Werz.portfolio

  • Home
  • Werz.portfolio

Werz.portfolio Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Werz.portfolio, Social Media Agency, .

ကျောက်ဆည်မြို့က အောင်စည်ဟိန်းသဘာဝ မြေပဲဆီစစ်စစ် အတွက် Label Design လေးဆွဲပေးဖြစ်ခဲ့ပါတယ်။ Sample 3 ခုထဲကမှ ဒီတစ်ခုကတော့ ...
21/01/2021

ကျောက်ဆည်မြို့က အောင်စည်ဟိန်းသဘာဝ မြေပဲဆီ
စစ်စစ် အတွက် Label Design လေးဆွဲပေးဖြစ်ခဲ့ပါ
တယ်။ Sample 3 ခုထဲကမှ ဒီတစ်ခုကတော့ Client
ကနှစ်သက်လို့ Confirm လုပ်ခဲ့တဲ့ ဒီဇိုင်းလေးပါ ။

-


ကျနော်တို့ Werz.portfolio က ဖန်တီးဝန်ဆောင်မှုပေးခဲ့တဲ့ ဒီဇိုင်းတွေထဲကမှ တချို့ဖြစ်ပါတယ်။
21/01/2021

ကျနော်တို့ Werz.portfolio က ဖန်တီးဝန်ဆောင်မှုပေးခဲ့တဲ့
ဒီဇိုင်းတွေထဲကမှ တချို့ဖြစ်ပါတယ်။






Content Marketing ကို အလန်းစားဖန်တီးချင်ပါတယ်ဆိုတဲ့ မန္တလေးမြို့က ဒီဂျစ်တယ်စားသောက်ဆိုင် ဝါးတီး -ဖုဟောက်စ်  အတွက်လည်း ဒီ...
21/01/2021

Content Marketing ကို အလန်းစားဖန်တီးချင်ပါတယ်ဆိုတဲ့ မန္တလေးမြို့က ဒီဂျစ်တယ်စားသောက်ဆိုင် ဝါးတီး -ဖုဟောက်စ် အတွက်လည်း ဒီလိုမျိုးမိတဲ့မိုက်တဲ့ Content တစ်ပုဒ်ကို ဖန်တီးပေးခဲ့ပါတယ်။

ဝန်ဆောင်မှုပေးခွင့်ရတဲ့အတွက် ကျနော်တို့ Werz.portfolio က ဝမ်းမြောက်ဂုဏ်ယူလျက်ပါခင်ဗျ။







#ဝါးတီး

This kind of cool content for digital restaurant ဝါးတီး -ဖုဟောက်စ် in Mandalay, who wants to create content marketing cool.

Our Werz.portfolio is proud of being able to provide service.







#ဝါးတီး

ညတစ်ည

ည ၈ နာရီဆို အပြင်လုံးဝမထွက်ရဘူးဆိုတဲ့
ညွှန်ကြားချက်တွေကြောင့် တစ်မြို့လုံးက
လမ်းတွေမှာ တိတ်ဆိတ် ခြောက်ကပ်နေတယ် ။

လူတွေ လမ်းပေါ် မထွက်ရတာကို အခွင့်ကောင်းယူဖို့ချောင်းမြောင်းနေတဲ့ အမှောင်ဘက်ခြမ်းက အရာတွေလည်းရှိနေတယ် ။

အဲ့ဒီထဲမှာ နှစ်တစ်ရာ ဇွန်ဘီတစ်ကောင်လည်းပါတယ် ။
အခုတော့ ဒီနှစ်တစ်ရာ ဇွန်ဘီ အတွက် နိုးထဖို့
အချိန်ရောက်လာခဲ့ပြီ ။

လူသံတွေ တိတ်တဲ့ ညတွေထဲက တစ်ညမှာ
နှစ်တစ်ရာဇွန်ဘီဟာသူ့ကို လှောင်ပိတ်ထားတဲ့
ဂူပျက်ကြီးတစ်ခုကနေ တိုးထွက်
လာခဲ့တယ် ။

မန္တလေးဆောင်းက အေးပေမဲ့ဆာလောင်နေတဲ့
နှစ်တစ်ရာ ဇွန်ဘီရဲ့သွားတွေက ပိုအေးမယ်ဆိုတာ အကိုက်ခံရတဲ့သူမှ သိလိမ့်မယ် ။

ဇွန်ဘီဟာ လမ်းတွေပေါ်မှာ ယိမ်းထိုးသွားလာနေရင်း သူ့အတွက်ပထမဆုံး သားကောင်ဖြစ်လာမယ့် သူကို
ရှာဖွေနေတယ်။

မန္တလေးမြို့ရဲ့ တစ်နေရာမှာ မီးရောင်တွေ လင်းထိန်နေတဲ့အဆောက်အဦးတန်းကြီးကို သူတွေ့လိုက်တယ် ။
ဇွန်ဘီရဲ့ မျက်လုံးတွေ အရောင်လက်လာတယ် ။

မကြာခင်မှာ သူ့အတွက် သားကောင်ကို တွေ့ရတော့မှာကိုး ။အဆောက်အဦးတန်းကြီးထဲကို ဝင်စမှာပဲ ထူးခြားတဲ့ အနံ့တစ်ခုကဇွန်ဘီ့ကို ဆွဲဆောင်နေတယ် ။

ဒီအနံ့က ဘာအနံ့လဲ ...
ဘယ်ကလာနေတာလဲ ...

အကြာကြီးမရှာလိုက်ရပါဘူး ...

မီးထွန်းထားတဲ့ အခန်းတစ်ခန်းရဲ့ မီးဖိုချောင်ထဲမှာ
ဖော့ဘူး တစ်ဘူးကို ဇွန်ဘီ တွေ့လိုက်ရပြီ ...

သံပန်းတံခါးကနေ တစ်ဆင့် လူတွေ မမြင်အောင် ဆွဲယူပြီးဘူးကို ဖွင့်ကြည့်လိုက်တယ်....

အသားတွေ ....

အသားတွေတင် မဟုတ်သေးဘူး ... ကြက်သွန်ဖက်ကလေးတွေရော

ရွှေပဲသီးလည်းပါသေးတယ်... ခါကြက်ဥနီတွေရော ...

အသားတွေကတော့ ဇွန်ဘီစားနေကျလို မဟုတ်ဘူး...

ကျက်အောင်ကြော်ထားတာ ...

ဆာလောင်စိတ်တွေကို ထပ်ပြီး မထိန်းထားနိုင်တဲ့ ဇွန်ဘီလည်း ဖော့ဘူးထဲက ကြော်ထားတဲ့အသားနဲ့
သီးနှံတွေကို ကုန်အောင်စားပစ်လိုက်တော့တယ် ...

တအောင့်ကြာတော့ မီးဖိုချောင်ထဲက လူသားရဲ့
အသံထွက်လာတယ်

"ငါမှာထားတဲ့ ဝါးတီး ကြက်ကုန်းဘောင်ကြီးကျော်တွေ ဘယ်သူစားပစ်တာလဲ"တဲ့

ဇွန်ဘီလည်း နဂိုကစားနေကျအရသာထက် ပိုထူးပြီး
ပိုကောင်းတဲ့ ဝါးတီးကုန်းဘောင်ကြီးကြော်ကို စွဲသွားပြီမို့ လူသားတွေမသိအောင်အသာလေး ဂူပျက်ကြီးဆီပြန်
လစ်လာခဲ့လိုက်တယ် ....

အိမ်ထဲက လူကတော့ ဝါးတီး ကယ်လို့ အစားမခံရတာကို သိမယ်မထင်ဘူး ...

#ဝါးတီးဖုဟောက်စ်

ဗီယမ်နမ်ဘန်းမိလေးတွေကို မူလအရသာမပျက်ဘဲ မန္တလေးမြို့မှာတင် စားလို့ရအောင် စေတနာတွေအများကြီးနဲ့ ရောင်းချနေတဲ့ Bánh Mì Squar...
21/01/2021

ဗီယမ်နမ်ဘန်းမိလေးတွေကို မူလအရသာမပျက်ဘဲ မန္တလေးမြို့မှာတင် စားလို့ရအောင် စေတနာတွေအများကြီးနဲ့ ရောင်းချနေတဲ့ Bánh Mì Square ကလည်း စားသုံးသူတွေအတွက် အမိုက်စား Content တွေဖန်တီးဖို့ ကျနော်တို့ Werz.portfolio နဲ့ လက်တွဲခဲ့ပါတယ်။

Client - Bánh Mì Square

ဝန်ဆောင်မှုကို အသုံးပြုတဲ့အတွက်လည်း Banh Mi Square ကိုအထူးပဲကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဖော်ပြလိုက်ပါတယ်ခင်ဗျာ။








🎊📣January Promotion လေးလာပါပြီဗျို့ 🎉🎊

နေ့လယ်နေ့ခင်းဘက်တွေမှာ အာဟာရလည်းရှိ အရသာလည်းရှိပြီး☺️လျှာခံတွင်းတွေ့လောက်တဲ့ အဆာပြေမုန့်လေး စားဖို့အာသီသ ဖြစ်တတ်လား ❓❓
ဒါဆိုရင်တော့ 🌭 ဘန်းမီကိုသာ သတိရလိုက်တော့နော် 🤗 . . .
(19.1. 2021 ) ကနေစပြီး " January " တစ်လလုံးလုံး ( 15000 ) ဖိုးနဲ့အထက်ဝယ်ယူသူတိုင်းကို " Vietnamese pizza "တစ်ချပ် လက်ဆောင်ပေးမယ့် Promotion အစီအစဉ်ကလည်း ရှိသေးတာဆိုတော့ . . .ဒီအချိန်မှ မစားရင် " Free " ရမယ့် pizza တစ်ချပ်က လက်လွှတ်လိုက်ရမှာနော် . . .
🙋🏻‍♀️တန်လွန်းလို့ အခုပဲ အမြန်ဆုံးမှာစားလိုက်ရအောင်လား😍
Order မှာယူချင်တယ်ဆိုရင်တော့ Banh Mi Square ရဲ့ Delivery Number ဖြစ်တဲ့
📱 09-797-188-788
☎️ 09-961-526-926 ကတဆင့် ဆက်သွယ်မှာယူနိုင်သလို " Foodpanda " ကနေ တစ်ဆင့်လည်း မှာယူနိုင်ပါပြီ
📌ဆိုင်မှာ တစ်ခါတည်း pick up လုပ်ချင်တယ်ဆိုရင်လည်း မစောင့်ရဘဲပူပူနွေးနွေး သုံးဆောင်နိုင်အောင် ( ၁၅ ) မိနစ်လောက် ကြိုတင်ဆက်သွယ် မှာယူထားနိုင်ပါတယ်ဗျ 🤗
📍Address-63rd Street, between 24th & 25th Street, Mandalay, Myanmar




ကျနော်တို့ Werz.portfolio ရဲ့  Social Media Marketing Service ကို အသုံးပြုတဲ့အတွက် UMK ကို အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ...
21/01/2021

ကျနော်တို့ Werz.portfolio ရဲ့ Social Media Marketing Service ကို အသုံးပြုတဲ့အတွက် UMK ကို အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

ယူနီဖောင်းဆို အရည်အသွေးမကောင်းချင်ရင် မဝတ်ချင်ဘူး ၊ အမြဲစိတ်ညစ်ရတယ်ဆိုရင်တော့ ကျနော်တို့ရဲ့ Client တစ်ခုဖြစ်တဲ့ uniform tailoring, advertising , promotion service နဲ့သာလက်တွဲကြည့်ဗျာ...🤗








အရည်အသွေးမကောင်းတဲ့ ယူနီဖောင်းတွေနဲ့ချည်းပဲ
ကြုံနေလို့ စိတ်မညစ်ပါနဲ့တော့ ...☺
နှစ်သစ်မှာ ယူနီဖောင်းအသစ်ပြောင်းဖို့ စဉ်းစားနေတယ်ဆိုရင်တော့ ကျမတို့ရဲ့ UMK Tailoring ကိုသာ သတိရလိုက်ပါ ။ အထည်အလိပ်လုပ်ငန်းမှာ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသူတွေနဲ့ ကျွမ်းကျင်ဒီဇိုင်နာတွေ ၊ Tailor တွေအများကြီး လက်တွဲညီညီ လည်ပတ်နေတဲ့ လုပ်ငန်းတစ်ခုဖြစ်တာကြောင့် ကျေနပ်မှု ရစေဖို့ အာမခံပါတယ် ။

UMK ကနေ ချုပ်လုပ်ပေးလိုက်တဲ့ ယူနီဖောင်းတွေရဲ့ အားသာချက်တွေက -

- ကော်လံ
- Cutting
- ကုမ္ပဏီ၊လုပ်ငန်းအမှတ်တံဆိပ်
- အထည်သား စတဲ့ အရေးကြီးဆုံးအချက်တွေမှာ အရည်အသွေးပြည့်မှီတဲ့ Grade တွေကို အသုံးပြုပေးတာပဲ ဖြစ်ပါတယ် ။

ဒါ့အပြင် ကုမ္ပဏီ၊လုပ်ငန်းအမှတ်တံဆိပ် ကို ယူနီဖောင်းပေါ် ထိုးပေးတဲ့နေရာမှာလည်း သီးသန့်ပန်းထိုးဒီဇိုင်နာတွေကိုယ်တိုင် စနစ်တကျနဲ့ ပြုလုပ်ပေးတာဖြစ်လို့ နှစ်တွေအကြာကြီးတိုင်အောင် စွဲမြဲနေစေမှာပါ ။

အနည်းဆုံး အထည် (၃၀) ကနေ စတင်လက်ခံဆောင်ရွက်ပေးတာဖြစ်လို့ SME လုပ်ငန်းရှင်တွေအတွက်လည်း ရွေးချယ်စရာ Option တစ်ခုဖြစ်သလို အရေအတွက် အများကြီး အပ်ချင်တဲ့ကုမ္ပဏီ လုပ်ငန်းအကြီးစားတွေ ၊ စက်ရုံကြီးတွေအတွက်လည်း ယုံကြည်စွာ လက်တွဲရမဲ့ Tailoring လုပ်ငန်းတစ်ခုဖြစ်ပါတယ် ။

ဒါကြောင့် ယူနီဖောင်းဆို UMK ကိုသာသတိရလိုက်ပါ 🤩

* အခုလိုကာလမှာ ယုံကြည်စွာနဲ့ ယူနီဖောင်းတွေအပ်နှံပေးတဲ့ Mandalay Elegant Engineering Co.,Ltd ကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်ရှင် ။

📍Building 18 , Room 4 , Hinnsi Street,
Tamwe Township ,Yangon, Myanmar
☎️09 795 178959


Aesthetic Clinic Field နဲ့ပတ်သက်လို့ ကျနော်တို့ Werz.portfolio ကနေ Social Media Marketing ပိုင်းဝန်ဆောင်မှုပေးခဲ့ရာမှာ တ...
21/01/2021

Aesthetic Clinic Field နဲ့ပတ်သက်လို့ ကျနော်တို့ Werz.portfolio ကနေ Social Media Marketing ပိုင်းဝန်ဆောင်မှုပေးခဲ့ရာမှာ တစ်စိတ်တစ်ပိုင်းနေရာကနေ ပါဝင်တဲ့ ဒီဇိုင်းပိုင်းဆိုင်ရာ ဖန်တီးမှုတွေကို လေ့လာနိုင်ဖို့ တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

Client - Skin de Mandalay

.portfolio






ကျနော်တို့ Werz.portfolio ကနေ Social Media Marketing အတွက် ဝန်ဆောင်မှုပေးခဲ့တဲ့ Client တွေထဲက တစ်ခုကတော့ ရွှေမန္တလေးမှာ ...
21/01/2021

ကျနော်တို့ Werz.portfolio ကနေ Social Media Marketing အတွက် ဝန်ဆောင်မှုပေးခဲ့တဲ့ Client တွေထဲက တစ်ခုကတော့ ရွှေမန္တလေးမှာ အလှအပဆိုင်ရာ ဝန်ဆောင်မှုတွေကို အကောင်းမွန်ဆုံးပြုလုပ်ပေးနေတဲ့ Skin de Mandalay ဖြစ်ပါတယ်။

Client - Skin de Mandalay

.portfolio





မိုးရာသီ အထူးpromotion နှင့်အတူ
နုပျိုစေမယ့် အလှတရားတွေပိုင်ဆိုင်ကြပါစို့...

သက်တူရွယ်တူတွေ အချင်းချင်းတောင် ငေးယူရစေမယ့်
နုပျိုလှပနေတဲ့ မျက်နှာပိုင်ရှင်လေး ဖြစ်စေဖို့
"Thread Lifting" လေးအကြောင်း ပြောပြပါမယ်ရှင့် ...🥰

Collagen ကိုလှုံ့ဆော်ပေးတဲ့ Thread လေးတွေဆိုရင်ဖြင့် ...

🌟ခွဲစိတ်စရာမလိုဘဲ မျက်နှာသွယ်သွယ်လေးဖြစ်စေတယ်

🌟Smile lines နဲ့ အရေးကြောင်းလေးတွေလည်း သက်သာစေတယ်

🌟စွဲမက်ဖွယ် နှာတံမြင့်မြင့် စင်းစင်းလေးကို ပိုင်ဆိုင်စေတယ်

🌟V shape လေးဖြစ်ပြီး jaw lines လေးတွေ ထင်းလာစေတယ်

🌟မျက်နှာတွဲကျနေတာကိုလည်း တင်းရင်းနုပျိုစေတယ်

Treatment ယူရတဲ့အချိန် နာရီပိုင်းလေးပြီးသွားတာနဲ့
သိသာတဲ့ ပြောင်းလဲမှုတွေကို ခံစားရမှာပါရှင့် ...

နာကျင်မှာကိုလည်း မစိုးရိမ်ပါနဲ့ ...ထုံဆေးအသုံးပြုပြီး
ပြုလုပ်ပေးမှာပါရှင့်👍

🌟ကိုယ်ရဲ့ မျက်နှာပေါ်မူတည်ပြီး
Thread အကြီးအသေးကို ကျွမ်းကျင် ဆရာနဲ့
ဆရာမ တို့ကိုယ်တိုင် ရွေးချယ်ပြီး ပြုလုပ်
ပေးတာမို့ ရလဒ်ကို လုံးဝကျေနပ်စေရမယ်...

ဒါ့အပြင် (31.8.2020) နေ့ထိ မိုးရာသီ
အထူးအစီအစဉ်အနေနဲ့ "Thread Lifting" ပြုလုပ်သူတိုင်းကို
40% to 50% Discount ပေးသွားဦးမှာပါရှင့် ...

ဒါကြောင့် ဒီမိုးတွင်းလေးမှာ အရမ်းတန်တဲ့
discount ယူပြီး ငယ်ရွယ်နုပျို အလှတိုးကြစို့ ...😍

သဘောကောင်းတဲ့ ဆရာ၊ ဆရာမ ချောချောလေးတွေနဲ့
အသေးစိတ် ဆွေးနွေးတိုင်ပင်ဖို့ 09 265 999 562ကို
အခုပဲဆက်သွယ်ပြီး Booking လုပ်ထား လိုက်ပါနော် ... 😍

"Stay young with us "

🏥ဆေးခန်းလိပ်စာကတော့
အမှတ်(၄၇)၊ ၂၉လမ်း၊ ၇၂×၇၃ကြား၊
ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့ မှာတည်ရှိပါတယ်။
🕙ဆေးခန်းဖွင့်ချိန်ကတော့
မနက် (၁၀) နာရီ မှ ည (၇.၃၀) ထိဖြစ်ပြီး
☆အင်္ဂါနေ့တိုင်း ဆေးခန်းပိတ်ပါတယ်နော်☆




အရည်အသွေးကောင်းမွန်ပြီး စျေးနှုန်းသင့်တင့်တဲ့ ဂျပန်စက်နဲ့ နာရီတွေကိုမှ နှစ်သက်တဲ့ နာရီချစ်သူတွေအတွက် MEGA WATCH ပါ။ Werz...
18/01/2021

အရည်အသွေးကောင်းမွန်ပြီး စျေးနှုန်းသင့်တင့်တဲ့ ဂျပန်စက်နဲ့ နာရီတွေကိုမှ နှစ်သက်တဲ့ နာရီချစ်သူတွေအတွက် MEGA WATCH ပါ။ Werz.portfolio ကိုယုံကြည်စွာနဲ့ Social Media Marketing လုပ်ခွင့်ပေးခဲ့တဲ့ MEGA WATCH ကိုလည်း ကျေးဇူးအထူးတင်ရပါတယ်။






စီးရတာအိစက်ညက်ညောပြီး အရမ်းမိုက်တယ်လို့ feedback တွေအများကြီးရထားတဲ့ ကျောက်စိမ်းနဂါး ဖိနပ် အတွက် ကွန်းတန့်ကိုစဉ်းစားတဲ့အ...
18/01/2021

စီးရတာအိစက်ညက်ညောပြီး အရမ်းမိုက်တယ်လို့ feedback တွေအများကြီးရထားတဲ့ ကျောက်စိမ်းနဂါး ဖိနပ် အတွက် ကွန်းတန့်ကိုစဉ်းစားတဲ့အခါ သမာရိုးကျတွေထဲက ခွဲထွက်ပြီး လူစိတ်ဝင်စားနိုင်မဲ့ concept ကိုအရင်စဉ်းစားခဲ့ရပါတယ်။ ဒီအခါမှာ ငယ်ငယ်က ကြားဖူးနားဝရှိတဲ့ လက်မဲကြီး အကြောင်းက ခေါင်းထဲမှာ ပေါ်လာပြီး ဒီ Content ကိုဖန်တီးဖြစ်ခဲ့ပါတယ်။

ပုံမှာ Headline ထည့်တဲ့အခါမှာလည်း လက်မဲကြီးချည်းပဲဆိုရင် သိပ်ပြီး စိတ်ဝင်စားစရာ မကောင်းတာကြောင့် အတွဲတွေကြောက်ရတဲ့ လက်မဲကြီးနဲ့ တစ်ညတာ ဆိုပြီး ထည့်လိုက်ပါတယ်။ ပိုပြီးဖတ်ချင်စိတ်ပေါ်အောင် အောက်နားလေးမှာ အတွဲတွေသာဖတ်ရန် ဆိုတာလေးကိုပါ တမင်ထည့်ထားလိုက်ပါတယ်။ ဒါကတော့ ဒီ ကွန်းတန့်ကို ဖန်တီးဖြစ်ခဲ့တဲ့ အကြောင်းလေးပါ။

ကျနော်တို့ မျှော်မှန်းထားတာထက်ကိုပိုတဲ့ engagement တွေရခဲ့တဲ့အတွက်လည်း ဝမ်းသာပျော်ရွှင်ရပါတယ်။ သုံးရက်လောက် အိပ်ရေးပျက်ရတာနဲ့တန်တယ်လို့ ပြောရမှာပါပဲ။

Client - ကျောက်စိမ်းနဂါး ဖိနပ်






#ကျောက်စိမ်းနဂါးဖိနပ်

#လက်မဲကြီး

အဲ့ဒီညက လက်မဲကြီးနဲ့တွေ့ခဲ့တယ် ...

ဆောင်းတွင်း နေကတော့ ၆ နာရီလောက်ဆိုရင်ကို မရှိတော့ဘူး ။
အခုလည်း ဘုရားငုတ်တိုနားက မီးတိုင်အလင်းရောင်ကြောင့်သာ မဟုတ်ရင် ပတ်ဝန်းကျင်တစ်ခုလုံးက ပိန်းပိတ်အောင်မှောင်နေမှာ ။

ဘုရားငုတ်တိုနားလေးမှာလည်း ကျနော်ကလွဲလို့ ခွေးတစ်ကောင် ကြောင်တစ်မြှီးမှ မရှိဘူး ။ အခုလို ကိုဗစ်ကာလမှာက ပိုဆိုးတယ် ။ ရည်းစားပူမိနေတဲ့ ကျနော်က လွဲလို့ ဘယ်သူမှ အပြင်မထွက်ကြဘူး ။ ကျနော်လည်း ရည်းစားကချိန်းလို့သာ မြို့မြောက်ဘက်မှာရှိတဲ့ ဘုရားငုတ်တိုနားကို ထွက်လာရတယ် ။ စိတ်ထဲမှာတော့ ကြောက်ကြောက်ရယ် ။ ဒီအချိန်ကြီး ဒီနေရာကို လာတွေ့အောင် ချိန်းတဲ့ ရည်းစား‌ ရောက်လာလို့ကတော့ မှတ်လောက်သားလောက်အောင် ပညာပေးရဦးမှာပဲ ဟွင်း ဟွင်း ...😁

ကိုဗစ်ကြီးသာမဖြစ်ရင်တော့လည်း ဒီဘုရားငုတ်တိုနေရာမှာ သူလိုကိုယ်လိုအတွဲတွေ တန်းစီနေလို့ နေရာတောင်လောက်မှာ မဟုတ်ဘူး ။ ပြောသာပြောရတယ် ။ သိပ်တော့ မသေချာဘူး ။ ကျန်ခဲ့တဲ့ ၆ လလောက်ကတောင် ဒီဘုရားငုတ်တိုနားမှာ ချိန်းတွေတဲ့ အတွဲတစ်တွဲ သရဲလိုလို လက်မဲကြီးလိုလို ဘာမှန်းမသိတဲ့အရာ နဲ့တွေ့ပြီး နှစ်ယောက်လုံး ရူးကြောင်ကြောင် ဖြစ်သွားတယ်ဆိုတဲ့ကိစ္စတစ်ခုကလည်းရှိသေးတယ် ။ အဲ့ဒီမတိုင်ခင်ကလည်း ဒီနားကဖြတ်ပြန်တဲ့ လူတစ်ယောက်က လက်မဲမဲကြီးနဲ့ လူလိုလိုသရဲလိုလို အရာကြီး ကို မြင်လိုက်လို့ ထွက်ပြေးရင်း လျှောသွားတယ်ဆိုပဲ ...(နောက်မှသိရတာက ပုဆိုးလျှောသွားတာတဲ့ :3)

တွေးရင်း ကျောချမ်းလာလို့ ထိုင်းနေရင်းကနေ လမ်းထလျှောက်နေလိုက်တယ်။ နာရီကတော့ ၆ နာရီ ၁၅ ရှိပြီ ။ ချိန်းတဲ့ ရည်းစားကတော့ ခုထိဘာသံမှ မကြားရ ။ ဖုန်းလည်း ဆက်မရ ။ လမ်းလျှောက်နေရင်း ဘုရားငုတ်တိုနောက်နားက ချွတ်ချွတ်အသံကြားလို့ ဖုန်းဖလက်ရှ်မီးကို ဖွင့်ပြီး သွားကြည့်လိုက်တယ် ။

ဘာမှတော့ ထွေထွေထူးထူးမတွေ့ရဘူး ။ အကောင်ပလောင်သေးသေးမွှားမွှားတွေပဲနေမှာပေါ့ ။ အဲ့ဒီလိုသာ လျှော့ပေါ့တွေးနေရတာ အကောင်ပလောင်ကြီးဆိုရင်ရောဆိုတဲ့ စိတ်ကလည်း လူကို ခြေတွေ လက်တွေ အေးနေစေပြီလေ ။

ရုတ်တရက် မီးတိုင်က မီးသီးက ဖျက်ကနဲဆို မှိတ်သွားတယ် ။ သွေးက ငယ်ထိပ်ရောက်ပြီ ။ ဘယ်ဘက်လက်က ဖုန်းလေးကိုင် ညာဘက်လက်က လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ဘုရားငုတ်တိုရဲ့ အထွက်လမ်းဆီ ဦးတည်ထားလိုက်တယ် ။

မီးပျက်သွားတဲ့ အချိန်က ၂ မိနစ်လောက်ကြာသွားတယ် ။ တအောင့်ကြာတော့ မီးပြန်လာတယ် ။ မီးက သူ့ချည်းတင် လာတာမဟုတ်ဘူး ။ ဘာမှန်းမသိတဲ့ အရာကြီးနဲ့ အတူပြန်လာတာ ။ အဲ့အရာကြီးက အားလုံး ပြောသလို လက်နှစ်ဖက်စလုံးက မဲမဲကြီးနဲ့ ။ အရပ်ကြီးကတော့ တော်တော်ရှည်တယ် ။ ကိုယ်လည်း မျက်နှာကို သေချာကြည့်တဲ့အဆင့်မရောက်ဘူး ။ သုတ်ချေတင်ပြီး အိမ်အရောက်ပြေးတော့တာပဲ ။

အဲ့ဒီလက်မဲကြီးနဲ့တွေ့ပြီး ပြေးခဲ့တဲ့လူတွေထဲမှာ ကျနော်ကတော့ ပြောစမှတ်တွင်တယ် ။ဘာလို့လဲဆိုတော့ ထွက်ပြေးကြတဲ့လူအားလုံးက အိမ်ရောက်ရင်ဖိနပ်မပါကြတော့ဘူး ။ ဒါပေမဲ့ ကျနော်ကတော့ အိမ်ရောက်တဲ့အထိ ဖိနပ်နဲ့ခြေထောက်မကွာဘူး 😁

ဘယ်ကွာမလဲ...အဲ့ဒီနေ့က ကျနော်စီးသွားတာ ကျောက်စိမ်းနဂါးကတ္တီပါဖိနပ်ကိုးဗျ ။ ကျောက်စိမ်းနဂါး ကတ္တီပါဖိနပ်က KGK ကတ္တီပါအထူသားကို အသုံးပြုထားလို့ စီးရတာညက်တယ် ။ ခြေရာမထင်သလို ရေလျှော်ခံပြီး ကြာရှည်လည်း အစီးခံတယ်ဗျ ။ ဒီလောက်ကောင်းတဲ့ ဖိနပ်တော့ ဘယ်အဆုံးရှုံးခံပါ့မလဲ ။

အများကြီးမပြောတော့ဘူး ကြောက်သွေးငယ်ထိပ်ရောက်နေတာတောင်မှ ဖိနပ်ပါအောင်စီးပြီး ပြေးနိုင်တယ်ဆိုတော့ ကျောက်စိမ်းကတ္တီပါရဲ့ ညက်ညောမှုကို စဉ်းစားကြည့်တော့ဗျာ ။

အဲ့ဒီနေ့က ကျနော့် ရည်းစားဘာလို့ မလာတာလဲဆိုတာသိချင်ရင်တော့ နောက်တစ်ပုဒ်မှာ စောင့်ဖတ်ကြည့်ဗျို့ ။ 😉

#စီးဖူးသူတိုင်းကြိုက်ကြတဲ့ကျောက်စိမ်းနဂါးကတ္တီပါ

 #သာယာဝတီနဲ့ဟော့ကင်းတဲ့...မင်းမြန်မာ - တိုင်းရင်းဆေးခန်း ဆိုတာကလည်း မြန်မာ့ရိုးရာတိုင်းရင်းဆေးစွမ်းကောင်းတလတ်ဖြစ်ပြီးတော...
18/01/2021

#သာယာဝတီနဲ့ဟော့ကင်းတဲ့...

မင်းမြန်မာ - တိုင်းရင်းဆေးခန်း ဆိုတာကလည်း မြန်မာ့ရိုးရာတိုင်းရင်းဆေးစွမ်းကောင်းတလတ်ဖြစ်ပြီးတော့ သာယာဝတီမင်းလက်ထက်တော်ကတည်းက အစဉ်အဆက်သုံးစွဲခဲ့ကြတဲ့ ဆေးစွမ်းကောင်းတစ်လက်ပါဗျ။

ဒီအချက်ကိုပေါ်လွင်စေဖို့နဲ့ Client ဘက်ကလိုချင်တဲ့ Story Line ချိတ်မိအောင် ကျနော်တို့ Werzportfolio ဝိုင်းတော်သားတွေက ဒီလိုလေးလက်စွမ်းပြလိုက်ရပါတယ်ဗျာ။






#မင်းမြန်မာတိုင်းရင်းဆေး

#သာယာဝတီရယ်ဟော့ကင်းရယ်

အချိန်က ည ၁၂ နာရီထိုးဖို့ ငါးမိနစ်တိတိအလို ။

၂၀ ရာစုရဲ့ ကမ္ဘာကျော် သိပ္ပံပညာရှင်တစ်ယောက်ဖြစ်တဲ့ စတီဗင်ဟော့ကင်း
တစ်ယောက် သူ့ရဲ့ ဝှီးချဲပေါ်မှာထိုင်နေရင်းနဲ့ တစ်ခုခုကို စောင့်မျှော်နေတယ် ။
နာရီရဲ့ စက္ကန့်တံလေးမှာ သူ့ရဲ့ အာရုံတွေ ကပ်ငြိလို့နေတယ် ။

“ချက် ချက် ချက် ချက်”

နာရီစက္ကန့် တံလေးက တစ်ချက်ချက် ၊ ဟော့ကင်းရဲ့ နှလုံးခုန်သံတွေကလည်း
တဒုတ်ဒုတ် ။ တစ်ဖြည်းဖြည်းနဲ့ နာရီလက်တံလေးက ၁၂ ကို ကျော်သွားခဲ့ပြီ ။

ဟော့ကင်းက တံခါး လက်ကိုင်ကို လှမ်းကြည့်လိုက်တယ် ။

“ဒေါက် ဒေါက် ဒေါက်”

ဟော့ကင်းစိတ်တွေ လှုပ်ရှားသွားတယ် ။

“ဝင်ခဲ့ပါ”

ခေါင်းပေါင်းစနဲ့ လူတစ်ယောက် ။ သူ့ရဲ့ ဝတ်ပုံစားပုံက ထူးခြားနေတယ် ။
မျက်နှာအသွင်အပြင်ကအင်ဒီးယန်းဘက်ကို နည်းနည်းဆင်တယ် ။
နှုတ်ခမ်းမွှေးလည်းရှိတယ် ။ အရပ်ကလည်းခပ်မြင့်မြင့် ၊ကိုယ်လုံး
ကိုယ်ထည်ကလည်းခပ်တောင့်တောင့် ။ မျက်လုံးတွေက လည်း
စူးရှလင်းလက်လို့နေတယ်။တစ်ကိုယ်လုံးကိုခြုံပြီး ပြောရရင်
ယောကျာ်းပီသပြီး ခန့်ညား ပြတ်သားတဲ့ အသွင်ရှိတယ် ။

“ဒါနဲ့ မိတ်ဆွေက ဘယ်သူလဲ”

“ကျုပ်က သာယာဝတီမင်းပါ ၊ ဒါပေမယ့် မောင်ခင်လို့ပဲ မှတ်ထားပေးပါ ၊
ခင်ဗျားရဲ့ ဖိတ်စာကို ရလို့ အမရပူရ ရွှေနန်းတော်ကနေလာခဲ့တာ”

အနှီပုဂ္ဂိုလ်ရဲ့ သွက်လက်တဲ့ အင်္ဂလိပ်စကားကြောင့် သိပ္ပံပညာရှင်ကြီး
ဟော့ကင်းလည်း အံ့ဩသွားတယ် ။

“တွေ့ရတာ ဝမ်းသာပါတယ် မစ္စတာ မောင်ခင်၊ ဒါနဲ့ ခင်ဗျားပြောတဲ့ အမရပူရ
ရွှေနန်းတော်ဆိုတာ ကမ္ဘာ့မြေပုံရဲ့ ဘယ်နေရမှာရှိသလဲဗျ ၊ တစ်မျိုးတော့
မထင်ပါနဲ့ဗျာ ၊ ဒီနေ့ည ၁၂ နာရီမှာ ကျုပ်ရဲ့ ပါတီကို Time Traveller (အချိန်ခရီးသွား)တွေပဲ
တက်ရောက်ဖို့ ဖိတ်ထားတာဆိုတော့ ခင်ဗျားလည်း Time Traveller(အချိန်ခရီးသွား)တစ်ယောက်ဖြစ်မယ်ထင်လို့ပါ”

“အင်း အမရပူရရွှေနန်းတော်ဆိုတာ ခင်ဗျားမြင်သာအောင်ပြောရရင်တော့
အခု မြန်မာပြည်လို့ ကမ္ဘာ့မြေပုံထဲမှာ ပြနေတဲ့ တိုင်းပြည်ထဲမှာရှိပါတယ်။
ကျုပ်ကတော့အဲ့ဒီ အဲ့ဒီအမပူရရွှေနန်းတော်ရဲ့ ဘုရင်တစ်ပါးဖြစ်တဲ့
သာယာဝတီမင်းပါပဲ … ၊ ခင်ဗျား

ကျုပ်အကြောင်းကို သိချင်ရင်တော့ မြန်မာ့သမိုင်းစာအုပ်တွေထဲမှာ
ရှာဖတ်ကြည့်မှပဲရလိမ့်မယ် ၊ ဒါမှ မဟုတ်ရင်လည်း ဝီကီပီးဒီးယားမှာလည်းကျုပ်အကြောင်းကို ခင်ဗျားရှာဖတ်နိုင်ပါတယ် ၊ ဘာလို့ဆို ကျုပ်က သမိုင်းထဲက ဘုရင်တစ်ပါးဖြစ်နေလို့ပါပဲ”

“ဒါ ဒါဆို ခင်ဗျားက အတိတ်ကနေ အချိန်ခရီးသွားလာတာပေါ့ ၊ ကျုပ်က အနာဂတ်ကိုပဲအချိန်ခရီးသွားလို့ရနိုင်မယ်လို့ လက်ခံထားတာပါ အခုလို ခင်ဗျားကို တွေ့လိုက်ရတော့
ကျုပ်ဖြင့် ယုံတောင် မယုံနိုင်သေးပါဘူး”

“ရိုးရိုးလေး စဉ်းစားကြည့်လိုက်စမ်းပါဗျာ ၊ ခင်ဗျားအခုလက်ရှိကနေ အနာဂတ်ကို အချိန်ခရီးသွားကြမယ် ဆိုကြပါစို့ရဲ့ ၊ အနာဂတ်ကမ္ဘာမှာ ခင်ဗျားက အတိတ်က လူတစ်ယောက်ပဲ မဟုတ်လား ၊ ဒီလိုပဲပေါ့ဗျာ ကျုပ်ကမ္ဘာမှာတော့ ကျုပ်ဟာအနာဂတ်ကို ခရီးသွားကြည့်တဲ့ အချိန်ခရီးသွားတစ်ယောက်ပဲလေ”

ကိုယ့်ကိုယ်ကိုယ်သာယာဝတီမင်းလို့ အတိအလင်းဆိုနေတဲ့ လူရဲ့ စကားကို
ဟော့ကင်း သေချာစဉ်းစားကြည့်နေတယ် ။ ဒီလိုသာဆို မြန်မာပြည်က
လူတွေ အချိန်ခရီးသွားနိုင်နေတာ တော်တော်ကြာပြီလို့ သတ်မှတ်ရ
တော့မှာပဲ ။ အခုမှသာ ဟော့ကင်းတစ်ယောက်က အချိန်ခရီးသွားရှိ၊မရှိကို
လေ့လာနေတုန်းရှိသေးတယ် မဟုတ်ပါလား ။

“ကိုင်း ခင်ဗျားပြောတော့လဲ ဟုတ်နေတာပါပဲ ၊ ဒါပေမယ့် ခင်ဗျားဟာ
သာယာဝတီမင်းပါလို့ ကျုပ်ယုံအောင်တော့ တစ်ခုခု သက်သေပြဖို့
လိုတယ် ၊ဘာလို့ဆို ကျုပ်က Scientist (သိပ္ပံပညာရှင်)ကိုးဗျ ၊ Scientist ဆိုတာကသက်သေပြနိုင်မှာ ယုံကြည်တာမို့လို့ပါ”

“ကိစ္စမရှိပါဘူး ရပါတယ် ၊ ဒီလိုလုပ်ဗျာ အခု ကျုပ်ကလည်းခင်ဗျားရဲ့ ပါတီကို
မမှီမှာစိုးလို့ ကမန်းကတန်း ထွက်လာရတာဆိုတော့ သက်သေပြစရာဆိုလို့
ကျုပ်အမြဲဆောင်ထားတတ်တဲ့ နန်းတွင်းဆေးတစ်မျိုးပဲ ပါလာတယ် ၊ ခင်ဗျားအဲ့ဒါကို ယူထားလိုက်ပါ ၊ ပြီးရင်တော့ အဲ့ဒီဆေးရဲ့ သက်တမ်းက ဘယ်လောက်ကြာပြီ
ဆိုတာကို ခင်ဗျားရဲ့ ဓါတ်ခွဲခန်းမှာ သုတေသနလုပ်ကြည့်လိုက်ပေါ့ မဟုတ်ဘူးလား”

ပြောပြောဆိုဆိုနဲ့ သာယာဝတီမင်းဆိုတဲ့ ပုဂ္ဂိုလ်က ရွှေကျုတ်နဲ့ ထည့်ထားတဲ့
အရာတစ်ခုကို ဟော့ကင်းလက်ထဲ ထည့်ပေးလိုက်တယ် ။

“ကိုင်း သိပ္ပံသမားကြီး ကိုဟေ့ာကင်းရေ... ကျုပ်ရဲ့ အချိန်ခရီးသွားနိုင်မှုက
အကန့်အသတ်ရှိတယ်ဗျ ဒီတော့ ခင်ဗျားရဲ့ ပါတီကို ဖိတ်ပေးလို့
ကျုပ်က ကျေးဇူးတင်တယ် အခုတော့ ပြန်ရဦးမယ် ၊ ကျုပ်ရဲ့ မိဖုရားလေးကလည်း
ကျုပ်ပြန်အရောက်ကို စောင့်နေမှာဗျ ၊ အရေးကြီးတာတစ်ခုက ကျုပ်ခင်ဗျားဆီကို
အချိန်ခရီသွားတစ်ယောက်အနေနဲ့ လာသွားတယ်ဆိုတာကို ဘယ်သူ့မှ
မပြောပြပါနဲ့ ၊ ဘာလို့ဆို အကျိုးမှမရှိဘဲဗျာ ၊ တော်နေကြာ အချိန်ခရီး
သွားစက်တွေကို အပြိုင်တီထွင်လာနိုင်ကြမှ သူ့အတိတ်ကို ကိုယ်ကသွားပြင်
၊ ကိုယ့်အတိတ်ကို သူကသွားပြင်နဲ့ ဇာတ်လမ်းတွေ ရှုပ်ကုန်ကြလိမ့်မယ်၊
သို့လော သို့လော ဖြစ်နေတာပဲ ကောင်းပါတယ်ဗျာ …ကဲ ကဲ သွားပြီဗျို့”

သာယာဝတီမင်းဆိုတဲ့ပုဂ္ဂိုလ် ပြန်သွားတော့ ဟော့ကင်းတစ်ယောက်
အတွေးတွေ အများကြီးနဲ့ ကျန်ခဲ့တယ် ။ လက်ထဲမှာလည်း သာယာဝတီ
မင်းပေးခဲ့တဲ့ ရွှေကျုတ်နဲ့ထည့်ထားတဲ့ ဆေးတစ်မျိုး ။

စိတ်ထဲကတော့ အောက်မေ့တယ် ၊ ဒီသာယာဝတီမင်းဆိုတဲ့ လူ
ဒီဆေးက ဘာအတွက် ကောင်းတာလဲဆိုတာ မပြောခဲ့ဘူးလို့။

သိချင်စိတ်က များနေတာကြောင့် ဟော့ကင်းတစ်ယောက် သူ့ရဲ့
ဓါတ်ခွဲခန်းထဲကို ဝင်ပြီး ဆေးကို ဓါတ်ခွဲကြည့်လိုက်တယ် ။
တစ်ကယ်ပဲ ဒီဆေးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက တိုင်းရင်း
ဆေးတစ်လက်ဖြစ်နေတာကို သွားတွေ့ရတယ် ။

ထပ်ပြီးတော့ ဒီဆေးဟာ -

🍀အာရုံကြောအားနည်းခြင်း
🍀ခြေ/လက်ထုံကျဥ်ညောင်းကိုက်ခြင်း
🍀ခါးနာ၊ခါးကိုက်ခြင်း
🍀လေးလံထိုင်းမှိုင်းခြင်း၊
🍀ဆီးဝမ်းသွေးလေချုပ်ခြင်း၊
🍀မျက်စိဝေခြင်း၊မှုန်ခြင်း
🍀ခေါင်းအုံခြင်း၊ခေါင်းမူးခြင်း၊
🍀အကြောတက်ခြင်း
🍀နှလုံး
🍀သွေးတိုး
🍀လေငန်း
🍀ဆီးပူခြင်း၊ဝါခြင်း၊နီခြင်း၊ကျင်ခြင်း
🍀ဆီးကျောက်တည်ခြင်း
🍀လိပ်ခေါင်း/ဂရင်ဂျီနာ
🍀မီးယပ်ရောဂါတွေ အတွက်မှီဝဲနိုင်ပါ
တဲ့အပြင် သဘာဝပျားရည်စစ်စစ်နဲ့ဖော်စပ်ထားတာမို့ လူကြီးလူငယ် ကျား/မ မရွေးသင့်တော်တဲ့အပြင် ရဟန်းသံဃာများလည်း သုံးဆောင်နိုင်တယ်ဆိုတာကို သွားတွေ့ရတယ် ။

ဒါနဲ့ ဟော့ကင်းတစ်ယောက် ဒီလို အစွမ်းထက်တဲ့ ဆေးကောင်းတစ်လက်ကို နောက်ထပ် များများမှီဝဲချင်တာနဲ့ သာယာဝတီမင်းပြောသွားတဲ့ မြန်မာနိုင်ငံဆိုတဲ့ အရပ်မှာ စုံစမ်းကြည့်လိုက်တယ် ။

အဲ့ဒီမှာပဲ သာယာဝတီမင်းလက်ထက်
တော်ကတည်းက ယနေ့တိုင် ယုံကြည်အားထားရတဲ့ တိုင်းရင်းဆေးတစ်လက်

#မင်းမြန်မာအာရုံကြောအားဆေး ဆိုတာကို သွားတွေ့ရတယ် ။

ဟော့ကင်းလည်း သူ့ရဲ့ ကျန်နေသေးတဲ့ သက်တမ်းတစ်လျှောက်လုံးမှာ မင်းမြန်မာအာရုံကြော အားတိုးဆေးကို မှီဝဲရင်းနဲ့ အကျိုးရှိမယ့် သိပ္ပံပညာရပ်ဆိုင်ရာတွေကိုဆက်လက်လုပ်ကိုင်သွားခဲ့တယ် ။

သာယာဝတီမင်းရဲ့ စကားကို နားထောင်တဲ့ အနေနဲ့ အချိန်ခရီးသွားတွေ ရှိတယ်ဆိုတာကိုထုတ်မပြောတော့ဖို့ ဆုံးဖြတ်လိုက်ပြီး မကြာခင်မှာ ကြေငြာချက်တစ်စောင် ထုတ်ပြန်လိုက်တယ် ။

အဲ့ဒါကတော့ “ ပြီးခဲ့တဲ့ရက်တွေက အချိန်ခရီးသွားတွေချည်းပဲ တက်နိုင်မယ့် Partyပွဲတစ်ခုကို ကျနော်လုပ်ခဲ့ပါတယ် ၊ ဒါပေမယ့် အချိန်ခရီးသွားဆိုသူတွေ တစ်ယောက်မှရောက်မလာခဲ့ပါ ၊ ဒါကြောင့် အချိန်ခရီးသွားဆိုတာ တစ်ကယ်မရှိပါ” တဲ့ ။

စတီဗင်ဟော့ကင်း ဟာ ၂၀၀၉ ခုနှစ်မှာ တစ်ကယ်ပဲ Time Traveller Party တစ်ခုကိုကျင်းပခဲ့ပါတယ် ။ အောက်က Link မှာ ဟော့ကင်းရဲ့ ပါတီအကြောင်းကို ဝင်လေ့လာနိုင်ပါတယ် ။

https://youtu.be/elah3i_WiFI

သာယာဝတီမင်း အချိန်ခရီးသွားခဲ့လားဆိုတာကို တော့ ဘယ်သူမှ မသိနိုင်ပါ ။
မင်းမြန်မာအာရုံကြောအားတိုးဆေး တစ်ကယ် စွမ်း ၊ မစွမ်းကတော့ သုံးဖူးသူတိုင်းက သိကြပါတယ် ။ မိတ်ဆွေလည်း စမ်းသပ်သုံးစွဲကြည့်နိုင်ပါတယ် ။

မှန်မှန်သောက်ရင် ဆီးဝမ်းသွေးလေမှန်ပြီး ပေါ့ပါးသွက်လက်လို့အာရုံကြောရော ဟိုအကြော ၊ ဒီအကြော အားလုံးပါ သန်စွမ်းလာပါလိမ့်မယ် ။

တလနီးပါးသောက်လို့ရတယ်။

တစ်ဘူးမှ (၆၀၀၀) ကျပ် ထဲရယ်

သဘာဝပျားရည်စစ်စစ်အပါအဝင်
ဆေးအမယ်ပေါင်း ၄၀ နဲ့ဖော်စပ်ထားတာဆိုတော့ စဥ်းစားသာကြည့်ပေတော့

စွမ်း/မစွမ်းဆိုတာ 🙂🙂

ရန်ကုန်/မန်းလေးမြို့တွင်း Deli နဲ့ပို့ပေးပြီး

တစ်နိုင်ငံလုံးကိုတော့ စာတိုက်ကနေပစ္စည်းရောက်ငွေချေစနစ်နဲ့ပို့ပေးတယ်နော် #

မှာချင်သပဆိုရင် messenger မှာ Hi လိုက်ပါ

ဖုန်းဆက်မှာချင်ရင်တော့
09 258 289 623 ကို Hello လုပ်လိုက်ပါ

အောက်ပါဆိုင်တွေမှာလည်း မေးဝယ်လို့ရပါတယ် ...

#ဗဟန်း

ဧကမ္ဘာ မြန်မာဆေးဆိုင်

ကုက္ကိုင်းလမ်းဆုံ၊အမှတ် ၁၃၄
တက္ကသိုလ်ရိပ်သာလမ်းသစ်
ဆရာစံရပ်ကွက်၊ဗဟန်း
09 962 595 279

(ရန်ကုန် မြို့တွင်း Delivery နှင့်ပို့ပေးပါတယ်)

#ဗိုလ်ချုပ်စျေး

ဧကမ္ဘာ မြန်မာဆေးဆိုင်
အမှတ် ၂၈၊ဗိုလ်ချုပ်စျေးမြောက်ဖက်တန်း(အပေါ်ထပ်)
ဖုန်း ၀၁ ၂၅၆၄၁၁
လိုင်းခွဲ ၄၁၅

#ရွှေပြည်သာ

တော်ဝင်ဌေးတိုင်းရင်းဆေးခန်း

ကားကြီးဂိတ်မှတ်တိုင်၊သံလွင်လမ်း၊ရွှေတံတခါးမူကြိုရှေ့၊ရွှေပြည်သာ၊ရန်ကုန်
☎️ 09 97842 4926

(ရန်ကုန်မြို့အတွင်း Deli နဲ့ ပို့ပေးတယ်နော်)

#လှိုင်သာယာ

ရှမ်းဆရာ ဦးခွန်စိန်ရွှေ
စံရတနာ တိုင်းရင်းဆေးခန်း

အမှတ်(383/A)၊စစ်တွေလမ်းနှင့်သရက်လမ်းထောင့်၊Moe ကိုယ်ပိုင်ကျောင်းဘေး၊(၉)ရပ်ကွက်၊စနေမငါးထိပ်မှတ်တိုင်၊လှိုင်သာယာ

☎️ 09 421034671၊09 796706909

#မန္တလေးမြို့

ဆရာမဒေါ်ဖြူဖြူထွေး

အောင်ဇေ တိုင်းရင်းဆေးခန်း
No.579.44-45ကြား ၊83လမ်း
ဘုရားကြီးစျေး၊မဟာအောင်မြေမြို့နယ်
☎️ 09-971483684
(မန်းလေးမြို့အတွင်း Deli နဲ့ပို့ပေးပါတယ်)

#ပြည်ကိုယ်စားလှယ်

ဆရာမဒေါ်ထက်ထက်အောင်

ပန်းတော်ဝင် တိုင်းရင်းဆေးခန်း
ခေတ္တရာလမ်း၊ အထက ၅ ကျောင်းရှေ့၊
ပြည်မြို့ ။
☎️09254031916

#ဖြူးမြို့

တိုင်းရင်းဆေးခန်း (၅)လမ်း
မြို့မအရှေ့ရပ်ကွက်
☎️ 09 258 289 623

သန့်စင် တိုင်းရင်းဆေးခန်း
မြို့မအနောက် ၁ လမ်း၊ရယက ရုံးအနီး
☎️ 09 258 289 623

ပင်ရင်းက

ဆရာ သန့်စင်
B.A ,Dip.T.Med(Mdy)
တ.ဆ ၆၃၀၁

မင်းမြန်မာ တိုင်းရင်းဆေးခန်း
အမှတ် ၂၃၄ မြို့မအနောက် ၁ လမ်း
၁၂ × ၁၃ လမ်းကြား၊ဖြူးမြို့
☎️ 09 258 289 623

#မင်းမြန်မာ

#အာရုံကြောအားဆေး

#တိုင်းရင်းဆေး

#သာယာဝတီမင်း

#စတီဖင်ဟော့ကင်း

Glucomeal page အတွက် အပ်နှံလာတဲ့ Client အတွက် ကျနော်တို့ Team က 2020 မကုန်ခင်မှာ ဖန်တီးဖြစ်ခဲ့တဲ့ ဒီဇိုင်းတစ်ချ...
15/01/2021

Glucomeal page အတွက် အပ်နှံလာတဲ့ Client အတွက် ကျနော်တို့ Team က 2020 မကုန်ခင်မှာ ဖန်တီးဖြစ်ခဲ့တဲ့ ဒီဇိုင်းတစ်ချို့ဖြစ်ပါတယ်။
ယုံကြည်စွာနဲ့ အပ်နှံပေးခဲ့တဲ့အတွက်လည်း ကျနော်တို့ Team က အထူးပဲကျေးဇူးတင်ရှိပါတယ်။








သန့်ရှင်းသပ်ရပ်ပြီး စားသုံးရလွယ်ကူတဲ့ ဆွဲပြီ အတွက်လည်း အမြင်မှာရိုးရှင်းပြီး ဆိုလိုရင်းကိုပေါ်စေမဲ့ ဒီဇိုင်းလေးတွေ ဖန်တီ...
15/01/2021

သန့်ရှင်းသပ်ရပ်ပြီး စားသုံးရလွယ်ကူတဲ့ ဆွဲပြီ အတွက်လည်း အမြင်မှာရိုးရှင်းပြီး ဆိုလိုရင်းကိုပေါ်စေမဲ့ ဒီဇိုင်းလေးတွေ ဖန်တီးပေးခွင့်ရခဲ့ပါသေးတယ်။

Client - Swal Pyi






#ဆွဲပြီ

တောင်ပေါ်နဲ့ မြေပြန့်က အိမ်ရှင်မတွေရဲ့ မီးဖိုချောင်ထဲက လက်ရာအစစ်အမှန်တွေကိုမှစားချင်တယ်ဆိုရင်တော့ @တောအိမ် ကိုသာ သတိရလို...
15/01/2021

တောင်ပေါ်နဲ့ မြေပြန့်က အိမ်ရှင်မတွေရဲ့ မီးဖိုချောင်ထဲက လက်ရာအစစ်အမှန်တွေကိုမှစားချင်တယ်ဆိုရင်တော့ @တောအိမ် ကိုသာ သတိရလိုက်ဖို့ ညွှန်းလိုက်ပါတယ်နော်။ ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေနဲ့ အစပျိုးခဲ့တဲ့ တောအိမ်အတွက် ကျနော်တို့ Werz.portfolio ကလည်း social media marketing ပိုင်းမှာ အားဖြည့်ပေးခွင့်ရခဲ့ပါတယ်။ ဒီအတွက်လည်းအထူးပဲ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။







#တောအိမ်

K-Food ရဲ့ COOKBOOK လေးကို ကျနော်တို့ Werz.portfolio ကနေ ဒီဇိုင်းပိုင်း တာဝန်ယူဆောင်ရွက်ပေးခွင့်ရခဲ့လို့ ဝမ်းမြောက်မိပါတ...
15/01/2021

K-Food ရဲ့ COOKBOOK လေးကို ကျနော်တို့ Werz.portfolio ကနေ ဒီဇိုင်းပိုင်း တာဝန်ယူဆောင်ရွက်ပေးခွင့်ရခဲ့လို့ ဝမ်းမြောက်မိပါတယ်။ ယုံကြည်စွာနဲ့အပ်နှံပေးတဲ့အတွက်လည်း ကျနော်တို့ Team ကနေ အထူးပဲ ကျေးဇူးတင်ရပါတယ်။

Client - K-Food








11/01/2021

Address


Website

Alerts

Be the first to know and let us send you an email when Werz.portfolio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share