Omar's

Omar's A man without aim like a rudderless ship in a stromy sea.

11/02/2024
22/09/2023

📜 စာချုပ်အကြောင်းသိကောင်းစရာ 📜
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

📜 အမှန်အားဖြင့် စာချုပ်စာတမ်းတစ်ရပ်ကို မည်သည့် အချက်အလက် အင်္ဂါရပ်များနှင့် ပြည့်စုံစွာ ရေးသားချုပ်ဆိုရမည်ဟု ပြဋ္ဌာန်းထားခြင်းမရှိပါ။ အရောင်းအဝယ် ကတိစာချုပ် ချုပ်ဆိုခြင်းသည် ပဋိညာဉ် ဖွဲ့ခြင်းဖြစ်၍ ပဋိညာဉ်အက်ဥပဒေအရ တရားဝင် ပဋိညာဉ်မြောက်ရန် လိုအပ်သော အင်္ဂါရပ်များနှင့် ပြည့်စုံရန်သာ လိုအပ်ပါသည်။

📜 သို့ရာတွင် ဥပဒေအရ အသိသက်သေ လက်မှတ်ရေးထိုးရန် လိုအပ်သည့် စာတမ်းအမှတ်အသားကို ယင်းလိုအပ်ချက်အတိုင်း အသိသက်သေများက လက်မှတ်ရေးထိုးမှသာ တရားဝင်မည်ဖြစ်သည်။

📜 သို့ဖြစ်၍ စာချုပ်စာတမ်းတစ်ခုသည် ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ အသိသက်သေများက လက်မှတ် ရေးထိုးထားခြင်း မရှိက ယင်းစာတမ်းအမှတ်အသားကို ချုပ်ဆိုကြောင်း ဝန်ခံစေကာမူ တရားဝင်သည့် စာတမ်းအမှတ်အသား ဖြစ်မလာနိုင်ပါ။

📜 စာချုပ်များ ရေးသားရန် အကြောင်းကိစ္စများ ပေါ်ပေါက်လာတိုင်း ရပ်ထဲရွာထဲရှိ လူရည်လည်သူများ၊ စာချုပ်ရေးဖူးသူများ၊ ရုံးပြင်ကန္နားရှိ ပုဂ္ဂိုလ်များနှင့် နီးနီးကပ်ကပ်ရှိသူများကို အများအားဖြင့် အကူအညီ တောင်း ဆောင်ရွက်လေ့ရှိကြသည်။

📜 ထိုသို့ဆောင်ရွက်ချုပ်ဆိုသူများရှိသကဲ့သို့ အချို့သော စီးပွားရေးသမားများက စာချုပ် တံဆိပ်တော်ခေါင်း စာရွက်ပေါ်တွင် စရံပေးစာချုပ်၊ အရောင်းအဝယ်စာချုပ်၊ သဘောတူကတိစာချုပ် စသည်ဖြင့် စာချုပ်ပုံစံ အမျိုးမျိုးကို လိုရင်း အကျဉ်းချုပ်ရေးထားပြီး ထိုစာချုပ်ပေါ်တွင် အမည် ၊ မှတ်ပုံတင် ၊ နေရပ်လိပ်စာ ၊ တန်ဖိုး စသည်တို့လောက်သာ ဖြည့်သွင်းရသည့် အသင့်ရိုက်နှိပ်ထားပြီး စာချုပ်များကို စတိုးဆိုင် အတော်များများတွင် ဝယ်ယူချုပ်ဆိုကြသည်လည်း ရှိကြပါသည်။

📜 ပုံစံစာချုပ်များသည် စာချုပ်ရေးသားရန် ခက်ခဲနေသူများ ၊ မည်သို့မည်ပုံ ရေးသားရမည်ကို မသိသူများအတွက် အသုံးတည့်သည့်သဘောရှိသော်လည်း ကိစ္စရပ်တိုင်းအတွက် အသုံးတည့်၊ လုံလောက်မှု မရှိသည်ကို မိမိဉာဏ်ဖြင့် စဉ်းစားဆင်ခြင်ကြစေလိုပါသည်။

📜 အရောင်းအဝယ် စာချုပ်ချုပ်ဆိုကြခြင်းသည် သဘောတူကတိ စာချုပ်ချုပ်ဆိုခြင်းဖြစ်ပြီး သဘောတူ ကတိစာချုပ်၏ သဘောမှာ အရောင်းအဝယ်စာချုပ် ပြုလုပ်ချုပ်ဆိုနိုင်ရန် နှစ်ဦးနှစ်ဖက် သဘောတူကြ သည့် အချက်များကို ကတိပြုချုပ်ဆိုသော စာချုပ်တစ်ရပ်ဖြစ်သည့်အတွက် စည်းကမ်းချက်များ၊ ဝန်ခံချက်များ၊ သဘောတူညီချက်များ သူ့နေရာနှင့်သူ လက်ရှိဆောင်ရွက်မှုများ အတိုင်း အစီစဉ်တကျ ပါဝင်အောင်ချုပ်ဆိုသင့်သည်။

📜 ပြဿနာများမတက်ရန် စာချုပ်များ ချုပ်ဆိုနေကြသည့် ကြားမှာပင် ပြဿနာများတက်နေကြခြင်းမှာ များသောအားဖြင် စာချုပ်ချုပ်ရာတွင် အထက်ကဆိုခဲ့သည့်အတိုင်း မချုပ်ဆိုကြသည့်အတွက်ကြောင့် ဖြစ်ရသည်ကများပေသည်။

📜 အိမ်အပေါင်ခံခြင်းအား အိမ်ရောင်းသည်ဟု စာချုပ်ချုပ်သူကချုပ်၊ ငွေချေးငှါးသည်ကို ငွေအပ်နှံသည် ဟု စာချုပ်ချုပ်သူကချုပ် ၊ အမှန်တကယ် ငွေမပေးပါပဲလျက် စာချုပ်တွင် ငွေချေးသည်ဟု လည်းကောင်း ငွေလက်ခံရရှိပါသည်ဟုလည်းကောင်း အမျိုးမျိုး ချုပ်ဆိုနေကြသည်ကို တွေ့မြင်နေ ကြရသည်။ ပြဿနာ မဖြစ်လျှင်ကိစ္စ မရှိသော်လည်း တစ်စုံတစ်ရာ ပြဿနာပေါ်ပေါက်လာပါက ဟန်ဆောင်စာချုပ် အဖြစ် ပေါ်လွင်သွားလျှင် ဖွတ်မရ ၊ဓား မဆုံးအဖြစ်သို့ ရောက်ရှိသွားနိုင်သဖြင့် စာချုပ်ချုပ်ဆိုပေးသူ ပညာရှိများက မှန်မှန်ကန်ကန်ချုပ်ဆိုပေးကြရန် အထူးလိုအပ်ကြောင်း တိုက်တွန်းအပ်ပါသည်။

📜 စာချုပ်များချုပ်ဆိုကြရာတွင် အသိသက်သေသည် မပါမဖြစ်ပါရှိရမည့် ကိစ္စရပ်ဖြစ်ပြီး ကတိပြုသူ၊ ကတိရသူများအပြင် အသိသက်သေများပါ စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးကြရာ အဆိုပါ အသိ သက်သေများသည် ကတိပြုသူ၊ ကတိရသူတို့၏ ကတိပြုချက်၊ သဘောတူချက်၊ အာမခံချက်၊ စည်းကမ်းချက် စသည်တို့ကို အမှန်တကယ် သိရှိထားရန်လည်းလိုအပ်သည်။

📜 ကာယကံရှင်များ သဘောတူ ချုပ်ဆိုသည့် အချက်များကို သိရှိသဘောပေါက်ပြီးနောက် လက်ခံသော အခါတွင်မှ အသိသက်သေနေရာတွင် ပါဝင်လက်မှတ်ရေးထိုး စေသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ရာ ပြဿနာပေါ်ပေါက်လာသောအခါ ကြုံကြိုက်သက်သေတစ်ဦး၏ ထွက်ဆိုချက်သည် လွန်စွာတန်ဖိုး နည်းပါးသောကြောင့်ဖြစ်သည်။

📜 သို့ဖြစ်၍ စာချုပ်ချုပ်ဆိုရာ၌ ချုပ်ရကျိုးနပ်စေရန်နှင့် တိတိကျကျ ထိထိမိမိ ဖြစ်စေရန် ဖြစ်သလို၊ ကြုံသလို မလုပ်မိကြစေရန် မချုပ်မိကြစေရန် ရေးသားရခြင်းဖြစ်ပါသည်။

Credit:


21/09/2023

📝 စာချုပ်ရေးပုံရေးနည်း 📝

📝 စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက် သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ် စကားလုံးတွေကို ထည့်ရေးဖို့မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေးသား ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပဋိညာဉ်တစ်စုံတစ်ရာကိုလုပ်ရင် အဲဒီစာချုပ်မှတစ်ပါး အခြားသက်သေ ကို လက်ခံခွင့်မရလို့ဘဲ။

📝 စာချုပ်မှာ ခု၊ လ၊ ရက်တို့ကို တိတိကျကျသေသေချာချာရေးဖို့လိုတယ်။ အင်္ဂလိပ်သက္ကရာဇ်နဲ့ မြန်မာသက္ကရာဇ်တွေကို ပြိုင်တူတွဲပြီး ရေးသားသင့်တယ်။ ပစ္စည်းနဲ့ပတ်သက်ပြီး အကြောင်းအရာ ရေးသားရင် ပစ္စည်းစာရင်းကို စာချုပ်နောက်ပိုင်းမှာ ပစ္စည်းဇယားအနေနဲ့ ပြည့်ပြည့် စုံစုံဖော်ပြရတယ်။

📝 ချုပ်ဆိုတဲ့စာချုပ်ဟာ ဘယ်လိုအမျိုးအစားဖြစ်တယ်ဆိုတာ အလွယ်တကူ သိနိုင်အောင် စာချုပ်ခေါင်းစဉ် ဖော်ပြရတယ်။

📝 စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးသူတွေရဲ့ အမည်၊ နိုင်ငံသားမှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာတွေ ဖော်ပြရတယ်။

📝 စာချုပ်ဆိုရာမှာ ပါဝင်ရမယ့် ပုဂ္ဂိုလ်ဟာအသက်အရွယ် မပြည့်သူမဖြစ်ရဘူး။ တကယ်လို့ အသက်အရွယ် မပြည့်သေးတဲ့သူဖြစ်နေရင် အုပ်ထိန်းသူက လက်မှတ်ရေးထိုးရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အသက်မပြည့်သေးသူဟာ ပဋိညာဉ်ပြုပိုင်ခွင့် မရှိလို့ဘဲ။ စိတ်မနှံသူဖြစ်ရင်လည်း ပဋိညာဉ်ပြု ပိုင်ခွင့် မရှိပါ။

📝 တချို့ပုဂ္ဂိုလ်တွေဟာ စာချုပ်ချုပ်ဆိုရာမှာ ကိုယ်တိုင်ကိုယ်ကျ မပါဝင်ဘဲ ကိုယ်စားလှယ်နဲ့ ချုပ်ကြတာလည်း ရှိတယ်။ ဦးဘ၏ ကိုယ်စားလှယ်စာရသူ စသည်ဖြင့် လက်မှတ်ရေးထိုးနိုင်တယ်။ ဒါပေမယ့် လက်မှတ်ရေးထိုးတဲ့ ဦးမောင်မောင်ဟာ ဦးဘရဲ့ ကိုယ်စားလှယ်စာ အမှန်တကယ် ရရှိထားသူ ဖြစ်ရပါမယ်။

📝 စာချုပ်မှာ -


*** နိဒါန်း

*** အဖိုးစားနား

*** ပိုင်းခြားဝေငှခြင်း

*** စည်းမျဉ်းနဲ့ သတ်မှတ်ချက်

*** အကျိုးခံစားခွင့်ဆိုင်ရာ ဖော်ပြချက်

*** ဖော်ထုတ်ပြုလုပ်တဲ့ သဘောတူမှုနဲ့တာဝန်ယူခြင်း

*** နိဂုံး

*** လက်မှတ်နဲ့ မှန်ကန်ကြောင်း လက်မှတ်ရေးထိုးခြင်း

*** ထပ်ဆင့်လက်မှတ်ရေးထိုးခြင်းနဲ့ နောက်ဆက်တွဲစာချုပ်ဆိုတဲ့ အပိုင်းတွေ သူ့စာချုပ် အမျိုးအစား လိုက်ပါရှိတယ်။

📝 စာချုပ်တွေကို ရေးရာမှာ ဖျက်ရာမပါအောင် ရေးရပါတယ်။ အကယ်၍ဖျက်ရာရှိခဲ့ရင် ဖျက်ရာနေရာ မှာ နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးရမယ်။

📝 ငွေပမာဏကို ဂဏန်းနဲ့ရေးရမယ့်အပြင် စာနဲ့လည်းရေးရမယ်။

📝 စာရေးရာမှာ နောက်ထပ်ဖြည့်စွက်ရေးတာမျိုး မရှိနိုင်အောင် ကြားလပ်မရှိစေဘဲ မျဉ်းကြောင်းစိပ်စိပ် ရေးရပါမယ်။

📝 တံဆိပ်ခေါင်းပါတဲ့ စာချုပ်မှာ တစ်ချပ်တစ်ရွက်နဲ့ မလုံလောက်ရင် နောက်ထပ်တစ်ချပ်တစ်ရွက်မှာ ရေးရပါမယ်။ တစ်မျက်နှာနဲ့မလုံလောက်တဲ့အတွက် စာချုပ်ကျောဘက်မှာ ရေးတာမျိုးမလုပ်သင့်ပါ။ စာချုပ်ခေါင်းပါတစ်ရွက်နဲ့ မလုံလောက်တဲ့အတွက် နောက်ထပ်စာချုပ်ခေါင်းတစ်ရွက်ပေါ်တွင်သာ ရေးသင့်ပါတယ်။

📝 စာရွက်တိုင်းမှာ စာမျက်နှာဖော်ပြရပါမယ်။ စာတစ်မျက်နှာ ကုန်ဆုံးရင် နောက်ထပ်စာမျက်နှာသို့ လို့ စကားအဆုံးသတ်ရပါမယ်။

📝 စာချုပ်မှာ လက်မှတ်ရေးထိုးခြင်းဟာ အရေးပါတဲ့ကိစ္စဖြစ်တယ်။ လက်မှတ်တွေကို ချုပ်ဆိုသူတွေနဲ့ သက်သေအဖြစ် ပါဝင်သူတွေကိုယ်တိုင်ရေးထိုးကြရမှာ ဖြစ်တယ်။ စာမျက်နှာတိုင်းမှာ လက်မှတ် ရေးထိုးသင့်တယ်။

📝 စာချုပ်ချုပ်ဆိုရာမှာ သက်သေကို တကူးတက ခေါ်ယူရတယ်။ ရေး ချုပ် ဖတ် ပြနေတုန်းမှာ အမှတ်မထင် ရောက်လာတာမျိုးဟာ သံသယမကင်းစရာဖြစ်တတ်တယ်။ ဒါကြောင့် တမင်ခေါ်ယူပြီး တိတိကျကျ သေသေချာချာ ပါဝင်ချုပ်ဆိုရတယ်။ စာချုပ်ပါအချက်တွေကို သိရှိဖို့လိုတယ်။ စာချုပ်ကို သေသေချာချာ ဖတ်ကြည့်ဖို့လိုတယ်။ စာချုပ်အတိုင်း ဟုတ် မဟုတ် မေးဖို့လိုတယ်။

📝 ချုပ်ဆိုတဲ့ စာချုပ်မှာတံဆိပ်ခေါင်း လုံလောက်ဖို့လိုတယ်။

Credit-OriginalUploderCredit:

The Universal Declaration of Human Rights.
10/09/2023

The Universal Declaration of Human Rights.

30/05/2023
27/05/2023
15/04/2023

Address


Website

Alerts

Be the first to know and let us send you an email when Omar's posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share