18/08/2021
အားလုံးဘဲမင်္ဂလာပါဗျ PES ထဲမှာ တိုက်စစ်မူးတွေက🙆♂️ Playing Style မတူတဲ့အခါ တယောက်နဲ့တယောက်❤
ကစားပုံမတူဘဲကွဲလွဲစွာကစားတက်ကြပါတယ်⚽
အသင်းတသင်းမှာ ဂိုးသွင်းဖို့ အဓိကလူက CF ပါ
တိုက်စစ်မူး ဂိုးပေါက်ပြောက်နေရင် ကိုယ့်အသင်းက
တခါတလေ ဂိုးရဖို့ ရုန်းကန် နေရတက်ပါတယ်
အဲ့တော့ဂိုးရဖို့အတွက်အရေးအပါဆုံးဖြစ်တဲ့
တိုက်စစ်မူးတွေရဲ့ Playing style တွေထဲက
1.PostPlayer (Target man)
2.Adv.Striker (Goal pocher )
3.Dummy runs
4.Poacher(Fox in the box)
တို့ကိုသိသလောက်အသေးစိတ်ရှင်းပြချင်ပါတယ်
ကိုယ်နဲ့အဆင်ပြေမဲ့ကိုယ်ကစားတက်တဲ့
တိုက်စစ်မူးပုံစံကိုရွေးကစားပါ.✌
တိုက်စစ်မူးတယောက်က
သူရဲ့ Playing style အတိုင်းဘဲ ကစားပါတယ်
ဒါကို ဥပမာ တခုပြရရင်
PES ထဲမှာ ဖော်လန် 3 မျိုးရှိတယ်
အက်သလက်ဖော်လန်နဲ့မန်ယူဖော်လန်
ဒါပေမဲ့ Playing style ချင်းမတူလို့
ကစားတာလုံးဝကွဲနေပါလိမ့်မယ်
မန်ယူဖော်လန်က Adv.Striker - Goal pocher
နောက်အက်သလက်ဖော်လန်ကလဲ
Adv.StrikerGoal pocher ဘဲ
နောက်ဆုံး
အက်သလက်ဖော်လန်က Poacher (Fox in the box)
Playing style မတူလို့ ကစားတာ လုံးဝမတူပါဘူး
မန်ယူဖော်လန်နဲ့ဒုတိယဖော်လန်ကရှေ့ကိုပြေးထွက်ပြီး
နောက်ဆုံးအက်သလက်ဖော်လန်ကပြေးမထွက်ပါဘူး
ဒါဟာ Playing style မတူလို့ဖြစ်ပါတယ်
သုံးကြည့်ရင်သိနိုင်ပါလိမ့်မယ် ဒါကဥပမာပြောပြတာပါ
👨🏫👨🏫👨🏫
(1)အရင်ဆုံး Post Player ပါ🙆♂️
Target man လိုလဲခေါကြပါတယ်
အများစုကဒီစတိုင်ကိုမကစားတက်ကြပါဘူး
ဘာဖြစ်လို့လဲဆိုတော့သူဒို့ကပြေးမထွက်ဘဲ
ကွင်းလယ်ထိအမြဲဘောလုံးဆင်းယူလို့ပါ
Post Player အဖြစ်ကစားတဲ့တိုက်စစ်မှုးဟာ
အသင်းတိုက်စစ်ဆင်နေချိန်မှာ
ပြိုင်ဖက် ဧရိယာထိပ်နားလောက်မှာ
နေရာယူရပါမယ်
အဲ့လိုနေရာယူချင်းဖြစ်
ပြိုင်ဖက်ရဲ့Cbတွေနဲ့ ထိပ်တိုက် တွေ့မယ့်
အနေအထားကနေရှောင်နိုင်ပါတယ်
ပြိုင်ဘက် Cb နဲ့ထိပ်တိုက်မတွေ့တဲ့အတွက်
အသင်းဖော်တွေကPost Player ဆီကို ဘောလုံးလွယ်ကူစွာပေးပို့နိုင်ပါတယ်
Post Player ဟာ ရလာတဲ့ ဘောလုံးတွေကို
အသင်းဖော် တောင်ပံ ကစားသမား
တွေဆီ ဘောလုံးဖြန့်ဖြန့်ဝေပြီးတာနဲ့
ပြိုင်ဘက်ဧရိယာအတွင်းကို
ဂိုးသွင်းဖို့ပြေးဝင်ရမှာပါ
ဒါမှ တောင်ပံက ဖြတ်တင်ဘောတွေ
အဆုံးသတ်ဂိုးသွင်းဖို့သူက
အဆင်သင့်ဖြစ်နေမာပါ
Post Player အဖြစ် ကစားတဲ့
တိုက်စစ်မှုးတွေက
Bodyပိုင်းရော ပိုင်းရော
Ball Skills ပိုင်းမှာပါ ကောင်းမွန်ဖို့လိုပါတယ်
ဘာလို့လဲဆိုတော့ အသင်းဖော်တွေနဲ့
ချိတ်ဆက်ကစားရမှာဖြစ်တာကြောင့်
ပေးပို့မှု့တွေ ဘောလုံးအထိန်းသိမ်းတွေ
အလိမ်အခေါကိ စတာတွေ
ကျွမ်းကျင်ရပါလိမ့်မယ်
ဂိုးသွင်းအဆုံးသတ်ဖို့
ပြိုင်ဘက်Cbတွေ့နဲ့တွေရမှာဖြစ်လို့
အမြင့်ဘော body ပိုင်း
မှာလည်းကောင်းဖို့ဖို့လိုအပ်ပါတယ်
ဘောလုံးကိုလဲအမြဲကွင်းလယ်ထိ
လက်ခံပြီးဆင်းယူတက်ပါတယ်
ဥပမာ- ကလွိုင်ဘတ် ဂီရော့ ကိုလာ
👨🏫👨🏫👨🏫
နောက်ထပ်ပြောမှာက
(2)Adv.Striker Role ပါ🙆♂️
Goal pocher လို့လဲခေါကြပါတယ်
ဒါကတော့အများဆုံးအသုံးပြုတဲ့စတိုင်ပါ
ပြေးမယ်လိမ်မယ်ခေါက်မယ်ပုံစံပါ
Adv.Striker ကစားတဲ့တိုက်စစ်မှုးဆိုတာ
အသင်းတိုက်စစ်ဆင်ချိန်မှာ
Post Player လိုမဟုတ်ပါဘူး
ပြိုင်ဖက် ခံစစ်မှုးတွေရဲ့ ကြား၊
ဒါမှမဟုတ် တစ်ဖက်ခံစစ်မှုးတွေရဲ့ကြားအပြိုင်
နေရာယူထားရမှာပါအလိုနေရာယူထားလို့
ပြိုင်ဖက် ခံစစ်မှုးတွေရဲ့
ထိန်းချုပ်မှုကိုခံကိုခံရမှာအသေချာပါဘဲ
ဒါပေမဲ့အဲဒါကဘဲအားသာချက်ပါ
ပြိုင်ဘက်Cbတွေက
အတင်းလိုက်ကပ်ပြီးထိန်းချုပ်နေလို့
ကိုယ်အသင်းရဲ့ အသင်းဖော်
တချားစားသမားတွေအတွက်
ပိုပြီးနေရာလွတ်တွေဖြစ်လာပါတယ်
Adv.Striker တွေရဲ့သတိထားရဲ့မဲ့အရာက
လူကြွံဘောမဖြစ်အောင်ကစားဖို့လိုတာပါ
ဘာလို့လဲဆိုပြိုင်ဖက်ရဲ့ Offsilde line မှာ
Cbတွေနဲ့အပြိုင်သူက
အမြဲလုပ်ရှာကစားနေရမှာမိုလို့ပါ
ဥပမာ-ဘာပေ ရူမီနီဂီ တောရက် ဟာလန်း ရက်ဖို့
👨🏫👨🏫👨🏫
နောက်တခုကတော့
(3) Dummy runs (Playing Styles) ပါ🙆♂️
ဒီစတိုင်ကတော့အသုံးချတက်ရင်
အကောင်းဆုံးစတိုင်တခုပါ
အလွယ်မှတ်ရရင် နေရာလွတ် ရှာဖွေသူ ပေါ့
သူရဲ့ပုံစံကတော့
ပြိုင်ဖက် အသင်းရဲ့ဂိုးစီးတဝိုက်မှာ
နေရလွတ် တွေ ရှာဖွေမယ်
အချိန်မှန် နေရာမှန် ရွေးလျားပြီး
အကွက် မြင်နိုင်ရမယ်
အသင်းရဲ့ဂိုးသွင်းရမယ့်တာဝန်ကို
သူကယူထားရမှာမဟုတ်ဘဲ
နေရာလွတ်တွေဖန်တီးဖို့ကသူရဲ့တာဝန်ပါ
နေရာလွတ်တွေရပြီဆိုထဲက
ခင်ဗျာအသင်းဂိုးရဖို့အတွက်
အခွင့်ရေးများသွားပါပြီ
ဒီနေရာမှာဘယ်သူမှအထင်မကြီးကြတဲ့
ကစားသမားတယောက်က
အကောင်းဆုံးဖြစ်နေပါတယ်
ဟုတ်ပါတယ်သူကတော့
ဘိုင်ယန်အသင်းက သောမက်မူလာပါ
muller ကိုမသိရင်လေးတိလေးကွေး ကစားပုံ
ကို့ရိုးကားယားတွေပုံကြောင့်
မကြိုက်ရင်မှားပါလိမ့်မယ်
ဒါပေမဲ့ ဒီ Roleကို မူလာထားကြည်ပါ
$ရမ်းကောင်းပါတယ်သူနဲ့အလိုက်ဖက်ဆုံးပါ
ဥပမာ- မူလာ ဖာမီနို
👨🏫👨🏫👨🏫
နောက်တခုကတော့
(4)Poacher (Fox in the box)🙆♂️
ကိုင်တွယ်ရခက်တဲ့စတိုင်ပါ
လိမ်မယ်ခေါက်မယ်ပြေးမယ်
လည့်မယ်ဆိုတဲ့သူတွေအတွက်မဟုတ်ပါဘူး
အပြင်မှာ Classical Strikerလို့ခေါ်ကြပြီး
ရှေးရိုးစွဲတိုက်စစ်မှုးပုံစံမျိုးတွေပါ
ညာခြေဘယ်ခြေ ခေါင်းတိုက်
ကစ်ချက်ကောင်း
အကုန်ရတဲ့ တိုက်စစ်မှုးမျိုးပါ
Area ထဲမှာ ကြောက်စရာအကောင်းဆုံး
တိုက်စစ်မှူးတွေဖြစ်လို.
Fox in the boxလို့ခေါကြတာပါ
Game ထဲမှာ အဲ့တိုက်စစ်မူးတွေဟာ
တိုက်စစ်ရဲ့စီးအတွင်ထဲမှာပဲအနေများပြီး
ကွင်းလယ်ကိုတောင်
သိပ်ဆင်းတာမျိုးတွေမလုပ်ကြပါဘူး
တောင်ပံကစားသမားတွေ နဲ့လဲ
ချိတ်ဆက်တာမျိုးသိပ်မရှိပဲ
အသင်းဖော်တွေဘောလုံးရပြီဆို
ပြိုင်ဘက် Area ထဲပဲဝင်ပြေးပြီး
သူ့ကိုဖန်တီးပေးဖို့
စောင့်ဆိုင်းတတ်ပါတယ်
ထိချက်အနည်းဆုံးနဲ့
ဂိုးရအောင်ကောက်သွင်းနိုင်သလို
ဖြတ်တင်ဘောတွေလာရင်လဲ
ဝင်ပိတ်ဖို့ နေရာယူမှန်ကန်တာမျိုးတွေက
ဂိုးရဖို့အတွက်အားသာချက်ပါ
ဒါပေမဲ့သူဒို့ဟာတိုက်စစ်မှာ
တစ်ယောက်ထဲ ထီးထီးရှိတတ်တဲ့
ကစားသမားဖစ်ပြီး
ကိုယ့်အသင်းရဲ့ကစားကွက်ထဲမှာတော့
သိပ်ပါဝင်ပတ်သတ်မှာမဟုတ်ပါဘူး
ကိုယ်ကဂိုးရဖို့အတွက်
တိုက်စစ်မှုးတစ်ဦးထဲအပေါ
လုံးဝမှီခိုကစားတတ်တဲ့သူဆိုရင်တော့
Poacher (Fox in the box)ဟာ
အကောင်းဆုံးပါပဲ
အားသာချက်က
သူက တလုံးကန်ခွင့်ရရင် ၁ ဂိုးပါ
ဒီနေရာမှာသတိပေးချင်တာက
Poacher (Fox in the box) တွေဟာ
တောင်ပန်ကဆွဲပြေးလာတဲ့သူတွေနဲ့
ကွင်းလယ်ကလိမ်ခေါက်နေတဲ့
ကိုယ့်အသင်းကွင်လယ်ကစားသမားတွေကို
ကျွန်တော်ကိုဖန်တီးပေးကြပါဦးဗျဆိုတဲ့
စတိုင်ဒီဇိုင်းကာလာအနေထားနဲ့
တိုက်စစ်မူးဖြစ်တာကြောင့်
သူဂိုးရဖို့အတွက်တော့ကိုယ့်အသင်းက
တောင်ပန်ကစားသမားနဲ့
ကွင်းလယ်ကလူတွေက
ဖန်တီးမှုများများ
လုပ်ပေးနိုင်ဖို့တော့လိုအပ်ပါတယ်
သူဒို့ကိုဖန်သာတီးပေးလိုက်ပါ
သူဒို့က ၁ လုံးကန် ၁ လုံးဂိုးပါဘဲ
Poacher (Fox in the box)တွေက
အဲ့လောက်ထိဂိုးသွင်းတိကြပါတယ်
ဥပမာ- ဗင်ဗန်စတန် ရိုမာရီယို ဘာတစ်စတူတာ
နောက်ပိုစ့်တွေကြမှ တချား Playing style တွေကို
အသေးစိတ်ထပ်တင်ပေးသွားပါမယ်
အားလုံးအဆင်ပြေကြပါစေဗျာ.🙆♂️❤✌
ျား
ဒါကတော့ကျွန်တော်ရဲ့ Facebook အကောင့်ပါ.👇👇
https://www.facebook.com/profile.php?id=100007802077936