10/05/2021
ဆုတ်လဲစူး စားလဲရူး🇱🇷
စကစ ကတော့လမ်းဟောင်းကြီးအတိုင်း ယုတ်မာနေတာကတော့အခုထိအဆုံးမသတ်သေးဘူး အဖက်ဖက်မှာကျရူံးနေသလို တက်စရာအကွက်ကလဲမကျန်တော့ဘူး ချောင်ထဲပိတ်လို့နေပြီလေ
ရန်ကုန်မှာ နေရာတိုင်းလိုဗုံးတွေလိုက်ဖောက်တယ်
ပြည်သူကလုပ်တာ GZ ကလုပ်တာ ဖြစ်အောင်ဖန်
တီးတယ် ပထမကပေါက်လိုက်ရင် အဆောက်အဦး
အပြင်ဘက်တွေမှာ လူတွေကသံသယဝင်လာတော့
စခန်းထဲ အုပ်ချုပ်ရေးမှူးရုံးတွေထဲဖောက်ပြီး သူ့လူ
တွေထိုးကြွေးလိုက်တယ်
စကစ လက်အောက်ဝင်လုပ်နေသူတွေ သတိထားသင့်တယ် ၂၀၁၈ ရခိုင်က ရိုအရေးမှာ ရဲကင်းစခန်း
၃၀ကို ဒုတ်ဓားကိုင်ထားတဲ့ ARSAလို့ သူတို့အမည်
တပ်ထားသူတွေဝင်စီးတာကို ပစ်မိန့်မပေးတော့ ရဲ
ကင်းစခန်းတွေလဲကျ ရဲအရာရှိတွေ တပ်သားတွေအကုန်သေကုန်တယ် ရိုတွေကို အကြောင်းရှာဖို့ သူ့လူတွေကို ထိုးကျွေးခဲ့တာဖြစ်တယ်
ပြည်သူက သူတို့အကြမ်းဖက်မူ့ ရက်စက်မူ့တွေကြောင့် အမူန့်ချေချင်နေတာမှန်တယ် ဒါပေမယ့်အခုလို အသံဗုံးလောက်ခွဲချင်တာတော့မဟုတ်ဘူး
အနုမြူလောက်ခွဲချင်တာ ခုဟာကလုပ်ဇတ်တွေ
အကွက်ဟောင်းတွေ နဝတလက်ထက်ကလဲ နိုင်ငံရေးအကျပ်အတည်းဖြစ်လာရင် ဗုံးတွေကွဲတာပဲ ပုဇွန်တောင်ကုန်သွယ်ရေးရုံးနဲ့ junction 8 တွေကသက်သေပဲ
မနေ့က ဖိုးသော်ဖမ်းခံရတဲ့ ဖြစ်စဉ်ဟာ လုပ်ကြံခံရ
တာသိသာလွန်းတယ် ကိုယ်တိုင်လဲ ဗုံးခွဲခံရသေးတယ် ဗုံးလုပ်သူ သေနတ်ဆောင်ထားသူအဖြစ် တရားခံအတပ်ခံခဲ့ရတယ် ဒါဟာ စကစလုပ်နေတဲ့
မြင်သာတဲ့ ထောင်ချောက်ဆိုတာ ငြင်းမရဘူး
ဖိုးသော်ကလဲ မအလကို သတ္တိရှိရင် သံဇကာထဲမှာ
ချကြမယ် စိန်ခေါ်ဖူးသူ ဖြစ်နေတော့ အခုလို ဖိုးသော်ဖြစ်တာ မဆန်းသလို ဖြစ်နေပါတယ်
NUG က PDF ဖွဲ့လိုက်တော့ ပြည်တွင်းထဲ ဗုံးကွဲမူ့
တွေ စကစ ပိုလုပ်လာလိမ့်မယ် ပြီးရင် PDF ကိုထိုး
ချတော့မယ် အခုသူတို့အတွက်ခက်နေတာက PDF
ကဘယ်ပုံစံနဲ့လာမှာလဲ ဘယ်လိုတိုက်မှာလဲ ဘာတွေ
လုပ်မှာလဲ စကစ မသိသေးဘူး ရန်သူဟာအမှောင်
ထဲမှာ ဒီတော့သူတို့ဟပေးလိုက်တယ်
အဲ့တာက အင်တာနက်ပြန်ဖွင့်တာနဲ့ ညမထွက်ရကို
ဖြေလျော့ပေးတာကိုပါ စကစကသူဖြုတ်နိုင်တဲ့ရန်
သူဟာ ပြည်တွင်းထဲမှာပဲရှိတယ်ဆိုတာ သူကယုံကြည်ထားတယ် သူ Civil War တိုက်ရရင် ကျိန်း
သေရူံးမှာသိတယ် MALဟာ Civil War မတိုက်ဖူးဘူး
Civil War အသက်က သတင်းပဲ ပြည်သူကသူဘက်မပါသူ့တိုက်မှာဆိုတော့ သူလန့်နေပုံရတယ်
စကစဘက်မှာလဲ မအောင်မြင်တဲ့ အာဏာသိမ်းမူ့
ကြောင့် အချင်းချင်းယုံကြည်မူ့တွေကျလာပြီ မအလကိုယ်တိုင်က ဇွန်လဆန်းမှာ အကုန်ထိန်းနိုင်မှာပါ
လို့ နှစ်သိမ့်ထားတယ် အာဏာသိမ်းတာ ရက် ၁၀၀
ပြည့်တော့မယ် စကစ ဘာမှမထိန်းချုပ်သေးဘူး
ကျောင်းတွေကို အဓမ္မဖွင့်ခိုင်းတယ် တက်မယ့်သူမ
ရှိဘူး တက်တဲ့သူလဲ စကစ ထောင်ချောက်ထဲရောက်ပြီး ထိုးကျွေးခံရမှာပါပဲ တက်မယ် မတတ်
သင့်ဘူး မငြင်းချင်ဘူး သေချာတာက ကျောင်းဖွင့်
ခိုင်းတာ ထောင်ချောက်ဆင်တာပဲ သူတို့ ပြည်သူတွေအပေါ် ဘယ်တုန်းကမှ စေတနာမရှိခဲ့ဖူးဆိုတာ
သိရင် တက်သင့်မတတ်သင့် ကိုယ့်ဘာသာစဉ်းစား
ကြလို့ သတိပေးချင်တယ်
ဘဏ်စနစ် ရပ်တန့်မတတ်နှေးသွားပြီ ဘဏ်စနစ်နှေးသွားရင် စီးပွားရေးလဲတန့်ပြီ စက်ရုံတွေလဲ အမှာစာမရလို့မလည်ပတ်နိုင် အကုန်ရပ်တန့်သွားရင် လာမယ့် ရက်၆၀အတွင်း အငတ်ဘေးစိုက်တော့
မယ်လို့ WFP ကကြေငြာထားတယ် အဓိက မြို့ပြတွေမှာ ပြသနာကြီးပါမယ်လို့ ထောက်ပြထားတယ်
စကစမှာ ငွေမရှိသလို ပြည်သူတွေစားစရာမရှိရင်
သူ့အာမခံတော့ဘူးဆိုတဲ့ ရိက္ခာဖြတ်ဗျူဟာကို ကျင့်
သုံးနေပုံရတယ် စကစ အာဏာသိမ်းတော့ NGOတွေနဲ့ ဖောင်ဒေးရှင်းကြီးတွေကို ဖမ်းပစ်တယ်
အဲ့ကနေ ပြည်သူကိုထောက်ပံဖို့နဲ့ တော်လှန်ရေးအထောက်အပံဖြစ်သွားမှာ စိုးလို့ငွေစီးဆင်းမူ့ကို ကန့်သတ်လိုက်တာပါပဲ
ဘဏ်တွေကိုလဲ အဲ့လိုပါပဲ သူကပြည်သူလက်ထဲ ငွေကိုမထားချင်ဘူး အရပြန်သိမ်းချင်တယ် အားအင်ချိနဲ့အောင် အမျိုးမျိုးလုပ်နေတဲ့ ယုတ်မာတဲ့ ဗျူဟာပဲဖြစ်ပါတယ်
NUGကတော့ သူလုပ်စရာရှိတာ တစ်ဆင့်ချင်းလုပ်နေပါတယ် နိုင်ငံတကာနဲ့ချိတ်ဆက်လုပ်နေရတော့
လောလို့လဲမရဘူး အစီစဉ်တကျသွားမှကိုရမယ်
မလုပ်နိုင်ပဲ စာထုတ်တာမျိုး NUG မလုပ်ဘူး CRPH
လုပ်ခဲ့တာတွေထက် အခု NUGလုပ်တာ ပိုပြီးစနစ်
ကျတယ်ထင်တယ်
စကစအနေနဲ့လဲ ရှေ့အပတ်တွေထဲ စစ်မျက်နှာတွေ
ပိုဖွင့်လာရလိမ့်မယ် အကုန်လိုက်ဖွင့်ရရင်လဲ စကစ
ရူးပြီ သူတိုက်နိုင်တာမတိုက်နိုင်တာထက် သူ့တပ်ထဲ
အက်ကြောင်းလိုက်ရာကနေ ပေါက်ကွဲတော့မယ့်အခြေအနေတစ်ခုကို ဦးတည်လာတော့မယ် ပြည်သူ
က စကစ တပ်တွေကျရင် ဝိုင်းပြီးဝမ်းသာနေကြတာ KIA KNU ကျရင် ဝမ်းနည်းကြဆုတောင်းပေးကြဖြစ်နေတာ သူတို့တပ်သားတွေ ဘယ်သူအတွက်
တိုက်နေကြတာလဲ စဉ်းစားကြတော့မှာပါ
အခုပေါက်နေတဲ့ဗုံးတွေကလဲ ကိုယ့်လူကိုယ်စတေး
နေတာကို သူတို့အချင်းချင်းလဲ သိနေကြပါပြီ
မအလ အကြောက်ဆုံးက သူ့တပ်ပြိုမှာပဲ သူ့တပ်ပြို
ရင် သူဘယ်လိုမှထိန်းရမှာမဟုတ်တော့ဘူး သေချာ
တာကတော့ သိပ်မကြာတော့ပါဘူး
KNU KIA တို့သာ မြို့သိမ်းလိုက်နိုင်ရင် လာပေါင်းမယ့် စကစ တပ်တွေ နည်းမှာမဟုတ်ပါဘူး
CDMကြောင့်လဲ စကစ ဘယ်လိုမှမလည်ပတ်နိုင်သေးသလို ဆုတ်လဲစူး စားလဲရူးအခြေအနေဖြစ်နေတဲ့ဘဏ်စနစ်ကို ဘယ်လိုဆက်သွားရမယ်မှန်း မသိတော့ဘူး
USကတော့ တစ်ရစ်ချင်းကို စကစ ကိုကြပ်နေပါတယ် နောက်ထပ်လာပါအုံးမယ် ပို့ကုန်အထူးကင်းလွတ်ခွင့် ရုတ်သိမ်းလိုက်ရင် လုပ်သားငါးသိန်း
လောက် အလုပ်လက်မဲ့ဖြစ်ပါပြီ တရုတ်လဲ လာကယ်လို့မရတော့ပါဘူး
USဟာ အဘက်ဘက်ကိုကြည့်ပြီး ကမ္ဘာကထောက်ခံမူကြိုသူယူနေပုံရပါတယ် G7 အစည်းအဝေးမှာလဲ မြန်မာကို အရေးယူဖို့ အားလုံး
သဘောတူညီမူ့ရခဲ့သလို အာစီယံဥက္ကဌ ဘရူနိုင်းကို
ခေါ်တွေ့ခဲ့တာ ထူးခြားမူ့ပါပဲ ပနားမားကို အမေရိကန်ဝင်တိုက်ခဲ့တာ ဘာအကျိုးမှမရှိခဲ့တာမျိုးထောက်ပြမူ့မရှိအောင် အမေရိကန်တို့ သူ့ထောက်ခံ
မူ့ရအောင်ကြိုးစားနေပါတယ်
မြန်မာ စကစ ဆိုတာလဲ တရုတ်မွေးစားသားနဲ့ရုရှ
ရင်ငွေ့လူံထားတော့ အစီစဉ်တကျလုပ်နေတယ်ပဲ
ထင်ပါတယ် အဓိကအားကပြည်တွင်းအားပါပဲ
စကစအနေနဲ့ လမ်းပျောက်နေပါပြီ ရွေ့စရာအကွက်လဲကုန်နေပြီ UNSC အလှည့်ကျဥက္ကဌ တရုတ်ကြီး
ကတော့ မြန်မာ့အရေးဟာ ညှိနိုင်းမှသာ ပြည်တွင်း
စစ်ကြီးကနေ ရှောင်လွှဲနိုင်မယ်လို့ ထုတ်ပြောလာပါတယ်
တရုတ်နဲ့စကစ လုံးဝထင်မထားတဲ့ ပြည်သူတုန့်ပြန်မူ့ကြီးကြောင့် မြန်မာ့နွေဦးတော်လှန်ရေးဟာ စကစ
မကြာခင် ပြည်သူရှေ့မှာ ဒူးထောက်ရပါတော့
မယ်
သွေးစက်နဲ့ပေးဆပ်ထားတာ ဆွေးနွေးပြီးရပ်လိုက်စရာမရှိဘူးလို့ ပြောချင်တယ်ဗျာ
အရေးတော်ပုံ အောင်ရမည်
crdမုဆိုး လက် 🇱🇷