Mohnyin Information Center

  • Home
  • Mohnyin Information Center

Mohnyin Information Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mohnyin Information Center, Social Media Agency, .

26/06/2022

စစ်ကောင်စီဒေါက်တိုင် ဒလန်များအကြောင်း ထပ်မံသိရှိလိုပါတယ်

14/02/2022

နန်စီ Non CDM တွေကို ဂွင်ကြီးကြီးတွေကြားမှာပဲ ချန်ထားခဲ့လိုက်တော့ ဆရာတို့

သူတို့က ချီးတွင်းထဲက လောက် နဲ့ အသွင်သဏ္ဌာန် တူတယ်

သူတို့က မစွန့်လွတ်ရဲတာမဟုတ်ဘူး
ဂွင် ကောင်းမိနေတာ

ခေတ်ပျက်ကြီးထဲမှာ
သူတို့ရှာတောင်းသမျှ ပေးခဲ့ရရင် ဒီအတိုင်းတော့မနေပါနဲ့
ခိုင်မာတဲ့ အချက်အလက်တွေကို
Mohnyin News ကို သတင်းပေးပါ

ဒီကလည်း ဘာမှ မလုပ်ပေမယ့်
ခွေးပုရပိုဒ်မှာ အချိန် နေရာ အကြောင်းအရာတွေ မှတ်တမ်းတင်ရှိထားပြီး အချိန်ရောက်ရင် ခွေး အန် အန်ခိုင်းမယ့် တရားစီရင်ရေးအဖွဲ့ဆီကို တင်ပြရမှာ

ဘယ်နေရာမှာ ဘယ်သူ့နာမည်နဲ့ တိတ်တိတ်လေး ဝယ်ထားတဲ့ အိမ် မြေ စာရင်းတွေက အစ ပြုစုထားရမှာ

စလစ်မှာ နှစ်သောင်း ပေါ်တင် ဆောင်ခိုင်းတာ 50000

ဥပမာ ဦးစီးမှုး ဦးဘယ်သူ
မန္တလေးမှာ တိတ်တိတ်လေး သုံးထပ်တိုက်ဆောက်

ဦးတရုတ်ကြီး FRC သက်တန်းတိုး
မြန်မာပြည်မှာ နှစ်ခြောက်ဆယ်မက နေခဲ့ပေမယ့်
ကုန်ကျငွေ ဘယ်နသိန်း

CRD

24/01/2022

မူးယစ်တပ်ဖွဲ့စု ၃ ဒုရဲအုပ်မင်းကိုကိုနဲ့အင်ဖော်မာတင်ထွန်းမြင့်တို့ လုပ်စားသွားတဲ့ကိစ္စကို ဖော်ထုတ်ပါမယ်။ မနေ့က ဇန်နဝါရီ ၂၃ နေ့လည် ၁ နာရီအချိန် မိုးညှင်းဟိုပင်ရွာချင်းဆက်လမ်းမှာ ဖမ်းမိတယ်ဆိုတဲ့ မူးယစ်ဆေးဝါး (တကဒ်= ၁၁ ခွက်)ကိစ္စက ဝယ်လက်ဆင်ပြီး ဂွင်ဖန်သွားတာပါ။ 125ဆိုင်ကယ်နဲ့ထွက်ပြေးတဲ့မူးယစ်သယ်သူကို ကားနဲ့ဖမ်းတဲ့ မင်းကိုက်ိုတို့အုပ်စုက မမိဘူးဆ်ိုတော့ လူရီစရာတွေဖြစ်ကုန်တော့တာပါပဲ😂😂😂😂
အဖြစ်မှန်က ဖမ်းမိတဲ့မူးယစ်ဆေးက.( ၁၁ကဒ်=၁၂၁ ခွက်) ဖြစ်ပါတယ်။ မူးယစ်ဆေးသယ်သူ ၂ ယောက်ကို သိန်း ၁၀၀ တောင်းရာမှာ ၈၅ သိန်းနဲ့ပိုင်ရှင်မဲ့လုပ်ပြီးလွှတ်ပေးဖို့ သဘောတူလိုက်ပါတယ်။ မိုးညှင်းရဲစခန်းမှာ ပိုင်ရှင်မဲ့အမှုဖွင့်ပြီး ပစ္စည်းအပ်တော့ (၁ ကဒ်=၁၁ ခွက်)ပဲစာရင်းပြပြီး (၁၀ကဒ်=၁၁၀ခွက်)ကို အောက်ဆ်ိုဒ်ထုတ်ပြီး တင်ထွန်းမြင့်တာဝန်ယူရောင်းပေးထားပါတယ်။ လက်ရ်ှိအချိန် မူးယစ်ဆေး (၁ ကဒ်=၁၁ခွက်)ပေါက်စျေးက အနိမ့်ဆုံးဖောက်သည်စျေး ၃၅ သိန်းအထက်ရှိပါတယ်။ မူးယစ်တပ်ဖွဲ့စု ၃ က ဒုရဲအုပ် မင်းကိုကိုတို့အဖွဲ့အနေနဲ့ ၂၃ ရက်နေ့ကအိတ်ဖောင်းသွားသလို သူ့အဘ ရဲမှုးဆန်းထွန်းအတွက် ဂါဖို့ အခြေအနေအတော်ကောင်းသွားတာပါ။ လိမ်လည်ပြ်ီးရေးခ်ိုင်းတဲ့ မူးယစ်ဆေးဖမ်းမိတဲ့သတင်းက်ို မိုးညှင်းဖွတ်သတင်းသမား ခင်မောင်ဦး က EPN မှာရေးပို့ပေးပါတယ်။ ကျွန်တော်တို့ MOHNYIN INFORMATION PAGE အနေနဲ့မိုးညှင်းမြို့အတွင်းက NON CDM ဝန်ထမ်းတွေရဲ့လှုပ်ရှားမှုတွေကိုသိရှိထားပြီး ဒင်းတို့တတွေ ပါးစပ်ဟရုံနဲ့ အူဘယ်နခွေရှိလည်းသိထားသူများဖြစ်ကြောင်းပြောပါရစေ။ အခြေအနေအရ စောင့်ကြည့်နေတာကို ကဲတဲတဲလုပ်လာရင်တော့💣💣💣💣💣💣💣

CREDIT. MOHNYIN INFORMATION

24/01/2022

ပြောထားပါတယ်နော မိုးညှင်းမြို့က မူးယစ်ကုန်သည်အကြီးတွေ ကြီးစိုးတာပါလို့😏😏😏....
၂၂ ရက်နေ့ညအချိန်မှာ အရှေ့စုရပ်ကွက်က ကုန်မာဆိုင် ၂ ခုပေါင်းပြီးရောက်တဲ့ မူးယစ်ဆေးဝါးတန်ဖိုးက ကျပ်သိန်းသောင်းဂဏန်းရှိတယ်ဆိုတာ ညတွင်းချင်းသိရှိထားတယ်ဆိုတာပြောဖို့မေ့သွားတယ်...... ပျူစောထီးဆိုတဲ့အဖွဲ့တွေက မူးယစ်ကုန်သည်တွေဆီကလိုင်းကြေးယူခွဲစားနေတာ ပြည်သူအားလုံး သိရှိပြီးဖြစ်ပါလိမ့်မယ်။
မိုးညှင်းစစ်မှုထမ်းဟောင်းရုံးက ကျော်ဇံ ဆိုတဲ့ပုဂ္ဂိုလ်ရေ ၂၂ ရက်နေ့ကရောက်တဲ့မူးယစ်ဆေးဝါးသယ်ယူရေးနဲ့ပါတ်သက်ထားတယ်နော.......
မိုးညှင်းမူးယစ်ဂိုဏ်းတွေကိုဖော်တဲ့အခါ လူတွေမထင်မှတ်တဲ့ ပုဂ္ဂိုလ်တွေပါလာမယ်၊အရာရှိကြ်ီးတွေပါလာမယ်ဆိုတဲ့အကြောင်း ကြိုတင်စကားဦးသန်းထားပါရစေ🙂🙂....

သြော်
မူးယစ်တပ်ဖွဲ့စု ၃ က ဒုရဲအုပ်မင်းကိုကိုဆိုတဲ့ချာတိတ်ရေ
နန့်မွန်းသူ မလှိုင်ဆီကရတဲ့ သိန်း ၁၅၀ ကိစ္စကို ထပ်ရေးပေးဦးမယ်ကွာ.......
မင်းတို့သိထားဖို့က ထောင်ဆိုတာ မူးယစ်ရာဇာတွေ ၊ နိုင်ငံရေးသမားတွေအတွက်ပဲလို့ ထင်ရင်မှားသွားမယ်ညီလေး...... ထောင်ဆိုတာ ခင်ညွန့်လို အရာရှိတောင် မြည်းစမ်းခဲ့ရတယ်ဆိုတာ ပုံပြင်မဟုတ်ဖူးကွ.... မင်းတို့လို အလွဲသုံးစားလုပ်တဲ့ကောင်တွေနဲ့လည်းသက်ဆိုင်တယ်နော😏😏😏😏😏
စမ်းကြည့်မလား ငါ့ညီတို့😂😂😂😂😂

credit MOHNYIN INFORMATION

17/01/2022

မိုးညှင်းခရိုင်မူးယစ်တပ်ဖွဲ့စု ၃ က ဒုရဲအုပ်မင်းကိုကိုဆိုတဲ့ကောင် မင်းတို့ကောင်တွေ ခွဲတမ်းတခါခွဲရင် တယောက်သိန်းရာကျော်တယ်ဆိုတာကအစ ငါတို့သိထားတယ်။ မကြာခင် မင်းတို့အဖွဲ့ရဲ့လုပ်ရပ်တွေကို ဆောင်းပါးအရှည်ကြီးနဲ့ချပြပေးမယ်.....တရားဝင်ရုံးစာနဲ့လည်း ပို့သင့်တဲ့နေရာပို့ပေးမယ်😂😂😂😂
မင်းတို့အဘ မင်းအောင်လှိုင်က မင်းတို့ကိုအရေးယူမလားစောင့်ကြည့်မယ်😏😏😏😏....
အိုခေနော် ညီလေးတို့

27/12/2021
20/12/2021

အလုပ်ဖြုတ် သင့်သော မိုးညှင်းအကျဉ်းထောင်မှ စျေးဗန်းကိုင် အရာရှိ ( ၂ ပွင့်)နှင့်ထောင်ဝန်ထမ်းများ

မိုးညှင်းအကျဉ်းထောင်အတွင်းရှိ
ထောင်ကျ အကျဉ်းသားများကို သူတို့ရဲ့ မိသားစုများက ထောင်တွင်း စားသောက်ရန်အတွက်လည်းကောင်း၊အထွေထွေ သုံးစွဲရန် အတွက်လည်းကောင်း စျေးဗန်းကိုင်အရာရှိ( ၂ ပွင့်)ထံ ငွေကြေးနှင့်ပစ္စည်းများကို အပ်နှံရပါသည်။ NLDအစိုးရ လက်ထက်၌ မိုးညှင်းအကျဉ်းထောင်စျေးဗန်းကိုင် အရာရှိ မှ ငွေတစ်သိန်း သွင်းလျှင် နှစ်သောင်းကျပ်နုတ်ယူသော်လည်း အာဏာသိမ်းပြီးချိန်တွင် သွင်းအမျှငွေ ၊ပို့သမျှ အစားအသောက် ဖြတ်ယူမှု့ များပြား လာပြီး ငွေနှစ်သိန်းလျှင် နှစ်သောင်းသာရောက်ကာ ပို့သမျှ အကြော်အလှော်များ ရောက်ရှိခြင်းမရှိပဲ စျေးဗန်းကိုင် အရာရှိနှင့် ထောင်ဝန်ထမ်းများသာ ခွဲဝေ သုံးစွဲစားသောက်နေကြောင်း ဝန်ထမ်းတဦးမှ MOHNYIN INFORMATION PAGEသို့ တိုင်ကြားလာ ပါသည်။ ထောင်ဝန်ထမ်းများသည် ထောင်အတွင်း၌ ကွမ်းယာ၊ဆေးလိပ်၊ကော်ဖီမစ်၊အကြော်လှော်များ ရောင်းချလျှက်ရှိကာ အကျဉ်းကျသူများ၏ မိသားစုများနှင့်တွေ့ခွင့်မပေးပဲ အဂတိ လိုက်စားမှု့ လုပ်နေသူများဖြစ်ကြောင်း တိုင်ကြားလာခဲ့ပါသဖြင့် အများပြည်သူ
သိရှိစေရေး MOHNYIN INFORMATION PAGE ကူးယူ မှတင်ပြလိုက်ပါတယ်။

ADMIN TEAM

20/12/2021

စစ်တပ်၊ထွေအုပ်၊ရဲတွေနဲ့ပေါင်းပြီး ခရီးသွားကား၊ကုန်တင်ကားများဆီက တောင်းစားနေသော ပျူစောထီးများ

အင်းတော်ကြီးဒေသရှိရွှေမှော်များ၊ ဖားကန့် ဆိုင်းတောင် တာမခံ ဆယ်ဇင်းမှော်များကို မိုးညှင်းအနောက်ဖက် နန့်မွန်းမှတဆင့် သွားရောက်နိုင်ပါတယ်။ ဒီလိုသွားရောက်တဲ့အခါ လုံးတုံစစ်တပ်ဂိတ်ကိုဖြတ်သွားရပါတယ်။ လုံးတုံစစ်တပ်ဂိတ်ဆိုတာ ဖြတ်သွားဖြတ်လာအိမ်စီးကားတောင်ချမ်းသာမပေးပဲ ပိုက်ဆံတောင်းစားနေတာ တိုင်းသိပြည်သိ ဖြစ်နေတာကြာမြင့်နေပြီ ဖြစ်ပေမယ့် ဘယ်အစိုးရမှ အရေးယူအပြစ်ပေးခြင်းမရှိခဲ့ပါဘူး ..... ခရီးသည်တင်ကား၊ကုန်တင်ကား၊ဆီဘောက်ဆာကားတွေဆိုရင် သမာအာဇီဝကျကျလုပ်စားသူတွေဖြစ်ပေမယ့် လုံးတုံစစ်တပ်ဂိတ်မှာ ပိုက်ဆံမပေးရင် ဒုက္ခအမျိုးမျိုးပေးခံရတာ NLD အစိုးရလက်ထက်ကတည်းကပါပဲ.... အင်းတော်ကြီးအိုင်တည်ရှိသော
အင်းတော်ကြီးဒေသမှာ နန့်မွန်းထွေအုပ် ၊လုံးတုံစစ်တပ်ဂိတ်၊လုံးတုံရဲစခန်း၊လုံးတုံထွေအုပ်တို့ရှိပြီး အဆိုပါ ၄ ဌာနအတွက် ငွေရှာပေးနေသူတယောက်ကတော့ နန့်မွန်းမြို့ ရပ်ကွက် ၃ နေ စစ်အင်ဖော် ဒေါ်မမဆိုသူဖြစ်ပါတယ်.... ဌာန ၄ ခုနဲ့ပေါင်းစားနေတဲ့ ဒေါ်မမသည် NLD အစိုးရလက်ထက်မှာကတည်းက ဆီဘောက်ဆာ ၊ ကုန်တင်ကားတစင်းလျှင် ခြောက်သောင်းကောက်ပြီး စစ်တပ်အာဏာသိမ်းပြီးချိန်မှာတော့ ငွေပိုတောင်းလာခဲ့ပါပြီ....ဆေးရုံက ဒေါက်တာဝေမင်းကျော်ရဲ့ကားကို ဝယ်ထားတဲ့ အန်တီမမဆိုရင်နန့်မွန်းတမြို့လုံးမသိသူမရှိပါဘူး..... ဆီဘောက်ဆာကား၊ကုန်တင်ကားများ နန့်မွန်းကိုဖြတ်ပြီး ရွှေမှော် ကျောက်မှော်တွေကိုသွားမယ်ဆ်ိုရင် အန်တီတီမမကိုကြိုပြီးဖုန်းဆက် ကားနံပါတ်ပြော ငွေသွင်းပြီးမှသွားရင် လုံးတုံ စစ်တပ်ဂိတ်က လွှတ်ပေးပါတယ်.... အန်တီမမဆီ ငွေမသွင်းရင်တော့ အဲ့ဒီကားတွေ ပညာပေးခံရလို့ ဂန့်ပြီသာမှတ်ပေတော့......
သာမန်ကောင်းရောင်းကောင်းဝယ်လုပ်စား​နေတဲ့ကားတစင်းကိုတောင် ခြောက်သောင်းနဲ့အထက်တောင်းတယ်ဆိုတော့ မှောင်ခိုကားဆ်ိုရင်ဘယ်လောက်ရမလည်း စဥ်းစားသာကြည့်ပေတော့...
ဒါက စစ်တပ်သတင်းပေးအင်ဖော် ဒေါ်မမရဲ့ဂွင်.......
နောက်တယောက်က နန့်မွန်းမြို့နေ ပျူစောထီး ဦးညီညီ..... လွန်ခဲ့တဲ့ဆယ်ရက်ကျော်တုန်းက ကပ်ကျော်လမ်းဘေးမှမောင်းလာသော ဆီဘောက်ဆာ ၁၀ စင်းကို
ပျူစောထီးခေါင်းဆောင် ဦးညီညီ တို့အုပ်စု နဲ့ မိုးညှင်းအမြှောက်တပ်မှ အရပ်ဝတ်နဲ့အရာရှိတဦးတို့ပူးပေါင်းတားဆီးပြီးကားသော့တွေသိမ်းကာ မိုးညှင်းတပ်ထဲယူသွားပါတယ်။ နောက်ရက်မှ ကားတစင်း ၄ သိန်းစျေးဖြတ်ပြီး စုစုပေါင်း သိန်း ၄၀ ကျော် တောင်းစားလိုက်ကြောင်း စုံစမ်းရရှိထားပါတယ်။
ဒီဇင်ဘာ ၁၈ ရက်နေ့မှာလည်း ဆီဘောက်ဆာကား ၄ စင်းကို နန့်မွန်းကပ်ကျော်လမ်းမှာ မိုးကောင်းပျူစောထီးဒလန်ဂတုံးပါဝင်သောအဖွဲ့မှ ဖမ်းဆီးထားလိုက်ပြန်ကြောင်း သတင်းရရှိထားပါတယ် .... ကားသမားတွေကို ဘယ်လိုဒုက္ခပေးမယ်မသိသေးပါဘူး.....
ကျွန်တော်တို့တိုင်းပြည်ရှိ သမာအာဇီဝနဲ့လုပ်စားနေသူပြည်သူများဟာ ခုလိုအကျင့်ပျက်ခြစားနေတဲ့ ဌာနတွေ၊အင်ဖော်မာ၊ပျူစောထီး၊ဒလန်တွေကြောင့် အတိဒုက္ခရောက်နေရပါတယ်။ အကျင့်ပျက်ခြစားမှုတွေကို လစ်လျူရှုနေတဲ့ စစ်အာဏာရှင်ကတော့ မစွံပါဘူး...ဒါကြောင့် ပြည်သူလူထုကို ဒုက္ခပေးနေတဲ့မည်သူ့ကိုမဆို အရေးယူအပြစ်ပေးမယ့် အစိုးရတရပ်လိုအပ်နေပါပြီ.......
( နန့်မွန်းမြို့နေ အန်တီမမ နဲ့ ဦးညီညီတို့ရဲ့ဓာတ်ပုံ
များကို အများပြည်သူ သိရှိစေရေး
Comment မှာဖော်ပြပေးကြပါ။🙂🙂 )
credit. MOHNYIN Information
ADMIN TEAM

19/12/2021

Address


Website

Alerts

Be the first to know and let us send you an email when Mohnyin Information Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share