Rampage Gaming Media

  • Home
  • Rampage Gaming Media

Rampage Gaming Media Rampage Gaming Media will feature about the Professional Gamers and well-known Streamers in Gaming ar

07/08/2021
Congratulations ကိုမင်းထက်ကျော် (Nakamura Gaming) ♥️ မမေမှူးမြတ်သွယ်ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့မှာတော့ Ko Naka နဲ့ မမ...
30/11/2020

Congratulations ကိုမင်းထက်ကျော် (Nakamura Gaming) ♥️ မမေမှူးမြတ်သွယ်

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့မှာတော့ Ko Naka နဲ့ မမှူးမှူးတို့က လက်ထပ်စာချုပ်မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

Congratulations ပါ Ko Naka ♥️ မမှူးမှူး 🎉

မင်္ဂလာရက်မြတ်အချိန်အခါမှစလို့ နှစ်ပေါင်းများစွာတိုင် အတူတကွလက်တွဲပေါင်းဖက်နိုင်ပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ပါစေ။ အောင်မြင်မှုတွေလည်း ဆထက်တစ်ပိုးရရှိနိုင်ပါစေလို့ Rampage အဖွဲ့သားတွေက ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် ♥️

PS: ဒီတစ်ခေါက်တော့ Admin တို့ ‌သတင်းယူတာ ခြေတစ်လှမ်းနောက်ကျသွားခဲ့ပါတယ် 👀

နောက်ထပ်နောက်ထပ်သော မင်္ဂလာသတင်းတွေကိုစောင့်မျှော်ရင်းနဲ့ မသိသေးတဲ့ ပရိတ်သတ်တွေလည်း တူတူဝမ်းသာလို့ရအောင် မျှဝေပေးလိုက်ပါတယ်။

BG Vs Ronin သို့မဟုတ် မြန်မာဒါဘီ ပွဲစဉ်လက်ရှိကျင်းပနေပြီဖြစ်တဲ့ One Esports MPL Invitational ပြိုင်ပွဲမှာတော့ Ronin Espo...
30/11/2020

BG Vs Ronin သို့မဟုတ် မြန်မာဒါဘီ ပွဲစဉ်

လက်ရှိကျင်းပနေပြီဖြစ်တဲ့ One Esports MPL Invitational ပြိုင်ပွဲမှာတော့ Ronin Esports အသင်းက ၂၇ ရက်နေ့မှာ EXECRATION အသင်းကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ၂၉ ရက်နေ့မှာ EVOS SG အသင်းကိုလည်း ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြန်ပါတယ်။

အခုလို ၂ပွဲဆက်တိုက်အနိုင်ရရှိခဲ့တဲ့ နောက်မှာတော့ Ronin Esports ဟာ BG နဲ့ ကွာတားဖိုင်နယ်မှာ သွားတွေ့မှာဖြစ်ပါတယ်။ သူတို့ ၂သင်းကနေ အနိုင်ရရှိတဲ့အသင်းကတော့ Semi final ကို တက်ရမှာဖြစ်တာကြောင့် ဘယ်လိုနေနေ မြန်မာအသင်းကတော့ Semi တက်ရမှာဆိုတော့ စိတ်ကျေနပ်စရာပါပဲ။

ဒါပေမယ့်နောက်တစ်မျိုးစဉ်းစားကြည့်ကြရအောင်၊ Ronin ရဲ့ အခုလက်စွမ်းကို ကြည့်ရသလောက် အကယ်၍ သူသာ တခြား Bracket မှာကျခဲ့ရင်လည်း ကွာတားဖိုင်နယ်ကို တက်နိုင်တယ်လို့ ထင်မိပါတယ်။ ကံကောင်းရင် Semi တောင်ရောက်သွားနိုင်တာကြောင့် အခုလို မြန်မာနိုင်ငံကနေ တစ်သင်းပဲ Semi တက်ရတာမျိုးမဟုတ်ဘဲ မြန်မာ ၂သင်းလုံး Semi တက်ရတာမျိုးဖြစ်လာနိုင်တာဆိုတော့ ဒို့ရွှေမြန်မာတွေအတွက် ဂုဏ်ယူစရာပဲမဟုတ်ပေဘူးလား။

ဒါကတော့ Admin နဲ့ အမြင်တူတဲ့သူတွေရှိသလို မတူတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ ပရိသတ်ကြီးရော ဘယ်လိုထင်ကြလဲ? Admin တွေးသလိုရော တွေးမိကြလား?

ဘယ်လိုပဲဖြစ်ဖြစ် ဒီဇင်ဘာလ ၅ရက်နေ့(စနေနေ့) မှာတော့ BG နဲ့ Ronin တို့ ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။ ဘယ်အသင်းနိုင်နိုင် မြန်မာအသင်း Semi တက်တာကတက်တာပါပဲ။ အနိုင်ရသွားတဲ့အသင်းကိုလည်း Semi မှာပါထပ်အနိုင်ရပြီး Grand final ကိုတက်ပြီး Champion ဆုကို ရရှိနိုင်အောင် အားပေးလိုက်ကြရအောင်။


“Among Us Streaming ကနေတစ်ဆင့် ထောက်ပံ့ကြေးငွေအလှူခံ $200,000 ရရှိခဲ့တဲ့ AOC” အမေရိကန်အမျိုးသမီးလွှတ်တော်အမတ် Alexandria...
30/11/2020

“Among Us Streaming ကနေတစ်ဆင့် ထောက်ပံ့ကြေးငွေအလှူခံ $200,000 ရရှိခဲ့တဲ့ AOC”

အမေရိကန်အမျိုးသမီးလွှတ်တော်အမတ် Alexandria Ocasio Cortex ဟာဆိုရင် ပြီးခဲ့တဲ့သောကြာနေ့က ကနေဒီယန် ပါလီမတ်အမတ် Jagmeet Singh နဲ့အတူ Among Us ကို ၅ နာရီ stream ခဲ့ပါတယ်။ ဒီ Streaming ကနေ Covid ကာလမှာ အစားအသောက်အခက်အခဲရှိသူတွေကို ကူညီပေးနိုင်ဖို့အတွက် ရန်ပုံငွေကောက်ခံခဲ့ပြီး $200,000 ထိရရှိခဲ့တယ်လို့ AOC က သူ့ရဲ့ Twitter မှာ မျှဝေထားပါတယ်။

AOC, Jagmeet Singh တို့နဲ့အတူ နာမည်ကြီး Streamer တွေဖြစ်ကြတဲ့ HasanAbi, xQc, Northernlion တို့အပြင် တခြား streamer တွေလည်း ပါဝင်ခဲ့ကြပါတယ်။ Streaming လုပ်နေစဉ်တစ်လျှောက်မှာ Act Blue November Charity Drive ကနေတစ်ဆင့်အလှူခံခဲ့တာဖြစ်ပါတယ်။ ရရှိတဲ့ငွေတွေကို အပိုင်း ၆ ပိုင်းခွဲပြီး ခွဲဝေသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲကာလမှာလည်း AOC ဟာဆိုရင် Pokimane တို့နဲ့အတူ Streaming ကနေတစ်ဆင့် ပြည်သူလူထုနဲ့ထိတွေ့ခဲ့ပြီး အခုဆိုရင်လည်း Streaming ကိုအသုံးပြုပြီး လူထုအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။


“FIFA 21 ကနေ ပေါင်သန်း ၄၀ ရရှိသွားမှာဖြစ်တဲ့ David Beckham" နိုင်ငံကျော်ဘောလုံးကစားသမားတစ်ယောက်ဖြစ်တဲ့ David Beckham ဟာဆ...
28/11/2020

“FIFA 21 ကနေ ပေါင်သန်း ၄၀ ရရှိသွားမှာဖြစ်တဲ့ David Beckham"

နိုင်ငံကျော်ဘောလုံးကစားသမားတစ်ယောက်ဖြစ်တဲ့ David Beckham ဟာဆိုရင် FIFA 21 နဲ့ တခြားသော Game တွေမှာ Icon အနေနဲ့ ထွက်ပေါ်လာနိုင်ဖို့အတွက် ပေါင် သန်း ၄၀ နဲ့စာချုပ်ချုပ်လိုက်တယ်လို့သိရပါတယ်။ EA Sports ကနေ Beckham ကို ပေါင် သန်း ၃၀ နဲ့ကမ်းလှမ်းခဲ့တာဖြစ်ပေမယ့် သူ့အနေနဲ့ ညှိနှိုင်းမှုတွေလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ FIFA 20 တုန်းက ပါဝင်ခဲ့ခြင်းမရှိပေမယ့် အခု FIFA 21 မှာတော့ Beckham ကို မြင်တွေ့နိုင်တော့မှာဖြစ်ပါတယ်။

Beckham ဟာဆိုရင် Guild Esports ရဲ့ Co-founder တစ်ယောက်လည်းဖြစ်တဲ့အပြင် ဒီနှစ်ထဲမှာဆိုရင် Esports လောကထဲကိုဝင်ရောက်ဖို့ ခြေလှမ်းတွေ စတင်နေခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့လည်း ကမ္ဘာပေါ်မှာ အကောင်းဆုံး No 1 Esports Team တစ်ခုဖြစ်ပေါ်လာအောင် ကြိုးစားသွားမယ်လို့ ပြောဆိုထားသေးတာဖြစ်ပါတယ်။

ဘောလုံးလောကမှာ အောင်မြင်ကျော်ကြားလူကြိုက်များတဲ့ David Beckham အနေနဲ့ Esports လောကမှာရော ‌ဆက်လက်အောင်မြင်နိုင်မလားဆိုတာ စောင့်ကြည့်အားပေးလိုက်ရအောင်ပါ။


လူစုံသွားပြီဖြစ်တဲ့ Genesis Esports MLBB အသင်းGenesis Esports ကတော့ သူတို့ရဲ့ MLBB အသင်းအသစ် အတွက် ကစားသမားတွေကို ခေါ်ယူ...
28/11/2020

လူစုံသွားပြီဖြစ်တဲ့ Genesis Esports MLBB အသင်း

Genesis Esports ကတော့ သူတို့ရဲ့ MLBB အသင်းအသစ် အတွက် ကစားသမားတွေကို ခေါ်ယူရာမှာ အခုဆိုရင်တော့ လူစာရင်းစုံသွားပြီပဲဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ YG အသင်းရဲ့ Captain DK ကိုခေါ်ယူနိုင်ခဲ့ပြီး ဒုတိယအနေနဲ့ အနားယူနေခဲ့တဲ့ Blank ကိုရရှိခဲ့သလို တတိယမြောက်ကစားသမားအဖြစ် Vi Vi ကို ခေါ်ယူနိုင်ခဲ့ပါတယ်။ ထိုအချိန်မှာတော့ Divine Era Esports ရဲ့ Bun Bunn နဲ့ Sofu တို့လည်း ဝင်ရောက်လာမှာဖြစ်တယ်ဆိုတဲ့ ထွက်လာခဲ့တဲ့ ကောလဟာလအတိုင်းပဲ တကယ်ကို Bun Bunn နဲ့ Sofu တို့နှစ်ယောက်လုံး Genesis Esports MLBB အသင်းရဲ့ လေးယောက်မြောက်ကစားသမားနဲ့ ငါးယောက်မြောက်ကစားသမားဖြစ်လာပါတယ်။

Genesis Esports MLBB အသင်းရဲ့ လူစာရင်ကတော့ Dk, Blank, Vi Vi, Bun Bunn နဲ့ Sofu တို့ပဲ ဖြစ်ပါတယ်။

Genesis Esports MLBB အသင်း လူစာရင်းအတိအကျထွက်လာပြီးတဲ့နောက်မှာတော့ သူတို့အသင်းရဲ့ လူစာရင်းမှာ တကယ်ကောင်းတဲ့ ကစားသမားတွေချည်းပါဝင်လာတာကြောင့် သူတို့အသင်းကတော့ အရင်ရှိနှင့်ပြီးသားအသင်းဟောင်းတွေကို ခြိမ်းခြောက်နိုင်မလား? ပြိုင်ဖက်ကောင်းဖြစ်လာနိုင်မလား? စတဲ့စတဲ့ အသင်းရဲ့ အခြေအနေကိုတော့ ပွဲတွေစတဲ့အခါ တွေ့နိုင်မှာမို့ ပွဲတွေစရင်တော့ ဒီအသင်းကိုလည်းစောင့်ကြည့်လိုက်ကြရအောင်နော်။


Just Dance 2021 မှာ ပါဝင်လာမယ့် K/DAK/DA လို့ဆိုလိုက်တာနဲ့ LOL ရဲ့ Signature တစ်ခုဖြစ်တဲ့ ကောင်မချောလေး၅ယောက် နဲ့ဖွဲ့စည်...
28/11/2020

Just Dance 2021 မှာ ပါဝင်လာမယ့် K/DA

K/DA လို့ဆိုလိုက်တာနဲ့ LOL ရဲ့ Signature တစ်ခုဖြစ်တဲ့ ကောင်မချောလေး၅ယောက် နဲ့ဖွဲ့စည်းထားတဲ့ Girl Squad ကို ပြေးမြင်မိကြမှာပါနော်။ အဲ့လိုပဲ Just Dance လို့ဆိုလိုက်တာနဲ့ နာမည်ကြီးသီချင်းလေးတွေနဲ့အတူ လိုက်ကရတဲ့ Game လေးကို တန်းမြင်မိမှာပါ။ အခုတော့ အဲ့ဒီ့၂ခုကို တစ်ပြိုင်တည်းတွေ့နိုင်တော့မှာပါ။

K/DA အဖွဲ့ရဲ့ နောက်ဆုံးထွက်ထားတဲ့သီချင်းတွေထဲက တစ်ပုဒ်ဖြစ်တဲ့ “Drum Go Dum” ကတော့ Just Dance 2021 မှာ ပါဝင်လာတော့မှဖြစ်ပါတယ်။ Just Dance ရဲ့ Publisher Company ဖြစ်တဲ့ Ubisoft ဘက်က K/DA ရဲ့ သီချင်းပါလာမှာကို Trailer အတိုလေးတစ်ပုဒ်နဲ့ အတည်ပြုခဲ့ပါတယ်။

Just Dance Fan တွေရော LOL Fan တွေရော K/DA အဖွဲ့ရဲ့ ကကွက်တွေကို လေ့လာလို့ရသလို သီချင်းလေးနဲ့ လိုက်ကပြီး ပျော်ပါးလို့ရနိုင်ပါပြီနော်။

“Drum Go Dum” သီချင်းတစ်ပုဒ်တည်း ရနိုင်သေးတာဆိုတော့ Admin လို K/DA Fan အနေနဲ့ K/DA ရဲ့ သီချင်းတွေအကုန်လုံးနီးပါးပါစေချင်တဲ့ သူတွေအတွက် အနည်းငယ် စိတ်မကောင်းစရာပေါ့နော်။ Riot နဲ့ Ubisoft တို့ အခုထက်ပိုပြီး ပူးပေါင်းမှုတွေလုပ်လာခဲ့ရင် နောက်ထပ် တခြားသီချင်းတွေပါ ပါဝင်လာမယ်လို့ မျှော်လင့်လို့ရပါတယ်။


26/11/2020

အားလုံးပဲ မင်္ဂလာပါ .... Rampage ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင့် 🙋
ညီမကတော့ "ယွန်း" ပါ 💁

ဒီနေ့မှာတော့ League of Legends: Wild Rift မှာပါတဲ့ Runes တွေနဲ့ ပတ်သက်ပြီး မရှင်းမလင်းဖြစ်နေသူတွေအတွက် Keystone Runes (Part 1) ကို တင်ဆက်ပေးလိုက်ပါတယ် 🤗

မကြာခင်မှာ Minor Runes (Part 2) ကိုလည်း မျှဝေပေးမှာဖြစ်တာမို့ စောင့်ကြည့်ကြဖို့မမေ့နဲ့နော် 👀

ဒီဇင်ဘာလမှာစတင်မယ့် ZOWIE eXTREMESLAND CS:GO tournamentဒီတစ်ခါတော့ မြန်မာနိုင်ငံမှာရှိတဲ့ CS:GO Player တွေအတွက် သတင်းကော...
26/11/2020

ဒီဇင်ဘာလမှာစတင်မယ့် ZOWIE eXTREMESLAND CS:GO tournament

ဒီတစ်ခါတော့ မြန်မာနိုင်ငံမှာရှိတဲ့ CS:GO Player တွေအတွက် သတင်းကောင်းတစ်ခုဖြစ်မယ့် သတင်းလေးတစ်ခုကို ပြောပြပေးမှာပါနော်၊၊

ZOWIE eXTREMESLAND CS:GO tournament ရဲ့ ၅ကြိမ်မြောက်ပြိုင်ပွဲကိုတော့ ဒီနှစ်ဒီဇင်ဘာလမှာ စတင်မှာဖြစ်တယ်လို့သိရပါတယ်။ အချိန်အားဖြင့် ၈ပတ်ကြာမြင့်မယ့် ဒီပြိုင်ပွဲကိုတော့ Region ၅ခုခွဲပြီး ကျင်းပမှာဖြစ်ပါတယ်။ Prize pool အနေနဲ့တော့ $6000 USD သတ်မှတ်ထားပါတယ်။ ဒီပြိုင်ပွဲကိုတော့ Zowie monitor ကနေ စပွန်ဆာပေးထားတာဖြစ်ပါတယ်ရှင်။

ပါဝင်မယ့် Region တွေကတော့ ...
Southeast Asia
South Asia
East Asia
Oceania
Middle-East တို့ဖြစ်ပါတယ်၊၊ Southeast Asia Region မှာ မြန်မာနိုင်ငံလည်း ပါဝင်ယှဉ်ပြိုင်ခွင့်ရထားပါတယ်။

Region တစ်ခုဆီကတော့ open qualifier အဆင့်ကနေ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ open qualifier ရဲ့ ထိပ်ဆုံးလေးသင်းသာ Playoff အဆင့်ကို တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။ Playoff အဆင့်မှာတော့ နောက်ထပ်ဖိတ်ကြားထားတဲ့ လေးသင်းနဲ့တွေ့ပြီး စုစုပေါင်း ၈သင်းယှဉ်ပြိုင်ရမှာပါ။

ဆုကြေးအဖြစ်ပေးမယ့် Prize pool US $6,000 ကိုတော့ Region အလိုက်ခွဲခြမ်းထားပါတယ်။ Oceania, South East Asia, Middle East နဲ့ South Asia တို့မှာ ပထမရရှိတဲ့ အသင်းကိုတော့ $1000 ပေးအပ်မှာဖြစ်ပြီး သူတို့ကနေ ဒုတိယရတဲ့ အသင်းတွေကိုတော့ $500 စီ ချီးမြှင့်မှာဖြစ်ပါတယ်။ East Asia Region အတွက်ကတော့ ဆုကြေးငွေပေးမှာမဟုတ်ဘဲ စပွန်ဆာကုမ္ပဏီဖြစ်တဲ့ ZOWIE ရဲ့ Monitors တွေ (ZOWIE XL2546K နဲ့ ZOWIE XL2540KE) တို့ကို ပေးအပ်မှာဖြစ်ပါတယ်။

ဒီပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ချင်တယ်ဆိုရင်တော့ ZOWIE eXTREMESLAND CS:GO Festival 2020 ရဲ့ official website မှာ စာရင်းသွင်းလို့ရပါတယ်ရှင်။ ကဲ မြန်မာနိုင်ငံရဲ့ CS:GO PLayer တွေ စာရင်းသွားပေးလိုက်တော့နော်။ ဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေကိုတော့ Admin တို့ Rampage က အားပေးနေမှာပါနော်။


“အိန္ဒိယအစိုးရနဲ့ တရားဝင်မှတ်ပုံတင်ခွင့်ရသွားပြီဖြစ်တဲ့ PUBG India” တားဆီးပိတ်ပင်မှုတွေကြားက Version အသစ်အနေနဲ့ ပြန်လည်ရ...
26/11/2020

“အိန္ဒိယအစိုးရနဲ့ တရားဝင်မှတ်ပုံတင်ခွင့်ရသွားပြီဖြစ်တဲ့ PUBG India”

တားဆီးပိတ်ပင်မှုတွေကြားက Version အသစ်အနေနဲ့ ပြန်လည်ရောက်ရှိလာမယ့် PUBG India ကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့က အိန္ဒိယအစိုးရရဲ့ တရားဝင်မှတ်ပုံတင်ခွင့်ကို ရရှိသွားခဲ့ပြီဖြစ်ပါတယ်။

PUBG Mobile ဟာဆိုရင် India နိုင်ငံမှာ Ban ခံရပြီးတဲ့နောက် နိုဝင်ဘာလ ၁၂ ရက်နေ့မှာ India version အနေနဲ့ ပြန်လည်ထွက်ရှိခဲ့တာဖြစ်ပါတယ်။ game အတွင်းပြောင်းလဲပြင်ဆင်မှုတွေလုပ်ဆောင်ပြီး အခုဆိုရင်တော့ အစိုးရရဲ့တရားဝင်မှတ်ပုံတင်ခွင့်ကိုပါ ရရှိသွားပြီဖြစ်ပါတယ်။ ယခုလအစောပိုင်းမှာလည်း တောင်ကိုရီးယားကုမ္ပဏီကနေ $100M လာရောက်ရင်းနှီးမြှုပ်နှံခဲ့တယ်လို့သိရပါတယ်။

PUBG Mobile India ကို အခုဆိုရင် TapTap မှာ Pre-Registration လုပ်လို့ရနေပြီဖြစ်ပြီး Android ရော iOS မှာပါကစားနိုင်မှာဖြစ်ပါတယ်။ ဒီ game အတွက် Teaser ကိုလည်း အိန္ဒိယနိုင်ငံရဲ့ နာမည်ကြီး Streamer, Pro Player တွေဖြစ်တဲ့ Kroten, Jonathan, Dynamo တို့နဲ့ ရိုက်ကူးထားသေးတာဖြစ်ပါတယ်။

ပြောင်းလဲမှုတွေနဲ့ တစ်ဖန်ရောက်ရှိလာမယ့် PUBG Mobile India အနေနဲ့ အရင် version လိုမျိုးပဲ player တွေကို စိတ်ကျေနပ်မှုပေးနိုင်မလား၊ နောက်နှစ်ထဲမှာကျင်းပမယ့် Tournament တွေအတွက်ရော အဆင်သင့်ဖြစ်နေနိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့်လိုက်ရအောင်ပါ။


အားလုံးပဲ မင်္ဂလာပါ .... Rampage Gaming Media ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင့် 🙋ဒီနေ့မှာတော့ ညီမက PUBG Mobile Player အမျ...
26/11/2020

အားလုံးပဲ မင်္ဂလာပါ .... Rampage Gaming Media ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင့် 🙋

ဒီနေ့မှာတော့ ညီမက PUBG Mobile Player အများစု စောင့်မျှော်နေကြတဲ့ PUBG Mobile Season 16 RP Week 3 Mission တွေရဲ့ မြန်မာဘာသာပြန်လေးကိုတင်ဆက်ပေးလိုက်ပါတယ် 🤗

T1 Dota 2 အသင်းကနေ ထွက်ခွာသွားတဲ့ InYourdreaM, Jhocam နဲ့ MPတောင်ကိုရီးယားအဖွဲ့အစည်းဖြစ်တဲ့ T1 Dota 2 အသင်းကတော့ သူတို့ရ...
25/11/2020

T1 Dota 2 အသင်းကနေ ထွက်ခွာသွားတဲ့ InYourdreaM, Jhocam နဲ့ MP

တောင်ကိုရီးယားအဖွဲ့အစည်းဖြစ်တဲ့ T1 Dota 2 အသင်းကတော့ သူတို့ရဲ့ ကစားသမား၂ယောက်နဲ့ အသင်းနည်းပြကို အသင်းကနေ လက်လွှတ်လိုက်ပြီဖြစ်ကြောင်း သူတို့ရဲ့ Official Twitter Account ကနေ တင်ခဲ့ပါတယ်။

အသင်းကနေထွက်ခွာသွားတဲ့ကစားသမားတွေကတော့ inYourdreaM(carry player/midlaner), Jhocam(soft support player) နဲ့ MP(Coach) တို့ပဲဖြစ်ပါတယ်။

သူတို့ ၃ဦးလုံးကတော့ ဒီ organization ကို ၂၀၂၀ခုနှစ် မတ်လမှာ စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ ၉လရှိပြီဖြစ်ပါတယ်။ သို့သော်လည်း အသင်းကတော့ Performance ကောင်းကောင်းပြနိုင်ခဲ့ခြင်းမရှိခဲ့တာကြောင့် အခုလိုမျိုး ဆုံးဖြတ်ချက်ကို organization ဘက်ကချခဲ့တယ်လို့ထင်ပါတယ်။

T1 ဘက်ကတော့အသင်းကို ပိုပြီးအားကောင်းလာအောင် 11K MMR ရောက်ထားပြီးဖြစ်တဲ့ ဖိလစ်ပိုင်ကစားသမား Karl ကိုခေါ်ယူထားပါတယ်။

InYourdreaM, Jhocam နဲ့ MP တို့ ၃ဦးထွက်ခွာပြီးတဲ့နောက်မှာတော့ အသင်းရဲ့ Roster ကတော့

Position 2: Karl
Position 3: Sam_H
Position 5: Poloson
Coach : March တို့ပဲဖြစ်ပါတယ်ရှင်။

အခုဆိုရင်တော့ တွေ့ရတဲ့အတိုင်း အသင်းအတွက် Position 1 နေရာနဲ့ Position 4 နေရာ ကလည်း လစ်လပ်နေတာကို တွေ့ရနိုင်တာကြောင့် ဘယ်သူတွေများ ရောက်လာနိုင်မလဲဆိုတာကတော့ စောင့်ကြည့်လိုက်ရအောင်နော်။


“၂၀၂၁ တစ်နှစ်စာအတွင်း ပြိုင်ပွဲတွေအတွက် Total Prize Pool 14M သုံးစွဲမယ်လို့ကြေငြာလိုက်တဲ့ PUBG Mobile” PUBG Mobile ကတော့...
25/11/2020

“၂၀၂၁ တစ်နှစ်စာအတွင်း ပြိုင်ပွဲတွေအတွက် Total Prize Pool 14M သုံးစွဲမယ်လို့ကြေငြာလိုက်တဲ့ PUBG Mobile”

PUBG Mobile ကတော့ လာမယ့် ၂၀၂၁ မှာ ကျင်းပမယ့် ပြိုင်ပွဲတွေအတွက် Total Prize Pool 14M သုံးစွဲမယ်ဆိုပြီး ကြေငြာလိုက်တာပဲဖြစ်ပါတယ်။ ဒီပမာဏဟာဆိုရင် အခုနှစ် ၂၀၂၀ မှာ သုံးခဲ့တဲ့ ငွေပမာဏထက် ၃ ဆကျော်ပိုမိုများပြားနေတာဖြစ်ပါတယ်။

ဒါ့အပြင်နောက်နှစ်ထဲမှာ Major ပြိုင်ပွဲ ၆ ခုရှိမယ်ဆိုပြီးလည်း သတင်းကောင်းတစ်ခုထပ်မံပေးလိုက်ပါသေးတယ်။ ၂၀၂၁ မှာ PMCO ပြိုင်ပွဲ ၂ ခု၊ PMPL ပြိုင်ပွဲ ၂ ခုနဲ့ ရာသီရဲ့နောက်ဆုံးပွဲစဉ်အနေနဲ့ PUBG Mobile Global Championship နဲ့ အဆုံးသတ်သွားမှာဖြစ်တယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် Invitational ပွဲစဉ်တွေကိုလည်း ထည့်သွင်းသွားဖို့ရှိပြီး နာမည်ကြီးအသင်းတွေကို စုစည်းတွေ့ရှိနိုင်ဖို့ စီစဉ်ထားတယ်ဆိုပြီး ထပ်မံဖြည့်စွက်ထားပါတယ်။

ဒီနှစ်မှာ Covid ကြောင့် Tournament တွေကို အားမရဖြစ်နေတဲ့သူတွေအတွက်တော့ သတင်းကောင်းတစ်ရပ်လို့ပြောနိုင်ပါတယ်။ ဒါ့အပြင် Ban ခံထားရတဲ့ India နိုင်ငံမှာ PUBG Mobile Version အသစ်ထွက်ရှိတော့မှာဖြစ်တာမို့ လာမယ့်နှစ်သစ်မှာ PUBG Mobile အနေနဲ့ ဘယ်လိုမျိုးပြောင်းလဲတိုးတက်မှုတွေ ယူဆောင်လာဦးမလဲဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။


အားလုံးပဲ မင်္ဂလာပါ .... Rampage ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင့် 🙋League of Legends: Wild Rift ရဲ့ Runes တွေအကြောင်း ရှ...
24/11/2020

အားလုံးပဲ မင်္ဂလာပါ .... Rampage ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင့် 🙋

League of Legends: Wild Rift ရဲ့ Runes တွေအကြောင်း ရှင်းပြထားတဲ့ video ကို ညီမတို့ရဲ့ YouTube Channel မှာကြည့်လို့ရနေပြီပဲဖြစ်ပါတယ် 🤗



https://youtu.be/qmHe0WVbEf0

The flaws and effects of the runes in League of Legends : Wild Rift explained in Myanmar (Burmese) language. Hope you guys enjoy !

“Esports နဲ့ ဘွဲ့ယူနိုင်ပြီ” အပျော်တန်း Game ဆော့ရာကနေ Esports လောကထဲကို ဝင်ရောက်ချင်သူတွေအတွက် KMD နဲ့ Next Lvl Esports...
24/11/2020

“Esports နဲ့ ဘွဲ့ယူနိုင်ပြီ”

အပျော်တန်း Game ဆော့ရာကနေ Esports လောကထဲကို ဝင်ရောက်ချင်သူတွေအတွက် KMD နဲ့ Next Lvl Esports Academy တို့ပူးပေါင်းဖွင့်လှစ်မယ့် “Esports & Business University Pathway Program (UK)” က မကြာခင်မှာရောက်ရှိတော့မှာဖြစ်ပါတယ်။ ဒီသင်တန်းကနေ Diploma in Business (with Esports) ကိုပေးမှာဖြစ်တာမို့ Esports နဲ့ ဘွဲ့ယူနိုင်ပြီဖြစ်ပါတယ်။

သင်တန်းကနေ Game ဆော့ပုံဆော့နည်းတွေသင်ပေးတာမဟုတ်ပဲ Esports လောက ဘယ်လိုတွေလည်ပတ်နေလဲ၊ Esports လောကမှာ စီးပွားရေးလုပ်ကိုင်ချင်ရင် ဘယ်လိုတွေဆောင်ရွက်လုပ်ကိုင်ရမယ်၊ Esports နဲ့ ဘယ်လိုပိုက်ဆံရှာလို့ရတယ် စတာတွေကို သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

အဲ့တော့ ကိုယ်ဝါသနာပါရာကို ပေါက်မြောက်အောင်လုပ်ဆောင်နိုင်တော့မှာဖြစ်ပါတယ်။ Game ဆော့နေလို့ ဘာမှဖြစ်မလာဘူးဆိုတာတွေ၊ Game ကထမင်းမကျွေးဘူးဆိုတာတွေအတွက် ကိုယ့်ဘက်ကနေ ကြိုးစားပြဖို့ အခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်။

စိတ်ပါဝင်စားသူတွေအနေနဲ့ အောက်က Link ထဲမှာ ဝင်ရောက် လေ့လာနိုင်ပါတယ် 👇

https://m.facebook.com/story.php?story_fbid=170439164735044&id=102203991558562

The Game Award 2020၂၀၁၄ ခုနှစ်ကစလို့ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ The Game Award ဆုပေးပွဲရဲ့ ဒီနှစ်အတွက် ဇကာတင်စာရင်းထွက်ရှိလ...
24/11/2020

The Game Award 2020

၂၀၁၄ ခုနှစ်ကစလို့ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ The Game Award ဆုပေးပွဲရဲ့ ဒီနှစ်အတွက် ဇကာတင်စာရင်းထွက်ရှိလာပါတယ်။ နှစ်စဉ်နှစ်တိုင်း နာမည်ကြီး Game တွေအပါအဝင် Streamer တွေ၊ Player တွေကိုပါ ဆုချီးမြှင့်တဲ့ Esports လောကအတွက် ကြီးကျယ်တဲ့ နောက်ထပ် ဆုပေးပွဲတစ်ခုဖြစ်ပါတယ်။ ဒီနှစ် ၂၀၂၀ ခုနှစ်အတွက် ဆုပေးပွဲကိုတော့ ဒီဇင်ဘာလ ၁၀ရက်နေ့မှာ Live လွှင့်ပြီး ကျင်းပမှာဖြစ်ပါတယ်။

ဘယ်သူတွေ ဘယ် Game တွေက ထိုက်ထိုက်တန်တန် ရရသွားမလဲဆိုတာ စောင့်ကြည့်လိုက်ရအောင်နော်။


"မြန်မာနိုင်ငံရဲ့ Content Creator တွေပါဝင်ယှဉ်ပြိုင်မယ့် Wild Rift Pentaboom"Wild Rift Pentaboom Showdown SEA ကို ဒီဇင်ဘ...
24/11/2020

"မြန်မာနိုင်ငံရဲ့ Content Creator တွေပါဝင်ယှဉ်ပြိုင်မယ့် Wild Rift Pentaboom"

Wild Rift Pentaboom Showdown SEA ကို ဒီဇင်ဘာလ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့မှာကျင်းပသွားမှာဖြစ်ပြီး နိုင်ငံ ၈ နိုင်ငံရဲ့ ကိုယ်စားပြုအသင်း ၈ သင်းပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ Myanmar, Cambodia, Indonesia, Vietnam, Thailand, Singapore, Philippines, နဲ့ Malaysia တို့ပါဝင်ပြီး Prize Pool ကတော့ $66,600 ဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ICE ICE, ACE Gaming, Gu Gu, Original Matt နဲ့ NX Live တို့က ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

Burmese Ghouls အသင်းရဲ့ leader ဟောင်းတစ်ယောက်ဖြစ်တဲ့ ICE ICE ဟာဆိုရင်လည်း မကြာသေးခင်ကာလက Mobile Legends ကနေ အနားယူသွားပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ BG အသင်းအနေနဲ့ LOL Wild Rift Team တစ်ခုဖွဲ့စည်းဖို့ရှိတယ်ဆိုတဲ့ သတင်းစကားတွေကြားမှာ Ice Ice အနေနဲ့ Wild Rift ကို ကစားသွားမလားဆိုပြီး ခန့်မှန်းမှုတွေ ရှိနေခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ Ice Ice ကို Wild Rift Pentaboom မှာ ပြန်လည်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

Riot Games ကနေ ကျင်းပပြုလုပ်ပြီး Content Creator တွေစုစည်းတွေ့စုံကြမယ့် Wild Rift Pentaboom မှာ မြန်မာနိုင်ငံကိုယ်စားပြုအသင်းလည်းပါဝင်တာမို့ အားလုံးပဲစောင့်ကြည့်အားပေးနိုင်ဖို့ သတင်းကောင်းပါးလိုက်ရပါတယ်



“PUBG Mobile Global Championship ရဲ့ တစ်ဦးတည်းသော မြန်မာနိုင်ငံသား player, KillSwitch” PUBG Mobile ရဲ့ အကြီးမားဆုံးပြိုင...
23/11/2020

“PUBG Mobile Global Championship ရဲ့ တစ်ဦးတည်းသော မြန်မာနိုင်ငံသား player, KillSwitch”

PUBG Mobile ရဲ့ အကြီးမားဆုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ PUBG Mobile Global Championship 2020 ပြိုင်ပွဲမှာတော့ မြန်မာလူမျိုး player တစ်ယောက်ပါဝင်နေတာပဲဖြစ်ပါတယ်။ သူကတော့ အမေရိကန်အခြေစိုက် Execute Esports မှာ ကစားနေတဲ့ KillSwitch ပဲဖြစ်ပါတယ်။

PMGC 2020 ပြိုင်ပွဲကိုတော့ နိုဝင်ဘာ ၂၄ ရက်နေ့ကနေ ဒီဇင်ဘာ ၂၀ ရက်နေ့ထိကျင်းပသွားမှာဖြစ်ပါတယ်။ ကိုယ်တွေရဲ့ မြန်မာနိုင်ငံသား ကစားသမားတစ်ယောက်ကိုလည်း ပြိုင်ပွဲထက်မှာမြင်တွေ့ရမှာဖြစ်တာမို့ အားလုံးပဲစောင့်ကြည့်အား‌ပေးဖို့ အဆင်သင့်ဖြစ်ကြပြီလား 👀


“Myanmar Warzone Tournament” မြန်မာနိုင်ငံရဲ့ Warzone player တွေအတွက်တော့ သတင်းကောင်းလေးတစ်ခု ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။...
23/11/2020

“Myanmar Warzone Tournament”

မြန်မာနိုင်ငံရဲ့ Warzone player တွေအတွက်တော့ သတင်းကောင်းလေးတစ်ခု ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ Warzone ကစားတဲ့ ရှားရှားပါးပါး player တွေကို တစ်ခုတစ်စည်းတည်း စုဝေးစေချင်တဲ့ရည်ရွယ်ချက်နဲ့ ကျင်းပပြုလုပ်မယ့် “Myanmar War Zone Tournament” ဟာဆိုရင် အားလုံးရဲ့ရှေ့ကိုရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။

Myanmar Warzone Tournament ကိုဆိုရင် လာမယ့်နိုဝင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ပြိုင်ပွဲအတွက် player တွေစုနေတုန်းဖြစ်ပါတယ်။ ပြိုင်ပွဲဝင် အယောက် ၅၀ ပြည့်မယ်ဆိုရင် Duo Battle Royale ကစားမှာဖြစ်ပြီး အယောက် ၅၀ မပြည့်ခဲ့ရင်တော့ Duo Mini Royale ကစားရမှာဖြစ်ပါတယ်။ ဆုကြေးအနေနဲ့ အနိုင်ရရှိတဲ့ အဖွဲ့က $20 တန်ဖိုးရှိတဲ့ CP 2400 ရရှိမှာဖြစ်ပြီး ပွဲစဉ်တစ်လျှောက် Kill အများဆုံး player ကိုလည်း $20 တန်ဖိုးရှိတဲ့ CP 2400 ထပ်မံပေးသွားမှာဖြစ်ပါတယ်။

ဒီပြိုင်ပွဲကို နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၈ နာရီအချိန်မှာ စတင်မှာဖြစ်ပါတယ်။ Tournament မှာ ပါဝင်ချင်တယ်ဆိုရင်တော့ အောက်မှာပြထားတဲ့ Discord Channel Link ကနေတစ်ဆင့် ဝင်ရောက်ဆက်သွယ်နိုင်ပါတယ်။

👉 https://discord.gg/txVFTCm94W

ပြိုင်ပွဲစတင်ဖို့ကလည်း ၅ ရက်လောက်ပဲလိုတော့တာဆိုတော့ မြန်မြန်လေးစာရင်းပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ကိုယ်တိုင်မပါဝင်ပေမယ့် ပွဲကို ကြည့်ရှုအားပေးချင်တဲ့သူတွေအနေနဲ့လည်း အောက်မှာပြထားတဲ့ page တွေကနေ Live လွှင့်ပေးမှာဖြစ်တယ်ဆိုတဲ့အကြောင်းလေး သတင်းကောင်းပါးလိုက်ပါတယ်။

👉https://www.facebook.com/Boogeyman-102647808065898

👉 https://www.facebook.com/NA1NG-112608320456620

👉
https://www.facebook.com/averagepotata

👉 https://www.facebook.com/KZZ-110277354142288


“PUBG Mobile Creator Challenge 2020 ရဲ့ Champion ဆုကိုရရှိသွားတဲ့ Team SKS”၃ ပတ်ကြာယှဉ်ပြိုင်ပြီးတဲ့နောက်မှာတော့ PMC 202...
23/11/2020

“PUBG Mobile Creator Challenge 2020 ရဲ့ Champion ဆုကိုရရှိသွားတဲ့ Team SKS”

၃ ပတ်ကြာယှဉ်ပြိုင်ပြီးတဲ့နောက်မှာတော့ PMC 2020 ရဲ့ Champion ဆုကို Team SKS က ဆွတ်ခူးသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ Power, APK On Live, Ko Lin, Electric, တို့ပါဝင်တဲ့ Team SKS ဟာဆိုရင် ပထမအပတ်ပြီးကတည်းက ပြိုင်ပွဲအဆုံးအထိ Leaderboard ရဲ့ထိပ်ဆုံးမှာ ရပ်တည်နေနိုင်ခဲ့တဲ့ အသင်းလည်းဖြစ်ပါတယ်။

Congratulations Team SKS 🎉

1st Runner Up ကိုတော့ Snak3y, Cho Mai Mai, Nakamura နဲ့ Phoo Pwint တို့ပါဝင်တဲ့ Team QBZ က ရရှိသွားတာဖြစ်ပြီး Varkat, Acid10, Pa Ywat Sate, Error တို့နဲ့ဖွဲ့စည်းထားတဲ့ Team AWM က 2nd Runner Up ဆုကိုရရှိသွားတာဖြစ်ပါတယ်။

အားလုံးကြိုက်ကြတဲ့ Streamer တွေ Player တွေပါဝင်ကစားခဲ့တဲ့ PMC 2020 fun match က‌တော့ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ ပွဲစဉ်တစ်လျှောက်လုံးမှာလည်း ကိုယ်ချစ်တဲ့ ကစားသမားတွေကို အားပေးရင်းနဲ့ မြန်မာနိုင်ငံရဲ့ PUBG Mobile ချစ်သူတွေအားလုံး ပျော်ရွှင်ခဲ့ကြမယ်လို့ မျှော်လင့်ပါတယ်။


$3.5M ကျော်တဲ့ PrizePool နဲ့အတူ ရောက်ရှိလာမယ့် PUBG Global Invitational.S PUBG ကတော့ သူတို့ရဲ့ အကြီးမားဆုံးပြိုင်ပွဲတစ်ခ...
22/11/2020

$3.5M ကျော်တဲ့ PrizePool နဲ့အတူ ရောက်ရှိလာမယ့် PUBG Global Invitational.S

PUBG ကတော့ သူတို့ရဲ့ အကြီးမားဆုံးပြိုင်ပွဲတစ်ခုအဖြစ် PUBG Global Invitational.S ကို လာမယ့် ဖေဖော်ဝါရီ ၅ရက်နေ့ တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပမှာဖြစ်ပါတယ်။ စုစုပေါင်း ၃၂သင်းပါဝင်ယှဉ်ပြိုင်သွားမယ်လို့လည်း သိရပါတယ်။

၈ပတ် ကြာမြင့်မှာဖြစ်တဲ့ ဒီပြိုင်ပွဲရဲ့ PrizePool ကတော့ ဒေါ်လာ ၃.၅ သန်းကျော်ဖြစ်ပြီးတော့ ဒီ့ထက်လည်း များလာနိုင်သေးတယ်လို့လည်း သိရတာကြောင့် PUBG သမိုင်းကြောင်းမှာတော့ PrizePool အမြင့်ဆုံးပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲကိုတော့ Online Event အနေနဲ့ လုပ်မှာ မဟုတ်ဘဲ In Person Event အနေနဲ့လုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ ကစားသမားတွေနဲ့ အသင်းမှာပါလာမယ့်သူတွေအကုန်လုံးကတော့ ပွဲမတိုင်ခင် ၂ပတ် အသွားအလာကန့်သတ်စောင့်ကြည့်ခံရမှာဖြစ်ပါတယ်။ ပြောချင်တာကတော့ ၂ပတ် Quarantine ဝင်ရမှာပေါ့နော်။

ပြိုင်ပွဲမှာတော့ Weekly Survival နဲ့ Weekly Finals ဆိုပြီး အပိုင်း၂ပိုင်းပါမှာဖြစ်ပါတယ်။ အပတ်တိုင်း Weekly Survival ၁၆ပွဲကျင်းပမှာဖြစ်ပြီး ပွဲစဉ်တိုင်းမှာ အနိုင်ရရှိခဲ့တဲ့ သူတွေကတော့ Weekly Finals ကို တက်ရောက်ခွင့်ရမှာဖြစ်သလို ဆုကြေးငွေလည်းရမှာဖြစ်ပါတယ်။ Weekly Finals ကိုတော့ ၁၀ပွဲကျော်ကျင်းပမယ်လို့ သိရပါတယ်။ ပွဲစဉ်တွေအားလုံးပြီးတဲ့အခါ ဆုကြေးငွေအများဆုံးရထားတဲ့အသင်းကိုတော့ Winner အဖြစ် ကြေညာမှာဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် အသင်းတွေကိုတောာ့ တိတိကျကျ မထုတ်ပြန်ထားသေးပေမယ့် နိုင်ငံအလိုက် ပါဝင်မယ့်အသင်းအရေအတွက်ကိုတော့ ထုတ်ပြန်ထားပါတယ်။ ဒါကတော့

North America: 4 Teams
Latin America: 2 Teams
Europe: 7 Teams
Southeast Asia: 5 Teams
South Korea: 4 Teams
China: 6 Teams
Japan: 2 Teams
Chinese Taipei: 2 Teams တို့ဖြစ်ပါတယ်ရှင်။

PrizePool ထဲကိုတော့ In-game Item တွေရောင်းချလို့ရသမျှထဲက ၃၀% ထည့်ပေါင်းသွားမှာဖြစ်တာကြောင့် PUBG PC ကစားသမားတွေအနေနဲ့ Skin လှလှလေးတွေ In Game Item လေးတွေဝယ်ပြီး ဒီပြိုင်ပွဲကို Prize Pool ပိုများလာအောင် Support ပေးလို့ရပါတယ်နော်။ ပါဝင်မယ့် အသင်းအတိအကျကိုတော့ မကြာခင်ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့ သိရတာကြောင့် Up to date သိရအောင် ညီမတို့ရဲ့ Rampage Gaming Media ကို See First လေးလုပ်ပြီး စောင့်ကြည့်ဖို့ မမေ့နဲ့နော်။


“Esports Awards 2020”မနေ့ညမှာဆိုရင်တော့ ၂၀၂၀ ခုနှစ်အတွက် ကျန်ရှိနေတဲ့ Esports Awards ဆုတွေကို ဆက်လက်ကြေငြာပေးနေပြီဖြစ်ပါ...
22/11/2020

“Esports Awards 2020”

မနေ့ညမှာဆိုရင်တော့ ၂၀၂၀ ခုနှစ်အတွက် ကျန်ရှိနေတဲ့ Esports Awards ဆုတွေကို ဆက်လက်ကြေငြာပေးနေပြီဖြစ်ပါတယ်။ အားလုံးစောင့်မျှော်နေကြတဲ့ Player of The Year, Team of The Year, Streamer of The Year စတာတွေလည်း ထွက်ပေါ်လာပြီဖြစ်တာကြောင့် ဘယ်သူတွေက ဆုတွေအသီးသီးရရှိသွားနိုင်မလဲဆိုတာ ကြည့်လိုက်ရအောင်ပါ 💁


21/11/2020

အားလုံးပဲ မင်္ဂလာပါ .... Rampage ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင့် 🙋
ညီမကတော့ "ယွန်း" ပါ 💁

ဒီနေ့မှာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ့်ရဲ့ဝါသနာကိုအရင်းတည်ပြီး အောင်မြင်မှုတွေ‌ရရှိအောင် ကြိုးစားလုပ်ဆောင်နေတဲ့ Bigetron အသင်းရဲ့ နာမည်ကြီး PUBG Mobile Pro Player, Ryzen ရဲ့အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ် 🤗

“Esports Awards 2020 Coach of The Year & Analyst of The Year”၂ ရက်ကြာကျင်းပသွားမယ့် Esports Awards 2020 ကတော့ မနေ့ညကစပြီ...
21/11/2020

“Esports Awards 2020 Coach of The Year & Analyst of The Year”

၂ ရက်ကြာကျင်းပသွားမယ့် Esports Awards 2020 ကတော့ မနေ့ညကစပြီး ဆုတွေကို ကြေငြာပေးနေပြီဖြစ်ပါတယ်။ ဒီထဲမှာမှ ပရိတ်သတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားတဲ့ ဆုတစ်ခုဖြစ်တဲ့ Coach of The Year ကိုတော့ တစ်နှစ်တာလုံးမှာ တောက်လျှောက်လက်စွမ်းတွေပြနိုင်ခဲ့တဲ့ Team Secret ရဲ့ Coach, ကိုရီးယားလူမျိုး HEEN (Lee Seung Gon) ကရရှိသွားတာဖြစ်ပါတယ်။

နောက်တစ်ဆုအနေနဲ့ ပြိုင်ပွဲတွေမှာ ပွဲကြိုသုံးသပ်ချက်တွေ၊ ပွဲပြီးသုံးသပ်ချက်တွေကိုလုပ်ဆောင်ပေးတဲ့ Analyst of The Year ပဲဖြစ်ပါတယ်။ ဒီဆုကိုတော့ Counter Strike ပွဲစဉ်တွေမှာ အမြဲတမ်းမပါမဖြစ် အများရဲ့နှစ်ခြိုက်အားပေးမှုကိုရရှိထားတဲ့ SPUNJ ကရရှိသွားခဲ့တာဖြစ်ပါတယ်။

Esports Awards 2020 ရဲ့ပထမနေ့ပြီးသွားတဲ့နောက်မှာတော့ အားလုံးစောင့်မျှော်နေတဲ့ Team of The Year, Player of The Year, Streamer of The Year စတာတွေကျန်ရှိသေးတာဖြစ်ပါတယ်။ Rampage Gaming Media ကနေ ကျန်ရှ်နေသေးတဲ့ဆုတွေကို အချိန်နဲ့တပြေးညီ ပြန်လည်မျှဝေပေးမှာဖြစ်တာမို့ See 1st လေးလုပ်ပြီး စောင့်ကြည့်လိုက်ကြနော် 🙆



Genesis Esports MLBB ရဲ့ တတိယမြောက်အသင်းသားဖြစ်လာတဲ့ ViViGenesis Esports ရဲ့ အသစ်စတင်ဖွဲ့စည်းနေတဲ့ MLBB အသင်းကတော့ သူတို...
21/11/2020

Genesis Esports MLBB ရဲ့ တတိယမြောက်အသင်းသားဖြစ်လာတဲ့ ViVi

Genesis Esports ရဲ့ အသစ်စတင်ဖွဲ့စည်းနေတဲ့ MLBB အသင်းကတော့ သူတို့ရဲ့ အသင်းကို အားဖြည့်ဖို့အတွက် နောက်ထပ်ကစားသမားတစ်ယောက်ကို ထပ်မံခေါ်ယူလိုက်ပါတယ်။

သူကတော့ တခြားသူမဟုတ်ပါဘူး။ ပရိသတ်တွေရဲ့ ခန့်မှန်းမှုက အခုအချိန်အထိ မှန်နေသေးတယ်လို့ဆိုရမှာပါပဲ။ နောက်တစ်ယောက်က တကယ်ကို ViVi ဖြစ်နေပါတယ်။

ViVi ကတော့ MIB , TCN , Claw esports စတဲ့ အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ အတွေ့အကြုံရှိတဲ့ Player တစ်ယောက် ဖြစ်ပါတယ်။

ViVi အနေနဲ့ Genesis Esports MLBB အသင်းမှာ ဘယ်လောက်အထိ လုပ်ပြနိုင်မလဲ? နောက်ထပ် ကစားသမားတွေကရော ဘယ်သူတွေဖြစ်မလဲ? ပရိသတ်တွေခန့်မှန်းထားသလိုပဲ ဖြစ်လာမှာလား? အသင်းသားတွေ စုံသွားရင်ရော သူတို့အသင်းရဲ့ အခြေအနေက ဘယ်လောက်အထိ ဖြစ်လာနိုင်လဲ စတဲ့ မေးခွန်းတွေအတွက် အဖြေကိုတော့ အတူတူစောင့်ကြည့်လိုက်ရအောင်နော်။


အားလုံးပဲ မင်္ဂလာပါ .... Rampage Gaming Media ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင့် 🙋ဒီနေ့မှာတော့ ညီမက PUBG Mobile Player အမျ...
21/11/2020

အားလုံးပဲ မင်္ဂလာပါ .... Rampage Gaming Media ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင့် 🙋

ဒီနေ့မှာတော့ ညီမက PUBG Mobile Player အများစု စောင့်မျှော်နေကြတဲ့ PUBG Mobile Season 16 RP Week 2 Mission တွေရဲ့ မြန်မာဘာသာပြန်လေးကိုတင်ဆက်ပေးလိုက်ပါတယ် 🤗

“ပွဲစဉ်ဇယားထွက်ရှိလာပြီဖြစ်တဲ့ PUBG Mobile Global Championship 2020”PMGC 2020 အတွက် ပွဲစဉ်ဇယားကတော့ ထွက်ပေါ်လာခဲ့ပြီဖြစ်...
19/11/2020

“ပွဲစဉ်ဇယားထွက်ရှိလာပြီဖြစ်တဲ့ PUBG Mobile Global Championship 2020”

PMGC 2020 အတွက် ပွဲစဉ်ဇယားကတော့ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ စုစုပေါင်း ၂၄ သင်းပါဝင်မှာဖြစ်ပြီး ပထမ ၂ ရက်မှာ Super Weekend အတွက် qualify ဝင်ဖို့ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ကျန်ရှိတဲ့ ၁၆ သင်းဟာဆိုရင် ပွဲစဉ်တွေကို ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဆုံးသတ်မှာတော့ အမှတ်အများဆုံး အသင်းက Champion ဆုကို ဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။

PMGC ပြိုင်ပွဲတွေကို လာမယ့်နိုဝင်ဘာလ ၂၄ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲမှာ စတင်ကစားသွားမှာဖြစ်ပါတယ်။ အဲ့တော့ ကိုယ်အားပေးတဲ့ အသင်း Champion ဆုကို ရရှိနိုင်မလားဆိုတာ စောင့်ကြည့်နိုင်ဖို့အတွက် Live ကြည့်နိုင်မယ့် link ကို Comment မှာ ဖော်ပြပေးလိုက်ပါတယ်။


One Esports MPL Invitational ရဲ့ ပွဲစဉ်ဇယား ထွက်ရှိမနေ့ည ၆နာရီခွဲအချိန်က One Esports MPL Invitational ရဲ့ Draft live ကို...
19/11/2020

One Esports MPL Invitational ရဲ့ ပွဲစဉ်ဇယား ထွက်ရှိ

မနေ့ည ၆နာရီခွဲအချိန်က One Esports MPL Invitational ရဲ့ Draft live ကို ပြုလုပ်ခဲ့ပြီး Champion ၄သင်းကတော့ သူတို့ရဲ့ Bracket မှာ ပါဝင်မယ့်အသင်းတွေကို ကိုယ်တိုင်ရွေးချယ်ခဲ့ပါတယ်။

1. RRQ Hoshi(အင်ဒိုနီးရှား) အသင်းကတော့ EVOS Legends Vs Alter Ego , Omega PH Esports Vs Genlix Aerowolf

2. Bren Esports (ဖိလစ်ပိုင်) အသင်းကတော့ Aurafire Vs Aura PH , ONIC ID Vs ONIC PH

3. Todak (မလေးရှား/စင်္ကာပူ) အသင်းကတော့ Geek Fam ID Vs Bigetron , Resurgence Vs Blacklist International

4. Burmese Ghouls (မြန်မာ) အသင်းကတော့ Orange Louvre Esports Vs EVOS SG , Execration Vs Ronin Esports
စသည်ဖြင့် အသီးသီးရွေးချယ်ခဲ့ကြပါတယ်။

Burmese Ghouls အသင်းက အစပိုင်းမှာကတည်းက Ronin ကို သူတို့ Bracket မှာ မရွေးဘူးလို့ ပြောခဲ့ပေမယ့် နောက်ဆုံးရွေးချယ်မှုအတွက် Burmese Ghouls အလှည့်ရောက်လာတဲ့အခါ Ronin တစ်သင်းတည်းသာ ကျန်တော့တာမို့ Ronin Esports ဟာ Burmese Ghouls နဲ့ တွေ့ဆုံနိုင်ခြေရှိသွားပြီး ၂သင်းထဲက တစ်သင်းသာ တက်နိုင်မယ့် အနေအထားကို ရောက်ရှိသွားတာပဲဖြစ်ပါတယ်။

ဒီလ ၂၇ရက်နေ့မှာ စတင်တော့မှာမို့လို့ အားပေးဖို့ အသင့်ပြင်ထားလိုက်ကြရအောင်နော်။


“Twitch ကနေ Ban ခံလိုက်ရတဲ့ xQc” နာမည်ကြီး Pro Overwatch player တစ်ယောက်လည်းဖြစ် လက်ရှိမှာ Twitch ရဲ့ ထိပ်ဆုံးနေရာမှာရပ်...
19/11/2020

“Twitch ကနေ Ban ခံလိုက်ရတဲ့ xQc”

နာမည်ကြီး Pro Overwatch player တစ်ယောက်လည်းဖြစ် လက်ရှိမှာ Twitch ရဲ့ ထိပ်ဆုံးနေရာမှာရပ်တည်နေတဲ့ Streamer တစ်ယောက်လည်းဖြစ်တဲ့ xQc ဟာဆိုရင် Twitch Rivals Tournament မှာ Fall Guys ကစားရင်း live လွှင့်နေတုန်း တစ်ဖက်အသင်းကို stream-sniped လုပ်ခဲ့တာကြောင့် Twitch ကနေ ban ခံလိုက်ရပြီပဲဖြစ်ပါတယ်။ သူရရှိမယ့် ဆုကြေးငွေတွေကို ပြန်လည်သိမ်းခံလိုက်ရတဲ့အပြင် Twitch Rivals Event ကနေလည်း ၆ လ ban ခံလိုက်ရပါတယ်။

Twitch ဘက်ကနေ သူတို့ရဲ့ player တွေဟာ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့လိုကြောင်း၊ xQc အနေနဲ့ ယာယီ ban ခံလိုက်ရပြီး ဆုကြေးငွေတွေကိုလည်း ဆုံးရှုံးသွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ xQc ဟာဆိုရင်လည်း သူ့အနေနဲ့ Dr.Lupo, Shroud, Tylaer1 တို့အသင်းနဲ့အတူ Final game ကိုရောက်နေပြီဖြစ်ကြောင်း၊ ဒီလုပ်ရပ်ကို မလုပ်ခဲ့သင့်ကြောင်း၊ ပျော်စရာတစ်ခုခုအဖြစ် ဖန်တီးခဲ့ချင်ပေမယ့် ဒါဟာမှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း Twitter ကနေတစ်ဆင့် ပြန်လည်တောင်းပန်ထားထာဖြစ်ပါတယ်။

တကယ်တော့ xQc အနေနဲ့ ခုလို ban ခံရတာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ဒီတစ်ကြိမ်ပါအပါအဝင် စုစုပေါင်း ၄ ကြိမ်ရှိပြီဖြစ်ပါတယ်။ ၂၀၁၉ ဇူလိုင်လမှာ ညစ်ညမ်း video ထုတ်လွှင့်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ၇၂ နာရီပိတ်သိမ်းခံလိုက်ရပါတယ်။ ၂၀၂၀ ဖေဖော်ဝါရီလမှာ n**e Al နဲ့ Connect 4 ကိုကစားခြင်းကြောင့် ဒုတိယအကြိမ်ရပ်ဆိုင်းခံလိုက်ရပြီး ၂၀၂၀ ဇွန်လမှာဆိုရင် မျောက်ဝံနှစ်ကောင်ရဲ့ s*x video ကို မတော်တဆပြသမိခဲ့ခြင်းကြောင့် တတိယအကြိမ် ထပ်မံ ban ခံလိုက်ရတာဖြစ်ပါတယ်။

Twitch မှာ လောင်စိန်အဖြစ် နာမည်ကြီးလူကြိုက်များတဲ့ xQc ဟာဆိုရင် Twitch follower 4.1M နီးပါးရှိပြီး သူ့ရဲ့ stream တိုင်းမှာ average viewer ၄၀,၀၀၀ ကနေ ၆၀,၀၀၀ အထိရှိတာပဲဖြစ်ပါတယ်။ xQc အနေနဲ့ အခုလို ban ခံရတဲ့ကာလမှာ ဘယ်လိုလှုပ်ရှားမှုတွေ လုပ်သွားမလဲဆိုတာကတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။


အားလုံးပဲ မင်္ဂလာပါ .... Rampage ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင့် 🙋Bigetron အသင်းရဲ့ နာမည်ကြီး PUBG Mobile ကစားသမား Ryze...
18/11/2020

အားလုံးပဲ မင်္ဂလာပါ .... Rampage ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင့် 🙋

Bigetron အသင်းရဲ့ နာမည်ကြီး PUBG Mobile ကစားသမား Ryzen ရဲ့အကြောင်း ပြောပြထားတဲ့ video လေးကို ညီမတို့ရဲ့ YouTube Channel မှာကြည့်လို့ရနေပြီပဲဖြစ်ပါတယ် 🤗



https://youtu.be/v8ev91dnQhQ

The Story about PUBG Mobile Pro Player Ryzen expressed in Myanmar (Burmese) language.

ပြည်တွင်းပြည်ပ Esports လောကရဲ့ အံ့အားသင့်ဖွယ် အပြောင်းအရွှေ့များဒီအတောအတွင်းမှာတော့ Esports လောကရဲ့ ပြည်တွင်းပြည်ပ အပြော...
18/11/2020

ပြည်တွင်းပြည်ပ Esports လောကရဲ့ အံ့အားသင့်ဖွယ် အပြောင်းအရွှေ့များ

ဒီအတောအတွင်းမှာတော့ Esports လောကရဲ့ ပြည်တွင်းပြည်ပ အပြောင်းအလဲတွေ အများအပြား တွေ့ကြုံခဲ့ရပြီးပြီးလို့ ထင်ပါတယ်နော်။ တချို့ အပြောင်းအရွှေ့တွေက ပရိသတ်တွေအတွက် သဘောကျစရာဖြစ်ပေမယ့် တချို့ကတော့ စိတ်မကောင်းဖြစ်စရာ ဖြစ်ခဲ့ရပါတယ်။

ဒီမှာတော့ Admin လိုက်မှီသလောက် စုစည်းထားတဲ့ ပြည်တွင်းပြည်ပ အပြောင်းအရွှေ့တွေကို ဖော်ပြပေးချင်ပါတယ်နော်။

ပြည်ပ အပြောင်းအရွှေ့တွေကို အရင်ဖော်ပြရရင်တော့.....

၁. Virtus.pro အသင်းတစ်သင်းလုံး Disband လုပ်လိုက်တာကတော့ အရမ်းကို Shock ရစေခဲ့တဲ့ သတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

၂. အင်ဒိုနီးရှား PUBG လောကရဲ့ နာမည်ကြီး Bigetron ရဲ့ ဒုတိယမြောက်မိန်းကလေး အဖွဲ့ဖြစ်တဲ့ Belletron EPIC အဖွဲ့ကို ဖျက်သိမ်းလိုက်ပါတယ်။

၃. Evil Geniuses အသင်းက RAMZES ကို Inactive Player လုပ်လိုက်တဲ့အခါမှာ SumaiL ကတော့ လွယ်လင့်တကူပဲ သူ့ရဲ့ အသင်း Just Error ထဲ ကောက်ထည့်လိုက်ပါတော့တယ်။

၄. RAMZES တစ်ယောက်တည်းနဲ့ မတင်းတိမ်တဲ့ SumaiL အတွက် Virtus.pro အသင်း Disband လုပ်လိုက်တာကနေ No[o]ne, Solo နဲ့ Zayac တို့ကို အရယူနိုင်ခဲ့ပါတယ်။

၅. Vici Gaming ရဲ့ ကစားသမားဟောင်းဖြစ်တဲ့ Fade ကတော့ EHOME အသင်းရဲ့ အဓိက ကစားသမားဖြစ်ခဲ့တဲ့ Yif ရဲ့ နေရာကို အစားထိုး ဝင်ရောက်ခဲ့ပါတယ်။

၆. Evil Geniuses ရဲ့ လစ်ဟာသွားတဲ့ RAMZES နေရာမှာ Legend of DOTA 2 လို့ ဆိုရလောက်တဲ့ စင်္ကာပူနိုင်ငံသား Iceiceice ကို ခေါ်ယူအစားထိုးနိုင်ခဲ့ပါတယ်။

၇. Vici Gaming ကတော့ သူတို့ရဲ့ Carry ကစားသမားဟောင်း Eurus ကို ပြောင်းရွှေ့ကြေး ယွမ် ၁၅သိန်း(မြန်မာငွေ သိန်း၃ထောင်) နဲ့ 4AM ကို ပြောင်းရွှေ့ခွင့်ပြုလိုက်ပြီး အခုဆိုရင်တော့ Eurus တစ်ယောက် 4AM မှာ ကစားနေပါပြီ။

၈. MLBB ဘက်မှာလည်း Onic Indo ရဲ့ Antimate နဲ့ RRQ အသင်းရဲ့ ကစားသမား LJ တို့ သူတို့ရဲ့ အသင်းတွေနဲ့ လက်တွဲဖြုတ်လိုက်ကြပါပြီ။

ပြည်တွင်းမှာကတော့............

၁. YG အသင်းရဲ့ အသင်းခေါင်းဆောင်ကြီး DK အသင်းကထွက်သွားခဲ့ပြီး အခုတော့ Genesis Esports ရဲ့ Mobile Legend အသင်းသစ်အတွက် ကစားသမားဖြစ်နေပါပြီ။

၂. DK ထွက်ပြီး မကြာခင်မှာပဲ YG အသင်းရဲ့ Carry player(damage dealer) Shine Mt ကလည်း အသင်းကနေထွက်သွားပါတယ်။ သူကတော့ ဘယ်ကိုပြောင်းမှာလဲဆိုတာ အခုထိမသိရသေးပါဘူး။

၃. အချိန်တစ်ခုလောက် အနားယူနေခဲ့ပြီး BG, TCN နဲ့ illusion စတဲ့ အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ Blank တစ်ယောက်ကတော့ အနားယူနေရာကနေ အခုတော့ Genesis Esports ရဲ့ ကစားသမားတစ်ယောက်ဖြစ်လာပါတယ်။

၄. ဆက်တိုက်ဆိုသလိုပဲ Genesis Esports ရဲ့ အပြောင်းအလဲတွေ တွေ့ခဲ့ရပါတယ်။ ဒါတွေကတော့ ပထမဆုံးအနေနဲ့ Xcripted PUBGM အသင်းသားဟောင်းတွေဖြစ်တဲ့ Zero , Zaddy , Kira နဲ့ Ozunu တို့ကို PUBG Mobile Team အတွက် Power နဲ့ တွဲဖက်ကစားဖို့ ခေါ်ယူလိုက်ပါတယ်။ နောက်တစ်ခုကတော့ သူတို့ရဲ့ Original Genesis PUBG Mobile အသင်းအတွက် လစ်ဟာသွားတဲ့ နေရာအတွက် Varkat နဲ့ BigBoss တို့ကို ခေါ်ယူအားဖြည့်ခဲ့ပါတယ်။

၅. လောလောလတ်လတ် နောက်ဆုံးရသတင်းကတော့ BG (MLBB) အသင်းရဲ့ Leader ICE ICE တစ်ယောက် သူ့ရဲ့ Mobile Legend Pro Player ဘဝကနေ အနားယူတော့မယ်ဆိုတာပဲဖြစ်ပါတယ်။

ကဲ အခုဖော်ပြပေးခဲ့တဲ့ အပြောင်းအရွှေ့တွေကို စိတ်တိုင်းကျရဲ့လား။ ဘယ်အပြောင်းအရွှေ့ကို သဘောကျ အားရပြီး ဘယ်ဟာကိုတော့ မကြိုက်ဘူးလဲဆိုတာ ပြောသွားပါဦး။ ဘယ်အပြောင်းအရွှေ့က Rampage ရဲ့ ပရိသတ်တွေကို အံ့အားသင့်စေခဲ့လဲဆိုတာလည်း သိချင်ပါတယ်နော်။


“ပြောင်းလဲမှုတွေနဲ့အတူ ၂၀၂၁ အတွက် အဆင်သင့်ဖြစ်နေပြီဆိုတဲ့ Genesis Esports” နှစ်ကုန်ခါနီးမှာတော့ ပြည်တွင်းပြည်ပ Esports လ...
18/11/2020

“ပြောင်းလဲမှုတွေနဲ့အတူ ၂၀၂၁ အတွက် အဆင်သင့်ဖြစ်နေပြီဆိုတဲ့ Genesis Esports”

နှစ်ကုန်ခါနီးမှာတော့ ပြည်တွင်းပြည်ပ Esports လောကမှာ ကစားသမားအပြောင်းအရွှေ့တွေ စိတ်လာကြတာကို အားလုံးပဲမြင်တွေ့နိုင်မှာပါ။ ဒီထဲကမှ ပြည်တွင်းရဲ့ Esports Organization တစ်ခုဖြစ်တဲ့ Genesis Esports ဟာဆိုရင်လည်း အသင်းတွင်းပြောင်းလဲမှုတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။

Genesis Esports ရဲ့ပြောင်းလဲမှုတွေထဲက တစ်ခုကတော့ Mobile Legends Team ကို စတင်ဖွဲ့စည်းလိုက်တာပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ YG ရဲ့အသင်းခေါင်းဆောင်ဟောင်း DK နဲ့ Blank တို့ကို ခေါ်ယူထားတာဖြစ်ပြီး Roster စာရင်းအတိအကျကိုတော့ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

နောက်တစ်ခုအနေနဲ့ကတော့ Xcripted PUBGM ရဲ့ အသင်းသားဟောင်းတွေဖြစ်တဲ့ Zero, Zaddy, Kira နဲ့ Ozunu တို့ကိုခေါ်ယူပြီး Pro Player တစ်ယောက်ဖြစ်တဲ့ Power နဲ့အတူ PUBG Mobile Team တစ်ခုကိုလည်း ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒါ့အပြင် နဂိုရှိပြီးသား Original Genesis PUBG Mobile Team အတွက် Roster စာရင်းကိုတော့ Varkat, GTR35, Sando, Bigboss, Barrick နဲ့ Leon ဆိုပြီး ကြေငြာထားတာဖြစ်ပါတယ်။

ဒီထဲမှာမှ Badass ကို အသင်းကနေ အနားပေးလိုက်တဲ့ ကိစ္စနဲ့ပတ်သက်လို့လည်း ပရိတ်သတ်တွေကြားမှာ အငြင်းပွားစရာတွေဖြစ်နေခဲ့ပါတယ်။ Genesis အနေနဲ့ Covid ကာလဖြစ်တာမို့ Player တစ်ချို့နဲ့ ပူးပေါင်းဖို့အဆင်မပြေကြောင်း၊ MLBB Team အတွက် roster စာရင်းအပြည့်အစုံကလည်း အချိန်ခဏလောက်တော့ စောင့်ဆိုင်းရမှာဖြစ်ကြောင်း ပရိတ်သတ်တွေကို အသိပေးထားပါတယ်။

ကစားသမားအပြောင်းအလဲတွေအပြင် Genesis အနေနဲ့ သူတို့ရဲ့ Logo ကိုလည်း ပြောင်းလဲပြင်ဆင်မယ့်အပြင် Jersey လည်းထုတ်သွားဖို့ရှိကြောင်း သတင်းကောင်းပါးထားပါတယ်။ ပြောင်းလဲမှုတွေနဲ့အတူ ၂၀၂၁ အတွက် အဆင်သင့်ဖြစ်နေပြီဆိုတဲ့ Genesis Esports အနေနဲ့ တကယ်ပဲ အံ့အားသင့်စရာပြောင်းလဲမှုတွေကို ဖန်တီးလာနိုင်မလားဆိုတာ အားလုံးတူတူ စောင့်ကြည့်အားပေးလိုက်ရအောင်ပါ 💁


Address


Website

Alerts

Be the first to know and let us send you an email when Rampage Gaming Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share