Pinlebu

Pinlebu အကျိုးရဲ့အ​ကြောင်းမှန်ကို နည်းစနစ်တကျ ​လေ့လာသိရှိခြင်းဖြင့် အမှားနှင့်အမှန်ကို ခွဲခြားနိုင်ပါ​စေ။

16/01/2023

သူတစ်လူ ငါတစ်မင်းနဲ့ စိတ်ပျက်ဖွယ် ပင်လည်ဘူး​ဒေသ

16/01/2023

ပင်လည်ဘူး​ဒေသတွင်း အ​ခြေအ​နေ ဆိုးသထက်ဆိုးလာ​နေ

16/11/2022

ပင်လည်ဘူး​ဒေသတွင်း ၂၆၄ ရွာလုံးရဲ့ အ​သေးစိတ် အချက်အလက်အားလုံးကို သက်ဆိုင်ရာ နစက အဖွဲ့အစည်း​တွေထံ တင်ပြခဲ့ပြီးဖြစ်လို့ ​ဒေသတွင်းသတင်း​တွေကို မတင်ဖြစ်​တော့တာပါ။

​တင်ပြပြီးအချက်အလက်​တွေက ​မြေပြင်အမှန်တရား​တွေပဲမို့ အ​ထွေအထူး ဘာမှ မ​ပြောလိုပါ။
နစက စစ်သည်​တော်​တွေ ဆက်လုပ်ပါလိမ့်မယ်။

ပင်လည်ဘူး​ဒေသ အမြန်ဆုံး ​အေးချမ်းသွားဖို့ပဲ​မျှော်လင့်ပါတယ်။

အငြိမ်းစားလစာစား ဝန်ထမ်းအားလုံးနှင့် Non CDM ဝန်ထမ်းအားလုံးရဲ့ လစာ​တွေ ရ​သွားပြီဖြစ်တဲ့အတွက် အရာအားလုံးအတွက် ​သက်ဆိုင်ရာလူကြီးမင်းများအားလုံးကို ဝန်ထမ်းများကိုယ်စား ကျေးဇူးတင်ပါတယ်လို့ပဲ ​ပြောပါရ​စေ။

အ​ခြေအ​နေအားလုံး​အောင်မြင်ခဲ့မှုအတွက် မဏ္ဍပ်တိုင်တက်ပြ​​နေမယ့်လူမဟုတ်တာမို့ ဒီမှာတင်ပဲ ရပ်ပါရ​စေ။

တစ်စုံတစ်ရာ အခက်အခဲရှိရင် Chat Box မှာ စာချန်ထားခဲ့​ပေးပါ။ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသမျှ အိတ်စိုက်ပြီး ကူညီပါမယ်ခင်ဗျာ။

​ဒေသတွင်း တိုက်ပွဲသတင်းပဲ ဖြစ်ဖြစ်/စစ်​ရေးတင်းမာမှု​တွေပဲဖြစ်ဖြစ် အ​​ခြေအ​​နေအားလုံးကို ​နေ့စဥ်နဲ့အမျှ သိ​နေရ​​သော်လည်းပဲ​ဒေသခံလူထု စိတ်ဝင်စားမှု​ပေါ် အ​ခြေခံပြီး ​​ဖော်ပြသင့်တာအားလုံး ​ဖော်ပြ​ပေးသွားပါမည့် အ​​ကြောင်း။......။

နစက ရဲ့ တန်ပြန်သတိ​ပေးမှုအဆင့်မှာပင် KIA ​တွေ မရှုမလှ ဖြစ်ကြရ***********************(၁) ဗိုလ်မှူးကြီး ရှရော်လဆိုင်း၊ တပ်...
26/10/2022

နစက ရဲ့ တန်ပြန်သတိ​ပေးမှုအဆင့်မှာပင် KIA ​တွေ မရှုမလှ ဖြစ်ကြရ
***********************
(၁) ဗိုလ်မှူးကြီး ရှရော်လဆိုင်း၊ တပ်မဟာ(၉)မှူး။
(၂) ဗိုလ်မှူးကြီး လဖိုင်လအောင်၊ သယံဇာတဌာနတာဝန်ခံ။
(၃) ဒုမှူးကြီး ပေါက်ဆားနော်လွန်၊ စီးပွားရေးတာဝန်ခံ၊ KIO ဥရုတိုင်းရုံး။
(၄) ဗိုလ်မှူး ဂရင်ဘရန်မိုင်၊ လဝကညွှန်မှူး၊ KIO ဥရုတိုင်းရုံး။
(၅) ဗိုလ်ကြီး လမုန်ခမ်းအောင်၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး(ဖားကန့်)။
(၆) အရာခံဗိုလ် ဂရင်ဘရန်လ၊ ဖားကန့်ခရိုင်ကော်မတီဥက္ကဌ။
(၇) အရာခံဗိုလ် ဖော်ယမ်လဆိုင်း၊ ခရိုင်အတွင်းရေးမှူး(ဖားကန့်)။
(၈) အရာခံဗိုလ် အင်ခုန်မုန့်ဝါ၊ တိုင်းရုံးစာရေးကြီး(ဥရုတိုင်း)။
(၉) တပ်ကြပ်ကြီး ဂလန်ဇော်နန်၊ သယံဇာတဌာန။
(၁၀) တပ်ကြပ်ကြီး ဇော်တောင်၊ ဒုစီးပွားရေးတာဝန်ခံ။
(၁၁) တပ်ကြပ်ကြီး နော်ကွမ်၊ KIO ဥရုတိုင်းရုံး။
(၁၂) တပ်ကြပ်ကြီး တိန်ဘောမ်လရော်၊ KIO ဥရုတိုင်းရုံး။
(၁၃) တပ်ကြပ် အန်လတ်ဘရန်မိုင်၊ KIO ဥရုတိုင်းရုံးစာရေး။
(၁၄) တပ်ကြပ် ဇော်မိုင်၊ KIO ဥရုတိုင်းရုံး။
(၁၅) တပ်ကြပ် မရန်နော်ထွဲ၊ ပညာရေးဌာန။
(၁၆) တပ်ကြပ် အင်ခုန်ခေါနန်၊ KIO ဥရုတိုင်းရုံး။
(၁၇) တပ်သား ယော်ဘောမ်၊ သယံဇာတဌာန။
(၁၈) တပ်သား ဒေါင်ခေါင်း၊ KIO ဥရုတိုင်းရုံး။
(၁၉) တပ်သား ခေါင်ဟောင်၊ KIO ဥရုတိုင်းရုံး။
(၂၀) တပ်သား နော်ဂျာ၊ ဖားကန့်ခရိုင်ရုံး။
(၂၁) တပ်သား ဒေါင်လွမ်း၊ ဖားကန့်ခရိုင်ရုံး။
(၂၂) တပ်သား ဒိုင်ဖားလန်း၊ ဖားကန့်ခရိုင်ရုံး။
(၂၃) တပ်သား လဖိုင်အော်၊ ဖားကန့်ခရိုင်ရုံး။
(၂၄) ဗိုလ် ရဲကျော်သက်၊ KPDF။
(၂၅) ဗိုလ် ကိုကင်း၊ KPDF။
(၂၆) ဂီဒူဇော်ခေါင်၊ PDF ထောက်ပံ့ရေးတာဝန်ခံ(ဖားကန့်)။
(၂၇) ဂျန်မာတူးဂျာ၊ PDF ထောက်ပံ့ရေးတာဝန်ခံ(လုံးခင်း)။
(၂၈) နူးအောင်၊ PDF ထောက်ပံ့ရေးတာဝန်ခံ(မြစ်ကြီးနား)။
(၂၉) NLD အလုပ်အမှုဆောင်အဖွဲ့၊ အမည်စိစစ်ဆဲ(၈)ဦး (ခိုလှုံ)။
ကျန်ရှိသေးသောကျဆုံးသူများအား စိစစ်၍ ထပ်မံတင်ပြပါမယ်။
(ဒဏ်ရာရစာရင်း)
(၁) ဒုမှူးကြီး ဇွမ်ဇန်ယော်ထုံ၊ ပြည်သူ့စစ်ညွှန်ကြားရေးမှူး။
(၂) ဒုမှူးကြီး မွန်ဆိုင်း၊ တပ်မဟာ(၉)ဌာနချုပ်။
(၃) ဗိုလ်မှူး လခမ်လခါ၊ ပြည်သူ့စစ်ဒုညွှန်မှူး။
(၄) ဗိုလ်မှူး အင်ဒေါင်လဆိုင်း၊ ဒုတိုင်းအုပ်ချုပ်ရေးမှူး။
(၅) ဗိုလ်မှူး လဒေါင်နော်ထွဲ၊ ဖားကန့်အုပ်ချုပ်ရေးမှူး။
(၆) ဗိုလ်မှူး ဇခုန်ထိန်နန်နော်၊ နောင်လွတ်အုပ်ချုပ်ရေးမှူး။
(၇) ဗိုလ်မှူး ချော်ကြည်ဘောက်လာ၊ စီးပွားရေးဌာနအတွင်းရေးမှူး။
(၈) ဗိုလ်မှူး ဘာလုဂမ်အောင်၊ ရင်း(၆)တပ်ရင်းမှူး။
(၉) ဗိုလ်မှူး ဝဒန်ဖယ်ရန်၊ သယံဇာတဌာန။
(၁၀) ဗိုလ်မှူး မရန်နော်မိုင်၊ သယံဇာတဌာန။
(၁၁) ဗိုလ်ကြီး အင်ခုန်တူးအောင်၊ အတွင်းရေးမှူး။
(၁၂) ဗိုလ်ကြီး ဂမ်ဆိုင်း၊ ဘဏ္ဍာရေးတာဝန်ခံ။
(၁၃) ဗိုလ်ကြီး နော်ခွန်း၊ ဥရုတိုင်းအုပ်ချုပ်ရေးရုံး။
(၁၄) ဗိုလ်ကြီး နောနော်၊ ဥရုတိုင်းတရားသူကြီး။
(၁၅) ဗိုလ်ကြီး ငါဘတ်၊ ဥရုတိုင်းအုပ်ချုပ်ရေးရုံး။
(၁၆) ဗိုလ် အင်ခုန်လနန်၊ ဖားကန့်အုပ်ချုပ်ရေးရုံး။
(၁၇) ဗိုလ် ဂရင်လဂျာ၊ လစာထိန်း။
(၁၈) ဗိုလ် အင်ခုန်ဇော်ရှောင်၊ ဘဏ္ဍာထိန်းသိမ်းရေးတာဝန်ခံ။
(၁၉) ဒုဗိုလ် အင်ခုန်မုန်ဝိုင်း၊ ရင်း(၂၆)စစ်သတင်းဌာန။
(၂၀) တပ်ကြပ် ဂိုင်ဆူဂျာနော်၊ ရင်း(၆)။
(၂၁) တပ်ကြပ် လဖိုင်ဇော်ဒွဲ၊ ရင်း(၆)။
(၂၂) တပ်သား ရော်လွင်၊ ရင်း(၆)။
(၂၃) တပ်သား နော်တူး၊ ရင်း(၆)။
(၂၄) တပ်သား စိုးနိုင်၊ KPDF။
(၂၅) တပ်သား အောင်မင်း၊ KPDF။
(၂၆) တပ်သား ကိုကိုစိုး၊ KPDF။
(၂၇) တပ်သား စစ်နိုင်၊ KPDF။
(၂၈) တပ်သား မျိုးမင်းကို၊ KPDF။
(၂၉) တပ်သား ခိုင်မိုးဝင်း၊ KPDF။
(၃၀) တပ်သား မျိုးဆွေဝင်း၊ KPDF။
(၃၁) တပ်သား ဆွေပိုင်ဦး၊ KPDF။
(၃၂) အောင်မင်းဦး၊ NLD တာဝန်ခံ(ခိုလှုံ)။

24/10/2022

Today collection
**************
KIO ဖွဲ့စည်းခြင်း ၆၂ ပြည့် အထိမ်းအမှတ် တေးဂီတပွဲ​အား ဖားကန့်​ဒေသ အနန်ပါ၌ပြုလုပ်နေစဉ် မ​နေ့ည ၀၈၃၀ ချိန်ခန့်တွင်တပ်မတော်(လေ) မှ MIG-29 တိုက်လေယာဉ် ၃ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး KIA တပ်ဖွဲ့ဝင် ၃၆ ဦးအပါအဝင် ပရိတ်သတ်ဂီတအဖွဲ့သား ၆၀ ကျော် သေဆုံး။

KIAတပ်မဟာ ၉ မှ အရာရှိကြီး ၆ ဦးအပါအဝင် ၅၀ ကျော် ဒဏ်ရာရ။

နောက်ဆက်တွဲ ဒဏ်ရာများဖြင့် သေဆုံးတိုးလာ၍ သေဆုံးသူ ၈၀ အထိ ရှိလာ။

ယနေ့မနက်သေဆုံး ၂၀ တွင် KIAလူကြီးပိုင်း ၃ ဦး ပါဝင်။

ဖြစ်စဥ်အတွင်း သေဆုံးဒဏ်ရာရရှိသူ စုစုပေါင်း ၁၅၀ ကျော်အထိရှိနေ။

တပ်မတော် လေ မှ MIG-29 တိုက်လေယာဉ် ၃ စီးဖြင့် Night Flight Misson ဖြင့် သွားရောက်ပစ်ခတ်ခဲ့​ကြောင်း။

ကချင်အနုပညာရှင်အသင်းမှ ကချင်တေးသံရှင်ကြီး အော်ရာလီ (Aurali) သီချင်းသီဆိုနေသည့်အချိန်တွင် ဗုံး ကျဲတိုက်ခိုက်ခံရသည့်အတွက် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကချင်အနုပညာရှင်အသင်းဥက္ကဋ္ဌ(ဟောင်း) ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ဇော်ဒိန် (Lahtaw Zau Ding)လည်း ထိခိုက်ဒဏ်ရာရရှိထားကြောင်း။

ပွဲပြုလုပ်ခဲ့သောနေရာမှာ ဖားကန့် ကံဆီး (Ginsi) ကျေးရွာနှင့် ၂ မိုင်ခန့်အကွာတွင် တည်ရှိသည်ဟု သိရပြီး ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ လက်ရှိအချိန်ထိ KIA ဘက်မှ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေး။

တပ်မတော်အနေဖြင့် ပြည်မဒေသများဖြစ်သော စစ်ကိုင်းတိုင်းအထက်ပိုင်း ​ကောလင်း၊ ပင်လည်ဘူး၊ဗန်းမောက်၊ထီးချိုင့်၊ ကသာ ဟုမ္မလင်း ဒေသများအထိ ခရီးရှည်ထိုးဖောက်လာသော KIA တပ်မဟာ (၉) အား လက်တုန့်ပြန်သောအနေဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ယခုလေကြောင်းတိုက်ခိုက်မှုအတွင်း အမျိုးအစားမသိရသော Guided Missle ​အသုံးပြုခဲ့ကြောင်းနှင့် KIA တပ်ဖွဲ့ဝင် ၃၆ ဦးအပါအဝင် ပရိသတ်ဂီတအဖွဲ့သား ၅၀ ကျော် သေဆုံးခဲ့ကာ KIAတပ်မဟာ ၉ မှ အရာရှိကြီး ၆ ဦးအပါအဝင် ၆၀ ကျော် ဒဏ်ရာရရှိသည့်အနက် KIAဗဟိုမှ ခရိုင်အဆင့် အုပ်ချုပ်ရေးပိုင်းမှ ရာထူးကြီးများပါ ဒဏ်ရာရရှိခဲ့​ကြောင်း။

နောက်ဆက်တွဲ ဒဏ်ရာများဖြင့် သေဆုံးသူဦးရေ တိုးလာ၍ သေဆုံးသူ ၈၀ အထိ ရှိလာ။

အလားတူ တစ်ချိန်တည်း၌ ဗန်းမော်မြို့နယ် မြို့သစ်မြို့နှင့် မိုးမောက်ဖက်များတွင် KIA အထိုင်စခန်းကုန်းများအား တစ်ပြိုင်နက် လေကြောင်း တိုက်ခိုက်ခဲ့​ကြောင်း။

တပ်မတော်(လေ)မှ တိုက်လေယာဉ်ဖြင့် Guided missile အပြင် ပဲ့ထိန်းမဲ့ဗုံး ၄ လုံးလဲ ကြဲချသွားခဲ့ပြီး ဥရုချောင်းအကျော်တွင် လက်နက်ကြီး နှစ်လုံးနှင့် ကေအိုင်အေ လေ့ကျင့်ရေးကွင်းအနီးတွင် တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း။

တပ်မတော်(လေ)မှ တိုက်လေယာဉ်သုံးစီးဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဖားကန့်မြို့ အောင်ဘာလေကျေးရွာ အနီးရှိ ကေအိုင်အေ၏ လေ့ကျင့်ရေးကွင်းအနီးတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း။

ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ပြီးနောက် စစ်ကောင်စီလေယာဉ်များမှာ ဖားကန့်မြို့ပေါ်တွင်လည်း ပျံဝဲခဲ့ကြောင်း။

တပ်မတော်၏ ယခု ပြုလုပ်သော လေကြောင်းတိုက်ခိုက်မှု Mission သည် ယခင်က အများဆုံး ပြုလုပ်ခဲ့သော မြေသိမ်းစခန်းသိမ်းတိုက်ပွဲများနှင့် စစ်ကြောင်းများတိုက်ခိုက်ခံရမှုတွင် လေကြောင်းပစ်ကူပေးခြင်းမျိုး မဟုတ်ဘဲ သတိပေးပစ်ခတ်တိုက်ခတ်မှုပုံစံဖြစ်နေ။

KIA ၏ အထိုင်စခန်းများနှင့် လိုင်ဇာဌာနချုပ်များကိုပါ လေကြောင်းခြိမ်းခြောက်မှုများ ပိုမို များပြားလာစေသည့်
KIA ၏ ပြည်မဒေသများထိ ထိုးဖောက်နေသော စစ်ကြောင်းများအတွက် အဓိက တာဝန်ယူနေရသော တပ်မဟာ ၉ မှ စစ်ဦးစီးအဖွဲ့များ ထိခိုက်ဆုံးရှုံးမှုသည် စစ်ကိုင်းတိုင်းအတွင်း KIA ၏ ထိုးစစ်များကို အဟန့်အတားဖြစ်စေ​ကြောင်း။

KIA တပ်မဟာ ၉ သည် KIA ၏ နောက်ဆုံးဖွင့်လှစ်ခဲ့သော တပ်မဟာ ဖြစ်သည့်အပြင် အောက်ခြေတပ်ဖွဲ့ဝင် PDF များနှင့် KIA အမာခံ အရာရှိများဖြင့် ဖွဲ့စည်းထားသော တပ်မဟာဖြစ်ပြီး စစ်ဦးစီးအဖွဲ့နှင့် နည်းပြများသာ KIA မှ တာဝန်ယူထားကြောင်း သိရ။

24/10/2022

KIA တပ်မဟာ ၉ လက်​အောက်ခံတပ်ရင်း​​တွေ ပင်လည်ဘူး​ဒေသကို ရှုပ်​ထွေး​အောင် လုပ်​နေကြတယ်။

KIA တပ်မဟာ ၉ နယ်​မြေ ၊ တနိုင်း-ဖားကန့်​ဒေသက ရင်း ၆ ကို နစက ရဲ့ Jet Fighter ​တွေက သင်ခန်းစာ​ပေးကြပြန်တယ်။

KIA အဆို​တော်​တွေ​ရော အ​တော်ဆို​တွေ​ရော ၆၀ ဦးဝန်းကျင်​သေဆုံးသတဲ့။

ပင်လည်ဘူး​ဒေသမှာရှိတဲ့ KIA ​တွေ ​နောက်​ကြောမလုံဖြစ်ကြရပြန်တယ်။ ။

မော်ခါး နှင့် ​မော်လင် အုပ်စုတွင်း အပြစ်မဲ့ပြည်သူများ ​ဘေးအန္တရာယ်ကင်း​ဝေးကြပါ​စေ​ကြောင်း
23/10/2022

မော်ခါး နှင့် ​မော်လင် အုပ်စုတွင်း အပြစ်မဲ့ပြည်သူများ ​ဘေးအန္တရာယ်ကင်း​ဝေးကြပါ​စေ​ကြောင်း

PTF နဲ့ တိုက်ရိုက်ထိ​တွေ့ဆက်ဆံ​နေတဲ့ Third Sector အုပ်စုရဲ့ ဗန်း​မောက်​ဒေသတွင်း တည်​နေရာ​တွေကို နစက စစ်သည်​တော်​တွေလက်ထဲ...
22/10/2022

PTF နဲ့ တိုက်ရိုက်ထိ​တွေ့ဆက်ဆံ​နေတဲ့ Third Sector အုပ်စုရဲ့ ဗန်း​မောက်​ဒေသတွင်း တည်​နေရာ​တွေကို နစက စစ်သည်​တော်​တွေလက်ထဲ အ​ရောက်ပို့​ပေးခဲ့လိုက်မိတယ်။

အခု ဗန်း​မောက်​ဒေသက PTF ​တွေကို ​ကောက်သင်း​ကောက်သလို တစ်စစီလိုက်​ကောက်​နေရင်း ဇာတ်မင်းသား ခန့်​ဇော်တို့ PTF ​ဖျော်​ဖြေ​ရေး ဇာတ်ပွဲကို ​လေယာဥ်နဲ့ ဗုံးကျဲချခဲ့ကြသတဲ့။

ပင်လည်ဘူး​​မြောက်ပိုင်း​ဒေသ ဗန်း​မောက်-ပင်လည်ဘူး စပ်ကြားနယ်​မြေ​တွေ စစ်မီး​လောင်ကျွမ်းမယ့် ​ရှေ့​ပြေးနိမိတ်​တွေ​တော့ စပြီးမြင်​တွေ့​နေရပါပြီ။

တကယ်​တော့ နစက စစ်သည်​တော်​တွေအ​နေနဲ့ ပွင့်လင်းရာသီမှာ တိုက်ပွဲဝင်ရတာ အာရှမှာ ထိပ်တန်းအဆင့်ရှိ​နေကြသူ​တွေ မဟုတ်ပါလား။ ။

15/10/2022

၁။ စက်တင်ဘာ ၂၄ ရက်​နေ့မှာ ​ပင်လည်ဘူးမြို့ကို ​ရောက်ခဲ့။

၂။ စက်တင်ဘာ ၂၅ ရက်​နေ့မှာ ကြိုတင်သ​ဘောတူထားတဲ့ မိမိ တပြည့်ဖြစ်ခဲ့ဖူးသူရဲ့ သားဖြစ်သူ PTF လက် နက်ကိုင် တစ်​ယောက်ကို မှန်​တောင်စခန်းက​နေ ​ခေါ်ထုတ်ခဲ့ပြီး ​အောက်တိုဘာ ၁၁ ရက်​နေ့မှာ သက်ဆိုင်ရာ နစက အာဏာပိုင်လက်ထဲ အပ်နှံခဲ့ပြီး လက်နက်စွန့်​စေခဲ့။

၃။ စက်တင်ဘာ ၂၉ ရက်​နေ့မှာ ​​ရွှေမှော်ထိသွားခဲ့ပြီး တပြည့်မိသားစု ၁ စုကို ​ခေါ်ထုတ်ခဲ့ပြီး နစက စစ်သည်​တော်​တွေရဲ့ အကူအညီရယူပြီး ​ဘေးကင်းရာ​နေရာကို ခေါ်လာခဲ့။

၄။ စက်တင်ဘာ ၃၀ ရက်​နေ့မှာ ဗန်း​မောက်ကိုသွားခဲ့ပြီး တပြည့် PTF လက်နက်ကိုင် ၁ ဦးကို ​သူ့မိဘ​တွေရဲ့ ​တောင်းဆိုချက်အရခေါ်ထုတ်ခဲ့ပြီး နစက လက်တွင်းအပ်နှံပြီး အပြစ်​တွေကို ​ဆေး​ကြောသန့်စင်ဖို့ ၊ ထိုက်သင့်တဲ့ပြစ်ဒဏ်ခံစားဖို့ ​ဖြောင်းဖြပြီး သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ဆီ အပ်နှံ​ပေးခဲ့။

၅။ မိမိခရီးသွားခဲ့တဲ့ ကာလတစ်​လျှောက် ပင်လည်ဘူး​ဒေသတွင်း PTF စခန်း ၂ ခုတိုက်ခိုက်ဖျက်ဆီး ခံရပြီး PTF ၁၇ ဦး ​သေ၊ သံဃာ ၁ ပါး ပျံလွန်​တော်မူ၊ ​ဒေသခံ ၆ ဦး မစိုးရိမ်ရ ဒဏ်ရာရ၊ ​ကောလင်းမြို့အနီး ​ရေကန်သာ​ကျေးရွာမှ PTF ၂ ဦး​သေ၊ ကျွန်းလှ PTF ၅ ဦး​သေ။

14/10/2022

ပင်လည်ဘူး/ဗန်း​မောက်/အင်း​တော်/​​ကောလင်း/ရွှေဘို/ကန့်ဘလူ တစ်ခွင် ပြဲပြဲစင်​အောင် ခရီး သွားခဲ့ရာက ဒီ​နေ့​တော့ အိမ်ပြန်​ရောက်လာခဲ့ပါပြီ။

အသက်​ဘေးက လွတ်ရာ လွတ်​ကြောင်း အကြံ​ပြုခဲ့ကြသူ ရပ်မိ ရပ်ဖ အားလုံးကို ​အထူး​ကျေးဇူး တင်ရှိပါ​ကြောင်း။

ရက်​သတ္တ ၃ ပတ်ကြာခရီးစဥ်ကာလအတွင်း စိတ်ဆင်းရဲမှုမျိုးစုံ ​ပေးခဲ့ကြတဲ့ PTF ဂိတ်စခန်းတာဝန်ခံအားလုံးကိုလည်း မှတ်မှတ်သားသားနဲ့ စာရင်းယူခဲ့ပါ​ကြောင်း။

အစစအရာရာ Safe ဖြစ်​အောင် Keypad ဖုန်း​လေး တစ်လုံးမှာ မိသားစုဝင် ၃ ​ယောက်ရဲ့ contact name မှအပ အခြား name ​တွေ ထည့်သွင်းမထားတာကို အ​ကြောင်းပြုပြီး Remote မိုင်း​ဖောက်ခွဲမယ့် အကြံသမား အဆင့်ထိ ထင်​ကြေး​ပေးစွပ်စွဲကြတဲ့ နစက စစ်သည်​တော်​တွေရဲ့ လုပ် ရပ်​တွေကိုလည်း​ကြုံ​တွေ့ ခဲ့ရပါ​ကြောင်း။

၁။ ပဒဲ​ကောရွာမှာ ယ​​နေ့ နံနက်      ၁၀:၀၀ နာရီခန့်မှ ၁၁:၀၀ ချိန်     ခန့်ထိ တိုက်ပွဲဖြစ်။၂။ အမည်မသိ လူ ၅ ဦး ​သေ။     ​သေ...
03/10/2022

၁။ ပဒဲ​ကောရွာမှာ ယ​​နေ့ နံနက်
၁၀:၀၀ နာရီခန့်မှ ၁၁:၀၀ ချိန်
ခန့်ထိ တိုက်ပွဲဖြစ်။

၂။ အမည်မသိ လူ ၅ ဦး ​သေ။
​သေဆုံးသူများအား PTF (သို့မ
ဟုတ်) ​ဒေသခံ စိစစ်ဆဲ။

၃။ နစက စစ်​ကြောင်းမှ လူ ၃၀ ဦး
ခန့်အား ပင်​လောင်ရွာ ဓမ္မာရုံ၌
ထိန်းသိမ်းထားပြီး စိစစ်မှုများ
ပြုလုပ်​နေ။

၄။ နစက စစ်​ကြောင်း၏ နေလို
မီးလို ကျင့်သုံးမှုအား ပင်းကြိုင်း ​ကျေးရွာအုပ်စု အလူးအလဲ ခံ​နေရ။

၅။ ​ဒေသခံ အပြစ်မဲ့ ပြည်သူများ ​
အောင်းပင်ရွာ၌ တိမ်း​ရှောင်​
နေရ။

တယ်လီဂရမ် link
https://t.me/pinlebudailynews

အောက်တိုဘာလအတွင်း တိုက်ပွဲဖြစ်ပွားနိုင်​ခြေအများဆုံးဖြစ်သည့် ​တည်​နေရာများအား ​ဖော်ပြ​ပေးလိုက်ပါသည်။​၂ ဘက် လက်နက်ကိုင်အဖ...
02/10/2022

အောက်တိုဘာလအတွင်း တိုက်ပွဲဖြစ်ပွားနိုင်​ခြေအများဆုံးဖြစ်သည့် ​တည်​နေရာများအား ​ဖော်ပြ​ပေးလိုက်ပါသည်။

​၂ ဘက် လက်နက်ကိုင်အဖွဲ့အစည်းများ၏ တပ်​နေရာချထားမှုအား ​​မြေပြင်သတင်း​ပေးပို့ချက်များအ​ပေါ် အ​ခြေခံပြုစုထားခြင်းဖြစ်၍ အမှန်တကယ် တိုက်ပွဲဖြစ်မည်ဟုလည်း ပုံ​သေမယူဆ​စေလိုပါကြောင်း။

ပင်လည်ဘူးသတင်းအဖွဲ့

တယ်လီဂရမ် လင့်ခ်
https://t.me/pinlebudailynews

29/09/2022

ပင်းကြိုင်းရွာ ​နေအိမ်အချို့ ၆ လုံးခန့် မီး​လောင်ပျက်စီး​ကြောင်း ပင်းကြိုင်းသူ/သား များ၏ သတင်းပို့ချက်အရ ကနဦး သိရှိရ။

မိမိအ​နေဖြင့် ​မြေပြင်စစ်​ကြောင်းနှင့် အဆက်အသွယ် မရ​သေးပါသဖြင့် ဖြစ်စဥ်အ​သေးစိတ် မ​တင်ပြနိုင်ခြင်းအတွက် နားလည်​ပေးကြ​စေလိုပါကြောင်း..။

ကြားဖြတ်သတင်းလွှာ****************၁။ အမှတ်(၃၆--)​ခြေမြန်တပ်ရင်းမှ ထုတ်နုတ် လှုပ်ရှားစစ်​ကြောင်းအ​နေဖြင့် ပင်လည်ဘူးမြို့၏ ...
28/09/2022

ကြားဖြတ်သတင်းလွှာ
****************
၁။ အမှတ်(၃၆--)​ခြေမြန်တပ်ရင်းမှ ထုတ်နုတ် လှုပ်ရှားစစ်​ကြောင်းအ​နေဖြင့် ပင်လည်ဘူးမြို့၏ ​မြောက်ဘက် ၂ မိုင်ခန့်အကွာ ပင်းကြိုင်း​ကျေးရွာသို့ ယ​နေ့နံနက် ၀၉၃၀ နာရီချိန်ခန့်​ရောက်ရှိရာ ပင်းကြိုင်း​ကျေးရွာတွင်းမှ RPG ​​နောက်ပွင့် ပခုံးထမ်းဒုံးဟု ယူဆရ​သော လက်နက်ကြီးတစ်မျိုးဖြင့် ရန်သူ၏ စတင်ပစ်ခတ်ခြင်းခံခဲ့ရ​ကြောင်း။

၂။ နစက စစ်သည်​တော်များမှ လတ်တ​လောဖြစ်စဥ်အား တန်ပြန်ထိန်းချုပ်နိုင်​ရေး ၀၉၄၅ ချိန်တွင် တပ်စုဖွဲ့မှုအားအ​သေးစိတ်စီမံပြီး လိုအပ်မည့် လူ/လက်နက် အင်အား တစ်ချို့ဖြင့် ပင်းကြိုင်းရွာတွင်းသို့ ဝင်​ရောက်ရှင်းလင်းခဲ့​ကြကြောင်း။

၃။ ထိုသို့ရှင်းလင်းရာ ​ဒေါ်​အေး​အေးဝင်း(CDM ကျောင်းဆရာမ) ​နေအိမ်​ပေါ်မှ စက်​သေနတ်ဟုယူဆရသည့် လက်နက်ဖြင့်အတွဲလိုက်ပစ်ခတ်မှုအား ​ကြုံ​တွေ့ခဲ့ရ​ကြောင်း။

၄။ တန်ပြန်တိုက်စစ်ပြုလုပ်မည့် စစ်သည်​တော်များက ​ကျေးရွာတွင်း ရှင်းလင်း​နေစဥ် ပင်မစစ်​ကြောင်းမှ ​ကျေးရွာအား ဝိုင်းပတ်ပိတ်ဆို့ ထားခဲ့ကြ​ကြောင်း။

၅။ ​နေ့လည် ၁၁၃၀ နာရီချိန်ထိ ​ဒေသခံ မုဒိန်း​ကောင် PTF အ​​လောင်း ၂ ​လောင်းအား လက်နက်များနှင့်အတူ သိမ်းဆည်းရမိပြီးဖြစ်​ကြောင်း။

၆။ ၁၇၂၀ ချိန် မိမိနှင့်အဆက်အသွယ်ရ​နေချိန်ထိ ပင်ကြိုင်းရွာအား နစက စစ်သည်​တော်များမှ ထိန်းချုပ်ထားဆဲဖြစ်​ပြီး မည်သူတစ်ဦးတစ်​ယောက်ကိုမျှ ရွာပြင်ပသို့ ထွက်ခွာခွင့်မ​ပေးထား​ကြောင်း။

၇။ ​ကျေးရွာ အထိနာမည်ကို ​ထောက်ရှုလျက် စစ်သည်​တော်များမှ လုံ​လောက်သည့် အင်အားဖြင့် သင့်တင့်​လျောက်ပတ်သည့် စစ်နည်းဗျူဟာကျင့်သုံးမှုအတိုင်း ​ဆောင်ရွက်လျက်ရှိ​ကြောင်း။

၈။ ၀၇၃၀ ချိန်တွင် ​​မြေပြင်အဖွဲ့အစည်းအားလုံးဖြင့် ဆက်သွယ်မှုပြတ်​တောက်သွားသဖြင့် ထပ်မံသိရပါက ဖြစ်စဥ်အပြည့်အစုံ ပြန်လည်တင်ပြပါမည့်အ​​ကြောင်း..။

#ပင်းကြိုင်း
#ပင်လည်ဘူးတိုက်ပွဲစဥ်များ

#ပင်လည်ဘူးကြားဖြတ်သတင်းလွှာ

Telegram link
https://t.me/pinlebudailynews

28/09/2022

ပင်းကြိုင်း

အပြစ်မဲ့ ပြည်သူ​တွေ ​ဘေးကင်းကြပါ​စေ​ကြောင်း

ပင်လည်ဘူး​ဒေသ အတွင်း/အပြင် ဖြစ်​ပေါ်​ပြောင်းလဲ​နေ​သော မည်သည့်သတင်းဖြစ်ရပ်မဆို မိမိတို့ Telegram chat box  သို့ ​ပေးပို့န...
27/09/2022

ပင်လည်ဘူး​ဒေသ အတွင်း/အပြင် ဖြစ်​ပေါ်​ပြောင်းလဲ​နေ​သော မည်သည့်သတင်းဖြစ်ရပ်မဆို မိမိတို့ Telegram chat box သို့ ​ပေးပို့နိုင်ပါ​ကြောင်း

ပေကုန်း(​ခေါက်စင်း)ရွာအနီး နစက စစ်သည်​တော်များနှင့် PTF များ မ​နေ့ မနက်ပိုင်းမှ စ၍ ယ​နေ့အချိန်ထိ ထိ​တွေ့တိုက်ပွဲများ မကြ...
26/09/2022

ပေကုန်း(​ခေါက်စင်း)ရွာအနီး နစက စစ်သည်​တော်များနှင့် PTF များ မ​နေ့ မနက်ပိုင်းမှ စ၍ ယ​နေ့အချိန်ထိ ထိ​တွေ့တိုက်ပွဲများ မကြာခဏ ဖြစ်​​ပေါ်နေ။

ထိ​တွေ့မှု တစ်ကြိမ်လျှင် မိနစ် ၂၀ ခန့်ကြာ​မြင့်လေ့ရှိပြီး ယ​ခု စာ​ရေးသား​နေချိန် 0730 pm ထိ ​တွေ့​တွေမှု​ပေါင်း ၁၈ ကြိမ်ရှိ​ပြီ ဖြစ်။

​ဒေသခံပြည်သူများ သစ်ဖြူကျင်း​​ကျေးရွာသို့ ထွက်​ပြေးတိမ်း​ရှောင်​နေကြရ​။

မန္တံ​ကျေးရွာသို့ PTF များ အင်အားဖြည့်တင်းလျက်ရှိ​။

မနက်ဖြန်မနက်ပိုင်း ၁၀:၀၀ ချိန်ထိ ​ထိ​တွေ့မှုဖြစ်စဥ်များ ထပ်မံဖြစ်​ပေါ်​နေပါက နစက စစ်သည်​တော်များမှ ​လေ​ကြောင်းတိုက်ခိုက်မှု ပြုလုပ်မည်ဟုဆို။

အကယ်၍ နစက ​လေ​ကြောင်းတိုက်ခိုက်မှုပြုလုပ်မည်ဆိုပါက ​ရောင်းနီ၊ ဆိုင်ယားကြီး၊ ဆိုင်ယား​လေး၊ ပိန္နဲကုန်း ၊ သနွင်းကုန်းနှင့် ပင်းကြိုင်း​ကျေးရွာများ တိုက်ခိုက်ခံရဖွယ်ရှိ​နေ။

ပင်လည်ဘူးမြို့​ပေါ် ထူးခြားမှုမရှိ။

နှစ်ဖက်တပ်ဖြန့်အင်အားနှင့် စစ်နည်းဗျူဟာကျင့်သုံးမှု၊ အ​ခြေအ​နေဖန်တီးနိုင်ခွင့်နှင့် ပစ်အားအသုံးပြုနိုင်မှုတို့အရ နစက စစ်သည်​တော်များအ​ရေးသာ​နေသည်ကို ​ရှုမြင်ရ။

PTF ​တာဝန်ခံ​ခေါင်း​ဆောင် သန်းလှိုင်(ကြီး)(လွှတ်​တော်ကိုယ်စား လှယ်​ဟောင်း) ဝါးယူးသာ​ကျေးရွာသို့ ​ရောက်ရှိ​နေပြီး Non CDM ဝန်ထမ်းများအား CDM ပြု လုပ်​ရေး ဖိအား​ပေးခြိမ်း​ခြောက်ကာ အဓမ္မလက်မှတ်ထိုးခိုင်း​နေ။

#ပင်လည်ဘူး



Telegram link

https://t.me/pinlebudailynews

ပင်လည်ဘူး​ဒေသတွင်း PTF နှင့် နစက တပ်ဖြန့်ခွဲထားရှိမှုအ​ခြေအ​နေ************************ပင်လည်ဘူးအကြမ်းဖက် PTF အဖွဲ့​ခေါင်...
24/09/2022

ပင်လည်ဘူး​ဒေသတွင်း PTF နှင့် နစက တပ်ဖြန့်ခွဲထားရှိမှုအ​ခြေအ​နေ
************************
ပင်လည်ဘူးအကြမ်းဖက် PTF အဖွဲ့
​ခေါင်း​ဆောင် - သန်းလှိုင်(ကြီး)
(ဒု​)ခေါင်း​ဆောင် - သိန်း​ဇော်
(တ​)ခေါင်း​ဆောင် - သိန်းခိုင်
ဘဏ္ဍာ​ရေးမှူး - ​သေး​မောင်
(သံလုံး(ခ)မျိုးဝင်း ထိန်းသိမ်းခံရပြီး​နောက် သံလုံး​နေရာအား ဆက်ခံသူ)
စည်းရုံး​ရေးမှူး - ဥာဏ်​မေသင်း
အတွင်း​ရေးမှူး(၁) - မြင့်ကြိုင်
အတွင်း​ရေးမှူး(၂) - ​မောင်ချို

လက်​အောက်ခံ PTF အင်အား- ၅၀၀ ခန့်
PTF ​နေရာချထားမှု - ပိန္နဲကုန်း၌ အင်အား ၂၀၀ ဦး
ပင်းကြိုင်း၌ အင်အား ၂၀၀ ဦး
ဆိုင်ယား​လေး၌ ၁၀၀ ဦးခန့်

ဦးတည်ချက်- ​ပေကုန်းရွာအနီး နစက စစ်သည်​တော်စစ်​ကြောင်းအား ပိန္နဲကုန်းရွာမှ PTF များက ဖိအား​ပေးပြီး ပင်းကြိုင်းရွာမှ PTF များက ပင်လည်ဘူးရဲစခန်းအား ထိန်းချုပ်နိုင်​ရေး တိုက်ခိုက်မှုပြုလုပ်ရန်နှင့် ဆိုင်ယား​လေးရွာမှ PTF များက စစ်ကူ​ပေးရန်။
*****
နစက စစ်သည်​တော်များ
​ခေါင်း​ဆောင်- က​လေးမြို့အ​ခြေစိုက် နည်းဗျူဟာစစ်ဆင်​ရေးကွပ်ကဲ​ရေးမှူး
(ဒု​)ခေါင်း​ဆောင်- ပထမတန်းစစ်ဦးစီးမှူး
(တ)ခေါင်း​ဆောင်- ကြည်း/​လေ ပစ်ကူ​ပေါင်းစပ်ညှိနှိုင်း​ရေးမှူး
တပ်​နေရာချထားမှု- ​ပေကုန်းရွာလမ်းဆုံ​နေရာ၌ ဒုတိယဗိုလ်မှူးကြီးအဆင့်ဦးစီး​သော အင်အား ၅၀၀ ပါ တပ်ရင်း ၂ ရင်းနှင့် ပင်လည်ဘူးမြို့​ပေါ်တွင် ဗိုလ်မှူးအဆင့် ဦးစီး​သော အင်အား ၇၀ ခန့်ပါ လက်နက်ကြီးပစ်ကူ​ပေးအဖွဲ့နှင့်စစ်​ထောက်လှမ်း​ရေးအဖွဲ့


#ပင်လည်ဘူး

တယ်လီဂရမ်လင့်ခ်

https://t.me/pinlebudailynews

23/09/2022

မန္တ​လေးသို့ တိမ်း​ရှောင်ထွက်​ပြေး​နေကြ​သော ပင်လည်ဘူးမြို့ကို ဖျက်ဆီးခဲ့ကြသူအများစု မြန်မာပြည် အလယ်ပိုင်း မန္တ​လေးမှသည် ကချင်ပြည်နယ်အတွင်းသို့ ဆက်လက်တိမ်း​ရှောင်​။

​ဆွေမိသားစုထိန်းသိမ်းခံရခြင်း​ကြောင့် မိမိကိုယ်ကိုယ် မပြစ်မကင်းဟု ခံယူထားသူများ(သို့မဟုတ်) ပင်လည်ဘူး PTF ကို ​မွေးထုတ်​ပေးခဲ့ပြီး ပင်လည်ဘူး​ဒေသအလုံးစုံပျက်သုဥ်း​ရေး လမ်း​ကြောင်း​ပေါ်သို့ တွန်းပို့ခဲ့သူများအ​နေဖြင့် ယခုကဲ့သို့ ကစဥ့်ကလျား ပုန်းရှိုးကွယ်ရှိုး ပြုလုပ်​နေကြခြင်းဖြစ်​ကြောင်း သုံးသပ်​တွေ့ရှိရ။

20/09/2022

Pinlebu Daily Post

18/09/2022

ညောင်ပင်သာ
အင်ကုန်း
​တောင်ဒွန်း
ရွာရှည်
သ​စ္စေးကုန်း

အပြစ်မဲ့သူ​တွေ ​ဘေးကင်းကြပါ​စေ​ကြောင်း

16/09/2022
ပင်လည်ဘူး မြို့​ပေါ်/မြို့နယ် ထူးခြားမှု မရှိ။
15/09/2022

ပင်လည်ဘူး မြို့​ပေါ်/မြို့နယ် ထူးခြားမှု မရှိ။

ပင်လည်ဘူးကိုချစ်တဲ့ သတင်းဖတ်သူ ပင်လည်ဘူး​ဒေသခံ အပြစ်မဲ့ မိဘပြည်သူများခင်ဗျာပင်လည်ဘူးကို ဘက်စုံမွမ်းမံတည်​ဆောက်ကြရမယ့်အစာ...
14/09/2022

ပင်လည်ဘူးကိုချစ်တဲ့ သတင်းဖတ်သူ ပင်လည်ဘူး​ဒေသခံ အပြစ်မဲ့ မိဘပြည်သူများခင်ဗျာ

ပင်လည်ဘူးကို ဘက်စုံမွမ်းမံတည်​ဆောက်ကြရမယ့်အစား ​ငွေအင်အား/လူအင်အား များစွာသုံးစွဲပြီး ဘက်စုံဖျက်ဆီး​နေကြတဲ့ အသိဥာဏ်မဲ့၊ ငမိုက်သား၊ သူခိုး ဂျပိုး ၊ မူးယစ်​​ကြောင် မုဒိန်း​ကောင် လူသတ်သမားများနှင့် ​ထောက်ခံသူ လူတစ်စုက မိမိတို့ Pinlebu သတင်းမှန် Page ကို ​နေ့စဥ် Report လုပ်ပြီး ပျက်စီးရာ ပျက်စီး​ကြောင်း ​ကြိုးစားအား ထုတ်လာတာကို ​​နေ့စဥ်တွေ့​နေရပါတယ်။

မိမိတို့ရဲ့၏ မူလရည်ရွယ်ချက်မှာ ပင်လည်ဘူး​ဒေသအတွင်း အမြန်ဆုံး တည်ငြိမ်​အေးချမ်း​ရေး၊ က​လေးငယ်များ အ​ကြောက်တရားကင်းကင်း လွပ်လပ်စွာ ပညာ​သင်ကြားခွင့်ရရှိရေး၊ ​ဒေသခံ မိဘပြည်သူများ အ​ကြောက်တရားကင်းကင်းဖြင့် ဂုဏ်သိက္ခာရှိစွာ အသက်ရှင်ရပ်တည်နိုင်​ကြရေး၊ ​​ဒေသခံများ၏ ကျန်းမာ​ရေးဆိုင်ရာ အခက်အခဲများ လွယ်လင့်တကူ​ဖြေရှင်းနိုင်​ဖို့ ​ဆေးရုံ​ဆေးခန်းများ အမြန်ဆုံးဖွင့်လှစ်နိုင်​ရေး၊ ဆရာ​တော် သံဃာ​တော်များ မိမိ​ကျောင်းဌာနတွင် သိက္ခာရှိစွာ သီတင်းသုံးနိုင်​ကြ​စေရေးနှင့် ပင်စင်စား အငြိမ်းစား ဝန်ထမ်းများနှင့် တာဝန်ထမ်း​ဆောင်ဆဲ နိုင်ငံ့ဝန်ထမ်း​ကောင်းများ ပုံမှန်အ​ခြေအ​နေသို့ အမြန်ဆုံး ပြန်လည်​ရောက်ရှိ​ရေး ဦးတည်ချက်များသာ ဖြစ်ပါတယ်။

အ​ကြောင်းအမျိုးမျိုး​ကြောင့် ယခု Page ပျက်စီးသွားတဲ့အခါ Facebook(Acc..,Group,Page),Telegram , Viber , Twitter , Signal တို့မှာ ယခုပုံ ၊ ယခု​အ​ကောင့်နာမည်ဖြင့် အသီးသီး ထပ်မံဖွင့်လှစ်ထားရှိမည်ဖြစ်​ကြောင်း ကိုလည်း သတင်း​ပါးလိုပါတယ်။

မိမိတို့နဲ့ ဆန္ဒတူသူ ၊ ပင်လည်ဘူးကို ချစ်တဲ့သူ​တွေအ​နေနဲ့လည်း ပင်လည်ဘူး​ဒေသ တည်ငြိမ်​အေးချမ်း​ရေးနှင့် မူလအ​ခြေအ​နေကို အမြန်ဆုံး​ရောက်ရှိ​ရေးအတွက် ပူး​​ပေါင်းပါဝင်လိုက ပါဝင်နိုင်ပါ​ကြောင်းနှင့် ပုဂ္ဂိုလ်​ရေးဆိုင်ရာ သတင်းလုံခြုံမှု ရာနှုန်းပြည့်အာမခံချက်​ပေးနိုင်ပါ​ကြောင်း ​ကတိပြု ဖိတ်​ခေါ်ပါတယ်။

ပင်လည်ဘူးသတင်းလွှာ(၅)*******************ပင်လည်ဘူး ၊ စက်တင်ဘာ ၁၄စစ်​ရေး      ---> ထူးခြားမှု မရှိ။နိုင်ငံ​ရေး   ---> ထူးခ...
14/09/2022

ပင်လည်ဘူးသတင်းလွှာ(၅)
*******************
ပင်လည်ဘူး ၊ စက်တင်ဘာ ၁၄

စစ်​ရေး ---> ထူးခြားမှု မရှိ။
နိုင်ငံ​ရေး ---> ထူးခြားမှု မရှိ။
စီးပွား​ရေး ---> ထူးခြားမှု မရှိ။
------------------------------
(အ​ထွေ​ထွေ)

KIA တပ်မဟာ(၉)လက်​အောက်ခံ ၊ ရင်း(---)မှ ထိန်နန် ဦးစီး​သော အကြမ်းဖက် KIA အင်အား ၁၅၀ ခန့်က ပင်လည်ဘူး​-​ဖောင်းပြင် မြို့နယ်ချင်းဆက် မဟာဗျူဟာ လမ်း(အသစ်) တစ်​လျှောက် မှန်​တောင်​ဒေသ၌ အ​ခြေပြုပြီး ​ဒေသခံ ဖိုးသမား ဘိန်းစားများအား အကြမ်းဖက်​ဖောက်ခွဲ​ရေးသင်​တန်း​ပို့ချပေး​လျက်ရှိရာ
ကချင်ပြည်နယ်အတွင်း KIA စခန်းများအား နစက မှ ဖိအား​ပေး တိုက်ခိုက်​ချေမှုန်းလျက်ရှိသဖြင့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၀ ရက်​နေ့တွင် ဖွင့်လှစ်ဆဲသင်တန်းအား ရပ်ဆိုင်း၍ မိခင်ဌာနချုပ်တည်ရှိရာ မြစ်ကြီးနားခရိုင် ၊ လဂတ်ဘွမ်အုပ်ချုပ်​ရေးနယ်​မြေသို့ ပြန်လည်ထွက်ခွာသွား​ကြကြောင်း။

ထွက်ခွာစဥ်တွင် ၎င်းတို့ထုတ်​ပေးထားသည့် လက်နက်များ ပြန်လည် သိမ်းယူသွားသည့်အပြင် ​အေပြီလအတွင်းပြုလုပ်ခဲ့ သည့် မြို့သိမ်းတိုက်ပွဲ၌ KIA ရဲ​ဘော် ၁၅ ဦး​သေဆုံးခဲ့ရသည့်အတွက် ရဲ​ဘော်တစ်ဦးလျှင် နစ်နာ​ကြေး သိန်း ၃၀ ကျပ်နှုန်းဖြင့် ကျပ်သိန်း​ ၄၅၀ ၊ ဆုံးရှုံးခဲ့​ရသော လက်နက်မျိုးစုံအတွက် ကျပ်သိန်း ၈၈၀ ၊ စုစု​ပေါင်း ၁၃၃၀ သိန်းအား ပင်း​မောင်​ကျေးရွာအ​နောက်ဘက်ရှိ ​ပင်​ဘောင်း​တောင် ​ခြေ၌ PTF သိန်း​ဇော်က KIA အရာရှိ ဘရန်ဆိုင်း အား ယ​နေ့ နံနက် ၉ နာရီ ခန့်တွင် လွှဲအပ်​ပေးခဲ့​ကြောင်း။

#ပင်လည်ဘူး


#ပင်လည်ဘူးသတင်းလွှာ

(​​သတင်းများ​ဖော်ပြခြင်းနှင့်ပတ်သက်၍ ​မြေပြင်သတင်း​ပေးပို့ချက်များစွာအား Intersection နည်းဖြင့် အတည်ပြုထားခြင်းဖြစ်ပါ​သည်။)

ပင်လည်ဘူးသတင်းလွှာ(၄)*******************စစ်​ရေး           ---> ထူးခြားမှု မရှိ။နိုင်ငံ​ရေး         ---> ထူးခြားမှု မရှိ။...
13/09/2022

ပင်လည်ဘူးသတင်းလွှာ(၄)
*******************
စစ်​ရေး ---> ထူးခြားမှု မရှိ။
နိုင်ငံ​ရေး ---> ထူးခြားမှု မရှိ။
အုပ်ချုပ်​ရေး ---> ထူးခြားမှု မရှိ။
--------------------------------
(အ​ထွေ​ထွေ)

အကြမ်းဖက်အား​ပေး ၊ ကိုယ်တိုင်လည်း အကြမ်းဖက်မှု ဖြစ်စဥ်များ အားကြိုးကိုင်စီစဥ်သူ ၊ KIA အဖွဲ့ အား ပင်လည်ဘူး​ဒေသတွင်းသို့ ​ခေါ်သွင်းလာခဲ့သူ၊ ​ဒေသတွင်း PTF သင်တန်းများအတွက် Main Sponsor ​ပေးသူ ပင်လည်ဘူးမြို့​နေ "​ဆွေ"မိသားစု ပိုင်ရှင် မျိုးဝင်း (ခ)သံလုံးနှင့် ၎င်း၏ ဇနီးဖြစ်သူ ကြည်ကြည်​ဆွေ တို့ နှစ်ဦး ထိန်းသိမ်းခံရခြင်းအတွက် PTF ​ခေါင်း​ဆောင် သန်းလှိုင်မှ ဒုက္ခများစွာနှင့် ရင်ဆိုင်​နေကြရသည့် Non CDM ဝန်ထမ်းများအ​ပေါ် ခြိမ်း​ခြောက်သည့် ​​ကြော်ငြာစာ ထုတ်ပြန်။

သန်းလှိုင်ဦးစီး​သော ပင်လည်ဘူး​ဒေသအတွင်းမှ PTF များမှာ နစက စစ်​ကြောင်းများအား ရင်ဆိုင်တိုက်ခိုက်နိုင်​လောက်သည် အထိ စစ်​ရေးစွမ်းရည်မရှိပဲ ​ဒေသခံ အပြစ်မဲ့ လက်နက်မဲ့ပြည်သူများအ​ပေါ်သာ လက်နက်အားကိုးဖြင့် အနိုင်ကျင့် ခြိမ်း​ခြောက်၍ ဖိနှိပ်အုပ်ချုပ်​နေခြင်းမျှသာဖြစ်။

ပင်လည်ဘူးသတင်းလွှာ(၃)********************စစ်​ရေး      - ထူးခြားမှုမရှိ။နိုင်ငံ​ရေး   - ထူးခြားမှုမရှိ။စီးပွား​ရေး - ထူးခ...
12/09/2022

ပင်လည်ဘူးသတင်းလွှာ(၃)
********************
စစ်​ရေး - ထူးခြားမှုမရှိ။
နိုင်ငံ​ရေး - ထူးခြားမှုမရှိ။
စီးပွား​ရေး - ထူးခြားမှုမရှိ။
********************
(အ​ထွေ​ထွေ)

ပင်လည်ဘူး​တောင်ဘက်ပိုင်း​ဒေသ ​​မြေလင်း-ပေကုန်းလမ်းဆုံ၌ ပြည်သူအ​ပေါ် ဂုတ်​သွေးစုပ် အမြတ်ထုတ်​နေ​သော ​တောင်ပိုင်း PTF အဖွဲ့နှင့် ပင်လည်ဘူး​မြောက်ပိုင်း ပင်းကြိုင်း​ကျေးရွာရှိ ​မြောက်ပိုင်း PTF များ ဘဏ္ဍာ​ငွေ​ ခွဲဝေမှု မျှတမှုမရှိသဖြင့် အချင်းချင်း မသင့်မြတ်ဖြစ်​နေ။

ပလူသာ ​​ကျေးရွာမှ စိန်ဦး+သန်းစိန် တို့၏ သားဖြစ်သူ ​​​မြောက်ပိုင်း PTF ​ခေါင်း​ဆောင် ဗိုလ် အဂ္ဂ ဆိုသူက ပင်လည်ဘူး​ဒေသအတွင်း၌ နစက စစ်​​ကြောင်းများကို တိုက်ခိုက်​ ချေမှုန်းရန် အဓိကမကျ​တော့ပဲ PTF အချင်းချင်း တိုက်ခိုက်ရ​တော့မည်ဟု လူသတ် မုဒိန်း​ကောင် အချင်းချင်း စစ်​ကြေငြာ​နေကြပြန်။

ကျပ်သိန်း​ပေါင်း ၅၀၀၀ ​ကျော်​တန်​​ဖိုးသင့်နိုင်​သော ဆိုင်ကယ်မျိုးစုံအား ပင်လည်ဘူးမှ အကြမ်း ဖက် လူသတ်သမား မုဒိန်း​ကောင် PTF များအတွက်ထောက်ပံ့ခဲ့သည့်အပြင် ​ဒေသတွင်း အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်မှုဖြစ်စဥ်များတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပတ်သက်​နေသူဖြစ်သည့် ပင်လည်ဘူးမြို့​ပေါ်ရပ်ကွက်​နေ "​ဆွေ" မိသားစုပိုင်ရှင် သံလုံး(ခ)မျိုးဝင်းနှင့် ဇနီးဖြစ်သူကြည်ကြည်​ဆွေအား နစက ​ဗဟိုအထူးအဖွဲ့များမှ ထိန်းသိမ်းခဲ့ပြီး​နောက်ပိုင်း မန္တ​လေးမြို့၌ ပုန်းခို​နေထိုင်လျက်ရှိသည့် ပင်လည်ဘူး PTF အား အ​ဝေးမှ ​ထောက်ပံ့မှု ပြုလုပ်​နေသူများဖြစ်သည့် မြင့်ကြိုင်(ဇွဲစတား)၊ ဥာဏ်​မေသင်း (ကြယ်စင်စတိုး)နှင့် ​သေး​မောင်+မ​ထွေး(မူးယစ်ကုန်သည်) မိသားစုများ ​ဆောက်တည်ရာမရဖြစ်ကာ အခြား​နေရာတစ်ခုသို့ ထွက်​ပြေးတိမ်း​ရှောင်ရန် စီစဥ်​နေကြ။

ပင်လည်ဘူး​ဒေသခံ အပြစ်မဲ့ပြည်သူ၊ ရဟန်းသံဃာ နှင့် နိုင်ငံ့ဝန်ထမ်း​ကောင်း များအ​ပေါ် Social Punishment ပြုလုပ်ခြင်း၊ ခြိမ်း​​​ခြောက်ခြင်း၊လူ့အခွင့်အ​ရေးချိုး​ဖောက်ခြင်း၊ လူအင်အားသုံးကာ ဖိအား​ပေး အနိုင်ကျင့်ခြင်းများပြုလုပ်ခဲ့သည့် အပြင် လက်နက်ကိုင်အကြမ်း ဖက်မှုကို အား​ပေးအား​မြောက် ပြု​နေကြသည့် ​ပင်လည်ဘူးမှ လူ့မိစ္ဆာများအ​နေဖြင့် မည်သည့်အရပ်​ဒေသသို့ တိမ်း​ရှောင်သွားသည်ဖြစ်​စေ ကိုယ်ပြုခဲ့သမျှကံ မလွှဲမ​သွေ ကိုယ်ပြန်ခံရ​မည်ကို သ​ဘော​ပေါက်နားလည်ထားသင့် ။


#ပင်လည်ဘူး
#ပင်လည်ဘူးသတင်းလွှာ

Address


Website

Alerts

Be the first to know and let us send you an email when Pinlebu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share