Vein Roar

Vein Roar NO ARTIST AREA

27/02/2021

#အလိုမရှိ

05/02/2021

😁join my gaming page

WE WANT JUSTICE
05/02/2021

WE WANT JUSTICE



04/02/2021

CAST BY "VEINS"
BURMESE HEROS BHSQUAD
Sponsors are invited to enter the competition🏆
The good news is that at least 499 diamonds are now available👍

Caster Gaming Account;
ML ID: 360843068
PUBG ID: 51269699352

instagram: veinsfreelancer
facebook: veinsgaming
twitter:veins

04/02/2021
I'm a 90's KID... .1အခုခေတ်လို facebook တို့ instagram စတဲ့ social communications software တွေ မပေါ်တဲ့အချိန်ကာလလေးပေါ့။အ...
26/12/2020

I'm a 90's KID...

.1

အခုခေတ်လို facebook တို့ instagram စတဲ့ social communications software တွေ မပေါ်တဲ့အချိန်ကာလလေးပေါ့။

အဖြူနဲ့အစိမ်းအရွှယ်က အခုခေတ်ကလေး တွေနဲ့ ဘဝ ဖြတ်သန်းမှုချင်းသိပ်ကွာတယ်။

သူငယ်ချင်းဆိုတဲ့ အဓိပ္ပာယ် က အဲ့တုန်းကာလတွေက ပိုခိုင်မာဖြစ်ကြတယ်။

Crush တွေ ဘရက်စ် တွေ မရှိဘူး၊
ကိုယ်ကြိုက်တဲ့သူနဲ့ မျက်လုံးချင်းတောင်မစုံရဲခဲ့ကြဘူး၊(ဒါတောင် သူငါကိုကြည့်သွားတယ်ဆိုပြီး feel ဖြစ်တာမျိုး)။

ခွေးတိုးပေါက်က ကျောင်းလစ်ပြီး
ဂိမ်းဆိုင်ကိုအုပ်စုလိုက် ကျောင်းပြေးတာမျိုးတွေ၊

အုန်းမွှေးလုံး၊ ကပ်စီးနှဲ၊ C-Plus ၊ ခေါင်းအုန်းမုန့် တို့ဆိုတာ Favorite Snacks ဖြစ်ခဲ့ကြတယ်။

MP3,MP4 ကိုင်တဲ့အကောင်က အခန်းထဲမှာ ဆရာကြီးဖြစ်တယ်။

စာအုပ်လှန်ကြေးတွေ၊ စာရွက်အောက်က ဘောပန် နဲ့ ဘောလုံးကန်တာတွေ စတဲ့သတိရစရာ ကစားနည်းတွေများခဲ့တယ်။

P1,P2 တို့ Mario တို့က Ml တို့ PUBG တို့ထပ် ပိုကစားဖြစ်ကြတဲ့အရွှယ်၊ ဂျင်ပေါက်တယ်၊ ပုံပစ်တယ်၊ ဂေါ်လီရိုက်ခဲ့ကြတယ်။

ရည်းစားထားဖို့မပြောနဲ့၊ စာပေးဖို့တောင် စုံညီပွဲတော်၊သတင်းကျွတ်စာမေးပွဲ၊စာမေးပွဲ ကြီး စောင့်ရင်း စောင့်ရင်း မပေးဖြစ်ခဲ့ကြတဲ့သူတွေရှိကြတယ်။

ရွှေတိဂုံနဲ့ တိရစ္ဆာန်ရုံ၊ Happy World ဆိုတာ သွားဖို့တော်တော်ခက်ခဲခဲ့ကြတယ်။

ဗိုက်ပူ ကား ၂၀ ကျပ်ပဲကြတယ်၊
ရေခဲရေတစ်ခွက် ၁၀ ကျပ်၊
၁၀ တန်းထိ မုန့်ဖိုး ၂၀၀ ရရင်အကောင်ပဲ။

ဝူခုန်းကားကို MWD မှာ ည ၇ နာရီထိုးရင်ကြည့်ဖို့ စောစော စာကျက်ဖူးတဲ့သူတွေရှိရင်ရှိမယ်။

တနင်္ဂနွေ ဆို ချစ်စရာအရွှယ် ကစားကြမယ် ပြီးရင် မြန်မာ ကားလေး ကြည့်ရသေးတယ်။

လက်ဖက်ရည်ဆိုင်က မန်ယူပွဲပဲပြတယ်။

18Plus ကို အုပ်စုလိုက် အိမ်တံခါးပိတ်နေ့ခင်း အခွေထိုးကြည့်ဖူးတဲ့သူတွေရှိချင်ရှိလိမ့်မယ်၊(မီးပြတ်သွားပြီး ခွေကျန်ခဲ့လို့ အိမ်က သိမှာ ထူပူတာမျိုးတွေပေါ့)

ကျောင်းသားကဒ်ရိုက်ရင် မျက်နှာရှစ်ခေါက်ချိုးနဲ့သူတွေရှိမယ်။

ကိုယ့်ကြိုက်တဲ့ကောင်မလေးကို စက်ဘီးတင်နင်းခွင့်ရရင် တစ်လောက လုံး မမြင်တော့တဲ့သူတွေရှိခဲ့ကြလိမ့်မယ်...

25/12/2020

Available Now!
23/12/2020

Available Now!

Ok လား ညီမလေး ♥
17/12/2020

Ok လား ညီမလေး ♥

ဝေးပြီးတဲ့နောက်မှာ သူပျော်နေတယ်လို့ စိတ်ထဲမှာယုံထားလိုက်တယ်။နောက်ထပ် ဘာမှမသိရ မတွေ့ရ မကြားရအောင် နေတယ်။ကိုယ့်စိတ်ကို ပျေ...
16/12/2020

ဝေးပြီးတဲ့နောက်မှာ သူပျော်နေတယ်လို့
စိတ်ထဲမှာယုံထားလိုက်တယ်။

နောက်ထပ် ဘာမှမသိရ မတွေ့ရ
မကြားရအောင် နေတယ်။

ကိုယ့်စိတ်ကို ပျော်အောင်ထားတယ်

တတ်နိုင်တဲ့အခါ ရယ်တယ်၊
မတတ်နိုင်တဲ့အခါ ငိုတယ်၊

မနေ့ကထက် ဒီနေ့ပိုလှအောင် ပြုံးတယ်၊
သတိရတဲ့အခါ ကြယ်တွေကို ငေးတယ်၊

အိပ်မက်ဟာ အိပ်မက်ပဲဆိုတဲ့အကြောင်း
ကြိုးစားလက်ခံလိုက်တယ်။

မထိုက်တန်လို့ ဆုံးရှုံးခဲ့ရတာတွေအတွက်
ပိုင်ဆိုင်ခွင့်ရတဲ့သူကို မုဒိတာပွားတယ်။

ကိုယ်ရခဲ့ဖူးတဲ့ တစ်ခဏတာ ခံစားမှုကို
တစ်သံသရာစာအတွက် ကျေနပ်လိုက်တယ်။

အမှတ်တရတချို့ ပြန်တွေ့ရရင် ကိုယ့်
Memory ထဲမှာပဲ ဘယ်သူမှမမြင်အောင်
တိတ်တိတ်ကလေး သိမ်းထားတယ်။

စွယ်တော်ရွက်တွေမြင်ရင် ...
ဝေးဝေးကနေ ရှောင်ကွင်းသွားတယ်။

သစ္စာပန်းတွေအစား ...
နေကြာပန်းတွေ ပြောင်းကြိုက်တယ်။

ချစ်ခြင်းမေတ္တာဆိုတာကို စကားလုံးအဖြစ်နဲ့
ကဗျာထဲမှာသုံးရုံလောက်ပဲ အာရုံရှိတော့တယ်။

ဖြတ်မျဉ်းတစ်ကြောင်းလို ကိုယ့်ဆီမှာ
ခဏတာ ရေစက်လာဆုံပေးတဲ့အတွက်လည်း
တစ်သက်စာ ကျေးဇူးတင်တယ်။

ကြီးကြီးမားမားတွေ မလုပ်ပြချင်ပေမယ့် ...
တစ်ခမ်းတစ်နားတော့ တိတ်ဆိတ်ပြချင်တယ်။

©veinroar

14/12/2020

အိုကေ...
အားလုံးအတွက် ဒီနေ့မှာ...
ကျွန်တော် Tiktok ကတွေ့တဲ့ အသက်၂၅မတုိင်ခင် ဖတ်သင့်တဲ့
စာအုပ်များ ဆိုတဲ့ video clip လေးတစ်ခု တင်ပေးထားပါတယ်။

စာဖတ်ခြင်းက စိတ်ဓာတ်ကို မြှင့်တင်ပေးတယ်ဆိုတာ အားလုံးလက်ခံထားကြပါတယ်။

ဒါကြောင့် စာဖတ်ပါ။

©org.created by tiktok
©veinroar

"ကျွန်တော် ခင်ဗျားကိုပြောချင်ခဲ့ချင်တယ်"®HAOYU©Vein
13/12/2020

"ကျွန်တော် ခင်ဗျားကိုပြောချင်ခဲ့ချင်တယ်"

®HAOYU

©Vein

" အမှန်တရားဆိုတာ မင်းလက်ခံပါ"
13/12/2020

" အမှန်တရားဆိုတာ မင်းလက်ခံပါ"

12/12/2020

ကျွန်တော် 2018 လောက်က လုပ်ထားတဲ့သီချင်းလေးတစ်ပုဒ်
Page မှာ Released လုပ်ပေးြခင်းပါ။

Title:Al Dr Ngr CRUSH (အဲ့ဒါငါ့ခွက်စ်)
Artists :Cecfain x J Ye(veinroar)
Prod:Kyaw Kyaw (UK)

YOUTUBE : https://youtube.com/channel/UCcgIFV5wSbeJEaHjCNuxGAw

® JYPROD ©2018.represent

 #တနေ့၁၀ကျော်သက် အရွယ်မို့လို့ ဘယ်သူကတကယ်ချစ်မှာလဲတဲ့?ဒါမဲ့ကျနော်ချစ်ဖူးတယ်.အခုထိလဲချစ်နေတုံးပဲ. #သံယောဇဉ်အရမ်းဆိူးတယ် ခ...
11/12/2020

#တနေ့

၁၀ကျော်သက် အရွယ်မို့လို့ ဘယ်သူကတကယ်ချစ်မှာလဲတဲ့?
ဒါမဲ့ကျနော်ချစ်ဖူးတယ်.အခုထိလဲချစ်နေတုံးပဲ.

#သံယောဇဉ်

အရမ်းဆိူးတယ် ချစ်တယ်ဆိုတာထပ် ပိုတဲ့အရာတခုဖစ်ခဲ့တယ်
အချိန်ကြာလေ ကပ်တွဲမိလေပဲ ဖြတ်မရတဲ့ထိဖစ်ခဲ့တယ်

#ပြတ်မှာပဲ

တကယ်မှန်တဲ့စကား တကယ်ပြတ်ခဲ့တယ်.
ဒါမဲ့ သူ့အကြောင်းကိုယ်သိ ကိုယ့်အကြောင်းသူသိနေတော့
အဆင်ပြေလား အမြဲမေးဖစ်တယ် ရင်ထဲကစကားတွေပြောဖစ်ကြတယ်

#နောက်ဆူံး

အရမ်းချစ်တယ် အရင်လိုပြန်နေကြမယ် လိမ်လိမ်မာမာနေကြမယ် ဆိူပီး
ကတိတွေထပ်ပေးပီး အဆင်ပြေကြပြန်တယ်

ကျနော်တို့နှစ်ဦးကြား မုန်းတယ်ဆိုတာ တခါမှမပြောဖစ်ခဲ့ဘူး
ပြတ်မဲ့အချိန်မှာလဲ အဲ့စကားမပြောဖစ်ကြဘူး ပြောမထွက်တာလဲပါမှာပေါ့

အချိန်ကကုန်တာမြန်တယ် ငါမဟုတ်တဲ့တခြားသူနဲ့မင်းလက်တွဲမိမှာကို
ငါအရမ်းစိူးရိမ်နေမိတူံး........................................ !

တနေနေ့တချိန်ချိန် ငါလက်ထက်မဲ့ မိန်းခလေးကလဲ မင်းပဲဖစ်စေရမယ်

®creator by skool
©veinroar

Protect Yourself first Protect Yourself 😷 This is the best feature. The disease, called COVID-19, has also reached Myanm...
09/12/2020

Protect Yourself first
Protect Yourself 😷

This is the best feature.

The disease, called COVID-19, has also reached Myanmar as a global epidemic.

At a time when progress is lagging behind, our citizens, who are striving for equality, tend to think in various ways, such as saying bad things about the government and overstating online scandals.

I admit that this disease is really scary. It's not enough to just read about how to live and how to protect yourself. Think of the best possible way to deal with even the most frightening things.

Protect yourself first.

Even if you do not feel well, go to the nearest hospital.
Even if you do not wear a mask, wash your hands thoroughly with a 500 kyat bottle of alcohol in a hand sanitizer or mini market. Then drink as much water as you can. Take a walk in the sun. Start protecting yourself individually.

Live as much as you can with the online media and the Ministry of Health's daily announcements and actions.

Protect yourself and tell your family members one by one that you want to overcome the fear of an illness.

We can get through it, we can do it. Let's drive out our Covid-19 allies for our Burma.

VeinRoar

09/12/2020

#ခံနိုင်ရည်မရှိတော့တဲ့တစ်နေ့ ကျွန်တော်ထွက်သွားမှာပါ..
ကျွန်တော်သည်းခံနေသေးတာဟာ မဝေးရဲသေးလို့ပါပဲ..
ကျွန်တော်လည်း မပျော်ပါဘူး..
ထွက်သွားရင်လည်း ပြန်လာမိဦးမှာမို့ ပေတေပြီး ခင်ဗျားဆီက ထွက်မသွားသေးတာပါ..
ခင်ဗျား သတိမထားမိလို့ပါ..
တစ်စုံတစ်ယောက်ဆီကထွက်သွားဖို့ မဖြစ်နိုင်သေးတဲ့လူတိုင်းဟာ ပျော်လို့မဟုတ်ဘူးဆိုတာကိုပေါ့..။
အသင့်မဖြစ်သေးလို့ပါ..
ထွက်သွားရခြင်းထက် ပိုနာကျင်တာဘာလဲဆိုတော့ မာန်လျှော့ပြီးလှည့်ပြန်ရခြင်းတွေပါပဲ..
တခါတခါကျ ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ရတယ်..
ခင်ဗျားကိုလက်စားချေချင်တာလား.. ကျွန်တော်လွတ်မြောက်ချင်တာလား..။
ပြီးတော့..
လက်စားချေနိုင်ခဲ့ရင်ကော ကျွန်တော်တကယ်လွတ်မြောက်မှာလား.. ။
ထွက်သွားရခြင်းထက် ပိုနာကျင်တာဘာလဲဆိုတော့ မာန်လျှော့ပြီးလှည့်ပြန်ရခြင်းတွေပါပဲ..
အဲဒီထက်ပိုနာကျင်ရတာကတော့..
ခင်ဗျားဖမ်းဆီးမထားပါဘဲ ကျွန်တော်က ခင်ဗျားဆီပိတ်မိနေရခြင်းပဲဖြစ်ပါတယ်..
ဒါကြောင့်လည်း တွေဝေနေရတာဖြစ်တယ်..
ထွက်ပြေးရင် ကျွန်တော်လွတ်မြောက်သွားမှာလား.. မသေချာတော့လို့ပဲဖြစ်ပါတယ် ..
ထွက်ပြေးသွားမှန်းတောင် ခင်ဗျားသတိထားမိပါ့မလား မသေချာတော့လို့ပဲဖြစ်ပါတယ်.. ။
#ပက်ထရစ်

" မင်းကလဲ ပြတ်တာလဲကြာနေပြီကိုနောက်အသစ်လေးဘာလေးရှာ Move onလုပ်ပြီးမေ့လိုက်တော့ပေါ့ဟ “ဒီစကားကိုကိုယ့်သူငယ်ချင်းထဲကအသည်းကွဲ...
09/12/2020

" မင်းကလဲ ပြတ်တာလဲကြာနေပြီကို
နောက်အသစ်လေးဘာလေးရှာ Move onလုပ်ပြီးမေ့လိုက်တော့ပေါ့ဟ “

ဒီစကားကိုကိုယ့်သူငယ်ချင်းထဲက
အသည်းကွဲနေတဲ့သူကို
ယောင်္ကျား မိန်းမ မရွှေးအကုန်ပြောဖူးကြမှာပါ

ဒါပေမယ့် ခံစားနေရတဲ့သူအတွက်
သက်သာဖို့ ဒီစကားကိုပြောရပေမယ့်
တကယ်တမ်း ဒီအတိုင်းခံစားရသက်သာဖို့က
မလွယ်ကူဘူးဆိုတာ
ပြောတဲ့သူရော အပြောခံရတဲ့သူရော
အာလုံးသိပါတယ်

လူတစ်ယောက်က တော်ရုံလွမ်းဆွတ်ခံစားတက်မူမရှိပါဘူး
ကိုယ်စွဲလမ်းမြတ်နိုးရတဲ့အရာတွေကိုဆုံးရူံးမှသာ ခံစားတက်ကြတာပါ
တကယ်တမ်းပြန်စဉ်းစားကြည့်ရင်
အချိန်ကာလတစ်ခုအထိ ကိုယ်နဲ့ရွှေလက်တွဲမြဲခဲ့တဲ့သူကိုဆုံးရူံးရတာ အများကြီးနစ်နာခံစားရပါတယ်

သွေးမတော် သားမစပ်တဲ့လူနှစ်ယောက်က
ငယ်ဘဝမွေးကတည်းကနေ လက်ရှိအချိန်ထိ ဘာလုပ်ခဲ့တယ် ဘာဖြစ်ခဲ့တယ်ဆိုပြီး
ပြောပြဖို့ဆိုတာ စကားလုံးတွေနဲ့တင်မလုံလောက်ပါဘူး
အချိန်တွေ သံယောဇဉ်တွေ ယုံကြည်မူတွေအများကြီးလိုပါတယ်

အတွဲတစ်တွဲက တွဲလာတဲ့သက်တမ်းကြာလေ
အမှတ်တရတွေ သံယောဇဉ်တွေများလာလေ
အခက်အခဲ အနှောင့်အယှက်တွေများလာလေပါပဲ
တက်နိုင်သလောက် မဟုတ်ပါဘူး
တက်နိုင်သလောက်ထက် ပိုတဲ့ အချိန်ကာလ
လတွေ နှစ်တွေအထိ မရမက ဆွဲဆန့်ပြီး
ကျော်ဖြတ်ခဲ့ပြီး အတူပျော်ပါးခဲ့ကြပြီးနောက်ဆုံးဘယ်လိုမှမဆက်နိုင်တော့လဲ အားလုံးကိုတိကနဲရပ်လိုက်ရရောဆိုတာ
တော်တော်များများကြုံဖူးမှာပါ

တစ်ချို့ဇာတ်လမ်းတွေမှာလူကိုမလွမ်းပါဘူး
စကားလုံးတွေ အပြုအမူတွေ သံယောဇဉ်တွေ
အထိအတွေ့တွေ အမှတ်တရတွေကို လွမ်းတာပါ
လူကိုမလိုချင်တော့တောင် ဪသူဒါလေးကြိုက်တာပဲ
ဪသူကြည့်ချင်တဲ့ဇာတ်ကားလေးတောင် ထွက်လာပြီ
ဪ ဒီဆိုင်ကမုန့်လေးတောင် သူနဲ့အတူတူမစားရတာကြာရောပေါ့
အာ့လို အာ့လို အမှတ်တရတွေကဆွဲထင်ခဲ့ရော

အာ့မှာ အများစုကတော့ နှစ်သိမ့်ကြတာပေါ့
နောက်အသစ်ရှာဖို့ မေ့လိုက်ဖို့
တကယ်တော့ လူတစ်ယောက်ကို
ကို့ဘဝအကြောင်းပြောရတယ်ဆိုတာ
အရမ်းခက်ခဲပါတယါ တကယ်ကိုခက်ခဲပါတယ်

ရည်းစားနောက်တစ်ယောက်ထားတော့မယ်ဆိုရင်
ကို့ဘဝအကြောင်းတွေပြောရမယ်
အရင်တုန်းကလ်ို Datingတွေလုပ်ရမယ်
Hang outတွေလုပ်ရမယ်
အာ့မှာပြသနာက နောက်တစ်ယောက်နဲ့အာ့လိုတွေလုပ်တာက
ကို့အတွက် Move Onဖြစ်စေလောက်တဲ့
ကိုယ်ကြုံဖူးခဲ့တဲ့ အရမ်းပျော်ခဲ့ရတဲ့Dating Timeတွေကို
မှီပါ့မလားဆိုတာပဲ

ခံစားရပျောက်မလားဆိုပြီး
တွေ့ရာလူတစ်ယောက်ယောက်နဲ့ Dateပြီးတော့မှ
ကိုယ်မျှော်လင့်ထားသလို ဖြစ်မလာတာမျိုးတွေ
ကိုယ့်ကို ပျော်အောင်လုပ်နိုင်မယ်ထင်တဲ့အရာတွေ
သုံးစွဲပြီးတော့မှ သူတို့ကပါ ​ကိုယ့်ကိုဆွဲချသွားတာတွေ
Move Onဆိုတာ စကားပဲရှိပြီး
တကယ့်လက်တွေ့မှာ ဖြစ်နိုင်ပါ့မလားဆိုတာတွေ
ခံစားကောင်းခံစားလာရကြတယ်

ကို့ကိုယ်ပိုင် အတွေးနဲ့ဆို လူတစ်ယောက်ကိုလုံးဝမေ့ပြစ်ဖို့ဆိုတာ လုံးဝမလွယ်ပါဘူး
Move Onလုပ်တယ် မေ့ပြစ်တယ်ဆိုတာ တကယ်တမ်း မဖြစ်နိုင်ပါဘူး
ကိုလုပ်စရာရှိတာလေးလုပ်ပြီး
လွမ်းစရာရှိတာလေးလွမ်းနေဖို့ပဲ တက်နိုင်ပါတယ်

တစ်နေ့တစ်နေ့ ကိုယ်လုပ်စရာရှိတာလေးလုပ်
သွားစရာရှိတာလေးသွား ကြည့်စရာရှိတာလေးကြည့်ပြီး
ရုတ်တရတ်ခေါင်းထဲပေါ်လာရင် အမှတ်တရတွေပြန်တွေးပြီးခံစား
နောက်ရက်တွေလဲ ဒီလိုပဲသွားနေပြီး
ကို့ဘာသာ အဆင်ပြေအောင်နေ
ခံစားစရာရှိတာခံစားပြီး
နောက်ထပ်လာမယ့် ဘယ်ကမှန်းမသိတဲ့
တစ်ယောက်ယောက်ကို မျှော်လင့်နေမိရော

ဒီလိုနဲ့တစ်ရက်ရက်မှာတစ်ယောက်ယောက်နဲ့တွေ့
ကိုလုပ်စရာစရာရှိတာတွေလုပ်ပြီး ပိုတဲ့အချိန်တွေမှာ
အာ့တစ်ယောက်ယောက်ကို တဖြည်းဖြည်းနဲ့ အချိန်ပေးမိလာရော
ဒါပေမယ့်ဒီလိုဖြစ်တိုင်းလဲ Move onဖြစ်သွားပြီလို့ သတ်မှတ်လို့မရပါဘူး

ဪ ငါတောင်တစ်ယောက်တွေ့နေပြီ
သူလဲအခုချိန်အရင်လူပဲလား
ဒါမှမဟုတ် အသစ်တစ်ယောက်ထပ်တွေ့နေပြီလား
ဘာတွေလုပ်နေမလဲ ဒီလိုအတွေးတွေက
တစ်ချက်ချက်တော့ ဝင်လာနေဦးမှာပါ
ဒါပေမယ့် ကို့အနားမှာတစ်ယောက်ယောက်ရှိနေပြီဆိုရင်တော့
အရင်ကထပ်စာရင် ခံစားရတော့သက်သာလာမှာပေါ့

ကျွနိတော့်အမြင်မှာတော့ Move Onဆိုတာမရှိပါဘူး
ဘယ်တော့မှလဲ Move မ Onနိုင်ကြဘူးလို့ထင်ပါတယ်
​အတိတ်ဆိုတာမေ့ဖို့ခက်ပါတယ်
အချိန်ကာလတစ်ခုကိုအတူဖြတ်ကျော်ခဲ့တဲ့သူကိုမေ့ဖို့ဆိုပိုခက်ပါတယ်
အခုတော့ ငါသတိမရတော့ဘူးလို့တွေးရင်တွေးမှာပေါ့
တကယ်က မနိုးဆွတာကြာလို့ တဖြည်းဖြည်းနစ်မြုတ်နေတာပါ
ပြန်နိူးဆွကြည့်ပါ အရာရာအကုန်လုံး ဝိုးတစ်ဝါးကနေ ပုံရိပ်တွေထင်လာပါလိမ့်မယ်

အာ့ကြောင့် ကျွန်တော်ကတော့
Move onလုပ်ဖို့ဆိုတာအားမပေးပဲ
ကိုယ်လုပ်စရာရှိတာ လုပ် ခံစားစရာရှိတာခံစားပြီး
​တစ်ယောက်ယောက်နဲ့တွေ့ခဲ့ရင်
အာ့တစ်ယောက်ကို အချိန်ပေး သူ့အကြောင်းတွေးပြီး
နစ်မြုပ်နေတဲ့ အတွေးဟောင်းတွေကိုတော့
ပြန်မတူးဖော်ဖို့ပဲ အကြံပေးချင်ပါတယ်

09/12/2020
😍
08/12/2020

😍

TAKE CARE 😖
01/12/2020

TAKE CARE 😖

28/11/2020

MY SNEAKER

''ချစ်နေရရင် ကျေနပ်ပါ''ကိုယ်ချစ်တဲ့ လူတစ်ယောက်ကို ဘယ်သူကများ မပိုင်ဆိုင်ပဲနေချင်ပါ့မလဲ။ ဘယ်သူကများ ကိုယ့်အပြင် တစ်ပါးသူ ...
28/11/2020

''ချစ်နေရရင် ကျေနပ်ပါ''

ကိုယ်ချစ်တဲ့ လူတစ်ယောက်ကို ဘယ်သူကများ မပိုင်ဆိုင်ပဲနေချင်ပါ့မလဲ။
ဘယ်သူကများ ကိုယ့်အပြင် တစ်ပါးသူ လက်ထဲမှာ မြင်ချင်ပါ့မလဲ။
ညှိလို့ မရတဲ့ ပုစ္ဆာ တွေကြား ကျွန်တော်တို့ သိပ်အဖြေထုတ်ရခက်ခဲ့ကြတယ်။

ရင်မှာအမြစ်တွယ်လာတဲ့ နှလုံးသားတစ်စုံကို
တစ်ချိန်ချိန် ထုတ်ပေးရလိုက်တဲ့အခိုက်အတံ့ဟာ သိပ်ကိုခံရက်ခက်တဲ့ နာကြင်မှုမျိုးဖြစ်တယ်။

ကျွန်တော်တို့တွေမှာ နေ့နဲ့ညရယ် မရှိခဲ့ကြဘူး။
ကျွန်တော်တို့အတွက် ငိုကြွေးခြင်းကို ခေါင်းအုံးလေး နဲ့အခန်းကျဉ်းလေးတောင် သနားတတ်လာတယ်။

ကလေးအရွှယ်ကလို အရုပ်ကလေးပျက်သွားပြန်ဝယ်ပေးဖို့တောင်းဆိုလို့ရရင်လည်း သိပ်ကောင်းမှာပဲတွေးမိခဲ့တယ်။

သူဘက်ကတုံ့ပြန်မှုမရှိတဲ့ ဆက်သွယ်ရေး ကွန်ယက်အားလုံးကို ကျွန်တော်တို့ဘက်က နေ့စဉ်အမျှ မျှော်လင့် ချက်နဲ့ စောင့်ခဲ့ဖူးကြတယ်။

မိုက်ရူးရဲဆန်ပြီး သူ့ကိုအပိုင်သိမ်းယူ၊ သူပြန်ချစ်လာအောင်ကြိုးစားကြည့်ဖို့အထိ တွေးခဲ့မိကြဖူးတယ်။

ဝဠ်ကြွေးလို့ဆိုရအောင် ကျွန်တော်တို့ရဲ့ အချစ်တွေက ဝဠ်ကြွေးကျေဖို့သက်သက် စတေးခံခဲ့ရတာလား။

တွေးကြည့်တိုင်း ဝယ်လို့မရတဲ့အမှတ်တရတွေကပဲ ကျွန်တော်တို့ကို တစ်ရေးနိုးတစ်ခါ သတ်ခဲ့မိပြန်ပါတယ်။

သူ့ဘဝနဲ့သူကတော့ အလိုက်သင့်ပြီး ဟိုးအမြင့်ဘက် ငှက်ကလေးလို သိပ်လွတ်လပ်ပျံသန်းနေပြီ။
ကျွန်တော်တို့ကတော့ ပုဒ်မရှိပဲ ကိုယ်တိုင်အကျဉ်းချခံထားရတဲ့ ရာဇာဝတ်သားပဲဖြစ်ခဲ့တယ်။

ကျွန်တော်တို့ဒီလိုပဲဆက်သွားခဲ့ကြဖူးတယ်။

တစ်ခါတစ်ရံများ မျက်စိလည်၊လမ်းမှားပြီး ခဏတာဖြစ်ဖြစ် ဝင်လာပါစေလို့ မျော်နေခဲ့မိပြန်တယ်။

မေ့ခဲ့တဲ့အရာတွေထပ် မသိချင်တော့တဲ့အရာတွေက ပိုများလာခဲ့တယ်။

တပ်မက်မှုမရှိတဲ့ စိတ်နဲ့ရှင်သန်ခဲ့ရတာဟာ တကယ်ကို အရှုံးသမားဆန်ခဲ့ကြတယ်။

ကျွန်တော်တို့အတွေး တွေမှားခဲ့ကြတယ်။
ကျွန်တော်တို့ချစ်ဖို့ပဲသိခဲ့ကြတယ်။
ကျွန်တော်တို့ပိုင်ဆိုင်ဖို့ပဲသိခဲ့ကြတယ်။
ကျွန်တော်တို့ဟာ သိပ်အတ္တဆန်ခဲ့ကြတယ်။

မလိုချင်တဲ့သူအတွက် ကျွန်တော်တို့ဆက်ချစ်နေခဲ့ကြတယ်။

တကယ်တော့ တဏှာမပါပဲကျွန်တော်တို့ချစ်ခြင်းဟာ
အေးမြစေခဲ့ရင် သူချစ်ချစ်မချစ်ချစ် ကျွန်တော်တို့ ချစ်နေရုံ ကျေနပ်ရမှာပါ။

သူဟာ ကိုယ့်အချစ်မေတ္တာနဲ့ ရှင်သန်နေသလို၊
ကျွန်တော်တို့လည်း သူကို ပေးဖို့ အချစ်မေတ္တာအတွက် ဆက်အသက်ရှင်ကြရအုန်းမှာပါ။

[email protected]

27/11/2020

-COME BACK-

27/11/2020

-BEKY-

27/11/2020

F**K YOU

Address


Website

Alerts

Be the first to know and let us send you an email when Vein Roar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Vein Roar:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share