Myanmar news

Myanmar news Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar news, Media/News Company, .

16/12/2021

မင်းဘယ်လောက်နာကျင်နေလိုက်မလဲ?

ဒါပေမဲ့ ဘေးနားကရဲဘော်တွေ စိတ်ဓာတ်ကျမှာစိုးလို့
"ငါအေးဆေးပဲ တဲ့
ကွမ်းရှိသေးလား ကွမ်းဝါးချင်လို့တစ်ယာလောက်တဲ့"

Respect ပါရဲဘော်💪💪

ရဲဘော်တွေအတွက် ဆေးဖိုးဝါးခလေး တတ်နိုင်သလောက်ပါဝင်လှူဒါန်းပေးကြပါအုံးဗျာ

B-09

ငါ့မြို့ ငါ့ဒေသ ငါ့ရွာမဟုတ်ဘူးငါနဲ့မဆိုင်ဘူးဆိုရင် ကျော်သွားလိုက်...👌mm.mmmm.ဒါမဲ့ မြင်ရင် ရင်နာတယ်💔😔
16/12/2021

ငါ့မြို့ ငါ့ဒေသ ငါ့ရွာမဟုတ်ဘူး
ငါနဲ့မဆိုင်ဘူးဆိုရင် ကျော်သွားလိုက်...👌
mm.mmmm.
ဒါမဲ့ မြင်ရင် ရင်နာတယ်💔😔

16/12/2021

ဒီထဲမှာ ငါ့အိမ်မပါဘူး ငါ့မိသားစုမဟုတ်ဘူးဆိုပြီး
ကျော်သွားကြအုန်းမှာလား လေးတော့လုပ်ပေးနိုင်မယ်ထင်ပါတယ်

ကရင်ပြည်နယ်သို့စစ်ကား ၁၇ စီးဖြင့် အင်အားဖြည့်တင်းထားတယ်လို့သိရ‼Dec15
16/12/2021

ကရင်ပြည်နယ်သို့

စစ်ကား ၁၇ စီးဖြင့်

အင်အားဖြည့်တင်းထားတယ်လို့သိရ‼

Dec15

KNU နယ်မြေအတွင်း ဝင်ရောက်ကာ ခိုလှုံနေထိုင်သူများကို စစ်တပ်က ဝင်ဖမ်းပြီး နောက်တစ်နေ့တွင် တိုက်ပွဲဖြစ်ပွားရာအနီးရှိ BGF တပ...
16/12/2021

KNU နယ်မြေအတွင်း ဝင်ရောက်ကာ ခိုလှုံနေထိုင်သူများကို စစ်တပ်က ဝင်ဖမ်းပြီး နောက်တစ်နေ့တွင် တိုက်ပွဲဖြစ်ပွားရာအနီးရှိ BGF တပ်က တိုက်ပွဲဖြစ်ရာဘက်သို့ ထွက်သွားသည်ဟု သိရသည်။

အာဏာသိမ်းပြီးနောက် KNU နယ်မြေများတွင် စစ်ကောင်စီတပ်နှင့် KNLA တို့ တိုက်ပွဲများ ပြင်းထန်နေသည်။

စစ်ကောင်စီတပ်များ KNU နယ်မြေ လေးကေကော်မြို့သစ်ကို ဝင်ရောက်ခြင်းမှာ လက်ခံနိုင်ဖွယ်ရာမရှိဟု KNU နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက မှတ်ချက်ပေးသည်။

----
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

ပုသိမ်လေယာဉ်ကွင်းကနေ စစ်လေယာဉ်အချို့ ထွက်ခွာနေ #ပုသိမ် #ဧရာဝတီတိုင်း #လေယာဉ်ကွင်းဧရာဝတီတိုင်း ပုသိမ်မြို့ ပုသိမ်လေယာဉ်ကွ...
16/12/2021

ပုသိမ်လေယာဉ်ကွင်းကနေ စစ်လေယာဉ်အချို့ ထွက်ခွာနေ

#ပုသိမ်
#ဧရာဝတီတိုင်း
#လေယာဉ်ကွင်း

ဧရာဝတီတိုင်း ပုသိမ်မြို့ ပုသိမ်လေယာဉ်ကွင်းကနေ စစ်အုပ်စုရဲ့ လေယာဉ်အချို့ ပျံသန်းထွက်ခွာနေတဲ့ အသံတွေကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၁၅ရက်နေ့ ညနေ ၆နာရီခန့်ကစတင်ပြီး စစ်အုပ်စုရဲ့ လေယာဉ် သုံးစင်းခန့် ပျံသန်းထွက်ခွာသွားတယ်လို့ သိရပါတယ်။

“ညနေ ၆နာရီလောက်ကပဲ တိုက်လေယာဉ်တွေ ဘယ်ကိုထွက်သွားလဲမသိဘူး ထွက်သွားတယ်၊ အရင်ကတော့ ဒီလိုအချိန် သိပ်ထွက်တာမတွေ့ဘူး၊ ထွက်တော့ ထွက်တတ်တယ်၊ အခုဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ဆိုင်မလားလို့ သတင်းလှမ်းပေးတာပါ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပုသိမ်လေယာဉ်ကွင်းဟာ ခရီးသည်တင်လေယာဉ်တွေ ပျံသန်းခြင်းမပြုခဲ့တာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး စစ်အုပ်စုရဲ့ လေယာဉ်တွေသာ အတက်အဆင်းလုပ်ဆောင်လေ့ရှိပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေကော်မြို့သစ်မှာလည်း အကြမ်းဖက်စစ်အုပ်စုနဲ့ KNLAတို့အကြား စစ်ရေးတင်းမာနေပြီး ညနေပိုင်းတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ-Google

လေးကေ့ကော်မြို့သစ်တွင် ခိုလှုံသူ ၆၀ ကျော်ကို စစ်တပ်က ဖမ်းဆီး၊ စစ်ရေးအခြေအနေ တင်းမာနေDVBကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ...
16/12/2021

လေးကေ့ကော်မြို့သစ်တွင် ခိုလှုံသူ ၆၀ ကျော်ကို စစ်တပ်က ဖမ်းဆီး၊ စစ်ရေးအခြေအနေ တင်းမာနေ
DVB

ကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်မှာ စစ်ကောင်စီရဲ့တပ်တွေက နယ်မြေကျူးကျော်ဝင်ရောက်လာပြီး လွှတ်တော်အမတ် အပါအဝင် ခိုလှုံသူ အယောက် ၆၀ ကျော်လောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့က ခရိုင်ဥက္ကဋ္ဌရဲ့ခွင့်ပြုချက်နဲ့ မြို့အတွင်းပိုင်းကို ရှာဖွေခွင့်ပေးလိုက်တာ။ ဒီမနက်ထပ် ဝင်လာတယ်။ မနေ့က စစ်ကြောရေးက ထပ်ဖော်ထုတ်လိုက်တဲ့အတွက် ထပ်စစ်ကြည့်ချင်တယ်ဆိုပြီး လာတာ။ ဖမ်းဆီးခံရတဲ့သူတွေကို မနှိပ်စက်ဖို့ သဘောတူညီမှုတော့ ယူထားတယ်။ နောက်တောနင်းရှာဖွေတာတွေ မလုပ်ဖို့ ။ အဲဒါတွေပါ သူတို့လုပ်လာရင် တန်ပြန်စစ်နဲ့တိုက်မယ်”
http://burmese.dvb.no/archives/505992
#လေးကေ့ကော် #စစ်ကောင်စီတပ် #စစ်ရေးတင်းမာ

16/12/2021

ကဲ...
လေးကွေ့ကော် တိုက်ပွဲစနေပါပြီ...

video...မင်းဆန်းလွင်

အကြမ်းဖက်စစ်အုပ်စုကို စွန့်ခွာပြီး တပ်ကြပ်ကြီးတစ်ဦး ပြည်သူထံအလင်းဝင်  #ကယားပြည်နယ်  ကယားပြည်နယ် (ကရင်နီ) ခမရ ၅၃၁ တပ်ရင်း...
16/12/2021

အကြမ်းဖက်စစ်အုပ်စုကို စွန့်ခွာပြီး တပ်ကြပ်ကြီးတစ်ဦး ပြည်သူထံအလင်းဝင်


#ကယားပြည်နယ်


ကယားပြည်နယ် (ကရင်နီ) ခမရ ၅၃၁ တပ်ရင်းမှ တပ်ကြီးတစ်ဦး လက်နက်အပြည့်အစုံနဲ့ အကြမ်းဖက်စစ်အုပ်စုကို စွန့်ခွာကာ KNDFကနေတဆင့် ပြည်သူထံအလင်းဝင်ရောက်ခဲ့တယ်လို့ KNDFက ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

“စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခြင်းကို လက်မခံနိုင်သဖြင့် ပြည်သူ့ဘက်သို့ မားမားရပ်တည်ဖို့ဆုံးဖြတ်ခဲ့တယ်” လို့ ပြည်သူ့ဖက်ကို ပူးပေါင်းလာတဲ့ တပ်ကြပ်ကြီးပြောကြားထားတဲ့ ရည်ရွယ်ချက်ကို KNDF ကထုတ်ပြန်ထားပါတယ်။

လက်နက်အပြည့်အစုံနဲ့ လာရောက် အလင်းဝင်ရောက်ခဲ့တဲ့ တပ်ကြပ်ကြီးကို KNDFက ပြည်သူ့ထောက်ပံ့ရန်ပုံငွေကနေ ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

မင်းတပ်မှာ နေ့စဉ်နီးပါးတိုက်ပွဲဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေ #မင်းတပ် #ချင်းပြည်နယ်    ချင်းပြည်နယ် မင်းတပ်မြို့နယ်နဲ့ အ...
15/12/2021

မင်းတပ်မှာ နေ့စဉ်နီးပါးတိုက်ပွဲဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေ

#မင်းတပ်
#ချင်းပြည်နယ်



ချင်းပြည်နယ် မင်းတပ်မြို့နယ်နဲ့ အနီးတစ်ဝိုက်မှာ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ CDF-MINDAT ကသတင်းထုတ်ပြန်ခဲ့ပါတယ်။

ဆက်လက်ဖတ်ရှုရန် »
https://deltanewsagency.com/11761/

ဒီကနေ့ ဒီဇင်ဘာလ ၁၅ရက်နေ့ မွန်းလွဲ ၁နာရီ၃၀မိနစ်ခန့်မှာ မယ်လယ်ကုန်းကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စု မိုင်းဆွဲခံရပြီးနောက် အကြမ်းဖက်စစ်အုပ်စုနဲ့ CDF-MINDAT၊ ယော PDFပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ထိခိုက်သူများပြားနိုင်တယ်လို့ သိရပါတယ်။

တိုက်ပွဲအပြီးမှာ ကျောက်ထုမြို့ကနေ စစ်အုပ်စုရဲ့ အင်အား ၁၀၀ခန့်ဟာ စစ်ကူရောက်ရှိလာပြီး မယ်လယ်ကုန်းကျေးရွာမှာ တပ်စွဲထားတယ်လို့ CDF-MINDATက ထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်းမှာ CDF-MINDATနဲ့ ယော PDFတို့ဘက်က ထိခိုက်သူမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၁၂ရက်နေ့ ညနေ ၃နာရီခန့်ကလည်း ကျည်းရွာနဲ့ လယ်ဆောကျေးရွာကြားမှာ တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အင်အား ၇၂ဦးနဲ့ နယ်မြေရှင်းလင်းရေး လာရောက်လုပ်ဆောင်တဲ့ စစ်အုပ်စုကို ပူးပေါင်းတပ်ဖွဲ့ ချုံခိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ချုံခိုက်တိုက်ခိုက်ခံရတာကြောင့် အထိနာခဲ့ရတဲ့ စစ်အုပ်စုဟာ လယ်ဆောကျေးရွာထဲကို ဝင်ရောက်ပြီး ဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒီဇင်ဘာ ၁၃ရက်နေ့ မနက် ၁၁နာရီဝန်းကျင်မှာ လယ်ဆောကျေးရွာအနီးမှာပဲ အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းတပ်ဖွဲ့တို့ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ၁၀ဦးထက်မနည်း သေဆုံးကာ ဒေသခံတွေထံက စစ်အုပ်စု လုယက်ခိုးယူသွားတဲ့ ပစ္စည်းတွေ ပြန်လည်ရရှိခဲ့တယ်လို့ သိရပါတယ်။

မင်းတပ်မြို့နယ်နဲ့ အနီးတဝိုက်မှာ စစ်ရေးအရှိန်တွေ တင်းမာနေပြီး စစ်အုပ်စုက တိုက်ပွဲဖော်ဆောင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ- CDF-MINDAT

ပျူစောထီးလက်ချက်ကြောင့်ဆုံးသွားတဲ့လူငယ်လေးကို လိပ်ပြာခွဲတော့ သူ့မိန်းမကိုဘယ်သူ့ကိုမှမပေးဘူးတဲ့ရွှေဘို မြင်းစီးရွာမှာ အသက...
15/12/2021

ပျူစောထီးလက်ချက်ကြောင့်ဆုံးသွားတဲ့လူငယ်လေးကို လိပ်ပြာခွဲတော့ သူ့မိန်းမကိုဘယ်သူ့ကိုမှမပေးဘူးတဲ့

ရွှေဘို မြင်းစီးရွာမှာ အသက် ၂၁ နဲ့ ၁၇ နှစ်အရွယ်ကောင်လေး ၂ ယောက်ဆိုင်ကယ်စီးလာတာကို

ဆိုင်ကယ်ရပ်မပေးလို့ဆိုပြီး ဒလန်ဌေးအောင် (ပျူစောထီး) အဖွဲ့က သေနတ်နဲ့ပစ်သတ်တာ

ကလေး၂ ယောက်စလုံးနေရာမှာတင် ပွဲခြင်းပြီးဆုံးသတဲ့။

၂၁ နှစ်အရွယ်ကောင်လေးက အိမ်ထောင်သည်။ သင်္ဂြိုလ်တဲ့နေ့မှာ ရပ်ရွာဓလေ့အတိုင်း

လိပ်ပြာခွဲတော့ သူ့မိန်းမကို ဘယ်သူ့မှမပေးဘူးတဲ့။



ချိန်ခွင်လျှာက သူ့ဘက်ကိုပဲ အသာပြတော့ ကျန်ခဲ့တဲ့ သူ့မိန်းမ ခမျာ ရူးမတတ်ခံစားရရှာတယ်။

ဒါတွေဟာ တော်လှန်ရေးပြီးရင် ပြစ်မှုကျူးလွန်သူတွေကို ထိထိရောက်ရောက်အရေးယူရမယ့်ကိစ္စတွေထဲကတခုပေါ့။









ထိထိရောကျရောကျအရေးယူရမယျ့ကိစ်စတှထေဲကတခုပေါ့။



crd

A military man has been arrested in connection with the shooting death of a buffalo in Joel.Posted by admin        “Brea...
15/12/2021

A military man has been arrested in connection with the shooting death of a buffalo in Joel.
Posted by admin








“Breaking News
The buffalo has been captured
The military council has arrested and prosecuted a buffalo that killed a military council soldier in Joel, said General Zaw Min Tun, the military council’s information officer.
The buffalo was confiscated by Joe. Grazing on public land; Breach of duty; Contact with NUG CRPH; Rebellion, violence, Drug use;
Defamation of the State; The military council reported that a case had been filed against him for corruption.
According to preliminary reports, the buffalo was arrested and interrogated at the behest of NLD MP Zeyar Thaw.
6 rounds of M16 assault rifle; 14 AK47 rifles; A 40mm gr***de launcher was seized
According to the military council, the buffalo will confess to MRTV MWD that he acted unknowingly due to the temptation of NUG CRPH.
Source: MRTV MWD KNNO NKA
Origin … Credit!

15/12/2021

စစ်အုပ်စုက ကိုးကန့်တပ်ဖွဲ့ကို တိုက်လေယာဉ်တွေနဲ့ပါ ဗုံးကျဲတိုက်ခိုက်





အကြမ်းဖက်စစ်အုပ်စုဟာ အထူးဒေသခ (၁) မုံးကိုးခရိုင်မှာရှိတဲ့ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (ကိုးကန့်တပ်ဖွဲ့ MNDAA)ကို တိုက်လေယာဉ်တွေပါ အသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ MNDAAက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၁၃ရက်နေ့ မနက် ၅နာရီ ၃၀မိနစ်ခန့်က စတင်ပြီး စစ်အုပ်စုက MNDAA စခန်းကို မြေပြင်စစ်ကြောင်းအပြင် တိုက်လေယာဉ်တွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။

စစ်အုပ်စုဟာ ခြေလျင်စစ်ကြောင်းနဲ့ မန်ရန်တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့မှုကို MNDAAက ခုခံစစ် အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ပြီး တိုက်ပွဲအပြီးမှာ စစ်အုပ်စုရဲ့ တပ်သားအလောင်း ၃လောင်းကို တွေ့မြင်ခဲ့ရကာ ဒီ့ထက်မက သေဆုံးမှုတွေလည်း ရှိနိုင်တယ်လို့ MNDAAရဲ့ ရှေ့တန်းစစ်ညွှန်ကြားရေးမှူးက ပြောကြားထားပါတယ်။

MNDAAရဲ့ ရှိဝမ်ရွာ ၊ ချင်ချိုင့်ထန် ၊ မန်ကျော် ရှိတပ်စခန်း ၃ခုကိုလည်း စစ်အုပ်စုက ခြေလျှင်စစ်ကြောင်းသာမက လေကြောင်းပစ်ကူတိုက်ခိုက်မှုတွေနဲ့ပါ တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

စစ်အုပ်စုက တိုက်ပွဲတွေအတွင်းမှာ လက်နက်ကြီးတွေကို အလွန်အကျွံအသုံးပြုကာ တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။

အင်္ဂလိပ်၊ဇီဝဗေဒနဲ့ ဓာတုဗေဒဘာသာရပ်တွေမှာ အမှတ်ကောင်းရုံနဲ့ ဆေးတက္ကသိုလ်ဝင်ခွင့်ပေးမယ်လို့ အကြမ်းဖက်ခေါင်းဆောင်ပြော #ပညာရ...
15/12/2021

အင်္ဂလိပ်၊ဇီဝဗေဒနဲ့ ဓာတုဗေဒဘာသာရပ်တွေမှာ အမှတ်ကောင်းရုံနဲ့ ဆေးတက္ကသိုလ်ဝင်ခွင့်ပေးမယ်လို့ အကြမ်းဖက်ခေါင်းဆောင်ပြော

#ပညာရေး
#ဆေးတက္ကသိုလ်
#ဝင်ခွင့်


အင်္ဂလိပ်၊ ဇီဝဗေဒနဲ့ ဓာတုဗေဒဘာသာရပ်တွေမှာ အမှတ်ကောင်းရုံနဲ့ ဆေးတက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုခွင့်ပေးပြီး ပညာသင်ထောက်ပံ့ကြေးပေးကာ ကျောင်းတက်ခွင့်ပေးမယ်လို့ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၃ရက်နေ့က နေပြည်တော်မှာ လုပ်ဆောင်ခဲ့တဲ့ စစ်အုပ်စုရဲ့ ကောင်စီအစည်းအဝေး ၁၈/၂၀၂၁မှာ ပြောကြားခဲ့တာဖြစ်တယ်လို့ စစ်အုပ်စုရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဆေးတက္ကသိုလ်ပြီးစီးပါက ဝန်ထမ်းအဖြစ် အနည်းဆုံး ၁၀နှစ်ထမ်းဆောင်ဖို့လည်း သတ်မှတ်သွားမယ်လို့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်က ဆိုပါတယ်။

အခုလိုပြောဆိုမှုဟာ ဉာဏ်နည်းပါးလွန်းရာကျနေပြီး မြန်မာ့ပညာရေးကို ဖျက်ဆီးဖို့ ကြိုးစားနေတာဖြစ်တယ်လို့ ဝေဖန်သုံးသပ်နေကြပါတယ်။

“ဒါသင် ဒါဖြေ ဒါရေးဆိုတာနဲ့ ဆရာဝန်တွေ ပေါပေါလောလောကို စက်ရုံကနေထုတ်သလို ထုတ်ချင်နေပုံရတယ်၊ အခုက CDM ကျန်းမာရေးဝန်ထမ်းတွေက အရမ်းများတော့ ဒင်းဘာမှ လုပ်မရဘူးလေ၊ ဒါကို ကာဗာလုပ်ချင်ပုံရတယ် သူစာမတတ်တာပိုသိသာတာပေါ့၊ ဒီလိုမျိုးနဲ့ သူသွားတွေ့ခဲ့တဲ့ မြေခွေးကြီးခင်ညွှန့်ကလဲ ပညာရေးကို ဖျက်ဆီးခဲ့သေးတာပဲ ရှေ့လူလမ်းစဉ်လိုက်ချင်တဲ့ လေသံ၊ ဒီ့လူ့လက်ထဲ နိုင်ငံကြာရှည်ရှိလို့မဖြစ်ဘူး မဟုတ်ရင် မြန်မာပြည်ပျက်မယ်”လို့ CDMကျန်းမာရေး ဝန်ထမ်းတစ်ဦးက သုံးသပ်ပြောကြားပါတယ်။

အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူအပြီးမှာ ပညာရေးနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ CDMမှာ အများဆုံးပါဝင်ခဲ့ကြတဲ့ ဌာနတွေဖြစ်ပါတယ်။

အဝေးပစ် ၆၀ (မမ)ကို တော်လှန်ရေးအင်အားစုတွေ တီထွင်နိုင်ပြီ #အဝေးပစ်လက်နက်   အဝေးပစ်လက်နက်ကြီးအမျိုးအစားတစ်ခုဖြစ်တဲ့ ၆၀(မမ)...
15/12/2021

အဝေးပစ် ၆၀ (မမ)ကို တော်လှန်ရေးအင်အားစုတွေ တီထွင်နိုင်ပြီ

#အဝေးပစ်လက်နက်



အဝေးပစ်လက်နက်ကြီးအမျိုးအစားတစ်ခုဖြစ်တဲ့ ၆၀(မမ)ကို တီထွင်အသုံးပြုနိုင်ပြီဖြစ်တယ်လို့ မြန်မာနိုင်ငံအလယ်ပိုင်းက လက်နက်ထုတ်လုပ်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ MTT Productionက သတင်းထုတ်ပြန်လိုက်ပါတယ်။

"ကျွန်တော်တို့ LPDF နှင့် MTT Production အဖွဲ့ကို ယုံကြည်စွာကူညီပံ့ပိုးပေးကြတဲ့ တစ်ဦးချင်းစီတိုင်းကိုကျေးဇူးတင်ပြီးလေးစားမိပါကြောင်း ဦးစွာပြောလိုပါတယ်။ပါဝင်အားဖြည့်မှု့အစုစုတိုင်းအတွက်လည်း ခွန်အားဖြစ်ရပါတယ်။မိတ်ဆွေတို့ ကူညီပေးခဲ့ကြတဲ့ အရာရာတိုင်းကိုလည်း တော်လှန်ရေးကိစ္စအဝဝမှလွဲ၍ မိမိကိုယ်ကျိုးအတွက်ရော၊ မိမိအစုအဖွဲ့ကိုယ်ကျိုးအတွက်ပါ လုံးဝ လုံးဝ အသုံးပြုမည် မဟုတ်ပါကြောင်းကိုလည်း ကတိသစ္စာပြုကြောင်း"လို့ MTT Productionက ဆိုပါတယ်။

အခုလိုလက်နက်ကြီးတစ်ခုကို တီထွင်နိုင်ဖို့ အချိန်တစ်လကျော်ကြာမြင့်ခဲ့ပြီး တီထွင်နေစဉ်အတွင်းမှာ ရဲဘော်တစ်ဦးကျဆုံးခဲ့ရကာ တစ်ဦး လက်ချောင်းနှစ်ချောင်းပြတ်တောက်တဲ့အထိ ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

တီထွင်ပြီးဖြစ်တဲ့ လက်နက်ကြီးတွေကို ဆက်လက်ထုတ်လုပ်ပြီး ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့သွားမယ်လို့ သိရပါတယ်။
ဓာတ်ပုံ- MTT Production

15/12/2021

👉 " စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီးတဦး အလောင်းကို PDF တွေက အမိန့်ပြန်ပြီး သဂြိုလ်ပေးခဲ့

ကျဆုံးသွားသော PDF 3ဦး အလောင်းအားပြန်ရပါပီ။သို့သော် ခေါင်းများဖျတ်ထားသည်😭💔
15/12/2021

ကျဆုံးသွားသော PDF 3ဦး အလောင်းအားပြန်ရပါပီ။

သို့သော် ခေါင်းများဖျတ်ထားသည်😭💔

15/12/2021

what young burnese fear about the myanmar coup

15/12/2021

စစ်ကောင်စီ၏ခြေလျင်တပ်ကိုဒေသခံပြည်သူ့ကာကွယ်ရေပူးပေါင်းတပ်ဖွဲ့မိုင်းဆွဲတိုက်ခိုက်

15/12/2021

👉" PDF ကတော့ RPG ထုပ်နေပြီနော်
နေရာတော့မပြောပြဘူး အဆင်ပြေလား
ဆက်လက်ကြိုးစားပါဦးမယ်

-video

13/12/2021

#မသိလို့မေးပါဦးမယ်

#အမိန့်အရဆို_ခိုင်းသမျှ_အကုန်လုပ်တာဘဲလား ???

၁ လအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်၂ ထောင်ကျော် သေဆုံး ဟု ထုတ်ပြန်ဧရာဝတီ၊ ဒီဇင်ဘာ ၁၃ ရက်၊ ၂၀၂၁အမျိုးသား ညီညွတ်ရေးအစိုးရ (NUG...
13/12/2021

၁ လအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်၂ ထောင်ကျော် သေဆုံး ဟု ထုတ်ပြန်

ဧရာဝတီ၊ ဒီဇင်ဘာ ၁၃ ရက်၊ ၂၀၂၁

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ကောက်ယူထားသော စာရင်းအရ ၁ လတာကာလအတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀၀၀ ကျော် သေဆုံးကြောင်း သိရသည်။

အဆိုပါ စာရင်းမှာ NUG အစိုးရမှ အရေးပေါ်အခြေအနေအဖြစ် ကြေညာပြီးနောက် တတိယမြောက်လအတွင်း သေဆုံးသည့်စာရင်း ဖြစ်သည်။

နိုဝင်ဘာလ ၇ ရက်မှ ဒီဇင်ဘာလ ၆ ရက်ထိ ၁ လတာ ကာလအတွင်း အာဏာသိမ်း စစ်ကောင်စီဘက်မှ သေ ဆုံးသူ၂၁၁၇ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၆၈၂ ဦးရှိခဲ့ကြောင်း NUG ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန ထုတ်ပြန်သည်။

အဆိုပါ ၁ လတာအတွင်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲ ၄၁၇ ကြိမ်၊ ဗုံးပေါက်ကွဲမှု ၃၇၀ ကြိမ် ဖြစ်ပွားခဲ့ပြီး၊ တိုက်ပွဲဖြစ်ပွားမှု အများဆုံးအဖြစ် စစ်ကိုင်းတိုင်းတွင် ၁၇၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်းတွင် ၄၁ ကြိမ်၊ ရန်ကုန်တိုင်းတွင် ၃၂ ကြိမ်၊ ရှမ်းပြည်နယ်တွင် ၂၅ ကြိမ်၊ မန္တလေးတိုင်းတွင် ၂၂ ကြိမ်၊ ကချင်ပြည်နယ်တွင် ၂၂ကြိမ်၊ ကရင်ပြည်နယ်တွင် ၂၁ ကြိမ်နှင့် မွန်ပြည်နယ်တွင် အကြိမ်ရေ ၂၀ ဖြစ်ပွားခဲ့ကြောင်းသည်။ ယင်းပြင် ချင်းပြည်နယ်တွင် အကြိမ် ၂၀ ၊ ပဲခူးတိုင်းတွင် တိုက်ပွဲဖြစ်ပွားမှု ၁၇ ကြိမ် ၊ ကယားပြည်နယ်တွင် ၁၁ ကြိမ်၊ တနင်္သာရီတိုင်းတွင် ၆ကြိမ် ၊ ရခိုင်ပြည်နယ်တွင် ၅ ကြိမ်နှင့် ဧရာဝတီတိုင်းတွင် ၄ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုံစာ- စစ်ကိုင်းတိုင်းအတွင်း၌ မိုင်းဆွဲတိိုက်ခိုက်ခံရသည့် စစ်ကောင်စီယာဥ်တစီး (ဓာတ်ပုံ -CJ)


07/12/2021

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးတွင် ပြည်သူ ၁၁ ဦးကို စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်။ ဒီဇင်ဘာ ၇၊ ၂၀၂၁။

သတင်းအပြည့်အစုံဖတ်ရန် -

https://www.facebook.com/The74Media/posts/စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးတွင် ပြည်သူ ၁၁ ဦးကို စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်။ ဒီဇင်ဘာ ၇၊ ၂၀၂၁။

သတင်းအပြည့်အစုံဖတ်ရန် -

https://www.facebook.com/The74Media/posts/

09/11/2021

ယင်းမာပင်မြို့မှာစခစခန်းကိုဝင်ထု စခအကောင်သုံးဆယ်ကျော်

09/11/2021

သတင်းကောင်းကြားရပြီ November 9/11/2021

09/11/2021

myanmar news

08/11/2021

မြို့ထဲက သမိုင်းဂုံးတံတားဘက်က ရက်ကွက်ရုံးနဲ့ တောင်ဒဂုံမြို့

08/11/2021

သတင်းစုံ posted a video to the playlist Videos News —
တစ်ရက်တည်း ၃ကြိမ်ဖြစ်တဲ့ ရန်ကုန်တိုင်းထဲက မင်္ဂလာဒုံမြို့နယ်

06/11/2021

မန္တလေးက မုန့်ဆိုင်ကိုလဲ ဝင်စီးသွားကြတယ်လို့သိရပါတယ်

06/11/2021

တမူးမြို့တွင် စစ်ယာဉ်တန်း မိုင်းခွဲ တိုက်ခိုက်ခံရ
တမူးမြို့တွင် စစ်ယာဉ်တန်း မိုင်းခွဲ တိုက်ခိုက်ခံရ
-------------------------

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ကလေး-တမူး အာရှလမ်းပေါ်ရှိ ဝိတုတ်ကျေးရွာနှင့် ရန်လင်းဖိုင် ကျေးရွာအကြားတွင် စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့ နို၀င်ဘာလ ၅ရက် မွန်းလွဲ ၁ နာရီခန့်အချိန်က မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း တမူးကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၃) က ယနေ့ နိုဝင်ဘာလ ၆ ရက်တွင်ထုတ်ပြန်ထားသည်။

တိုက်ပွဲကြာချိန် နာရီဝက် အတွင်း စစ်ကောင်စီ ခလရ (၈၉)တပ် မှ ဒုအရာခံဗိုလ်တစ်ဦး သေဆုံးကာ သုံးဦးဒဏ်ရာရပြီး MA3 သေနတ်တစ်လက်နှင့် ကျည်ဆန်များအပါဝင် အသုံးအဆောင်တချို့အား သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ခိုက်မှုတွင် တမူးကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၃)မှ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

ကြိုတင်သတင်းရရှိထားချက်အရ ကလေးမြို့မှ တမူးဘက်မြို့သို့ သွားသော စစ်ကောင်စီတပ် အင်အား ၁၂ယောက်ခန့် လိုက်ပါလာသည့် ကားအသေးနှစ်စီးကို လမ်းတွင် ပိတ်ဆို့ပြီး မိုင်းများနှင့် ဖောက်ခွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

05/11/2021

စစ်ကိုင်းတိုင်းထဲက ပုလဲမြို့ကနေ ကားတွေနဲ့ပြန်လာကြတယ်

လူတယောက်ဟာ မြင်းတကောင် ဝယ်ဖို့ ဈေးကို ရောက်လာသတဲ့ ။ ပြီးတော့ သူအ ကြိုက်ဆုံး မြင်းတကောင်ကို ရွေးပြီး မြင်းရောင်းသူကို.." ...
05/11/2021

လူတယောက်ဟာ မြင်းတကောင် ဝယ်ဖို့ ဈေးကို ရောက်လာသတဲ့ ။ ပြီးတော့ သူအ ကြိုက်ဆုံး မြင်းတကောင်ကို ရွေးပြီး မြင်းရောင်းသူကို..

" မိတ်ဆွေ ကျနော် ဒီမြင်းကို အိမ် ယူသွားပြီး မြင်း ကောင်း မကောင်း စမ်းသပ်ကြည့် ပါအုံးမယ် ။ မြင်းကောင်း ဆိုရင် ဝယ်ပါ့မယ် ။ မြင်းမကောင်းဘူး ဆိုရင်တော့ ပြန်ပို့ပါမယ် " လို့ ပြောသတဲ့ ။

မြင်းရောင်းသူ ကလည်း သဘောတူပြီး ခွင့်ပြုလိုက်တာပေါ့။

မြင်းဝယ်သူက မြင်းကို အိမ်ခေါ်သွားပြီး မြင်ဇောင်းထဲမှာ သူ့ရဲ့ မြင်းတွေအတူ ထားလိုက်သတဲ့။ ဒီတော့ ဝယ်လာတဲ့ မြင်းဟာ မြင်းဇောင်းထဲက မြင်းတွေကို သေချာ ကြည့်နေတယ် ။

ပြီးတော့ မြင်းတွေထဲက အပျင်းဆုံး အစားအသောက်လဲ အကြီးဆုံး အဆိုးဆုံး လောဘလဲ အကြီးဆုံးဖြစ်တဲ့ မြင်းရဲ့အနားကို ချဉ်ကပ်ပြီး မိတ်ဆွေဖွဲ့ကာ သွားအိပ်နေသတဲ့။

ဒါကို မြင်းဝယ်လာသူက မြင်တာနဲ့ ချက်ချင်းပဲ မြင်းကို ဆွဲထုတ်ပြီး ရောင်းသူထံ ပြန်လည် အပ်နှံလိုက်တော့တာပေါ့ ။ မြင်းရောင်းသူလည်း ဝယ်သူ့ရဲ့ အပြုအမူကို အံ့သြသွားပြီး..

" မိတ်ဆွေ ဘာကြောင့် ဒီမြင်းကို မကြိုက်ရ တာလဲ ၊ မြင်းကို စမ်းသပ်ကြည့် ပြီးပြီလား " လို့ မေးလိုက်တာပေါ့။

ဒီတော့ မြင်းဝယ်သူက " ဒီမြင်းကို ထွေထွေ ထူးထူး စမ်းသပ်နေစရာ မလိုပါဘူး ၊ ဒီမြင်းဟာ ကျုပ်မြင်းဇောင်းထဲက အပျင်းဆုံး အဖျင်းဆုံး လောဘ အကြီးဆုံး မြင်းဆိုးနဲ့ အပေါင်းအသင်း ပြုတယ် ၊ ဒါကြောင့် ဒီမြင်းရဲ့ စရိုက် ဟာလဲ ဒီသဘောအတိုင်းပဲ ဆိုတာ ယုံမှားစရာ မလိုတော့ပါဘူး လို့ " ပြန်ပြောလိုက် သတဲ့ကွယ်။

လောကမှာ လူတယောက်ကို အကဲခတ်မယ် ဆိုရင် သူ့အပေါင်းအသင်း ကို ကြည့်ပြီး ခန့်မှန်းလေ့ ရှိကြပါတယ် ။ မိတ်ဆွေတို့လည်း အပေါင်းအသင်းကို မမှားမိကြ ပါစေနဲ့။ မိတ်ဆွေကောင်း ကိုပဲ ရွေးချယ် ပေါင်းသင်းတတ် ပါစေ ။

ပေးဆပ်မှုတွေ အရမ်းများတယ်နော်😔 အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့တစ်ခုပါ။မိုးဗြဲမှာလဲ စစ်ကူသွားရောက်ပေးခဲ့တဲ့အဖွဲ့တစ်ခု...
05/11/2021

ပေးဆပ်မှုတွေ အရမ်းများတယ်နော်😔 အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့တစ်ခုပါ။မိုးဗြဲမှာလဲ စစ်ကူသွားရောက်ပေးခဲ့တဲ့အဖွဲ့တစ်ခုပါ။
ကျနော် Wai Yan Oo Page ဖြစ်ပါတယ်။အာဏာရှင်တော်လှန်ရေးPage တစ်ခုပဲဖြစ်ပါတယ်။အကယ်၍ အကောင့်ပိတ်ခံခဲ့ရရင် Page ကနေ ဆက်လက်ပြီး တင်ဆက်ပေးသွားပါတယ်။ဒါကြောင့် အကောင့်ရော/ Page ရော နှစ်ခုဖွင့်ထားခြင်းပဲဖြစ်ပါတယ်။Page ပါပိတ်ခံရရင်တော့ နောက်တစ်ကောင့်/နောက်တစ်Pageပေါ့ဗျာ😊
အကောင့်ပိတ်ခံရဖူးသူတိုင်းသိပါတယ်။ကျေးဇူးတင်ပါတယ်။
#အရေးတော်ပုံအောင်ရမည်

အောင်မြင်တဲ့သူတွေအကြောင်း တွေးမယ်ဆိုရင်သူတို့ အလုပ်ကို ဘယ်လိုလုပ်တယ်၊ ဘယ်လို စီးပွားရေးနည်းဗျုဟာတွေ သုံးတယ်ဆိုတာကို ကျွန...
05/11/2021

အောင်မြင်တဲ့သူတွေအကြောင်း တွေးမယ်ဆိုရင်
သူတို့ အလုပ်ကို ဘယ်လိုလုပ်တယ်၊ ဘယ်လို စီးပွားရေးနည်းဗျုဟာတွေ သုံးတယ်ဆိုတာကို
ကျွန်တော်တို့ တွေးမိကြမှာပါ။
အလုပ်ချိန်တွေမှာ ဘယ်လိုလုပ်တယ်
အိမ်ပြန်လာတဲ့အချိန် ဘာတွေလုပ်တယ်
ရုံးပိတ်ရက်တွေမှာ ဘာတွေလုပ်တယ်
ဒါတွေကို တွေးမိကြမယ်။

ကျွန်တော်တို့ သတိမထားမိသေးတဲ့အချက် တချက်ရှိပါသေးတယ်
အောင်မြင်တဲ့သူတွေ အားလပ်ချိန်မှာဘာတွေလုပ်သလဲဆိုတာဘဲ
အားလပ်ချိန်မှာ ဘာလုပ်သလဲဆိုတဲ့အချက်က လူတယောက် အောင်မြင်မယ် မအောင်မြင်ဘူးဆိုတာကို ဆုံးဖြတ်ပေးတယ်လို့တောင် ဆိုကြပါတယ်။

ဒီနေ့မှာတော့ အောင်မြင်တဲ့သူတွေ အားလပ်ချိန်မှာ ဘယ်အရာတွေကို လုပ်သလဲဆိုတာကို ပြောပြပေးသွားမှာပါ

Address


Website

Alerts

Be the first to know and let us send you an email when Myanmar news posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share