Celeb & Int’l Newz

  • Home
  • Celeb & Int’l Newz

Celeb & Int’l Newz Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Celeb & Int’l Newz, News & Media Website, .

ဟဲ့ရေ BlackPinkရဲ့ Roseက Kang D**g Wonကြီးနဲ့ ကြိုက်နေတယ် သတင်းထွက်နေတယ် အမလေး ငါတော့ ဘယ်လိုမှကို သဘောမတူဘူးအဲ့ကေောင်ကြီ...
17/04/2023

ဟဲ့ရေ BlackPinkရဲ့ Roseက Kang D**g Wonကြီးနဲ့ ကြိုက်နေတယ် သတင်းထွက်နေတယ်

အမလေး ငါတော့ ဘယ်လိုမှကို သဘောမတူဘူး
အဲ့ကေောင်ကြီးကို မင်းသားလို့ကို မခံစားရတာ ငါတယောက် တည်းပဲ နဲ့တူတယ် 😩😩😩

ဒီလောက်ချောတဲ့ အိုပါးတေ အများကြီးရှိရက်နဲ့

ကိုယ်ပိုင်ဂျက်လေယာဉ် ထပ်ဝယ်ယူလိုက်တဲ့ ဂျက်ကီချန်း          မင်းသားကြီး ဂျက်ကီချန်းဟာ ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စင်းကို အမေရ...
16/04/2023

ကိုယ်ပိုင်ဂျက်လေယာဉ် ထပ်ဝယ်ယူလိုက်တဲ့ ဂျက်ကီချန်း

မင်းသားကြီး ဂျက်ကီချန်းဟာ ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စင်းကို အမေရိကန်ဒေါ်လာ သန်း ၂၀ နဲ့ ဝယ်ယူလိုက်တယ်လို့ သိရပါတယ်။

အာရှတွင်သာမကဘဲ ဟောလိဝုဒ်အထိပါ နာမည်ကျော်ကြားတဲ့ မင်းသားကြီးရဲ့ ပိုင်ဆိုင်မှုဟာ ကန်ဒေါ်လာ သန်း ၅၂၀ ခန့်အထိ ရှိပါတယ်။

ဂျက်ကီချန်းဟာ ကိုယ်ပိုင်ဂျက်လေယာဉ်တွေကို သဘောကျလေ့ရှိသူဖြစ်ပြီး၊ ယခုလည်း တန်ဖိုးအကြီးဆုံး ဂျက်လေယာဉ်များထဲက တစ်စင်းကို ဝယ်ယူလိုက်ပါတယ်။မင်းသားကြီး ဝယ်ယူလိုက်တဲ့ ‌ဂျက်လေယာဉ်အမျိုးအစားဟာ Embraer 500 ဖြစ်ပြီး၊ ဂျက်ကီချန်းရဲ့ iPhone နဲ့လည်း ထိန်းချုပ်နိုင်အောင် ဒီဇိုင်းထုတ်ထားပါတယ်။

ဘရာဇီးလေယာဉ်ထုတ်လုပ်သူ Embraer ရဲ့ သံတမန်တစ်ဦးလည်းဖြစ်တဲ့ ဂျက်ကီချန်းဟာ ၎င်းရဲ့ ပထမဆုံး ကိုယ်ပိုင်ဂျက်လေယာဉ်ကို လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က ဝယ်ယူခဲ့ပါတယ်။

အခု မင်းသားကြီးမှ ‌Embraer 500 ဂျက်လေယာဉ်ကို ထပ်မံဝယ်ယူခဲ့တာဖြစ်ပြီး၊ လူ ၈ ဦးအထိ စီးနင်းနိုင်မယ့် ဇိမ်ခံလေယာဉ်လည်းဖြစ်ပါတယ်။

မနေ့ညက Coachella ပွဲမှာ တူတူ ပျော်နေတဲ့ကို Shawn နဲ့ Camila ပုံတွေပါသူတို့အတွဲကလဲ epcလိုပဲနော် ဂဏာမငြိမ်ဘူး ပြတ်ပီပြောလိ...
16/04/2023

မနေ့ညက Coachella ပွဲမှာ တူတူ ပျော်နေတဲ့
ကို Shawn နဲ့ Camila ပုံတွေပါ

သူတို့အတွဲကလဲ epcလိုပဲနော် ဂဏာမငြိမ်ဘူး ပြတ်ပီပြောလိုက် ပြန်တွဲလိုက်နဲ့ ပညာတွေလဲရပါတယ်😂😂

Best friend လို့ ပြောပြောပြီး
တော်တော် play နိုင်တဲ့ ဘိုးတော်ပါ

မနေ့က Coachella ဂီတပွဲတော်မှာ Camila နဲ့ Shawn တို့ ပြန်လည်တွေ့ဆုံခဲ့ပြီး လူအုပ်ကြားထဲမှာ နှစ်ဦးသား ခါးဖက် နမ်းနေကြတဲ့ပုံကိုကြည့်ရင်း သူတို့ ပြန်တွဲနေကြပြီလို့ ယူဆနေကြပါတယ်

Shawn ဟာ မကြာသေးခင်ကမှ နာမည်ကြီးဆယ်လီဘရစ်တီကောင်မလေးနဲ့တွဲခုတ်နေတယ်လို့ သတင်းထွက်ပီး
သူတို့နှစ်ဦးဟာ 2021လောက်မှာ နှစ်ဦးသဘောတူလမ်းခွဲခဲ့ပြီးမှ တနှစ်​ကျော်အကြာမှ coachella ပွဲတော်မှာ ပြန်လည် ဇာတ်လမ်းစခဲ့ကြတာဖြစ်ပါတယ်

K-Pop idol အိန္ဒိယသူလေး Ariaလူမျိုးပေါင်းစုံစုစည်းနေကြပြီဖြစ်တဲ့ K-Pop လောကမှာဆိုရင်တောင် အိန္ဒိယလူမျိုး idol ဟာ မရှိသလေ...
13/04/2023

K-Pop idol အိန္ဒိယသူလေး Aria

လူမျိုးပေါင်းစုံစုစည်းနေကြပြီဖြစ်တဲ့ K-Pop လောကမှာဆိုရင်တောင် အိန္ဒိယလူမျိုး idol ဟာ မရှိသလောက်ဖြစ်ပြီး ရှိခဲ့ရင်တောင် အသိအမှတ်ပြုမှုမခံခဲ့ရပါဘူး။ အခုချိန်မှာတော့ အဲ့ဒီစံသတ်မှတ်ချက်တွေ၊ အတားအဆီးတွေကို အောင်မြင်စွာချိုးဖျက်နိုင်တဲ့ idol တစ်ဦးပေါ်ပေါက်လာပါပြီ။

သူကတော့ X:IN အဖွဲ့ဝင် အိန္ဒိယမလေး Aria ဖြစ်ပြီး သူ့ရဲ့အလှအပအရည်အချင်းတွေနဲ့ တောင်ကိုရီးယား၊ တရုတ်နှစ်နိုင်ငံလုံးက ပရိတ်သတ်တွေကို တစ်ပြိုင်နက် ဖမ်းစားခဲ့ပါတယ်။ မကြာသေးမီကမှ ပွဲဦးထွက်ထားပေမယ့် Indian idol အနေနဲ့ စိတ်ဝင်စားမှုတွေကို သိမ်းပိုက်ထားနိုင်ခဲ့ပါပြီ။

ပထမဆုံးအားလုံးစိတ်ဝင်စားခဲ့ရတာကတော့ သူ့ရဲ့အလှအပဖြစ်ပြီး teaser ပုံတွေထွက်လာတဲ့အချိန်မှာ K-Netizens တွေရဲ့ “လှလိုက်တာ” ဆိုတဲ့မှတ်ချက်တွေကို အရယူနိုင်ခဲ့တဲ့အထိ အရုပ်မလေးလိုလှရက်သူပါ။ Aria ဟာ အိန္ဒိယနိုင်ငံ Kerala မှာ ၂၀၀၃ ခုနှစ်၊ မတ်လ ၁၂ ရက်မှာမွေးဖွားခဲ့တဲ့ အိန္ဒိယလူမျိုးစစ်စစ်ဖြစ်ပြီး နာမည်ရင်းကတော့ Gauthami ဖြစ်ပါတယ်။

နောက်ထပ်ပရိတ်သတ်တွေ သဘောကျရတဲ့အချက်ကတော့ သူ့ရဲ့အရည်အချင်းဖြစ်ပြီး သူ့ရဲ့ dance performance လေးဟာ Weibo ပေါ်မှာ ကြည့်ရှုသူပေါင်း သန်း ၉၀ ကျော်ရရှိခဲ့ပြီး hot search မှာလဲ နံပါတ် (၄) နေရာကိုရရှိခဲ့ပါတယ်။

Aria ပါဝင်တဲ့ X:IN အဖွဲ့ဟာ ဧပြီလ ၁၁ ရက်နေ့ကမှ KEEPING THE FIRE သီချင်းနဲ့ debut ခဲ့တာဖြစ်ပြီး သူတို့ရဲ့ပွဲဦးထွက်ဖျော်ဖြေမှုမှာလဲ Aria ရဲ့ fancam ကကြည့်ရှုသူပေါင်းအများဆုံးရရှိနေပါတယ်။

ဒီမနက် ဟိုးလေးတကျော်ကျော် ဖြစ်နေတဲ့ သတင်းကတော့ ကိုယ်တော်ချောတို့ Kylie Jenner နဲ့ ဒိတ်နေတယ်ဆိုတဲ့ သတင်းပါပဲ ... ဘာ confi...
07/04/2023

ဒီမနက် ဟိုးလေးတကျော်ကျော် ဖြစ်နေတဲ့ သတင်းကတော့ ကိုယ်တော်ချောတို့ Kylie Jenner နဲ့ ဒိတ်နေတယ်ဆိုတဲ့ သတင်းပါပဲ ... ဘာ confirmation မှတော့ မရသေးပါဘူး ..

ဒါပေမဲ့ ကိုယ်တွေအတွက်ကတော့ ဒါမျိုး ရိုးနေပါပြီ ဟိ
Timothée Chalamet ရဲ့ Personal Life ပဲလေ ... သူလည်းလုပ်ချင်တာလုပ် ကိုယ်တွေလည်း လုပ်ချင်တာ လုပ်ကြမယ်
အဓိကကတော့ ဘယ်သူ့ဒိတ်ဒိတ် သူ့ဖင်ကြီး ကြီးမလာဘူးဆိုတာပါပဲ

လီဆောင်ဂီ နဲ့ လီဒါအင်း စုံတွဲဟာ ၇ရက်နေ့မှာ မင်္ဂလာပွဲကို ဂမ်နမ် မှာ ရှိတဲ့ Grand Intercontinental Seoul Parnas Hotel မှာ...
06/04/2023

လီဆောင်ဂီ နဲ့ လီဒါအင်း စုံတွဲဟာ ၇ရက်နေ့မှာ မင်္ဂလာပွဲကို ဂမ်နမ် မှာ ရှိတဲ့ Grand Intercontinental Seoul Parnas Hotel မှာ ဆင်နွှဲတော့မှာ ဖြစ်ပါတယ်

နှစ်ပေါင်း ၃၀၀ သက်တမ်းရှိသော ပန်းပုထွင်းထုထားသည့် တိဗက်လူမျိုးတစ်ဦး၏  ဦးခေါင်းခွံ။
06/04/2023

နှစ်ပေါင်း ၃၀၀ သက်တမ်းရှိသော ပန်းပုထွင်းထုထားသည့် တိဗက်လူမျိုးတစ်ဦး၏ ဦးခေါင်းခွံ။

အယ်လ်ဇိုင်းမားရောဂါကြောင့် အနုပညာအလုပ်တွေကို လျှော့ချထားနိုင်တဲ့ Chris Hemsworthဧပြီ ၅၊ ၂၀၂၃။ဟောလိဝုဒ်ရဲ့ A-list အဆင့်သရ...
06/04/2023

အယ်လ်ဇိုင်းမားရောဂါကြောင့် အနုပညာအလုပ်တွေကို လျှော့ချထားနိုင်တဲ့ Chris Hemsworth

ဧပြီ ၅၊ ၂၀၂၃။

ဟောလိဝုဒ်ရဲ့ A-list အဆင့်သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ Chris Hemsworth ဟာ အယ်လ်ဇိုင်းမားရောဂါအခြေအနေကြောင့် အနုပညာအလုပ်တွေကိုနောက်ဆုတ်ထားရပါတယ်။

Marvel ရုပ်ရှင်တွေမှာ Thor အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Chris Hemsworth ဟာ အယ်လ်ဇိုင်းမားရောဂါခံစားနေရတာဖြစ်ပြီး ရောဂါအခြေအနေကျယ်ပြန့်လာမှုကြောင့် အနုပညာအလုပ်လုပ်ဆောင်မှုတွေကို လျှော့ချထားရကြောင်း Page Six သတင်းအရသိရပါတယ်။ Page Six ရဲ့ အဆိုပါသတင်းအရ Chris Hemsworth ဟာ ပရောဂျက်ကြီးကြီးမားမားတွေကို ဆက်လက်လုပ်ကိုင်မှာမဟုတ်ပဲ ပရောဂျက်သေးသေးတွေကိုပဲလုပ်ဆောင်နိုင်ဖွယ်ရှိတယ်လို့သိရပါသေးတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး Chris Hemsworth ဘက်က အတည်ပြုခြင်းမရှိသေးပါဘူး။

လက်ရှိ Chris Hemsworth ဟာ Mad Max prequel ရုပ်ရှင် Furiosa မှာ ပါဝင်ထားသလို သူ့ရဲ့ Netflix ရုပ်ရှင် Extraction 2 ဟာလည်း ၂၀၂၃ ထဲမှာ ပြသဦးမှာပါ။

Chris Hemsworth ဟာ Limitless ဆိုတဲ့ documentary series ရဲ့ အပိုင်း ၅ အတွက် မျိုးရိုးဗီဇစမ်းသပ်မှု လုပ်ကြည့်တဲ့အခါမှာ Alzheimer ရောဂါခံစားရမှုဖြစ်နိုင်ချေ ၈ ကနေ ၁၀ အတွင်းမှာ ရှိနေတယ်လို့ ရလဒ်ထွက်ခဲ့ပါတယ်။

Chris Hemsworth ရဲ့ အဘိုးဟာလည်း အယ်လ်ဇိုင်းမား ရောဂါခံစားခဲ့ရဖူးပါတယ်။

Alzheimer ရောဂါဟာ မှတ်ဉာဏ်တွေကို ဖျက်စီးပြီး စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေကို လျော့ရဲစေတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။

Chris Hemsworth ရဲ့ Limitless documentary series ဟာ Chris ရဲ့ ကျန်းမာရေးနဲ့အညီ နေထိုင်တဲ့ပုံစံနဲ့ ဖိအားတွေကို ဘယ်လိုရင်ဆိုင်လဲဆိုတာကို လမ်းညွှန်ပြတဲ့ series တစ်ခုဖြစ်ပါတယ်။

Ref: CBR

မနေ့ညက ပွဲတက် တခုမှာ တွေ့ရတဲ့ ဆလ်မန်းခန်း နဲ့ ရှာရွတ်ခန် ဇနီး ဂေါရီ၊ သား အာရီယန်ခန်း၊ သမီး ဆူဟာနားခန်း
01/04/2023

မနေ့ညက ပွဲတက် တခုမှာ တွေ့ရတဲ့ ဆလ်မန်းခန်း နဲ့
ရှာရွတ်ခန် ဇနီး ဂေါရီ၊ သား အာရီယန်ခန်း၊ သမီး ဆူဟာနားခန်း

'' ဘောလီးဝုဒ် ဆယ်လီသရုပ်ဆောင် 14 ယောက်ရဲ့ ကလေးများကို အာရဘီနဲ့ အူရ်ဒူ အမည်များကိုပေးထားပြီး မင်းသမီး မာဒူရီးဒေးစစ်နဲ့ ကရ...
28/03/2023

'' ဘောလီးဝုဒ် ဆယ်လီသရုပ်ဆောင် 14 ယောက်
ရဲ့ ကလေးများကို အာရဘီနဲ့ အူရ်ဒူ အမည်များကို
ပေးထားပြီး မင်းသမီး မာဒူရီးဒေးစစ်နဲ့ ကရီနား
ကပူး တို့လည်းပါဝင်ပါတယ်။ (အပိုင်း - ၁)
14 Bollywood celebs who gave Arabic and
Urudu names to their kids. Madhuri Dixit
to Kareena Kapoor.

================================
1.Kareena Kapoor Khan and Saif Ali Khan.
ကရီနားကပူးခန်းနဲ့ မင်းသားဆစ်ဖ် အလီခန်းမိသားစု
(ကရီနားကပူး ဟာ ဆစ်ဖ်အလီခန်း ရဲ့ ဒုတိယဇနီးပါ)
~~~~~~~~~~~~~~~~~~~~~~~
ဘောလီးဝုဒ် တော်ဝင်မိသားစု ဖြစ်တဲ့ ဆစ်ဖ်အလီခန်းနဲ့ ကရီနားကပူး ခန်းမိသားစု (ဆစ်ဖ်အလီခန်း ကစော်ဘွားမျိုးရိုး) တို့မှာ မျက်လုံးအပြာရောင် သားတယောက် (ဒီဇင်ဘာ ၂၀ ရက် ၂၀၁၆ မွေး)
ရှိပြီးTaimur Ali Khan လို့ အမည်ပေးထားပြီး Taimurဆိုတာ အာရဘီ စကားဖြစ်ကာ Iron
ခေါ် သံမဏိ လို့ အနက်ရပါတယ်။

2.Amrita Singh and Saif Ali Khan.
အမရီတာဆင်း နဲ့ ဆစ်ဖ်အလီခန်း
===================
ဆစ်ဖ်အလီခန်း ရဲ့ ပထမအိမ်ထောင် ပန်ဂျာပီ
မင်းသမီး အမရီတာဆင်း နဲ့ ကလေးနှစ်ယောက်
ရပြီး သမီးကြီး အမည်က Sara Ali Khan ဆာရာ
အလီ ခန်းဖြစ်ပြီး သားဖြစ်သူ မင်းသား (စော်ဘွား
နေရာ ဆက်ခံမဲ့သူ) ကို Ibrahim အေဘရာဟမ်
ဆိုတဲ့ အာရဘီ အမည်ပေးထားပြီး အဲဒီအမည်ဟာ
အလ္လာဟ် ၏ တမန်တော် တစ်ပါးအမည်ဖြစ်ကာ
မွတ်စလင် များနဲ့ ခရစ်ယာန် များက လက်ခံတဲ့
တမန်တော် အမည်လည်းဖြစ်ပါတယ်။

3.Emraan Hashmi and Parveen Shahani
အင်မရန်း ဟာရှေမီ နဲ့ ပရ်ဝင်း ရှာဟနီ
===========================
သရုပ်ဆောင် မင်းသား အင်မရန်း နဲ့ ပရ်ဝင်း
တို့ဟာငယ်ကျွမ်းဆွေ ငယ်ချစ်တွေ ဖြစ်ကြပြီး
10 နှစ်ကျော်တွဲလာပြီးနောက် ဒီဇင်ဘာ 14 ရက်
2006 မှာအစ္စလာမ် ထုံးစံ နေကာဟ် ပြုပြီး
သားတစ်ယောက်မွေးဖွားခဲ့ပြီး ကလေးအမည်ကို Ayaan အာယန်းဆိုတဲ့ အာရဘီ အမည်ပေးထား
ကာ အနက်အဓိပ္ပာယ်က gift of God ဘုရားပေးတဲ့ လက်ဆောင် လို့ အမည်ရပါတယ်။

4. Hrithik Roshan and Sussane Khan
ဟစ်သရစ် ရိုရှန်းနဲ့ ဆူဇန်းနီး ခန်း
===========================
မြန်မာ တွေအသိများတဲ့ လက်ပွား မင်းသားခေါ်
ဟစ်သရစ် ရိုရှန်း (ဟိန္ဒူ ဘာသာဝင်) နဲ့ အစ္စလာမ်
ဘာသာဝင် ဆူဇန်းနီး ခန်း တို့မှာ သားနှစ်ယောက်
ရှိပြီး 2013 ခုနှစ်မှာ တရားဝင် ကွာရှင်း ခဲ့ပါတယ်။
ကလေးများကို ၂ ယောက် ပူးတွဲ ထိန်းသိမ်း
နေကြပြီး ၊ Hrehaan ဟရီဟမ်း (အာရဘီလို
big heart) နဲ့ နောက်ကလေးတယောက်ကို
Hridhaan (အာရဘီ အနက်အရ God's chosen
one) ဘုရားသခင် က ရွေးတဲ့သူ လို့ အမည်ပေးထားကြောင်းပါခများ။

5.Sanjay Dutt and Maanayata Dutt
ဆန်းဂျေးဒတ်နဲ့ မာမ်သား ဒတ်
=====================
ဆန်းဂျေးဒတ် (မွတ်စလင် ကပြား) ဟာ ဟင်ဒီ
အမျိုးသမီး မာမ်သား ဒတ် နဲ့ 2008 မှာ
တတိယမြောက်အိမ်ထောင် ပြုပြီး အမွှာကလေး၂ ယောက်မွေး ပါတယ်။၎င်းတို့ရဲ့ ကလေးတွေကို
အာရဘစ် ပါရှန်း(အီရန်)နဲ့ ဂျူး အမည်တွေ
ပေးထားပါတယ် ။ ကလေးအကြီး ကို
Shahraran ရှာဟရန်း Shah နဲ့ Raan (knight)
ရှားက အီရန်အမည် ဖြစ်ပြီး Raan က သူရဲကောင်း
လို့အမည်ရပါတယ်။
အမွှာ မိန်းကလေး အငယ်ကို အာရဘီနဲ့ ဂျူးအမည်
ပေးထားပါတယ်။
6.Amrita Arora and Shakee Ladak.
အမရီတာ အာရိုးရာ နှင့် ရှာကီးလ် လာဒတ်
မင်သမီး အမရီတာ ဟာ ပန်ဂျာပီ မျိုးနွယ်ဖြစ်ကာ
ခင်ပွန်းသည် ရှာကီးလ်း ကတော့ မွတ်စလင် ပါ။
၎င်းတိုဟာ ခရစ်ယန် ၊မွတ်စလင် ၊ ပန်ဂျာပီ
ယာဥ်ကျေးမှု့တွေအကြားတိုင်ပတ်နေခဲ့ပြီး
နောက်ဆုံးမှာသား ၂ ယောက်ကို Rayaan နဲ့
(door to paradise / သုခဘုံကို ဝင်တဲ့တံခါး)
လို့ အမည်ပေးပြီး နောက်တယောက်ကို
Azaan (အာဇန်) powerful စွမ်းအာရှင် လို့
အမည်ပေးထားပါတယ်။

7. Aamir Khan and Kiran Rao
အမီလ်းခန်း နဲ့ ကီရန်ရို
အမီလ်းခန်း ရဲ့ ပထမအိမ်ထောင် Reena Dutt
ရီနားဒါတ် ဟာပြိုကွဲခဲ့ပြီး ဒါရိုက်တာ ပရိုဂျူဆာ
ဖြစ်သူ Kiran Rao ကီရန်ရို နဲ့ ထပ်မံအိမ်ထောင်ပြု
ခဲ့ပြီး ကလေး၂ ယောက်ဖွားမြင်ခဲ့ပါတယ်။
ပထမကလေး ကို Azad Rao Khan (အာဇတ်ရိုခန်း)
လို့အမည်ပေးထားပြီး အမီးလ်ခန်း ရဲ့ ဦးလေး
တော်စပ်သူ အိန္ဒိယ လွတ်မြောက်ရေး တိုက်ပွဲ ဝင်
သူရဲကောင်း မော်လာနာ Azad အာဇာတ် ကို
ဂုဏ် ပြု မှည့်ခေါ်ထားပါတယ်။

အပိုင်း ၂ ဆက်ရန်....
bollywood shaadis.Com ဖေ့ဘုတ်
ပါ Mamta Roy ၏ ဆောင်းပါးကို မြန်မာ မှု့ပြုပါတယ်။



မူရင်း
https://www.bollywoodshaadis.com/articles/bollywood-celebs-who-gave-arabic-and-urdu-names-to-their-kids-madhuri-dixit-to-kareena-kapoor-35765?fbclid=IwAR2XyrIqqHqY_W0Fj6J1H1v8tbvfNKcfjdwxf_-B3lhQNZ-3B8mfLm-39mw

အမီတာ ဘဂျမ်း Project K သိပ္ပံဇာတ်ကား ရိုက်ရင်း ဒဏ်ရာရသွားတယ်ညဘက် အရမ်းနာလာလို့ ဆရာဝန်တောင် ခေါရတယ် တဲ့။
22/03/2023

အမီတာ ဘဂျမ်း Project K သိပ္ပံဇာတ်ကား ရိုက်ရင်း ဒဏ်ရာရသွားတယ်
ညဘက် အရမ်းနာလာလို့ ဆရာဝန်တောင် ခေါရတယ် တဲ့။

Address


Website

Alerts

Be the first to know and let us send you an email when Celeb & Int’l Newz posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share