Nyan Lab

Nyan Lab Informal Education | Experimentation | Curiosity

24/08/2023

ဒီ Nyan Lab Podcast Episode 1 မှာတော့...

ကျောင်းတွေမှာ ကလေးတွေရဲ့ သိချင်စိတ်ကို မီးထိုးပေးဖို့ရာ ဆရာတွေမှာ ဘယ်လို အခက်အခဲတွေ ရှိလဲ။

ဘယ်လို အခြေအနေမျိုးတွေ ဖန်တီးပေးရင်တော့ ဆရာတွေ စိတ်ကျေနပ်စရာ ဖြစ်မလဲ။

စာမေးပွဲတွေက ရက်တွေဆက်တိုက် ဖြစ်စရာ လိုလို့လား။

ဆရာအလုပ်က ဘယ်လိုနေလဲ၊ အထီးကျန်လား။

စတဲ့ မေးခွန်းတွေကို ပညာရေး တက္ကသိုလ်က ကျောင်းပြီးထားတဲ့ အစ်ကို တစ်ယောက်ကို မေးဖြစ်ပါတယ်။

ဒီရက်တွေထဲ တော်တော်လေး စိတ်ဝင်စားတဲ့ Topic တစ်ခုရှိတယ်။ အဲ့ဒါက Scientific Method ပဲ။ ဒီ Scientific Method ကို ကမ္ဘာကြီးအ...
20/08/2023

ဒီရက်တွေထဲ တော်တော်လေး စိတ်ဝင်စားတဲ့ Topic တစ်ခုရှိတယ်။ အဲ့ဒါက Scientific Method ပဲ။ ဒီ Scientific Method ကို ကမ္ဘာကြီးအကြောင်းသိအောင်၊ အမှန်တရား (Truth) အကြောင်းကိုသိအောင် သုံးတယ်လို့ ဖတ်ရတယ်။ ပြီးတော့ ဒီ Scientific Method က Research Methodology ရဲ့ ပင်မအခြေခံ ဆိုတာ သိလာရတယ်။

Scientific Method ဆိုတာ အမှန်တရားကို သိဖို့ သုံးတဲ့ Tool တစ်ခုဆိုတော့ ကျွန်တော့်မှာ သိချင်တာတွေ ရှိလာတယ်။ သိချင်တာတွေထဲမှာ ခပ်တည်တည် သိချင်တာတွေရှိသလို ပေါ့ပေါ့ပါးပါး သိချင်တာတွေလည်းရှိတယ်။

ပေါ့ပေါ့ပါးပါး သိချင်တာ တစ်ခုက ပြီးပြည့်စုံတဲ့ ကြက်ဥ Half-fried ကြော်ရဲ့ အမှန်တရားကို သိဖို့။ နောက်တစ်နည်းပြောရမယ်ဆို ပြီးပြည့်စုံတဲ့ ကြက်ဥ Half-fried ကြော်ရဲ့ အကြောင်းရင်းတွေကို သိဖို့။ ဒီလိုသိရင် အနဲဆုံးတော့ မနက်ပိုင်း ထမင်းကြော်နဲ့ စားဖို့ ကြက်ဥကြော်ရင် အဆင်ပြေတယ်လေနော်။

ခု စာဖတ်နေတဲ့သူလည်း သိမှာပါ။ ကြက်ဥ Half-fried ကြော်တယ်ဆိုတာ ပြောရတာသာ လွယ်တာ။ ကြော်ရခက်တယ်။ ကြော်လိုက်ရင် အနှစ် အကျက်လွန်သွားရတာနဲ့။ အနှစ်ပေါက်သွားရတာနဲ့။ ကိုယ်ကြိုက်တဲ့ အနှစ်အိအိ လေးနဲ့ ရရင်လည်း အောက်သားက အကျက်လွန်သွားတာနဲ့။ အဲ့လိုတွေ ဖြစ်တယ်။

ဒါနဲ့ ကြက်ဥကြော်ရဲ့ အမှန်တရားကို Scientific Method သုံးပြီး (စိတ်ကူးနဲ့) ရှာဖြစ်တယ်။

1. Observe and Ask Questions

ပထမ အဆင့်အနေနဲ့ ကြက်ဥ Half-fried ကြော် ကောင်းကောင်းရဖို့ ဘာတွေလိုပါလိမ့် ဆိုပြီး မေးတယ်။

2. Research

ဒါနဲ့ ကြော်နည်းတွေ Youtube မှာ လိုက်ရှာဖြစ်တယ်။ ဟင်းချက်နည်းစာအုပ်တွေ လိုက်ဖတ်ဖြစ်တယ်။ အဲ့မှာ တွေ့ပါပြီ Half-fried ကြော်နည်း တွေ အများကြီး။

3. Formulate a hypothesis

အဲ့ကြက်ဥကြော်နည်းတွေ အများကြီးထဲကမှ လွယ်မယ်ထင်တဲ့ နည်းတစ်ခု တွေ့လာတယ်။

အဲ့နည်းက…

မကပ်တဲ့အိုးထဲကို ဆီထည့်။
အပူချိန်ကို အလည် အလတ်ထား။
ဆီဆူစ ပြုလာတဲ့ အချိန်မှာ ကြက်ဥဖောက်ထည့်။
ကြက်ဥရဲ့ အောက်ပိုင်း စကျက်လာတဲ့ အချိန်မှာ ရေနဲနဲထည့် အဖုံးအုပ်။
အဲ့အချိန်မှာ အဲ့ရေငွေ့နဲ့ ကြက်ဥရဲ့ အပေါ်အနှစ်သားလေး တင်းသွားလိမ့်မယ်။
အဲ့လိုနဲ့ Perfect Half-fried Egg ရလာရော။

ဒီနည်းကို တွေ့တော့ တကယ်အလုပ် ဖြစ်၊ မဖြစ် ဆိုတာကို သိပ္ပံနည်းကျ သိချင်တယ်။ အဲ့ဒါနဲ့ “အပေါ်က Step တွေအတိုင်းလုပ်ရင် ပြီးပြည့်စုံတဲ့ ကြက်ဥ Half-fried ရမယ်” ဆိုတဲ့ Hypothesis ဆောက်လိုက်တယ်။ (ဒီလို Hypothesis ဆောက်မှ တကယ်မှန်၊ မမှန် စစ်ဖို့ လွယ်မှာကိုး။)

4. Testing the hypothesis

ဒီလို စမ်းစစ်ဖို့လွယ်အောင် Hypothesis ဆောက်ပြီးတဲ့အခါ ကျတော့ စစ်ဖို့ပဲလိုတော့တယ်။ အဲ့မှာ ကျွန်တော် တစ်ခု သွားသတိရတယ်။ အဲ့ဒါက Variable တွေကို တတ်နိုင်သမျှ Fixed ထားဖို့ပဲ။

ကျွန်တော့် ဒီ ကြက်ဥကြော် Experiment မှာဆိုရင် ကြက်ဥရဲ့ လတ်ဆတ်မှုနဲ့ ဒယ်အိုးအသား ဆိုတဲ့ Variable နှစ်ခုက Perfect Half-fried ဖြစ်၊ မဖြစ်အပေါ် သက်ရောက်မှုရှိနိုင်တယ်လို့ စဉ်းစားမိတယ်။ ဒါနဲ့ ကြက်ခြံက နေလတ်လတ် ဆတ်ဆတ် ဥထားတဲ့ ကြက်ဥတွေကို သုံးတယ်။ ပြီးကျတော့ ဒယ်အိုးကိုလည်း Nonstick Pan ကိုမှ တံဆိပ်တစ်မျိုးကိုပဲသုံးတယ်။ အဲ့နောက်မှာမှ ကျွန်တော့်ရဲ့ ကြက်ဥ အလုံး ၁၀၀ ကိုကြော်တဲ့ Experiment ကိုလုပ်တယ်။

5. Analyze and Conclude

အဲ့နောက် Experiment လုပ်တာကနေရလာတဲ့ ရလဒ်တွေကို သုံးသပ်တယ်။ အဲ့မှာ ဒီကြော်နည်းက ‌တော်တော်လေး အလုပ်ဖြစ်တယ်ဆိုတာ သိလာရတယ်။

6. Share Results

အဲ့လို သိလာရတော့ “သိပ္ပံနည်းကျ လေ့လာတွေ့ရှိထားတဲ့ လွယ်ကူသော ကြက်ဥ Half-fried ကြော်နည်း” ဆိုပြီး ကြွယ်ချင်လာတယ်။ အဲ့ဒါနဲ့ Facebook တို့၊ Youtube တို့မှာ တင်ဖြစ်တယ်။ ဒါနဲ့တင် အားမရသေးဘူး။ ဘယ် Research Journal တွေကို ပို့ပြီး ဆရာကျကျ ကြွယ်လို့ရမလဲ ဆိုတာ ချောင်းနေတယ်။

ဆိုတော့ ဒီလိုနည်းနဲ့ Scientific Method ကိုသုံးပြီး ပြီးပြည့်စုံတဲ့ ကြက်ဥကြော်ရဲ့ အကြောင်းရင်း တစ်ခုကို (စိတ်ကူးနဲ့) သိလာကြောင်းပါ။

နောက် တစ်ပုဒ်မှာတော့ ဒီ Scientific Method ကို ခပ်တည်တည် Topic တစ်ခုနဲ့ တွဲပြီး ဆက်စဉ်းစားကြတာပေါ့။

သေချာလေး ဖတ်ပေးလို့ ကျေးဇူးပါ။

Htet Oo

------------------
( ဒီ Scientific Method နဲ့ Research Methodology အဆက်အစပ်တွေ၊ သုတေသနရဲ့ အဆင့်တွေ၊ Social Science Research နဲ့ Natural Science Research ကြားက ကွာခြားချက် စတဲ့ ခပ်တည်တည် အကြောင်းအရာတွေကိုတော့ တကယ် Research လုပ်ဖူးတဲ့ ဆရာတွေနဲ့ မေးဖို့ပြင်နေပါတယ်။ မေးဖြစ်ရင် ပြန် Share ပေးပါ့မယ်။)
------------------

Sport that need to be banned in a society for better intellectual growth: jumping to conclusions.Kunal Shah
29/07/2023

Sport that need to be banned in a society for better intellectual growth: jumping to conclusions.

Kunal Shah


ကျောင်းသား ၁၀ သန်းကို ဆရာ ၁ ယောက်က၁ နှစ်ထဲနဲ့ စာဘယ်လိုသင်ပေးမလဲဒီမေးခွန်းကို စဥ်းစားကြည့်ကြည့်ပါလား။ဖြစ်နိုင်တယ်ထင်လားလု...
27/07/2023

ကျောင်းသား ၁၀ သန်းကို ဆရာ ၁ ယောက်က
၁ နှစ်ထဲနဲ့ စာဘယ်လိုသင်ပေးမလဲ

ဒီမေးခွန်းကို စဥ်းစားကြည့်ကြည့်ပါလား။

ဖြစ်နိုင်တယ်ထင်လား


လုံးဝဖြစ်နိုင်ပါတယ်။

ကျောင်းသား ၁၀ သန်းကို တစ်နေရာမှာ စုပြီး စာသင်တာမျိုးလား။

မဟုတ်ပါဘူး။

Media နဲ့ Code ကို သုံးပြီး သင်တာမျိုးပါ။

> Media Leverage

ကိုယ်စာသင်ထားတဲ့ Lecture ကို Video လုပ်ထားမယ်။ ပြီးရင် အဲ့ Video တွေကို Facebook Group ထဲမှာတင်ထားပေးမယ်။ ဒါမှမဟုတ် Telegram မှာ တင်ထားမယ်။ ကျောင်းသား ၁၀ သန်းက ဒီ Group ကို Join မယ်။ အဲ့ Video တွေက နေလေ့လာမယ်။ ဒီလိုဆို ဆရာ ၁ ယောက်ထဲက ကျောင်းသား ၁၀ သန်းကို ပညာသင်ပေးတာပါပဲ။


> Code Leverage

နောက်တစ်နည်းကတော့ Code ကို သုံးတဲ့နည်းပါ။ ခုမြန်မာနိုင်ငံမှာဆို 360ed လို၊ Waso Learn လို Application တွေရှိပါတယ်။ အဲ့ဒီ့ App တွေကို ကျောင်းသား ၁၀ သန်းက သုံးတယ်။ အဲ့လို App မှာ သင်ပေးတဲ့ဆရာဟာ တစ်နှစ်ထဲနဲ့ ကျောင်းသား ၁၀ သန်းကို ပညာသင်ပေးတာပါပဲ။

ဆိုတော့ ဒါဟာ Media နဲ့ Code Leverage ရဲ့ စွမ်းအားပါပဲ။

( ဒီနေရာမှာ အဲ့လို App ထဲက ဆရာတွေက အပြင်က ဆရာတွေကို လုံးဝ အစားထိုးလားဆိုပြီး မေးစရာ ရှိပါတယ်။

တကယ်ကောင်းတဲ့ ဆရာတွေကိုတော့ အစားမထိုးပါဘူး။ ဘာလို့လဲဆိုတော့ တကယ်ကောင်းတဲ့ ဆရာတွေဆိုတာ ကိုယ့်ခေါင်းထဲက Information ကို ကျောင်းသားခေါင်းထဲကို Copy Paste လုပ်တာထက် အများကြီးပိုတာတွေကို လုပ်ပါတယ်။

ဒါပေမယ့် ကိုယ်ပေးချင်တဲ့ Information ကိုတောင် သေချာမပေးနိုင်တဲ့သူ ဆိုရင်ရော။ ဒီလိုဆိုရင်တော့ App ထဲက ဆရာက အပြင်က ဆရာကို အစားထိုးနိုင်ပါတယ်။ အစာထိုးတာမှ App ထဲက ဆရာ ၁ ယောက်က အပြင်က ဆရာ ၅၀ လောက်ကို သာသာလေး အစားထိုးလိုက်နိုင်ပါတယ်။ )

ဒီလောက်ဆို Media နဲ့ Code Leverage ကို သေချာလေး နားလည်သွားမယ်ထင်ပါတယ်။

ကျွန်တော် Leverage ဆိုတာကို Naval Ravikant စီကနေ ပထမဆုံးကြားဖူးတာပါ။ စကြားထဲက မိုက်တယ်ဟ ဆိုတာမျိုးဖြစ်ပါတယ်။ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။

ကိုယ်လုပ်တဲ့ အလုပ်တွေမှာလည်း ဒီ Leverage တွေကို ဘယ်လို သုံးလို့ရမလဲဆိုတာ နည်းလမ်းရှာနေပါတယ်။ အဲ့လိုလုပ်ရင်းကနေ ပိုသိလာရင်လည်း ပြန်ပြောပြပါမယ်။

အောက်က Comment မှာ Naval ပြောတဲ့ Video ကို Link ပေးထားပါတယ်။ နောက်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံက English စာဆရာ တစ်ယောက်ဖြစ်တဲ့ Michael Lin Lin က Media Leverage ကို သုံးခဲ့တဲ့ ဥပမာကိုလည်း Comment မှာ ထားပေးထားပါတယ်။

သေချာလေးဖတ်ပေးလို့ ကျေးဇူးပါ။ 😉

Htet Oo

"Impatience with actions. Patience with results."Naval Ravikant
09/07/2023

"Impatience with actions. Patience with results."

Naval Ravikant

"Everybody who tries to hack reputation is penalized badly by society and gets corrected quickly."Kunal Shah
07/07/2023

"Everybody who tries to hack reputation is penalized badly by society and gets corrected quickly."

Kunal Shah

Insight နဲ့ ပတ်သတ်ပြီး Kunal က ဘာပြောလဲဆိုတော့…“Insight is the smallest unit of truth that is actionable” တဲ့။တကယ်တော့ က...
04/07/2023

Insight နဲ့ ပတ်သတ်ပြီး Kunal က ဘာပြောလဲဆိုတော့…

“Insight is the smallest unit of truth that is actionable” တဲ့။

တကယ်တော့ ကျွန်တော် ဒီ Quote ကို စစကြားကြားချင်း နားမလည်ဘူး။ Insight တွေရော။ Smallest Unit တွေရော။ Truth တွေရော ဆိုတော့လေ။ သူအောက်ကလို ဆက်ရှင်းမှပဲ ပိုသဘောပေါက်တော့တယ်။

သူ့မြင်တာ တစ်ခု/ သူ့ Assumption တစ်ခု က သူတို့ Indian Society က Western Society နဲ့ ယှဉ်ရင် Status ကို အများကြီး ပိုဂရုစိုက်တာပဲ။

သူက အဲ့ဒီ့အမြင် မှန် မမှန်သိချင်တယ်။

ဒါနဲ့ Retail Chain လုပ်နေတဲ့ မိတ်ဆွေတစ်ယောက် ကို သွားပြောတယ်။

ဧည့်ခန်းနဲ့ ပတ်သတ်တဲ့ ပစ္စည်းတွေရဲ့ အမြတ်က အိပ်ခန်းနဲ့ ပတ်သတ်တဲ့ ပစ္စည်းတွေရဲ့ အမြတ်ထက် အများကြီး ပိုများလိမ့်မယ်။

အဲ့ဒါ မှန်လားဆိုပြီး စစ်ကြည့်ခိုင်းလိုက်တယ်။

အဲ့တော့မှ သိရတာက ဘယ်သူကမှ ဒီလို Data မျိုးကို Analyzed မလုပ်ဖူးဘူးတဲ့။

အဲ့မှာ ဘာတွေ့လဲဆိုတော့ Living Room Product တွေရဲ့ အမြတ်က Bedroom Product တွေရဲ့ အမြတ်ထက် သုံးဆတောင် များနေတယ်တဲ့။

ဘာလို့လဲဆိုတော့ သူများဘယ်လိုထင်မလဲကို ပိုဂရုစိုက်တဲ့ Society မှာ ကိုယ့် Status မြင့်တယ်ဆိုတာကို ပြတဲ့ ပစ္စည်းတွေကို ဧည့်ခန်းထဲမှာပဲ ထားကြတယ်တဲ့။

ဒါပေမယ့် India မှာ အိပ်ခန်းတွေ ကတော့ သိပ်ကောင်းမနေဘူးတဲ့။ ဘာလို့ဆို အိပ်ခန်းကို ဘယ်ဧည့်သည်မှ မလာလို့တဲ့။

ဒါ Insight ပေါ့။ ဒီ Insight ကို သုံးခဲ့တာက ပိုတောင် မိုက်သေးတယ်။

ဘယ်လိုလဲဆိုတော့ Kunal က ဒီ Insight တွေကို Home Renovation Company တစ်ခု ကို ပြန်ပြောပြတယ်။

“Home Renovation …Home Renovation ပဲ ပြောရောင်းမနေနဲ့…Living Room Renovation ဆိုတဲ့ Product Line တစ်ခု လုပ်လိုက်”

အဲ့လိုအကြံပေးလိုက်တယ်။

ခု အဲ့အကြံ က ဘယ်လောက် အလုပ်ဖြစ်သွားလည်းဆို အဲ့ဒီ Home Renovation Company ရဲ့ ဝင်ငွေ 70 - 80 ရာခိုင်နှုန်း လောက်က Living Room Renovation ကနေ ရတာ ဖြစ်နေပြီ။

ဒါ Insight ကြောင့်ပဲ။ ဒါကြောင့် Insight ဆိုတာ Smallest unit of truth that is actionable လို့ ပြောတာ။ သုံးလို့ရတဲ့ အမှန်တရားကို Insight လို့ခေါ်တယ်လို့ ကျွန်တော်တော့ နားလည်ပါတယ်။

(ဒီနေရာမှာ Kunal မှာ ချစ်ဖို့ကောင်းတာ တစ်ခုက သူ့ရဲ့ အမြင်တွေကို စစ်ဆေးချင်တဲ့ စိတ်ရှိတာ။ ဒါ ချစ်ဖို့ကောင်းပါတယ်။ အမှန်ကို သိချင်တဲ့စိတ်လို့ နားလည်ပါတယ်။ ကျွန်တော်တို့မှာ အသက်ကြီးလာလေ အထင်တွေ၊ အမြင်တွေ၊ အကြံတွေ များများလာတတ်ပါတယ်။ ဒါပေမယ့် ဒီအထင်တွေ ကို မှန်၊ မမှန်စစ်စစ်နေတတ်တဲ့ အလေ့အထ များများလာရဲ့လားဆိုတာတော့ မေးခွန်းထုတ်ဖို့ ကောင်းပါတယ်။ ဒီနေရာမှာ “စစ်စစ် နေတတ်တဲ့” ဆိုတဲ့ စကားလုံးကို သတိထားစေချင်ပါတယ်။ ကိုယ့်အထင် တွေကို စစ်တဲ့ ကိစ္စက အမြဲလုပ်နေရတဲ့ Process ဖြစ်လို့ပါ။)

သေချာလေး ဖတ်ပေးလို့ တကယ် ကျေးဇူးပါ။

Htet Oo

03/07/2023

"ပညာရေးက အချိန်ယူပြီး စောင့်ကြည့်ရတဲ့ ဟာ တစ်ခုပေါ့နော်။ ခေါက်ဆွဲပြုတ်တာ မဟုတ်ဘူး။ "

Ma Hla Hla Win
Founder and CEO (360ed)

What do people pay for?(လူတွေ ဘယ်လိုဆို ပိုက်ဆံသုံးလဲ) Kunal ပြောတာက လူတွေက တဲ့ သူတို့ရဲ့ Core Motivation တွေကို ရမယ်ဆို...
11/06/2023

What do people pay for?

(လူတွေ ဘယ်လိုဆို ပိုက်ဆံသုံးလဲ)

Kunal ပြောတာက လူတွေက တဲ့ သူတို့ရဲ့ Core Motivation တွေကို ရမယ်ဆိုရင်၊ ရနိုင်ခြေရှိတယ်ဆိုရင် ပိုက်ဆံသုံးတယ်တဲ့။

သူက ဘယ်လို ဥပမာ ပေးလဲ ဆိုတော့ လူတွေမှာ Social Status Level အမျိုးမျိုး ရှိမယ်လို့ မှန်းကြည့်။( Just imagine…Just the thought experiment )

တစ်ယောက်က Level 60 ဖြစ်မယ်၊ နောက်တစ်ယောက်က Level 90 ဖြစ်မယ်။ စသဖြင့်ပေါ့။

Product တွေ Service တွေလည်း အဲ့လို Level တွေရှိမယ်ပေါ့။ Luis Vuitton ဆိုရင် Level 150 ဖြစ်ရင် ဖြစ်မယ်။ Harvard Business School ဆိုရင် Level 300 ဖြစ်ရင် ဖြစ်မယ်။ ဓာတ်ဆီဆိုင်မှာဆီဖြည့်တာ က Level 30 ဖြစ်ရင် ဖြစ်မယ်။ စသဖြင့်ပေါ့။

အဲ့မှာ ဘယ်လိုလုပ်ငန်းတွေက အမြတ်များလဲဆိုတော့ လူတွေရဲ့ Social Status ကို ခုန်တက်သွားစေနိုင်ရင် အမြတ်များတယ်တဲ့။ ဆန့်ကျင်ဘက် အနေနဲ့ လူတွေရဲ့ Social Status ကို မြှင့်မပေးနိုင်ရင် အမြတ်က ပါးပါးလာတယ်တဲ့။

အဲ့ဒါကို သူက Wi-Fi Service တွေလို Utility Service Provider တွေနဲ့ ဥပမာပေးတယ်။

Quality တူပြီး အချိန်နဲ့ Effort စိုက်ထုတ်ရတာ တူတူပဲဆို Wi-Fi ကို ဈေးအသက်သာဆုံး ဖြစ်တဲ့ဟာ တပ်မှာပဲ။ ဟုတ်တယ်မလား။

ဘာလို့လဲဆိုတော့ အဲ့လိုအရာတွေနဲ့ Deal လုပ်တဲ့ Brain ရဲ့ Department က Chief Financial Officer (CFO) လိုပဲ။ အမြဲ တွက်ချက်နေတတ်တဲ့ သဘော ရှိတယ်။ ဈေးသက်သာလေ၊ ကောင်းလေ ဆိုတဲ့ကောင်။

ဒါပေမယ့် Chief Marketing Officer (CMO) နဲ့တူတဲ့ Brain ရဲ့ အပိုင်းက ကျတော့ “ငါ Harvard Business School ကို သာဝင်ခွင့် ရလို့ကတော့ Social Status မှာ အများကြီး ခုန်တက်သွားမယ်။ ဝင်‌ငွေလည်း အဆပေါင်းများစွာ တက်သွားမယ်။ အဲ့လိုတွေရမှာ ဖြစ်လို့ ငါ့အချိန်တွေ၊ ပိုက်ဆံတွေကို ဒီအတွက် သုံးဖို့တန်တယ်။”
ဒီလိုတွေးတယ်တဲ့။ ဒီ့အတွက်ကြောင့် Ivy League တွေက Gross Margin ကို (အမြတ်ကို) ကြိုက်သလောက် မြှင့်နေလို့ရတယ်လို့ Kunal က ပြောတယ်။ ဘာလို့လဲဆိုတော့ သူတို့က လူတွေကို Level 30 ကနေ Level 200 ကို ခုန်တက်သွားမယ် ဆိုတဲ့ ကတိမျိုး (ဒါမှမဟုတ်) မျှော်လင့်ချက်မျိုး ပေးနိုင်လို့ပဲ။

ပြီးတော့ Kunal ဆက်ပြောတာက လူတွေကို Social Status မမြှင့်ပေးနိုင်တဲ့ Utility Providing လုပ်ငန်းတွေက အမြတ်တွေပါးပါးလာတယ်တဲ့။ ဘာလို့လဲဆိုတော့ Social Status တွေကို မြှင့်ပေးနိုင်တဲ့ လုပ်ငန်းတွေက ခုနလို Basic Product တွေကို Free ပေးတယ်။ ပြီးတော့ Value Added Service ကနေ Profit ပြန်ရလို့ပဲတဲ့။

ဥပမာ- CIY Club လို ကလေးတွေကို Computer Science သင်ပေးတဲ့ ကျောင်းဆိုပါတော့။ CIY အနေနဲ့ မိဘတွေကို အဓိကရောင်းတာက ကလေးတွေရဲ့ အနာဂါတ် လုံခြုံသွားမယ်၊ ဒစ်ဂျစ်တယ်ခေတ်မှာ ကလေးတွေ နောက်ကျ မကျန်ခဲ့တော့ဘူး၊ Consumer ကနေ Creator ဖြစ်သွားမယ် စတာတွေ ရောင်းတယ်။ Fees ကလည်း သေချာလေးယူတယ်။

ဒီလိုမျိုး Product တွေကို ရောင်းတဲ့အတွက် တော်ရုံတန်ရုံ ရက်တိုသင်တန်းတွေကို သူတို့အနေနဲ့ Free ပေးလိုက်လို့ရတယ်။ အဲ့ Free အတန်းလာတက်တဲ့ ကလေးတွေအနေနဲ့ Computer Science တို့ Coding တို့ကို ပိုပြီးလေ့လာချင်တယ် ဆိုရင်တော့ Value Added Service တွေကို ဝယ်ပေါ့။

အဲ့နေရာမှာ သာမန် ဘာ Promise မှာ သေချာမပေးနိုင်တဲ့ Computer သင်တန်းတွေကတော့ Cost လျှော့ရင်းနဲ့ လုံးပါးပါးတာပဲ။ (ကျွန်တော်ကတော့ ဒီလို နားလည်ပါတယ်။)

ဒီနေ့ ကျွန်တော် ပြန်ပြောပြချင်တာကတော့ ဒီလောက်ပါပဲ။ Kunal ပြောတာ က စိတ်ဝင်စားဖို့ ကောင်းလို့ ကျွန်တော်တော့ သူပြောတာ ဟုတ်၊ မဟုတ် လိုက်ကြည့်ဖြစ်နေပါတယ်။ ခု ဒီစာဖတ်နေတဲ့သူလည်း တန်းလက်ခံတာ မဟုတ်ပဲ Falsify လုပ်စေချင်ပါတယ်။ ‌ထပ်ဖြည့်ချင်တာရှိလည်း Comment မှာ ပြောခဲ့လို့ ရပါတယ်။

သေချာလေး ဖတ်ပေးလို့ တကယ် ကျေးဇူးပါ။

Htet Oo

ပြီးခဲ့တဲ့ တစ်လခွဲလောက်က The Knowledge Project ဆိုတဲ့ Podcast မှာ India က Unicorn တစ်ခုဖြစ်တဲ့ Cred ရဲ့ Founder & CEO ဖြ...
07/06/2023

ပြီးခဲ့တဲ့ တစ်လခွဲလောက်က The Knowledge Project ဆိုတဲ့ Podcast မှာ India က Unicorn တစ်ခုဖြစ်တဲ့ Cred ရဲ့ Founder & CEO ဖြစ်တဲ့ Kunal Shah နဲ့ Interview ကြည့်လိုက်ရတယ်။ အဲ့မှာ သူပြောသွားတဲ့ အကြောင်းအရာတွေ၊ သူ့အမြင်တွေက တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်။

- Value of time
- Standardization and Scalability
- What people pay for?
- What predicts startup success?
- On Insight
- Information Asymmetry
- Decision Making

စတဲ့ အကြောင်းတွေကို ပြောသွာတာတော်တော်လေးမိုက်တယ်။ အထူးသဖြင့် Doer တစ်ယောက်ရဲ့ အမြင်တွေ ဖြစ်လို့ လတ်ဆတ်တဲ့၊ သစ်တဲ့ Insight တွေ လို့ခံစားရတယ်။ ဒါနဲ့ အဲ့ဒါတွေထဲက ကျွန်တော် သဘောအကျဆုံး အကြောင်းအရာတွေကို Content ပြန်လုပ်ဖြစ်ပါတယ်။

Value of time

Kunal က အချိန်နဲ့ ပတ်သတ်ပြီး ဘာပြောလဲဆိုတော့...

• US မှာ လူတိုင်းရဲ့ က သူတို့ ပထမဆုံး အလုပ် မှာထဲက Hourly Salary နဲ့ သွားတာ၊ ပြောရရင် ကိုယ်တစ်နာရီမှာ ငွေဘယ်လောက် ဝင်တယ်ဆိုတာမျိုး ရှင်းရှင်း လင်းလင်း သိတယ်။

• India မှာ ဘယ်သူမှ Hourly Rate မရဖူးကြဘူး။ တစ်သက်လုံးမှာနော်။ (မြန်မာနိုင်ငံမှာလည်း Monthly နဲ့ ပဲ သွားကြတာ)

• အကျိုးဆက် အနေနဲ့ ဘယ်သူကမှ ကိုယ့်တစ်နာရီက (ငွေကြေးအရ) ဘယ်လောက် တန်လဲဆိုတာ မသိတော့ဘူး။

• အဲ့ဒါရဲ့ အန္တရာယ်ရှိတဲ့ အကျိုးဆက်အနေနဲ့ အချိန်နဲ့ ပတ်သတ်ပြီး ဆုံးဖြတ်ချက် အမှားတွေ ချမိတယ်။ အချိန်ရဲ့ တန်ဖိုးကို နားမလည် ကြဘူး။

• အနောက်တိုင်းက နေ India ကို လာတဲ့ Business တွေ အဲ့မှာ တိုင်ပတ်ကြတယ်တဲ့။

• Convenience နဲ့ Speed ကို ရောင်းတဲ့ လုပ်ငန်းတွေ၊ အချိန်ခြွေတာ တယ်ဆိုတဲ့ Value ကို ရောင်းတဲ့ လုပ်ငန်းတွေက ဝင်ငွေသိပ်မရဘူး။ အနောက်တိုင်းမှာတော့ ရှယ်ရောင်းရတယ်။ ဘာလို့ဆိုတော့ West မှာက ပထမဆုံး အလုပ်မှာထဲက တစ်နာရီကို ဘယ်လောက် ဆိုတဲ့ Rate နဲ့ရတယ်။

အဲ့တော့ သူတို့ Career မှာ တိုးတက်လာပြီး ဝင်ငွေ ကောင်းလာတယ်ဆိုရင်တောင် သူတို့အနေနဲ့ တစ်နာရီကို (ငွေအရ) ဘယ်လောက်ရနိုင်တယ်ဆိုတာ မျိုးရှိနေတယ်။ “ခု ငါ့ဝင်ငွေ က တစ်နာရီကို $ 500 တန်တယ်” ဆိုတာမျိုး သိတယ်။ ဒီလို သိတဲ့အတွက် $ 50 လောက် သက်သာမယ့် Discount အတွက် နာရီဝက် အချိန်ကုန်ခံမနေတော့ဘူး။ အချိန်ကို တန်ဖိုးထားကြတယ်။

• Indian တွေကတော့ “ငါ့အချိန်ကုန်ခံရကျိုး မနပ်ဘူး” ဆိုတာမျိုး ဘယ်တော့မှ ပြောမှာ မဟုတ်ဘူးတဲ့။ Asian Society တော်တော် များများက အဲ့လိုပဲလို့ Kunal Shah က ဆိုတယ်။ ဘာလို့လဲဆိုတော့ အချိန်ရဲ့ တန်ဖိုးအကြောင်းကို သေချာသင်ကြားမခံရလို့တဲ့။ (အချိန်နဲ့ပတ်သတ်တဲ့ Quote တွေ ပေါပေမယ့်ပေါ့)

• ဒီလို တစ်နာရီ တန်ဖိုးကို မသိတာကို သူ့ဘေးနားက လူတွေမှာအမြဲတွေ့ ရတယ်တဲ့။ အဲ့လူတွေထဲမှာ ဘယ်သူတွေတောင်ပါလဲဆို India က Multi-Millionaire တွေမှာပါ ရှိတယ်တဲ့။ $ 50 လောက်သက်သာဖို့ကို အဲ့လို Multi-Millionaire တွေက အရမ်းတွေ အချိန်ကုန်၊ အားကုန်ခံပြီး လုပ်နေတာမျိုး တကယ် ရှိတယ်တဲ့။

(ဒါမျိုးကျွန်တော်တို့ မြန်မာတွေမှာလည်း ရှိပါတယ်။ ချမ်းသာတဲ့သူတစ်ယောက်ယောက်က တံမြက်စီးလှည်းနေတာ၊ Basic Task လေးလုပ်နေတာတွေရင် ထောင့်စေ့တယ်၊ အောက်သက်ကြေတယ် စသဖြင့် ပြောလေ့ရှိပါတယ်။ အနောက်တိုင်းမှာကတော့ ကိုယ့်တစ်နာရီက ဘယ်လောက် တန်တယ်ဆိုတဲ့ Sense မျိုးရှိတဲ့အတွက် ကိုယ့် တစ်နာရီက ၅၀၀ တန်နေချိန်မှာ ၅ ကျပ်တန် အလုပ်မျိုးကို သူများပေးလုပ်လိုက်တာပါ။ သေချာလေး စဉ်းစားဖို့ ကောင်းပါတယ်။)

ဒီနေ့ပြန်ပြောပြချင်တာကတော့ ဒီလောက်ပါပဲ။ နောက် အပိုင်းမှာတော့ တကယ်မိုက်တဲ့ “What people pay for?” ဆိုတဲ့ အကြောင်းဆက်ပြောချင်ပါတယ်။

သေချာလေး ဖတ်ပေးလို့ ကျေးဇူးပါ။

Htet Oo

25/05/2023


နောက်ဆုံးတော့ "So Good They Can’t Ignore You" ပြီးသွားခဲ့ပါပြီ။ ဒီစာအုပ်ရဲ့ အဓိက Idea ကို တိုတိုပြောရရင်...- Passion နော...
22/05/2023

နောက်ဆုံးတော့ "So Good They Can’t Ignore You" ပြီးသွားခဲ့ပါပြီ။

ဒီစာအုပ်ရဲ့ အဓိက Idea ကို တိုတိုပြောရရင်...

- Passion နောက်လိုက်ဆိုတဲ့ အယူအဆက အလုပ်မဖြစ်တာများတယ် (အလုပ်ဖြစ်တာ မရှိဘူး မဟုတ်။ ရှိတယ်။ နဲတယ်)

- ဒီတော့ ရှားပါးပြီး တန်ဖိုးရှိတဲ့ Skill တွေဖြည့်။ အဲ့ဒီ့ ရှားပါးပြီး တန်ဖိုးရှိတာတွေ ကိုယ်က အလုပ်ကို/ကမ္ဘာကို ပေးနိုင်ရင် ကိုယ့်ကို အလုပ်မှာ ပျော်စေတဲ့ လွတ်လပ်မှုတို့၊ ဖန်တီးပိုင်ခွင့်တို့၊ အကျိုးပြုနိုင်ခွင့်တို့ ပြန်ရမယ်။

- ဒီလိုနဲ့ အလုပ်လုပ်ရ ပျော်လာမယ်ပေါ့။

ဒီလိုပြောတယ်။ အထူးသဖြင့် Passion ကို လုံးဝပယ်ပြီး Career Capital လို့ခေါ်တဲ့ ရှားပြီး အဖိုးတန်တဲ့ Skill ကို ဖြည့် ဆိုတဲ့ Idea ကို ပြောထားတယ်။

Passion နဲ့ Career Capital တွဲသုံးလို့ ရနိုင်/မရနိုင်

စာအုပ်က ဒီလိုပြောပေမယ့် ကျွန်တော် တစ်ယောက်ထဲရဲ့ အမြင်အရတော့ Passion နဲ့ Career Capital နှစ်ခုကို တွဲသုံးလို့ ရနိုင်တယ်လို့ မြင်တယ်။

Music ကို Passion ပါတဲ့ လူတစ်ယောက်က Music နဲ့ ပတ်သတ်တဲ့ Skill တွေကို ဖြည့်လို့ရတယ်။ အဲ့လို ဖြည့်ပြီး အဲ့ Skill နဲ့ ဝင်ငွေ Stable ဖြစ်တဲ့ အလုပ်တွေ လုပ်နေရင်းနဲ့ တစ်ဖက်မှာ သူဖန်တီးချင်တဲ့ Music ကို ဖန်တီးနေလို့ရတယ်။ ဒီလိုနည်းနဲ့ သူထုတ်လုပ်မယ့် Music ရဲ့ Quality လည်း ပိုေကာင်း လာနိုင်ပါတယ်။

ကိုယ့် Passion ဘာမှန်း အတိအကျ မသိသေးတဲ့ လူငယ်တစ်ယောက် ဆိုရင်လည်း "ငါ့ Passion ဘာလဲ?" ဆိုပြီး ဘာမှ မလုပ်ဘဲ လောင်နေတာထက် ကိုယ်စိတ်ဝင်စားတဲ့ Skill တွေဖြည့်ထား။ အဲ့ Skill နဲ့ဆိုင်တဲ့ အလုပ်တွေ ဝင်လုပ်ကြည့်။ အဲ့ကနေမှ ကိုယ့်စိတ် တိမ်းညွတ်မှုကို ပြန်ကြည့်ပြီး Skill ဖြည့်ထားတဲ့ နယ်ပယ်မှာ လုပ်လို့ရနိုင်/မရနိုင် ပြန်ကြည့်။ လုပ်လို့ရနိုင်ရင် ဆက်လုပ်။ လုပ်လို့မရနိုင်ရင် ဘယ်လို စနစ်တကျ ပြောင်းရမလဲ ပြန်ကြည့်။ ဒီလိုသွားလို့ရနိုင်တယ်လို့ မြင်တယ်။


ပြောင်းလဲ လာနိုင်တဲ့ အလုပ်အကိုင်တွေ

နောက်ပြီး နည်းပညာပြောင်လဲမှုက မြန်နေတဲ့အခါမှာ ခုအလုပ်ဖြစ်နေတာ နောက်အလုပ်ဖြစ်ရင်မှ ဖြစ်မယ်။ Chat GPT3 တို့ GPT4 တို့ ထုတ်တဲ့ OpenAi ရဲ့ CEO ဖြစ်တဲ့ Sam Altman ပြောတာရှိတယ်။ သူတို့ရဲ့ Chat GPT က ဘယ်လိုအလုပ်အကိုင်တွေကို ခြိမ်းခြောက်လာနိုင်လဲဆိုတာ သူတို့ကိုယ်တိုင် ပြန် Research လုပ်နေတယ်။ Customer Service လို အလုပ်မျိုးကိုတော့ သက်ရောက်မှု အများဆုံး ရှိနိုင်တယ်လို့ ပြောထားတာ ရှိတယ်။

ဒါပေမယ့် နည်းပညာ Revolution တွေ အားလုံးလိုပဲ တချို့အလုပ်တွေ ပျောက်သွားပြီး အလုပ်သစ်တွေပေါ်လာမယ်၊ ပိုပြီး Meaningful ဖြစ်တဲ့အလုပ် တွေပေါ် လာမယ် လို့ Sam Altman က ပြောတယ်။ ဒီလိုအလုပ်သစ်တွေ ပေါ်ပေါ်နေတဲ့အတွက် …

တစ်ခုခုကို လေးနှစ်လေ့လာ > တစ်သက်လုံး အဲ့ပညာနဲ့ အသက်မွေး ဆိုတဲ့ Model က အလုပ်မဖြစ်တော့ တာ ပိုသေချာလာတယ်။

အဲ့နေရာမှာ အမြဲလေ့လာနေဖို့နဲ့ ကိုယ့်ကိုကိုယ် Continuous Reinvention လုပ်နိုင်ဖို့က ပိုပြီးများအရေးကြီးမလား?

အပြောင်းအလဲတွေမှာ စိတ်မပျက်သွားဖို့၊ တည်ငြိမ်ဖို့ ဘာ Skill တွေများလိုမလဲ?

အသုံးချလို့ရတဲ့ Skill တစ်ခုခုကို မြန်မြန်လေ့လာနိုင်ဖို့က ပိုအရေးကြီးလာမလား?

စသဖြင့် စဉ်းစားဖို့ ကောင်းပါတယ်။

ကျဉ်းမြောင်းတဲ့ Identity ရဲ့ အန္တရာယ်

ဒီလို ခေတ်အပြောင်းအလဲမှာ ကိုယ့်အလုပ်နဲ့ ပတ်သတ်ပြီး Identity ကျဉ်းမြောင်းတဲ့သူတွေ ကျန်ခဲ့နိုင်ပါတယ်။

ဥပမာပြောရရင်…

ကျွန်တော်နေတဲ့ နယ်မြို့မှာ ဆန်စပါးလုပ်ငန်း ထွန်းကားတော့ ဆန်စက်တွေရှိတယ်။ ၂၀၁၄ ခုနှစ်လောက်အထိ က ဆန်စက် အားလုံးနီးပါးက သစ်သားအဓိက ပါတဲ့ ဆန်စက်တွေ။ အဲ့ဆန်စက်တွေမှာ ဆန်ကို ဖြူအောင် ဖွတ်တဲ့ ကျောက်ရှိတယ်။ အဲ့ကျောက်ကို ထုံးတို့၊ ကျောက်တို့ရောပြီး လောင်းရတယ်။ ဒီလို ဆန်စက်တွေကို Specialize ပြင်တဲ့ စက်ဆရာတွေလည်း ရှိတယ်။ ဦးဇော်မြင့် က ဒီလို စက်ဆရာထဲက တစ်ယောက်။ သူက ဆယ်နှစ် နှစ်နှစ်ဆယ်လောက် ဒီအလုပ်နဲ့ အသက်မွေးလာတာ။ မြို့က ဆန်စက်များတော့ ဝင်ငွေလည်း ကောင်းတယ်။

ဒါပေမယ့် ၂၀၁၄ နောက်ပိုင်းလည်း ရောက်ရော တစ်မြို့လုံးက ဆန်စက်တွေ တရုတ်စက်တွေ ပြောင်းကုန်တယ်။ ခုန ဦးဇော်မြင့် အဓိကလုပ်တဲ့ သစ်သားဆန်စက်တွေ ပြင်တာနဲ့ ကျောက်လောင်းတာက ဒီ တရုတ်စက်တွေမှာ မလိုတော့ဘူး။ ဒီတရုတ်စက်တွေမှာ ဝရိန်တတ်ဖို့ ပိုလိုတယ်။ ဒီတော့ ရင်းနှီးတဲ့ သူတချို့က သူ့ကိုပြောတယ်။ “ ကိုဇော်မြင့် တရုတ်စက်တွေ မှာ လိုတဲ့ ဝရိန်ဘက်ပြောင်းတော့နော်…မဟုတ်ရင် ခင်ဗျား အဆင်မပြေဘူး” ဒီလိုပြောကြတယ်။ ဦးဇော်မြင့်ကတော့ ကျောက်လောင်းတာ၊ သစ်သားစက်တွေကို ပြင်တာ၊ ဆင်တာ ငါ့အဓိက အလုပ်ပဲ။ ဒီလို တရုတ်စက် တစ်ရက်စုတ်တွေစီ မပြောင်းနိုင်ပါဘူး။ ဒီတရုတ်စက်ပြောင်းလုပ်တဲ့ သူတွေ ဒုက္ခရောက်မှာ။ ငါကတော့ ငါ့ကျွမ်းကျင်ရာမှာပဲနေမယ်။ ဒီလိုတွေးတယ်။ ဒီလိုပြောတယ်။

အဲ့နောက်ပိုင်းကတော့ သူ့ Career ရဲ့ အကျပိုင်း ကာလတွေလို့ ပြောနိုင်တယ်။ မြို့ပေါ်က စက်တွေမှာ သူ့အတွက် အလုပ်မရှိတော့ဘူး။ ရွာဘက်က စက်ကလေးတွေမှာ အလုပ်လိုက်လုပ်ရတယ်။ ဝင်ငွေ တဖြည်းဖြည်း နဲနဲလာတယ်။

ဒီလိုမျိုး အသေးစား ခောတ်ပြောင်းတဲ့ အခြေအနေ မျိုးမှာတောင် ကိုယ့်ဘာကိုယ်
“ငါကတော့ ဒီလိုစက်မှာပဲ ပြင်တဲ့ စက်ဆရာ” ဆိုပြီး ထားတဲ့ ကျဉ်းမြောင်းတဲ့ Identity ကြောင့်၊ လက်ရှိ ပကတိကို မကြည့်ရဲတာကြောင့် အဆင်မပြေ ဖြစ်ရတာမျိုးရှိပါတယ်။ ခုလို AI Revolution မှာဆိုရင်တော့ ပိုပြီး Impact ကြီးနိုင်လို့ ကျွန်တော်တို့ မျက်စိတွေကို ကျယ်ကျယ်လေးဖွင့်ထားနိုင်မှပဲ အဆင်ပြေမယ်နဲ့တူပါတယ်။

နောက် Idea တစ်ခုကို ဆက်သွားရအောင်ပါ။ အဲ့ဒါကတော့…

စေတနာကို အခြေခံပြီး အလုပ် ရွေးတာပါ။

စေတနာကို အခြေခံတယ် ဘာညာဆိုတော့ ဘာပျင်းစရာတွေ ပြောဦးမလဲ တွေးမိနိုင်ပါတယ်။ တကယ်က တချို့လူတွေမှာ Specific ဖြစ်တဲ့ စေတနာတွေ ရှိတတ်ပါတယ်။ (လူတိုင်းမှာ ရှိလားဆိုတာကတော့ ကျွန်တော် မသိပါဘူး။ သတိထားပြီး ကြည့်နေတုန်းပါ။ ကျွန်တော့်မှာတော့ ရှိပါတယ်)

ဥပမာ ပြောရရင်…

- တချို့သူတွေ သူများကို ကိုယ်စားကောင်းတာလေးတွေတွေ သိပ်ကျွေးချင်တာပဲ။ ဘာကျွေးရမလဲ အမြဲ ချောင်းနေတဲ့ သူတွေ ရှိပါတယ်။

- တချို့တွေကျတော့ သူများကို သိပ်ပျော်စေ၊ ရယ်စေချင်တာပဲ။

- တချို့တွေကျတော့ သူငယ်ချင်း တစ်ယောက်ယောက် Digital Device ဝယ်တော့ မယ်ဆို သိပ်ပြောပြချင်၊ ကူပြီးရှာပေးချင်၊ အမှားရှောင်စေချင်တာပဲ။

- နောက်ပြီး တွေ့ဖူးလားတော့ မသိဘူး။ တပည့်တစ်ယောက် သိချင် တတ်ချင်တယ်ဆို ထမင်းကျွေးပြီးပါ စာသင်ပေးချင်တဲ့ ဆရာတွေ တကယ် ရှိပါတယ်။

ဒီလို မျိုး စေတနာတွေကို တည်ပြီးတော့လည်း အသက်မွေးဝမ်းကျောင်းလုပ်လို့ ရနိုင်ပါတယ်။ ဒီ Approach ကတော့ ပိုပြီး ကျယ်ပြန့်တဲ့ သဘောရှိလို့ Job Title တစ်ခုအနေနဲ့တော့ Specific ဖြစ်ဖို့ ခက်ပါလိမ့်မယ်။ ဒါပေမယ့် စေတနာဆိုတာ “ကိုယ်က သူများကို ပေးချင်တဲ့ သဘော” ပါ။ ဒီတော့ ကိုယ့်မှာ အလိုအလျှောက်ဖြစ်တဲ့၊ မွေးရာပါသဘောဆန်တဲ့ စေတနာမျိုးရှိတယ်ဆိုရင် အဲ့ကောင်က ခမ်းသွားတဲ့သဘော မရှိပါဘူး။ အဲ့ မခမ်းတတ်တဲ့ စေတနာမျိုးကိုမှ Skill လေး မပြတ်ဖြည့်၊ စေတနာ Consistent ဖြစ်အောင် သတိလေးနဲ့ ထိန်းလိုက်မယ်ဆိုရင် တကယ် Quality ကောင်းတဲ့ အလုပ်တွေထွက်လာနိုင်ပါတယ်။

ကဲ Career နဲ့ ပတ်သတ်ပြီး ကျွန်တော် သိသလောက်၊ ကိုယ့်ဘာကိုယ် သတိပေးမိသလောက် ကတော့ဒါပါပဲ။ ဒီမှာပြောသွာတဲ့ Idea တွေက “သူများတွေကို ဘာတွေ ပြောပြရင် ကောင်းမလဲ” ဆိုပြီး စဉ်းစားတာ မဟုတ်ဘဲ ကျွန်တော်သုံးဖို့ ဖတ်ဖြစ်တာတွေပါ။ အဲ့ဒါကိုမှ စဉ်းစားသင့်တာတွေ ပါမတယ်ထင်လို့ ပြန်ရေးဖြစ်တာပါ။ ထပ်ဖြည့်ချင်တာလေးတွေ ရှိရင်လည်း Comment မှာ ဖြည့်ခဲ့ပေးလို့ ရပါတယ်။

သေချာလေး ဖတ်ပေးလို့ တကယ်ကို ကျေးဇူးပါ။ 😉

Htet Oo
Nyan Lab

20/05/2023

Mission တွေ အောင်မြင်ဖို့ Marketing ကို ဘယ်လိုသုံးမလဲ

17/05/2023

Mission ရဖို့ လိုအပ်တဲ့ စမ်းသပ်မှုတွေ

13/05/2023

ဒီအပိုင်းမှာတော့ Mission ကျရှုံးခန်းတွေအကြောင်းနဲ့ Mission တွေ အောင်မြင်ဖို့ ဘာလိုလဲ ဆိုတာ နားထောင်ရမှာပါ။

10/05/2023

ဒီအပိုင်းမှာတော့ Mission ရဲ့ အရေးကြီးပုံကို နားထောင်ရမှာပါ

06/05/2023

ဒီ Rule 3 နောက်ဆုံးအပိုင်းမှာတော့ ကိုယ့် Career Decision တွေချတာမှာ Law of Financial Viability ဆိုတဲ့ ပိုက်ဆံရနိုင်မှု၊ မရနိုင်မှုဆိုတဲ့ စံနဲ့တိုင်းလို့ရကြောင်း ပြောထားတာဖြစ်ပါတယ်။

“Desire is a contract that you make with yourself to be unhappy until you get what you want.”Naval Ravikant
04/05/2023

“Desire is a contract that you make with yourself to be unhappy until you get what you want.”

Naval Ravikant

03/05/2023

ဒီအပိုင်းမှာတော့ Career Capital တွေ၊ Career ဝမ်းစာ ပြည့်လာတော့လည်း Control ရဖို့မှာ ဘယ်လိုအခက်အခဲတွေရှိသေးလဲ ဆိုတာ ဆက်ပြောထားပါတယ်။

အတိုဆုံးပြောရရင်...

Career Capital ပြည့်လာပြီး လွတ်လပ်မှုရဖို့ လုပ်တော့လည်း ကိုယ်က လုပ်ငန်းအတွက် တန်ဖိုးရှိနေပြီ။ အဲ့အတွက် ကိုယ့်ကို ဆက်ထိန်းဖို့ ကြိုးစားကြတဲ့အကြောင်းရယ်၊ ဒါကို လွန်ဆန်နိုင်ဖို့ သတ္တိလိုကြောင်း ပြောထားတာ ဖြစ်ပါတယ်။

ဒါကိုပဲ Second Control Trap လို့ နာမည် တပ်တာဖြစ်ပါတယ်။

01/05/2023


29/04/2023

ဒီ Chapter မှာတော့ ပထမ Control Trap ဖြစ်တဲ့ Career Capital မပြည့်ဘဲနဲ့ Control ရဖို့လုပ်တာဟာ အန္တရာယ်များကြောင်း ပြောထားတာပါ။

ဒီအပိုင်းကိုအတိုဆုံး ပြောရမယ်ဆိုရင်…

ဘာ Skill မှမရှိသေးဘဲ၊ ဘာ Career ဝမ်းစာမှ မပြည့်သေးဘဲ ကိုယ့် Career မှာ လွတ်လပ်မှုရဖို့ Control ရဖို့ လုပ်လို့မရဘူး။ လုပ်ရင် ဒုက္ခရောက်မယ်။

ကိုယ်လိုချင်တဲ့ ဘဝကို ရဖို့ သတ္တိပဲ လိုတာပါဆိုတာ ဂျင်းအကြီးစား။

စိတ်အားထက်သန်မှုရှိရင် အကုန်ဖြစ်ပါတယ်ဆိုတာလည်း ဂျင်းအကြီးစား။

အဲ့လို ဂျင်းတွေက ပထမ Control Trap ပါ။
ကျွန်တော်တို့အနေနဲ့ ဒီလို ဂျင်းတွေ ဖယ်စားဖို့ပါပဲ။

26/04/2023

ဒီအပိုင်းမှာတော့ ကိုယ့်အလုပ်မှာ လုပ်ပိုင်ခွင့်၊ လွတ်လပ်ခွင့်နဲ့ Control တွေ ရတာက လုပ်ငန်းခွင်ပျော်ရွှင်မှုအတွက် အရေးကြီးတယ်ဆိုတာ နဲ့ အဲ့ Control ကိုရဖို့ Career Capital သုံးပြီး လုပ်နိုင်တယ်ဆိုတာကို ပြောပြထားတာပါ။

21/04/2023

ကိုငှက်ရဲ့ Career Capital

----------
----------

Credit to the original author

ကျွန်တော် ဒီ Content မှာ ပြောပြခဲ့တဲ့ ကိုငှက်နဲ့ ဆရာဦးအောင်စိုးတွေ့တာတွေ၊ ကိုငှက် Music လေ့လာတာတွေ စတဲ့ Story တွေကို ဆရာနိုင်ဇော်ရေးတဲ့ ထူးအိမ်သင် Biography ဖြစ်တဲ့ "အဆုံးအစမဲ့ မိုးသားထဲ သွားရဦးမယ်" ဆိုတဲ့ စာအုပ်ကနေယူပါတယ်။

15/04/2023

Career Capital ဖြည့်ဖို့ လိုအပ်တဲ့ Deliberate Practice

12/04/2023

ဒီအပိုင်းမှာတော့ Career Capital ကို စနစ်တကျ ဖြည့်ခဲ့တဲ့ Venture Capitalist တစ်ယောက်အကြောင်းကို နားထောင်ရမှာပါ

Assumption Testing (အထင်များကို စစ်ခြင်း)ကျွန်တော်တို့ နေ့စဉ်ဆုံးဖြတ်ချက်တွေထဲမှာ အထင်တွေနဲ့လုပ်နေတာတွေ အများကြီးရှိတယ်။...
10/04/2023

Assumption Testing
(အထင်များကို စစ်ခြင်း)

ကျွန်တော်တို့ နေ့စဉ်ဆုံးဖြတ်ချက်တွေထဲမှာ အထင်တွေနဲ့လုပ်နေတာတွေ အများကြီးရှိတယ်။

ကိုယ်နဲ့ ကိုက်မယ် ထင် ပြီး အလုပ်အကိုင် ရွေးတာ

ရှမ်းခေါက်ဆွဲ ကျန်မယ် ထင် ပြီး ထိုင်နေကျ ဆိုင်ကို နောက်ကျမှ သွားတာ

ဖတ်ရတာ ပျော်ဖို့ကောင်းမယ် ထင် ပြီး ဆရာမ နုနုရည်(အင်းဝ)ရဲ့ ဝတ္ထုတိုစာအုပ်ဝယ်တာ

ကိုယ် ဝါသနာပါမယ် ထင် တဲ့ ဘာသာရပ်ကို လေ့လာဖို့ သင်တန်းအပ်တာ

ကိုယ်နေပျော်မယ် ထင် တဲ့ တောင်ပေါ် မြို့လေးမှာ အခြေချဖို့လုပ်တာ

ကိုယ်နဲ့ အဆင်ပြေမယ် ထင် တဲ့ ဆက်ဆံရေးတွေထဲ တိုးဝင်တာ

အကျိုးအမြတ်ရမယ် ထင် တဲ့ လုပ်ငန်းစတာ

စတဲ့ အထင်တွေ အမျိုးမျိုးနဲ့ ကျွန်တော်တို့ လည်ပတ်ကြတယ်။

ကြိုမသိနိုင်တာတွေ၊ Unknown တွေ များတဲ့ ကမ္ဘာမှာ နေရတော့ ဒီလို အထင်နဲ့လည်ပတ်ရတာသဘာဝပဲ။ အရာရာသေချာမှ လုပ်မယ်ဆို တစ်သက်လုံးစောင့်ရုံပဲရှိတယ်။ အဲ့တော့ အထင်နဲ့လည်ပတ်တာ ကိစ္စမရှိဘူး။ ဘယ်မှာ ကိစ္စရှိလဲဆိုတော့ မသေချာမှုတွေနဲ့ ကခုန် တဲ့အခါ Risk တွေရှိလာတယ်။

ငွေကြေးဆုံးရှုံးနိုင်ခြေတွေပါလာတယ်။ အချိန် ကုန်နိုင်ခြေတွေပါလာတယ်။ စိတ်အား ကုန်နိုင်ခြေတွေပါလာတယ်။ Social Risk တွေလည်းရှိတယ်။ တိုတိုပြောရရင် ဆုံးရှုံးနိုင်ခြေတွေပေါ့။

ဒီလို ဆုံးရှုံးနိုင်ခြေတွေရှိတာချင်းတူပေမယ့် ဆုံရှုံးခံနိုင်ခြေ တွေက တူမနေဘူး။ ကိုယ့်အထွာနဲ့ ကိုယ်ရှိတယ်။

သိန်း ၁၀၀၀၀ ရှိတဲ့သူ အတွက် သိန်း ၁၀၀ ဆုံးရှုံးတာ ကိစ္စမရှိပေမယ့် သိန်း ၁၅၀ ပဲ ရှိတဲ့သူအတွက် သိန်း ၁၀၀ က အရမ်းများတယ်။

ဒီတော့ ပြောရရင် Risk ယူမယ့်သူ၊ Unknown ထဲတိုးဝင်မယ့် သူက ကိုယ့်ဆုံးရှုံးခံနိုင်ခြေကို တွက်ဖို့လိုလာတယ်။ မသေချာမှုကို လျှော့ချဖို့ လိုလာတယ်။

ဥပမာ- Strategy First က Diploma in Marketing and Branding ကို သူငယ်ချင်းနှစ်ယောက်က စိတ်ဝင်စားပြီးတတ်ချင်တယ်။

အဲ့မှာ ကုန်မယ့် သင်တန်းကြေး ၄, ၅ သိန်းလောက်က အိမ်က တတ်နိုင်တဲ့ လူငယ်တစ်ယောက်အတွက်တော့ ကိစ္စမရှိဘူး။ တက်လိုက်ရုံပဲ။ အဲ့ကနေမှ တတ်ရင်း စိတ်မဝင်စားလို့ ဆက်မတက်တော့လည်း သူ့အတွက် ကိစ္စမရှိဘူး။ ဒီလောက်ကတော့ အဆုံးရှုံးခံနိုင်တယ်။

ဒါပေမယ့် အိမ်ကို ပြန်ငဲ့ရတဲ့ သူတစ်ယောက်အတွက်ကျတော့ Different Story ဖြစ်သွားပြီ။ အိမ်ကတော့ ထားပေးနိုင်တယ်။ ဒါပေမယ့် အိမ်အတွက် ငွေနဲနဲ ကျပ်ရင် ကျပ်သွားမယ် ဆိုတာမျိုး။ ဒီလိုမှ မဟုတ်လည်း ကိုယ့်ပိုက်ဆံနဲ့ ကိုယ်တက်ရတာမျိုး။ ပြောရရင် သူ့အတွက်ကျ ဆုံးရှုံးခံနိုင်ခြေနဲတယ်။

ဒီတော့ ရှေ့က သူ့သူငယ်ချင်းလို ဝုန်းဒိုင်းဆိုပြီး သင်တန်းကောက်အပ်လိုက်လို့ မဖြစ်ဘူး။ သူ့အတွက် ဒီဘာသာရပ်ကို တကယ်စိတ်ဝင်စားလား ဆိုတာ၊ ဒီသင်တန်းကနေရတဲ့ Diploma နဲ့သူအလုပ်ဆက်လုပ်ဖြစ်လောက်လားဆိုတာတွေ ပိုသေချာဖို့လိုတယ်။

ဒီမှာ အထင်တွေကို စစ်ဖို့ အရေးပါလာတယ်။
Assumption Testing ပေါ့။

သူက Marketing ကို စိတ်ဝင်စားပြီး ဒီအတန်းတက်ချင်တာဖြစ်တော့ “ငါ Marketing အလုပ်အကိုင် လုပ်ချင်တယ်” ဆိုတဲ့ အထင် ကို စစ်ဖို့လိုမယ်။

အဲ့မှာ ဘာတွေ ကို စစ်မလဲ?

- သူ့ Personality နဲ့ Marketing အလုပ် ကိုက်မကိုက် စစ်လို့ရနိုင်တယ်

- သူ ဒီအလုပ်တကယ် လုပ်ချင်လားဆိုတာ သိရအောင် Marketing နယ်ပယ်မှာ လုပ်နေတဲ့ အစ်ကို၊

- အစ်မတွေကို လိုက် စကားပြောကြည့် လို့ရနိုင်တယ်

- Marketing နဲ့ Branding စာအုပ် တချို့လိုက်ဖတ်ကြည့်လို့ရနိုင်တယ်

- ပြီးတော့ Marketing ကို Free သင်ပေးတဲ့အတန်းတွေတတ်လို့ရနိုင်တယ်

- ဒါမှ မဟုတ် Marketing ကို Certificate အတန်းလောက်တက်ကြည့်လို့ရနိုင်တယ်

- ပြီးတော့ Marketing Intern ဝင်လုပ်လို့ရနိုင်တယ်

ဒီလိုနည်းတွေနဲ့ သူ့ရဲ့ “ငါ Marketing နဲ့ဆိုင်တဲ့အလုပ်လုပ်ချင်တယ်” ဆိုတဲ့ အထင်ကို အတိုင်းအတာတစ်ခုထိ စစ်လို့ရတယ်။ (လုံးဝကြီး တော့ မသိနိုင်ပါဘူး၊ ကျွန်တော်တို့ကိုယ်တိုင်ကိုက အမြဲ ပြောင်းနေတာကိုး)

စစ်တဲ့နေရာမှာလည်း ကိုယ်တတ်နိုင်တဲ့ Budget ပေါ်လိုက်ပြီး ‌စစ်လို့ရတယ်။ ဈေးကို အနဲကနေ အများစီချပြီးတော့ ဈေးအနဲဆုံး Test ကို စ Run ပေါ့။

ဒီလိုစစ်ရင်းကနေမှ သူ့ကိုယ်သူ ဒီဘာသာရပ်နဲ့ အလုပ်လုပ်ချင်လားဆိုတာ ပိုသိလာနိုင်တယ်။ ဒီလိုနည်းနဲ့ Uncertainty ကို လျှော့နိုင်ပါတယ်။

ဒါကတော့ Assumption Testing ကို သုံးတဲ့ ဥပမာ တစ်ခုပါ။

ဒီ Assumption Testing ကို Career Decision တွေမှာတင်မဟုတ်ပဲ တခြား မသေချာမှုတွေ၊ Risk တွေ များတဲ့ အရာတော်တော်များများ မှာသုံးနိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်းသုံးဖြစ်သလို ခုစာကိုဖတ်နေတဲ့သူကိုလည်း သုံးကြည့်စေချင်ပါတယ်။ ဒီလိုသုံးရင်း၊ အမှားသေးသေးလေးတွေ အကျိုးရှိရှိ မှားရင်းနဲ့ ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့ မျှော်လင့်ပါတယ်။

သေချာလေး ဖတ်ပေးလို့ ကျေးဇူးပါ။

Htet Oo
Nyan Lab

-----------------------
Reference

Hypothesis Testing from Value Proposition Design Book

04/04/2023

ကျွန်တော်တို့ရဲ့ Dream Job တွေလုပ်နိုင်ဖို့ ဒီ Career Capital Theory က ကူညီပေးနိုင်ပါတယ်

30/03/2023

ဒီ Video မှာတော့ Passion Mindset ဘယ်ကစခဲ့လဲဆိုတာနဲ့ Passion Mindset VS Craftsman Mindset ကွာခြားပုံ အကြောင်းပါ

26/03/2023

Science of Passion

ဒီအပိုင်းမှာတော့ လုပ်ငန်းခွင်ပျော်ရွှင်မှုကို လွှမ်းမိုးတဲ့အချက်တွေနဲ့ Passion အကြောင်းပါ

Address


Website

Alerts

Be the first to know and let us send you an email when Nyan Lab posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nyan Lab:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share