Ethnic News

Ethnic News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ethnic News, Media/News Company, .

သောလယ်ထာ့ရှိ စစ်ကောင်စီ စခန်းကို KNLA တပ်မဟာ ၅ တက်ရောက်သိမ်းယူထိုင်း-မြန်မာနယ်စပ် သောလယ်ထာ့ (မဲ့စန်လက်) စစ်ကောင်စီ၏ တပ်စ...
27/04/2021

သောလယ်ထာ့ရှိ စစ်ကောင်စီ စခန်းကို KNLA တပ်မဟာ ၅ တက်ရောက်သိမ်းယူ

ထိုင်း-မြန်မာနယ်စပ် သောလယ်ထာ့ (မဲ့စန်လက်) စစ်ကောင်စီ၏ တပ်စခန်းကို ယနေ့ နံနက် ၆ နာရီကျော်အချိန်တွင် ကေအဲန်ယူ -ကရင်အမျိုးသားစည်းအရုံး ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ ) တပ်မဟာ ၅ က တက်ရောက်သိမ်းယူခဲ့သည်ဟု သောလယ်ထာ့ဒေသခံများက ပြောသည်။

“ဒီမနက် ၅ နာရီ လောက်မှာ စတက်တာ၊ ၆ နာရီကျော်ကျော်လောက်မှာ စခန်းတက်သိမ်းနိုင်တယ်လို့ သိရတယ်။ အသံတွေ ဆူညံနေရောပဲ။ စခန်းတွေကို မီးရှို့ လိုက်ပြီ။ အခု ကျနော်ပြောနေတဲ့အချိန်မှာပဲ ကမ်းနံဖူးမှာ ဗမာစစ်သား ၇ ယောက် ထွက်ပြေးနေတာ လှမ်းမြင်ရတယ်။ သေနတ်တွေ ပါသေးတယ်။”ဟု ထိုင်းဘက်ခြမ်းရှိ ဒေသခံရွာသားတစ်ဦးက ယနေ့ နံနက် ၇နာရီအချိန်တွင် ကေအိုင်စီသို့ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၇ရက်နေ့တုန်းကလည်း ထိုင်း-မြန်မာနယ်စပ်ရှိ သီးမူထာ့ စစ်ကောင်စီ စခန်း တစ်ခုကိုလည်း ကေအဲန်အဲလ်အေ တပ်မဟာ ၅က တက်ရောက်သိမ်းယူခဲ့ပြီဖြစ်သည်။

သတင်း - ကေအိုင်စီ

ထုင်ႉမၢဝ်းမိူဝ်ႈပူၼ်ႉမႃးဝၼ်းထီႉ23.4.2021တီႈဢိုင်ႇ19ဝၢၼ်ႈၼၼ်ႉလႆႈႁၼ်မၢၵ်ႇတႅၵ်ႇသႂ်ႇၸုမ်းၶူဝ်းၶဵဝ်ၶဝ်ႄလႈထိုင်တီႈလႆႈသဵင်ႈတႆၢၵ...
26/04/2021

ထုင်ႉမၢဝ်း
မိူဝ်ႈပူၼ်ႉမႃးဝၼ်းထီႉ23.4.2021တီႈဢိုင်ႇ19ဝၢၼ်ႈၼၼ်ႉ
လႆႈႁၼ်မၢၵ်ႇတႅၵ်ႇသႂ်ႇၸုမ်းၶူဝ်းၶဵဝ်ၶဝ်ႄလႈထိုင်တီႈလႆႈသဵင်ႈတႆၢၵႂႃႇၼႆယဝ်ႉယဝ်ႉမၢၵ်ႇဢၼ်တႅၵ်ႇၼႆႉၸုမ်းၶူဝ်းၶဵဝ်ၶဝ်သမ်ႉဝႃပဵၼ်မၢၵ်ႇၸုမ်းၶူဝ်းလၢႆးၶဝ်ၼႆယဝ်ႉၸုမ်းၶူဝ်းလၢႆးၶဝ်သမ်ႉဝႃဢမ်ႇၸႂ်မၢၵ်ႇၶဝ်ၼႆယဝ်ႉမိူဝ်းၼႃႈၵႂႃႇၶႂ်ႈယွၼ်းၾၢင်ႉထိုင်ပီႈၼွင်ႉထုင်ႉမၢဝ်းႁဝ်းေတလႆႈၵႃႈယွပ်ႇယွၼ်ႉၼႂ်းပွႆးတိုၵ်းတုၵ်ႉၶၼႂ်းေၵႈၵၢင်ၶဝ်သွင်ၸုမ်းၼႆႉဢမ်ႇႁၢင်ႉယဝ်ႉသင်ပဵၼ်ၼၼ်မႃးၼႆႁဝ်းေတႁဵတ်းႁိုဝ်
တႆးထုင်ႉမၢဝ်းႁဝ်းၽႂ်မီးပၢႆးဝူၼ်ႉၶႅမ်ႉ
ပၼ်တၢင်းႁၼ်ထိုင်မႃးလႆႈၶႃႈ
ၶႃႈယိင်းေတႉေတလိူၵ်ႈၶူဝ်းလၢႆးၵူၺ်းယဝ်ႉၶႃႈ

Ethnic NewsUnicodeခိုလမ်မြို့နယ်တွင်း အာဏာသိမ်းစစ်ကောင်စီမှ ဒေသခံပြည်သူများ၏ပစ္စည်းများအား အဓမ္မယူဆောင်သျှမ်းပြည်တောင်ပိ...
26/04/2021

Ethnic News
Unicode
ခိုလမ်မြို့နယ်တွင်း အာဏာသိမ်းစစ်ကောင်စီမှ ဒေသခံပြည်သူများ၏ပစ္စည်းများအား အဓမ္မယူဆောင်

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် ခိုလမ်မြို့နယ်ခွဲတွင် အာဏာသိမ်းစစ်ကောင်စီမှ ဒေသခံပြည်သူများ၏ အသုံးအဆောင်ပစ္စည်းများ ၊ စားသောက်ကုန်များ ယူဆောင်စားသောက်သည့်အပြင် ဒေသခံပြည်သူများ၏ မော်တော်ယဥ်များအား ချောဆွဲခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ၂၀၂၁ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ နှင့် ဧပြီလ ၂၄ ရက်နေ့တွင် နမ့်စန်မြို့နယ် ခိုလမ်မြို့နယ်ခွဲ ကျိုင်းခမ်း(ခိုအွတ်)ကျေးရွာအုပ်စု ပါဆွမ့်ကျေးရွာတွင် ပြည်သူစစ်အပါအဝင် အာဏာသိမ်းစစ်ကောင်စီ အမှတ် ၅၇၄ ခြေမြန်တပ်ရင်း(ခမရ-၅၇၄) နှင့် အမှတ် ၅၇၆ ခြေမြန်တပ်ရင်း(ခမရ-၅၇၆) အင်အား ၁၀၀ ခန့်မှ ဒေသခံပြည်သူများ၏ စုစုပေါင်းတန်ဖိုးငွေ ၂၆၁၀၀၀ ကျပ်ရှိသည့် အသုံးအဆောင်ပစ္စည်းများနှင့် စားသောက်ကုန်များအား အဓမ္မယူဆောင်သွားခဲ့ကြောင်း သိရှိရပါသည်။

အာဏာသိမ်းစစ်တပ်များယူဆောင်သွားသည့် အသုံးအဆောင်ပစ္စည်းများနှင့် စားသောက်ကုန်များမှာ ဓါးမ 4 လက် ၊ ထမင်းချက်အိုးကြီး ၁ လုံး ၊ ရေထည့်ဗုံး ၁၅ လုံး နှင့် ဆန် ၁ တန်ခွဲ ၊ ပဲပုတ် ၂ ပိဿာ ၊ စားသုံးဆီ ၁ ဗူး နှင့် ကြက် ၂၀ ကောင် စသည်တို့ဖြစ်သည်။

ထို့အပြင် ၂၀၂၁ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ ညနေပိုင်း ၃:၁၀ နာရီခန့်တွင် အာဏာသိမ်းစစ်တပ်မှ ၎င်းတို့၏ သောက်သုံးရန်အတွက် ဒေသခံပြည်သူ ၇ ဦးအား ထော်လဂျီ ၂ စီးဖြင့် ရေများခတ်ကာ ပို့ဆောင်ပေးရန်အတွက် အဓမ္မစေခိုင်းခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

အဆိုပါ ၂၀၂၁ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ ညနေပိုင်း ၀၅:၀၀ နာရီတွင် ခိုလမ်မြို့နယ် ပါဆွမ့်ကျေးရွာအနီး တောတွင်းတစ်နေရာတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် အာဏာသိမ်းစစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ်မှ ပါဆွမ့်ရွာအားအသွားအလာကန့်သတ်ထားပြီ အပြစ်မဲ့ ရွာသား ၆ ဦးအား ဖမ်းဆီးထားခဲ့ပါသည်။

Ethnic News

Zawgyi
ခိုလမ်မြို့နယ်တွင်း အာဏာသိမ်းစစ်ကောင်စီမှ ဒေသခံပြည်သူများ၏ပစ္စည်းများအား အဓမ္မယူဆောင်

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် ခိုလမ်မြို့နယ်ခွဲတွင် အာဏာသိမ်းစစ်ကောင်စီမှ ဒေသခံပြည်သူများ၏ အသုံးအဆောင်ပစ္စည်းများ ၊ စားသောက်ကုန်များ ယူဆောင်စားသောက်သည့်အပြင် ဒေသခံပြည်သူများ၏ မော်တော်ယဉ်များအား ချောဆွဲခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ၂၀၂၁ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ နှင့် ဧပြီလ ၂၄ ရက်နေ့တွင် နမ့်စန်မြို့နယ် ခိုလမ်မြို့နယ်ခွဲ ကျိုင်းခမ်း(ခိုအွတ်)ကျေးရွာအုပ်စု ပါဆွမ့်ကျေးရွာတွင် ပြည်သူစစ်အပါအဝင် အာဏာသိမ်းစစ်ကောင်စီ အမှတ် ၅၇၄ ခြေမြန်တပ်ရင်း(ခမရ-၅၇၄) နှင့် အမှတ် ၅၇၆ ခြေမြန်တပ်ရင်း(ခမရ-၅၇၆) အင်အား ၁၀၀ ခန့်မှ ဒေသခံပြည်သူများ၏ စုစုပေါင်းတန်ဖိုးငွေ ၂၆၁၀၀၀ ကျပ်ရှိသည့် အသုံးအဆောင်ပစ္စည်းများနှင့် စားသောက်ကုန်များအား အဓမ္မယူဆောင်သွားခဲ့ကြောင်း သိရှိရပါသည်။

အာဏာသိမ်းစစ်တပ်များယူဆောင်သွားသည့် အသုံးအဆောင်ပစ္စည်းများနှင့် စားသောက်ကုန်များမှာ ဓါးမ 4 လက် ၊ ထမင်းချက်အိုးကြီး ၁ လုံး ၊ ရေထည့်ဗုံး ၁၅ လုံး နှင့် ဆန် ၁ တန်ခွဲ ၊ ပဲပုတ် ၂ ပိဿာ ၊ စားသုံးဆီ ၁ ဗူး နှင့် ကြက် ၂၀ ကောင် စသည်တို့ဖြစ်သည်။

ထို့အပြင် ၂၀၂၁ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ ညနေပိုင်း ၃:၁၀ နာရီခန့်တွင် အာဏာသိမ်းစစ်တပ်မှ ၎င်းတို့၏ သောက်သုံးရန်အတွက် ဒေသခံပြည်သူ ၇ ဦးအား ထော်လဂျီ ၂ စီးဖြင့် ရေများခတ်ကာ ပို့ဆောင်ပေးရန်အတွက် အဓမ္မစေခိုင်းခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

အဆိုပါ ၂၀၂၁ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ ညနေပိုင်း ၀၅:၀၀ နာရီတွင် ခိုလမ်မြို့နယ် ပါဆွမ့်ကျေးရွာအနီး တောတွင်းတစ်နေရာတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် အာဏာသိမ်းစစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ်မှ ပါဆွမ့်ရွာအားအသွားအလာကန့်သတ်ထားပြီ အပြစ်မဲ့ ရွာသား ၆ ဦးအား ဖမ်းဆီးထားခဲ့ပါသည်။
News
Myanmar

လွိုင်လင်ရင်ကွဲတောင် အနီး RCSS/SSA နှင့် အကြမ်းဖက်စစ်ကောင်စီ ပစ်ခတ်မှုဖြစ်ပွားသျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် အကြမ...
26/04/2021

လွိုင်လင်ရင်ကွဲတောင် အနီး RCSS/SSA နှင့် အကြမ်းဖက်စစ်ကောင်စီ ပစ်ခတ်မှုဖြစ်ပွား

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် အကြမ်းဖက် စစ်ကောင်စီ နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဧပြီ (၂၅)ရက် ည ၁၁ ကျော်အချိန်တွင် မိုင်းပွန်မြို့ အသွားလမ်း နှင့် လွိုင်လင်ရင်ကွဲတောင်အနီးရှိ ပစ်ခတ်မှု ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“မြေပြင်အသေးစိတ် အချက်လက်တော့ မသိရသေးဘူး။ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်တာပဲ။ ထိတွေ့မှု ဖြစ်သွားတာပါ။ ”RCSS ၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ယေနေ့ မြေပြင် အခြေအနေ RCSS/SSA နှင့် အကြမ်းဖက်စစ်ကောင်စီတို့ ယမန်နေ့ ည (၁၁) နာရီ ထိတွေ့မှု ဖြစ်ပွားပြီးနောက် တောင်ကြီးမြို့နယ်ရှိ ဟိုပုံးလမ်း (၇) မိုင်တွင် စစ်ကားများ တပ်ရင်း အများအပြား တပ်စွဲထားကြောင်းလည်း အဝေးပြေး ကားဆရာ တစ်ဦး ထံမှ စုံစမ်းသိရှိရသည်။

“ ဒီမနက်မှာ ဟိုပုံလမ်း (၇)မိုင်မှာ စစ်သားတွေရော စစ်ကားတွေရောအများကြီး ပဲတပ်စွဲထားတယ်။ လမ်းသွားလမ်းလာလည်း စစ်ဆေးမှုတွေ ပြုလုပ်နေတယ်” ဟု ကားသမားတဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

ဧပြီ ၂၂ ရက် နံနက်ပိုင်းတွင်လည်း သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်းတွင်လည်းကောင်း၊ လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်အတွင်း တွင်လည်းကောင်း၊ လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်အတွင်း နှင့် ကျေးသီးမြို့နယ် မိုင်းနောင်မြို့နယ်ခွဲအတွင်း တို့တွင် အကြမ်းဖက်စစ်ကောင်စီ နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဧပြီ (၂၁) ရက်တွင် မြန်မာ-ထိုင်း နယ်စပ် ချင်းမိုင်ခရိုင် Wiang Haeng မြို့နယ်အနီးရှိ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် RCSS/SSA ကင်းစခန်းတစ်ခုကို အကြမ်းဖက် စစ်ကောင်စီမှ လက်နက်ကြီး (၅) လုံးပစ်ခတ်ခဲ့ကြောင်း သိရသည်။
News

Address


Website

Alerts

Be the first to know and let us send you an email when Ethnic News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share