PYISS MEDIA ပြည်သူအသံ

  • Home
  • PYISS MEDIA ပြည်သူအသံ

PYISS MEDIA ပြည်သူအသံ ပြည်သူရဲ့ပြည်သူအသံ

03/02/2022

Civil Defense Police

ကဲ PDFလေးတွေကိုကူညီမဲ့သူတွေဘယ်သူရှိိမလဲကြည့်မယ်
1လှူမယ် ဝတ်ဆုံးလေးတွေ
2လှူမယ် အစားအသောက်တွေ
လှူမယ်စိုလာခဲ့ပါ နော်
တစ်ယောက်၁၀၀၀ ၂၀၀၀ လှူးကြမယ်ဗျာ ဒကယ်လိုအပ်နေလိုအပ်နေလိုနော်

ရထားလက်မှတ်လေးတွေ ရပြီး
၁၀၀၀ ကနေ ၁၀၀၀၀၀၀ လှူလို့ရ
လိုနေသူတစ်ခါထဲပို့ပေတာပါနော်

28/01/2022

လုပ်ကြည်ပါ

08/01/2022

တပ်မ (၆၆) လက်အောက်ခံ ခမရ (၁၀၈) က တပ်ကြပ်တဦး CDM ပြုလုပ်

ဇန်နဝါရီ ၈၊ ၂၀၂၂

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အတွင်းအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ တပ်မ (၆၆) လက်အောက်ခံ ခမရ(၁၀၈) က တပ်ကြပ်တစ်ဦး ပြည်သူ့ကာကွယ်ရေး - ဒီးမော့ဆို (DMO-PDF) ဆီကို CDM လုပ်လိုကြောင်း ဇန်နဝါရီလ ၅ ရက်နေ့က ဆက်သွယ်လာတယ်လို့ DMO-PDF က ဇန်နဝါရီလ ၈ ရက်နေ့က ထုတ်ပြန်ပါတယ်။

တပ်မတော်ထုတ် MA 1 သေနတ်တစ်လက်နဲ့အတူ CDM ဝင်ရောက်လာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မတရားပြုလုပ်နေတာကို လက်မခံနိုင်တဲ့အတွက် ပြည်သူ့ဘက်တော်သားအဖြစ်ရပ်တည်လာတာဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူ့ဘက်တော်သားအဖြစ် ရပ်တည်ဖို့ အခုလို ရှေ့တန်းစစ်မြေပြင်ကနေ အရဲစွန့်ထွက်ပြေးလာခဲ့တဲ့ CDM စစ်သားကို ဒီးမော့ဆို (DMO-PDF) က လူ့အခွင့်ရေးနဲ့ အညီ ကြိုဆိုလက်ခံပြီး လုံခြုံစိတ်ချရတဲ့ နေရာကို စီစဉ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ပြည်သူ့ဘက်တော်သားအဖြစ် ဝင်ရောက်လာတဲ့ CDM စစ်သားကို အမျိုးသားညီညွှတ်ရေးအစိုးရ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထံ ဇန်နဝါရီလ ၇ ရက်နေ့မှာ ကောင်းမွန်စွာ လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။

ပြည်သူ့ဘက်ကို ရပ်တည်လိုတဲ့ အရာရှိအရာခံ တပ်မတော်သားတွေ မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF)က နွေးနွေးထွေးထွေး ကြိုဆိုပြီး ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်မယ်လို့ ပြောပါတယ်။



08/01/2022

ကယားပြည်နယ်၊ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်တွေမှာ ဒီကနေ့ ဇန်နဝါရီ ၈ ရက်က တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြ.....

08/01/2022
05/01/2022
05/01/2022

ရန်ကုန်ရှိ မြို့နယ် ၈ခုတွင် ရဲစခန်းများနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ တပ်စွဲထားသော နေရာများကို ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ဦးသေဆုံးကာ အများအပြားထိခိုက် ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၅

့ရန်ကုန်တိုင်းအတွင်းရှိ လှိုင်၊ ရွှေပြည်သာ၊ မှော်ဘီ၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ တာမွေ၊ ဆိပ်ကြီးခနောင်တို၊ မြောက်ဥက္ကလာ၊ ဒဂုံမြို့သစ်မြောက်ပိုင်း စသည့် မြို့နယ်များတွင် ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ရဲစခန်းများနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ တပ်စွဲထားသော နေရာများကို ဇန်နဝါရီလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ "ပျံလွှားအောင်" စစ်ဆင် ရေးအဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ဦးသေဆုံးကာ အများအပြားထိခိုက် ဒဏ်ရာရခဲ့ကြောင်း ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ထံမှ သိရသည်။

လှိုင်မြို့နယ်
===============

လှိုင်မြို့နယ်၊ အင်းစိန်လမ်းမပေါ်ရှိ လှိုင်ရဲစခန်းဝန်းကို ဇန်နဝါရီလ ၃ ရက်နေ့ ညနေပိုင်းတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်
===================

ရွှေပြည်သာမြို့နယ်၊ အောက်ဂိတ်မှတ်တိုင်အနီး လှော်ကားနယ်မြေရဲစခန်းဝန်းအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်များကို ဇန်နဝါရီလ ၄ ရက် နံနက် ၅ နာရီအချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်များနှင့်အတူ MO7(Eagle)မှ YUG Army အဖွဲ့ဝင်များက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရသည်။

မှော်ဘီမြို့နယ်
===============

မှော်ဘီမြို့နယ်၊ ယင်းတိုက်ပင်ကျေးရွာအုပ်စု၊ သဲဖြူကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရောက်ရှိလာစဉ် ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၈ နာရီ ၃ဝမိနစ်ခန့်တွင် နယ်မြေခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့်အတူ ACPLF အဖွဲ့နှင့် မှော်ဘီရင်သွေးတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းပြီး ထိခိုက်သေဆုံးမှု အခြေအနေမသိရှိရသေးကြောင်း ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ထံမှ သိရသည်။

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်
======================

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဇန်နဝါရီလ ၄ ရက်နေ့၊ နံနက် ၁၁ နာရီ ၃ဝမိနစ်တွင် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်များက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေမသိရှိရသေးကြောင်း ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ထံမှ သိရသည်။

တာမွေမြို့နယ်
===============

တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ၏ စီးပွားရေး ဒေါက်တိုင်တစ်ခုဖြစ်သည့် MMTM စက်သုံးဆီအရောင်းဆိုင်ကို ဇန်နဝါရီလ ၄ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရွှေတဂုံ PF တပ်ဖွဲ့ဝင်များက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တာမွေမြို့နယ်၊ ပုသိမ်ညွှန့်ရပ်ကွက်နှင့် မလွှာကုန်းဘူတာ လူကူးကုန်းကျော်တံတား အောက်ရှိ ရထားသံလမ်းအနီး နေရာယူထားသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ဇန်နဝါရီ ၄ ရက်နေ့ ည ၇ နာရီ ၃ဝမိနစ်ခန့်တွင် ပြည်သူ့ ကာကွယ် ရေးအဖွဲ့များဖြစ်သည့် ACPLF အဖွဲ့၊ မှော်ဘီတော်လှန်ရေးအင်အားစုနှင့် Bahan PDF Anonymous Force အဖွဲ့ဝင်များ ပူးပေါင်းကာ ဗုံး၂ ဆင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းကြောင်း ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ထံမှ သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်
=====================

ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ စီးပွားရေးဒေါက်တိုင်တစ်ခု ဖြစ်သည့် MyTel ဆက်သွယ်ရေးတာဝါတိုင်ကို ဇန်နဝါရီလ ၄ ရက်နေ့ ညနေ ၆ နာရီ ၃ဝမိနစ်ခန့်တွင် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များနှင့် MDF တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်
======================

မြောက်ဥက္ကလာပမြို့နယ်၊ ၂ ဈေးအနီးရှိ အုပ်ချုပ်ရေးမှူးရုံးတွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဇန်နဝါရီလ ၅ ရက် နံနက် ၅ နာရီခန့် တွင် နယ်မြေခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်များနှင့် MO7(Eagle)မှ ဂဠုန်နှင့်စွန်ရဲ အဖွဲ့ဝင်များက ၂ ကြိမ် ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲ ၃ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်
========================

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ အမှတ် ၂ လမ်းနှင့် ကျန်စစ်သားလမ်းအနီးရှိ ရထား သံလမ်းချောင်းကူးတံတားကို ဇန်နဝါရီလ ၅ ရက် နံနက် ၆ နာရီခန့်တွင် ACPLF အဖွဲ့ဝင်များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်များ၏ ထောက်ပို့ရထားများ အသုံးပြု၍ မရတော့ကြောင်း ရန်ကုန်တိုင်း စစ်ဒေသ ခွဲကွပ်ကဲရေး အဖွဲ့ထံမှ သိရသည်။

Photo - Reuters

05/01/2022
05/01/2022

#ယနေ့ထုတ်သတင်းစာ_သတင်း

◾ မန္တလေးကျောက်ဝိုင်းအတွင်း ပေါက်ကွဲမှုဖြစ်၊ တစ်ဦးသေဆုံး

မန္တလေးမြို့ မဟာအောင်မြေ မြို့နယ် ၃၉ လမ်းနှင့် လမ်း ၄၀ ကြား၊ ၈၈ လမ်းနှင့် ၈၉ လမ်းကြားရှိ မဟာအောင်မြေ ကျောက်စိမ်း ကျောက်မျက်ရောင်းဝယ်ရေးစခန်း (ကျောက်ဝိုင်း)အတွင်း ဇန်နဝါရီ ၄ ရက် နံနက် ၇ နာရီခွဲက ပေါက်ကွဲမှု နှစ် ကြိမ်ဖြစ်ပွားခဲ့ပြီး ကျောက်ဖြတ်ခုံတစ်ခုအနီး၌ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းပေါက်ကွဲမှုသည် ကျောက်ဝိုင်းအတွင်း၌ ဒုတိယအကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူသေဆုံးမှုမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ မန္တလေးကျောက်ဝိုင်းဝန်းကျင်အနီး ငါးကြိမ်ထက်မနည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

ဇန်နဝါရီ ၄ ရက် နံနက် ၂ နာရီက မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ရုံးပေါင်းစုံဝင်းအတွင်းရှိ ဧည့်ရိပ်သာ၊ နံနက် ၇ နာရီ က စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးအတွင်း၊ နံနက် ၁ နာရီက ပဲခူးတိုင်းဒေသကြီး က၀မြို့ သပြုကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး နေအိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ထို့ပြင် ဇန်နဝါရီ ၃ ရက်က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အိမ်တော်ရာဘုရားအနီး သီရိဟေမာအရှေ့ရပ်ကွက်ရုံးနှင့် အမရပူရမြို့နယ် ငယ်တိုးကျေးရွာ မြင်းလှည်းဂိတ်ဈေးတန်းအနီး၊ ဧရာ၀တီတိုင်းဒေသကြီး ဇလွန်မြိုနယ် လျှပ်စစ်ရုံးတွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်းသိရပြီး ကရင်ပြည်နယ် ဘားအံမြို့ တောင်ကလေးနှစ်သစ်ကူး ကားရပ်နားကွင်းတွင်လည်း ပေါက်ကွဲမှုဖြစ်ပွားကာ ကားအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် တကူကျေးရွာရှိ ရဲစခန်းလည်း ဖျက်ဆီးခံရကြောင်း သိရသည်။

သတင်း - အလျင်း
ဓာတ်ပုံ - CJ

စံတော်ချိန်ဝက်ဘ်ဆိုက် - http://sdtimedaily.com/
စံတော်ချိန်ယူကျူ့ - https://youtube.com/c/TheStandardTimeTVFreeToAir
စံတော်ချိန်ဗိုက်ဗာ - https://tinyurl.com/y5vtkrh7
စံတော်ချိန်တယ်လီဂရမ် - https://t.me/sdtimedaily

05/01/2022

#ယနေ့ထုတ်သတင်းစာ_သတင်း

◾ လေးကေ့ကော်နှင့် ဖလူး ဒေသခံပြည်သူ ၁၀၀၀ ခန့် ထိုင်းဘက်သို့ ထပ်မံစစ်ရှောင်

မြ၀တီမြို့၏ တောင်ဘက် လေးကေ့ကော်နှင့် ဖလူးကြီးရွာအနီးတွင် ဇန်နဝါရီ ၃ ရက် ညနေပိုင်းတိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၁၀၀၀ ခန့် ထိုင်းဘက်ခြမ်းသို့ ထပ်မံတိမ်းရှောင်နေကြကြောင်း သိရသည်။

နံနက်ပိုင်းတွင် လက်နက်ကြီးများကျရောက်ကာ တိုက်ပွဲ ပိုမိုပြင်းထန်လာသည့်အတွက် ညနေ ၃ နာရီခွဲခန့်မှစ၍ သောင်ရင်းမြစ်ကိုကူးကာ ထိုင်းဘက်သို့ တိမ်းရှောင်ခဲ့ကြကြောင်း သိရသည်။

ထိုသို့တိမ်းရှောင်ကြရာတွင် ဇန်နဝါရီ ၂ ရက်နှင့် ဇန်နဝါရီ ၃ ရက် နံနက်ပိုင်းက ထိုင်းဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းမှတစ်ဆင့် နေရပ်ပြန်လာသူများလည်း ပါဝင်ကြောင်း သိရသည်။

မြန်မာစစ်ရှောင်များသည် ထိုင်းဘက်ခြမ်းတွင် ဖွင့်လှစ်ထားသည့် မဲ့ကိုကင်းယာယီစစ်ရှောင်စခန်း၌ သွားရောက်နေထိုင်ကြသူများရှိသကဲ့သို့ နှစ်နိုင်ငံခြား သောင်းရင်းမြစ် ကမ်းနံဘေးတွင် တိမ်းရှောင်နေထိုင်သူများလည်းရှိကြောင်းသိရသည်။

သတင်း - တောက်ထွန်းနီ
ဓာတ်ပုံ - KNN

စံတော်ချိန်ဝက်ဘ်ဆိုက် - http://sdtimedaily.com/
စံတော်ချိန်ယူကျူ့ - https://youtube.com/c/TheStandardTimeTVFreeToAir
စံတော်ချိန်ဗိုက်ဗာ - https://tinyurl.com/y5vtkrh7
စံတော်ချိန်တယ်လီဂရမ် - https://t.me/sdtimedaily

05/01/2022

#ယနေ့ထုတ်သတင်းစာ_သတင်း

◾ နမ့်ခမ်း မြို့မဈေးအတွင်း ပစ်ခတ်မှု နှစ်ဦးသေဆုံး

ရှမ်းပြည်နယ်(မြောက်ပိုင်း)နမ့်ခမ်းမြို့မဈေးအတွင်း ဇန်နဝါရီ ၄ ရက် မွန်းလွဲ ၁ နာရီခွဲဝန်းကျင်က ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် အမျိုးသားနှစ်ဦးသေဆုံးကြောင်း သိရပြီး ဈေးဆိုင်များ ပိတ်သိမ်းခဲ့ရကြောင်းလည်း သိရသည်။

နမ့်ခမ်းမြို့မဈေးသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကလည်း ငါးရက်ကြာပိတ်ထားခဲ့ဖူးကြောင်း သိရသည်။

သတင်း - အလျင်း
ဓာတ်ပုံ - CJ

စံတော်ချိန်ဝက်ဘ်ဆိုက် - http://sdtimedaily.com/
စံတော်ချိန်ယူကျူ့ - https://youtube.com/c/TheStandardTimeTVFreeToAir
စံတော်ချိန်ဗိုက်ဗာ - https://tinyurl.com/y5vtkrh7
စံတော်ချိန်တယ်လီဂရမ် - https://t.me/sdtimedaily

05/01/2022



◾ မြန်မာသို့လာရောက်မည့်ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်ရမည်မဟုတ်ဟုဆို

နစက၏ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့လာရောက်မည့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်၏ ဇန်နဝါရီ ၇ ရက်နှင့် ၈ ရက်ခရီးစဉ်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ပေးမည်မဟုတ်ကြောင်း နစက၏ ဒု-ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA သတင်းဌာနသို့ ပြောဆိုထားသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရနိုင်၊ မရနိုင် RFA သတင်းဌာန၏ မေးမြန်းမှုအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ (ဇန်နဝါရီ ၄ ရက်) တွင် ပြန်လည်ဖြေဆိုထားခြင်းဖြစ်သည်။

ညှိနှိုင်းတွေ့ဆုံရေးတွင် နိုင်ငံရေးပါတီနှင့်ပတ်သက်၍ ပါတီကိုကိုယ်စားပြုသူများနှင့်သာ တွေ့ဆုံဆွေးနွေး ခွင့်ရမည်ဖြစ်ပြီး တရားဥပဒေရင်ဆိုင်နေရဆဲပုဂ္ဂိုလ်များနှင့် တွေ့ဆုံခွင့်ပေးရန် အကန့်အသတ်ရှိကြောင်း၊ ပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့်လည်း တွေ့ဆုံပေးရန် အကန့်အသတ်ရှိသည်ဟု ဖြေကြားခဲ့ကြောင်း RFA သတင်းကဆိုသည်။

ဘရူနိုင်းနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသည့် သက်တမ်းကုန်ဆုံးပြီးနောက် ကမ္ဘောဒီးယားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားသည့် နိုင်ငံဖြစ်သည်။

ဒီဇင်ဘာ ၃၁ ရက်တွင် ရန်ကုန်မြို့ရှိ ကမ္ဘောဒီးယားသံရုံးအနီး ဗုံးပေါက်ကွဲမှုများရှိခဲ့သော်လည်း ဝန်ကြီးချုပ်ဟွန်ဆန်၏ မြန်မာခရီးစဉ်က အပြောင်းအလဲမရှိကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေး ဝန်ကြီးဌာနမှပြောခွင့်ရပုဂ္ဂိုလ် Koy Kuong က သတင်းဌာနများကိုပြောကြားထားသည်။

ကိုးကား - RFA
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
ဓာတ်ပုံ - SCMP.com

စံတော်ချိန်ဝက်ဘ်ဆိုက် - http://sdtimedaily.com/
စံတော်ချိန်ယူကျူ့ - https://youtube.com/c/TheStandardTimeTVFreeToAir
စံတော်ချိန်ဗိုက်ဗာ - https://tinyurl.com/y5vtkrh7
စံတော်ချိန်တယ်လီဂရမ် - https://t.me/sdtimedaily

05/01/2022
05/01/2022



◾ မုံရွာမြို့၌ လှည့်ကင်းကားတစ်စီးမိုင်း‌ဖောက်ခွဲခံရပြီး ထိခိုက်သေဆုံးမှုများရှိဟုဆို

မုံရွာမြို့၊ အောင်သပြေလမ်းနှင့် အာဇာနည်လမ်းဆုံ၌ ယနေ့ (ဇန်နဝါရီ ၅ ရက်) နံနက်ပိုင်းတွင် အဝေးထိန်း မိုင်းနှစ်လုံးဖြင့်ဖောက်ခွဲမှုများဖြစ်ပေါ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များထိခိုက်သေဆုံးမှုများရှိကြောင်း အဆိုပါမြို့နယ်နေသူများထံမှသိရသည်။

အဆိုပါအဝေးထိန်းမိုင်းနှစ်လုံးအားလုံခြုံရေးတပ်ဖွဲ့၀င်များက ရှင်းလင်းနေစဉ် နံနက် ၈ နာရီ ၅၀ မိနစ်တွင် အဝေးထိန်းမိုင်းတစ်လုံး၊ နံနက် ၉ နာရီ ၁၇ မိနစ်တွင် အဝေးထိန်းမိုင်းတစ်လုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည်။

ယင်းပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့၀င်သုံးဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိ‌ကြောင်း၊ အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲမှုမှာ ဒေသခံကာကွယ်ရေးအဖွဲ့ဖြစ်သည့် DRPA က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်

စံတော်ချိန်ဝက်ဘ်ဆိုက် - http://sdtimedaily.com/
စံတော်ချိန်ယူကျူ့ - https://youtube.com/c/TheStandardTimeTVFreeToAir
စံတော်ချိန်ဗိုက်ဗာ - https://tinyurl.com/y5vtkrh7
စံတော်ချိန်တယ်လီဂရမ် - https://t.me/sdtimedaily

05/01/2022



◾ မြန်မာ့အရေးအဖြေရှာရန် အင်ဒိုနီးရှားနှင့်ကမ္ဘောဒီးယားခေါင်းဆောင်နှစ်ဦး အလေးပေးဆွေးနွေး

မြန်မာ့အရေးအတွက်အဖြေရှာရန် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနှင့် ကမ္ဘာဒီးယားဝန်ကြီးချုပ်ဟွန်ဆန်တို့က ယမန်နေ့(ဇန်နဝါရီ ၄ ရက်)တွင်ပြုလုပ်သည့် တယ်လီဖုန်းမှတစ်ဆင့်ဆက်သွယ်ဆွေးနွေးမှုအတွင်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

နှစ်နိုင်ငံခေါင်းဆောင်များက မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေမှုများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သင့်လျော်သောနည်းလမ်းများရှာဖွေရာတွင် မြန်မာနိုင်ငံအား ကူညီပေးရန် အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများကို အလေးထားဆောင်ရွက်သွားရန် အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့သည်။

ဟွန်ဆန်နှင့် ဂျိုကိုဝီတို့ကြား ဆွေးနွေးပွဲသည် မြန်မာ့အရေးနှင့် ပြင်ပ ပဋိပက္ခများအတွက်အာဆီယံအတွင်း စည်းလုံးညီညွတ်မှုရှိကြောင်းပြသသည့် သံတမန် ဆက်ဆံရေးပုံစံတစ်ခုဖြစ်ကြောင်း ကမ္ဘောဒီးယားဒီမိုကရက်တစ်အင်စတီကျုကို ပူးတွဲတည်ထောင်သူ ရိုဗန်နက် က ပြောသည်။

အင်ဒိုနီးရှားသည် ယခင်က ဒေသတွင်း ပဋိပက္ခများတွင် စေ့စပ်ညှိနှိုင်းသူနှင့် ကူညီဆောင်ရွက်ပေးသူအဖြစ် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့၍ ဒေသတွင်း ကိစ္စရပ်များအတွက် ဆွေးနွေးမှုတိုင်းအတွက် အင်ဒိုနီးရှား၏ ပါဝင်မှုမှာ အရေးပါသောအခန်းကဏ္ဍတွင်ရှိနေကြောင်းဗန်နက်က ပြောသည်။

လက်ရှိတွင်ဟွန်ဆန်၏ မြန်မာနိုင်ငံခရီးစဉ်အဆင်ပြေချောမွေ့ရေးနှင့် ရလဒ်ကောင်းများရရှိရန် အင်ဒိုနီးရှား၏ ကျောထောက်နောက်ခံ အပြည့်ရှိရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

“ဒါ့အပြင်ဟွန်ဆန်ဟာ မြန်မာနိုင်ငံအကျပ်အတည်းအတွက် အဖြေရှာဖို့ အာဆီယံခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ပြီး မြန်မာကိုသံတမန်ရေးအရ ကန့်ကွက်နိုင်ဖွယ်ရှိတဲ့အာဆီယံ အဖွဲ့ဝင်အချို့ရဲ့ မကျေနပ်မှုတွေကြားမှာပဲ သူ့ရဲ့အားထုတ်မှုတွေကို လူတွေကိုပြချင်နေပါတယ်။” ဟုဗန်နက်ကဆိုသည်။

ကမ္ဘောဒီးယားသည် ပြီးခဲ့သည့်ဇန်နဝါရီ ၁ ရက်က တတိယအကြိမ်မြောက် အာဆီယံဥက္ကဋ္ဌ ဖြစ်လာခဲ့ပြီး စိန်ခေါ်မှုများကို လက်တွဲဖြေရှင်းခြင်းအတွက် ယခုနှစ် ဆောင်ပုဒ်အဖြစ်“ASEAN ACT” ဟုရွေးချယ်ထားသည်။

ဝန်ကြီးချုပ်ဟွန်ဆန်သည် အာဆီယံဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၇ ရက် နှင့် ၈ ရက်တို့တွင်လာရောက်၍ မြန်မာ့အရေးဆွေးနွေးမည်ဖြစ်သည်။

သတင်း- စံတော်ချိန်ဒစ်ဂျစ်တယ်
ကိုးကား- The Phanom Penh Post

စံတော်ချိန်ဝက်ဘ်ဆိုက် - http://sdtimedaily.com/
စံတော်ချိန်ယူကျူ့ - https://youtube.com/c/TheStandardTimeTVFreeToAir
စံတော်ချိန်ဗိုက်ဗာ - https://tinyurl.com/y5vtkrh7
စံတော်ချိန်တယ်လီဂရမ် - https://t.me/sdtimedaily

05/01/2022

ဖရူဆိုမှာ စစ်တပ်က မီးရှို့သတ်ဖြတ်လိုက်တဲ့ ပြည်သူ ၃၅ ဦးကျော်မှာ ရူပဗေဒပထမနှစ်ကျောင်းသူ ပကူးမိုး ပါဝင်

ရန်ကုန် | ဇန်နဝါရီ ၂

ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ရက်နေ့က အာဏာသိမ်းစစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့လူပေါင်း၃၀ကျော်ကို မီးရှို့သတ်ဖြတ်ခဲ့ပြီး အဆိုပါသတ်ဖြတ်ခံရသူတွေထဲမှာ ပြည်ထောင်စုတိုင်း ရင်းသားလူငယ်များစွမ်းရည်ဖွံဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)က ရူပဗေဒပထမနှစ်ကျောင်းသူ ပကူးမိုးလည်းပါဝင်သွားခဲ့တယ်လို့ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်) ကျောင်းသားများသမဂ္ဂက ဆိုပါတယ်။

အဆိုပါမီးရှို့သတ်ဖြတ်ခံရမှုထဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူ အညီတွေပေးနေတဲ့ Save the Children ကဝန်ထမ်း၂ ဦးလည်းပါဝင်သွားခဲ့သလို ကလေးသူငယ်တွေနဲ့အမျိုးသမီးလည်းပါဝင်ပါတယ်။

ဒေသခံကာကွယ်ရေးတပ်ဖြစ်တဲ့ KNDFကတော့ မီးရှို့အသတ်ခံရသူတွေဟာ စစ်ဘေးရှောင် အရပ်သားပြည်သူတွေဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီကတော့ စစ်ကောင်စီတပ်တွေရဲ့ ဖရူဆို မီးရှို့သတ်ဖြတ်မှုကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

အခုလိုမီးရှို့အသတ်ခံရတဲ့အရပ်သားတွေအထဲ ရူပဗေဒပထမနှစ်ကျောင်းသူ ပကူးမိုးလည်းပါဝင်သွားခဲ့တဲ့အတွက် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်) ကျောင်းသားများသမဂ္ဂ က ဝမ်းနည်းကြောင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ-စစ်တပ်က မီးရှို့ သတ်ဖြတ်မှု ခံလိုက်ရသည့် ရူပဗေဒပထမနှစ်ကျောင်းသူ ပကူးမိုး။

05/01/2022

စစ်တပ်ဟာ အဲဒီ failed mission ကို အခုထိ အဟုတ်ထင်ပြီး တစိုက်မတ်မတ် လုပ်နေတာဘဲဖြစ်တယ်။

05/01/2022

အားလုံးရဲ့ ဆန္ဒ

05/01/2022

ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ
=========================
(၅.၁.၂၀၂၂)
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိသည်။
သတင်းအချက်အလက်များအရ(၄.၁.၂၀၂၂) ရက်နေ့တွင်
စစ်ကောင်စီတပ်ဖွဲ့ဝင် - ၇၇ ဦး သေဆုံးပြီး
ထိခိုက်ဒဏ်ရာရရှိသူ - ၂၆ ဦး အထိ ခုခံတိုက်ခိုက်နိုင်ခဲ့သည်။
စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက တိုင်းဒေသကြီးများတွင် ဖြစ်ပွားပေါ်ပေါက်လျက်ရှိသည်။
မှတ်ချက်။ ။မြေပြင်တွင် ယခုတွေ့ရသည့် သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွားနိုင်ပါသည်။ ။

05/01/2022

လာမယ့်ရက်ပိုင်းအတွင်း ကမ္ဘောဒီးယား သက်တော်ရှည် ဝန်ကြီးချုပ် ဟွန်ဆန် မြန်မာပြည်ကို ရောက်လာပါတော့မယ်။ သက်တ.....

05/01/2022

ကာတွန်း-နာနတ်သီး

Address


Telephone

+959753634354

Website

Alerts

Be the first to know and let us send you an email when PYISS MEDIA ပြည်သူအသံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share