စဉ့်ကူး နေ့စဉ်သတင်း - 𝙎𝙞𝙣𝙜𝙪 𝘿𝙖𝙞𝙡𝙮 𝙉𝙚𝙬𝙨

  • Home
  • စဉ့်ကူး နေ့စဉ်သတင်း - 𝙎𝙞𝙣𝙜𝙪 𝘿𝙖𝙞𝙡𝙮 𝙉𝙚𝙬𝙨

စဉ့်ကူး နေ့စဉ်သတင်း - 𝙎𝙞𝙣𝙜𝙪 𝘿𝙖𝙞𝙡𝙮 𝙉𝙚𝙬𝙨 စဉ့်ကူးမြို့နယ်အတွင်း စကစ လှုပ်ရှာ?

14/02/2022

ခူလယ်မှာမီတာကြေးတွေလိုက်ကောက်မပေးတဲ့အိမ်တွေမီးဖြတ်ခံရ

သတင်း-ဒေသခံပေးပို့

01/02/2022

စဥ့်ကူးမြို့နယ်မှာ ဒလန်တစ်ယောက်သေတိုင်း ဝမ်းသာကြတယ်
အခုစဥ့်ကူးမြို့နယ် PDFနှစ်ဖွဲ့စလုံးက ထောက်ပံ့မှုလိုအပ်နေပါတယ် ကျေးဇူးပြုပြီး ကူကြပါအုံး
အဖွဲ့တွေကို တိုက်ရိုက်ကူပေးလို့လည်းရပါတယ်
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ကူကြပါအုံးဗျာ

30/01/2022

သစ်ဆိမ့်ရွာသတင်းလေး သိရင်လာပြောကြပါအုံး ဘာထူးလဲဗျ

29/01/2022

29.1.2022 ရက်နေ့မှာ
ကြာဥယဉ် ကို စကစ (၅၀) ကျော် ရောက်လာ။
၁၁ နာရီကနေ ၄ နာရီ အတွင်း ရေကြောင်း အသုံးမပြုခိုင်းဘို့ ရွာခံပျူစောထီးတွေကို အမိန့်ပေးသွား။
တောင်သူတွေက တဖက်ကမ်းမှာ အလုပ်သွားလုပ်နေကြရတာကို အခုလို တားမြစ်သွားတာပါ။
ဆည်သည်တောင်ရွာက ပျူစောထီးတွေကိုလည်း ထိုသို့ပဲ အမိန့်ပေး။
စကစ တွေ ရှိနေချိန် တဖက်ကမ်းက ကူးလာတဲ့ မြေပဲစွပ်မော်တော်တွေကို မမောင်းလာဘို့ လော်နှင့်အော်ပြော။
ပစ်လိုက်ရမလားလို့လည်း ပြောသံ ကြားလိုက်ရ။

ယခုလို စကစ တွေရဲ့ လှုပ်ရှားမှုတွေကို အချိန်နဲ့တပြေးညီ ပေးပို့ပေးကြပါခင်ဗျာ။
တော်လှန်ရေးအတွက် များစွာ အထောက်အကူဖြစ်စေပါတယ်။

ဆိုင်ပိတ်လို့ဖမ်းရင် ဆိုင်ဖွင့်မယ် (၁) ရက်ကြိုတင် ဈေးဝယ်မယ်။(၁) ရက်နေ့မှာ ဈေးမဝယ်ဘဲ အသံတိတ် သပိတ်လုပ်ကြမယ်။မျှဝေပေးဖို့တ...
29/01/2022

ဆိုင်ပိတ်လို့ဖမ်းရင် ဆိုင်ဖွင့်မယ်
(၁) ရက်ကြိုတင် ဈေးဝယ်မယ်။
(၁) ရက်နေ့မှာ ဈေးမဝယ်ဘဲ အသံတိတ် သပိတ်လုပ်ကြမယ်။

မျှဝေပေးဖို့တောင်းဆိုပါတယ်။
သတိထားကြပါ။

​Credit - တော်လှန်သပိတ်

20/01/2022

စဥ့်ကူးမြို့နယ်အတွင်း စခ လှုပ်ရှားမှုများကို ကျေးဇူးပြုပြီး Pages Cbကို လာရောက်ပြောပြပေးကြပါအုံးခင်ဗျာ
အချက်အလက် မပေါက်ကြားဖို့တာဝန်ယူပါတယ်

ဖိုက်တာလို သတင်းပေးကြမယ် 🔥✊🏻💥ပြီးခဲ့တဲ့ရက်ပိုင်း‌က စကစရဲ့ လေကြောင်းသတင်းနဲ့ ပတ်သက်လို့ အမြောက်အများ သတင်းလာပေးကြတဲ့သူတွေ...
19/01/2022

ဖိုက်တာလို သတင်းပေးကြမယ် 🔥✊🏻💥

ပြီးခဲ့တဲ့ရက်ပိုင်း‌က
စကစရဲ့ လေကြောင်းသတင်းနဲ့ ပတ်သက်လို့
အမြောက်အများ သတင်းလာပေးကြတဲ့သူတွေ
ရှိပါတယ်။

အဲ့လိုသတင်းပေးတဲ့အတွက် လည်း
ကျွန်တော်/ ကျွန်မတို့အဖွဲ့က
ကျေးဇူးအထူးတင်ရှိသလို
သတင်းလာပို့တဲ့ case တွေအလိုက်
သက်ဆိုင်ရာ ဌာနနဲ့
မြေပြင်လှုပ်ရှားမှုအဖွဲ့အစည်းတွေကို
အချိန်နဲ့တပြေးညီသတင်းပို့နိုင်ခဲ့ပါတယ်။

အဲ့တော့ ကျွန်တော်/ ကျွန်မတို့အနေနဲ့
နောက်တဆင့်ထပ်တက်ရမှာက
ပြည်သူ့သတင်းထောက်များအနေနဲ့
ဖိုက်တာလို သတင်းပေးဖို့ပါပဲ။

ဘယ်လိုပေးရမလဲ ဆိုတာအောက်မှာရှင်းပြပါ့မယ်။

၁။ ဘာသတင်းလဲ ? 🚨🚨

ဒါကတော့ရှင်းပါတယ်၊
သတင်းလာပေးတဲ့သူတွေအနေနဲ့
လေကြောင်းသတင်းလား၊
စစ်ကြောင်းချီတဲ့သတင်းလား၊
ပြည်သူ့သစ္စာဖောက်သတင်းလား၊
ဒုက္ခသည်သတင်းလား
boycott ဘာညာ..... ကိုပြောတာပါ။

၂။ ဘယ်သူတွေလဲ ? 🚨🚨

ရဲ၊ စစ်သား၊ CDM ဝန်ထမ်း၊
ရွာခံ- ဒေသခံ၊ ဝန်ထမ်း၊
စည်ပင်၊ ယာဉ်ထိန်းရဲ၊ ပျူစောထီး... စသဖြင့်ပေါ့။

၃။ အရေအတွက် ဘယ်လောက်လဲ ? 🚨🚨

၅ ယောက်၊ ၁၀ ယောက်၊ ၂၀ လား။
စစ်ကားဆိုလည်း ဘယ်နစီးလဲ ?
၁ စီးမှာ ၅ ယောက်နှုန်းပါရင်
စစ်ကား ၅ စီးဆို စစ်သား ၂၅ ယောက်နှုန်း
အကြမ်းဖျင်းတွက်လို့ရပါတယ်။

၄။ အချိန်၊ နေရာ အတိအကျ ? 🚨🚨

ဘယ်ပြည်နယ်၊ တိုင်း -
ဘယ်မြို့ - ဘယ်နေရာ - ဘယ်ရပ်ကွက် - ဘယ်လမ်း စသဖြင့် သတင်းကနေရာတိကျလေ ပိုကောင်းလေပါပဲ။ နောက်ပြီး အထင်ကရဖြစ်တဲ့နေရာတွေနားနဲ့
တွဲပြီးပို့လို့လည်းရပါတယ်။
ဥပမာ - ###x ဘုရားကြီးရဲ့ တောင်ဘက်မုဒ်နားက ဘယ်နေရာ၊ ဘယ် shopping mall ရဲ့ဘယ်နား၊
###x ရွာရဲ့ ရွာဝင်ပေါက်နား၊
ဘယ်အစိုးရရုံးရဲ့ ရှေ့မျက်စောင်းထိုး..... စသဖြင့်ပေါ့။
( သက်သေ၊ သာဓက ကြည့်လွယ်အောင်
ဓာတ်ပုံလေးနဲ့ ပါတွဲပို့နိုင်ရင်တော့
အကောင်းဆုံးပေါ့ဗျာ )

အချိန်ကတော့ နေ့လည်လောက်က၊
မနက်အစော ၅ ခွဲဝန်းကျင်က၊ ညနေ ၅-၆ ကြား ...... ၊ ###x ရက်နေ့ ညနေ ၅ နာရီလောက်က၊
မနေ့ကည ၈ နာရီဝန်းကျင်က စသည်ဖြင့်ပေါ့။

၅။ ကြိမ်နှုန်း အရေအတွက် ? 🚨🚨

လေယာဉ်ဆိုရင်လည်း
တနေ့ကို ဘယ်နစင်းတက်နေလဲ ?
ပျံနေတာတွေ့လဲ ?
၁ စင်း၊ ၂ စင်း ၊ ၃ စင်းလောက်လား ?
နေ့တိုင်း ဒီအချိန်ရောက်ရင်
ဘယ်နယောက် လာလေ့ရှိလဲ ?
ဘယ်နေ့တည်းက အဲ့လိုတွေစဖြစ်တာလဲ ?
ဒီနေ့မှစတာလား .. မနေ့တည်းကစဖြစ်တာလား ပေါ့ ?
၁ ခါတွေ့ပြီး ပျောက်သွားပြီး
နောက်ရက်တွေ မတွေ့တော့တာလား ...
အဲ့လိုလေးတွေပေါ့။

၆။ ဘာကြောင့်လဲ .. ဘာဆက်လုပ်မလဲ ?🚨🚨

ခင်ဗျားတို့ ကြုံခဲ့၊တွေ့ရှိခဲ့ရတဲ့
စကစလှုပ်ရှားမှုတွေက ဘာအတွက်ကြောင့်လဲ ?
အခွန်ဆောင်ဖို့ ဖိအားပေးတဲ့ သဘောသက်သက်လား၊ PDF တွေရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့လား ?
စစ်ကားတွေ စစ်ကူဖြည့်ဖို့လွှတ်တာလား ?
ဒါမှမဟုတ် ရိက္ခာသွားပို့ပေးတာလားရှေ့တန်းကို ? လေကြောင်းနဲ့ တိုက်ခိုက်ဖို့လွှတ်လိုက်တာလား ?
စကစ ထောက်တိုင်တွေကို ကာကွယ်ပေးဖို့လား ?
ဘယ် ဗိုလ်မှူးကတော့ဖြင့်
ဘယ် တပ်ရင်းကိုဦးဆောင်ဖို့
တာဝန်ယူဖို့သွားတာလား...
အစည်းအဝေးသွားတက်တာလား ..?
သတင်းကြိုရထားလို့လား ..?

############x
အပေါ်မှာပေးထားတဲ့ မေးခွန်းတွေက
လူကြီးမင်းတို့ စစ်ကောင်စီကို
အကောင်းဆုံးပစ်နိုင်တဲ့ လက်နက်တွေပဲ။

အဲ့လက်နက်တွေကိုသုံးပြီး
ကျွန်တော်/ ကျွန်မတို့ဆီ
ဖိုက်တာလို သတင်းပေးကြပြီး
တော်လှန်ရေးမှာ အတူတိုက်ပွဲဝင်ကြဖို့
အကြံပြုတောင်းဆိုအပ်ပါတယ်ဗျ။

#ပြည်သူ‌တွေနှင့်အတူရှိတဲ့ပြည်သူ့သတင်းထောက်

19/01/2022

Address


Website

Alerts

Be the first to know and let us send you an email when စဉ့်ကူး နေ့စဉ်သတင်း - 𝙎𝙞𝙣𝙜𝙪 𝘿𝙖𝙞𝙡𝙮 𝙉𝙚𝙬𝙨 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share