Ms. Tech news

  • Home
  • Ms. Tech news

Ms. Tech news Updated tech news are on the way to you in Myanmar.

7 YEARS of OS upgrades ဆိုပါလားရှယ်ပဲ ဒါတော့။
04/10/2023

7 YEARS of OS upgrades ဆိုပါလား
ရှယ်ပဲ ဒါတော့။

14/03/2023

Iphone 14 အသစ်ထွက် အဝါရောင် (ပိတောက်ပန်း Colour) လေး ကို လေ့လာကြည့်ကြမယ်။



Oneplus pad specification များထပ်ထွက်လာပါပြီ။An 11.6” LCD display with a 144Hz refresh rateSupport for HDR 10+ and Dolby...
06/02/2023

Oneplus pad specification များထပ်ထွက်လာပါပြီ။

An 11.6” LCD display with a 144Hz refresh rate
Support for HDR 10+ and Dolby Vision
Stereo Speakers, hints for Dolby Atmos support
Mediatek’s Dimensity 9000 SoC
13MP single-unit main camera
8MP selfie snapper
A hefty 9,500mAh of battery capacity
67W fast charging
Keyboard and stylus support

February 7 မှာလာမဲ့ Oneplus pad===================11.6inch နဲ့လာမယ်။ Oppo pad နဲ့တူမှာမဟုတ်ပဲနဲ့ ပိုမိုကောင်းမွန်တဲ့ fla...
31/01/2023

February 7 မှာလာမဲ့ Oneplus pad
===================
11.6inch နဲ့လာမယ်။ Oppo pad နဲ့တူမှာမဟုတ်ပဲနဲ့ ပိုမိုကောင်းမွန်တဲ့ flagship ဆန်ဆန် feature တွေကို တွေ့မြင်ရပါမယ်။ 8840mAh နဲ့ 67W fast charging ပါလာပါဦးမယ်။ 2.8K display resolution, 144Hz, HDR 10+, Dolby Vision စသည်ဖြင့် စုံစုံလင်လင်ပါဝင်လာပါမယ်။

Pad တစ်ခုထဲလာမှာတာ့မဟုတ်ပဲ OnePlus 11R, OnePlus Smart TV, Oneplus Buds အသစ်တွေကိုလည်း ပွဲထုတ်မယ်လို့သိရပါတယ်။

Iphone 14 pro Black Colour (Space Black) လေးကတော့ မင်မင် လက်ထဲ ရောက်နေပါပြီ။ APPLE ကတော့ အရင်Design နဲ့ဆင်တူနေလည်း ပိုပြ...
16/09/2022

Iphone 14 pro Black Colour (Space Black) လေးကတော့ မင်မင် လက်ထဲ ရောက်နေပါပြီ။

APPLE ကတော့ အရင်Design နဲ့ဆင်တူနေလည်း ပိုပြီး မိုက်နေတာကတော့ လက်ထဲ ကိုင်ကြည့်မှ သိနိုင်မှာပါ။


DXOMARK မှာကြေကွဲနေရတဲ့ XIAOMI MI 12 PRO======================အားလုံးသိထားတဲ့အတိုင်း Xiaomi Mi 12 PRO ဆိုတာက ၂၀၂၂မှာ ဦးဦ...
03/04/2022

DXOMARK မှာကြေကွဲနေရတဲ့ XIAOMI MI 12 PRO
======================
အားလုံးသိထားတဲ့အတိုင်း Xiaomi Mi 12 PRO ဆိုတာက ၂၀၂၂မှာ ဦးဦးဖျားဖျားထွက်ထားတဲ့ Flagship ဖုန်းတစ်လုံးပါ။ နောက်ဆုံးထွက်ဆိုတဲ့အတိုင်း နောက်ဆုံးနည်းပညာ ရွတ်သမျှ အားလုံးနီးပါးပါတဲ့ ရှယ် ဖုန်းတစ်လုံးဆိုလည်း မမှားပါဘူး။
ကင်မရာတွေအနေနဲ့ကတော့
50MP main camera, Sony IMX 707 CMOS
50MP super wide-angle lens
50MP portrait lens
စသည်ဖြင့် 50MP သုံးလုံးကို ဆင်ထားတဲ့ ဖိုက်တာကြီးပါပဲ။
ဒါပေမဲ့ ဖုန်းကင်မရာတွေကို review ရှယ်လုပ်နေတဲ့ DXoMarkမှာတော့ အခြေအနေကောင်းမနေပါဘူး။ ရမှတ် 131 မှတ်နဲ့ အဆင့် ၁၄နေရာမှာ ရှိနေပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က ထွက်ခဲ့တဲ့ Vivo X50 Pro+ နဲ့ Huawei P40 pro ထပ်ကို ရမှတ်က နည်းနေတာပါ။
DXoMark ဆိုတာကလည်း သူ့စံချိန် စံနှုန်းနဲ့တိုင်းတာတာမို့ သူ့ရမှတ်ထပ်စာရင် လက်တွေ့ အသုံးပြုသူရဲ့ အကြိုက်ကသာ အဓိက ဖြစ်မှာပါ။ DXoMark ကပဲ လွဲနေတာလား Xiaomi က ပဲ လွဲနေတာလားဆိုတာကတော့ XIAOMI MI 12 PRO ကိုင်နေတဲ့သူတွေရှိရင် အတွေ့အကြုံကိုမျှဝေသွားကြပါ။



source:gizchina

မျက်နှာပြင်ကို လက်နဲ ထိစရာမလိုတဲ့ နည်းပညာနဲ့ Xperia Sola [Flashback]============================ဖုန်းအသစ်တွေအကြောင်းမဟုတ...
03/04/2022

မျက်နှာပြင်ကို လက်နဲ ထိစရာမလိုတဲ့ နည်းပညာနဲ့ Xperia Sola [Flashback]
============================
ဖုန်းအသစ်တွေအကြောင်းမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ဆယ်နှစ်က Sony က ထွက်ခဲ့တဲ့ mid range ဖုန်း Xperia Sola လေးအကြောင်း ၁၀နှစ်ပြည့် လွမ်းချင်းလေးဖြစ်ပါတယ်။ 2012 ဆိုတာက Galaxy S III, Xperia S, HTC One X, Nokia 808 PureView, Apple iPhone 5, Galaxy Note II တို့ မင်းမူနေကြတဲ့ ခေတ်ပေါ့။ ဖုန်းဒီဇိုင်းအဆန်းတွေနဲ့ ဖုန်းလောကကြီးက အမြဲ ဆန်းပြားနေတဲ့ ခေတ်လို့လည်းပြောလို့ရပါတယ်။

အဲဒီအချိန်မှာ Sony ကနေ Sola ဆိုတဲ့ ဖုန်းသေးသေးလေးတစ်လုံးထွက်ရှိခဲ့ပါတယ်။ ခုခေတ် ဖုန်းတွေနဲ့ မတူပဲ Design က အတော်လေး သေသပ်ပြီး ချစ်ဖို့ကောင်းတဲ့ ဖုန်းလေးပါ။ 3.7-inch size Bravia engine သုံး မျက်နှာပြင်၊ Resolution (480x854) က သူ့ဟာနဲ့သူတော့ ကြည့်ရ အဆင်ပြေနေပါတယ်။ Dual-core 1GHz processor and 512MB RAM ကလည်း နှေးတယ်လို့ ခံစားမနေရပါဘူး။ Android 2.3 Gingerbread လေးနဲ့ ထွက်ရှိလာပြီး 4.4 အထိကို နောက်ပိုင်း မြင့်ခွင့်ရှိပါဦးမယ်။ 5-megapixel ကင်မရာနဲ့ အတော်လေးအဆင်ပြေခဲ့ကြတာပါ။ Selfie ကင်မရာ မပါလာပါဘူး။ ခုခေတ်လူငယ်တွေအတွက်တော့ ရယ်စရာဖြစ်ကောင်းဖြစ်နေစေမှာပါ။ 107 g ပဲရှိပြီး တကယ့်ကို ပါးပါးလျလျ ပေါ့ပေါ့ပါးပါးလေးမို့ လက်ထဲကိုင်ရတာ အရသာ ခုခေတ် မတွေ့ရတော့ပါဘူး။ 3.5mm jack ကြီးလည်း မလျော့ထားပါဘူး။ လုံးဝ လန်ထွက်နေတဲ့အကွက်ကတော့ Floating touch technology ပါ။ 22mm အကွာကနေ မျက်နှာပြင်ကို မထိပဲ touch က အလုပ်လုပ်နေတာပါ။ Glove mode တွေ ဘာတွေ အေးဆေးရပါတယ်။ သူ့ကြောငြာမှာတော့ အရမ်းအေးခဲနေလို့ လက်အိတ်အထူကြီးဝတ်တာတောင် အေးဆေးသုံးလို့ရတယ်ဆိုတာမျိုး လက်မှာဆီပေနေလို့ မထိပဲ သုံးတာတို့ ကြောငြာသွားတာလေး မှတ်မိပါသေးတယ်။

နောက်ထပ် မိုက်တာကတော့ ခုခေတ် flagship ဖုန်းတိုင်းတောင် မပါတတ်တဲ့ NFC ကြီးပါလာတာပါ။ Xperia က SmartTag ဆိုပြီး အရမ်းတွေကို ကြွားလုံးထုတ်ပြီး သူ့ DEVICE အားလုံးနီးပါးမှာကို NFC ကြီးပါနေတာပါ။ အမှတ်တရလေးကတော့ Xperia Sola ဝယ်ရင် အထဲမှာ NFC SmartTag အနီလေးတစ်ခု အမဲလေး တစ်ခု လက်ဆောင်ထည့်ပေးထားတာပါ။ အဲခေတ်အဲအခါမှာတော့ တကယ့်ကို ပျော်စရာကောင်းတာပါ။ Xperia Sola ကိုင်ခဲ့တဲ့သူတွေဆို သေချာသိမ်းထားရင် ခုထိ ရှိတောင် ရှိနေဦးမှာပါ။ ဒါအပြင် Ambient light LED bar ကြီး က တကယ့်ကို အကြီးကြီးပါ။ ခုလိုမီးပျက်တဲ့ကာလဆိုရင် Noti ဘာညာတက်လို့ကတော့ LED bar ကြီးက လင်းထိန်နေမှာပါ။

ခုခေတ်မှာ အဲလို experience ပြန်ရဖို့ကတော့ အတော့ကို ခက်ခဲသွားပြီထင်တယ်။ ဒီ Xperia Sola ကိုသုံးဖူးတဲ့အစ်ကို အစ်မတွေရှိရင်လည်း အတွေ့အကြုံလေးတွေ မျှဝေပေးသွားကြပါ။

Specification
3.7in LCD screen (480 x 854)
Floating Touch and Mobile Bravia display technology
1GHz dual-core processor with 513MB RAM
Android 2.3 (Gingerbread)
8GB Storage (5GB usable) with microSD card
Price : $200 ဝန်းကျင်

Galaxy Tab S7 plus ကို 2022 မှာ ဝယ်သင့်သေးသလား=============================Tab S7 plus ဆိုတာက 2020 ထွက် အကောင်းတကာ့ အကော...
31/03/2022

Galaxy Tab S7 plus ကို 2022 မှာ ဝယ်သင့်သေးသလား
=============================
Tab S7 plus ဆိုတာက 2020 ထွက် အကောင်းတကာ့ အကောင်းဆုံးထဲကတစ်လုံး Android မှာဆို အကောင်းဆုံးလို့တောင် ပြောလို့ရတဲ့ Device တစ်ခုပါ။ အားနည်းချက်ကို ရွေးပြောဆို စျေးကြီးနေတာပဲ ရှိမယ်။
12.4 မျက်နှာပြင်ကြီးမှာ 120Hz Amoled ကြီးကို ကြည့်နေရတာ ပွတ်နေရတာကိုက အရသာ အတော်လေးမိုက်နေတာပါ။ မကြာသေးခင်ကပဲ Tab S8 series ကလည်းထွက်လာခဲ့ပါပြီ။ Tab S8, Tab s8 plus အပြင် Tab S8 ultra ကြီးပါ ထွက်လာခဲ့ပါပြီ။ စျေးတွေကလည်း ကောင်းမှ ကောင်းပါပဲ။ အဲထဲကမှ ယှဉ်မယ်ဆို s8 plus နဲ့ပဲ ယှဉ်ကြည့်ရအောင်။ CPU ပဲ သိသိသာသာ ကွာပါတယ်။ S7 က Snapdragon 865 ဖြစ်ပြီး S8 ကတော့ Snapdragon Gen 1 chip ပါ။ Snapdragon 865 ကကော မမြန်လို့လားဆိုရင် ခု ၂၀၂၂မှာကို အတော်လေး မြန်နေဆဲပါပဲ။ ကင်မရာက ကောင်းလာတယ်ဆိုပေမဲ့ TABLET အတွက်တော့ သိပ်ထွေထွေထူးထူး မကွာလှပါဘူး။ အတိုချုံးပြောရရင် Tab S8 plus က Tab S7 plus ကို အနည်းငယ် ပိုကောင်းအောင်လုပ်ထားတဲ့သဘောပဲ ရှိပါတယ်။ Tab S8 plus က ပြည်တွင်းမှာ ၂၆ သိန်းလောက် ကျသင့်မှာပါ။ အခြားသော စျေးပိုသက်သာပြီး AMOLED Display တွေပါတဲ့ tablet ထွက်လာပေမဲ့ Galaxy tablets တွေရဲ့ Display ကို တော့ မှီမှာမဟုတ်ပါဘူး။ အဓိကတော့ သူ့ရဲ့ eco system, desktop mode ဖြစ်တဲ့ dex mode, အခြား tablet တွေမှာ မတွေ့ရတဲ့ Window laptop/pc ကို secondary display အနေနဲ့ သုံးနိုင်တဲ့ function တွေ အပြင်၊ call and text on other device တို့ကလည်း အသုံးပြုရလွယ်ကူနေဆဲပါ။ သူ့ထပ် သက်သာတဲ့ Tablet အသစ်တွေ အများကြီးထွက်လာပေမဲ့လည်း ၂၀၂၂ မှာတော့ သုံးလို့ အတော်ကောင်းတဲ့ Tablet တစ်လုံးဖြစ်နေဦးမှာပါ။ သူ့ရဲ့ storage, RAM, sim, accessories ပေါ်မူတည်ပြီး Tab S7 plus ကို ၁၅သိန်း−သိန်း ၂၀ ကြားလောက် ထိ သက်သာတယ်ဆို ဝယ်သင့်နေပါသေးတယ်။

စာကြွင်း။ ။ Galaxy Tab S7 plus ဝယ်သင့်သေးလား မေးကြလွန်းလို့ ရေးသားလိုက်ပါတယ်။ ယခုစာကလည်း စာရေးသူ၏ အတွေ့အကြုံနှင့် အမြင်သာဖြစ်ပါသည်။

Leica နဲ့ ပေါင်းစပ်တော့မယ် Xiaomi==========================အခုနောက်ပိုင်းဖုန်းတွေမှာ ကင်မရာကုမ္မဏီတွေနဲ့ ပေါင်းထုတ်လာတာတ...
30/03/2022

Leica နဲ့ ပေါင်းစပ်တော့မယ် Xiaomi
==========================
အခုနောက်ပိုင်းဖုန်းတွေမှာ ကင်မရာကုမ္မဏီတွေနဲ့ ပေါင်းထုတ်လာတာတွေ တွေ့လာရတာ မကြာမကြာပါပဲ။ Huawei နဲ့ Leica ပေါင်းလိုက်တဲ့အခါ Mobile photography က လုံးဝကို တမူးထူးခြားလာခဲ့တာမှတ်မိကြပါဦးမယ်။ Huawei P9 ကနေ စတင်လိုက်တဲ့ ပေါင်းစပ်မှုဟာ P50 Pro အထိပါပဲ။ အခုလို Mobile photography နဲ့ပတ်သက်ပြီး အတွေ့အကြုံကောင်းတွေ အများကြီးရှိတဲ့ Leica က အားလုံးရဲ့ Budget king ကြီး Xiaomi နဲ့ ပေါင်းထုတ်မယ်ဆိုတဲ့ ကောဟလာကကြီးဟာ တစ်ကယ်ဖြစ်လာတော့မှာပါ။ Xiaomi 12 Ultra မှာ သူတို့ရဲ့ပေါင်းစပ်မှုကို စတင်မြင်ရဖို့ရှိနေပါတယ်။ စျေးကတော့ သေးမှာမဟုတ်ပေမဲ့ Xiaomi နဲ့ Leica ရဲ့ပေါင်းစပ်မှုက ဘယ်လိုဖြစ်လာမလဲကိုတော့ စိတ်ဝင်းစားဖို့ကောင်းနေဦးမှာပါ။ ဇွန်လ မတိုင်ခင် ထွက်ရှိလာမယ်လို့သိရပါတယ်။

Xiaomi Mi Band 7 အကြောင်း သိရသလောက်=====================အားလုံးသိတဲ့အတိုင်း ၂၀၁၄ကတည်းကနေ နှစ်စဉ်နှစ်တိုင်း ထွက်လာလိုက်တဲ...
29/03/2022

Xiaomi Mi Band 7 အကြောင်း သိရသလောက်
=====================
အားလုံးသိတဲ့အတိုင်း ၂၀၁၄ကတည်းကနေ နှစ်စဉ်နှစ်တိုင်း ထွက်လာလိုက်တဲ့ Mi band ခုဆို 7 generation ကို ရောက်လာတော့ပါမယ်။ Mi band 6 ကို March 29, 2021 မှာ စတင်မိတ်ဆက်ခဲ့တာမို့ တစ်နှစ်တစ်ခါ ထွက်နေကျဖြစ်တဲ Mi band အသစ်ကို မကြာခင်တွေ့ရတော့မှာပါ။
လက်ရှိကြားသိရသလောက်တော့ 192 x 490 resolution မို့ display အနည်းငယ် ပိုကျယ်လာမယ်။ အရင်လို connected GPS မဟုတ်တော့ပဲနဲ့ ပထမဆုံး built-in GPS ပါလာမယ်။ ဒါကတော့ အတော်လေးစိတ်ဝင်စားဖို့ကောင်းမှာပါ။ အရင်လို tracking သိရဖို့ ဖုန်းယူသွားစရာမလိုတော့ပါဘူး။ heart rate monitoring and sleep tracking တွေ အရင်ကထပ် ပိုကောင်း ပိုမြန် ပိုတိကျလာမယ်။ Mi Fit app ကနေ Zepp Life app ကို ပြောင်းသုံးရမယ်လို့လည်းသိရပါတယ်။ Amazfit app နဲ့ အတူတူဖြစ်သွားပြီး Eco system လည်း ပိုကောင်းသွားမှာပါ။ Design ကတော့ display size လေး အနည်းငယ်ကြီးလာတာကအပ ဘာမှ သိပ်ထူးထူးဆန်းဆန်းပြောင်းလဲလာမှာမဟုတ်လို့ အရင် ကြိုးတွေဝယ်ထားတယ်ဆို ပြန်သုံးလို့ရနိုင်မဲ့အနေအထားပါ။ April လောက်ထွက်မယ်လို့သိရပါတယ်။

Source: android authority

စျေးတန်တန်နဲ့ Tablet ပေါက်စ Realme Pad Mini=====================8.7-inch display1340 x 800 pixels7.6mm in thickness372 g...
29/03/2022

စျေးတန်တန်နဲ့ Tablet ပေါက်စ Realme Pad Mini
=====================
8.7-inch display
1340 x 800 pixels
7.6mm in thickness
372 grams
Unisoc T616 chipset
3/4 GB RAM + 32/64 GB
LTE connectivity
18W fast charging
6,400mAh battery

ယခု specification နဲ့ဆိုရင်တော့ စျေးလည်း အတော်လေးသက်သာမှာဖြစ်ပါတယ်။ April 4 ထွက်ရှိတဲ့အခါ စျေးနှုန်းအသိအကျကို သိရမှာဖြစ်ပါတယ်။

29/03/2022

Vivo X Fold ရဲ့ teaser videos
============================
Vivo X Fold, Vivo pad ကို April 11 မှကြေငြာမှာဖြစ်ပါတယ်။

29/03/2022

Vivo pad ရဲ့ teaser videos
============================
Vivo X Fold, Vivo pad ကို April 11 မှကြေငြာမှာဖြစ်ပါတယ်။

2022 ရဲ့ နောက်ထပ် tablet အသစ်တစ်လုံးအဖြစ် မြင်ရဦးမဲ့  OnePlus Pad===============================Oppo pad, Vivo pad လာပြန...
28/03/2022

2022 ရဲ့ နောက်ထပ် tablet အသစ်တစ်လုံးအဖြစ် မြင်ရဦးမဲ့ OnePlus Pad
===============================
Oppo pad, Vivo pad လာပြန်ပြီ Oneplus pad
Pad တွေ ကြီး လှိမ့်ထုတ်နေကြပြန်တဲ့ ခေတ်ကို ပြန်ရောက်လာပါပြီ။ Specification တွေကလည်း သိပ်မကွာလှတာကြောင့် သိပ်တောင် ထူးခြားနေတယ် မမြင်မိတော့ပါဘူး။ တစ်ခုချင်းစီမှာ သူ့ eco system နဲ့ သူ အထောက်အပံ့တွေတော့ ပေးနေမှာ အသေအချာပါပဲ။

ထွက်ရှိထားတဲ့ သတင်းတွေအရ specification တွေကတော့ ;
=================
12.4-inch OLED, 120Hz refresh rate,
Snapdragon 865, 6GB of RAM
256GB
13MP main camera, 8MP selfie
10,090mAh battery
45W fast charging

April 14, 2022 မှာထွက်ရှိလာမယ်လို့ သိရပါတယ်။ စျေးနှုန်းကတော့ $500 ဝန်းကျင်ရှိမယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

source: gizchina

Xiaomi ရဲ့ နောက်ထပ် Gaming phone အသစ် BLACK SHARK 5/ 5 pro=======================[UPDATE] Release date may be May 1, 202...
27/03/2022

Xiaomi ရဲ့ နောက်ထပ် Gaming phone အသစ် BLACK SHARK 5/ 5 pro
=======================
[UPDATE] Release date may be May 1, 2022
Xiaomi ရဲ့ Gaming phone Black shark 5 ကလည်း လာမဲ့ မတ်လ ၃၀ ရက်နေ့မှာ ထွက်ရှိလာပါဦးမယ်။ အရင်မျိုးဆက်တွေကလည်း ပြည်တွင်း ပြည်ပမှာ ပါ အတော်လေး ပေါက်တဲ့ Gaming phone အဖြစ်ရပ်တည်ခဲ့တာ အခုဆိုရင် ပဉ္စမမြောက် မျိုးဆက်ကို ရောက်ရှိလာခဲ့ပါပြီ။
Black shark 5 က Snapdragon 870 နဲ့လာမှာဖြစ်ပြီး
Black shark 5 pro ကတော့ ပိုကြမ်းတဲ့ Snapdragon 8 Gen1 နဲ့လာမယ်လို့သိရပါတယ်။
120W Fast charging နဲ့လာမှာဆိုတော့ မီးလာတဲ့ အချိန် မြန်မြန်အားသွင်း များများဆော့နိုင်မှာတော့ အသေအချာပါပဲ။ နှစ်ခုလုံးက 6.67-inch 2400×1080 ultra refresh rate နဲ့လာမှာဖြစ်ပြီး AMOLED display ကို သုံးထားမှာဖြစ်ပါတယ်။ RAM ကလည်း 12GB, 16GB စတဲ့ Variant တွေနဲ့လာမှာဖြစ်ပြီး Black Shark 5 Pro ကတော့ ကင်မရာ ပိုကောင်းမယ်လို့သိရပါတယ်။ Punch hole က အလယ်မှာ ရှိပြီး ဘေးဘောင်း အတော်လေး ပါးမှာဖြစ်ပါတယ်။ ၃၀ ရက်နေ့ ထွက်မှာဆိုတော့ သိပ်တောင် မစောင့်ရတော့ပါဘူး။

Credit: gizchina

Oneplus ရဲ့ သင်္ကေတ တွေ လျော့ချခံထားရတဲ့ Oneplus 10R=======================Oneplus 10 pro ကို လာမဲ့ March 31မှာ Global အ...
27/03/2022

Oneplus ရဲ့ သင်္ကေတ တွေ လျော့ချခံထားရတဲ့ Oneplus 10R
=======================
Oneplus 10 pro ကို လာမဲ့ March 31မှာ Global အတွက် ထွက်ရှိလာမှာဖြစ်ပြီး တစ်ပါတည်း Oneplus 10R ကို လည်းမိတ်ဆက်မယ်လို့သိရပါတယ်။ OnePlus 9R ရဲ့ မျိုးဆက်ဖြစ်ပြီး OnePlus 10 Pro ကို လျော့ချထားတဲ့ စျေးနှုန်းပိုသက်သာမည့် ဖုန်းအဖြစ်ထွက်လာမှာပါ။ 6.7-inches AMOLED 120Hz, MediaTek Dimensity 8100, 5G, 8GB or 12GB of LPDDR5 RAM, 4,500mAh, 50MP main camera စသည်ဖြင့် ထွက်လာမှာဖြစ်ပါတယ်။ 150W FAST charging ကတော့ စိတ်အဝင်စားဖို့ အကောင်းဆုံးဖြစ်မှာပါ။

သူ့ရဲ့ Body design ကတော့ အတော်လေး ပြောင်းလဲသွားမယ်လို့ သိရပါတယ်။ စိတ်မကောင်းစရာက Oneplus ရဲ့ သင်္ကေတဖြစ်တဲ့ side slider မပါလာတော့ပါဘူး။ selfie ကလည်း အလယ်တည့်တည်ဖြစ်သွားပါပြီ။ သူ့ရဲ့ပုံက မကြာသေးခင်ကထွက်ရှိထားတဲ့ Realme GT Neo 3 နဲ့ ခပ်ဆင်ဆင်ဖြစ်နေမှာပါ။ စျေးနှုန်းကတော့ လကုန်သိရတော့မှာမို့ သိပ်စောင့်ရမှာမဟုတ်ပါဘူး။

Credit: phonearena

March 28 မှာ ထွက်လာတော့မဲ့ VIVO PAD tablet======================[UPDATE] April 11 မှ ထွက်မှာဖြစ်ပါတယ်။==================...
27/03/2022

March 28 မှာ ထွက်လာတော့မဲ့ VIVO PAD tablet
======================
[UPDATE] April 11 မှ ထွက်မှာဖြစ်ပါတယ်။
=======================
2021-2022 ကတော့ Tablet တွေ အစီအရီကို ထွက်တဲ့ နှစ်လို့ပဲ ပြောရမှာပါပြီး ပြီးခဲ့တဲ့ လပိုင်းကမှ Oppo pad ဆိုပြီး အနေအထားအတော်လေးကောင်းမွန်တဲ့ tablet လေးတစ်လုံးထွက်လာခဲပြီး သူ့ရဲ့ ညီမတော် Vivo ကလည်း Vivo pad ဆိုပြီး လာပါဦးမယ်။ Lenovo, Huawei, Oppo, အခုလည်း Vivo pad ဆိုတော့ tablet market ထဲ တရုတ်တွေ အလုံးအရင်းနဲ့ ကို ဝင်လာတာကို တွေ့မြင်ရမှာပါ။ ၂၈ရက်ဆိုတော့ နက်ဖြန်ပဲ ဖြစ်နေပြီ။ Vivo အသုံးပြုတဲ့ user တွေဆိုရင်တော့Vivo eco system လေး ပိုကောင်းလာဖို့ ရှိပါတယ်။
Vivo က ဘာသတင်းမှ မထွက်ပဲ ထွက်ခါနီး ရက်ပိုင်းအလိုမှ ခုလို ပုံတွေထွက်လာတာဆိုတော့ အချက်အလက် တိတိကျကျ သိပ်မသိရသေးပါဘူး။ ပုံတွေကြည့်ရတာတော့ အတော်လေးပါးပြီး သေးတဲ့ Bezel နဲ့ လှပတဲ့ design ကို မြင်ရမှာပါ။ ကြားသိရတဲ့ သတင်းတွေအရတော့ OLED 120hz, selfie 8 MP, Rear က 13 MP and 8 MP camera တွေ ပါမှာဖြစ်ပါတယ် Snapdragon 870 SoC ပဲဖြစ်ဖို့များပြီး 8,040 mAh battery ကို 44W အထိ fast charging Support ပေးမှာဆိုတော့ အတော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။ ပိုစိတ်ဝင်စားဖို့ကောင်းမကောင်းကတော့ စျေးနှုန်းထွက်လာမှပဲ ထပ်ပြောနိုင်မှာပါ။
Credit: phonearena

မကြာခင် ထွက်လာဦးမဲ့ Fitbit ရဲ့ Versa 4, Sense 2, and Luxe 2 ====================Fitbit brand တွေဟာဆိုရင် နှစ်ပေါင်းများစ...
27/03/2022

မကြာခင် ထွက်လာဦးမဲ့ Fitbit ရဲ့ Versa 4, Sense 2, and Luxe 2
====================
Fitbit brand တွေဟာဆိုရင် နှစ်ပေါင်းများစွာ fitness band လောကရဲ့ ဘိုးအေးကြီးများထဲက တစ်ခုဖြစ်ပါတယ်။ အခုထိတိုင်လည်း fitness နဲ့ ပတ်သက်ရင် ထိပ်ဆုံးထဲမှာ ရှိနေဆဲပါ။ သုံးလို့ကောင်းတဲ့ fitness app အပြင် ရိုးရှင်းတဲ့ UI လှပတဲ့ band ဒီဇိုင်းတွေက Fitbit ကို သုံးစွဲဖို့ အမြဲ တွန်းအားပေးနေဆဲပါ။ ပြည်တွင်းမှာ အသုံးနည်းပေမဲ့ ဝယ်လို့ရတဲ့ဆိုင်တွေလည်း ရှိနေဆဲပါ။

နှစ်စဉ်နှစ်တိုင်း watch အသစ် Band အသစ်တွေ ထွက်တယ်ဆိုပေမဲ့ မနှစ်က ၂၀၂၁ မှာတော့ Google က ဝယ်ယူလိုက်ပြီး ပိုမိုကောင်းမွန်တဲ့ smartwatch တွေ ထွက်လာမယ်လို့ မျှော်လင့်ထားကြပါတယ်။ wear os မဟုတ်ပေမဲ့ google assistant ရတဲ့ ရှားပါး တံဆိပ်ဖြစ်လာပါပြီ။ 2022 Q3 လောက်ဆို ထွက်မှာဖြစ်ပြီး ထူးထူးခြားခြားပဲ GOOGLE Wear OS အသုံးပြုမှာ မဟုတ်ဘူလို့သိရပါတယ်။ ဒါလည်း စိတ်ဝင်စားဖို့ကောင်းမှာပါ WEAR OS သုံးတဲ့ နာရီတွေဟာ BATTERY ကြာကြာခံလေ့မရှိပါဘူး။ အရင်လို့ Fitbit OS လည်း မဟုတ်ဘူးဆိုတော့ ထူးခြားဆန်းသစ်တာတွေ မြင်ရဖို့ရှိပါတယ်။ ပျင်းဖို့ကောင်းလာတဲ့ wearable market အတွက် ထူးခြားတဲ့ smartwatch လေးတွေ ဖြစ်လာဦးမှာပါ။

credit:
gizchina

လူတိုင်းကြိုက်တဲ့ Redmi note series……………………………………………………………….Redmi Note 11 pro 5G လေးအကြောင်း ပြောပါမယ်။ ဒီဖုန်းလေးကတော့ ...
08/03/2022

လူတိုင်းကြိုက်တဲ့ Redmi note series
……………………………………………………………….
Redmi Note 11 pro 5G လေးအကြောင်း ပြောပါမယ်။ ဒီဖုန်းလေးကတော့ 5G နဲ့ထွက်လာတာဆိုတော့ ကိုယ်တွေ မြန်မာပြည်ကလူတွေအတွက်တော့ ပျင်းစရာ Update လေးပေါ့နော် ဘာလို့လဲဆိုတော့ ကိုယ်တွေနိုင်ငံက 1999 ခေတ်ကို ပြန်သွားနေတာဆိုတာ သိတယ်မလား….. ရေးရင်းနဲ့တောင် မီးပျက်သွားပြန်ပြီ… ရယ်ရခက် ငိုရခက် ဘဝ ပါဗျာ။
Design လေးနဲ့ အရင် စပါရစေဗျာ… လေးထောင့် Design လေးနဲ့ Screen size ကြီးကြီး တော်တော်ကြီးတဲ့ Camera တွေက မြင်တာနဲ့ စွဲမက်စေမှာ အသေအချာပဲဗျာ။
Display လေးကတော့ အယ်စတုံ 6.67 inch နဲ့ Super AMOLED screen ကိုမှ 120 Hz နဲ့ဆိုတော့ ရှယ်ပဲပေါ့နော်။ အလင်းအားကလည်း အများဆုံး 1200 nits ထိဆိုတော့ အပြင်မှာ စိတ်ကြိုက်သုံးနိုင်တာပေါ့။ Camera ကတော့ Note 10 pro နဲ့ သိပ်မကွာလှပါဘူး Primary camera 108MP, Ultrawide က 8MP နဲ့ Depth sensor မပါဘူးဗျ။ Macro camera လေး 2MP ပဲ ပါတယ်ဆိုပေမဲ့ သိပ်လည်း မသုံးဖြစ်ပါဘူး။ Selfie camera လေးကတော့ 16MP, f/2.4 ဆိုတော့ သူ့ဈေးနဲ့ အကောင်းဆုံးပဲပေါ့။

ထူးခြားတဲ့ အပြောင်းအလဲလေးကတော့ CPU ပါပဲ… Redmi note 11 pro လေးက Snapdragon 695 5G chipset လေးဆိုတော့ ပိုပြီး အားကောင်းလာတော့ပေါ့။ အဲ့အပြင် Battery ကြီး 5000 mah ကတော့ စိတ်မပျက်ရပါဘူး။ Snapdragon 695 ရဲ့ 6nm ပဲပါတာဆိုတော့ Battery 5000mah နဲ့ အမုန်းဆွဲပါ။ အကောင်းဆုံးလေးကတော့ 67 Watt fast charging လေးကတော့ သူ့နောင်တော် 33Watt ပါတဲ့ Note 10 pro လေးထက် စိတ်ချမ်းသာရတာပေါ့။ သူတို့ ကြော်ြငာမှာတော့ 15 minutes အားသွင်း 50% နဲ့ 42 minutes နဲ့ 100% အားအပြည့် ရမယ်လို့တွေ့ရပါတယ်။

အားလုံးကြိုက်ကြတဲ့ Stereo Speakers, 3.5mm Jack, Remote control လုပ်လို့ရတဲ့ IR blaster လေးတွေပါဝင်တော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးပေါ့ဗျာ။

5 သိန်းကျော်ကျော်လေးနဲ့ Design ဆန်းဆန်း Camera & battery အကိတ်ကြီး… ပြီးတော့ Game ဆော့ဖို့ CPU ကလည်း အလွင့် 8Gb RAM နဲ့ 128 Gb Rom version လေးက ကိုယ်တွေအတွက် အကိုက်ဆုံးပါပဲဗျာ။


Ionic smartwatch series သမားတွေကို ငွေပြန်အန်းနေတဲ့ Fitbit==========================Fitbit Ionic ဆိုတာက ၂၀၁၇ မှာ အတော်လေ...
03/03/2022

Ionic smartwatch series သမားတွေကို ငွေပြန်အန်းနေတဲ့ Fitbit
==========================
Fitbit Ionic ဆိုတာက ၂၀၁၇ မှာ အတော်လေး ပေါက်ခဲ့တဲ့ ပေါ်ဦးပေါ်ဖျား ရှယ် smartwatch တစ်လုံးပေါ့။ Fitness ပိုင်းအထူးကောင်းမွန်တာကြောင့် အတော်လေးကိုကျော်ကြားပါတယ်။ ပြသနာက သူ့ရဲ့ battery ပါ။ အဲဒီ battery ကြောင့် အသားလောင် တဲ့ ပြဿနာတွေရှိခဲ့ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက ၂၀၁၇ တုန်းက အလုံးတွေကို ခု ၂၀၂၂ မှ ပြန်သိမ်းပြီး ငွေ ပြန်အမ်းပေးတာကတော့ Fitbit ရဲ့ customer care အတော်လေးမိုက်တာကို တွေ့ရပါတယ်။ အလုံးရေ သန်းကျော်ရောင်းချထားတဲ့ Ionic model တွေကို $300 နာရီတန်ဖိုးစျေးကို အပြည့်ကိုအန်းမှာပါ။ သင့်မှာလည်း Ionic လေး ရှိသေးတယ်ဆိုရင်တော့ ပြန်အမ်းဖို့သာ ပြန်လိုက်ပါတော့။

150W fast charging နဲ့ လာဦးမဲ့ OnePlus Nord 3=========================ပြီးခဲ့တဲ့ရက်ပိုင်းက Oppo ကနေ ကမ္ဘာအားသွင်းအမြန်ဆု...
03/03/2022

150W fast charging နဲ့ လာဦးမဲ့ OnePlus Nord 3
=========================
ပြီးခဲ့တဲ့ရက်ပိုင်းက Oppo ကနေ ကမ္ဘာအားသွင်းအမြန်ဆုံးစနစ် ကို မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲအားသွင်းစနစ်တွေကို ဖုန်းတွေထဲ သေချာထည့်ပေးထားတာမျိုးမရှိသေးပါဘူး။ သို့ပေမဲ့ OnePlus Nord 3 မှာတော့ 150W အထိကို Fast charging ရမယ်လို့ သိရပါတယ်။ ဒီ charging စနစ်နဲ့ဆိုရင်တော့ ဖုန်းကို ၁၅မိနစ်အတွင်း 0 to 100 အထိ သွင်းနိုင်တာမို့ အတော်လေးပျော်စရာကောင်းတဲ့ feature လေးပါ။ Nord 2 မှာတုန်းက 65W တောင် အတော်လေးမြန်တာဆိုတော့ သိသိသာသာကို ပိုမြန်ဦးမှာပါ။ Q2 2022 မှာ ထွက်ရှိလာမှာဆိုတော့ သိပ်တောင် စောင့်ရတော့မှာမဟုတ်ပါဘူး။ အရင် nord 2 တုန်းက explode case တွေ ရှိခဲ့တာမို့ Nord 3 မှာ အဲ issue တွေကို ဖြေရှင်းနိုင်ပမလားကတော့ စောင့်ကြည့်ရမှာပါ။

Breaking!!!Russia President ငပူတင်း ကတော့ Nuclear တပ်တွေကိုပါ အသင့်ပြင်ထားဖို့ ကြေငြာထားပါပြီတဲ့။အနောက်ဘက် နိုင်ငံတွေရဲ့...
27/02/2022

Breaking!!!
Russia President ငပူတင်း ကတော့ Nuclear တပ်တွေကိုပါ အသင့်ပြင်ထားဖို့ ကြေငြာထားပါပြီတဲ့။

အနောက်ဘက် နိုင်ငံတွေရဲ့ ပိတ်ဆို့မှုတင်းအားတွေကြောင့် Russia ကတော့ ကြိုတင်ပြင်ဆင်ထားတဲ့သဘောပါပဲ။

Tech သတင်းမဟုတ်ပေမဲ့ တင်ခွင့်ပြုပါ။




Credit

အရင်ကထပ် စျေးချိုချိုနဲ့ ထွက်လာမဲ့ IPHONE SE 3 2022==================သတင်းတွေအရတော့ Apple ကနေ စျေးအသက်သာဆုံး 5G ဖုန်းတစ်...
26/02/2022

အရင်ကထပ် စျေးချိုချိုနဲ့ ထွက်လာမဲ့ IPHONE SE 3 2022
==================
သတင်းတွေအရတော့ Apple ကနေ စျေးအသက်သာဆုံး 5G ဖုန်းတစ်လုံးကို March 2022 မှာ ထွက်ရှိတော့မယ်လို့ သိရပါတယ်။ စျေးနှုန်းအရတော့ အနိမ့်ဆုံး model ကို $300 က နေစထွက်လာမယ်လို့ သိရပါတယ်။ A15 Bionic chip နဲ့ ကတော့ စိတ်ဝင်စားဖို့ကောင်းပေမဲ့ ဒီဇိုင်းကတော့ SE2 (2020) နဲ့ အလာတူ ထွက်လာမယ်လို့ သတင်းတွေမှာဖော်ပြထားပါတယ်။ အရင် ထွက်ခဲ့တဲ့ iPhone SE 2 (2020) တုန်းကဆို $399 နဲ့ စတာမို့ အရင်ကထပ်တော့ စျေးပိုသက်သာသယောင်ရှိပါတယ်။ ဒါပေမဲ့ မြန်မာအတွက်တော့ မိုးပေါ်မြောက်တက်နေတဲ့ ဒေါ်လာစျေးကြောင့် ဘာမှ စျေးသက်သာတယ်လည်း မြင်မိမှာမဟုတ်ပါဘူး။ အသေးစိတ်အချက်အလက်တွေကိုတော့ မတ်လကျရင် ပိုပို သိရမှာဖြစ်ပါတယ်။

Android 13 update ရရှိမည့် Xiaomi ဖုန်းများ==================Mi 10SMi 11/Pro/UltraMi 11i/11X/11X ProXiaomi 11X/HyperChar...
25/02/2022

Android 13 update ရရှိမည့် Xiaomi ဖုန်းများ
==================
Mi 10S
Mi 11/Pro/Ultra
Mi 11i/11X/11X Pro
Xiaomi 11X/HyperCharge
Xiaomi 11T/Pro
Xiaomi 12 / Pro / Lite
Mi 11 Lite 4G/5G/LE/Lite NE 5G
Xiaomi MIX 4 / MIX 5 / MIX 5 PRO
Xiaomi MIX FOLD
Xiaomi CIVI
Xiaomi Pad 5 Series
-----------------------
REDMI DEVICES
Redmi 10/Prime/2022/Prime 2022
Redmi Note 10/10S/Pro/Pro Max/Pro 5G
Redmi Note 10T/10 5G
Redmi Note 11/NFC/11S/Pro 4G/Pro 5G
Redmi Note 11 Pro / Pro+ / 11E Pro
Redmi Note 11T/11 5G/4G
Redmi K40/Pro/Pro+/Gaming
Redmi K50/Pro/Gaming/Gaming Lite
-----------------------
POCO DEVICES
POCO F3/GT
POCO X3 GT / X3 Pro
POCO F4/Pro/GT
POCO M3 Pro 5G /M4 Pro 5G/M4Pro 4G
POCO C4
-----------------------
ရချင်မှရမယ် ဒါပေမဲ့ ဆုတောင်းရင် ရနိုင်မည့် Device များ
Redmi K30 Pro / Zoom Edition
Redmi K30S Ultra
POCO F2 Pro
Mi 10 / Pro / Ultra
Mi 10T / Pro
Redmi Note 8 2021
DEVICES THAT WILL NOT GET ANDROID 13
Redmi 9 / Prime / 9T / Power
Redmi Note 9 / 9S / Pro / Pro Max
Redmi Note 9 4G / 5G / 9T 5G
Redmi Note 9 Pro 5G
Redmi K30 4G/5G/Ultra/K30i 5G/Racing
POCO X3 / NFC
POCO X2 / M2 / M2 Pro
Mi 10 Lite/Youth Edition
Mi 10i/10T Lite
Mi Note 10 Lite

source - gizchina

မဆိုးလှတဲ့စျေးနှုန်းလေးနဲ့ ထွက်လာပြီ ဖြစ်တဲ့ Oppo Pad========================================ထွက်မယ် ထွက်မယ် တကဲကဲလုပ်နေ...
25/02/2022

မဆိုးလှတဲ့စျေးနှုန်းလေးနဲ့ ထွက်လာပြီ ဖြစ်တဲ့ Oppo Pad
========================================
ထွက်မယ် ထွက်မယ် တကဲကဲလုပ်နေတဲ့ Oppo pad ဟု ကြားသိထားတဲ့ အချက်အလက် များနဲ့ပဲ ထွက်ရှိလာပါတယ်။
Snapdragon 870
6.99mm thickness
507 grams
11-inch LTPS LCD
2560 × 1600 px, 120Hz
13MP rear camera, 8MP selfie
Quad Speaker, Dolby Atmos and Hi-Res audio
8,300 mAh, 33W fast charging

ဆိုပြီး ပါလာမှာပါ။
စျေးနှုန်းကတော့
6/128GB = $363
8/256GB = $474
Keyboard case = $63
Oppo Pencil stylus = $79
အရောင်အားဖြင့် ခရမ်းရောင် အမဲရောင်အပြင် limited edition ဖြစ်တဲ့ limited Artist Edition ငွေရောင်ပါ ပါဝင်လာမှာဖြစ်ပါတယ်။
China market မှာတော့ March 3 ရက်နေ့မှာစတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

ဝမ်းနည်းစရာတော့တော့ အားလုံးတောင်းတကြတဲ့ SIM Card support, sd card support, 3.5MM JACK တွေ မပါလာပါဘူး။

Realme ရဲ့ ကမ္ဘာအမြန်ဆုံးအားသွင်းစနစ်ကို ကြေငြာရန်ရှိ=======================မနှစ်က ထွက်ခဲ့တဲ့ 125W UltraDart က Realme အမ...
22/02/2022

Realme ရဲ့ ကမ္ဘာအမြန်ဆုံးအားသွင်းစနစ်ကို ကြေငြာရန်ရှိ
=======================
မနှစ်က ထွက်ခဲ့တဲ့ 125W UltraDart က Realme အမြန်ဆုံးအားသွင်းစနစ်တစ်ခုဖြစ်ခဲ့ပါတယ်။ အခုနှစ်မှာလည်း သူ့ထက်မြန်တဲ့ စနစ်တစ်ခုကို လာမဲ့ ဖေဖော်ဝါရီ ၂၈ရက်နေ့ MWC မှာ ကြေငြာသွားမယ်လို့သိရပါတယ်။

လက်ရှိ ကမ္ဘာအမြန်ဆုံးအားသွင်းစနစ်ကတော့ Xiaomi က ထွက်ရှိထားတဲ့ 200W ဖြစ်ပြီး 4,000 mAh battery ကို 8 minutes နဲ့ အပြည့်ဖြည့်နိုင်ခဲ့ပါတယ်။ ဒီတော့ Realme ရဲ့ အားသွင်းစနစ် အသစ်ဟာ 200W နဲ့ အထက် လို့ ပြောလို့ရပြီး ၅မိနစ်လောက်နဲ့ အပြည့်ဖြည့်လို့ရနေမလားကတော့ ၂၈ရက်နေ့ကိုစောင့်ကြည့်ရမှာပါ။

Performance ကောင်းကောင်းနဲ့လာမဲ့ OPPO PAD tablet============================ခုနှစ်ပိုင်းတွေမှာ အရေအသွေးမြင့် performance...
21/02/2022

Performance ကောင်းကောင်းနဲ့လာမဲ့ OPPO PAD tablet
============================
ခုနှစ်ပိုင်းတွေမှာ အရေအသွေးမြင့် performance ကောင်းကောင်း နှင့် Stylus ပါရတဲ့ Tablet တွေကို company တစ်ခုပီးတစ်ခုကို ထုတ်လာကြတာပါ။ အခုလည်း Oppo က သူတို့ရဲ့ OPPO PAD ကို လာမည့် ၂၄ရက်နေ့မှာ စတင်မိတ်ဆက်ပါတော့မယ်။ ပါဝင်မဲ့ specification တွေကတော့ အောက်ပါတိုင်း သတင်းထွက်နေပါတယ်။ စျေးနှုန်းကို ကြည့်ပြီး mi pad နဲ့ ကောင်းကောင်း ယှည်ပြိုင်ကြမလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။

Chip: Snapdragon 870
Memories : 6 or 8 GB of RAM, 256 GB of storage space
Display : 10.95 inch LCD with QHD + resolution, 10 bit and 120Hz refresh rate
Cameras : 13 megapixel rear, 8 megapixel front
Battery : 8,360 mAh with 33 watt wired fast charging
Audio : four speakers with Dolby Atmos equalization
Connectivity : Wi-Fi 6, probable variant with cellular connectivity
Weight : 507/510 grams
Thickness : 6.9 / 7.05mm

source:gizchina

မကြာခင်ထွက်လာတော့မဲ့ OnePlus Nord CE 2 5G=====================ကြားသိရသလောက် ပါဝင်လာမည့် specification တွေကတော့MediaTek D...
17/02/2022

မကြာခင်ထွက်လာတော့မဲ့ OnePlus Nord CE 2 5G
=====================
ကြားသိရသလောက် ပါဝင်လာမည့် specification တွေကတော့

MediaTek Dimensity 900 SoC
6.43-inch AMOLED, 90Hz refresh rate, HDR10+
4,500mAh battery
65W SuperVOOC fast charging.
64MP main camera

6GB + 128GB = $320
8GB + 128GB = $333

16/02/2022

Sony LinkBuds Truly Wireless Earbuds TWS commercial video

Design ဆန်းဆန်းနှင့် ထွက်ရှိလာတဲ့ TWS SONY LINKBUDS=======================ဖုန်းလောကမှာ SONY က ဘာမှန်းကို မသိနေပေမဲ့။ Aud...
16/02/2022

Design ဆန်းဆန်းနှင့် ထွက်ရှိလာတဲ့ TWS SONY LINKBUDS
=======================

ဖုန်းလောကမှာ SONY က ဘာမှန်းကို မသိနေပေမဲ့။ Audio လောကမှာတော့ ဆရာတစ်ဆူပါပဲ။ 1000XM4 series ကိုပဲ ကြည့်ပါ။ လက်ရှိ market leading နည်းပညာတွေပါပဲ။ ဒီ Linkbuds မှာတော့ ပတ်ဝန်းကျင်ဆူညံသံကို လိုက်ပြီး အသုံးအတိုးအလျော့လုပ်ပေးတဲ့စနစ်၊ 360 reality audio အသံစနစ်၊ DSEE ကိုပါ ပါဝင်မှာဖြစ်ပါတယ်။ စျေးနှုန်းကလည်း $180 လောက်ပဲရှိပါမယ်။ 1000XM4 series လောက်မမိုက်ပေမဲ့ သူ့စျေးလေး သူ့ design လေးနဲ့ကတော့ မိုက်တဲ့ထဲမှာပါပါတယ်။

09/02/2022

Dear All,

Galaxy Unpacked ရဲ့ Epic moment တွေကိုကြည့်ရှု့ဖို့ ရင်ခုန်​နေပြီလား။ ဆန်းသစ်တဲ့နည်းပညာတွေကို တစ်ကမ္ဘာလုံးနဲ့ တစ်ပြိုင်နက် ကြည့်လိုက်ကြရအောင်။

08/02/2022

အားလုံး နက်ဖြန်ည ၉နာရီခွဲ အတူတူ တွေ့ဆုံဖို့ Ready ပဲလား......

Samsung ကနေ ဆန်းသစ်တဲ့နည်းပညာတစ်ခုကို ဖေဖော်ဝါရီလ ၉ ရက်နေ့ ည ၉:၃၀ မှာ Global Unpacked ပြုလုပ်ပြီး အားလုံးရှေ့အရောက် မိတ်ဆက်ပေးတော့မှာပါ။

စိတ်ဝင်စားတယ်ဆိုရင်တော့ https://bit.ly/3rPsiAm မှာ register လိုက်ရုံနဲ့ Galaxy Buds, Galaxy Fit 2, UV sanitizer အစရှိတဲ့ အလန်းစားလက်ဆောင်တွေကို ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးလည်းရှိတယ်ဆိုတော့ register လုပ်ဖို့လည်း မမေ့နဲ့ဦးနော်။

Samsung ကနေ အသစ် မိတ်ဆက်လိုက်တဲ့ Entry phone Galaxy A03-----------------------------------------------------------------...
30/01/2022

Samsung ကနေ အသစ် မိတ်ဆက်လိုက်တဲ့ Entry phone Galaxy A03
----------------------------------------------------------------------------------------------------------------------------------------------------
Screen size ကြီးကြီး 6.5 inches နဲ့ ကြီးမားသော Battery 5000mah က အသုံးပြုသူတွေ ကြိုက်နှစ်သက်စေမှာပါ။ ကျောဖက်ကင်မရာ နှစ်လုံးကတော့ main camera 48Mp ပါဝင်ပြီးတော့ Depth sensor 2MP လည်း ပါဝင်သောကြောင့် ဈေးသက်သာသော ဖုန်းတစ်လုံးအနေနဲ့ အသုံးပြုသူတွေ ကျေနပ်စေမှာပါ။ Selfie Camera ကတော့ 5MP ဖြစ်သောကြောင့် သင့်တင့်တဲ့ဖုန်းလေးပဲ ဖြစ်ပါတယ်။ Samsung Galaxy A03 စမတ်ဖုန်းတွင် processor ပိုင်းမှာတော့ Unisoc T606 ကိုသုံးထားပါတယ်။

အဆိုပါ Galaxy A03 စမတ်ဖုန်းအသစ်များအား အရောင် သုံးမျိုးဖြစ်သည့် အမည်းရောင်၊ အပြာရောင်နှင့် အနီရောင် အရောင် ၃ ထွက်ရှိတာဖြစ်ပြီးတော့ ဈေးနှုန်းလေးတွေကိုလည်း အောက်မှာဖော်ပြပေးလိုက်ပါတယ်။
RAM 3 + ROM 32GB = 269000 Kyats
RAM 4 + ROM 64GB = 309000 Kyats

Twan



ဘက်စုံသုံး tablet လေးHuawei Matepad 11 review=============================ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်ကမှထွက်ထားတဲ့ Hu...
14/01/2022

ဘက်စုံသုံး tablet လေး
Huawei Matepad 11 review
=============================
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်ကမှထွက်ထားတဲ့ Huawei ရဲ့ matepad 11 က snapdragon 865 နဲ့ထွက်လာခဲ့ပြီး အခြားသော spec တွေနဲ့ပေါင်းလိုက်ရင် mid range tablet လို့ ပြောကြပေမဲ့ performance အတော်လေး ကောင်းတဲ့ tablet တစ်လုံးပါ။ Harmony OS နဲ့လာတာမို့ နည်းနည်းလေးတော့ ဆန်းစစ်နေတယ်။ အဓိကတော့ သူ့ရဲ့ 120hz refresh rate နဲ့ IPS DISPLAY က အတော်လေးကို မိုက်ပါတယ်။ ဒီမှာ specification ကို အဓိက မပြောတော့ပဲ သုံးရတဲ့ အတွေအကြုံတွေကို အဓိက ပြောပြချင်ပါတယ်။ မနှစ်က ထွက်ထားတဲ့ flagship cpu ရယ် emui ရဲ့ optimization တွေ ကြောင့် ဘာ app သုံးသုံးပေါ့ပါးသွက်လက်နေတယ်။ 120hz ကြောင့်လည်းပါတာပေါ့။ ဘာ game ဆော့ဆော့လည်း အကုန် smooth ပါပဲ။ Display ကလည်း IPS သာပြောတယ် AMOLED နဲ့တောင် တစ်ချက်တစ်ချက်မှားလောက်အောင် အရောင်တွေကလှပနေတယ်။ အသံပိုင်းကိုကြည့်ရင်လည်း အသံထွက်က အတော်လေး ကျယ်ပြီး ကောင်းလှပါပြီဆိုတဲ့ galaxy tab s7 plus နဲ့ ယှဉ်တောင် သူ့ဟာနဲ့သူမိုက်နေရော။ ကင်မရာက အရင် matepad pro ထပ်စာရင် အလည်တည့်တည့်ဖြစ်သွားတာမို့ video call တွေမှာ natural ဖြစ်တဲ့အရသာပြန်ရစေတယ်။ matepad pro kirin 990 ကောင် နဲ့ယှဉ်ရင် အသံပိုကောင်းလာတယ်။ ရုပ်ထွက်လည်းပိုကောင်းလာတယ်။ cpu လည်း အနည်းငယ်ပိုကောင်းသွားမယ်။ punch hole မပါလာတာမို့ ကြည့်ရတာလည်းပိုကောင်းတယ်။ ဒါပေမဲ့ downgrade အနေနဲ့ 22.5-W fast charging ပဲရမယ်။ bezel နည်းနည်းလေးတော့ ပိုထူသွားမယ်။ EMUI desktop က အရင်ကထပ် ပိုကောင်းလာတယ်လို့တော့ ခံစားရတယ်။ Huawei devices တွေနဲ့ ချက်စက်နိုင်မှုကတော့ Huawei eco system ထဲ ဝင်သွားပြီးဆို မိုက်ပီပဲ။ Android tablet တွေရဲ့အားနည်းချက်တစ်ခုဖြစ်တဲ့ app တွေအတွက် optimization တစ်ချို့လည်းပါလာတယ်။ ဥပမာ Instagram ကို Landscape သုံးရင် အခြား tablet တွေမှာ အောက်ဆွဲချပဲ။ ကြည့်ရတဲ့ view က သိပ်ကောင်းမနေဘူး။ ဒီကောင်မှာကျ auto အလယ်ကနေ နှစ်ခုခွဲပလိုက်တယ်။ တစ်ဖက်က story ပြတယ်။ တစ်ဖက်က feed ပြတယ်။ လိုအပ်နေတာ အဲဒါပဲ။ multiple app အသုံးပြုရတဲ့ style ကို galaxy tab s7 ထပ်တောင် ပိုကြိုက်မိတယ်။ အသုံးမလိုတဲ့ wireless charging မပါလာပေမဲ့ reverse wireless charging ပါလာသေးတာတော့ အဆင်ပြေတယ်။ အရင်လို NM CARD ထည့်မှရတဲ့ HUAWEI TABLET မဟုတ်တော့ပဲ စျေးချိုဝယ်ရလွယ်တဲ့ sd card ပြန်ထည့်လို့ရသွားတာတော့ ကြိုက်တယ်။ Camera ကတော့ သိပ်ထွေထွေထူထူးပြောစရာမရှိဘူး V call ပြောရတာ အဆင်ပြေတယ်။ microphone ၄လုံးပါတော့ အသံလည်း ဖမ်းယူမှုပိုကောင်းတယ်။

Accessories
========
ဝယ်ရင် m pencil 2 နဲ့ magnetic keyboard တန်းပါလာတာတော့ ပျော်စရာကြီးပါ။ m pencil 2 က အရင်ကထပ် ပို smart ဖြစ်သွားတယ်။ လက်နဲ့ ပုတ်ပြီး note က pen အမျိုးအစားနဲ့ eraser ကို ရွေးလို့ရတာလေးက မိုက်တယ်။ search box တွေ မှာတိုက်ရိုက် စာရေးပြီး text ပြောင်းသွားပေးတာလေးလည်း အတော်အဆင်ပြေတယ်။ m pencil 2 မှာ tip နှစ်မျိုးပါလာပါတယ်။ metal tip နဲ့ plastic tip ပါ။ အရင် m pencil မှာဆို plastic tip ပဲ ပါတာပါ။ အဲတော့ ကြိုက်တာရွေးလို့ရတာပေါ့။ 120hz display ကြောင့် ရေးရတဲ့ အရသာက အများကြိုးပိုကောင်းသွားတယ်။ စာရေးရတဲ့ Latency ကလည်း 2ms ဆိုတော့ ဘယ်ပြောကောင်းမတုန်း။ stylus ကို အရင်လို အလည်တည့်တည့်ထားရတာမဟုတ်ပဲ ညာဖက်လေးထားထားတယ်။
magnetic keyboard ကတော့ ထွေထွေထူးထူးသိပ်မထူးဘူး။ matepad pro တုန်းက အတိုင်းပဲ ကွဲတာဆိုလို့ အရောင်လေးနည်းနည်းပဲ ကွဲမယ်။ အရသာကတော့ ကောင်းမြဲကောင်းဆဲပဲ။

Note application များ
========
Stylus သုံးပြီဆို မှာတော့ note app, drawing app တွေ သုံးဖြစ်ကြမှာပဲ။ app အတော်များများနဲ့ အဆင်ပြေတယ်။ စမ်းကြည့်သလောက် nebo, INKredible, bamboo, noteshelf အကုန်လုံးနဲ့ ကောင်းကောင်းမွန်မွန်အလုပ်လုပ်တယ်။ ဒါပေမဲ့ Onenote မှာတော့ အနည်းငယ် delay ဖြစ်နေတယ်။ optimization အနည်းငယ် အားနည်းတယ်လို့မြင်မိတယ်။ ဒါကလည်း အရင် matepad pro တုန်းက အားနည်းချက်ပဲ။ ခုထိကို မပြင်နိုင်သေးတာ။ ကျန်တာကတော့အဆင်ပြေပါတယ်။

အားနည်းချက်
========
ပြည်တွင်းစျေးကအတော်ကြီးလွန်းတယ် ၁၅သိန်းဆိုတာက ပြိုင်ဖက်တွေနဲ့ယှဉ်ရင် ရွေးချယ်ဖို့သိပ်ခက်သွားစေတယ်။ တစ်ဖက်မှာ Playstore မပါတာကြောင့်လည်း ပါတယ်။ သုံးတတ်သူတွေအတွက် လှည့်ပတ်သုံးလို့ရနေပေမဲ့ လူတိုင်းအတွက်အဆင်မပြေလှဘူး။ အခြား flagship tablet တွေနဲ့ယှဉ်ရင် Magnetic keyboard က keypad လေး မပါလာသေးဘူး။ Wifi version ပဲထွက်တယ် 4G/5G ဘာမှမရဘူး။ Onenote မှ onenote ဆိုရင်တော့ သေချာ ပြန်စဉ်းစားရမယ်။

အချုပ်
========
အတော်လေးကောင်းမွန်တဲ့ tablet လေး တကယ် ဘက်ပေါင်းစုံက tablet တစ်ခု ဖြစ်သင့်တာတွေ အကုန်ပါတယ်။ Mid range tablet လို့သာ အမည်ခံတာ ပါတာတွေက အကုန် flagship နီးပါးပဲ။ အပြင်ထွက်သွား လွယ်ကူပြီး ပေါ့ပေါ့ပါးပါး office work လောက်ဆို Laptop နေရာ အစားထိုး သုံးလို့ကို အဆင်ပြေတာပါ။ stylus, keyboard တွေ အကုန်ပါပြီး စျေးနှုန်းလေးသာ ၁၂သိန်လောက်ဆို ပြေးဝယ်သင့်တဲ့ tablet လေးလို့ပဲ ပြောချင်တယ်။
ယူတို့ကော ဘယ်လိုမြင်တုန်း comment မှာ ဆွေးနွေးသွားကြပေါ့။

ရှေ့လမှာပဲ မိတ်ဆက်တော့မဲ့ Oneplus Flagship အသစ်===============================OnePlus ရဲ့ ဆရာသမား Pete Lau ကတော့ လာမဲ့လ ...
21/12/2021

ရှေ့လမှာပဲ မိတ်ဆက်တော့မဲ့ Oneplus Flagship အသစ်
===============================
OnePlus ရဲ့ ဆရာသမား Pete Lau ကတော့ လာမဲ့လ (ဇန်နဝါရီလ)မှာ Oneplus ရဲ့ flagship ဖုန်းအသစ် Oneplus 10 pro ထွက်လာမဲ့ အကြောင့်ကို ယနေ့မနက်ကပဲ အတည်ပြုသွားခဲ့ပါတယ်။ ကြားသိရတဲ့သတင်းတွေအရ Snapdragon 8 Gen1 နဲ့ ပွဲထွက်လာမှာဖြစ်ပြီး 32MB selfie camera၊ 6.7 လက်မ မျက်နှာပြင်၊ 120Hz LPTO QHD+ AMOLED ကို Punch hole ထွက်လာမယ်ဆိုပြီး သတင်းတွေ ထွက်လာပါပြီ။ Main ကင်မရာကတော့ Oneplus 9 pro တုန်းက နဲ့ အရမ်းမကွာဘူးလို့လည်းသိရပါတယ်။ LPDDR5 Ram ကို သုံးလာမယ်ဆိုတာက တော့ စိတ်ဝင်စားစရာပါ။ 80W fast charging နဲ့ 50W wireless charging တို့ကို ထောက်ပံ့ပေးမယ်လို့သိရပါတယ်။ တရုတ်မှာ ရှေ့လ launch လုပ်မှာဖြစ်ပြီး Global ကတော့ ဘယ်တော့မှ မိတ်ဆက်မလဲ မသိရသေးပါဘူး။ စျေးနှုန်းနဲ့ ဖုန်းဒီဇိုင်း ဘာညာကတော့ ဇန်နဝါရီလကျ ပိုပိုသိလာရမှာပါ။

source: gsmarena

Xperia ရဲ့ Gaming Phone လေး PlayStation Phone, Xperia Play [Flashback]===============================ဒီတစ်ခါကတော့ ဖုန်းအ...
19/12/2021

Xperia ရဲ့ Gaming Phone လေး PlayStation Phone, Xperia Play [Flashback]
===============================
ဒီတစ်ခါကတော့ ဖုန်းအသစ်တွေအကြောင်းမဟုတ်ပါဘူး။ တစ်နှစ်ထပ်တစ်နှစ် ဖုန်းအသစ်တွေ မျိုးစုံထွက်လာပေမဲ့ အရင့်အရင်က ဖုန်းတွေလောက် ပျော်ဖို့မကောင်းတော့တာကတော့ အားလုံးလည်းလက်ခံကြလိမ့်မယ်ထင်ပါတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်ကထွက်ခဲ့တဲ့ Sony Ericsson Xperia Play အကြောင်းလေးကို အလွမ်းပြေပဲ ပြောပြော ခုခေတ်လူငယ်တွေ သိအောင် ပြန်လည် ဝေမျှပေးခြင်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်က gaming phone က ခုခေတ် gaming phone တွေနဲ့တော့ အတော်လေး ကွဲပြားတာပါပဲ။ အရင်လည်း ကိုင်ခဲ့တဲ့ အစ်ကို အစ်မတွေ ရှိကြမပေါ့။

2011 ဆိုတာက Handheld console တွေ ဖြစ်တဲ့ PSP တို့ Nintendo DS တို့ မင်းမူးနေတဲ့ ခေတ်ဆိုတော့ Sony လည်း Gaming phone ဆိုပြီး ထွက်လာခဲ့တာဖြစ်ပါတယ်။ဒီဖုန်းက အဲခေတ်အဲအခါက MWC 2011 မှာ အတော်လေး hot ခဲ့တဲ့ ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။

အဲနှစ်က Apple က iphone 4s, Samsung က Galaxy S2, စတဲ့ flagship တွေ ကြမ်းနေတဲ့ ခေတ်ပေါ့။ Xperia Playမတိုင်ခင်ကလည်း Nokia တို့ Samsung တို့ အဲလို gaming phone လေးတွေ ထွက်ခဲ့ပါသေးတယ်။ ဒါပေမဲ့ Sony ကတော့ ရည်မှန်းချက်တွေ အများကြီးနဲ့ Playstation game တွေ ဆော့နိုင်အောင် ထွက်လာတာဖြစ်ပါတယ်။ ပုံမှာ မြင်ရတဲ့အတိုင်း ဖုန်းကို slide လုပ်လိုက်ရင် Handheld console ပုံစံလေးကို ဖြစ်သွားတာပါ။ Playstation ရဲ့ အဝိုင်း အမြောက် တြွိဂံ လေးထောင်းစသည်ဖြင့် အကုန် physical key ပါဝင်ပြီး အပေါ်ဖက်မှာလည်း L1 R1 ခလုတ်တွေပါပါသေးတယ်။ Sony ရဲ့ PSP console လေးနဲ့ အတော်လေး ဆင်တူပါတယ်။ home, recent, search, menu, power, volume button စသည်ဖြင့် ခလုတ်တွေ အတော်များတဲ့ ဖုန်းပါပဲ။

854 × 480 (FWVGA) Display 4 လက်မနဲ့ ထွက်လာတာဖြစ်ပြီး 1GHz CPU, 512MB RAM နဲ့လာတာဖြစ်ပါတယ်။ Gaming phone ဖြစ်ပေမဲ့ storage က 400MB ပဲ ပါတာကတော့ ဟာသလိုလိုပါပဲ။ 32GB အထိတော့ SD card ထည့်လို့ရပါတယ်။ Android 2.2 (Froyo) နဲ့ ထွက်လာတာပါ။ 0.63 လက်မ အထူရှိပြီး 175g တောင်ဆိုတော့ အတော်လေး လေးပါတယ်။ နောက်ထပ်အားနည်းချက်ကတော့ PlayStation Phone ဆိုပြီး တကယ်ဆော့လို့ရတော့ Play station 1 (PS1) game တွေလောက်ပဲ ဆော့လို့ရတာပါ။ PSP GAME တွေ ဆော့လို့မရခဲ့ပါဘူး။ ဆော့လို့ရခဲ့ရင် အတော်လေး မိုက်မဲ့ ဖုန်းပါ။ Game တွေ download ဆွဲတဲ့အခါလည်း နိုင်ငံတိုင်းအတွက်အဆင်မပြေပြန်ပါဘူး။ အဲတော့ PS1 game တွေ ကို generate လုပ်ပြီးသွင်းရင်တော့ အဆင်ပြေပါတယ်။ PS1 ဂိမ်းလေး တစ်ခုသွင်းရတာ လွယ်ကူမနေပါဘူး။ သွင်းပြီးသွားလို့ဆော့ရတဲ့ အရသာကျပြန်တော့လည်းမိုက်နေပြန်ရော။ အခြား Nintendo 64, Nintendo snes, စတဲ့ Emulator game တွေဆော့ရတာလည်း အတော်လေးကောင်းမွန်ပါတယ်။

အသံထွက်အတော်လေးကောင်းသလို့ UI ဘာညာက အတော်လေးလှပြီး ဖုန်းကို slide လုပ်လိုက်ရင် game interface ကို တန်းရောက်သွားတာလေးက မိုက်ပါတယ်။ ခုခေတ်မှာ အဲလို experience ပြန်ရဖို့ကတော့ အတော့ကို ခက်ခဲသွားပြီထင်တယ်။ ဒီ Xperia Play ကိုသုံးဖူးတဲ့အစ်ကို အစ်မတွေရှိရင်လည်း အတွေ့အကြုံလေးတွေ မျှဝေပေးသွားကြပါ။

Address


Website

Alerts

Be the first to know and let us send you an email when Ms. Tech news posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share