Muslim Myanmar

  • Home
  • Muslim Myanmar

Muslim Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Muslim Myanmar, Media, .

စိတ်အားငယ်တိုင်းဖတ်သည်---------------------------------နမားဇ်ပြီးတိုင်းဖတ်သည်----------------------------အကြင်သူ ၎င်းဝဇီ...
28/07/2023

စိတ်အားငယ်တိုင်းဖတ်သည်
---------------------------------
နမားဇ်ပြီးတိုင်းဖတ်သည်
----------------------------

အကြင်သူ ၎င်းဝဇီဖဟ်ကို
(၇)ကြိမ်စီ
နံနက်ညနေဖတ်ပါက

အလ္လာဟ် ﷻ အရှင်မြတ်သည်
၎င်း၏ လောကီလောကုတ္တရာနှစ်ဌာန၏
သောကအပူအားလုံးအတွက် တာဝန်ယူတော်မူ၏

အသံထွက်
---------------
ဟတ်စ်ဗိယက်လ်လားဟု
လားအိလားဟ အိလ်လားဟုဝ
အလိုင်းဟိ သဝက်ကတ်လ်သု
ဝဟုဝ ရဗ်ဗွလ်အရ်ယှိလ်
အဇွီးမ်

Crd....

ဗုဒ္ဓဟူးနေ့ဖဂျရ်အချိန်မှတနင်္ဂနွေနေ့အဆွရ်အချိန်ထိသက်ဗီရ်းဖတ်ရန်အီမာန်ရှင်အမျိုးသားအမျိုးသမီးတိုင်းအတွက်ဝါဂျိဗ်တာဝန်ဖြစ်သ...
27/06/2023

ဗုဒ္ဓဟူးနေ့ဖဂျရ်အချိန်မှ
တနင်္ဂနွေနေ့အဆွရ်အချိန်ထိ
သက်ဗီရ်းဖတ်ရန်အီမာန်ရှင်
အမျိုးသားအမျိုးသမီးတိုင်း
အတွက်ဝါဂျိဗ်တာဝန်ဖြစ်သည်

Kate Murphy

ဟဂ်ျတော့အရမ်းလုပ်ချင်တယ်သွားစရာအကြောင်းခံမရှိဘူးဖြစ်နေပါက…အောက်ပါစူရဟ်ဖသာဟ် စူရဟ်နံပါတ် - ၄၈အာယသ်နံပါတ် - ၂၇ ကိုနေ့စဉ် -...
19/06/2023

ဟဂ်ျတော့အရမ်းလုပ်ချင်တယ်
သွားစရာအကြောင်းခံမရှိဘူး
ဖြစ်နေပါက…
အောက်ပါစူရဟ်ဖသာဟ်
စူရဟ်နံပါတ် - ၄၈
အာယသ်နံပါတ် - ၂၇ ကို
နေ့စဉ် - ၂၁ ကြိမ် ဖတ်ပါ
အင်ယှာအလ္လာဟ် ဟဂ်ျပြုလုပ်ခွင့်ရပါမည်။

لَـقَدۡ صَدَقَ اللّٰهُ رَسُوۡلَهُ الرُّءۡيَا بِالۡحَـقِّ​ ۚ لَـتَدۡخُلُنَّ الۡمَسۡجِدَ الۡحَـرَامَ اِنۡ شَآءَ اللّٰهُ اٰمِنِيۡنَۙ مُحَلِّقِيۡنَ رُءُوۡسَكُمۡ وَمُقَصِّرِيۡنَۙ لَا تَخَافُوۡنَ​ؕ فَعَلِمَ مَا لَمۡ تَعۡلَمُوۡا فَجَعَلَ مِنۡ دُوۡنِ ذٰلِكَ فَتۡحًا قَرِيۡبًا‏

(48:27)
လကဒ် ဆွဒကလ်လားဟု လစူလဟုရ်
ရုအ်ယား ဗလ်ဟတ်(က)ကီ လသဒ်
ခုလွန်(န)နလ်မတ်(စ)ဂျိဒလ် ဟရားမ
အင်းန်ရှာအလ်လားဟု အားမိနီးန
မုဟလ်လိကီးန ရအူးစကွန်း(မ)
ဝမုကဆျှဆှိရီးန လားသခါဖှူးန
ဖွအလိမ မားလမ်း(မ) သအ်လမူး
ဖွဂျအလ မင်းန်ဒူးနိ ဇားလိက
ဖွာသ်ဟန်း(န) ကရီးဗာ

CRd
ပြန်လည်မျှဝေပါသည်။

စူရဟ်ဖှာသိဟဟ်၏ ထူးခြားမှုများ  # #စူရဟ်ဖှာသိဟဟ် ကျရောက်တဲ့နေရာကတော့ပညာရှင်အများပိုင်းထံတွင် မက္ကဟ်မြို့မှာကျရောက်ပါတယ် …...
03/05/2023

စူရဟ်ဖှာသိဟဟ်၏ ထူးခြားမှုများ

# #စူရဟ်ဖှာသိဟဟ် ကျရောက်တဲ့နေရာကတော့
ပညာရှင်အများပိုင်းထံတွင် မက္ကဟ်မြို့မှာကျရောက်
ပါတယ် … … …

#အိမာမိမုဂျာဟီဒ် သခင်ကြီးက
စူရဟ်ဖှာသိဟဟ်သည် မဒီနဟ်မြို့တော်၌
ကျရောက်ခဲ့သည်ဟုမိန့်ဆိုသည်…

#နောက်အဆိုတစ်ရပ်တွင်
စူရဟ်ဖှာသိဟဟ်သည် နှစ်ကြိမ်ကျရောက်ခဲ့တယ်
ပထမအကြိမ်မှာ မက္ကဟ်မြို့တော်၌ ကျရောက်ပြီး
ဒုတိယအကြိမ် မဒီနဟ်မြို့တော်၌ ကျရောက်ခဲ့သည်…

#စူရဟ်ဖှာသိဟဟ်တွင် (1) ရုကူအ် ပါရှိပြီး
အယာသ်ပေါင်း (7)အာယသ်ဖြစ်သည်
စကားစု (27) ခုဖြစ်၍ စာလုံးအရေအတွက်
အားဖြင့် (140)လုံး ဖြစ်ပါတယ် …

#စူရဟ်ဖှာသိဟဟ်တွင် ဖှာသိဟဟ် အမည်အပြင်
အခြားသောအမည်များစွာလည်း ရှိပေသည် …

#စူရဟ်ဖှာသိဟဟ်သည် ကျမ်းမြတ်ကုရ်အာန်ရဲ့
အစပြုစူရဟ် တစ်ပုဒ်ဖြစ်သလို ကျမ်းမြတ်ကုရ်အာန်
အစပြုဖတ်ရွတ်သည့်အခါ ယင်းစူရဟ်ဖြင့်အစပြု
ဖတ်ရွတ်ရပေသည်။ စူရဟ်ဖှာသိဟဟ်ကို
ဖှာသိဟသုလ်ကိသားဗ် သဘောမှာ ကျမ်းမြတ်အစပြု
စူရဟ်ဟုလည်းခေါ်ဆိုကြသည် …

#ဤစူရဟ်၏ အစတွင် "အလ်ဟမ်ဒုလိလ္လာဟ်''ဖြင့်
အစပြုထားခြင်း၊ သဘောမှာ အရှင်မြတ်ရဲ့ ဟမ်ဒ်
ချီးမွှမ်းထောပနာပြု ခြင်းတို့ကိုတင်ပြထားပေသည်…

#စူရဟ်ဖှာသိဟဟ်သည် ကျမ်းမြတ်ကုရ်အာန်၏
အခြေခံအုဋ်မြစ် စူရဟ်တစ်ပုဒ်ဖြစ်သလို
"အွမ်မွလ်ကုရ်အာန်'' ကျမ်းမြတ်ကုရ်အာန်၏မိခင်
ဟုလည်းခေါ်သည်။ ဒါ့အပြင် နမားဇ်ဝတ်ပြုသော
အခါ နမာဇ်ရဲ့ ရကအသ်တိုင်းတွင် ဖတ်ရွတ်ရပေသည်…

#ဗုခါရီကျမ်းတွင်´ စူရဟ်ဖွာသေဟဟ်ဟာ
ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ အထွဋ်မြတ်ဆုံးသော
စူရဟ်ဖြစ်ကြောင်းလာရှိပေသည် …

#မုစ်လင်မ်ကျမ်း၏ ဟဒီးစ်တော်တစ်ပုဒ်တွင်
စူရဟ်ဖွာသေဟဟ်ဟာ ဒီလိုနူးရ်တစ်ခုဖြစ်တယ်
၎င်းနူးရ်ကို အရင်မည်သည့် နဗီကိုမျှချီးမြှင့်ခံရခြင်း
မရှိခဲ့ပါ …

#ဤစူရဟ်သည် ရောဂါအပေါင်းကို ပျောက်ကင်းစေနိုင်တဲ့
စူရဟ်တစ်ပုဒ်ဖြစ်သောကြောင့် စူရသုလ်ရှီဖှာ
ဟုလည်းခေါ်ကြပေသည် …

#ဤစူရဟ်သည် တောင်းဆုဒုအာတို့တွင်
ပါဝင်သောကြောင့် ယင်းစူရဟ်ကိုရွတ်ဆိုခြင်းဖြင့်
တောင်းဆုဒုအာများ ကဗူလ်ဖြစ်စေသည်
credit

30/04/2023
လမြတ်ရမဿွန်ကို တန်ဖိုးမထားခြင်းဟာ ပုံသဏ္ဌာန်အမျိုးမျိုးရှိတယ်။ 𒊹︎︎︎ တစ်ချို့က လမြတ်ရမဿွန်ရဲ့ရိုဇဟ် ထားနိုင်ပါလျှက် ထားဖိ...
10/04/2023

လမြတ်ရမဿွန်ကို တန်ဖိုးမထားခြင်းဟာ
ပုံသဏ္ဌာန်အမျိုးမျိုးရှိတယ်။

𒊹︎︎︎ တစ်ချို့က လမြတ်ရမဿွန်ရဲ့ရိုဇဟ်
ထားနိုင်ပါလျှက် ထားဖို့ အလေးမထား ဂရုမစိုက်ကြဘူး။ ဒါဟာ လမြတ်ရမဿွန်ကို တန်ဖိုးမထားခြင်းပဲ။
𒊹︎︎︎ များသောအားဖြင့် တော်တော်များများ
မိတ်ဆွေတွေဟာ စဟ်ရီစားပြီး ‘ငါ ခဏလောက်
အိပ်လိုက်မယ်၊ ပြီးတာနဲ့ ဖဂျရ်နမားဇ်ဖတ်လိုက်မယ်’
ဆိုပြီး အိပ်ချလိုက်တယ်။ ရှိုင်သွာန်အတွက် နမားဇ်
ကဇွာဖြစ်အောင်လုပ်ဖို့ အခွင့်အရေးရသွားတာပဲ။
နမားဇ် ကဇွာဖြစ်သွားရော။
ဒါလည်းပဲ လမြတ်ရမဿွန်ကို တန်ဖိုးမထားခြင်းပဲ။

𒊹︎︎︎ တစ်ခါတစ်လေ ဝါဖြေ‌နေရင်း မဂ်ရိဗ်နမားဇ်ရဲ့
ဂျမာအသ်ပါ လွတ်သွားတယ်။
ဒါလည်း လမြတ်ရမဿွန်ကို တန်ဖိုးမထားခြင်းပဲ။

𒊹︎︎︎ လမြတ်ရမဿွန်မှာ သတင်းဆိုတဲ့ခေါင်း‌စဉ်နဲ့ TVကြည့်ကြတယ်။ သတင်းတွေ စွဲလမ်းပြီး
မကြည့်ပိုင်တဲ့ရုပ်ပုံတွေ ကြည့်ကြတယ်။
သူစိမ်းအမျိုးသမီးတွေကို ကြည့်ကြတယ်။
ဈေးကို သွားတဲ့အခါ မိမိမျက်စိကို မထိန်းကြဘူး။
ဒါလည်းပဲ လမြတ်ရမဿွန်ကို တန်ဖိုးမထားခြင်းပဲ။

𒊹︎︎︎ တစ်ချို့လူတွေကို တွေ့ဖူးတယ်၊ ရိုဇဟ်ထားရင်း
ဗိုက်မဆာအောင်၊ ဆာလောင်မှုဒဏ်ကို အံတုဖို့ဆိုပြီး ဒဏ္ဍာရီ၊ ဝတ္ထုတွေဖတ်ကြတယ်။
အချိန်ကုန်မြန်အောင်ဆိုပြီး ဝတ္ထုဇာတ်လမ်းတွေ
ဖတ်ကြတယ်။ ဒါလည်းပဲ လမြတ်ရမဿွန်ကို
တန်ဖိုးမထားခြင်းပဲ။ အဲ့စာအုပ်တွေ ဖတ်မယ့်အစား ကျမ်းတော်မြတ်ကုရ်အာန်ဖတ်သင့်ပါတယ်။

𒊹︎︎︎ များသောအားဖြင့် အမျိုးသမီးတွေ
အိမ်တွင်းအလုပ်တွေ လုပ်ကိုင်ရင်း
သီချင်းနားထောင်ကြတယ်။ ဒါလည်းပဲ
လမြတ်ရမဿွန်ကို တန်ဖိုးမထားခြင်းပဲ။

တမန်တော်မြတ်(ﷺ) သခင်က အမိန့်ရှိတယ်။
“ငါကိုယ်တော်သခင်ဟာ တီးမှုတ်ကိရိယာတွေကို ချိုးဖျက်ဖို့ စေလွှတ်ခြင်းခံရတဲ့ တမန်တော်ဖြစ်တယ်”။
ဒါကြောင့် သီချင်းနားထောင်ခြင်းကို 100% ရှောင်ကြဉ်ရမယ်။

𒊹︎︎︎ လူငယ်တော်တော်များများ အချိန်ကုန်‌အောင်
အင်တာနက် သုံးကြတယ်။ ညစ်ညမ်းမှုတွေအားလုံး
အင်တာနက်မှာ ရှိတယ်။
ဒါလည်းပဲ လမြတ်ရမဿွန်ကို တန်ဖိုးမထားခြင်းပဲ။

𒊹︎︎︎ တော်တော်များများလူတွေဟာ ဖုန်းနဲ့ သူစိမ်းမိန်းကလေးတွေကို စကားပြောကြတယ်၊
messageပို့ကြတယ်။ တစ်ချို့က ‌ဒီလိုပြောတယ်
“ငါ ရမဿွန်လမို့လို့ messageမပို့တော့ဘူး၊
ရမဿွန်လကုန်မှ ပို့တော့မယ်”
သူ့ရဲ့အလိုသဘောက အလ္လာဟ်ရဲ့အမိန့်ကို
မလေးမစားလုပ်လိုက်တာပဲ။
ဒါလည်း လမြတ်ရမဿွန်ကို တန်ဖိုးမထားခြင်းပဲ။

ဆိုတော့ ဒီဂိုနာဟ်တွေကို ပြည့်ပြည့်ဝဝ
ရှောင်ကြဉ်ရမယ်။ ရမဿွန်လမှာပဲ မဟုတ်ဘူး။
အခြားလတွေမှာလည်း ရှောင်ရမယ်။

𒊹︎︎︎ တစ်ချို့တွေ တစ်ဦးတစ်ယောက်ရဲ့
နောက်ကွယ်အတင်းပြောကြတယ်။

𒊹︎︎︎ တစ်ချို့တွေ ရိုဇဟ်ထားရင်း တွေ့သူတိုင်းကို
‘ဗိုက်ဆာတယ်၊ ကျုပ် ရေလည်း မသောက်ရဘူး၊
ထမင်းလည်း မစားရဘူး၊ အားအင်တွေလည်း မရှိတော့ဘူး” ဆိုပြီး မသိရင် ရင်ထုငိုနေသလိုပဲ ပြောကြတယ်။
ဘိုင် ဆွဗရ်လုပ်ပါ၊ ဒီလက ဆွဗရ်ရဲ့လဖြစ်တယ်။

ဒါလည်း လမြတ်ရမဿွန်ကို တန်ဖိုးမထားခြင်းပဲ။

✪ အကြင်သူသည် လမြတ်ရမဿွန်မှာ အလ္လာဟ်အရှင်မြတ်သခင်နဲ့နီးစပ်ဖို့ဆိုပြီး ကြိုးစားမယ်ဆိုလျှင် အလ္လာဟ်အရှင်မြတ်သခင်က သူ့ရဲ့ဂိုနာဟ်တွေကို ခွင့်လွှတ်ပေးတော်မူပြီး အရှင်နဲ့နီးစပ်မှုကို ချီးမြှင့်တော်မူပါလိမ့်မယ်။

ဟောကြားသူ_ ဟဇရသ်ကြီး မောင်လာနာ
ပီးရ် ဇူလ်ဖွေကားရ် အဟ်မဒ် နကရှ်ဗန်ဒီ ဆွာဟိဗ်
(حفظہ اللہ تعالیٰ)

✍︎ Basweerullah 𝐀𝐒𝐃
Islamic Student

Naseem TKT

08/04/2023

ဗဒရ် စစ်ပွဲ..
(ဟိဂျ်ရီ 2ခုနှစ် ရမ်ဿွာန်လ 17ရက်)

ယနေ့လို့ ရမ်ဿွာန်လ (၁၇) ရက်နေ့မှာ
ဘာသွင်လ်ကို ဦးကျိုးစေခဲ့တဲ့ ဗဒရ်စစ်ပွဲ
ဖြစ်ပွားခဲ့ပါတယ်။

ထူးခြားချက်ကတော့..
တမန်တော်မြတ်ကြီး (ဆွ)ဦးဆောင်တဲ့
ဆွဟာဗဟ် (313) ပါး
မြင်း (2) စီး ကုလားအုပ် (70) ၊
မပြည့်စုံတဲ့ ဆွဟာဗဟ်တွေဟာ

အဘူဂျဟလ်၊ အွသ်ဘဟ်၊ အုမိုင်ယဟ် တို့
ဦးဆောင်တဲ့ စစ်သည် ၁၀၀၀ ဝန်းကျင်
မြင်းစီးစစ်သည် (100) ဝန်းကျင်
ကုလားအုပ်စီး (170) ဝန်းကျင် ရှိတဲ့
အင်အားစုကြီးကို အလဲလဲအပြိုပြိုဖြစ်အောင်
ဖြိုခွင်းခဲ့ပါတယ်။

ဒီစစ်ပွဲမှာ မွတ်စ်လင်မ်တွေဘက်က
ဆွဟာဗဟ် (14) ပါး ရှဟီးဒ်ဖြစ်ခဲ့ပြီး

ကာဖိရ် မုရှ်ရိက်များဘက်မှ
အယောက် (70) ရှင်းလင်းခံရပြီး
အယောက် (70) အဖမ်းခံခဲ့ရပါတယ်။

ဒီစစ်ပွဲမှာ မွတ်စ်လင်မ်တွေကို ကူညီဖို့
ဟဇရသ် ဂျိဗ်ရီးလ်ဦးဆောင်ဦး ကောင်းကင်တမန်များဆင်းသက်လာခဲ့ကြပါတယ်။

Aung Paing Phyo
#ဂျာမိအဟ်ရှောင်ကသွလ်အစ္စလာမ်

အီမာန်ရှင်တိုင်းရဲ့ နှစ်ဘဝအကျိုး​ပေး လိုအပ်ချက်မို့ ကျော်မသွားသင့်ပါ...။════════════ ▬ သဟဂျွဒ်နမားဇ် ဘယ်အချိန်ဝတ်ပြုရသလဲ...
05/04/2023

အီမာန်ရှင်တိုင်းရဲ့ နှစ်ဘဝအကျိုး​ပေး
လိုအပ်ချက်မို့ ကျော်မသွားသင့်ပါ...။
════════════
▬ သဟဂျွဒ်နမားဇ် ဘယ်အချိန်ဝတ်ပြုရသလဲ
➤ အိရှာအ် အပြီးကနေ နံနက် (ဖဂျရ်မတိုင်ခင်) ဆုဗဟ်ဆွာဒိက် အချိန်အတွင်း သဟဂျွဒ်နမားဇ်ရဲ့ အချိန်ဖြစ်ပါတယ်။ ဒီအချိန်တွေအတွင်း သဟဂျွဒ်နမားဇ် ဖတ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ ညဝက်ကျော်မှ ထဖတ်နိုင်ရင်ပေါ့။

⁃ သဟဂျွဒ် မဖတ်ခင် အိပ်ရမယ်လို့ သတ်မှတ်ပြဋ္ဌားန်ထားခြင်း မရှိပါဘူး။ သဘောက တစ်ရေးနှိုးလောက်မှ ဖတ်ရမယ်တို့၊ အိရှာအ်ပြီးမအိပ်ပဲ ည သဟဂျွဒ် ဖတ်ခွင့်မရှိဘူး ဆိုတာမျိုးတွေ မှားပါတယ်။
━═━═━═━═━═━═━═━═━
▬ ညဖက် ဖတ်မိတဲ့ နဖိလ်နမားဇ်တွေ
➤ ညအချိန်တွေမှာ နဖိလ်နီယသ်နဲ့ပဲ နဖိလ်နမားဇ်ဖတ်ရင်တောင် သဟဂျွဒ်နမားဇ် ဖတ်တဲ့ စာရင်းဝင်သွားပါတယ်။
━═━═━═━═━═━═━═━═━
▬ သဟဂျွဒ်နမားဇ် ဘယ်နှရကအသ် ရှိသလဲ
➤ သဟဂျွဒ်နမားဇ်ဟာ အနည်းဆုံး ၂-ရကအသ်၊ အများဆုံး ၁၂-ရကအသ် အထိရှိကြောင်း ဆင့်ပြန်ချက်တွေမှာ လာရှိပါတယ်။

⁃ သို့သော်လဲ ကိုယ်တော်မြတ်(ဆွ)ဟာ များသောအားဖြင့် ၈-ရကအသ် ဝတ်ပြုလေ့ရှိတဲ့အတွက်ကြောင့် ဟနဖီမဇ်ဟဗ်ရဲ့ ဓမ္မသတ်ပညာရှင်တို့က ၈-ရကအသ် ဝတ်ပြုခြင်း အမွန်မြတ်ဆုံးလို့ အမိန့်ရှိကြပါတယ်။

⁃ ၂-ရကအသ်မှ ၈-ရကအသ်အတွင်း မိမိနိုင်သလောက် ဖတ်နိုင်ပါတယ်။ ဥပမာ : ၄-ရကအသ်ပဲ နိုင်ရင် ၄-ရကအသ်။
━═━═━═━═━═━═━═━═━
▬ သဟဂျွဒ်နမားဇ်အတွက် ဘယ်လိုနီယသ်ပြုရမလဲ
➤ သဟဂျွဒ်နမားဇ်မှ မဟုတ်ပါဘူး။ ဘယ်နမားဇ်အတွက်မဆို နှုတ်နဲ့ စာသားကိုရွတ်ဆိုပြီး နီယသ်ပြုဖို့ အရေးမကြီးပါဘူး။ စိတ်တွင်းက ရည်စူးရုံနဲ့ အထမြောက်ပါတယ်။

⁃ စာသားနဲ့ ရွတ်ဆိုချင်ရင်လဲ အောက်ပါအတိုင်း ရွတ်ဆို နီယသ်ပြုနိုင်ပါတယ်။

❖ နီယသ်အသံထွက်
❝နဝိုက်ယ်သု အန်အုဆွလ်လိယ လိလ်လားဟိ သအားလာ ရကအသိုက်ယ် ဆွလာသိသ် သဟဂ်ျဂျုဒိ စွန္နသ ရဆူးလိလ်လားဟိ သအားလာ မုသဝဂ်ျဂျိဟန် အိလာဂျိဟသိလ် ကအ်ဗသိရှ် ရှရီးဖသိ❞

⁃ ပြီးတဲ့နောက် ❛အလ္လာဟုအက်ဗရ်❜ဆို လက်မြှောက်ပြီး လက်ပိုက်လိုက်ပါ။
━═━═━═━═━═━═━═━═━
▬ အရဗီလို နီယသ်မပြုတတ်ရင်
➤ ဒါမှမဟုတ် အရဗီလို မရလဲ ကျွန်တော်မျိုး/မသည် သဟဂျွဒ်နမားဇ် ၂-ရကအသ်ကို ဝတ်ပြုနေပါသည် ပြောပြီး ❛အလ္လာဟုအက်ဗရ်❜၊ နမားဇ်ဝတ်ပြုနိုင်ပါပြီ။
━═━═━═━═━═━═━═━═━
▬ စူရဟ်ဖာသိဟဟ်ပြီးရင် ဘယ်စူရဟ် တွဲဖတ်ရမလဲ
➤ သဟဂျွဒ်နမားဇ်မှာ စူရဟ်ဖာသိဟဟ် ဖတ်ပြီးတဲ့နောက် မိမိ နှစ်သက်ရာစူရဟ်ကို တွဲဖတ်နိုင်ပါတယ်။ သီးသန့် ဒီစူရဟ်ပဲ ဖတ်ရမယ်လို့ မသတ်မှတ်ပါနဲ့။
━═━═━═━═━═━═━═━═━
▬ အများစု လွဲမှားနေတဲ့ စူရဟ်တွဲနည်း

မေး ➤ စူရဟ်ဖာသိဟဟ်ပြီးရင် ရကအသ် နံပါတ်စဉ်အတိုင်း စူရဟ်အိခ်လားဆွ် တွဲဖတ်ရမယ်ဆိုတာ ဟုတ်ပါသလား။ ဥပမာ : ၈-ရကအသ်မှာ စူရဟ်အိခ်လားဆွ် (၈)ကြိမ်၊ ၇-ရကအသ်မှာ (၇)ကြိမ် စသဖြင့် ဖတ်ရမယ်ဆိုတာ ဟုတ်ပါသလား။

ဖြေ ➤ သဟဂျွဒ်နမားဇ်မှာ ရကအသ်အလိုက် စူရဟ်အိခ်လားဆ်ွကို ဖြစ်စေ၊ တခြား ဘယ်စူရဟ်ကိုပဲဖြစ်ပါစေ ၁(ကြိမ်)မှ (၈)ကြိမ်အထိ ဖတ်ရတာမျိုး ကုရ်အာန်ရော ဟဒီးစ်မှာပါ မလာရှိထားပါ။ အထောက်အထားမဲ့ အသစ်တီထွင်ထားခြင်းသာ ဖြစ်တာမို့ ရှောင်ကြည်ကြဖို့ လိုပါတယ်။

⁃ စူရဟ်ဖာသိဟဟ် ဖတ်ပြီးတဲ့နောက် စူရဟ်ဖာသိဟဟ်ကိုပဲ ထပ် ဖတ်မိတယ်ဆိုရင် စဂ်ျဒဟ်စဟ်ဝ် ထိုက်ပါမယ်။
واللہ تعلی اعلم

ကိုးကား ဓမ္မသတ်ဌာနချုပ်များ
- ဒါရွလ်အုလူးမ် (ဒီယိုဗန်ဒ်)
- ဗင်န်​နောဝ်ရီတာဝ်န်

ရေးသားတင်ပြသူ အမည်
ထောက်ပါ 👉 Writer - Sad Quia
P=20-11-2021 (Sat) 16:40 pm.
Hjr=1443-4-15

04/04/2023

တူရကီမှာ သရာဝီပြီးသွားရင် ခလေးတွေကို
နာရီ၀က်လောက်ပလီထဲမှာ ဘောလုံးကန်ခိုင်းပါတယ်တဲ့
ဘာလို့လဲဆိုတော့ ပလီကိုချစ်သွားရလေအောင်တဲ့

တိုတိုပဲပြောရမယ်ဆိုရင် ဒါကသောက်ပေါစကားပါ။
နည်းနည်းပါးပါးပေါတာမဟုတ်ဘူး။ အင်တာနင်ရှင်နယ်သောက်ပေါပါ။

ဘိုခါရီနဲ့မုစ်လင်မ်ကျမ်းတို့ရဲ့ဟဒီးစ်ဖြစ်ပါတယ်။
အတိုခြုံပြီးပြောရရင်ပလီထဲမှာဆီးသွားလိုက်တဲ့
ဆွဟာဗဟ်ကို ဆီးသွားပြီးတဲ့နောက် တမန်တော်ရှင်းပြပေးခဲ့တဲ့စကားက ပလီဆိုတာ သေးပေါက်တဲ့နေရာမဟုတ်ဘူး။ နမာဇ်ဖတ်တဲ့နေရာ ကုရ်အာန်သေလာ၀သ်လုပ်တဲ့နေရာ အလ္လဟ်သျှင်ကိုသတသတိရတဲ့နေရာပါ။
ဒီလိုညစ်ပတ်‌အောင်မလုပ်သင့်ပါဘူး။

ပလီတွေကိုလေးစားတတ်အောင်ခလေးတွေကို
သင်ပေးရမှာပါ။ ပလီကို၀င်ရင် ညာနဲ့၀င်ရမယ်။
ထွက်ရင် ဘယ်နဲ့ထွက်ရမယ်လို့ သင်ပေးနေပါလျှက်နဲ့
ဘယ်လိုစိတ်ကူးမျိုးနဲ့ ဘောကန်ခိုင်းလိုက်တာလဲ ????

အာ့နိူင်ငံကလူတွေကိုပြသနာရှာနေတာမဟုတ်ပါဘူး။
သူတို့တွေ ဘယ်လိုသဘောမျိုးနဲ့ခွင့်ပေးထားလဲမသိဘူး။
ဒီနိူင်ငံက နေရင်းထိုင်ရင်းနဲ့ ဇွတ်တ်တွေအားကျ‌နေကြတဲ့ မောင်ပင်ကြိမ်းတွေကိုပြောနေတာပါ။

ဝေယံဖြိုး (အဖျောက်)

04/04/2023

ရမ်ဇာန်လိုလမြတ်နဲ့ကြုံဆုံခွင့်ရပြီး မဂ်ဖေရသ် မရရှိတဲ့လူတွေ ပျက်စီးပါစေဆိုတာ တကယ်ပဲ ပျက်စီးမဲ့လူတွေမို့လို့ တမန်တော်က ဟဇ်ရသ်ဂျဗ်ရာအီလ်ရဲ့ ဗသ်ဒိုအာကို အာမီးန် လိုက်ဆိုခဲ့တာပါ။

လူတိုင်းမှာအလ္လာဟ်သျှင်နဲ့ အဆက်သွယ်ပျက်သွားစေဖို့ကြီးမားတဲ့ ရန်သူကြီးနှစ်မျိုးရှိပါတယ်။ အာ့နှစ်မျိုးက အတွင်းရန်သူနဲ့ အပြင်ရန်သူပါ။ အပြင်ရန်သူကတော့ ရှိက်သွာန်ပါ။ အပြင်ရန်သူက နဖ်စ် (လူ့ရဲ့စိတ်ရိုင်းပါ) အာ့ နှစ်မျိုးလုံးကို လမြတ်ရမ်ဇာန်မှာအလ္လာဟ်သျှင်ကအလ္လာဟ်နဲ့အဆက်သွယ်ပျက်အောင် မလုပ်နိူင်ဖို့ ကြိုတင်စီးမံပေးထားပါတယ်။

ဆိုးသွမ်းတဲ့ရှိက်သွာန်တွေကို ရမ်ဇာန်ရဲ့အစမှာထဲက ချုပ်ထားလိုက်ပါတယ်။ ရိုဇာထားပြီး အစာရေစာမစားပဲ နဖ်စ် (စိတ်ရိုင်း) ကို ချိနဲ့စေထားလိုက်ပါတယ်။ စိတ်ရိုင်းရဲ့ အားနည်းသွားခြင်း‌ကြောင့် မကောင်းမှု့တွေကျုးလွန်ချင်မူ့ကို မတိုက်တွန်း‌နိူင်တော့ပါဘူး။

အာ့ကြားထဲကနေ လမြတ်ရမ်ဇာန်လိုလမျိုးမှာ အလ္လာဟ်သျှင်နဲ့အဆက်သွယ်ပျက်ပြီး အလ္လာဟ်သျှင်စီကနေ မဂ်ဖေရသ်ဆိုတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို အရမယူနိူင်တဲ့သူကအင်မတန် နဖူးစာဆိုးတဲ့လူပဲဖြစ်ပါတယ်။

အလ္လာဟ်သျှင်ကျနော်တို့အားလုံးကိုထိန်းသိမ်းတော်မူပါ။
(အာမီးန်)

بندہ حقیر نورمحمد (صالحی)

04/04/2023
🔷 ဧပရယ်ဖူးလ် သမိုင်းအမှန် 🔷ဧပြီလ ၁ ရက်နေ့တွင် သမိုင်းကြောင်းအစစ်အမှန်မသိရှိကြပဲ ❌ ဧပရယ်ဖူးလ် ❌ လုပ်နေကြသူများဖတ်ကြည့်ပါ ...
01/04/2023

🔷 ဧပရယ်ဖူးလ် သမိုင်းအမှန် 🔷

ဧပြီလ ၁ ရက်နေ့တွင် သမိုင်းကြောင်းအစစ်အမှန်
မသိရှိကြပဲ ❌ ဧပရယ်ဖူးလ် ❌ လုပ်နေကြသူများ

ဖတ်ကြည့်ပါ အခြားသူများကိုလည်း
ပြန်လည်မျှဝေ ပြောပြပေးပါ။

မုသကလ်လိမေ အစ်စလာမျ
မောင်လာနာ မိုဟမ္မဒ် အီလ်ယားစ် ဂွမ္မန်

Naseem TKT

ကိုယ့်ကိုယ်ကိုယ် အီမာန်ရှင်လို့ ခံယူထားတဲ့ မွတ်စ်လင်မ်တစ်ယောက်နဲ့ Zodiac Signs နဲ့က ပြဒါးတစ်လမ်း သံတစ်လမ်းပါပဲ။ ဘယ်လိုမှ...
31/03/2023

ကိုယ့်ကိုယ်ကိုယ် အီမာန်ရှင်လို့ ခံယူထားတဲ့
မွတ်စ်လင်မ်တစ်ယောက်နဲ့ Zodiac Signs နဲ့က ပြဒါး
တစ်လမ်း သံတစ်လမ်းပါပဲ။ ဘယ်လိုမှ မပတ်သက်ဘူး။

လောကမှာ အကောင်းအဆိုးဟူသမျှဟာ
အလ္လာဟ်အရှင်မြတ်အမိန့်နဲ့ပဲ ဖြစ်ပျက်နေတယ်ဆိုတာ အစ္စလာမ့်အခြေခံအကျဆုံးယုံကြည်ချက်ထဲမှာပါတယ်။

ဘယ်ကြယ်၊ ဘယ်ဂြိုလ်၊ ဘယ်နက္ခတ်ကြောင့်မှ
ဘာအကျိုးသက်ရောက်မှုမှ မဖြစ်ဘူးဆိုတာကို
အီမာန်ရှင်တစ်ယောက်အနေနဲ့ နှလုံးသွင်းယုံကြည်ထားဖို့အရေးကြီးတယ်။

တားရော့၊ နက္ခတ်၊ လက္ခဏာ၊ ဂဏာန်း ဗေဒင်၊
ယတြာ၊ နေ့နံ၊ ဇာတာ၊ ရာသီခွင် Zodiac အစရှိတဲ့ ပညာရပ်တွေကို ယုံကြည်ကိုးစားခြင်း၊ လေ့လာလိုက်စားခြင်းဟာ ရှရီအသ်တရားတော်အရ ဟရာမ်ဖြစ်ပြီး
ကြီးလေးတဲ့အပြစ်ထိုက်တဲ့အပြင် အီမာန်ကိုပါ ထိခိုက်စေတဲ့ ရှိရ်က်ကိစ္စတွေဖြစ်တယ်။

ဂြိုဟ်တွေ နက္ခတ်တာရာတွေရဲ့ ရွေ့လျားမှုပုံစံတွေဟာ
လူတွေအပေါ် လွှမ်းမိုးသက်ရောက်မှုရှိတယ်လို့
ယုံကြည်ခြင်းဟာ ရှိရ်က်ဖြစ်ပြီး အခန့်မသင့်ရင်
အီမာန်ပါ အန္တရာယ်စက်ကွင်းထဲရောက်သွားနိုင်တယ်။
အီမာန်အရေးဖြစ်တဲ့အတွက် ခပ်ပေါ့ပေါ့မတွေးဘဲ တော်တော်လေးဆင်ခြင်ရမယ့်ကိစ္စပါ။

တမန်တော်မြတ် ﷺ မိန့်တော်မူတယ် : “ဗေဒင်ဆရာ၊ ရှေ့ဖြစ်ဟောဆရာဆီကိုသွားပြီး မေးမြန်းသူ၊ ထောက်ခံယုံကြည်သူဟာ ငါကိုယ်တော် မုဟမ္မဒ် ﷺ အပေါ်ကျရောက်တဲ့ သာသနာကို ကုဖ်ရ် ငြင်းဆန်သူဖြစ်တယ်။” ⦗သိရ်မိဇီ၊ ၁၃၅⦘

လူတစ်ယောက်ဟာ စိတ်ထဲကထောက်ခံယုံကြည်မှုမရှိဘဲ ဒီတိုင်းအပျော်သဘောနဲ့ ဗေဒင်မေးရုံ၊ တွက်ကြည့်ရုံနဲ့တင် ရက် ၄၀ အထိ သူရဲ့ နမားဇ်၊ ဒုအာ၊ အိဗာဒါးသ်တွေ ဘာတစ်ခုမှ လက်ခံခြင်းမခံရဘူးလို့ တမန်တော်မြတ် ﷺ မိန့်တော်မူထားပါတယ်။ ⦗မွတ်စ်လင်မ်၊ ၂၂၃၀⦘

ဘယ်လောက်ထိ ပြင်းထန်တဲ့သတိပေးချက်တွေလဲဆိုတာ သတိပြုပါ။ အထူးသဖြင့် မွတ်စ်လင်မ်မိန်းကလေးတွေ ပိုသတိထားသင့်တာက ကိုယ်က အရမ်းအထင်ကြီးပြီး သိပ်ကိုစမတ်ကျပြီလို့ထင်နေတဲ့ အဲဒီ Zodiac Signs တွေဆိုတာ တကယ်တော့ သိပ္ပံရှုထောင့်အရလည်း ဘာယုတ္တိမှမရှိတဲ့ တောသားဖက်ရှင်တွေပါ။ ခေတ်ဆန်မယ်အထင်နဲ့ Capricorn Leo ဘာညာလျှောက်လုပ်ပြီး
ပေါတောတောဖက်ရှင်တွေနောက်လိုက်ရင်း တန်ဖိုးဖြတ်မရတဲ့ ကိုယ့်အီမာန်ကိုပါ လက်လွှတ်ဆုံးရှူံးခံလိုက်တာဟာ လုံးဝမတန်ပါဘူး။

ရှိရ်က်ရဲ့ပြစ်မှုကို အလ္လာဟ်အရှင်လုံးဝခွင့်လွှတ်မှာ မဟုတ်ကြောင်း ကျမ်းမြတ်ကုရ်အာန် ⦗၄:၄၈⦘ မှာ
လာရှိတယ်။ မွတ်စ်လင်မ်လို့ခံယူထားပြီးရင် ရှိရ်က်ရဲ့အနံ့အသက်တွေကိုတောင် ရှောင်ရှားဖို့အရေးကြီးတယ်။ သောင်ဟီးဒ်တရားကို ထိခိုက်စေမယ့် အုတ်ရောရော ကျောက်ရောရော အပြောအဆို အနေအထိုင် အပြုအမှုတွေအားလုံးကို အထူးဆင်ခြင်ဖို့တာဝန်ရှိပါတယ်။

Yacoob Akoojee

CRD

ကုရ်အာန်ကို ထစ်ငေါ့ပြီး ဖတ်နေရလို့ “သူများတွေက အများကြီး ဖတ်ပြီးသွားပြီ။ ငါတော့ နောက်ကျနေပြီ။” ဆိုပြီး စိတ်ဓာတ်ကျစရာမလို...
30/03/2023

ကုရ်အာန်ကို ထစ်ငေါ့ပြီး ဖတ်နေရလို့
“သူများတွေက အများကြီး ဖတ်ပြီးသွားပြီ။ ငါတော့ နောက်ကျနေပြီ။” ဆိုပြီး စိတ်ဓာတ်ကျစရာမလိုဘူး။

ဒီလို ဖတ်ရခက်တာကိုမှ ကြိုးစားပြီး
ဖတ်တဲ့လူ အတွက် စဝါးဗ် ကုသိုလ် နှစ်ခုရမယ်လို့
တမန်တော်မြတ် ﷺ က မိန့်တော်မူထားတယ်။

တစ်ခုကတော့ ကုရ်အာန်ဖတ်တဲ့ စဝါးဗ်၊
နောက်တစ်ခုက ဒုက္ခခံပြီးဖတ်တဲ့ အတွက်
သီးသန့်စဝါးဗ်တစ်ခု ထပ်ရဦးမယ်။

တမန်တော်မြတ် ﷺ မိန့်တော်မူတယ် :
“ကုရ်အာန်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ဖတ်သောသူသည်
မြင့်မြတ်စင်ကျယ်သော ကောင်းကင်တမန်များနှင့်အတူ ရှိပေလိမ့်မည်။ ထို့ပြင် ကုရ်အာန်ကို ထစ်ငေါ့၍
ခက်ခက်ခဲခဲ ကြိုးစားဖတ်ရသူ အဖို့ အကျိုးစဝါးဗ်
နှစ်ခု ရရှိပေလိမ့်မည် ဖြစ်သည်။ [ ဗုခါရီ ၊ မွတ်စ်လင်မ် ]

ရမဒွါန်ဆိုတာ ကုရ်အာန်ရဲ့လ ဖြစ်တယ်။
ကုရ်အာန်က ရမဒွါန်မှာ ကျရောက်ခဲ့တဲ့အတွက်
ရမဒွါန်နဲ့ ကုရ်အာန်ဟာ ဒွန်တွဲနေတယ်။

ရမဒွါန်မှာ ကုရ်အာန်ကို များနိုင်သလောက်
များများ သိလာဝသ်လုပ်သင့်ပါတယ်။
အနည်းဆုံးတော့ ကုရ်အာန်ကို အစကနေ
အဆုံးထိ တစ်ကြိမ်ခသမ်လုပ်နိုင်ဖို့ ကြိုးစားရမယ်။

ဘဝမှာ ကုရ်အာန်ကို ခသမ်သိမ်းလိုက်တာထက်
ကုရ်အာန်ထဲမှာ ဘဝတစ်ခုလုံးကို ခသမ်လုပ်လိုက်တာ (ကုရ်အာန်အမိန့်အတိုင်း ဘဝကုန်ဆုံးစေလိုက်တာ) က
ပိုပြီး အရေးကြီးတယ်။

အဲဒီအတွက် ကုရ်အာန်သိလာဝသ်နှင့်အတူ
ကုရ်အာန်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကိုလည်း
(ယုံကြည်ရတဲ့ အာလင်မ်တစ်ဦးဦးရဲ့ လမ်းညွန်မှုရယူပြီး) အချိန်ထုတ် လေ့လာသင်ယူဖို့ မွတ်စ်လင်မ်တစ်ယောက်အပေါ်မှာ တာဝန်ရှိပါတယ်။

Yacoob Akoojee

Naseem TKT

အမျိုးသမီးများအား ကျေးဇူးတင်ရှိပါတယ်။✨♥ပြင်းထန်လှတဲ့အပူရှိန်ကို သည်းခံလျက် စဟ်ရီ၊ အိဖ်သာရီ အတွက်စီစဉ်ပေးကြသော အမေ၊ အမ၊ ည...
28/03/2023

အမျိုးသမီးများအား ကျေးဇူးတင်ရှိပါတယ်။✨♥

ပြင်းထန်လှတဲ့အပူရှိန်ကို သည်းခံလျက်
စဟ်ရီ၊ အိဖ်သာရီ အတွက်စီစဉ်ပေးကြသော
အမေ၊ အမ၊ ညီမ၊ သမီး၊ ချွေးမ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ်။

ဝါ‌‌‌ဖြေပြီးရင်မလှုပ်ချင်လောက်အောင်
ဖြစ်သွားတတ်ပါတယ် သန်မာတဲ့ ယောကျာ်းတွေတောင် အဲ့တိုင်းဖြစ်ရင် အမျိုးသမီးတွေဆိုပိုဆိုးပါတယ်

ဒါပေမဲ့ကျွန်တော်တို့အမျိုးသားတွေကတော့
ဝါဖြေပြီတာနဲ့ဂျာနမားဇ်ပေါ် အခန့်သားရောက်သွားသလို ပြီးရင်လည်း ကွမ်းလေးငုံလိုက် ဆေးလိပ်လေးဖွာလိုက်နဲ့ ခုံတစ်လုံးပေါ်၄င်း ကုတင်တစ်ခုပေါ်၄င်း ရောက်သွားပြီးအနားယူတတ်ကြပါတယ်

ဒီအချိန်မှာ အမျိုးသမီးတွေကတော့
နမားဇ်ဖတ်ရင်တောင် အချိန်မီလုဖတ်ပြီး
တစ်အိမ်လုံးစားထားသမျှ ပန်းကန်ခွက်ဟောက်တွေကို ဆေးကြရင်းနဲ့မီးဖိုချောင်မှာပဲ ဆက်လက်အလုပ်‌
လုပ်နေရတုန်းပါ

ဝါမဖြေခင်မှာလည်း ပူလောင်အိုက်စပ်နေတဲ့ကြားက
မုန့်တွေလုပ်ရ ဝါဖြေပြီးရင်လည်း စားထားသမျှတွေကို ဆေးရကြောရနဲ့ အနားမရရှာပါဘူး

ညစဲဟ်ရီဆိုရင်လည်း ဟင်းနွေးရတာတစ်မျိုး
ပြင်စင်ရတာတစ်မျိုးနဲ့ သူတို့က ကျွန်တော်တို့ထက်စောစောထရပြီး စဲဟ်ရီစားဖို့ကို ပြင်ဆင်ရပါတယ် ကျွန်တော်တို့ကတော့ သူတို့လာနိုးတဲ့အချိန်စောင့်
စဲဟ်ရီလေးထစားပြီး ပြန်အိပ်သွားပေမယ့် သူတို့ကတော့ မပြီးသေးတဲ့အိမ်မှုကိစ္စတွေကို ဝါဂျိဗ်တာ၀န်တစ်ခုလို
ဆက်လျက်ထမ်းဆောင်နေရတုန်းပါပဲ

အဲ့တော့ပြောချင်တာက
ကျွန်တော်တို့အမျိုးသားတွေကလည်း
ဝါဖြေပြီးရင်ပဲဖြစ်ဖြစ် စဲဟ်ရီစားပြီးရင်ပဲဖြစ်ဖြစ်
ကျန်တဲ့ကိစ္စကိုယ်နဲ့မဆိုင်သလို ထထွက်မသွားဘဲ
လက်ဆေးရင်းနဲ့ကိုယ်စားပြီးသားပန်းကန်ကိုယ်ဆေးမယ်
ကိုယ်သောက်တဲ့ခွက်ကိုယ်ဆေးမယ်ဆို
သူတို့လည်း အလုပ်မပိုတော့သလို ကျွန်တော်တို့လည်း
ရိုဇာဟ်ရဲ့စဝါးဗ်ကော ပန်းကန်ခွက်ဆေးလို့
ပန်းကန်ခွက်ကဆုတောင်းပေးတဲ့စဝါးဗ်ကော
အိမ်က အမေအမတွေကို ကူညီတဲ့စဝါးဗ်ကော
သုံးခုကြီးတောင်ရမှာပါ . .

အဲ့တော့ ကျွန်တော်တို့အားလုံးသာ သူတို့ကို
ကူညီပေးမယ်ဆို သူတို့အတွက်
အလုပ်တစ်ခုလျော့သွားမယ်
အများကြီးထွက်လာတဲ့ပန်းကန်ခွက်ဟောက်တွေကို
တစ်ယောက်ထဲ ဆေးကြောစရာမလိုတော့ဘူး
ကျွန်တော်တို့အတွက်လည်း အဲ့လိုကူညီပေးတဲ့
ဘာမဟုတ်တာလေးကို အကြောင်းခံပြီး
ကုသိုလ်အကြီးကြီးလည်းရသွားနိုင်ပါတယ်

အဲ့ဒါကြောင့် ကိုယ်စားပြီးသားပန်းကန်ကို
ကိုယ်ဆေးပေးချင်းဖြင့် ကျွန်တော်တို့ရဲ့
အမေအမတွေကို ကူညီပေးကြရအောင်။

ခင်ဗျားတို့အားလုံး ရိုဇဟ်သည်များ၏
အကျိုးဆဝါးဗ်တွင် ပါဝင်ရရှိမှာဖြစ်ပါတယ်။

အလ္လာဟ်အရှင်မြတ်
အီမာန်ရှင်အမျိူးသမီးများအားလုံးကို
အရှင်မြတ်၏ ဂုဏ်အရှိန်အဝါနှင့်အညီ ကောင်းခြင်းအစား ချီးမြှင့်တော်မူပါစေ။ အာမီးန်။

CRD

Naseem TKT

Thu Ya Zaw

စူရဟ်ကုရိုက်ရှ်၏ အကျိုးထူး-----------------------------------ဒီရက်ပိုင်းမှာ နေ့စဉ် နမားဇ် ၅ ကြိမ်ပြီးတိုင်း စူရဟ် ကုရိုက...
28/03/2023

စူရဟ်ကုရိုက်ရှ်၏ အကျိုးထူး
-----------------------------------

ဒီရက်ပိုင်းမှာ နေ့စဉ် နမားဇ် ၅ ကြိမ်ပြီးတိုင်း စူရဟ် ကုရိုက်ရှ် (၇) ကြိမ်စီဖတ်ပါ။

စူရဟ်ကုရိုက်ရ်ှရဲ့ နောက်ဆုံး အာယသ်မှာ အလ္လာဟ်အရှင်မြတ်က ကုရိုက်ရ်ှမျိုးနွယ်ဝင်တွေကို ငတ်မွတ်မှုနဲ့ စိုးရိမ်ပူပန်မှုတွေကနေ လွတ်မြောက်စေခဲ့ပြီး အစာအဟာရနဲ့ အေးချမ်းမှုကို ချီးမြှင့်တော်မူခဲ့ကြောင်း အမိန့်ရှိထားပါတယ်။

ဒီအမလ်ကို လုပ်ခြင်းအားဖြင့် ရိုဇီရိက္ခာ ကြပ်တည်းမှုနဲ့ စိုးရိမ်ကြောင့်ကြမှုတွေကနေ (အင်န်ရှာအလ္လာဟ်) လွတ်မြောက်ပါလိမ့်မယ်။

ယခုလို တည်ငြိမ်အေးချမ်းမှုပျောက်ဆုံးပြီး လူတိုင်းဆီမှာ စိုးရိမ်မှုတွေကတစ်ဖက် အလုပ်တွေရပ်တန့်နေကြတဲ့အတွက် ကြပ်တည်းမှုတွေကတစ်ဖက်ဖြစ်နေတဲ့ကာလမှာ အထူး အမလ်လုပ်သင့်ပါတယ်။

(ဟဇရသ် မော်လနာ ပီးရ်ဇွလ်ဖကားရ် အဟ်မဒ် နက်ရ်ှဗန်ဒီက ထိုင်းနိုင်ငံ ခရီးစဉ်မှာ မြန်မာပြည်မှ မိတ်ဆွေတချို့ကို ဒီအမလ်ပြုလုပ်ကြဖို့ ပြောကြားခဲ့ပါတယ်)

တင်ပြသူ- မွဖ်သီ နူရွလ္လာဟ်

မူရင်းရေးသားတင်ပြသူအားခရက်ဒစ်ပေးပါသည်။

ပြန်လည်ဝေဌပါသည်

crd...

အမျိုးသမီးများ သိထားရမည့် ရိုဇာနှင့်စပ်လျဉ်းသည့် မတ်စ်အလဟ်များ================================(1)ရိုဇာဆောက်တည်ထားလျက် ဓမ...
23/03/2023

အမျိုးသမီးများ သိထားရမည့်
ရိုဇာနှင့်စပ်လျဉ်းသည့် မတ်စ်အလဟ်များ
================================

(1)ရိုဇာဆောက်တည်ထားလျက် ဓမ္မတာရာသီသွေး ဆင်းခဲ့ပါက ရိုဇာပျက်သွားပေမည်။ ထိုအမျိုးသမီးများအနေဖြင့် စားသောက်နိုင်သည်။ သို့သော် အခြားလူများရှေ့တွင်မစားပြရ။

(2)ဓမ္မတာရာသီသွေး ဆင်းနေသော အမျိုးသမီးသည် ရမဇာန်၏နေ့ရက်၌ သွေးဆင်းခြင်းရပ်တန့်သွားခဲ့ပါက ထိုနေ့၏ ကျန်ရှိသော အချိန်များတွင် ရိုဇာဆောက်တည်ထားသူများကဲ့သို့နေထိုင်ရန် အရေးကြီး၏။

(3)နေဝင်ခါနီး မိနစ်ပိုင်းအလို၌ ဓမ္မတာရာသီသွေးဆင်းခဲ့ပါကလည်း ရိုဇာပျက်သွားပေလိမ့်မည်။ ကြိုးစားအားထုတ်ခြင်း၏ အကျိုးစဝါးဗ်ကို ရရှိမည်ဖြစ်သည်။ အလဟဿ အချည်းနှီးမဖြစ်ပေ။

(4)ဓမ္မတာရာသီသွေးဆင်းမည့်ရက်ကို သိနေသော်လည်း စဟ်ရီချိန်တွင် ရာသီသွေးမဆင်းသေးပါက ထိုနေ့၏ရိုဇာအားဆောက်တည်ရမည်။ လွှတ်ခွင့်မရှိပေ။ သို့သော် ရိုဇာဆောက်တည်ထားလျက် ထိုနေ့၌ ဓမ္မတာဆင်းခဲ့လျင် ရိုဇာပျက်သွားပေမည်။

(5)ဓမ္မတာရာသီသွေးမဟုတ်ဘဲ ကြားရက်၌ဆင်းသော ရောဂါသွေးဖြစ်ပါက ရိုဇာမပျက်ပေ။

(6)ရောဂါသွေးဆင်းနေသော အမျိုးသမီးများသည်ရိုဇာလွှတ်ခွင့်မရှိပေ။ ရိုဇာ ဆောက်တည်ရန်အရေးကြီးသည်။

(7)ကိုယ်ဝန်ဆောင်အမျိုးသမီးသည် ရိုဇာဆောက်တည်ထားလျက် သွေးဆင်းခဲ့သော် ရိုဇာမပျက်ပေ။
ကိုယ်ဝန်ဆောင်အမျိုးသမီးမှ ဆင်းလာသော သွေးသည် ဓမ္မတာရာသီသွေးမဟုတ်ပေ။

(8)ကိုယ်ဝန်ဆောင်မိခင်သည် မိမိကလေးအတွက်စိုးရိမ်ရလျှင် ရိုဇာမထားဘဲနေခွင့်ရှိသည်။ နောက်ပိုင်းတွင်ပြန်လည်ဖြည့်စွက်ရမည်။

(9)နို့တိုက်မိခင်သည်လည်း ကျန်းမာရေးအတွက် လိုအပ်ချက်ရှိလျှင်ရိုဇာမထားဘဲ နေခွင့်ရှိသည်။ နောက်ပိုင်းတွင်ပြန်လည်ဖြည့်စွက်ရမည်။

(10)မီးယပ်သွေးဆင်းနေသော အမျိုးသမီးသည် ရိုဇာထားခွင့်မရှိပေ။ ပျက်ကွက်ခဲ့သော ရိုဇာအားနောက်ပိုင်းတွင်ပြန်လည်ဖြည့်စွက်ရန်အရေးကြီးသည်။

(11)ရမဇာန်လမြတ်၌ ဓမ္မတာရာသီသွေး ရပ်တန့်ဆေးသုံး၍ ရိုဇာထားခဲ့သော် ထားခွင့်ရှိသည်။ သို့သော် ထိုကဲ့သို့မလုပ်သင့်ပေ။

(12)အမျိုးသမီး၏ မိန်းမကိုယ်တွင်းသို့ ဆေးထည့်ပါက ရိုဇာပျက်၏။

(13)အမျိုးသမီးသည် ရိုဇာစောင့်ထိန်းလျက်အဖြူရည်ဆင်းပါက ရိုဇာမပျက်ပေ။

(14)နို့တိုက်မိခင်သည်ကလေးငယ်အား နို့တိုက်ခြင်းကြောင့် ရိုဇာမပျက်ပေ။

(15)အမျိုးသမီးများအနေဖြင့် အရေးကြီးလိုအပ်ချက်ကြောင့် ဟင်းမြည်းခွင့်ရှိသည်။ ရိုဇာမပျက်ပေ။ သို့သော် မျိုချပါက ရိုဇာပျက်သွားပေးမည်။

(16)ကလေးငယ်၏မိခင်သည် လိုအပ်ချက်ကြောင့် ကလေးငယ်အား ထမင်းဝါးကျွေးပါကရိုဇာမပျက်ပေ။

(17)မလိုအပ်ဘဲ ဟင်းမြည်းပါက မက္ကရူဟ်ဖြစ်သည်။ ရှောင်ကြဉ်ရမည်။

1/4/2022
မုဖ်သီဗရှီရွလ္လာဟ်(မဟ်မူဒီ-ကာစီမီ)

19/03/2023
တစ်ခြားသော"လ"တွေမှာ ကျွန်တော်တို့ရဲ့ အလုပ်ကိစ္စအကြောင်းခံပေါင်းစုံကြောင့်ကုရ်အာန်ဖတ်ဖို့ အချိန်သိပ်မရကြပါဘူး။ ဒါကြောင့် ...
19/03/2023

တစ်ခြားသော"လ"တွေမှာ ကျွန်တော်တို့ရဲ့
အလုပ်ကိစ္စအကြောင်းခံပေါင်းစုံကြောင့်
ကုရ်အာန်ဖတ်ဖို့ အချိန်သိပ်မရကြပါဘူး။

ဒါကြောင့် ယခု့ "ရမ်ဇာန်လမြတ်"
အားအပ်ချိန်လေးမှာ တင်ပြထားတဲ့
သတ်မှတ်ချက်များအတိုင်း နမားဇ်ပြီးတိုင်းမှာ
ဖတ်ရွတ်ကြပြီး စဝါးဗ်များရယူကြပါလို့တိုက်တွန်း နှိုးဆော်ပါသည်။🔹

တမန်တော်မြတ်(ဆွ)ကအမိန့်ရှိတော်မူသည် ❣

အကြင်သူတစ်ဦးတစ်ယောက်သည်
ကောင်းရာဘက်သို့ ညွှန်ကြားမှု့ပြုခဲ့သော်
ထိုသူသည် ထိုကောင်းမှု့ကိုပြုလုပ်သောသူကဲ့သို့ ထပ်တူထပ်မျှ အကျိူးစဝါးဗ်ကို ရရှိမည်ဖြစ်သည်။🔸

ကိုယ်တိုင်လည်း ကုရ်အာန်ဖတ်ရွတ်ကြပြီး
တစ်ခြားလူများကိုလည်း ကုရ်အာန်ဖတ်ဖို့
တိုက်တွန်းနှိုးဆော်ရင်း စဝါးဗ်ရယူလိုက်ပါ။🔹

Naseem TKT

Thu Ya Zaw

06/03/2023

အစ္စလာမ်မှာ ဝဠ်လည်တယ်ဆိုတာ

ရှိပါသလား🎧🎧

05/03/2023

နားထောင်ပါ မိတ်ဆွေတို့

အသိတရား တိုးလာမယ်

လုပ်သင့် မလုပ်သင့်တဲ့အရာတွေကို

သေချာစွာ ရှင်းပြထားတဲ့ဗယာန်တခုဖြစ်တယ်

ဟောကြားသူ

မွဖ်သီ နူရွလ္လာဟ်

ဟီဂျ်ရီ ၁၄၄၄ ခုနှစ် ခရစ်သက္ကရာဇ် ၂၀၂၃ ခုနှစ်ရန်ကုန်တိုင်းအတွက် ဇကားသ်နိဆွားဗ် ♻✨Photo Design Crd Chit Thet NyiNaseem TKT...
03/03/2023

ဟီဂျ်ရီ ၁၄၄၄ ခုနှစ် ခရစ်သက္ကရာဇ် ၂၀၂၃ ခုနှစ်
ရန်ကုန်တိုင်းအတွက် ဇကားသ်နိဆွားဗ် ♻✨

Photo Design Crd Chit Thet Nyi

Naseem TKT

Thu Ya Zaw

02/03/2023

ကဆွီဒါဟ်သီဆိုခြင်း

သီဆိုသူ 🎙🎙
ဟာဖိဇ် မုဟမ္မဒ် နူရွလ္လာဟ် (ကြို့ပင်ကောက်)

Naseem TKT

Thu Ya Zaw

ကျောင်းသားဟောင်းများ တွေ့ဆုံပွဲ ♥ဂျာမေအဟ် ဇွီယာအုလ်ကုရ်အာန် ကျောင်းတော်ကြီး၌ ကျောင်းတက်ခဲ့သော ကျောင်းသားများ နှင့် ပြီးမ...
22/02/2023

ကျောင်းသားဟောင်းများ တွေ့ဆုံပွဲ ♥

ဂျာမေအဟ် ဇွီယာအုလ်ကုရ်အာန် ကျောင်းတော်ကြီး၌ ကျောင်းတက်ခဲ့သော ကျောင်းသားများ နှင့် ပြီးမြောက်အောင်မြင်သွားခဲ့ကြသော
ကျောင်းသားဟောင်းများအားလုံး ပြန်လည်တွေ့ဆုံပွဲ

🗓 ဟီဂျ်ရီ၁၄၄၄ ခုနှစ် ယှအ်ဗာန်လမြတ် ၄ ရက်နေ့
ခရစ်သက္ကရာဇ် ၂၅ - ၂ - ၂၃ စနေနေ့

⏱ နံနက် ၈:၀၀

🏨 ဂျာမေအဟ် ဇွေယာအုလ်ကုရ်အာန်ကျောင်း
__________________________________________
ကျောင်းသားတစ်ယောက်က ကျောင်းပြီးသွားတဲ့နောက်မှာ သာသနာ့ရဲ့အလုပ်တွေမှာအချိန်ပေးပြီး အလုပ်လုပ်နေသည်ဖြစ်စေ တခြားစီပွါးရေးလုပ်နေသည်ဘဲဖြစ်စေ
ကိုယ်ပညာသင်ယူခဲ့တဲ့ကျောင်းကြီးကိုတော့ လွမ်းမိကြမှာပါ။ ပညာရဲ့နို့ရည်ချိုကို တိုက်ကျွေးခဲ့ကြတဲ့ ဆရာသမားတွေများရဲ့ မျက်နှာတွေကို လွမ်းဆွတ်မိကြမှာပါ။

ကလေးဘ၀မှာ ဘယ်လိုအမှတ်တရတွေရှိခဲ့ဖူးလဲဆိုတာတွေက တစ်ယောက်ထဲထိုင်ပြော‌နေလို့မဖြစ်နိူင်ပါဘူး။
ဘယ်လောက်ဘဲ အသက်တွေကြီးသွားကြီးသွား သူငယ်ချင်း‌နဲ့ ပြန်ဆုံကြတဲ့အခါ ခလေးဘ၀ကိုပြန်ရောက်သွားသလို အားလုံးခံစားမိကြပါတယ်။

ကျောင်းမပြီးခင် ဘယ်လောက်ဘဲ ချစ်ခင်ရတဲ့သူငယ်ချင်းတွေဘဲဖြစ်ဖြစ် ကျောင်းပြီးသွားကြတဲ့နေ့မှစရွှေ့အကြောင်းကြောင်းကြောင့်မဆုံဖြစ်ကြတော့တဲ့လူတွေအများကြီးပါ။

ဆရာ " ဆရာလို့ပြောလိုက်တာနဲ့ ကြားလိုက်တာနဲ့ လူတိုင်းရဲ့ နှလုံးသားထဲမှာ သူတို့ရဲ့ဆရာတွေရဲ့မျက်နှာက အလိုလိုပေါ်လာတတ်ပါတယ်။ တွေ့ခွင့်မရှိတော့တဲ့ ဆရာတွေရှိသလို တွေ့နိူင်ပေမဲ့လဲ အလှမ်းဝေးနေလို့ တွေ့ခွင့်မရတဲ့ ဆရာတွေလဲ အများကြီးပါ။

အောက်ကပုံက
ဂျာမေအဟ် အာရဗီယဟ် အစ္စလာမီယဟ် ဇွေယာအွလ်ကုရ်အာန်ကျောင်သားဟောင်းများနှင့်ဆရာများအားလုံးကို ပြန်လဲဆုံစည်းတွေ့စုံကြဖို့ဖိတ်ကြားထားတဲ့ဖိတ်စာပါ။

လက်မလွတ်သင့်တဲ့အခွင့်အရေးတစ်ခုလို့မြင်ပါတယ်။

ဝေယံဖြိုး (အဖျောက်)

02/02/2023

👉 ခွင့်ပြုချက်မရှိဘဲ သူတစ်ပါးပစ္စည်း အသုံးပြုခြင်း....?
❎ ခွင့်ပြုချက်မရယူဘဲ သူတစ်ပါးအိမ်သို့ဝင်ခြင်း မပိုင်ပါ၊
❎ ခွင့်ပြုချက်မရယူဘဲ သူတစ်ပါးပစ္စည်း အသုံးမပြုရ၊
❎ ခွင့်ပြုချက်မရယူဘဲ သူတစ်ပါးအိမ်မှ လျှပ်စစ်မီးပလပ်
ပေါက်တွင် မိုဘိုင်းဖုန်းနှင့် ဘလူးသူသ် အားမသွင်းရ၊
❎ ခွင့်ပြုချက်မရယူဘဲ သူတစ်ပါးကားတွင် တပ်ဆင်
ထားသည့် မိုဘိုင်းလ်အားသွင်းကြိုးကို အသုံးမပြုရ၊
❎ ခွင့်ပြုချက်မရယူဘဲ သူတစ်ပါးစားစရာ မစားရ၊
❎ ခွင့်ပြုချက်မရယူဘဲ ဝလီမဟ်နှင့်နိကာဟ် မသွားရ၊
❎ ခွင့်ပြုချက်မရယူဘဲ သူတစ်ပါးဖုန်း မကြည့်ရ၊မကိုင်ရ၊
👉 ကျူးလွန်သူသည် ဂုနာဟ်အကုသိုလ်ကျူးလွန်သူဖြစ်ပြီး
ကာယကံရှင်ထံ မာဖ်တောင်းပန်ရမည်၊သောင်ဝ်ဗဟ်ပြုရမည်
(ဗုခါရီကျမ်း၊ သိရ်မိဇီကျမ်း) #စအာဒသ်စာပေ

ည မအိပ်ခင် အရင် ယခု ဖော်ပြမည့် အမလ်ကိုလုပ်ဖြစ်အောင် လုပ်ပြီး အိပ်စက်အနားယူကြပါဘာကြောင့်လဲဆိုတော့ တမန်တော်မြတ် ဆွလ္လလ္လာဟ...
26/12/2022

ည မအိပ်ခင် အရင် ယခု ဖော်ပြမည့် အမလ်ကို
လုပ်ဖြစ်အောင် လုပ်ပြီး အိပ်စက်အနားယူကြပါ

ဘာကြောင့်လဲဆိုတော့ တမန်တော်မြတ် ဆွလ္လလ္လာ
ဟု အလိုင်ဟိ ဝစလ္လမ်က ဤ အမလ်ကို လုပ်ပြီးမှ
အိပ်စက်တော်မူခြင်းကြောင့် ဖြစ်ပါသည် ။

မိမိကိုယ်တိုင်လုပ်သကဲ့သို့ ခလေးငယ်များကိုလည်း
ဤ အမလ် လုပ်ပြီးမှ အိပ်စေဘို့ အကျင့်လုပ်ပေးပါ။

အကယ်၍ ဤ အမလ်ကို အမြဲ ပြုလုပ်ပါက နဇလ်
ထိခြင်း ၊ သူတပါး၏ ဟစဒ် မနာလို ခံရခြင်း ဂျာဒူ
ပြု ခံရခြင်းတို့မှလည်း အကာအကွယ် ရမည်ဖြစ်၏

၎င်းအပြင် ခန္ဒာကိုယ်အပြင် ရောဂါ ၊ ရူဟာနီ ရောဂါ
အခြား ပြဿနာ များမှ လုံခြုံမည် ဖြစ်ပေသည် ။

တနေ့.... တမန်တော်မြတ် ဆွလ္လလ္လာဟုအလိုင်ဟိ
ဝစလ္လမ်သည် အွသ်ဗာဗင်န် အာမိရ် ရသွီယလ္လာဟု
သအာလ အန်ဟုအား ... အို အွသ်ဗာ သင့်အား......
သောဝ်ရာသ် အင်န်ဂျီလ် တို့တွင် မပါသော စူရာဟ်
မသင်ပေးရဘူးလားဟု မိန့်တော်အခါ ၊ ဆွဟာဗိီ မှ
အို ကိုယ်တော် သင်ကြား ပြသတော်မူပါဟုလျှောက်
ထားသောအခါ .......

တမန်တော်မြတ်က အို အွသ်ဗာ အမြဲတန်း ဒီစူရာဟ်
များအပေါ် အမလ်လုပ်ပါ ။ ထိုစူရာဟ် များမှာ

စူရသွလ် အိခ်လာဆွ် ၊
စူရသွလ် ဖလပ်က် ၊
စူရသွလ် နားစ် ၊

ဤ စူရာဟ် သုံးပုဒ်၏ အမလ်ကို တမန်တော်မြတ်က
မိမိ ကိုယ်တိုင်လည်း အမလ် လုပ်သကဲ့သို့ မိမိ ၏
ဆွဟာဗာ များအားလည်း အမလ်လုပ်ရန် ဒါသ်ဝသ်
ပေး တိုက်တွန်းတော်မူသည် ။

ထို့ကြောင့် မိမိ ကိုယ်တိုင်လည်း လုပ်ပါ ၊ မိမိ အိမ်သူ
အိမ်သား ခလေးငယ်များကိုလည်း လုပ်ခိုင်းပါ ၊ အခြား
သူများကိုလည်း လုပ်စေဖို့ ဆော်သြ တိုက်တွန်းပါ ။

မိခင်မွန် အာအေရှဟ်သခင်မက မိန့်ကြားတော်မူသည်
မှာ တမန်တော်မြတ်သည် အိပ်ယာဝင်တိုင်း ဤ အမလ်
အား အမြဲတစေ ပြုလုပ်တော်မူသည်ဟုဆင့်ပြန် ပြော
ကြားတော်မူခဲ့သည် ။

ယခု ကျန်ုပ်သည် အမလ် ပြုလုပ်ရမည့် ပုံစံကို ရေး
သား ဖော်ပြပါမည် ။ 𝓯 𝓪 𝓻 𝓸 𝓸 𝓺 𝓐 𝔃 𝓪 𝓶

အအူဇု ဗိစ်မိလ္လာဟ်နှင့် စူရာဟ် အိခ်လာဆွ် ဖတ်ပြီး
ဗိစ်မိလ္လာဟ်နှင့်တကွ စူရာဟ် ဖလပ်က် ဖတ်ပြီးနောက်
တဖန် ဗိစ်မိလ္လာဟ်ဖတ်ပြီး စူရာဟ် နားစ် ဖတ်ရမည်။

စူရာဟ် သုံးပုဒ်လုံး ဖတ်ပြီးပါက တမန်တော်မြတ်သည်
လက်နှစ်ဖက်ကို မှုတ်ပြီး နဖူးဆံစ မှ ဥိီးခေါင်း တခုလုံးကိုလက်ဖြင့်ပွတ်သတ်ပါသည် ။
တဖန် ... မျက်နှာပြင်ကို ပွတ်သပ်ပါသည် ၊
၎င်းနောက် ခန္ဒာကိုယ် အရှေ့ပိုင်းနှင့် ခန္ဒာ တခုလုံး လက်ရောက်နိုင်သည့် နေရာတိုင်းကို ပွတ်သပ်ရပါမည်

ဤသည်မှာ ပထမ တကြိမ် ပြီးပါပြီး

တဖန် ဒုတ်ိယ အကြိမ် ၊ အအူဇု ဗိစ်မိလ္လာဟ်နှင့်တကွ
စူရာဟ်သုံးပုဒ် အစအဆုံး ဖတ်၍ အထက် ဖော်ပြပါ
အတိုင်း လက်ဖဝါးကိုမှုတ်ကာ အစဥ်လိုက်ပွတ်သပ်
ရမည်။

ဤသည်မှာ ဒုတိယ အကြိမ် ပြီးပါပြီ ။

တဖန် တတိယ အကြိမ်လည်း အထက် ဖော်ပြပါ ပုံစံ
အတိုင်း ပြုလုပ် ဆောင်ရွက် ရမည် ။

ဤ အမလ်ကို စွဲစွဲမြဲမြဲ လုပ်ကြည့်ပါ ၊ ယုံကြည်ပါ ။
ဤ အမလ်​၏ ဗရ်ကသ်တော်ကြောင့် များစွာသော
ရောဂါ သောက ဝေဒနာများမှ လွတ်ကင်းမည် ဖြစ်
သည့်အပြင် နှစ်ခြိုက်စွာ အိပ်မပျော်သည့် အခြေ
အနေမှလည်း လွတ်ကင်းမည် ဖြစ်ပေသည် ။

အမြင်အားဖြစ် ကြည့်ရင်တော့ အလွန်သေးငယ်တဲ့
အမလ်တခု ဖြစ်သော်လည်း ရရှိမည့် ဗရ်ကသ်တော်
များ ရေတွက်၍ မရနိုင်သည့် အမလ်ဖြစ်ပါသည် ။

ဤ အမလ်သည် ဗုခါရီ ကျမ်းတော်တွင် ပါရှိသော
အမလ် ဖြစ်ပါသည် ၊ ကိုယ်တော်မြတ် ဆွလ္လလ္လာဟု
အလိုင်ဟိ ဝစလ္လမ်လည်း အမြဲ ပြုလုပ်သော အမလ်
ဖြစ်ပါသည် ၊ ကျနော်လည်း ညစဥ် ပြုလုပ်သော အမလ်
ဖြစ်ပါသည် ၊ မိတ်ဆွေ ညီနောင် သားချင်းများလည်း
ညစဥ် ပြုလုပ်ပြီး အိပ်စေဖို့ နိုးဆော် ဒါအ်ဝသ် ပေး
ဖိတ်ခေါ် လိုက်ပါသည် ။

အကောင်းဆုံးက ဝူဇူနှင့်တကွ အိပ်ယာ ဝင်ကာ ဤ
အမလ် ပြုလုပ်ပါက ပို၍ အကျိုးရှိပါသည် ။

Farooq Azam

သယမ်မွမ် ပြုလုပ်နည်း▪▪▪▪▪▪▪သယံမ်မွမ်သည်ရေချိုးခြင်းနှင့်ဝူဇူလုပ်ဆောင်ခြင်းတို့အတွက်လုံလောက်ပေသည်။ရေရှာဖွေရန်၊ရေရရှိရန်အခ...
20/12/2022

သယမ်မွမ် ပြုလုပ်နည်း
▪▪▪▪▪▪▪

သယံမ်မွမ်သည်
ရေချိုးခြင်းနှင့်
ဝူဇူလုပ်ဆောင်ခြင်းတို့
အတွက်လုံလောက်ပေသည်။

ရေရှာဖွေရန်၊ရေရရှိရန်
အခက်အခဲများစွာနှင့်ကြုံတွေ့
နေရလျှင်လည်း
ဝူဇူလုပ်ဆောင်ရမည့်
အစားသယံမ်မွမ်ဖြင့်
နမားဇ်ဝတ်ပြု
ဆောက်တည်နိူင်ပေသည်။

ရေဖြင့်ဝူဇူလုပ်ခွင့်
မရသေးသမျှကာလပတ်လုံး
သယံမ်မွမ်လုပ်နေရမည်။

ရက်ကာလကြာလျှင်လည်း
အကြောင်းမဟုတ်ပေ။

သံသယဝင်ရန်မလိုအပ်ပေ။
ဝူဇူလုပ်ဆောင်သကဲ့သို့၊
ရေချိုးသကဲ့သို့ပင်သယံမ်မွမ်ဖြင့်
သန့်ရှင်းမူ့ရနေပေမည်။

သယံမ်မွမ်ပြုလုပ်နည်း.............

သန့်ပြန့်သောမြေပေါ်တွင်
လက်ဖဝါးနှစ်ဖက်ကိုညင်သာစွာ
ပုတ်ပြီးမျက်နှာတပြင်လုံးကို
ထိုလက်ဝါးနှစ်ဖက်ဖြင့်
ပွတ်သပ်ရမည်။

ထိုနောက်လက်ဖဝါးနှစ်ဖက်ကို
ထိုမြေပေါ်တွင်ဒုတိယအကြိမ်
ညင်သာစွာပုတ်ပြီး
ထိုလက်ဖဝါးနှစ်ဖက်ဖြင့်
တံတောင်ဆစ်အပါအဝင်
ပွတ်သပ်ရမည်။

လက်ကောက်၊လက်ပတ်ကြိုး
အောက်တွင်လည်းပွတ်သပ်ရမည်။

လက်သည်းခွံမျှခန့်
ပွတ်သပ်ရန်ကျန်ခဲ့သည်ဟု
ထင်မြင်ယူဆရပါက
သယံမ်မွမ်မပိုင်။

လက်စွပ်စသည်တို့ကို
ချွတ်ပြီးမှသယံမ်မွမ်ပြုလုပ်ရမည်။

လက်ချောင်းများအကြားကိုပါ
ပွတ်သပ်ရန်လိုသည်။

ဤနှစ်ချက်ကိုတိတိကျကျ
ဆောင်ရွက်ပါမှသယံမ်မွမ်ပိုင်သည်။

(မွန်ယဟ်ကျမ်း)

မြေသန့်မြေကို
လက်ဖဝါးနှစ်ဖက်ပုတ်ပြီးလျှင်
လက်နှစ်ဖက်ကို
ခါလိုက်ရမည်။

သို့မှသာမျက်နှာပေါ်တွင်
ဖုံမူန့်များပေးလူးနေမည်
မဟုတ်ပေ။
(ဟေဒါယဟ်ကျမ်း)

သန့်ပြန့်သောမြေ
အမျိုးအစားတွင်
အကျူံးဝင်သောအရာများကို
ပုတ်ပွတ်၍လည်း
သယံမ်မွမ်လုပ်နိူင်သည်။

ယင်းတွင်သဲ၊ကျောက်၊
အင်္ဂတေ၊ထုံး၊ဆေးဒါန်း၊ဆွရ်မာ၊
မြေနီခဲစသည်တို့အကျူံးဝင်သည်။

ရွေ၊ငွေ၊ခဲ၊ဂျူံ၊ဆန်၊သစ်သား
၊အဝတ်အထည်၊သစ်စေ့
သစ်ဆံ၊ကြေးအိုးကြေးခွက်
၊ခေါင်းအုံး၊မှို့ယာစသည်တို့
တွင်သယံမ်မွမ်လုပ်ခြင်းမပိုင်။

ထိုပစ္စည်းပေါ်တွင်
ဖုံမူန့်များတင်ရှိနေလျှင်မူ
၊ထိုဖုံမူန့်များ
ဖြင့်သယံမ်မွမ်ပြုပိုင်သည်။

မီးမလောင်၊အရည်မပျော်သည့်
ပစ္စည်းသည်မြေ
အမျိုးအစားတွင်ပါဝင်သည်။

၎င်းပစ္စည်းများပေါ်ရှိ
ဖုံမူန့်များဖြင့်သယံမ်မွမ်ပြုပိုင်သည်။

(အာလမ်ဂီရီကျမ်း)

တစ်ဦးတစ်ယောက်အား
သင်ပြပေးရန်အတွက်
သယံမ်မွမ်လုပ်ပြရာတွင်
မိမိအတွက်နိယသ်မပြုခဲ့ဘဲ
ပြသပေးရန်သာ
ရည်ရွယ်ပါကသင်ပြပေးသူ၏
သယံမ်မွမ်မပိုင်။

သယံမ်မွမ်ပိုင်ရန်အတွက်
နိယသ်လုပ်ရန် " ဖရ်သွ် "
ဖြစ်သည်။

သင်ပြပေးရန်ရည်ရွယ်၍သာ
လုပ်ပြသောသယံမ်မွမ်ဖြစ်၍
သင်ပြသူ၏
သယံမ်မွမ်မပိုင်လိုက်ခြင်းဖြစ်သည်။

(မွန်ယဟ်ကျမ်း)

ကျမ်းတော်မြတ်ကုရ်အာန်
ကိုင်ရန်လုပ်ထားသော
သယံမ်မွမ်ဖြင့်နမားဇ်မပိုင်။

နမားဇ်အတွက်
လုပ်ထားသောသယံမ်မွမ်ဖြင့်နမားဇ်
အကြိမ်ကြိမ်ဖတ်နိူင်သည်။
ကျမ်းတော်မြတ်ကုရ်အာန်ကိုလည်း
ထိကိုင်ပိုင်ခွင့်ရှိသည်။

(ရှရ်ဟုလ်ဗဒါယဟ်)

ဝူဇူပျက်စေသည့်
အမူကိစ္စဟူသမျှသည်လည်း
သယံမ်မွမ်ပျက်စေသည်။

(ဒုရ်ရေမုခ်သားကျမ်း)

crd....

﷽   လွယ်ကူပေါ့ပါးသော်လည်း အလွန်အံ့ဘွယ်ဆန်းကျယ်၍ထူးခြားထက်မြက်လှသည့်          #အအ်မာလ်ကျင့်စဉ်တော်        💝 {  ﷽ }(ဗီစ်မိ...
20/12/2022



လွယ်ကူပေါ့ပါးသော်လည်း အလွန်အံ့ဘွယ်ဆန်းကျယ်၍ထူးခြားထက်မြက်လှသည့်

#အအ်မာလ်ကျင့်စဉ်တော်


💝 { ﷽ }(ဗီစ်မိလ္လာဟ်ဟိရ်ရဟ်မာန်းနိရ်ရဟီးမ်)
ဟူသောစာပိုဒ်သည်ကျမ်းတော်မြတ်ကုရ်အာန်
တအုပ်လုံး၏(အနှစ်ချုပ်)ဖြစ်ပါ၏

💐 အကြင်မည်သူမဆို
ထိုစာပိုဒ်အား စိတ်စေတနာဖြူစင်စွာဖြင့်တကြိမ်ရွတ်
ဖတ်ခဲ့ပါမူဂုနာဟ်အကုသိုလ် တသောင်းကိုး
‌ထောင်အားပယ်ဖျက်ပေးခြင်းခံရ၏-

💐လောကီ-လောကုတ္တရာနှစ်ဘဝနှစ်ဌာန၏လို
အင်ဆန္ဒဟူသမျှပြည့်ဝရန်အတွက်
ထိုစာပိုဒ်ကလုံလောက်ပေသည်-

💐ဘေးအန္တရာယ်ဟူသမျှ ပူပင်သောကဟူသမျှ
ခက်ခဲကြပ်တည်းမှု့ဒုက္ခဟူသမျှ ကင်းဝေး၍အံ့ဘွယ်
‌ကောင်း ‌လောက်အောင်ဘက်စုံ ‌အောင်မြင်မှု့နှင့်တိုးတက်ပြေလည်မှု့ရရှိစေရန်

👇👇‌အောက်ပါအတိုင်းနေ့စဉ်ပြုကျင့်ပါ-👇👇

(ဗီစ်မိလ္လာဟိရ်ရဟ်မာန်းနိရ်ရဟီးမ်)ဟူသော စာပိုဒ် ကို

🌹 အိပ်ယာဝင်-
🌹 အိပ်ယာထ- (၂၁)ကြိမ်

🌹 အိမ်ဝင်အိမ်ထွက် (၂၁)ကြိမ်

🌹 ဆိုင်ဖွင့်ဆိုင်ပိတ် (၂၁)ကြိမ်

🌹နမာဇ်(၅)ကြိမ်ပြီး (၂၁)ကြိမ်

🌹စာကျက်ခါနီး။ (၂၁)ကြိမ်

🌹စာမေးပွဲဖြေခါနီး (၂၁)ကြိမ်

🌹 အရေးကြီးစကားမပြော။ (၂၁)ကြိမ်
ခင်ဖတ်ရွတ်သည့်
အကျင့်ပြုလုပ်ပါ



ကျမ်းကိုး
(ရှမ်စွလ်မအာရိဖ်ကျမ်း)

credit #
ဝေမျှသူ Kate Murphy

မင်္ဂလာနံနက်ခင်းလေးပါမိတ်ဆွေတို့ဤဒိုအာကိုတောင်းကြရမည်နော်လိုက်ဖတ်ကြည့်ပါ            အို ကျွန်တော်မျိုးတို့အားမွေးမြူတော်...
13/12/2022

မင်္ဂလာနံနက်ခင်းလေးပါ
မိတ်ဆွေတို့ဤဒိုအာကိုတောင်း
ကြရမည်နော်လိုက်ဖတ်ကြည့်ပါ

အို ကျွန်တော်မျိုးတို့အားမွေးမြူတော်မူသော်အရှင် ကျွန်တော်မျိုးတို့မတတ်စွမ်းနိုင်သော်တာဝန်ကိုလည်းအရှင်မြတ်သည်ကျွန်တော်မျိုးတို့အားထမ်းရွတ်စေတော်မမူပါနှင့်ထို့အပြင်အရှင်မြတ်သည်ကျွန်တေည်မျိုးတို့ကိုခွင့်လွှတ်တေည်မူပါ၎င်းအပြင်အရှင်မြတ်သည်ကျွန်တော်မျိုးတို့အားအပြစ်များမှလွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူပါထို့အပြင်အရှင်မြတ်သည်ကျွန်တေည်မျိုးတို့အပေါ်ဝယ်သနားညှာတာတော်မူပါအရှင်မြတ်သည်သာလျှင်ကျွန်တော်မျိုးတို့အားကူညီစောင်မတော်မူသောအရှင်ဖြစ်တော်မူပါ၏အရှင်မြတ်သညကျွန်တေည်မျိုးတို့အား'ကာဖိရ်'မယုံမကြည်သွေဖြည်းငြင်းဆန်သောသူများအပေါ်ဝယ်အောင်နိုင်စေခြင်းဌါကူညီစောင်မတော်မူပါ

Crd.... Kate Murphy

Address


Website

Alerts

Be the first to know and let us send you an email when Muslim Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share