25/07/2023
ပဲခူးတိုင်း အစိုးရရုံးနှင့် အထွေထွေအုပ်ချုပ်ရေးရုံးဝန်းအား M79 ဖြင့် ပစ်ခတ်တိုက်ခိုက်
ဇူလိုင်၂၅၊ ၂၀၂၃
အကြမ်းဖက်စစ်ကောင်စီ၏ ပဲခူးတိုင်းအစိုးရရုံးနှင့် အထွေထွေအုပ်ချုပ်ရေးရုံးဝန်းအား နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပဲခူးမြို့နယ် ပကဖ က ဇူလိုင်လ (၂၄)ရက်နေ့ ည(၉:၁၅)နာရီခန့်တွင် M79 ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထိုပစ်ခတ်မှုကြောင့် အထွေထွေအုပ်ချုပ်ရေးရုံးဝန်း ဂိတ်ပေါက်နား၌ ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရှိရပြီး ထိခိုက်ပျက်စီးမှု အသေးစိတ်ကို ဆက်လက်အတည်ပြုစုံစမ်းဆဲဖြစ်သည်။
အဆိုပါစစ်ဆင်ရေးတွင် ပဲခူးမြို့နယ် ပကဖ တပ်ဖွဲ့ဝင်များမှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။ စစ်ဆင်ရေးသတင်း၊ မှတ်တမ်းဓာတ်ပုံ၊ ရုပ်သံများကို အောက်ဖော်ပြပါ 👇🏻👇🏻👇🏻Telegram Channel https://t.me/bagopdf တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။
#ပဲခူးတိုင်းစစ်ဒေသခွဲ
#ပဲခူးပကဖ
#နန်းထိုက်အောင်