Fact or Fake

Fact or Fake We'll post the updated news with fact or fake as much as possible.

09/03/2021

🚨ညကစမ်းချောင်းအရေးကြောင့်
လွတ်ပြီးဖုံးသွားတဲ့ကိစ္စများ🚨

- ဦးကျော်သူရဲ့နာကူအသင်းဖျက်သိမ်းခံရ ❗️
(ကားနဲ့ပစ္စည်းတွေနိုင်ငံပိုင်သိမ်း)
- သူရဦးရွှေမန်းပါတီ ဝင်ဆီးခံရ❗️
- ရန်ကင်းအမတ် အဖမ်းခံရ❗️
- လမ်းမတော်မှာ ယောက်ျား အယောက် ၃၀
အတင်းဖမ်းခေါ်သွား❗️
- သတင်းဌာနတွေရပ်ဆိုင်းခံရ❗️

03/03/2021

သာကေတ မြင်တော်သာ မှာတော့ လွန်ခဲ့တဲ့ ၅ မိနစ်ခန့်က စတင်ပစ်ခတ်နေပါတယ်.။

01/03/2021

စမ်းချောင်း / ရှမ်းလမ်း
ဗဟိုလမ်းနဲ့ ဗားဂရာလမ်းထောင့် ရဲဝတ်စုံနဲ့ အယောက် ၅၀ ခန့်

အကုန်လုံး ကျည်အစစ် သေနတ်တွေနဲ့

*** Fully Armed

ရာဘာကျည်/smoke bomb သေနတ် တစ်ယောက်မှ မကိုင်ထား

Reliable Source

01/03/2021

သာကေတ မြင်တော်သာ ရုပ်ရှင်ရုံမှတ်တိုင်နားမှာ ရဲကားတွေ အုပ်စုလိုက်ရောက်နေပါတယ်..

ခုလိုင်းပေါ်မှာ ပျံ့နေတဲ့ Tennis Racket နဲ့ မျက်ရည်ယိုဗုံးကို ပြန်ရိုက်လိုက်တဲ့ပုံက လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ...
28/02/2021

ခုလိုင်းပေါ်မှာ ပျံ့နေတဲ့ Tennis Racket နဲ့ မျက်ရည်ယိုဗုံးကို ပြန်ရိုက်လိုက်တဲ့ပုံက လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ပုံမဟုတ်ပါ.။ ၂၀၁၆ ပြင်သစ် ဆန္ဒပြပွဲမှာ ဖြစ်ခဲ့တဲ့ပုံပါ.။

အောက်ကလင့်မှာလဲ ကြည့်လို့ရပါတယ်.။
https://globalnews.ca/news/3140245/year-in-review-best-photos-from-around-the-world-in-2016/

"ဆေးနှင့် ဆေးနှီးနွယ် တက္ကသိုလ်များ သပိတ်" ဖြိုခွင်းခံရမှုမှ ဖမ်းဆီးခံရသူများ စာရင်း------------------------------ဒီနေ့ ...
28/02/2021

"ဆေးနှင့် ဆေးနှီးနွယ် တက္ကသိုလ်များ သပိတ်" ဖြိုခွင်းခံရမှုမှ ဖမ်းဆီးခံရသူများ စာရင်း
------------------------------

ဒီနေ့ (ဖေဖော်ဝါရီ ၂၈) မနက်ပိုင်း၊ ရန်ကင်း၊ ကျောက်ကုန်းမှာ "ဆေးနှင့် ဆေးနှီးနွယ် တက္ကသိုလ်များ သပိတ်" ဖြိုခွင်းခံရပြီးနောက် လူ ၈၅ ဦးကျော် ဖမ်းဆီးခံလိုက်ရပါတယ်။ အများစုက ဆရာဝန်တွေ၊ ဆေးလောကသားတွေ ဖြစ်ပါတယ်။ ဖမ်းဆီးခံရသူ လူစာရင်းကို တင်ပေးလိုက်ပါတယ်။
UM-1 ဆိုတာ University of Medicine (1) ဆေး (၁) ကို ပြောတာ ဖြစ်ပါတယ်။ ကိုယ့်မိတ်ဆွေ၊ အသိတွေ ပါသလားဆိုတာ ကြည့်ပြီး မိသားစုတွေကိုလည်း သတင်းပို့ပေးစေချင်ပါတယ်။ (ထပ်တိုးစာရင်းလည်း ရှိလာနိုင်ပါတယ်ခင်ဗျာ)

1. Dr Zwe Phyo Oo (UM-1)
2. Dr Bo Aung Sann Oo (UM2)
3. Dr Kyaw Htet Thet Latt (UM2 OG)
4. Dr Kyaw Min Soe (UM-1 Ortho)
5. Dr Pyay Kyaw Moe (UM-1)
6. Dr Zarni Min Shwe + Dr Cherry Lwin (UM1)
7. Dr Zune Wut Hmone (UM-1)
8. Dr May Myat Mon Kyaw (UM-1)
9. Dr Zwe Phone Lwin (UM-1)
10. Dr Nanda Ye Yint (UM-1)
11. Ma Aye Htay (UM-1)
12. Dr Khin Swe Lwin (UM-1)
13. Dr Chit Min Thu (UM-1)
14. Dr Wai Mar Myint Aung (UM-1)
15. Dr Aung Paing Khant (UM-1)
16. Dr Molly Moe (UM-1)
17. Dr Htut Ein Gyin (UM-1)
18. Dr Swe Mon Oo (UM-1)
19. Dr Nwe Min Soe (UM-1, CWH)
20. Dr Aye Pwint Mu (OG)
21. Dr Kay Khine Nyein (UM-1) CWH
22. Dr Su Myat Phyo (Dental)
23. Dr Mya Phone Tint (UM-2)
24. Dr သီဟရည်ချန် (UM1 EM)
25. Dr. Theint Thinzar Hein (UDMY)
26. Dr. May Su Pyne (UDMY)
27. Dr. Thazin (UDMY)
28. Dr. Ei Nay Chi Aung (UDMY)
29. Dr. Kyawt Kay Zin (UDMY)
30. Dr မြတ်သင်ဇာလွင် UM1
31. ဒေါ် ဥမ္မာခိုင် UM1
32. Dr နှင်းမြတ်လွင် UM 1
33. ခိုင်ရည်မွန်အောင် UM 1
34. စိုးဝေယံထွန်း UM 1
35. ယမုံ UM 1
36. ဆုထူးအောင် UM 1 ၂၀၁၈
37. ညဏ်ထက်လင်း UM 1 ၂၀၁၈
38. စည်သူဟိန်း UM 1 ၂၀၀၇
39. စိုးမြင့်မြတ် UM 1 ၂၀၀၇
40. သဲစုစုဇင် UM 2 2004
41. ဝေယံမိုး ၂၀၀၉ UM 1
42. အန်ဂါလုံ UM 1 ၂၀၀၇
43. ရတနာထွေး UM 1 ၂၀၀၅
44. စန်းမောင် UM 1 ၂၀၀၅
45. ဒေါက်တာစိန်ခိုင် cardiologist
46. ချိုနဒီလှိုင် UM 1 second MB
47. အက်စ်ကျံုးလျန် emajor
48. မြသဲဟန် 2001 batch
49. ဆုဝေနှင်း UM 1 2nd MB
50. သိမ်းပိုက်အောင် UM 1 final PART2 junior
51. အေးသာသစ်သစ် UM1 final PART2 junior
52. အိပြည့်ဖြိုးအောင် UM1 2001
53. ဒေါ်နုနုစိုး pharmacy ဒေါ်အိမ့်မြတ်မိုး အမေ
54. ယဉ်ယဉ်သန့် ၉၆ batch
55. စိုင်းပြည့်ပြည့်ဖြိုး 16 နှစ်
56. နှင်းဝတ်ရည်ဖြိုး ၁၃ နှစ်
57. ဧကရီဝင့်ကျော် UM2 2003 batch
58. ကျော်ဇင်လတ်
59. ထက်ဆုပိုင် UDMY 3rd year
60. ဒေါက်တာ စုစန္ဒီ + ဒေါက်တာ ကျော်ဇောဟိန်း
61. ဒေါက်တာ ခင်ဝေဝေထွန်း
62. ဒေါက်တာ နေလင်းမောင်
63. ဒေါက်တာ ကောင်းထက်နိုင်
64. Dr လွင်ဖြိုးသူ
65. Dr ဟန်လင်းအောင်
66. ထွန်းပုလဲရတနာ
67. ဟန်သူဝတီ
68. Meredith
69. Dr ဝင့်ယမုံသူ
70. Dr သန့်သဇင်
71. သိမ့်သဇင်ဟိန်း
72. သဇင်ခိုင်
73. အိသဇင်ဖြိုး
74. သဇင်မျိုးလွင်
75. စုပိုင်
76. ဆုထက်သန္တာ
77. မေမြတ်နိုး
78. မဒီမိုးဆက်
79. မေသူကျော်
80. အေးမွန်မြင့်
81. Jazlyn
82. ချိုနဒီလှိုင်
83. မြဖူး
84. မိုးသင်းချို
85. မေဖူးပွင့်ရှိန်

Source : Mratt Kyaw Thu

28/02/2021

* YGH ( ရန်ကုန်ပြည်သူ့ဆေးရုံကြီး) မှာ Emergency နဲ့ Operation Theaters အဆင်သင့်လုပ်ထားပါတယ်။ ရန်ကုန် ဆန္ဒပြပွဲတွင် ထိခိုက်ဒဏ်ရာ ရသော အရေးကြီးသော လူနာများ ကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီး သို့ ပို့ဆောင် နိုင်ပါသည်။

*လှည်းတန်း ဒဏ်ရာရတဲ့သူတွေ Grand Hantha ဆေးရုံ Emergency မှာ ကုပေးဖို့အဆင်သင့် စောင့်နေကြပါတယ်။အခုထိ confirmed ပါ။ (10:42 am)

*YGH မှာ EM and OT ready ပါ
ရန်ကုန်ဆေးရုံကြီး အဆင်သင့်ပါတဲ့
ထိသမျှလူနာအကုန်ပို့ပေးပါ

* သာကေတ ဝန်းကျင်
Medical Cover လိုရင် ဖုန်းဆက်ပေးပါ

095086538

တာမွေပလာဇာနား အပစ်အခတ်တွေ စတင်နေပါပြီ.။  မျက်ရည်ယိုဗုံးတွေလဲသုံးနေပါပြီ.။
28/02/2021

တာမွေပလာဇာနား အပစ်အခတ်တွေ စတင်နေပါပြီ.။ မျက်ရည်ယိုဗုံးတွေလဲသုံးနေပါပြီ.။

ယနေ့ (28.2.2021)မနက် ရန်ကုန်တိုင်းပညာရေးမှူးရုံးရှေ့ ဖြိုခွင်းမှုတွင် ဆရာမတစ်ဦး ကျဆုံးသွားခဲ့ကြောင်း ဝမ်းနည်းစွာအသိပေးအ...
28/02/2021

ယနေ့ (28.2.2021)မနက် ရန်ကုန်တိုင်းပညာရေးမှူးရုံးရှေ့ ဖြိုခွင်းမှုတွင် ဆရာမတစ်ဦး ကျဆုံးသွားခဲ့ကြောင်း ဝမ်းနည်းစွာအသိပေးအပ်ပါသည်။ သေနတ်ပစ်ဖောက်သံကြားရာမှ ဆရာမ မှာ နှလုံးရောဂါဖောက်ပြီးသေဆုံးသွားတယ်လို့ အနီးအနားမှ ဆရာမတစ်ဦးပြောပြချက်အရသိရှိရပါတယ်.။ ဆရာမက ကိုယ်ဝန်နဲ့ပါ.။

မန်းလေး ၆၂ မြင့်မြင့်ခင်ရှေ့ ရဲ၄ယောက် mark II နဲ့အထိုင်သပိတ်ဘက်အလာ လက်နက်တွေနဲ့ ဖမ်းမိထား Source- မြေပြင်မှ သတင်းပို့သူ
28/02/2021

မန်းလေး ၆၂ မြင့်မြင့်ခင်ရှေ့ ရဲ၄ယောက် mark II နဲ့အထိုင်သပိတ်ဘက်အလာ လက်နက်တွေနဲ့ ဖမ်းမိထား

Source- မြေပြင်မှ သတင်းပို့သူ

28/02/2021

Ko Hein Htut Aung (South Dagon) 23 yrs
မနက် ၉:၃၀ မှာသေနတ်ထိလို့ဆုံးသွားပါပြီတဲ့
🙏🙏🙏
Rest in Power bro 😔😔😔
သူရဲကောင်းတစ်ယောက်ကျဆုံးသွားပါပြီ

မနက်စောစောစီးစီးသတ်ဖြတ်နေတာ

[9:30AM]“ဂျူတီကုတ်များကို ချွတ်ခိုင်းပြီး ဖမ်းဆီး”ရန်ကင်း၊ ကျောက်ကုန်းမှာ “ဆေးနှင့် ဆေးနှီးနွယ် တက္ကသိုလ်များ သပိတ်” ကို...
28/02/2021

[9:30AM]
“ဂျူတီကုတ်များကို ချွတ်ခိုင်းပြီး ဖမ်းဆီး”

ရန်ကင်း၊ ကျောက်ကုန်းမှာ “ဆေးနှင့် ဆေးနှီးနွယ် တက္ကသိုလ်များ သပိတ်” ကို ဖြိုခွင်းပြီးနောက် ဂျူတီကုတ်များကို ချွတ်ခိုင်းပြီး အချုပ်ကားပေါ် ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။

Source : Mratt Kyaw Thu

ဖမ်းဆီးခံထားရသည့် အင်ဂျင်နီယာကျောင်းသား ၇ဦးခန့် အချုပ်ကားထဲတွင် ရှိနေသည်။
28/02/2021

ဖမ်းဆီးခံထားရသည့် အင်ဂျင်နီယာကျောင်းသား ၇ဦးခန့် အချုပ်ကားထဲတွင် ရှိနေသည်။

ရဲအင်အားထပ်ဖြည့်ပြီး အနော်ရထာလမ်းကနေ ဆူးလေကို သွားနေတာပါ။
28/02/2021

ရဲအင်အားထပ်ဖြည့်ပြီး အနော်ရထာလမ်းကနေ ဆူးလေကို သွားနေတာပါ။

ဆန္ဒပြပြည်သူတွေက အနော်ရထာလမ်းဘက်က လာမယ့် ရဲကားတွေကို တားဆီးရန် ဗိုလ်အောင်ကျော်လမ်းကို ပိတ်ဆို့ဖို့ ပြင်နေကြတာပါ။
28/02/2021

ဆန္ဒပြပြည်သူတွေက အနော်ရထာလမ်းဘက်က လာမယ့် ရဲကားတွေကို တားဆီးရန် ဗိုလ်အောင်ကျော်လမ်းကို ပိတ်ဆို့ဖို့ ပြင်နေကြတာပါ။

Tor Browser အကြောင်းလေးနည်းနည်းပြောပြချင်လို့ပါ.။အခုမြင်နေတွေ့နေရသလောက် Tor Browser ကိုသုံးကြဖို့ ပြောနေကြလို့ပါ.။ အဲ့ဒါ...
18/02/2021

Tor Browser အကြောင်းလေးနည်းနည်းပြောပြချင်လို့ပါ.။

အခုမြင်နေတွေ့နေရသလောက် Tor Browser ကိုသုံးကြဖို့ ပြောနေကြလို့ပါ.။ အဲ့ဒါနဲ့ပတ်သတ်ပြီး သိသလောက်လေး Knowledge Sharing ပြန်လုပ်ပေးချင်လို့ပါ.။

Tor Browser က Legal (တရားဝင်) ဖြစ်ရဲ့လား?
================================
ဘာဖြစ်လို့ ဒါကို စပြောရလဲဆိုရင် .. ပထမအချက် Internet ပေါ်မှာရှိသမျှ Dark Web (မှောင်ခို website) မှန်သမျှက Tor Browser ကိုအသုံးပြုပြီးမှ ဝင်ရောက်လို့ရတာပါ.။ ကျန်တဲ့ ပုံမှန်သုံးနေကြ Chrome, Firefox, Opera, Safari စတာတွေနဲ့ Dark Web တွေကို ဘယ်လိုမှ သုံးလို့မရပါဘူး.။ အဲ့ဒီအတွက် လူမေးအများဆုံးမေးခွန်းလဲဖြစ်နေတာပါ.။ ဒီမေးခွန်းကိုပြန်ဖြေရရင် Tor Browser က anonymous (အမည်မသိ) ဖြစ်အောင်ပဲလုပ်ပေးတာဖြစ်တဲ့အတွက် anonymous ဖြစ်ချင်တာက တရားမဝင်ကြောင်းနဲ့ပတ်သက်ပြီး cyber law တွေမှာမရှိတဲ့အတွက် တရားဝင်တယ်လို့ပြောလို့ရပါတယ်.။

Tor Browser က secure ဖြစ်ရဲ့လား?
========================
Tor Browser က secure ဖြစ်ရဲ့လားဆိုရင် ကိုယ်သုံးနေတဲ့ Device ကြီးတစ်ခုလုံးအတွက် တော့ secure မဖြစ်ပါဘူး.. သူ့ပေါ်ကနေ တဆင့်သွားတဲ့ website တွေမှာပဲ အောက်ကအချက်တွေကို လုပ်ဆောင်ပေးတာပါ.
အသုံးပြုသူရဲ့ IP Address ကို Hide လုပ်ထားပေးပါတယ်.။
ကိုယ်အသုံးပြုတဲ့ History တွေကို ခြေရာခံပြန်လိုက်ချင်းကနေတားဆီးပေးပါတယ်..( ဆိုလိုချင်တာ History မကျန်ဘူးဆိုတဲ့သဘောပါ)
ကိုယ်ဘယ်ကနေသုံးနေလဲ ဆိုတာကို tracking လိုက်လို့မရပါဘူး.။

surfShark VPN blog မှာတော့ Tor က သူ့ချည်းသီးသန့်ဆို VPN တွေလောက် secure မဖြစ်ပါဘူးလို့ရေးထားပါတယ်..။ ဆိုလိုချင်တာ Device တစ်ခုလုံးကို IP ဖျောက်ပေးတာမဟုတ်တဲ့အတွက် တခြား ကိုယ့် device ထဲက app တွေ ဒါမှမဟုတ် တခြား browser တွေကနေ website တွေကိုသွားကြည့်တဲ့အခါမျိုးတွေကျရင်တော့ Tor က ဘာကိုမှ cover လုပ်ပေးလို့မရပါဘူး..။

Dark Web ဆိုတာဘာလဲ ?
=================
အကျယ်တဝင့်တော့မရှင်းပြတော့ပါဘူး စာအရမ်းရှည်မှာစိုးလို့ပါ..။ အသေးစိတ်သိချင်ရင် Google ခေါက်ရှာပါ.။ အထက်မှာပြောခဲ့သလိုပဲ မှောင်ခို website တွေပါ..။ မတတ်တခေါက်နဲ့ သူများပြောလို့ လျှောက်ဝင်ကြည့်မိပြီး ပြဿနာတက်ရင် ဘာမှလုပ်လို့မရပါဘူး..။ ဘယ် Law enforcement team တွေကမှလဲ အရေးယူပေးလို့မရပါဘူး..။ ဘာဖြစ်လို့လဲဆိုရင် အဲ့ website တွေကိုဘယ်သူတွေထောင်ထားတာမှန်းမသိသလို.. ဘယ်နေရာက လူတွေကလုပ်ထားမှန်းမသိရပါဘူး.. သူတို့ကိုယ်တိုင်ကိုက အဲ့လို anonymous ဖြစ်ချင်လို့.. Tor browser ရဲ့ system ဖြစ်တဲ့ “Onion router" ထဲမှာပဲလည်ပတ်တာပါ.။

Tor ကဘယ်လိုအလုပ်လုပ်သလဲ?
=====================
သူ့ရဲ့ အလုပ်လုပ်ပုံက Onion Router တွေက Layer 4 ခု Node 3 ခုနဲ့ အလုပ်လုပ်ပါတယ်.။ VPN system နဲ့အလုပ်လုပ်တာ မဟုတ်ပါဘူး.။ Tor ကသူ့ system နဲ့သူလည်ပတ်တာပါ.။ အဲ့အတွက် တခြား app တွေကနေ IP address ပေါက်ကြားတာမျိုးကိုတော့ သူ့အနေနဲ့ Cover မလုပ်ပေးနိုင်ပါဘူး။ အဲ့ဒါကြောင့်မိုလဲ သူ့ကို anonymous အနေနဲ့သုံးချင်တဲ့အခါတွေမှသာသုံးကြတာပါ.။ ကျန်တဲ့အချိန်တွေမှာ Tor Browser ကိုမသုံးကြပါဘူး.။ ဘာကြောင့်လဲဆိုရင် အဖြေကရှင်းပါတယ်.. အချိန်ကြာ လို့ပါ.။

ပုံမှန် website တွေရောအသုံးပြုလို့ရသလား?
=============================
ပုံမှန်အသုံးပြုနေကြဖြစ်တဲ့ facebook, google, twitter, တခြား ဆိုဒ်တွေအကုန်လုံးကိုလဲ Tor Browser ကနေအသုံးပြုလို့ရပါတယ်..။ တစ်ခုပဲ ပုံမှန်သုံးတာထက်တော့ ပိုကြာပါလိမ့်မယ်..။

Tor System Web site မှန်းဘယ်လိုသိမလဲ?
========================
ဒါကရှင်းပါတယ်..။ Tor System ပေါ်အခြေခံတည်ဆောက်ထားတဲ့ Web တွေမှန်သမျှက Tor routing system မှာပဲလည်ပတ်တဲ့အတွက် သူ့ရဲ့ system domain အတိုင်း URL (အရပ်အခေါ် link [လင့်ခ်]) တွေရဲ့နောက်ဆုံးက Domain name တွေက .onion နဲ့အဆုံးသတ်ပါတယ်..။ ဉပမာ - www. blahhblahh .onion ဆိုပြီးတော့ပါ..။ .onion နဲ့အဆုံးသတ်ထားတဲ့ လင့်ခ်တွေကို သာမာန် Browser တွေဖြစ်တဲ့.. Chrome, Firefox, Opera, Safari တို့နဲ့ သွားကြည့်လို့မရပါဘူး..။

သတိထားရမည့်အချက်
================
Tor System ထဲလည်ပတ်တဲ့ ဘယ် website မဆို (.onion ဆိုဒ်များသာ) user information တောင်းတာမျိုးမရှိပါဘူး.။ Register လုပ်ရတဲ့အခါမျိုးတွေမှာတောင် ကိုယ်ပေးချင်တဲ့ username နဲ့ password ပဲတန်းပေးရတာပါ.။ အဲ့လိုပေးတာတွေမှာလဲ ကိုယ်က anonymous အနေနဲ့ သုံးမှာဖြစ်တဲ့အတွက် အမည်အမှန်တွေပေးစရာမလိုပါဘူး.။
*** Email, phone, bank information ကျန်တဲ့ personal information တွေဘာတစ်ခုမှမတောင်းပါဘူး.. ငွေပေးချေရတဲ့ Service တွေကအစ Real Currency ကိုမသုံးပဲ Bitcoin (BTC) လို Cryptocurrency တွေနဲ့ ပဲ ငွေပေးချေရတာပါ.။

အကြံပြုချက်
=========

ကိုယ်က Tor System ထဲက website (.onion ဆိုဒ်များ) တွေကိုအသုံးပြုမှာမဟုတ်ဘူး ဆိုရင်တော့ Tor Browser ကိုမသုံးဖို့အကြံပေးချင်ပါတယ်.။ ဘာဖြစ်လို့လဲဆိုရင် Loading time ကြာလို့ပါ.။ ကိုယ်က Facebook, Twitter, Google စတာတွေကို စိတ်ချလက်ချနဲ့ သုံးချင်ရင်တော့ VPN နဲ့ပဲသုံးပါလို့ အကြံပြုပါတယ်..။ VPN ရဲ့ သဘောက ကိုယ့်ရဲ့ လက်ရှိ IP ကိုတခြား နိုင်ငံ IP နဲ့ပြောင်းပေးတာဖြစ်တဲ့အပြင် VPN တွေမှာ ကိုယ်ပိုင် Tunnel တွေနဲ့ သွားတာဖြစ်တဲ့ အတွက် ကြားဖြတ်ပြီး ကိုယ်သုံးတဲ့ data အချက်အလက်တွေကို ဝင်ရောက် ေဖာက်ဖြတ်ပြီး ကြည့်လို့မရပါဘူး.။ နောက်တစ်ချက် VPN ရဲအားသာချက်က Device တစ်ခုမှာ run ထားလိုက်ရင် ကိုယ့်ရဲ့ device ထဲမှာရှိသမျှ အင်တာနက်နဲ့ချိန်ဆက် အလုပ်လုပ်တဲ့ app, browser, game ဘယ်ဟာဖြစ်ဖြစ်အကုန်လုံးကလဲတခြားနိုင်ငံ IP အနေနဲ့ပဲ သွားပါတယ်.။

16/02/2021

ခုချိန်က CDMမလုပ်​သေးတဲ့လူ​တွေကို သိမ်းသွင်းရမှာမဟုတ်​တော့။ CDMလုပ်​နေတဲ့လူ​တွေကို CDMမလုပ်​​တော့အောင်အတင်းအကြပ်ဖိအား​ပေးမှု ဖမ်းဆီးမှုက​နေကာကွယ်ဖို့၊စောင့်​ရှောက်ဖို့၊​စား​ဝတ်​နေ​​ရေးထောက်ပံ့ဖို့ ဝိုင်းလုပ်ကြရမယ့်အချိန်ဖြစ်​နေပါပြီ။

(စစ်ပွဲအရ​ပြောမယ်ဆို နယ်​မြေအသစ်​တွေအ​လောတကြီးသထပ်သိမ်းဖို့မလုပ်ပါနဲ့​တော့ ကိုယ်​တွေသိမ်းထားတဲ့နယ်​မြေ​တွေကိုထိန်းသိမ်းပြီးပြန်ပါမသွား​အောင်လုပ်ရမယ်၊ ဟိုဘက်ကလည်း သိရသ​လောက်အစွမ်းကုန်ပြန်လု​နေပါတယ်။)


ရုံးပိတ်ရက်သံရုံးတွေပိတ်မယ်ဆိုတာသူသိတယ် CCTV ဆက် run နေမှာလဲသူသိတယ် အဲတော့ မရရ ရတဲ့နည်းနဲ့ သူပြတယ်လေးစားပါတယ် ညီမငယ် မင်...
13/02/2021

ရုံးပိတ်ရက်သံရုံးတွေပိတ်မယ်ဆိုတာသူသိတယ်
CCTV ဆက် run နေမှာလဲသူသိတယ် အဲတော့ မရရ ရတဲ့နည်းနဲ့ သူပြတယ်
လေးစားပါတယ် ညီမငယ်
မင်းတာဝန်သိပြည်သူတယောက်ပီသပါတယ်




Photo Crd

Address


Website

Alerts

Be the first to know and let us send you an email when Fact or Fake posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share