Ranm Puu ရမ်ပူ

  • Home
  • Ranm Puu ရမ်ပူ

Ranm Puu ရမ်ပူ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ranm Puu ရမ်ပူ, News & Media Website, .

တစ်စ တစ်စ ကြီးမားလာသော အမှိုက်ပုံကြီးမြစ်ကြီးနားမြို့ ရမ်ပူ ရပ်ကွက် အပိုင်း 24 အောင်မင်ဂလာ လမ်းမကြီးဘေး ကြံခိုင်ရေးရုံးက...
26/07/2023

တစ်စ တစ်စ ကြီးမားလာသော အမှိုက်ပုံကြီး

မြစ်ကြီးနားမြို့ ရမ်ပူ ရပ်ကွက် အပိုင်း 24 အောင်မင်ဂလာ လမ်းမကြီးဘေး ကြံခိုင်ရေးရုံးကြီးအနီး

ထ ၁ မြစ်ကြီးနားမြို့
16/07/2023

ထ ၁ မြစ်ကြီးနားမြို့

ရမ်ပူက အမျိုးတွေ သတိရှိကြပါ
29/08/2022

ရမ်ပူက အမျိုးတွေ သတိရှိကြပါ

02/06/2022
အတုတွေ မြစ်ကြိးနား ရောက်နေပြီသတိရှိကြပါ ငွေကိုသေချာ စစ်ယူကြပါ အမျိုးတွေ
28/05/2022

အတုတွေ မြစ်ကြိးနား ရောက်နေပြီ
သတိရှိကြပါ ငွေကိုသေချာ စစ်ယူကြပါ အမျိုးတွေ

25/04/2022

မြစ်ကြီးနားတွင် အမျိုးသားနှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

မြစ်ကြီးနား - ဧပြီ ၂၄၊ ၂၀၂၂။

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် နယ်မြေ ၁၅ တွင် ယနေ့ မွန်းတည့် ၁၂ နာရီခန့်က အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်ခတ် ခံခဲ့ရကြောင်းသိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသည့် အမျိုးသားနှစ်ဦးမှာ အခြေအနေစိုးရိမ်ရပြီး အမည်မသိအဖွဲ့ မှ လာရောက်ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ရပ်ကွက်နေပြည်သူတစ်ဦးက The 74 Media ကို ပြောသည်။

“ဒဏ်ရာရတဲ့ သူနှစ်ယောက်ကို ဆေးရုံခေါ်သွားတယ်။ ထိတဲ့သူက နယ်ကလာပြီး စီးပွားလာလုပ်သူ။ တစ်ခါတည်း သေမယ်ထင်တယ်။ အခြေအနေက အသံတောင် မကြားလိုက်ရဘူး ဆိုတော့ အသက်ပျောက်သွားတယ်ထင်တယ်။” ဟုပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ခေမာသီရိ လမ်းသွယ် ၁၃ နဲ့ ပြည့်ဝချမ်းသား ဘုန်းကြီးကျောင်း အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးရေးတင်းကြပ်လျက်ရှိကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

“ပြည့်ဝချမ်းသာ ဘုန်းကြီးကျောင်းတစ်ဝိုက် မှာ တစ်နေရာ သုံးလေးယောက် အခုထိ စောင့်နေကြတယ်။ မနက်က အိမ်တစ်အိမ်ကို သတင်းရလို့ ဝင်စစ်တာ။ ပစ်ခတ်ကြတာ နှစ်ယောက် သေတယ်လို့ကြားတယ်။ သေချာ မေးလို့မရသေးဘူး။ သတင်းရလို့ ဆိုလား စစ်တာ။ စစ်သားတွေ ဒေါက်ထောက်ကြည့်နေတာ အခုထိရှိသေးတယ်။” ဟုပြောသည်။

မြစ်ကြီးနား ရွှေညောင်ပင်ရပ်ကွက်မှ စစ်ကောင်စီအာဏာသိမ်းပြီးနောက် ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးကိုလည်း မတ်လ ၂ ရက်နေ့တွင် အမည်မသိ သေနတ်သမားက ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

29/03/2022
24/3/2022 ည ရမ်ပူ မီးလောင်မှု
25/03/2022

24/3/2022 ည ရမ်ပူ မီးလောင်မှု

မြစ်ကြီးနား ရမ်ပူရပ်ကွက်၌ လူမနေသည့် နေအိမ် တစ်လုံး မီးလောင်

EPN
မြစ်ကြီးနား၊ မတ် ၂၄

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်၌ ယနေ့ည ၈ နာရီး ၅၀ မိနစ် အချိန်ခန့်က လူမနေသည့် နေအိမ် တစ်လုံး မီးလောင်ခဲ့သည်ဟု သိရသည်။

ယင်း မီးလောင်မှုကြောင့် ရမ်ပူရပ်ကွက်၊ နယ်မြေ(၂၁)၊ လမ်းသွယ်(၂၄)၊ ထွန်းထွန်းတောက်လမ်းကြားရှိ (၁၅x၂၀) ပေခန့်ရှိ သွပ်မိုး၊ ထရံကာ၊ မြေစိုက် အိမ်(၁)လုံး မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ပြီး အဆိုပါ မီးလောင်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး တာဝန်ရှိသူ တစ်ဦးက ယခုကဲ့သို့ ဆိုသည်။

"အိမ်ခြေယာမဲ့ ဒါမှမဟုတ် တစ်စုံတစ်ဦးတို့က အဲ့ဒီနေအိမ်မှာ ဝင်ရောက်နေထိုင်နေရာမှ ဖယောင်းတိုင်မီးကတဆင့်အနီးရှိ ထရံသို့ မီးကူးစက် လောင်ကျွမ်းသွားတာ ဖြစ်နိုင်တယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆက်လက် စုံစမ်း စစ်ဆေးနေပါတယ်"ဟု ၎င်း က ပြောပြသည်။

မီးလောင်မှု ဖြစ်ပွားရာသို့ မီးသတ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့်အတူ မီးသတ်ယာဉ်(၂)စီး၊ ရေသယ် ယာဉ်(၂)စီးတို့က ဖြစ် သွားရောက်ငြိမ်းသတ်ခဲ့ရာ အုပ်ချုပ်ရေးအဖွဲ့နှင့်ပတ်ဝန်းကျင်နေထိုင်သူများက ဝိုင်းဝန်း ငြိမ်းသတ်ခဲ့ကြရာ မိနစ်ပိုင်းအတွင်း မီးလုံးဝ ငြိမ်းသတ်နိုင်ခဲ့ကြသည်ဟု သိရသည်။

မီးလောင်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာမှ စုံစမ်းဖော်ထုတ်ကာ ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားနိုင်ရေး ဆောင်ရွက်နေဆဲ ဖြစ်သည်။

ပိုင်ကြီး

03/03/2022

မြစ်ကြီးနား ရွှေညောင်ပင်အုပ်ချုပ်ရေးမှူးအား လူငယ်နှစ်ဦးမှ သေနတ်ဖြင့် လုပ်ကြံသွား

EPN
မြစ်ကြီးနား၊ မတ် ၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရွှေညောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးအား မတ်လ ၂ရက်နေ့ ညနေ ၅နာရီ ၁၀ မိနစ်အချိန်ခန့်တွင် ၎င်းနေအိမ်အရှေ့၌ ထိုင်နေစဉ် အမည်မသိလူငယ်နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံသွားကြောင်း သိရသည်။

ရွှေညောင်ပင်ရပ်ကွက် အုပ်ချုပ်မှူးသည် ၎င်း၏ နေအိမ် အိမ်ရှေ့၌ ထိုင်နေစဉ် အမည်မသိလူငယ်နှစ်ဦးက ဆိုင်ကယ်ဖြင့် လာရောက်ပြီး သေနတ်နှင့် ပစ်ခတ် လုပ်ကြံသွားကြောင်း ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

"ရွှေညောင်ပင် နယ်မြေ ၈ သူ့အိမ်ရှေ့မှာ ထိုင်နေတာ ဆိုင်ကယ်တစ်စီးနဲ့ အင်္ကျီအနက်ရောင်ဝတ်ပြီး မတ်စ်အ‌နက်ရောင် တပ်ထားတဲ့ အမည်မသိ လူငယ်နှစ်ဦး လာရောက်ပြီး လည်ပင်းကို သေနတ်နဲ့ တည်ပစ်သွားတာ အခုဆေးရုံမှာ ဆုံးသွားပြီ" ဟု အမည်မဖော်လိုသူ ‌ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

အမည်မသိ လူငယ်နှစ်ဦး၏ လုပ်ကြံမှုကြောင့် ယနေ့ သေဆုံးခဲ့သည့် ရွှေညောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် ရပ်/ကျေး တာဝန်ထမ်းဆောင်သည်မှာ မကြာသေးကြောင်း သိရသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ရပ်/ကျေးများတွင် ယင်းကဲ့သို့ လုပ်ကြံသတ်ဖြတ်ခြင်းကြောင့် နှစ်ဦး သေဆုံးခဲ့ပြီ ဖြစ်သည်။

ပိုင်ကြီး

10/02/2022

ခေမာသီရိရှိ နယ်မြေရဲစခန်း နှင့် မီးပွိုင့်အနီး အဝေးထိန်းဖောက်ခွဲသည့် မိုင်းပေါက်ကွဲမှုကြောင့် လူငယ်နှစ်ဦး မိုင်းစထိမှန် ဒဏ်ရာရ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၉

မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်ရှိ နယ်မြေခံ ရဲစခန်း နှင့် မီးပွိုင့်အနီးတွင် ယနေ့ ညနေ ၅ နာရီခွဲ အချိန်ခန့်က အဝေးထိန်း ရီမု မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် လူငယ်နှစ်ဦး မိုင်းစထိမှန် ဒဏ်ရာရ ရှိသွားကြောင်း သိရသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးအား သက်ဆိုင်ရာမှ ဆေးရုံသို့ ပို့ဆောင်ကုသမှုပေးထားကြောင်း သိရသည်။

"ညနေ ၅နာရီခွဲလောက်ရှိမယ် အုံးဆိုတဲ့ အသံကျယ်ကြီးကြားလိုက်တယ် ခေမာသီရိ မီးပွိုင့်ဒေါင့်နားမှာ ကွဲတာ လမ်းပိတ်ထားတဲ့ဘက်ပေါ့၊ လူငယ်အမျိုးသားနှစ် ဦးထိခိုက်သွားတယ်၊ ရဲစခန်းဘေးဆိုတော့ ချက်ချင်းပဲ ရဲတွေရောက်လာတယ်" ဟု ယင်းနေရာသို့ ရောက်ရှိနေသည့် မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးက ဆိုသည်။

ယင်းပေါက်ကွဲမှုကြောင့် အနီးရှိ ရဲစခန်းမှ ပြန်လည်ပစ်ခတ်သည့် သေနတ်သံများ ဆက်တိုက်ကြားရသော်လည်း မိနစ်အနည်းငယ်တွင် အဆိုပါ လမ်း၌ ပုံမှန်အတိုင်း အသွားအလာများ ရှိနေကြောင်း သိရသည်။

မြစ်ကြီးနားမြို့ပေါ်၌ ယခုနှစ်အတွင်း ယခုကဲ့သို့ ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားခဲ့ပြီး ယင်းပေါက်ကွဲမှုများတွင် လူထိခိုက်မှု မရှိသော်လည်း နိုင်ငံတော်ပိုင်ပစ္စည်းနှင့် ပြည်သူပိုင် ပစ္စည်း အချို့ ပျက်စီးဆုံးရှုံးခဲ့သည်။

ယနေ့ညပေါက်ကွဲမှုတွင်မူ လူငယ်နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ကိုထွေး

01/02/2022
01/10/2021

မြစ်ကြီးနား ကညန ရုံး​ပေါက်ကွဲမှုဖြစ်

1 October 2021-Kachinwaves

လိုင်စင်မဲ့ ကားနှင့်ဆိုင်ကယ်များကို ဖမ်းဆီး​မည့် သတင်းထွက်နေစဉ် မြစ်ကြီးနားမြို့ ကညန ရုံးတွင် ယနေ့နံနက် ၉နာရီခန့်အချိန် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိသော်လည်း အဆောက်အဦးအချို့ ထိခိုက်ပျက်စီးသွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။

"လိုင်စင်လုပ်သူတွေက ၁၀နာရီလောက်မှ ရောက်ကြတော့ မထိဘူး အဆောက်အဦးအနည်းငယ်ပျက်စီးသွားတယ် ဝန်ထမ်းတွေတော့ရှိတယ် ထိမထိတော့မသိရသေးဘူး"ဟု ဒေသခံတစ်ဦးကပြောသည်။

ကချင်ပြည်နယ်တွင် စက်တင်ဘာလ ၂၈ရက်နေ့က လိုင်စင်မဲ့ယာဥ်များ ဖမ်းဆီးရန်သတင်းထွက်ပေါ်ခဲ့ပြီးနောက် ဗန်းမော်မြို့၊ မိုးမောက်မြို့နှင့် မြစ်ကြီးနားမြို့တွင် လိုင်စင်မဲ့ယာဥ်များ ဖမ်းဆီးခြင်း၊ ဒဏ်ကြေးငွေ ရိုက်ခြင်းများ ရှိခဲ့သည်။

25/08/2021

" ရုံးပိတ်ရက် ထပ်မံ တိုးမြှင့်ခြင်း"

⚡ COVID-19 ရောဂါကူးစက် ပြန့်ပွားမှုနှုန်း
မြင့်တက်လျက်ရှိသောကြောင့် ဆက်လက် ကာကွယ်
ထိန်းချုပ်နိုင်ရန်အတွက် (၂၃.၈.၂၀၂၁) မှ (၃၁.၈.၂၀၂၁)ထိ အများပြည်သူနှင့် ထိတွေ့မှု
များသော (ဘဏ္ဍာဌာန | စီမံဌာန| အင်ဂျင်နီယာဌာန)
များ ရုံး ခေတ္တပိတ်ထားမည် ဖြစ်ပါသည်။
⚡မဖြစ်မနေ တာဝန်ထမ်းဆောင်ရန် လိုအပ်သည့်
ဌာနများ ဖြစ်သော စက်ရုံများ| ခွဲရုံများ (မန်ခိန်|
ရန်ကြီးအောင်| ဝိုင်းမော်) | အရေးပေါ် ဌာနများ
(မြေမြင့်|ရှဒေါင်| ကဝါးခ| ဝိုင်းမော်)| အရေးပေါ်
လိုင်းလုပ်ငန်းဆောင်ရွက်ရန် လိုင်:တည်ဆောက်
ရေးအဖွဲ့ ရ.ပ.န မီတာဌာန စသည့် ဌာနများသည်
ပုံမှန် လုပ်ငန်းစဉ်အတိုင်း လည်ပတ်နေမည် ဖြစ်သည်။

ဂရုစိုက်ကြပါ
17/08/2021

ဂရုစိုက်ကြပါ

အနံမ​ပျောက် အရသာမ​ပျောက်
Covid 19 လက္ခဏာမပြ
နှာ​ခေါင်း အာ​ခေါင်ကို​ကျော်ပြီး
အဆုတ်ထဲတိုက်ရိုက်ဝင်တာ
မျိုးကွဲ Covid-Delta Virus ပါတဲ့ဗျာ

​အောက်ဆီဂျင်ကျ​တော့မှပဲ
တရားခံမိတယ်
အငိုက် မိ ကုန်ပြီ​ပေါ့ Delta ရယ်
သာသာ​လေးနဲ့
😩 ဗီဇပြောင်းပြန်ပြီတဲ့

အရေးပေါ် သတိပေးချက်

Covid-Deltaမျိုးစိတ်အသစ်ကို ကာကွယ်နိုင်ရန်
Maskနှစ်ထပ်တပ်ဆင်ပါ။

Covid-Delta သည် ကွဲပြားခြားနားစွာ အသက်အန္တရာယ် ရှိပြီး စမ်းသပ်လို့မရနိုင်သော လက္ခဏာရှိသည်။

Covid-Delta virus၏ လက္ခဏာအသစ်မှာ ချောင်းမဆိုး မဖျားပါ။

ဖြစ်တတ်သည်မှာ အဆစ်အမြစ်နာခြင်း၊ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ နောက်ကျောနာခြင်း၊ အဆုတ်ရောင်ရောဂါ(နမိုးနီးယား)၊ အားနည်းခြင်း၊အစာ စားချင်စိတ် လျော့နည်းခြင်းတို့ ဖြစ်ပါသည်။

မျိုးစိတ်သစ် Covid-Delta သည် ကူးစက်ပိုမြန်ပြီး သေနှုန်း မြင့်မားပါသည်။
အချိန်တိုတွင်း ရောဂါပြင်းထန်ပြီး တခါတရံ လက္ခဏာ မပြပါ။
သို့ပါ၍ ပိုပြီးဂရုစိုက်ကြပါ။
ပိုးသည် အာရုံခံအပိုင်းများတွင် မရှိနေပဲ အဆုတ်ကို တိုက်ရိုက် ထိခိုက်စေပါသည်။

နာကျင်မှုမရှိပဲ အဖျားမရှိတဲ့ပိုးတွေ့လူနာများကို တွေ့ခဲ့ပါ သည်။ သို့သော် X-ray ရိုက်ကြည့်မှသာ နမိုးနီးယားအပျော့စား တွေ့ရှိရသည်။

နှာခေါင်းတို့ဖတ်ယူခြင်းသည် Covid-Delta result ကို Negative သာအပြများပြီး Negative အမှားများနှာခေါင်းတို့ဖတ်တွင် ပိုများလာသည်။

၎င်းမှာ Virus ပိုးသည် အဆုတ်သို့ တိုက်ရိုက်ရောက်ရှိသွားပြီး အဆုတ်ယောင်ရောဂါကြောင့်ဖြစ်သော အသက်ရှူရ ခက်ခြင်းကို ဖြစ်ပေါ်စေသည်။
ယခုလိုရှင်းပြရခြင်းမှာ ပိုးသည် ပို၍ပြန့်နှံ့မြန်လာပြီး သေနှုန်းများလာခြင်းကြောင့် ဖြစ်သည်။

ပိုပြီးဂရုစိုက်ကြပါ၊ လူစုလူဝေးများရှောင်ရှားပါ၊ လေဝင်လေထွက်ကောင်းသောနေရာတွင်ပင်1.5m အကွာတွင်နေပါ၊ maskနှစ်ထပ်တပ်ပါ၊ လက်ကိုမကြာခဏဆေးပါ၊(ချောင်းဆိုးခြင်း၊နှာညှစ်ခြင်းများပြုလုပ်ပြီးတိုင်းလက်ဆေးပါ)။
ယခုလှိုင်းဟာ ပထမလှိုင်းထက်စာလျှင် သေနှုန်းပိုများပါသည်။ ဒါကြောင့်ပိုမိုဂရုစိုက်ပြီး ကြိုတင်ကာကွယ်ထားကြရန် လိုအပ်ပါသည်။

သင့်မိသားစုနှင့် သူငယ်ချင်းများကိုလဲ ပြန်လည်ဝေမျှပေးပါ။
သင့်အတွက်ပဲ ဒီမက်​ဆေ့ကိုသိမ်းမထားပါနဲ့ ။သင့်မိသားစုနှင့်နီးစပ်ရာမိတ်ဆွေများကိုတတ်နိုင်သလောက် မျှဝေပေးပါ။

Courtesy - Aung Myint Tun

သွားသတိ လာသတိရှိကြပါ
13/08/2021

သွားသတိ လာသတိရှိကြပါ

ဝိုင်း​မော်မြို့က စစ်​ကောင်စီတပ် ခလရ (၅၈) တပ်ရင်း​​ရှေ့ ကားလမ်းတွင် ဖြတ်သွားသည့် အမျိုးသမီးတစ်ဦး​သေနတ်ဖြင့် ပစ်ခံရ

13 August 2021 - Kachinwaves

ဝိုင်း​​မော်မြို့နယ် စစ်​ကောင်စီတပ် အမှတ် (၅၈) ခလရတပ်ရင်းရှေ့ကားလမ်းတွင် ဖြတ်လာသည့် အမျိုးသမီးတစ်ဦးကို စစ်​ကောင်စီတပ်မှ ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။

"အဲအမျိုးသမီးက ​စျေးသည်လို့သိရတယ်။ ဝူယန်ရွာထဲကတဲ့။အဲ့မှာတွေ့ခဲ့တဲ့ ယောက်ကျားလေး တစ်ယောက်လာပြောတာ ၅၈ တပ်ထဲက အုတ်တံတိုင်းပေါ်က ပစ်တာတဲ့။ အသံ​​တွေကြား​​နေရတဲ့အချိန် ဟုတ်တယ်။ သူက​ရှေ့က​သွား​​​နေတော့ လွတ်သွားတယ်။ အမျိုးသမီးက ​လှဲသွားတာတဲ့ ဘာဖြစ်သွားလဲ​​တော့ ​သေချာမသိဘူး"ဟု ​ဒေသခံတစ်ဦးကဆိုသည်။

ယ​နေ့ည​နေ ၅ နာရီ​ကျော်ကတည်းက ဝိုင်း​​​မော်မြို့ ၅၈ တပ်ရင်းက ​သေနတ်​​များ၊ လက်နက်ကြီး​များ ပစ်ခတ်​နေ​ကြောင်း သိရသည်။ လက်ရှိအချိန်​တွင် ပြန်လည်ငြိမ်​နေပြီဖြစ်​ကြောင်း သိရသည်။

လွန်ခဲ့သည့် ရက်ပိုင်းကလည်း ၅၈ တပ်ရင်းက စစ်သားများ မဒိန်ကျေးရွာသို့ဝင်ပြီး လိုက်လံစစ်​ဆေးခဲ့ရာ ​ရွာသားတစ်ဦးကို ဖမ်း​ဆီးခေါ်​ဆောင်သွားခဲ့သည်။

၎င်းတပ်ရင်းမှ ရမ်းသန်းပစ်ခတ်​နေသည်မှာ နှစ်ပတ်ရှိလာပြီဖြစ်သည်။

20/07/2021

အောက်ခြေမခိုင်ရင်တော့ ပြိုလဲ

18/07/2021
13/07/2021
13/07/2021

မြစ်ကြီးနားမြို့ ဘူတာတိုက်တန်း လပ်ကီးမုန့်တိုက်မှ ဝန်ထမ်းသုံးဦးတွင် ကိုဗစ်၁၉ ပိုးတွေ့

မြစ်ကြီးနား - ဇူလိုင် ၁၂၊ ၂၀၂၁။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဘူတာတိုက်တန်းမှ လပ်ကီးမုန့်တိုက်ရှိ ဆိုင်ဝန်ထမ်း ၃ ဦးတွင် ယမန်နေ့ ဇူလိုင်လ ၁၁ ရက်နေ့တွင် ကိုဗစ်၁၉ ပိုးတွေ့ရှိသည်ဟု ဆိုင်ဝန်ထမ်းများနှင့် နီးစပ်သူများထံက သိရသည်။

ပိုးတွေ့ရှိသူ ဝန်ထမ်းသုံးဦးသည် ကိုဗစ်၁၉ ရောဂါလက္ခာဏာမပြဘဲ ဖျား၍ နှာစေးနေသောကြောင့် စစ်ဆေးရာမှ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုင်ဝန်ထမ်းနှင့် နီးစပ်သူ တစ်ဦးက The 74 Media ကိုပြောသည်။

“ဝန်ထမ်းယောကျ်ားလေး တစ်ယောက် Positive တွေ့လို့ မနေ့က ဝန်ထမ်းအားလုံးကို Swab Test ဝယ်ပြီး ကိုဗစ် စစ်ပေးတယ်တဲ့။ အဲ့မှာ မိန်းကလေး တစ်ယောက် Positive တွေ့တယ်လို့ ပြောတယ်။ နောက်ထပ်ယောကျ်ားလေး တစ်ယောက်က ဖျားနေတာကြာပြီ ဆေးခန်းမှာ တစ်ခါစစ်ပြီး၊ ဆရာဝန်က Negative လို့ပြောခဲ့တယ်လို့ ပြောတယ်။ မနေ့က ပြန်စစ်မှ Positive ပြန်တွေ့တာ” ဟုသူကပြောသည်။

မြစ်ကြီးနား ဘူတာတိုက်တန်းမှ လပ်ကီးမုန့်တိုက်အား ယမန်နေ့မှ စတင်၍ ဆိုင်ပိတ်လိုက်ပြီး ကျန်ဝန်ထမ်းများမှာ ပိုးမတွေ့ရှိသော်လည်း Home Quarantine ဝင်နေသည်ဟု သူက ဆက်ပြောသည်။

ဘူတာတိုက်တန်းမှ ဆိုင်တွင် ကိုဗစ်ပိုးတွေ့ရှိသော်လည်း အခြားရပ်ကွက်များရှိ ဆိုင်ခွဲများတွင် ကိုဗစ်စစ်ဆေးခြင်းနှင့် ဆိုင်တွင်း စည်းမျဉ်းစည်းကမ်းများ တင်းကြပ်ထားခြင်းမျိုးမရှိသောကြောင့် စိုးရိမ်မှုများရှိသည်ဟု ဝန်ထမ်းနှင့် နီးစပ်သူ အခြားတစ်ဦးက The 74 Media ကိုပြောသည်။

“တစ်ဆိုင်မှာပိုးတွေ့ရင် တခြားဆိုင်ခွဲတွေမှာလည်း ကိုဗစ်စစ်ဆေးပေးတာမျိုးမရှိဘူးတဲ့။ ဝန်ထမ်းတွေက ဆိုင်ခဏပိတ်စေချင်တာပေါ့နော်။ Mask တော့တပ်ပေမယ့် ပိုးတွေ့တာလည်းများလာတယ် အရင်တုန်းကလို ဝယ်သူတွေကို အပြင်ကနေပဲဝယ်ရတာမဟုတ်ဘူး အားလုံးအထဲဝင်ပြီး ဝယ်ကြတော့ အရမ်းစိုးရိမ်တယ်။” ဟုသူကပြောသည်။

ကိုဗစ်၁၉ ပိုးတွေ့ရှိထားသည့် ဝန်ထမ်းသုံးဦးကို ဇူလိုင်လ ၁၃ ရက်နေ့တွင် မြစ်ကြီးနားဆေးရုံကြီး၌ ကိုဗစ်ပိုး စစ်ဆေးမှု ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဇွန်လ ၂၀ ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်နေ့ထိ ပိုးတွေ့သူ စုစုပေါင်း ၂၅၄ ဦးရှိပြီး သေဆုံးသူ ၆ ဦးရှိပြီဖြစ်သည်။

- ပုံဟောင်းပြန်လည်အသုံးပြုထားသည်။ (ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ရိုက်ကူးထားသောပုံဖြစ်သည်။)

================
လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ - https://bit.ly/3vPLY7e

လက်တည့်ချက်
07/07/2021

လက်တည့်ချက်

ဗလမင်းထင်တံတားအနီး ကားတစ်စီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များပစ်ခတ်၊ ပြည်သူတစ်ဦးဒဏ်ရာရ

ဝိုင်းမော် - ဇူလိုင် ၇၊ ၂၀၂၁။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ ဗလမင်းထင်တံတား အနီးတွင် ဇူလိုင်လ ၇ ရက်နေ့ ညနေ ၅ နာရီခန့်က ဝိုင်းမော်ဘက်မှလာသော ကားအား သေနတ်ဖြင့် ပစ်ခတ်ရာမှ အနီးရှိ ပြည်သူတစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

ဝိုင်းမော်ဘက်မှ လာသော ကားတစ်စီးကို စစ်ဆေးရန် ကားရပ်ခိုင်းသည်ကို မရပ်တန့်ပဲ နောက်ပြန်လှည့်သွားသောကြောင့် သေနတ်ဖြင့် ပစ်ခတ်ရာ အနီးရှိ သစ်သီး‌ေဈးသည်ကို ကျည်ထိမှန်ခဲ့ခြင်းဖြစ်‌သည်ဟု ‌ဒေသခံပြည်သူတစ်ဦးက The 74 Media ကိုရသည်။

“ ဝိုင်းမော်ဘက်ကနေ လာတဲ့ ကားကို မိုင်းနား ရဲစခန်းနားမှာ စစ်ဖို့ ရပ်ခိုင်းတာ မရပ်ဘဲ နောက်ပြန်လှည့်သွားတော့ ကားကို သေနတ်နဲ့ပစ်တာ ကားကို မထိဘဲ အဲ့နားက အသီးသည် တစ်ယောက်ကို ထိသွားတယ်” ဟုသူကပြောသည်။

သေနတ်ထိမှန်ချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝိုင်းထားပြီး လူနာ အခြေအနေ မကောင်းကြောင်း သူက ဆက်လက်ပြောသည်။

မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားတွင် ယမန်နေ့ ဇူလိုင်လ ၆ ရက်နေ့ညကလည်း သေနတ်ပစ်ခတ်သံများကြားခဲ့သည်။

================
လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ - https://bit.ly/3vPLY7e

ဆိုင်နာမည် ဖေါ်ပြထားရင်တော့ ၁၀ ရက်ဝန်းကျင်သွားပြီးသားသူတွေ Covid 19 ပိုး စစ်သင့်ပါတယ်
26/06/2021

ဆိုင်နာမည် ဖေါ်ပြထားရင်တော့ ၁၀ ရက်ဝန်းကျင်သွားပြီးသားသူတွေ Covid 19 ပိုး စစ်သင့်ပါတယ်

မြစ်ကြီးနားရှိ စားသောက်ဆိုင်တစ်ဆိုင်မှ ဝန်ထမ်း ၁၆ ဦးတွင် ကိုဗစ်ပိုးတွေ့

မြစ်ကြီးနား - ဇွန် ၂၅၊ ၂၀၂၁။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ခုက ဝန်ထမ်း ၁၆ ဦးတွင် ဇွန်လ ၂၃ ရက်နေ့က ကိုဗစ်ပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

ပိုးတွေ့ရှိခဲ့သည့် အကင်ဆိုင်နှင့် ဘားဆိုင်ပူးတွဲဖွင့်ထားသော စားသောက်ဆိုင်မှ ဝန်ထမ်း ၁၆ ဦးသည် အနံ့ပျောက်၍ ဆေးစစ်ခဲ့ရာမှ ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ကိုဗစ်ပိုးတွေ့ရှိသူ၏ အမည်အဖော်လိုသူ မိသားစုဝင်တစ်ဦးက The 74 Media ကိုပြောသည်။

"လက္ခဏာပြတာက တစ်ပတ်ကျော်နေပြီ လို့ပြောတယ်။ အိမ်ကတစ်ယောက်က နှာစေးပြီး အနံ့မရတယ်ပဲထင်ပြီး ဆေးခန်းတွေ တော်တော်များများ လိုက်ပြထားတာ။ အဲလိုချိန်မှာ တခြားသူတွေပါထပ်ဖြစ်လာတော့ မသင်္ကာတာနဲ့ စစ်လိုက်တာ positive ထွက်ကြတာ။" ဟု သူကပြောသည်။

ဝန်ထမ်းစုစုပေါင်း ၁၈ ဦးကို နှာခေါင်းတို့ပတ်ယူ ဆေးစစ်ခဲ့ရာ စားဖိုမှူး အပါအဝင် ၁၆ ဦးတွင် ကိုဗစ်ပိုး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယခုကိစ္စသည် ဖုံးကွယ်ရန်မသင့်ပဲ အားလုံး သတိထားသင့်ကြောင်း သူကဆက်ပြောသည်။

"ဆိုင်ရှင်ကြတော့ သူ့ရဲ့စီးပွားရေးကြောင့် ဖုံးထားချင်တယ်ထင်တယ်။ ကျွန်မအမြင်ကတော့ ဒါက ဖုံးကွယ်ထားလို့ မရဘူးလေနော်။ စားသုံးသူတွေဆီကတစ်ဆင့် သူတို့ကူးကြတယ် ဆိုရင်တောင် သူတို့က တစ်ယောက်ပြီး တစ်ယောက် ကူးကြပြီလေနော်။ သူတို့ဆီကလည်း ပြန်ကူးကြမှာပဲလေ။" ဟုသူကပြောသည်။

ပိုးတွေ့ရှိသူ ၁၆ ဦးမှာ ချောင်းဆိုး၊ အနံ့ပျောက်နေခြင်းဖြစ်ပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက် ရှိကြောင်းသိရသည်။

ကိုဗစ်ပိုးတွေ့ရှိခဲ့သည့် စားသောက်ဆိုင်သည် ဇွန်လ ၂၀ ရက်နေ့မှ စတင်ကာ ဆိုင်အတွင်း Maintenance ပြုလုပ်မည်ဖြစ်သဖြင့် ရက်အကန့်အသတ်မရှိ ဆိုင်ပိတ်မည်ဖြစ်ကြောင်း ၎င်းတို့၏ လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြထားသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဇွန်လအတွင်း ကိုဗစ်ပိုးတွေ့ရှိသူ ၁၀ ဦးရှိပြီဟု စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနမှ ထုတ်ပြန်ခဲ့သည်။

================
လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ - https://bit.ly/3vPLY7e

ဖက်စစ်
21/04/2021

ဖက်စစ်

ရမ်ပူရပ်ကွက်တွင် ကျောင်းသားကို ဖမ်းမမိသဖြင့် အမေကိုဖမ်း

မြစ်ကြီးနား - ဧပြီ ၂၁၊ ၂၀၂၁

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် သားဖြစ်သူကို ဖမ်းမမိသဖြင့် အမေဖြစ်သူကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခေါ်ဆောင်သွားသည့်ဖြစ်ရပ် ယနေ့နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၁၉ နှစ်အရွယ် သားဖြစ်သူကို လာရောက်ဖမ်းဆီးခဲ့သော်လည်း ဖမ်းမမိသဖြင့် အသက် ၅၀ ဝန်းကျင်ရှိ အမေဖြစ်သူကို ယနေ့နံနက် ၈ နာရီခွဲခန့်တွင် ခေါ်ဆောင်သွားသည်ဟု ဆွေမျိုးတစ်ဦးက The 74 Media ကိုပြောသည်။

“သားကိုလာဖမ်းတာဟုတ်တယ်၊ သားကိုမတွေ့တော့ အမေကို ခေါ်သွားတာ၊ ဖမ်းသွားတာပေါ့” ဟု ပြောသည်။

မြစ်ကြီးနားမြို့ရှိ ရပ်ကွက်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးမှုများ ဧပြီလ တတိယပတ်မှစတင်ကာ မကြာခဏဖြစ်ပွားလာသည်။

30/03/2021
30/03/2021

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် သပိတ်စခန်း ဖြိုခွင်းရာတွင် (၂)ဦးကျည်ထိ (၁)ဦးကျဆုံး
*************"*
မတ်၊၃၀

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်ရှိ စစ်ကောင်စီမှ သပိတ်စခန်းဖြိုခွင်းရာတွင် ဆန္ဒထုတ်ဖော်သူ တစ်ဦးသေဆုံးကြောင်း သိရသည်။

" ရမ်ပူလမ်းသွယ် (၂၄)လမ်းကြားက ဘုန်းကြီးကျောင်းမှာ အလောင်းထားတာ ဟုတ်တယ်။ အဲ့ဒီမှာရဲတွေစစ်သားတွေရှိတယ်။ဆိုင်ကယ်လာရင် ဆိုင်ကယ်ကိုပစ်မယ်။ အဲ့ဒီလိုပြောလို့ သတင်းက မတက်တာဟုတ်တယ်”ဟု ဆန္ဒထုတ်ဖော်သည့်နေရာတွင် ပါဝင်သူတစ်ဦးကပြောသည်။

စစ်ကောင်စီမှ ကျည်ဖြင့်ပစ်ခတ်ခဲ့သောကြောင့် (၂)ဦးဒဏ်ရာရခဲ့ပြီး (၁)ဦးသေဆုံးခဲ့ကာ ဒဏ်ရာရသူ၏ အခြေအနေမှာ စိုးရိမ်ရကြောင်း သိရသည်။

ရမ်ပူရပ်ကွက်ရှိ သပိတ်စခန်းကိုယနေ့
နံနက်က ပြန်လည်ဖြိုခွင်းခဲ့ဖြင်း ဖြစ်သည်။

#ရရှိလာသည့်သတင်းအချက်အလက်များကိုထပ်မံဖော်ပြပေးပါမည်

26/03/2021

သူကိုသိကြလိမ့်မယ် ဘူလဲ

23/03/2021

ရမ်ပူရပ်ကွက်မှာ မဲရုံမှူး လက်မှတ်မပါပဲ မဲလက်မှတ် ထည့်သူများရှိ လို့ MRTv မှာ သတင်းစာရှင်းလင်းပွဲ မှာ မဲလုံး ပြောသွားတာ တွေ့တယ်

ဒါကမလွယ်တဲ့ ကိစ္စပါ မဲရုံမှူးတွေကို စော်ကားလိုက်တာပါ
ဝိုင်းကူပေးတဲ့ ဆရာမတွေနဲ့ မဲရုံစောင့်တွေကို စော်ကားလိုက်တာပါ
ဒီစာရင်းကို ဘယ်သူ လုပ်လိုက်တာလဲ???

Address


Website

Alerts

Be the first to know and let us send you an email when Ranm Puu ရမ်ပူ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share