Ayeyarwaddy Pension Department - AYY

  • Home
  • Ayeyarwaddy Pension Department - AYY

Ayeyarwaddy Pension Department  - AYY Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ayeyarwaddy Pension Department - AYY, News & Media Website, အမှတ် (၅) ကုန်စုံလမ်း၊ အမှတ် (၄) ရပ်ကွက်၊ ပုသိမ်မြို့။, .

09/03/2023
29/06/2021

ပင်စင်အမျိုးအစားအလိုက် ပါဝင်ရမည့်ပုံစံနှင့်မှတ်တမ်းများ

သက်ပြည့်ပင်စင်၊ နှစ်ပြည့်ပင်စင်၊ လျော်ကြေးပင်စင်၊ လျှော့ပေါ့ပင်စင်၊ နာမကျန်းပင်စင်

၁။ လျှောက်လွှာပုံစံဖြည့်သွင်းခြင်း
(က) ပြန်တမ်းဝင်အရာရှိများအတွက် ပင်စင်နှင့်ဆုငွေ အငြိမ်းစားယူမှုဆိုင်ရာဆုငွေ လျှောက်လွှာ ပုံစံ C.S.R “၂၆ ”(၂) စုံ။
( ခ) ပြန်တမ်းဝင်မဟုတ်သော အမှုထမ်းအတွက် လျှောက်လွှာပုံစံ C.S.R “၂၅” (၂) စုံ။

၂။ မြန်မာပြည်ထပ်ဆင့်ထုတ် မြို့ပြဝန်ထမ်းစည်းမျဉ်းဥပဒေ အပိုဒ်-၂၀၉
(က) အရ ပင်စင်စား၏ ဝန်ခံချက်နှင့် ၄၃၃ အရ ပင်စင်စား၏ ကြေငြာချက် (၂) စုံ။

၃။ မူရင်း သို့မဟုတ် ပြန်လည်ပြုစုထားသော အမှုထမ်းသက်ရာဇဝင်၊ ဝန်ထမ်းမှတ်တမ်း စာအုပ်။

၄။ ပြတ်တောက်နေသော အမှုထမ်းသက်များရှိလျှင် ဆက်စပ်ခွင့်ပြုကြောင်း ခွင့်ပြုမိန့်စာနှင့် ပထမ လုပ်သက်အတွက် အမှုထမ်းသက်မှတ်တမ်း။

၅။ မှန်ကန်ကြောင်း စစ်ဆေးပြီးသော ကိုယ်တစ်ပိုင်းဓာတ်ပုံ (၄) ပုံနှင့် ထိုးမြဲလက်မှတ် (၄) စုံ။

၆။ ပြန်တမ်းဝင်မဟုတ်သော အမှုထမ်းအတွက် မှန်ကန်ကြောင်းစစ်ဆေးပြီးသော လက်ဝဲလက်ဗွေ ပုံစံ (၄) စုံ။

၇။ နောက်ဆုံးထုတ်လစာ လက်မှတ်တစ်စောင်။

၈။ နိုင်ငံ့ဝန်ထမ်းချေးငွေ ( ၁၀ ) ဆ ချေးယူထားပါက ခုနှိမ်ရန်ကျန်ရှိသည့် ငွေအရင်းနှင့်အတိုးကို သက်ဆိုင်ရာဘဏ်တွင် ပေးသွင်းပြီးကြောင်းချလံနှင့် ဌာနဆိုင်ရာငွေကြေးကိစ္စများ ကင်းရှင်းကြောင်း ထောက်ခံချက်ပေးပို့ရန်။

၉။ သက်ပြည့်/ နှစ်ပြည့်/ လျော်ကြေး/ လျော့ပေါ့/ နာမကျန်းပင်စင် ခွင့်ပြုကြောင်း ဌာနဆိုင်ရာအမိန့်စာ။

၁၀။ သက်ပြည့်/ လျော်ကြေး/ နာမကျန်းပင်စင်အတွက် ချို့တဲ့ကာလပေါင်းခွင့်ပြုလိုပါက ခြောက်လ အထိ ပေါင်းခွင့်ရှိသော အမိန့်စာ။

၁၁။ နာမကျန်းပင်စင်အတွက် သက်ဆိုင်ရာဆေးဘုတ်အဖွဲ့မှထုတ်ပေးသော ဆေးအဆင့် (A) (သို့) (B) သတ်မှတ်ခွင့် ပြုထားသည့် နာမကျန်းဆေးလက်မှတ်မူရင်း (၁) စောင်။

တာဝန်ထမ်းဆောင်နေစဉ်ကွယ်လွန်သွားသောဝန်ထမ်း၏ မိသားစုပင်စင်အမှုတွဲတွင်ပါဝင်ရမည့် ပုံစံနှင့် မှတ်တမ်းများ

ဇနီး/ခင်ပွန်း
၁။ လျှောက်လွှာပုံစံဖြည့်သွင်းခြင်း
(က) ပြန်တမ်းဝင်အရာရှိများအတွက် ပင်စင်နှင့်ဆုငွေအငြိမ်းစားယူမှုဆိုင်ရာ ဆုငွေလျှောက်လွှာ ပုံစံ C.S.R “၂၆ ”(၂) စုံ။
( ခ) ပြန်တမ်းဝင်မဟုတ်သော အမှုထမ်းအတွက် လျှောက်လွှာပုံစံ C.S.R “ ၂၅ ” (၂) စုံ။

၂။ မိသားစုပင်စင်လျှောက်ထားသူ၏ အကြောင်းအရာများဖြည့်စွက်ထားသော မိသားစုပင်စင်လျှောက်လွှာ ပုံစံ အက်(ဖ်) (၂) စောင်။

၃။ မြန်မာပြည်ထပ်ဆင့်ထုတ်မြို့ပြဝန်ထမ်းစည်းမျဉ်းဥပဒေအပိုဒ် ၂၀၉ (က) နှင့် ၄၃၃ တစ်စုံစီ။

၄။ မှန်ကန်ကြောင်းစစ်ဆေးပြီးသော ဇနီး/ခင်ပွန်း၏ ဓာတ်ပုံ (၄) ပုံနှင့်ထိုးမြဲလက်မှတ် (၄) စုံ။

၅။ မှန်ကန်ကြောင်း စစ်ဆေးပြီးသော ဇနီး / ခင်ပွန်း၏ လက်ဝဲလက်ဗွေ ပုံစံ (၄) စုံ။

၆။ ပြတ်တောက်နေသော အမှုထမ်းသက်များရှိလျှင် ဆက်စပ်ခွင့်ပြုကြောင်း ခွင့်ပြုမိန့်စာနှင့် ပထမ လုပ်သက်အတွက် အမှုထမ်းသက်မှတ်တမ်း။

၇။ သေစာရင်းမူရင်း (သို့) ပင်စင်ပေးပိုင်ခွင့်ရှိသူအာဏာပိုင်မှ အတည်ပြုလက်မှတ်ရေးထိုးထာသော သေစာရင်းမိတ္တူ တစ်စောင်။

၈။ တစ်ဦးတည်းသော တရားဝင်ဇနီး (သို့) တရားဝင်ဇနီးကြီး / တရားဝင်ခင်ပွန်းဖြစ်ကြောင်း ထောက်ခံစာ တစ်စောင်။

၉။ ခင်ပွန်း / ဇနီး အတွက် နောက်အိမ်ထောင်မပြုသေးကြောင်း ထောက်ခံစာတစ်စောင်။

၁၀။ ဝန်ထမ်းမကွယ်လွန်မီက တင်သွင်းခဲ့သော မိသားစုအကျိုးခံစားခွင့် ( က မှ ဃ ) တစ်ခုခုနှင့်ပုံစံ(င)။

၁၁။ မိသားစုပင်စင်အကျိုးခံစားခွင့်ပုံစံ (က မှ င) အထိမရှိပါလျှင် ပင်စင်ပေးပိုင်ခွင့်ရှိသူအာဏာပိုင်မှ လက်မှတ်ရေးထိုးထားသည့် လျှောက်ထားသူသည် ကွယ်လွန်သူ၏ အမွေစားအမွေခံဖြစ်ကြောင်း ကတိဝန်ခံချုပ် TF “ ၂၅” တစ်စောင် (သို့) ရိုးရိုး ကတိပြုလုပ်စေပြီး ဌာနအကြီးအကဲ၏ထောက်ခံချက် ကတိပြုလွှာ။

၁၂။ နောက်ဆုံးထုတ်လစာလက်မှတ်တစ်စောင်။

၁၃။ နိုင်ငံ့ဝန်ထမ်းချေးငွေ (၁၀) ဆ ချေးယူထားပါက ခုနှိမ်ရန်ကျန်ရှိသည့် ငွေအရင်းနှင့်အတိုးကို သက်ဆိုင်ရာဘဏ်တွင် ပေးသွင်းပြီးကြောင်းချလံနှင့် ဌာနဆိုင်ရာငွေကြေးကိစ္စများ ကင်းရှင်းကြောင်း ထောက်ခံချက်ပေးပို့ရန်။

၁၄။ မိသားစုပင်စင်ခွင့်ပြုကြောင်း ဌာနဆိုင်ရာအမိန့်စာ။

၁၅။ ချို့တဲ့ကာလပေါင်းခွင့်ပြုလိုပါက ခြောက်လအထိ ပေါင်းခွင့်ရှိသောအမိန့်စာ။

အငြိမ်းစားယူပြီးနောက် ကွယ်လွန်သွားသောဝန်ထမ်း၏ မိသားစုပင်စင်အမှုတွဲတွင်ပါဝင်ရမည့် ပုံစံနှင့် မှတ်တမ်းများ

၁။ မိသားစုပင်စင် လျှောက်ထားသူ၏ အကြောင်းအရာများ ဖြည့်စွက်ထားသော မိသားစုပင်စင် လျှောက်လွှာပုံစံ အက်(ဖ်) (၂) စောင်။

၂။ မြန်မာပြည်ထပ်ဆင့်ထုတ်မြို့ပြဝန်ထမ်းစည်းမျဉ်းဥပဒေ အပိုဒ်- ၂၀၉ (က) နှင့် ၄၃၃ တစ်စုံစီ။

၃။ မှန်ကန်ကြောင်းစစ်ဆေးပြီးသော ဇနီး/ ခင်ပွန်း / သားသမီး / မိဘ / ညီအစ်ကို မောင်နှမများ၏ ဓာတ်ပုံ (၄) ပုံ၊ ထိုးမြဲလက်မှတ် (၄) စုံ။

၄။ မှန်ကန်ကြောင်းစစ်ဆေးပြီးသော ဇနီး / ခင်ပွန်း / သားသမီး / ညီအစ်ကိုမောင်နှမများ၏ လက်ဝဲ လက်ဗွေပုံစံ (၄) စုံ။

၅။ ပင်စင်ဦးစီးဌာနမှထုတ်ပေးခဲ့သည့် ယခင်ပင်စင်ထုတ်ယူခဲ့သော ငွေထုတ်ခွင့်လွှာအမှတ် (GON, GON(A), GON (B), GON(D), NA/NB…………….ခုနှစ်) ကို ဖော်ပြထားသော ထောက်ခံချက် တစ်စောင်။

၆။ ပင်စင်လစာကို မည်သည့်နေ့အထိ နောက်ဆုံးထုတ်ပေးခဲ့ကြောင်းဖော်ပြထားသည့် သက်ဆိုင်ရာ ဘဏ်မန်နေဂျာ၏ အတည်ပြုထောက်ခံချက်။

၇။ သေစာရင်းမူရင်း (သို့) ပင်စင်ပေးပိုင်ခွင့်ရှိသူအာဏာပိုင်မှ အတည်ပြုလက်မှတ်ရေးထိုးထားသော သေစာရင်းမိတ္တူ တစ်စောင်။

၈။ ကွယ်လွန်သူဝန်ထမ်း၏ ဇနီး/ ခင်ပွန်း/ သား/ သမီး/ မိဘ/ ညီအစ်ကို မောင်နှမအရင်းဖြစ်ကြောင်း ထောက်ခံစာတစ်စောင်။

၉။ မိသားစုပင်စင်ခွင့်ပြုကြောင်း ဌာနဆိုင်ရာအမိန့်စာ။

(ကျန်ထောက်ခံချက်များကို တာဝန်ထမ်းဆောင်ရင်းနှင့် ကွယ်လွန်သွားသည့်အတွက် မိသားစုပင်စင် လျှောက်ထားရာတွင်ဖော်ပြထားသော ထောက်ခံချက်များအတိုင်း ပြုလုပ်ပေးပို့ရန်။)
(C.S.R “ ၂၆ ” နှင့် “ ၂၅ ” ၊ နောက်ဆုံး ထုတ်လစာ လက်မှတ်ဆုငွေအတွက် ကတိဝန်ခံချုပ်၊ TF “၂၅” မလိုပါ။)

မိသားစုပင်စင်အကျိုးခံစားခွင့်ကာလ

ဇနီး/ခင်ပွန်းမှအပ ကျန်မိသားစုဝင်များ၏ မိသားစုပင်စင်အကျိုးခံစားခွင့်သည် ဝန်ထမ်းအငြိမ်းစားယူသည့် နေ့ရက် (သို့) ဝန်ထမ်းတာဝန်ထမ်းဆောင်စဉ် ကွယ်လွန်သည့်နေ့ရက်မှ ၁၅ နှစ် ကာလအထိ။

မိခင်/ဖခင်

အထက်ဖော်ပြပါ ပုံစံများနှင့်အတူ
၁။ ကွယ်လွန်သူဝန်ထမ်း၏ မိခင်/ဖခင်အရင်းဖြစ်ကြောင်း ထောက်ခံစာ တစ်စောင်။
၂။ ကွယ်လွန်သူဝန်ထမ်းသည် လူပျို/ အပျို ဖြစ်ကြောင်းထောက်ခံစာ တစ်စောင်။
၃။ ဖခင်ရှိသော်လည်း မိခင်ကိုသာခွင့်ပြုလိုပါက မိခင်အား မိသားစုပင်စင်နှင့်ဆုငွေခွင့်ပြုခြင်းကို သဘောတူကြောင်း ဖခင်ဖြစ်သူမှ လက်မှတ်ရေးထိုးထားသော ထောက်ခံစာတစ်စောင်။

သား/သမီး

အထက်ဖော်ပြပါ ပုံစံများနှင့်အတူ
၁။ (၁၈)နှစ်ပြည့်ပြီးသောသားဖြစ်ပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၏ အချိန်ပြည့်ပညာသင်ကြားနေ ကြောင်း ထောက်ခံချက်။

၂။ သား/ သမီးအတွက် လူပျို / အပျို ဖြစ်ကြောင်း ထောက်ခံစာ တစ်စောင်။

၃။ သမီးသည် မုဆိုးမသမီးဖြစ်ပါက ခင်ပွန်းကွယ်လွန်သွားသည့်နေ့ကို ဖော်ပြထားသည့် ထောက်ခံစာ တစ်စောင်။

၄။ ပင်စင်လျှောက်ထားသူအား မိသားစုပင်စင်နှင့်ဆုငွေခွင့်ပြုခြင်းကို ကျန်ညီအစ်ကိုမောင်နှမများမှ သဘောတူကြောင်း လက်မှတ်ရေးထိုးထားသည့် ထောက်ခံချက်တစ်စောင်။

အရွယ်မရောက်သေးသော သား/ သမီး/ ညီအစ်ကို မောင်နှမများ
အထက်ဖော်ပြပါ ပုံစံများနှင့်အတူ
၁။ မှန်ကန်ကြောင်းစစ်ဆေးပြီးသော အုပ်ထိန်းသူ၏ဓာတ်ပုံ(၄) ပုံ နှင့် ထိုးမြဲလက်မှတ်(၄) စုံ။

၂။ မှန်ကန်ကြောင်း စစ်ဆေးပြီးသော အုပ်ထိန်းသူ ၏ လက်ဝဲလက်ဗွေ ပုံစံ (၄) စုံ။

၃။ သက်ဆိုင်ရာတရားရုံးမှ ထုတ်ပေးသော အုပ်ထိန်းခွင့်လက်မှတ် တရားမပုံစံ ( ၁၄၆ ) (သို့) မိသားစု၏ ကတိဝန်ခံချက် တင်ပြစေပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထောက်ခံချက် ။

၄။ ကွယ်လွန်သူ၏သား / သမီးအရင်းဖြစ်ကြောင်း (သို့) ကွယ်လွန်သူ၏ ညီအစ်ကိုမောင်နှမအရင်း ဖြစ် ကြောင်း ထောက်ခံချက်။

၅။ ပင်စင်ခံစားခွင့်ရရှိမည့် သား / သမီး / ညီအစ်ကိုမောင်နှမ ၏ဓာတ်ပုံ (၄)ပုံ။

ညီအစ်ကို မောင်နှမများ
အထက်ဖော်ပြပါ ပုံစံများနှင့်အတူ
၁။ ( ၁၈ ) နှစ် ပြည့်ပြီးသောသားဖြစ်ပါက သက်ဆိုင်ရာကျောင်းအုပ်ကြီး၏ အချိန်ပြည့်ပညာသင်ကြားနေ ကြောင်း ထောက်ခံချက်။
၂။ ကွယ်လွန်သူဝန်ထမ်းနှင့်မကွယ်လွန်မီကပင် အတူတကွမှီခိုနေထိုင် ကြောင်းထောက်ခံချက်တစ်စောင်။
၃။ ကွယ်လွန်သူဝန်ထမ်းသည် လူပျို ၊ အပျို ဖြစ်ကြောင်း ထောက်ခံစာတစ်စောင်။
၄။ ပင်စင်လျှောက်ထားသူအား မိသားစုပင်စင်နှင့်ဆုငွေခွင့်ပြုခြင်းကို ကျန်ညီအစ်ကိုမောင်နှမများမှ သဘောတူကြောင်း လက်မှတ်ရေးထိုးထားသည့် ထောက်ခံချက်တစ်စောင်။
၅။ ပင်စင်လျှောက်ထားသူညီအစ်ကိုမောင်နှမ၏ လူပျို၊ အပျို ဖြစ်ကြောင်း ထောက်ခံစာတစ်စောင်။
၆။ ပင်စင်လျှောက်ထားသူညီအစ်ကိုမောင်နှမ၏ အလုပ်အကိုင်ဖော်ပြထားသော ထောက်ခံချက် တစ်စောင်။ (အစိုးရဝန်ထမ်းဖြစ်ပါက ရာထူးနှင့်လစာကိုဖော်ပြရန်)
၇။ မိသားစုပင်စင်လျှောက်ထားသူ ညီမ/အစ်မသည် မုဆိုးမဖြစ်ပါက ဝန်ထမ်းမကွယ်လွန်မီကပင် ခင်ပွန်းကွယ်လွန် သွားသည့်နေ့ကို ဖော်ပြထားသည့် ထောက်ခံစာတစ်စောင်။

28/06/2021

နိုင်ငံဝန်ထမ်းများ အငြိမ်းစားယူလိုသည့်အခါ နိုင်ငံဝန်ထမ်းနည်းဥပဒေ၊ ပုဒ်မ၅၆ အရ အောက်ဖော်ပြပါ ပင်စင်အမျိုးအစားများအနက်မှ တစ်မျိုးမျိုးခံစားခွင့်ရှိပါသည်။

၁။ သက်ပြည့်ပင်စင်။
တည်ဆဲဥပဒေတစ်ရပ်ရပ်ပါ ပြဌာန်းချက်များအရ သီးခြားသတ်မှတ်သည့် ကိစ္စမှတပါး အသက်(၆၀)ပြည့်သည့်အခါ သတ်မှတ်ချက်များနှင့်အညီ သက်ပြည့်ပင်စင်ကို ခံစားခွင့်ရှိသည်။

၂။ နှစ်ပြည့်ပင်စင်။
ဝန်ထမ်းသည် အငြိမ်းစားယူရမည့် အသက်(၆၀)မပြည့်သေးသော်လည်း လုပ်သက်နှစ်(၃၀)ပြည့်ပါကလည်း အငြိမ်းစားယူခွင့်တောင်းခံလာပါက နှစ်ပြည့်ပင်စင်ခံစားခွင့်ရှိသည်။

၃။ နာမကျန်းပင်စင်။
လုပ်သက်(၁၀)နှစ်နှင့်အထက်ဝန်ထမ်းသည့် ကျန်းမာရေးအခြေအနေကြောင့် တာဝန်ကိုဆက်လက် မထမ်း ဆောင်နိုင်သည့်အခါ သတ်မှတ်ထားသော ဆေးအဖွဲ့၏ ထောက်ခံချက်ဖြင့် နာမကျန်းပင်စင်ခံစားခွင့်ရှိသည်။

၄။ လျော်ကြေးပင်စင်။
ရာထူးကိုတစ်ခုကို ဖျက်သိမ်းလိုက်သည့်အခါ ထိုရာထူး၌ ခန့်ထားသည့် ဝန်ထမ်းကို အခြားရာထူးတစ်ခုသို့ ပြောင်းရွေ့နေရာချထားခြင်း မပြုနိုင်ပါက လျော်ကြေးပင်စင်ခံစားခွင့်ရှိသည်။

၅။ အထူးပင်စင်။
ဝန်ထမ်းသည် တာဝန်ထမ်းဆောင်မှုကို အကြောင်းပြု၍ ရောဂါရရှိသည်ဖြစ်စေ၊ ထိခိုက်အနာတရ ရရှိသည်ဖြစ်စေ၊ မသန်စွမ်းဖြစ်သည့်အခါတွင်ဖြစ်စေ သတ်မှတ်ထားသော ဆေးအဖွဲ့၏ ထောက်ခံ ချက်ဖြင့် အထူးပင်စင်ခံစားခွင့်ရှိသည်။

၆။ မိသားစုပင်စင်။
ဝန်ထမ်းသည် တာဝန်ထမ်းဆောင်နေဆဲတွင်ဖြစ်စေ၊ အငြိမ်းစားယူပြီးနောက်မှ ဖြစ်စေ ကွယ်လွန်ခဲ့လျှင် ကျန်ရစ်သူမိသားစုအတွက် မိသားစုပင်စင်ကို သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့် ရှိသည်။

၇။ လျှော့ပေါ့ပင်စင်။
အသက်(၅၅)နှစ်ပြည့်ပြီးသော ဝန်ထမ်းသည် လုပ်သက်နှစ် (၂၀)ကျော်လွန် လျှင်သော်လည်းကောင်း၊ အသက်(၅၀)နှစ်ပြည့်ပြီးသော ဝန်ထမ်းသည် လုပ်သက် (၂၅)နှစ် ကျော်လွန်လျှင်သော် လည်းကောင်း လျှော့ပေါ့ပင်စင်ခံစားခွင့်ရှိသည်။ သို့ရာတွင် နိုင်ငံတော်၏ လိုအပ်ချက်အရ ဖော်ပြပါသတ်မှတ်ချက် များ မပြည့်မီသော်လည်း လျှော့ပေါ့ပင်စင်ခွင့်ပြုနိုင်ပါသည်။

ပင်စင်ဦးစီးဌာန
ရုံးချုပ်(နေပြည်တော်)

Address

အမှတ် (၅) ကုန်စုံလမ်း၊ အမှတ် (၄) ရပ်ကွက်၊ ပုသိမ်မြို့။

Website

Alerts

Be the first to know and let us send you an email when Ayeyarwaddy Pension Department - AYY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ayeyarwaddy Pension Department - AYY:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share