တင်ကားဖြင့်ခေါ်ဆောင်လာသည့် ထိုင်းနိုင်ငံသားတို့အား ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် ထောင်ဖာဖူမိမြို့မရဲစခန်းသို့ ပို့ဆောင်ခဲ့ကြသည်။

နေ့စဉ်သတင်း(၁၉.၉.၂၀၂၂)---------------------------------"အိန္ဒိယနိုင်ငံအထိ ဆက်သွယ်ထားသော လီဒိုလမ်းမကြီးပေါ်၌ ကချင်ပြည်နယ်...
19/09/2022

နေ့စဉ်သတင်း(၁၉.၉.၂၀၂၂)
---------------------------------
"အိန္ဒိယနိုင်ငံအထိ ဆက်သွယ်ထားသော လီဒိုလမ်းမကြီးပေါ်၌ ကချင်ပြည်နယ် ဒေသဖွံဖြိုးရေးအတွက် အရေးပါသည့် ဗလမင်းထင်တံတား အမှတ်(၂) တည်ဆောက်နေ"
ကချင်ပြည်နယ် ဒေသဖွံဖြိုးရေးအတွက် အရေးပါသည့် ဧရာဝတီမြစ်ကူး (မြစ်ကြီးနား)၊ ဗလမင်းထင်တံတား အမှတ်(၂) တည်ဆောက်နေမှုကို ယမန်နေ့ နံနက်ပိုင်းက ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ သွားရောက်ကြည့်ရှု စစ်ဆေးပြီး ဘဏ္ဍာနှစ်အလိုက် လျာထားလုပ်ငန်းများကို စီမံချက်ပါအတိုင်း ပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ မန္တလေး - လားရှိး- ဗန်းမော် - မြစ်ကြီးနား လမ်းပေါ်ရှိ ဧရာဝတီမြစ်ကူး (မြစ်ကြီးနား)၊ ဗလမင်းထင်တံတား အမှတ်(၂)သည် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်မှု လမ်းကြောင်း ကန်ပိုက်တီမှ မြစ်ကြီးနားမြိုကို ဖြတ်သန်း၍ အိန္ဒိယနိုင်ငံအထိ ဆက်သွယ်ထားသော လီဒိုလမ်းမ ကြီးပေါ်၌ တည်ရှိသည့် တံတားတစ်စင်းဖြစ်သည်။
ယင်းတံတားကို တံတားဦးစီး ဌာန တံတားအထူးအဖွဲ (၁)မှ တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ပြီး တံတားအရှည် ပေ ၃၂၁၂ ဒသမ ၀၉၉ ပေ၊ ယာဉ်သွားလမ်း အကျယ် ၈ ဒသမ ၅ မီတာ၊ လူသွားလမ်းအကျယ် တစ်ဖက် လျှင် ၁ မီတာ၊ ရေလမ်းကင်းလွတ် အကျယ်ပေ ၃၅၀ နှင့် ရေလမ်း ကင်းလွတ်အမြင့် ၂၆ ပေ ၃ လက်မရှိကြောင်း သိရသည်။

နေ့စဉ်သတင်း(၁၉.၉.၂၀၂၂)---------------------------------ယနေ့ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေ...
19/09/2022

နေ့စဉ်သတင်း(၁၉.၉.၂၀၂၂)
---------------------------------
ယနေ့ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ ရည်ညွှန်းလက်လီဈေးနှုန်းများ။

09/06/2022
သမိုင်းထဲကဒီနေ့၉ ဇွန်  ၂၀၂၂+++++++++++++++ဇွန် ၉ ၊ ၁၈၉၈  ခုနှစ် #တရုတ်ကဟောင်ကောင်ကိုဗြိတိသျှထံ၉၉နှစ်ငှားရမ်းတရုတ်က ဗြိတိ...
09/06/2022

သမိုင်းထဲကဒီနေ့
၉ ဇွန် ၂၀၂၂
+++++++++++++++
ဇွန် ၉ ၊ ၁၈၉၈ ခုနှစ်
#တရုတ်ကဟောင်ကောင်ကိုဗြိတိသျှထံ၉၉နှစ်ငှားရမ်းတရုတ်က ဗြိတိသျှတိုနှင့်ဖြစ်ပွားသော လက်ဖက်နှင့်ဘိန်းစစ်ပွဲများ ရှုးပြီးနောက် ဝိတိုးရီးယား ဘုရင်မလက်ထက် ၁၈၉၈ ခုနှစ် ဇွန်(၉)ရက်နေ့မှာ ဟောင်ကောင်ကို ဗြိတိန်ထံ ၉၉နှစ် ငှားရမ်းတဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အဲဒီစာချုပ်အရ ကျွန်းပေါင်း ၂၃၅ ကျွန်းအပါအဝင် ဟောင်ကောင်ကို ငှားရမ်းခဲ့တာဖြစ်ပါတယ်။The New Territories လိုသိကြတဲ့ အဲဒီစာချုပ်အရ ဗြိတိန်ဟာ ၉၉နှစ်ကြာတဲ့အခါ ဟောင်ကောင်ကို တရုတ်ထံပြန်လွှပေးရမှာဖြစ်ပါတယ်။
ဇွန်(၉)ရက် အခြားကမ္ဘာ့ဖြစ်ရပ်တွေက..
၁၉၃၁
ပထမဆုံးဒုံးပျံစွမ်းအင်နှင့်မောင်းနှင်တဲ့ လေယာဉ်ပျံကို ရောဘတ်ဂေါ့ဒတ်က မူပိုင်ခွင့်တင်
၁၉၄၆
နောင်တော်ဘုရင် အာနန္ဒာမဟီဒေါ ကံကုန်ပြီးနောက် ဘူမိဒေါအဒူယာဒက်ဂျ် ထိုင်းဘုရင်မင်းမြတ်ဖြစ်လာ
၁၉၅၆
အာဖဂန်နစ္စတန်တွင် ငလျင်ကြီးလှုပ်ရှားရာ လူပေါင်း ၄၀၀ သေဆုံး
၁၉၆၀
တိုင်ဖုန်းမေရီက တရုတ်ပြည်တွင်တိုက်ခတ်ရာ လူပေါင်း ၁၆၀၀ သေဆုံး
၁၉၉၉
ကိုဆိုဗိုစစ်ပွဲ- ယူဂိုဆလားဗီးယားဖက်ဒရယ်သမ္မတနိုင်ငံသည် နေတိုးနှင့် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆို

Address


Website

Alerts

Be the first to know and let us send you an email when Myanmar update news posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share