13/09/2023
ကဲ အားလုံးသိကြတဲ့အတိုင်း Appleကတော့ iPhone 15 Series နဲ့ Apple Watch Series 9, Watch Ultra 2 တို့ကို မိတ်ဆက်လိုက်ပါပြီ
✓iPhone 15 & 15+
iPhone 15 မှာ ဘာတွေပြောင်းလဲသွားလည်းဆိုရင် ..
USB-C နဲ့ အတူ Dynamic Island ပါဝင်လာပြီး
OLED Display ကို 2000nitsနဲ့ လာတဲ့အပြင်
Sizeအနေနဲ့ Iphone 15က 6.1"နဲ့ Iphone 15Plus
ကတော့ 6.7"နဲ့ပါ
ကင်မရာပိုင်းမှာတော့ 48MP Camera ဖြစ်သွားပြီး Low Light တွေမှာ အရင် iPhone တွေထက် ပိုတိကျပြတ်သားတဲ့ ပုံတွေ ဖမ်းယူပေးမှာဖြစ်တဲ့အပြင် Optical-Quality (2) ဆ နဲ့ Telephoto ကလည်း
တော်တော်လေး အဆင့်မြင့်လာတာပါ။
A16 Bionic Chipအသုံးပြုထားပြီး အရောင်တွေ အနေနဲ့ Pink, Yellow, Green, Blue, Black ဆိုပြီး အရောင် (၅) မျိုးနဲ့ပါ
✓iPhone 15 Pro & 15 Pro Max
- iPhone 15 Pro Lineup ကြီး တစ်ခုလုံးကို Titanium နဲ့ ပြုလုပ်ထားပြီး iPhone 15 Pro တွေမှာ Silent လုပ်လို့ရတဲ့ Buttons အစား Action Button အသစ်ကို ထည့်သွင်းထားတဲ့ အပြင် Feature (9) ခုအထိ အသုံးပြုနိုင်ပါသေးတယ်။
A16 Bionic Chipထက် 4%ပိုမြန်တဲ့ A17 Pro Chip အသစ်ကို အသုံးပြုထားတဲ့ အပြင် 48MP Main Camera ကို အသုံးပြုထားပြီး 12MP Telephoto က Optical Zoom ကို (၅) ဆ အထိ Zoom ဆွဲလို့ရနိုင်မှာပါ။ ဒါဟာ 120mm ရှိတဲ့ Lens တွေနီးတူ အလုပ်လုပ်မှာဖြစ်ပြီး Zoom ဆွဲလိုက်တိုင်း Pixel ကွဲခြင်းမရှိပဲ Real Time Photo တွေကိုပဲ ရအောင်ပြုလုပ်ပေးထားမှာဖြစ်ပါတယ်။ Ultra Wide Camera ကို 12MP အသုံးပြုထားပါတယ်။
အရောင်တွေ အနေနဲ့ Natural Titanium, Blue Titanium, White Titanium, Black Titanium ဆိုပြီး Color (၄) ရောင်နဲ့ ရွေးချယ်လို့ရနိုင်မှာဖြစ်ပါတယ်။
✓Apple watch Series 9
S9 SiP နဲ့ လာမှာပါဖြစ်ပြီး Neural Engine က 2x ပိုမြန်လာပါမယ်။
Battery Life က 18 နာရီပါဝင်လာမှာဖြစ်ပါတယ်။
Double Tap နဲ့ Phone Call တွေ၊ Widget တွေနဲ့ Timer မှတ်တာတွေ သီချင်းတွေ Play, Pause လုပ်တာတွေ မှာ တော်တော်လေး အသုံးဝင်လာမှာဖြစ်ပါတယ်။
Siri + Health ဆိုတဲ့ Feature ပါဝင်လာပြီး ကျန်းမာရေးအတွက် သိလိုရာ မေးနိုင်ပါတယ်။
AirTag တွေလိုမျိုး ကိုယ့် iPhone က အနီးနားမှာထားထားပြီးပျောက်နေရင် Apple Watch နဲ့ ပြန်ရှာနိုင်ပါမယ်။
2000 Nits Brightness နဲ့ Series 8 ထက် Double လင်းမယ့် Brightness ဖြစ်ပါတယ်။ မှောင်နေတဲ့အချိန်မှာလည်း 1 nits ချင်းစီကို လျှော့ချနိုင်အောင်လည်းလုပ်ပေးထားပါတယ်။
အရောင်တွေ အနေနဲ့ကတော့ Pink, Starlight, Silver, Midnight, Products (RED) ဆိုပြီး Gorgeous အရောင်လေးတွေနဲ့ ထွက်လာတာဖြစ်ပါတယ်။
✓Watch Ultra 2
3000 Nits Brightness ကိုမှ အသက်ဝင်နေမယ့် Display နဲ့လာပါမယ်
Modular Watch Face အသစ်နဲ့ Feature တွေ လှုပ်ရှားနေမှုကို မြင်တွေ့ရဦးမှာပါ
S9 SiP နဲ့ပဲ လာမှာဖြစ်ပါတယ်။
Battery Life က (၃၆) နာရီအသုံးပြုလို့ရနိုင်မှာဖြစ်ပြီး Low Power Mode ဖွင့်ထားရင်တော့ (၇၂) နာရီ အထိတောင် အသုံးခံမှာဖြစ်ပါတယ်။
Depth Session ကို ရေအောက်ရဲ့ ပိုနက်တဲ့နေရာတွေ အထိ သွားလို့ရအောင်လုပ်ပေးထားပြီး 500 ကနေ 9000 Meters အထိ Elevation Range တွေကို တိုင်းတာပေးဦးမှာပါ။
ဒါဆို ခုလတ်တလောမှ မိတ်ဆက်ခဲ့တဲ့ Iphone 15 Series တွေထဲက ဘယ်ဟာက သင်အကြိုက်ဆုံး ဖြစ်နေလဲ မန့်ပေးခဲ့ကြပါအုံးနော်🥰