20/05/2024
အောင်မဲညိုက ဘယ်လိုနေရာတွေမှာ အသုံးဝင်လဲ ?
အောင်မဲညိုအပင်ဟာဆိုရင် နွယ်ပင်အမျိုးအစားတစ်မျိုးဖြစ်ပြီးတော့ အောင်မဲညိုလို့ ခေါ်ဆိုကြပေမယ့် အပွင့်ရဲ့အရောင်ဟာ အဖြူရောင်၊ ပန်းနုရောင်၊ ပန်းရင့်ရောင်၊ အပြာနုရောင်၊ အပြာရင့်ရောင် အစရှိသဖြင့် (၆)မျိုးခန့်ရှိတယ်လို့သိရပါတယ်။
အောင်မဲညိုပင်ဟာဆိုရင် အရွက်၊ အသီး၊ အပွင့်၊ ပင်စည်၊ အမြစ် စတဲ့ ပဉ္စငါးပါးစလုံး အသုံးဝင်ပါတယ်။
အောင်မဲညိုနဲ့ပြုလုပ်ထားတဲ့ဆေးဝါးတွေ လက်ဖက်ခြောက်တွေ၊ ပန်းပွင့်ရဲ့သဘာဝအရောင်ကို အခြေခံပြီးပြုလုပ်ထားတဲ့ ဖျော်ရည်မျိုးစုံ၊ မုန့်အမျိုးမျိုး၊ ဆပ်ပြာ၊ ခေါင်းလျော်ရည်၊ အလှကုန်ပစ္စည်းများလည်း ထုတ်လုပ်ရောင်းချလျှက်ရှိတာကို ဈေးကွက်ထဲမှာတွေ့မြင်ကြရမှာဖြစ်ပါတယ်။
အောင်မဲညိုပင်ဟာ ဘယ်လိုနေရာတွေမှာ အသုံးဝင်ပြီးတော့ ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်လဲဆိုတာကတော့...
◾ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးခြင်း၊ ဆံပင်
ဖြူခြင်းမှကာကွယ်ပေးပြီး ဆံပင်ကို
နက်မှောင်သန်စွမ်းစေပါတယ်။
◾ခူနာ၊နူနာရောဂါကိုပျောက်ကင်းစေခြင်း။
◾ရေဖျဉ်းရောဂါကို သက်သာပျောက်ကင်း
စေခြင်း။
◾အသည်းကြီးရောဂါကို ပျောက်ကင်းစေ
ခြင်း။
◾သရက်ရွက်ကြီးရောဂါကိုပျောက်ကင်း
စေခြင်း။
◾နာကျင်ကိုက်ခဲခြင်း၊ ကိုယ်လက်
ရောင်ရမ်းခြင်းကို ပျောက်ကင်းစေခြင်း။
◾နာတာရှည်ချောင်းဆိုးရောဂါကို ပျောက်
ကင်းစေခြင်း။
◾ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ပျောက်
ကင်းစေခြင်း။
◾သူငယ်နာ၊ မျက်စိနာကိုပျောက်ကင်းစေ
ခြင်း။
◾စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်ခြင်း။
◾ဆီးရွှင်စေခြင်း။
◾အမျိုးသမီးများအတွက် သွေးအား
ကောင်းစေခြင်း။
◾အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှာကို
ကာကွယ်ပေးခြင်း၊ အရွယ်တင်နုပျိုစေ
ခြင်း။
◾မျက်စိအမြင်ကြည်စေခြင်း၊ တိမ်ဖြစ်
ခြင်းမှကာကွယ်ပေးခြင်း။
◾ဦးနှောက်ရဲ့လုပ်ဆောင်နိုင်စွမ်းကို
တိုးတက်စေခြင်း။
◾ဆီးချို၊ သွေးတိုးရောဂါကိုသက်သာစေ
ခြင်း။
◾ပန်းနာရင်ကြပ်ရောဂါကို သက်သာစေ
ခြင်း။
◾ကင်ဆာရောဂါကို ကာကွယ်ပေးခြင်း။
◾အမျိုးသမီးများအတွက် ရာသီသွေး
မှန်စေခြင်း။
◾နှလုံးရောဂါဖြစ်ပွားခြင်းမှကာကွယ်ပေး
ခြင်း။
◾သွေးဝမ်းသွားခြင်းကိုသက်သာစေခြင်း။
◾အဆိပ်တက်ခြင်းမှ ကာကွယ်ပေးခြင်း။
အသုံးပြုနည်းအသေးစိတ်ကို page ထဲမှာ video နဲ့မျှဝေပေးထားပါတယ်။
#အောင်မဲညို #အောင်မဲညိုပန်း #အောင်မဲညိုအပင် #အောင်မဲညိုပင်