Tsunami

Tsunami Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tsunami, Gaming Video Creator, .

Candy Work လူမေးများတဲ့ပြဿနာများ============================1.Lvl 1 Battle Pass သမားတွေ Arcana ရနိုင်လား ?ရနိုင်တယ် Cand...
05/11/2022

Candy Work လူမေးများတဲ့ပြဿနာများ
============================
1.Lvl 1 Battle Pass သမားတွေ Arcana ရနိုင်လား ?

ရနိုင်တယ် Candy Slot က သူများထပ်နည်းတာကြောင့် သကြားလုံးတွေ လျှောက်မသုံးပစ်ဘဲ စိတ်ရှည်လက်ရှည်တော့ စောင့်ရမယ်
****************************
2. Re rollက တစ်ပတ်ကို ဘယ်နှစ်ခါပြန်ရလဲ?

လက်ရှိကတော့ တစ်ပတ်ကို 10ခါပြန်ရတယ် Turbo , Normal , Diretide ဘာဖြစ်ဖြစ် ဆော့လို့ရတယ် ပွဲနိုင်တာနဲ့ Re roll ပြန်ရမယ်၊ ကိုယ့်မှာရှိတဲ့ re roll တွေကိုတော့ အရင်သုံးလိုက်ပါ
****************************
3. Free re roll ကော ထပ်ပေးနိုင်သေးလား?

အပတ်စဉ် Free re rollပေးဖို့ မသေချာပါ
****************************
4. Arcana chance က များလား?

အရမ်းကြီးတော့မများဘူး ဒါပေမဲ့ ထိပ်ဆုံးပေါ်လာတဲ့ Event Courier 3 ကောင် Ward တစ်ခု Warlock set Roshan Skin တို့ယူပြီးမှသာ Arcana ပေါ်လာဖို့ chance များပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုရင် အဲ့ဒီ Item တွေက ထိပ်ဆုံး slot မှာ အများဆုံးနေရာယူထားတာတုန်း re roll တိုင်း ‌တစ်နေရာက ပုပ်နေပါလိမ့်မယ်
****************************
5. Arcana or Lvl 25 point ဘာယူရမလဲ ?

ကျွန်တော်ဆိုရင်တော့ Arcanaထက် point ကိုပိုသဘောကျတယ် Level များများတက်လေ Exclusive item ပိုရတယ်၊ Free Level 1 သမားတွေတောင် 25 level ယူလိုက်တာနဲ့ CM Personaအထိကို အေးဆေးရောက်သွားနိုင်တယ်
****************************
6. Free Candy ကောပေးလား

ပွဲနိုင်ရင်ဖြစ်ဖြစ် ရှုံးရင်ဖြစ်ဖြစ် Candy Rewardsမှာ သွားပြီး ရာခိုင်နှုန်းတိုးပါတယ်၊ Turbo or Event မှာဆို ရှုံးရင် 10% နိုင်ရင် 20%ပါ ၊ Rank or Nomal ဆို နိုင်ရင် 40% ရှုံးရင် 20%ပါ
****************************
7. Free Candy တစ်ပတ်ကို ဘယ်နှစ်ခုရလဲ?

ပြထားဝာာကတော့ သကြားလုံးငါးခုပါ

ငါးလုံးဆို‌တော့ အရမ်းနည်းတယ်

Candy တွေမဖြုံးပစ်တာပိုကောင်းပါလိမ့်မယ်
****************************
8. Arcana ကို မကြိုက်ဘူးဆိုရင် ထပ် rollသင့်လား?

လုံး၀မကြိုက်ဘူးဆိုရင်တော့ roll လိုက်ပါ ပြန်ကျလာဖို့ကတော့ ခက်တယ်ဗျ အဲ့ဒါကြောင့် Arcanaပေါ်တာနဲ့ Re roll မလုပ်ဘဲ သကြားလုံးစုတာက ပိုကောင်းပါလိမ့်မယ်
****************************
9. ဆော့ဖို့အချိန် ဘယ်လောက်ရမလဲ?

ကျွန်တော်မှတ်မိသလောက် ၂လကျော်လောက် အချိန်ရပါမယ်
****************************
10. Level 1 သမားတွေ ဘယ်ထိရောက်နိုင်လဲ?

ဒါကတော့ Weekly Quest တွေ ဆော့နိုင်တာအပြင် ကံကောင်းဖို့လည်းလိုသေးတယ် အနည်းဆုံးတော့ Tusk kick or Candy Worksကနေ ရတဲ့ point တွေကြောင့် CM Persona‌ တော့ရပါလိမ့်မယ်

တစ်ခြားသိချင်တာ‌တွေရှိရင်လည်းထပ်ဖြည့်ပေးကြပါ သိသလောက်တော့ ဖြေပေးသွားပါမယ်

02/09/2022

Cavern Crawl Item Set
==================
အားလုံးဘဲ မင်္ဂလာပါ

ဒီကနေ့ Battle Pass update Part I မှာတော့ စစထွက်ချင်း Cavern Crawl ဟာဆိုရင်ဖြင့် Style 3 အထိပါပါတယ်

ဒုတိယတစ်ခေါက် update ပေးပြီးနောက်မှာတော့ Style 2 အထိသာ ရှိတော့တာကိုတွေ့ရမှာပါ

အဲ့ဒါကြောင့် ကျန်နေတဲ့ Style 3 Unlock ကို Battle Pass Part II မှာ မြင်တွေ့ရနိုင်ဖြစ်ရှိပါတယ်

Player: WinterWyvern Persona လေး ထည့်ပေးပါValve: ရော့ CM Persona ယူသွားလိုက် 🙃Winter Wyvern ကို နဂါးဘ၀ကနေ လူပြောင်းပေးဖိ...
02/09/2022

Player: WinterWyvern Persona လေး ထည့်ပေးပါ

Valve: ရော့ CM Persona ယူသွားလိုက် 🙃

Winter Wyvern ကို နဂါးဘ၀ကနေ လူပြောင်းပေးဖို့ တောင်းဆိုနေတုန်း ရှိသေးတယ်

Crystal ကတော့ လူဘ၀ကနေ မြေခွေးဘ၀ ရောက်သွားရှာပြီ

Valveက Designer တွေ Idea စဉ်းစားချင်က အကြမ်းကြီး

လွယ်လွယ်ကူကူ Lina နဲ့ Crystal နှစ်ယောက် စွမ်းအားပြောင်းလိုက်ရင်တောင်မှ မီးမိုးရွာချတဲ့ အကွက်တွေ လုပ်လို့ရတယ်သေးတယ်

အခုဟာကတော့ မြေခွေးကြီး 🤥

02/09/2022

Faceless Void Arcana နှင့် သူ၏ အသုံးအဆောင်များ
**************************************************
အားလုံးဘဲ မင်္ဂလာပါ

Arcana စစထွက်ချင်းတုန်းကတော့ effect တွေမြင်ပြီး Immortal တွေနဲ့ တွဲပြီး အလုပ်လုပ်ပါ့မလား စိုးရိမ်သွားမိတယ်

Arcana Head ရဲ့ Ulti effect ဟာဆိုရင် Mace Aeon နဲ့လည်း ပေါင်းပြီး အလုပ်ဖြစ်တယ်ဗျ

နည်းနည်းတော့ မျက်စိရှုပ်တာပေါ့

အဲ့ဒါအပြင် Faceless Void အတွက် ထွက်ထားသမျှ Immortal တွေနဲ့ပေါင်းစပ်လို့ရသေးတယ်

တစ်ခုဘဲ Crimson Item တွေနဲ့ တွဲချင်ရင်တော့ Style 2 Unlock ဖြစ်ဖို့တော့လိုလိမ့်မယ်

မဟုတ်ရင် အရောင်က တော်တော်လေးကွဲထွက်နေသလို ခံစားရတယ်

ကျွန်တော်ကတော့ Faceless Void Arcana ကို သီးခြားသုံးလို့ရတဲ့ Arcana တစ်ခုလို့မြင်မိတယ်

Void Arcana အနေနဲ့ Ability Effect အကုန်ပြောင်းထားတာကြောင့် immortal တွေမပိုင်ရင်တောင် သုံးဖို့ အဆင်ပြေတယ်ပေါ့

တစ်ခုဘဲ Arcana နဲ့တွဲပါလာတဲ့ Weapon ကြီးကိုတော့ သဘောမကျဘူး

သူ့နေရာမှာ Tiebreaker ဖြစ်ဖြစ် Battlefury ဖြစ်ဖြစ် အစားထိုးလိုက်ရင်တော့ ပိုကြည့်ကောင်းမယ်လို့မြင်မိတယ်

ဒါမှမဟုတ် Cavern Crawl ထဲက အစိမ်းရောင် ပုဆိန်ဖြစ်ဖြစ်ပေါ့

အကုန်လုံး ခြုံကြည့်မယ်ဆိုရင်‌ Arcana အနေနဲ့ Top Quality ထဲမပါသော်လည်း ‌စုမယ်ဆိုရင်တော့ စုသင့်တဲ့အထဲ ပါကြောင်းပြောပါရစေ

Video Source -XA

Battle Pass ကို ၀ယ်စုသင့်လား?••••••••••••••••••အရင်ဆုံး ၀ယ်သင့်လား မ၀ယ်သင့်ဘူးလား မပြောခင် ရမဲ့ rewards တွေကို အရင်ကြည့်...
02/09/2022

Battle Pass ကို ၀ယ်စုသင့်လား?
••••••••••••••••••
အရင်ဆုံး ၀ယ်သင့်လား မ၀ယ်သင့်ဘူးလား မပြောခင် ရမဲ့ rewards တွေကို အရင်ကြည့်ရအောင်

Lvl 148 - CM Persona
Lvl 223 - PM Beast Prestige Item
Lvl 296 - PA Persona
Lvl 383 - Razor Arcana
Lvl 495 - Faceless Void Arcana

Arcana 2 ခုကို Lvl အမြင့်တွေမှာ ထားထားတဲ့အပြင် မနှစ်ကထပ်တောင် Arcana တစ်ခု ထပ်လျော့နေပါသေးတယ်

အဲ့ဒါအပြင် Razor Arcana နဲ့ CM Persona တို့ကို Part II မှာ ထုတ်လာမယ်ပြောထားတာကြောင့် တော်တော်လေး စောင့်ရမဲ့ အခြေအနေရှိတယ်

ပထမဦးဆုံး Battle Pass Content အဖြစ် ပြလိုက်တဲ့ Faceless Void Arcana ဟာဆိုရင်လည်း Lvl 495 မှာ ဖြစ်‌နေတယ်

အဲ့ဒါကြောင့် Lvl အနည်းစာအုပ်၀ယ်ပြီး ဆော့မဲ့သူတွေအနေနဲ့ ဘာမှန်းမသိတဲ့ rewards တွေကို မျှော်မှန်းပြီး ဆော့ရတော့မှာပါ

PA Persona အနေနဲ့လည်း Artwork အရတော့ အရမ်းကြီး ဆွဲဆောင်မှု မရှိတာတော့ အမှန်ဘဲ

Immortal Box 1 ကိုကြည့်လိုက်မယ်ဆိုရင်လည်း HoodWink Ultra rare ကလွဲရင် ကျန်တာတွေက အားစိုက်ထုတ်မှု အရမ်းနည်းတယ်

ဖြစ်သလိုကြီး ဆွဲထားသလိုခံစားမိတယ်

Custom Terrain လည်း တစ်ခါတည်း ပါ၀င်မလာသလို Courierကလည်း ဒီဇိုင်းဆွဲရ သက်သာအောင် မနှစ်တုန်းက Asset တွေကို အကုန်ပြန်ယူသုံးထားတယ်

လက်ရှိ အခြေအနေမှာတော့ Lvl အမြင့်တန်း၀ယ်မဲ့သူတွေ အတွက်ရော Lvl 1 ကနေစပြီး ဆော့မဲ့သူတွေအတွက်ရော သိပ်ပြီး မျှော်လင့်ချက်တွေ ရှိမနေခဲ့ဘူး

Lvl 1သမားတွေအတွက် သူတို့မျှော်လင့်နိုင်တာက Crystal Maiden Persona လှလှလေးထွက်ဖို့ဘဲ

High Lvlသမားတွေက အတွက်ကတော့ Candy အထုပ်လေးတွေ မျှော်မှန်းလို့ရတယ် ဘာလို့လဲမေးရင် အဲ့ဒီ Candyနဲ့ Immortal, Arcana တွေပြန်လဲလှယ်လို့ရတယ်

အကယ်၍များ Exclusive Arcana၊ Exclusive Immortal တွေကို Candy နဲ့ လဲလှယ်ခွင့်ပေးလိုက်မယ်ဆိုရင်တော့ Candyစုဖို့အတွက် Lvl ရသလောက် တင်ကြမှာဖြစ်တယ်

လက်ရှိအခြေအနေမှာတော့ Battle Pass အနေနဲ့ ကြည့်ပျော်ရှုပျော်ရှိတဲ့ အခြေအနေအထားဖြင့် ထွက်လာခဲ့တာတောင်မဟုတ်ဘူး

အဲ့ဒါကြောင့် Lvl 1 လောက်ဘဲ ၀ယ်ပြီး အခြေအနေစောင့်ကြည့်သင့်တယ်

Valve က Designerတွေ တစ်နှစ်ပတ်လုံး ဘာတွေလုပ်နေပါလိမ့် ?

ဒါမှမဟုတ် Part II မှာဘဲ အလန်းကြီးတွေလုပ်ပြမှာလား 🤔🤔🤔

The Great Confluence Approach***********************************အားလုံးဘဲ မင်္ဂလာပါဒီရက်ပိုင်းမှာ Dota 2 Fourm တွေအကြား ...
01/08/2022

The Great Confluence Approach
***********************************
အားလုံးဘဲ မင်္ဂလာပါ

ဒီရက်ပိုင်းမှာ Dota 2 Fourm တွေအကြား စိတ်၀င်စားစရာ ကိစ္စလေးတွေ ရှိခဲ့တယ်ဗျ

အဲ့ဒါကတော့ Valve အနေနဲ့ အရမ်းကို ကြီးမားတဲ့ Update တစ်ခုကို ပြင်ဆင်နေတယ်ဆိုတဲ့ အကြောင်းပါ

Data Miner တစ်ယောက်က Valveရဲ့ အသစ်ထွက်မဲ့ BattlePass, Event နဲ့ Heroes တွေအကြောင်းကိုခြေရာခံနိုင်ခဲ့တယ်

ဒါပေမဲ့ Data အကုန်လုံးက Hidden ဖြစ်နေတာကြောင့် တကယ်ဘဲ ကြည့်မရအောင် ‌ဖျောက်ထားတာလား အစကတည်းက မရှိတဲ့ဟာကိုဘဲ တမင် spam link ပုံမျိုး လုပ်ယူထားတာလား အခုထိ အဖြေမရှိကြဘူး

ရထားတဲ့ အချက်အလက်တွေအရ

The Great Confluence Event လာမယ်

Universe တွေအကုန်ပေါင်းပြီး တိုက်ပွဲကြီးတွေ ဖြစ်ကြမယ်ပေါ့

အကုန်လုံးပေါင်းစည်းမှာ ဖြစ်တာကြောင့် Heroes တွေအများကြီးအသစ်ထွက်လာမယ်

Fymryn & Selemene - လက်ရှိ ထွက်ထားတဲ့ Marci လိုမျိုး Animeထဲက ခပ်တည်တည် ရောက်လာမဲ့ Character နှစ်ယောက်ပေါ့

Venaessa- သူ့ကိုတော့ QOP Arcana comic ထဲမှာ တွေ့နိုင်တယ်၊ Artifact ရဲ့ Card တွေထဲမှာ တွေ့နိုင်တယ်၊ Magic သုံးတဲ့ Hero တစ်ယောက်ဘဲ

Durana - အကောင်တစ်ကောင်ဆိုတာဘဲသိရတယ်၊ Snapfire နဲ့ Hoodwink တို့ရဲ့ စကားအရ ရေဘဝဲလိုလို ဖြစ်နိုင်ခြေရှိတယ်ပေါ့ ၊ ဘယ်ကနေ ရောက်လာမဲ့ အကောင်လဲတော့မသိဘူး၊ လက်ရှိ Dota 2 Universe ကဘဲ ဖြစ်နိုင်ခြေရှိတယ်

Puppet Master & Engineer - သူတို့ကတော့ Dota ရဲ့ dataထဲမှာ 2020 လောက်ကတည်းက ရှိနေတာ၊

Heroes of Newerthရဲ့ နာမည်ကြီးတဲ့ ဇာတ်ကောင်‌တွေကို ဘာလို့ ထည့်ထားတာလဲပေါ့

ယခု HON အပြီးတိုင်ပိတ်သိမ်းလိုက်ပြီဖြစ်တာကြောင့် Puppet Master နဲ့ Enginner တို့ Dota 2 ကိုရောက်လာတာ ဖြစ်နိုင်ခြေရှိတယ်

လက်ရှိသိနေတဲ့ နာမည်ကြီး character တွေက ကျန်တာဆိုလို့ Underload ထဲက Prellex နဲ့ Kana ဘဲ ကျန်လိမ့်မယ်

အကယ်၍များ အပေါ်ကပြောထားတဲ့အတိုင်း Event ကြီး ဖြစ်လာခဲ့ရင်တော့ Dota 2 တစ်ခေတ်ပြန်ဆန်းပြီ ပြောလို့ရပြီ

တကယ် ဟုတ်မဟုတ်ကတော့ နောက်2ပတ်လောက်ဆို အဖြေပေါ်ပြီထင်ပါတယ်

( စာရေးရမှာပျင်းတာကြောင့် အသေးစိတ်အကြောင်းအရာ 80%လောက် ကျော်ချထားပါတယ် 🥲)

အမှတ်တရအနေနဲ့ ကျန်ခဲ့တော့မှာလား--------------------------အားလုံးဘဲ မင်္ဂလာပါလက်ရှိ MOBA ဂိမ်းသစ်တွေ နည်းပါးလာပြီးတဲ့နောက...
20/06/2022

အမှတ်တရအနေနဲ့ ကျန်ခဲ့တော့မှာလား
--------------------------
အားလုံးဘဲ မင်္ဂလာပါ

လက်ရှိ MOBA ဂိမ်းသစ်တွေ နည်းပါးလာပြီးတဲ့နောက်မှာတော့ အရင်က ဆရာတစ်ဆူ ဖြစ်ခဲ့တဲ့ Heroes of Newerth ဟာလည်း ကျဆုံး သွားခဲ့ပါပြီ

HON အနေနဲ့ 12နှစ်အထိ သက်တမ်းကြာခဲ့ပါတယ်

အလွယ်ပြောရင် Dota 1( Warcraft 3) မှာ Official Map တွေမထုတ်တော့တဲ့နောက်ပိုင်း HON အနေနဲ့ Dota Hero Concept နဲ့ဆင်တဲ့ Heroes တွေထုတ်တယ်၊ Graphics တွေ Upgrade လုပ်ပြီး ထွက်လာခဲ့တယ်ဗျ

HON စထွက်တဲ့အချိန်တုန်းက Dota 2 တောင် မရှိသေးဘူးတူတယ်

နောက်ပိုင်းမှာတော့ သူ့ရဲ့ ကိုယ်ပိုင်ဇာတ်ကောင်တွေ အများကြီး ထုတ်ခဲ့တယ်

အဲ့ဒီအချိန် ကျွန်တော်ဆိုရင်တောင်
အထက်တန်းပြီးခါစ ကာလဘဲ ရှိအုံးမယ်

Dotaမှာဘဲ သူငယ်ချင်းတွေစုဖွဲ့ပြီးပျော်ပါးကောင်းတုန်းပေါ့

Internet တွေ လူသုံးများလာခဲ့တဲ့ 2011လောက် အချိန်မှာတောင်မှ WOW Private Server လေးဆော့လိုက် MIRC, Gtalk Chat လိုက်နဲ့ ပျော်ပါးကောင်းတုန်းဘဲ

မျက်စိရှေ့မှာ ရှိနေတဲ့ Heroes of Newerth ဂိမ်းကို တစ်ခါမှ ယောင်မှားလို့တောင် ဖွင့်မကြည့်ဖြစ်ခဲ့ဘူး

သူများတွေဆော့တဲ့အချိန် ဒီကောင်ကြီး ဘာ Heroနဲ့တူတာ ဘာ Hero နဲ့တူတာဆိုပြီး ထိုင်ပွားခဲ့တယ်

အခု HON အပြီးတိုင် ပိတ်သိမ်းလိုက်ပြီဆိုမှ ငါဘာဖြစ်လို့ တစ်ခါလေးတောင် စမ်းဆော့ မကြည့်ခဲ့တာလည်းဆိုပြီး အတွေး၀င်မိနေတယ်

လုံး၀ကို စမ်းမဆော့ကြည့်ဖြစ်ခဲ့တာပါ

အခု ဂိမ်းပိတ်သိမ်းတဲ့အချိန်အထိတောင်တော်တော်များများကတော့ HON ကို Dota 1.5 အဖြစ် လက်ခံထားကြပါတယ်

MOBA ဂိမ်းဖြစ်တာကြောင့် Dota 2 နဲ့ LOL တို့ကနေ ကွဲထွက်နေတဲ့ ကိုယ်ပိုင်ပုံစံရှိတဲ့ ဇာတ်ကောင်တွေလည်း အများကြီးရှိတယ်

အကယ်၍ Valve အနေနဲ့ အချို့သော Concept ဝယ်ယူခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့ Dota Universeမှာ HON Heroes များကို ထပ်မံတွေ့ရနိုင်ပါတယ်

ဒါပေမဲ့ သိပ်တော့မမျှော်လင့်ပါဘူး

Marketing အားကောင်းပြီး Player အကြိုက် လိုက်လျောတဲ့ Riotရဲ့ LOL ထဲကိုတောင် HON ရဲ့ ဇာတ်ကောင်တွေရောက်သွားဖို့တောင် ပိုပြီး ဖြစ်နိုင်ချေရှိပါသေးတယ်

အခုဆိုရင်တော့ HON အနေနဲ့ 12သက်တမ်းအကြာမှာ လုံး၀ အပီးတိုင်ပိတ်သိမ်းပြီး နှုတ်ဆက်သွားခဲ့ပါပြီ

Dota 2 အနေနဲ့လည်း လက်ရှိ သက်တမ်း ရင့်နေပြီဖြစ်သော MOBA ဂိမ်းတစ်ခုဖြစ်တာကြောင့် ကစားသမား အသစ်တွေ ထပ်မံ မရရှိခဲ့ပါက နောက်နှစ်ပိုင်းတွေမှာ ပြဿနာရှိလာနိုင်ပါတယ်

HON နည်းတူ ဘယ်အချိန်မှာ အမှတ်တရအနေနဲ့ အပြီးတိုင် ထွက်ခွာသွားမလဲဆိုတာကတော့ .....

Weekend Spotlight အနေနဲ့ ဘာတွေလာနိုင်မလဲ==================================အားလုံးဘဲ မင်္ဂလာပါဒီနေ့မှာတော့ Dota Plus သမား...
12/06/2022

Weekend Spotlight အနေနဲ့ ဘာတွေလာနိုင်မလဲ
==================================

အားလုံးဘဲ မင်္ဂလာပါ

ဒီနေ့မှာတော့ Dota Plus သမားများအတွက် Shard ‌ထပ်ရနိုင်မဲ့ အခွင့်အရေးကို Valve အနေနဲ့ ထပ်မံပြီး ဖန်တီးပေးလိုက်ပြန်ပါတယ်

ဒါကတော့ အပတ်စဉ် မတူညီတဲ့ Game Mode တွေ ဆော့ကစားပြီး Shard တွေ ရရှိနိုင်မှာ ဖြစ်ပါတယ်

Game Mode တွေအနေနဲ့ကတော့ အစပိုင်း Ability Draft ကနေစပါတယ်

နောက်တစ်ပတ်မှာ Overthrow, Turbo, colosseum တို့လို Game Mode တွေကို တစ်ပတ်ချင်းချိန်းသွားမှာ ဖြစ်ပြီးတော့ 7လပိုင်းရောက်တဲ့အခါမှာတော့ Event အဟောင်းတွေကိုပါ ပြန်လည် ဆော့ကစား ခွင့်ပေးပါတော့မယ်

လက်ရှိ စီစဉ်ထားတာအရ Darkmoon Event နဲ့ အခြား Event တစ်ခုကို Weekend Spotlight အဖြစ် ထည့်သွင်းဖို့ လုပ်ထားတာကို တွေ့ရပါတယ်

ပေါ့ပေါ့ပါးပါးဖြစ်မဲ့ Tower Defend ပုံစံမျိုးဆိုရင် Wraith Night Event နဲ့ Christmas Rubick Event တို့ဘဲ ထပ်မံကျန်ပါလိမ့်မယ်

Wraith Night Eventအနေနဲ့ အရမ်းကြာလှပြီဖြစ်တဲ့အပြင် ပြန်လည်အသက်သွင်းရင်တောင် Codingတွေ အများကြီး ပြင်ရမှာ ဖြစ်တာကြောင့် ရွေးချယ်လိမ့်မယ်လို့ မထင်မိဘူး

အဲ့‌ဒါကြောင့် Dark Moon + Christmas Rubick Event ဆိုပြီး အကြမ်းဖျင်း ယူဆနိုင်ပါတယ်

ခပ်တည်တည်နဲ့ Silt breaker Act 1 ၊ Act 2 နှစ်ခုလုံး ထွက်လာရင်လည်း Event ငတ်နေသူတွေအဖို့ ခဏတော့ အပျင်းပြေမှာပါ ( But မထွက်ပါဘူး Valve ကကောင်တွေ အပျင်းကြီးပါတယ် )

ဒါဆိုရင် Dota Plusသမား မဟုတ်တဲ့သူတွေအတွက်ရရော အရင် Event ဆော့သလို Rewards တွေရနိုင်မလား ?

အဲ့လို မေးခွန်းမျိုးမေးလာခဲ့မယ်ဆိုရင်တော့ Event ကို လက်ရှိ Dota Plus သမားတွေအတွက်ဘဲ Shards ရအောင် ပြုလုပ်ပေးထားတာဖြစ်တာကြောင့် အပျင်းပြေ သူငယ်ချင်းတွေနဲ့အတူတူ ၀င်ဆော့လို့ဘဲ ရနိုင်ပါလိမ့်မယ်

Rewards လေးဘာလေး တစ်ခုခု ပေးရင်တော့ ပိုပြီး ပျော်ဖို့ကောင်းနိုင်တယ်

7လပိုင်းရဲ့ နောက်ဆုံး Spotlight ကိုတော့ 10 Vs 10 Map အနေနဲ့အဆုံးသတ်သွားမှာ ဖြစ်ပါတယ်

ကျွန်တော် ခန့်မှန်းတာကတော့ 8လပိုင်းမှာ
Main Battle Pass Ti11 ထွက်ရှိလာမယ်လို့ ခန့်မှန်းရပါတယ်

Event အသစ်နဲ့အတူတူ Rewards များစွာ စောင့်မျှော်နေမယ်လို့ ယုံကြည်ပါကြောင်း ထပ်လောင်းပြောကြားပါရစေ

အားလုံးဘဲ မင်္ဂလာပါဒီက‌နေ့မှာတော့ အသစ်ထွက်ရှိလာမဲ့ Faceless Void Arcana နဲ့ပတ်သက်ပြီး အနည်းငယ်ပြောပြချင်ပါတယ်အရင်ကလို Ar...
11/06/2022

အားလုံးဘဲ မင်္ဂလာပါ

ဒီက‌နေ့မှာတော့ အသစ်ထွက်ရှိလာမဲ့ Faceless Void Arcana နဲ့ပတ်သက်ပြီး အနည်းငယ်ပြောပြချင်ပါတယ်

အရင်ကလို Arcana Vote မှာနိုင်ခဲ့တဲ့ Void ကို Valve အနေနဲ့ Store မှာ တင်မရောင်းစားဘဲ မကြာခင်ထွက်ရှိမဲ့ Battle Pass ထဲကို ထည့်ဖို့ ကြံစည်နေကြတယ်

ပုံမှန်အတိုင်း Store မှာတင်ရောင်းစားရင်တောင် $35 ဒေါ်လာကို Valve အနေနဲ့ အေးဆေးရနိုင်တယ်

ဒါပေမဲ့ Battle Pass အရင်းပြုပြီး Void Arcana ကို Battle Pass Owner တိုင်းအတွက် အလကား နီးပါး ပေးသလိုမျိုး လုပ်ပေးလိုက်မယ်

သူ့နောက်မှာရှိတဲ့ Rewards အလန်းတွေထိ ရောက်အောင် ဆွဲဆောင်ဖို့အတွက် စဉ်းစားထားပုံရတယ်

အကယ်၍များ Battle Pass Lvl 100 ပတ်ချာလည်လောက်မှာ Void Arcana ကို ထည့်ထားလိုက်မယ်ဆိုရင် လိုချင်တဲ့သူတိုင်း Level 1 Battle Pass ၀ယ်ကို၀ယ်ရမယ်

အချိန်ရပြီး ဆော့နိုင်တဲ့သူတွေကတော့ တဖြည်းဖြည်း ဆော့ရင်တောင် Void Arcana အထိ အေးဆေးရောက်သွားမယ်

မဆော့နိုင်တဲ့သူတွေကတော့ ထုံးစံအတိုင်း၀ယ်ပြီး တင်ကြပေါ့

Void Arcana အနေနဲ့ Head Slot မှာ ထွက်ရှိလာမှာ ဖြစ်တယ်

Style 2 Unlockကိုတော့ Crono အုပ်ပြီး ပေးတဲ့ Damageကို ရေတွက်မှာ ဖြစ်ပါတယ်

Crono အုပ်ပြီး Hero သတ်ရတာထက်တော့ Damageပေးတာက ပိုလွယ်ကူမယ်တူတယ်

Position 4 Faceless Void တွေ Dagon လေးဆင့်နဲ့ Crono အုပ်ပြီး ထိုးတဲ့အကွက်တွေ မကြာခင် တွေ့ရပါတော့မယ်

နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုကတော့ အသစ်ပါလာမဲ့ Eventက Quest တွေလုပ်ပြီး Void Arcanaကို Free ပေးလိုက်တာမျိုးပေါ့

ဒါကတော့ ဖြစ်နိုင်ခြေ ပိုပြီးနည်းပါး ပါတယ်

အဲ့ဒါကြောင့် Void Arcana Free နီးပါး လိုချင်တဲ့သူတွေအနေနဲ့ အနည်းဆုံးတော့ Level 1 Battle Pass ဖိုးလေးစုထားကြပါလို့ ပြောရင်း စာ‌ပိုဒ်လေး အဆုံးသတ်လိုက်ရအောင်ဗျာ

Address


Website

Alerts

Be the first to know and let us send you an email when Tsunami posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share