ပေါက်ခေါင်း သတင်း

  • Home
  • ပေါက်ခေါင်း သတင်း

ပေါက်ခေါင်း သတင်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ပေါက်ခေါင်း သတင်း, Media, .
(1)

18/04/2020
18/04/2020
16/04/2020
Case 15 လူနာအမျိုးသမီး ပြန်လည်ကျန်းမာလာ၍ ပထမအကြိမ် ဆေးစစ်မှုတွင် Negative အဖြေထွက်ရှိ ပြည်၊ ဧပြီ ၁၅၊ ၂၀၂၀။Covid-19 ရောဂါ...
15/04/2020

Case 15 လူနာအမျိုးသမီး ပြန်လည်ကျန်းမာလာ၍ ပထမအကြိမ် ဆေးစစ်မှုတွင် Negative အဖြေထွက်ရှိ

ပြည်၊ ဧပြီ ၁၅၊ ၂၀၂၀။

Covid-19 ရောဂါပိုးတွေ့ရှိခဲ့သူ Case 15 လူနာအမျိုးသမီးမှာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာ၍ ပထမအကြိမ် ဓာတ်ခွဲစစ်ဆေးမှုပြုလုပ်ရာတွင် Negative အဖြေထွက်ပေါ်လာကြောင်း လူနာရှင်၏ မိသားစုဝင်တဦးထံမှသိရသည်။

" ဟုတ်ပါတယ် ခယ်မက Negative ဖြစ်ပြီခင်ဗျ။ ဒါပေမယ့် ထပ်စစ်ရအုံးမယ်။ ကလေးတွေလည်း လောလောဆယ်တော့ ၄-၅ ရက်မှ ပြန်စစ်မယ်ခင်ဗျ။ ဝိုင်းပြီး ဆုတောင်းပေးပါအုံး။ လိုင်းပေါ်မှာ ပျောက်ပြီ ဘာညာ ပြောထားတာ ကျန်းမာရေးဌာနကဘာမှ မကြေငြာပဲ မပြောရဲဘူး။ ကျနော်တို့လည်း ဖုန်းနဲ့ပဲသိရတာခင်ဗျ။ Negative ကတော့ သေချာပါတယ်ခင်ဗျ။ ကျနော် ခယ်မလည်း တခေါက်စစ်ပြီးပြီ နောက်ထပ် ဘယ်နှစ်ခေါက်စစ်မလဲဆိုတာလည်း မသိသေးဘူးခင်ဗျ။ နှစ်ခေါက် သုံးခေါက်စစ်မှ Conform ဖြစ်မယ်လည်းပြောတယ်။ ကျနော်တို့လည်း ထီပေါက်ပြီးမှ ထီလက်မှတ်ပျောက်တာမျိုး ဖြစ်မှာဆိုးလို့ မပြောရဲကြဘူးခင်ဗျ။" ဟု Case 15 လူနာအမျိုးသမီး၏ ခဲအိုဖြစ်သူ ဦးမလန်ဂမ်အောင်က ပြောသည်။

အဆိုပါ Case 15 လူနာအမျိုးသမီးမှာ ဧပြီလ ၈ ရက်နေ့က ပြည်ကုတင် ၅၀၀ ဆေးရုံကြီးတွင် Covid-19 ရောဂါကူးစက်ခံရပြီး သေဆုံးခဲ့သည့် Case 17 ပေါက်ခေါင်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးမလန်ထွယ်အောင်၏ ဇနီးဖြစ်ပြီး၊ သူမ၏ မိသားစုဝင် Case 18-19-20 တို့ကိုလည်း ဆေးစစ်ချက်များ ပြန်လည်ပြုလုပ်သွားမှာဖြစ်ကြောင်း ဦးမလန်ဂမ်အောင် ကပြောသည်။

Case 15 လူနာအမျိုးသမီးမှာ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ နိုင်ငံခြားသားများကို ကျန်းမာရေးဝန်ဆောင်မှုပေးသည့် ပုဂ္ဂလိကဆေးခန်းတခုတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး၊ မတ်လ ၂၇ ရက်နေ့က ဖျားနာခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများကိုခံစားခဲ့ရပြီး ၃၀ ရက်နေ့က ဗဟန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် သွားရောက်ပြသခဲ့ရာ ရန်ကုန်တိုင်းအနောက်ပိုင်း ဆေးရုံကြီးတွင် ဓာတ်ခွဲနမူနာရယူပြီး စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိစစ်ဆေးခဲ့ရာမှ မတ်လ ၃၁ ရက်နေ့တွင် ရောဂါပိုးတွေ့ရှိကြောင်း သိခဲ့ရခြင်းဖြစ်သည်။

ဓာတ်ပုံ-ပေါက်ခေါင်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး​၏ နာရေးသို့ လာရောက်ခဲ့သည့် ဦးမလန်ဂမ်အောင် အားတွေ့ရစဉ်

#မြေလတ်အသံ

13/04/2020

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ယနေ့ည COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှု ဒုတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၉၄) ခု အား ထပ်မံစစ်ဆေးခဲ့ပါသည်။

၂။ ၎င်းတို့အနက် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ သတ်မှတ်ထားသော နေရာတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခြင်း (Quarantine) ဆောင်ရွက်ထားရှိသူ (၁) ဦး၏ ဓာတ်ခွဲနမူနာတွင် COVID-19 ရောဂါပိုး တွေ့ရှိရပါသည်။

၃။ ကျန်ဓာတ်ခွဲနမူနာ (၉၃) ခုတွင် COVID-19 ရောဂါပိုးမတွေ့ရှိပါ။

၄။ သို့ဖြစ်ပါ၍ (၁၃-၄-၂၀၂၀) ရက်နေ့၊ ည (၉:၀၀) နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၈၆) ခု အား စစ်ဆေးခဲ့ရာ (၁၂) ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ရပါသည်။

၅။ ယနေ့ ည (၈) နာရီသတင်းတွင် ဖော်ပြထားပြီးသော COVID-19 ရောဂါပိုး တွေ့ရှိရသူ (၁၁) ဦးမှာ ရန်ကုန်တိုင်းဒေသကြီးရှိ သတ်မှတ်နေရာများတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ် ကြည့်ရှုခြင်း ဆောင်ရွက်ထားသူများဖြစ်ပါသည်။

၆။ ဓာတ်ခွဲအတည်ပြုလူနာများကို သက်ဆိုင်ရာဆေးရုံကြီးများသို့ ပို့ဆောင်၍ လိုအပ်သလို ကုသမှုပေးသွားမည်ဖြစ်ပါသည်။

13/04/2020

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ယနေ့ညနေ (၆) နာရီအချိန် ထုတ်ပြန်ချက်အရ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှု ပထမအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၉၂) ခုအား စစ်ဆေးခဲ့ပါသည်။

၂။ ၎င်းတို့အနက် ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သဖြင့် အသွားအလာကန့်သတ် ၍ စောင့်ကြပ်ကြည့်ရှုခြင်း (Quarantine) ဆောင်ရွက်ထားရှိသူ (၁၁) ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုး တွေ့ရှိရပါသည်။

၃။ ကျန်ဓာတ်ခွဲနမူနာ (၈၁) ခုတွင် COVID-19 ရောဂါပိုးမတွေ့ရှိပါ။

၄။ သတင်းအပြည့်အစုံကို ထပ်မံဖော်ပြပေးသွားမည်ဖြစ်ပါသည်။

11/04/2020
Q အား ၂၁ရက်သို့တိုးမြှင့်ပါတော့မည် သေချာဖတ်ကြည့်ပါShare ပေးပါ
11/04/2020

Q အား ၂၁ရက်သို့တိုးမြှင့်ပါတော့မည်
သေချာဖတ်ကြည့်ပါ
Share ပေးပါ

ပုံမှန်ဝင်ငွေ မရှိတဲ့ ကျွန်မတို့ အခြေခံလူတန်းစား ပြည်သူတွေ အတွက် ရိက္ခာဖြန့်ဖြူးရေး လုပ်ငန်း မနေ့ကစတင် ဆောင်ရွက် လိုက်ပါတယ်။ ပြည်သူ တွေ၊အစိုးရပိုင်း၊ အုပ်ချုပ်ရေးပိုင်း၊ အားလုံးဝိုင်းဝန်းလုပ်ကိုင် ကြလို့ အားရစရာပါ။ ဒါပေမဲ့ COVID ကာကွယ်ရေး အတွက် ချမှတ် ထားတဲ့ စည်းမျဉ်းတွေ အတိုင်း မ လိုက်နာတဲ့ ဖြစ်ရပ်လေးတွေကြောင့်ဝေဖန်စရာ ဖြစ်ရ ပါတယ်။ ဒီလိုထပ်မဖြစ်ရအောင် စီမံခန့်ခွဲသူများ အထူး ဂရုစိုက်ပါ။ ဘယ်သူမျှ၊ (ဝန်ကြီးချုပ်များ အပါ အဝင်၊) COVID မပြီးပါဘူး၊ ရောဂါကူးနိုင် ပါတယ်။ အားလုံးစည်းကမ်း လိုက်နာကြပါ။
COVIDရောဂါ ကူးစက်နေသူတစ်ဦး မြန်မာနိုင်ငံမှာ ပထမဆုံးတွေ့ခဲ့တာ သုံးပတ် ရှိသွားပြီ ဆိုတော့၊ ရောဂါ မပျံ့ပွါးရေး၊ ကာကွယ်ရေး၊ အတွက် ဘာတွေ လုပ် ရမယ် ဆိုတာပိုသိလာပါတယ်။ Quarantine (၁၄) ရက်လွန်မှ ရောဂါ လက္ခဏာ ပြသူတွေတွေ့ရလို့ စိတ်ချရအောင် quarantine ကို (၂၁) ရက်ထိ တိုးရပါမယ်။ အိမ် quarantine မှာရှိနေသူတွေလည်း မပေါ့ဆ ကြဖို့သတိပေးလိုက်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန် ညွှန်ကြားချက် တွေကို အသေချာ လေ့ လာ လိုက်နာပါ။
ထိုင်းဘက်မှ ကျွန်မတို့ ပြည်သူတွေစပြီး အလုံးအရင်းနဲ့ ပြန်လာတာလဲ (၂)ပတ်ကျော် သွားပါပြီ။ အရေအတွက်က ဒီနေ့ထိဆို တစ်သိန်းခွဲကျော်ပါပြီ။ ရောဂါ ကူး စက်ထားသူများ နောက်အပတ်အတွင်း ပေါ်လာပါမယ်။ ဘယ်လောက် အထိများမယ် ခန့်မှန်းလို့ မရသေးပါဘူး။ ကျွန်မတို့ အစိုးရကတော့ ပြည်သူတစ်ယောက် ချင်းကို တန်ဖိုးထားပြီး အကောင်းဆုံး စောင့်ရှောက်သွားဖို့ သန္နိဋ္ဌာန်ချထား ပါတယ်။ တည်တည်ငြိမ်ငြိမ်၊ စည်းကမ်းလိုက်နာခြင်း နဲ့ ပြည်သူအားလုံးကျွန်မတို့ကို ကူညီပေးကြ ပါ။

အစိုးရရဲ့ ပန်ကြားချက်အရ ပြန်ဝင်လာ ဖို့ စောင့်နေ ကြတဲ့ ထိုင်းနယ်စပ်က ကျွန်မတို့ ပြည်သူတွေကို ထိုင်းနိုင်ငံရဲ့ အရေးပေါ် အခြေအနေ ကြေညာချက်နဲ့ ကိုက်ညီ အောင်၊ ဧပြီ (၃၀)ရက်နေ့ အထိ စောင့်ဆိုင်းဖို့ ထပ်မံပန်ကြားထား ပါတယ်။ ပြည် ပမှ လေယာဉ်များ ဆိုက်ရောက်မှုတားမြစ်ခြင်းကိုလည်း ဧပြီ (၃၀)ရက် ထိ တိုးလိုက်ရပါတယ်။
ပြည်သူတွေ စိတ်ချမ်းမြေ့စေမဲ့သတင်းတွေပဲ ပေးချင်ပါတယ်။ ဒါပေမဲ့ တာဝန်သိမှု တာဝန်ယူမှု နဲ့အတူ ပွင့်လင်းမြင်သာ၊ ဖြောင့်မတ်မှု ရှိရပါမယ်။ ပြည်သူ တွေက အ ဓိကမို့ ပြည်သူတွေအခြေအနေ မှန်ကို သိဖို့ လိုပါတယ်။
လက်ရှိ အခက်အခဲ များကို ကျော်လွှားပြီး ကျွန်မတို့ ပြည်ထောင်စု မြန်မာနိုင်ငံ ပြည်သူအပေါင်း နှလုံးစိတ်ဝမ်း အေးချမ်း နိုင်ကြတဲ့ အချိန် အမြန်ဆုံးရောက်ပါစေ။

10/04/2020

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ Blue Ocean Investment Limited နှင့် မိုဘိုင်း အော်ပရေတာများ (MPT, Telenor, Ooredoo, Mytel) ပူးပေါင်း၍ COVID-19 နှင့် ပတ်သက်၍ သိရှိလိုသည်များကို အခမဲ့မေးမြန်းနိုင်သော National Call Center ကို 2019 နံပါတ်ဖြင့် (၈-၄-၂၀၂၀) ရက်နေ့ မှ စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါသည်။
ယခုပြုလုပ်သော Call Center သည် လက်ရှိ ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားလျှက် ရှိနေပြီး မြန်မာနိုင်ငံတွင်လည်း ဖြစ်ပွားမှုရှိနေသော ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားမှု၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကာကွယ်ထိန်းချုပ်ခြင်း၊ ရောဂါကာကွယ်ရန် ကျန်းမာရေးအသိပညာပေးနှိုးဆော်ခြင်း၊ လူနာများ ရှာဖွေကုသခြင်းစသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းအချက်အလက်များကို ပြည်သူလူထုမှ သိရှိလိုသည်များကို ဆက်သွယ် မေးမြန်းနိုင်စေရေးအတွက် အဓိကရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ပါသည်။
COVID-19 Call Center ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားချက် ဖြင့်၊ ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) ဦးစီးဆောင်ရွက်ပြီး ဆေးသုတေသနဦးစီးဌာနမှ ဆန္ဒအလျှောက်တာဝန်ယူဆောင်ရွက်သူများနှင့် မြန်မာနိုင်ငံဆရာဝန်အသင်း (MMA)မှ စေတနာ့ဝန်ထမ်းဆရာဝန်များဖြင့် ဧပြီလ (၈) ရက်နေ့မှ စတင်ကာ နေ့စဉ် နံနက် (၈) နာရီမှ ည (၈)နာရီအထိ ဖြေကြားပေးလျက်ရှိပါသည်။
Call Center သည်ပြည်သူလူထုမှ မေးမြန်းမှုများပြားသည်ဖြစ်သည့်အတွက် ပြည်သူလူထု အမေးများနိုင်ပြီးမဖြစ်မနေသိရှိထားရမည့် COVID-19 နှင့်သက်ဆိုင်သော ကျန်းမာရေး အသိပညာပေး သတင်းအချက်အလက်များအား စက်မှအလို အလျောက်ဖြေကြားပေးမှာ ဖြစ်ပါသည်။
COVID-19 နှင့်ပတ်သက်ပြီးဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးလိုပါက လိုင်းခွဲ နံပါတ်- ၀ သို့ မေးမြန်းနိုင်မည် ဖြစ်ပြီး မေးမြန်းသူများပြားသည့်အတွက် တစ်ဦးလျှင် အချိန် (၆) မိနစ်ခန့် မေးမြန်းနိုင်မည်ဖြစ်ပါသည်။
“2019” သို့ခေါ်ဆိုပြီး -

• လိုင်းခွဲနံပါတ်-၁ တွင် ရောဂါလက္ခဏာများအကြောင်း၊
• လိုင်းခွဲနံပါတ်-၂ တွင် ကူးစက်နိုင်သောနည်းလမ်းများအကြောင်း၊
• လိုင်းခွဲနံပါတ်- ၃ တွင် ကာကွယ်နိုင်သော နည်းလမ်းများအကြောင်း၊
• လိုင်းခွဲနံပါတ်- ၄ တွင် အသွားအလာကန့်သတ်ခြင်း အကြောင်း၊
• လိုင်းခွဲနံပါတ်- ၅ တွင် နောက်ဆုံးရ COVID-19 ပိုးတွေ့လူနာ အရေအတွက် အကြောင်းတို့အား လိုင်းခွဲနံပါတ် (၅) ခုဖြင့် အလိုအလျောက်စနစ်ဖြင့်ဖြေကြားပေးလျက်ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ အသိပေး ထုတ်ပြန်ထားပါသည်။

09/04/2020

🦠 ဒီဗိုင်းရပ်စ်ဟာ 😷 ေါ်ဘယ်နှစ်ရက်အသက်ရှင်နိုင်လဲ⁉️

🚨 😷 သုံးပြီးသား mask တွေကို လမ်းပေါ်မှာ စည်းကမ်းမဲ့ စွန့်ပစ်ထားတာ မြင်ရကတည်းက ဒီ post ကို ရေးချင်နေတာပါ။

University of Hong Kong မှာ သုသေသနပြုချက်အရ COVID-19 ရောဂါဖြစ်စေတဲ့ SERS-CoV-2 virus ပိုးဟာ 😷 mask တွေအပေါ်မှာ 7 ရက်အထိ အသက်ရှင်နိုင်ပါသတဲ့။

♦️ အဲ့ဒါကြောင့် သုံးပြီးသား 😷 mask တွေကို စနစ်တကျ စွန့်ပစ်ကြပါ။

♦️ mask ဟာ ပိုးရန်က တိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးပေမယ့် စနစ်တကျ မစွန့်ပစ်ရင် ပိုးဖြန့်ပေးမယ့်အရာ ဖြစ်သွားပါလိမ့်မယ်။

♦️ လမ်းပေါ်ကနေ ကလေးတွေကောက်ပြီး ဆော့မိမှာ စိတ်ပူပါတယ်။

♦️ mask ကို မျက်နှာမှာ တပ်ထားစဉ်နဲ့၊ ချွတ်စဉ်မှာ အပြင်မျက်နှာကို လုံးဝလက်နဲ့မထိရပါ။

♦️ ပြီးရင်အတွင်းမျက်နှာကနေ (အပြင်မျက်နှာကို အတွင်းဘက်ထားခေါက်ကာ)တခါတည်း အမှိုက်ပုံးထဲ စွန့်ပစ်ရပါတယ်။ ❌ ခဏဘေးမှာ ချမထားရပါ။

သူတို့တွေ့ရှိချက်အရ....

▪️တစ်ရှုးတွေနဲ့ ပုံနှိပ်စာရွက်တွေပေါ်မှာ 3 နာရီအထိ အသက်ရှင်သတဲ့။

▪️lab အင်္ကျီလို အဝတ်တွေ နဲ့ ပြုပြင်ထားတဲ့ သစ်သားမျက်နှာပြင်ပေါ်မှာ 1 ရက်ကြာအသက်ရှင်တယ်။

▪️မှန်နဲ့ #ငွေစက္ကူတွေအပေါ်မှာ ဒုတိယနေ့အထိတွေ့သေးတယ်။ 4 ရက်မြောက်နေ့မှာ မတွေ့တော့ဘူးတဲ့။

မြန်မာပြည်ကငွေစက္ကူနဲ့ သူတို့ငွေစက္ကူမတူတာ သတိပြုပါ။ သူတို့ငွေစက္ကူက ပြောင်ချောနေပါတယ်။

▪️ပလတ်စတစ်နဲ့ စတီးမျက်နှာပြင်ပေါ်မှာ 4 ရက်ကနေ 7 ရက်အထိရှင်သတဲ့။

▪️😷 surgical mask ရဲ့ အပြင်မျက်နှာပြင်မှာ 7 ရက်အထိ အသက်ရှင်တာ တွေ့ရပါသတဲ့။

👉 အဲ့ဒီတော့ mask 😷 တွေကို သုံးပြီးရင် အသေအချာစွန့်ပြစ်ဖို့ လိုတယ်ဆိုတာ သိကြလောက်ပါပြီ။

👉 စွန့်ပစ်လို့မရတာတွေက ပိုက်ဆံ၊ ပိုက်ဆံအိတ်၊ စသည်တွေပါ။

ရေဆေးလို့မရတဲ့ပစ္စည်းဆို နေပြပါ။ တစ်ပတ်ကျော်လောက်ပစ်ထားပါတဲ့။

✅ ဒီဗိုင်းရပ်စ်ဟာ အိမ်ရှိ ဆပ်ပြာ၊ အစွန်းချွတ်ဆေး၊ အရက်ပျံတို့နဲ့ကို သတ်လို့ရတာ သတိပြုပါ။

✅ ထပ်ပြောထားပါတယ်။ လက်ကို ဆပ်ပြာနဲ့ဆေးတာက အကောင်းဆုံးကာကွယ်ခြင်းပါတဲ့။

👉 အဲ့လိုဆေးခြင်းဖြင့် အနည်းဆုံးထိတွေ့မိထားတဲ့ ပိုးပမာဏ viral load လည်း လျော့ကျစေမှာ ဖြစ်ပါတယ်။

Richard Myo Thant
6-April-2020

 #ပေါက်ခေါင်းမြို့ကိုသွားမယ်ကိုဗစ် 19 အတွက် ဒီနေ့ 505000 ကျပ် ရရှိပါတယ်။မနေ့က အထိ 3767620 ကျပ် ရရှိထားပါတယ်။စာရင်းနှစ်ခု...
09/04/2020

#ပေါက်ခေါင်းမြို့ကိုသွားမယ်

ကိုဗစ် 19 အတွက် ဒီနေ့ 505000 ကျပ် ရရှိပါတယ်။

မနေ့က အထိ 3767620 ကျပ် ရရှိထားပါတယ်။

စာရင်းနှစ်ခု စုစုပေါင်း 4272620 ကျပ် ဖြစ်ပါတယ်။

နေရာတိုင်း လိုအပ်နေပေမယ့် ပေါက်ခေါင်းမြို့ကို သွားဖို့ ရွေးလိုက်ပါတယ်။

အနီးနားက တကယ်ခက်ခဲနေတဲ့ မြို့နယ်လေးတွေကိုလည်း
လှူပါမယ်။

ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ပဲ စသော စားစရာများကို လှူပါမယ်။

ဖြန့်ဝေခြင်းကို နယ်ခံ ပရဟိတအသင်းများနဲ့ ပူးပေါင်းဆောင်ရွက် သွားပါမယ်။

ကိုဗစ်19 အတွက် ဒီနေ့ အလှူထည့်ဝင်ကြတဲ့ ကုသိုလ်ရှင် စာရင်းလေးကို တင်ပေးလိုက်ပါတယ်။

နောက်ထပ် ကောက်ခံရရှိငွေများကို ရန်ကုန်အနီးတဝိုက်မှာ လှူပါမယ်။

အလှူငွေ ထည့်ဝင်ထားသော်လည်း နာမည်မပါသူများ messenger ကဖြစ်စေ၊ ဖုန်းဆက်၍ ဖြစ်စေ ဆက်သွယ်ပြောကြားပေးပါအုံးခင်ဗျာ။🙏

လေးစားလျက်.....
ရဲလွင်မိုး
၉.၄.၂၀၂၀

ရောက်ရှိသွားပါပြီ Photo crd ကို Nay Aung
09/04/2020

ရောက်ရှိသွားပါပြီ
Photo crd ကို Nay Aung

ရန်ကုန် ဝေဘါဂီ ဆေးရုံသို့ ပို့ဆောင်နေပါပြီ သားလေးနဲ့ သမီးလေး  တူမလေး မြန်မာပြည်ရဲ့ ရင်သွေးရတနာပါ ဓာတ်ပုံအား မြေလတ်အသံမှ ...
08/04/2020

ရန်ကုန် ဝေဘါဂီ ဆေးရုံသို့ ပို့ဆောင်နေ
ပါပြီ
သားလေးနဲ့ သမီးလေး တူမလေး မြန်မာပြည်ရဲ့ ရင်သွေးရတနာပါ
ဓာတ်ပုံအား မြေလတ်အသံမှ ကူးယူဖော်ပြသည်

ပြည်ဆေးရုံမှ Case(18/19/20) သုံးဦးကို ဝေဘာဂီပို့ပြည်ဆေးရုံမှာ တက်ရောက်နေတဲ့ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ အမှတ် ၁၈ ၊ ၁၉ နဲ...
08/04/2020

ပြည်ဆေးရုံမှ Case(18/19/20) သုံးဦးကို ဝေဘာဂီပို့

ပြည်ဆေးရုံမှာ တက်ရောက်နေတဲ့ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ အမှတ် ၁၈ ၊ ၁၉ နဲ့ ၂၀ တို့ သုံးဦးကို မိခင်ဖြစ်သူ လူနာအမှတ် ၁၅ တက်ရောက်နေတဲ့ ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းပေးဖို့ စီစဉ်နေတယ်လို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးက ဒု ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့လူမှုကွန်ရက်မှာရေးပါတယ်။

ပြည်ဆေးရုံမှာ အတည်ပြုလူနာအဖြစ် ကုသမှုခံယူနေတဲ့ လူနာ ၁၈၊ ၁၉၊ နဲ့ ၂၀ တို့ဟာ ဒီနေ့မနက်က ကွယ်လွန်သွားတဲ့ ပေါက်ခေါင်းမြို့နယ် ဒုအုပ်ချုပ်ရေးမှူး (လူနာ အမှတ် ၁၇) နဲ့ ဆေးခန်းဝန်ထမ်းအမျိုးသမီး ( လူနာအမှတ် ၁၅) တို့ရဲ့ သား၊ သမီးနဲ့တူမတို့ ဖြစ်ပါတယ်။

ကလေးတွေရဲ့ဖခင်ဖြစ်သူကတော့ ပြည်မြို့ဆေးရုံမှာ ဆေးကုသမှုခံယူနေရာက ဒီနေ့မနက် ၃ နာရီ မိနစ် ၄၀ က COVID-19 ကြောင့် သွေးဆိပ်တက်တာနဲ့ ပြင်းထန်အသက်ရှူလ မ်းကြောင်းရောဂါကြောင့်သေဆုံးသွားတယ်လို့ ဒေါက်တာ ခင်ခင်ကြီးက ဆိုပါတယ်။

ကွယ်လွန်သွားတဲ့ ပေါက်ခေါင်းမြို့နယ် ဒု အုပ်ချုပ်ရေးမှူးကိုတော့ ဒီနေ့မနက်က ပြည်အေးငြိမ်းရာ သုဿန်မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ ဓာတ်ခွဲအတည်ပြုလူနာ ၂၂ ဦးရှိပြီး ၃ ဦးသေဆုံးသွားကာ ကျန်လူနာ ၁၉ ဦးရဲ့ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်နေတယ်လို့ ဒေါက်တာ ခင်ခင်ကြီးက ရေးသားထားပါတယ်။

ဒါ့အပြင် လတ်တလော အချိန်အထိ အထူးကြပ်မတ်ကုသမှု ခံယူနေရတဲ့ လူနာ မရှိဘူးလို့လည်း ဆိုထားပါတယ်။
COVID-19 ရောဂါကြောင့် ကွယ်လွန်သွားတဲ့ လူနာရဲ့ ကျန်ရစ်ခဲ့တဲ့မိသားစုတွေကို နိုင်ငံတော်က အပြည့်အဝစောင့်ရှောက်ပါမယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။

DVB သတင်းပါ

08/04/2020

လိုအပ်မယ်ထင်လို့ပါ

🚌🚌🚌

၆ရက်နေ့မှ စပြီး ခေတ္တရပ်နားတော့မည့် ယာဉ်လိုင်းများအား ပြန်လည်စုစည်းပေးလိုက်ပါတယ်ဗျာ

Lumbini Express (ခရီးစဉ်အားလုံး)
မန်းရာဇာ (ခရီးစဉ်အားလုံး)
မြတ်မန္တလာထွန်း (ခရီးစဉ်အားလုံး)
ရွှေတောင်ရိုး (ခရီးစဉ်အားလုံး)
တက်လမ်း (ခရီးစဉ်အားလုံး)
ရွှေမန္တလာ (ခရီးစဉ်အားလုံး)
ရွှေလွန်းပျံ (ခရီးစဉ်အားလုံး)
ရွှေမန္တလေး (ရန်ကုန် - မန္တလေး) (မန္တလေးမှ ထွက်သော ခရီးစဉ်အားလုံး ၆ ရက်နေ့မှ စ)
ရွှေစင်စင်္ကြာ (ရန်ကုန် - မန္တလေး)
GI Group Express (ခရီးစဉ်အားလုံး)
JJ Express (ရန်ကုန် - မန္တလေး)
ခိုင်မန္တလေး (ရန်ကုန် - မန္တလေး၊ စစ်ကိုင်း၊ ပြင်ဦးလွင်၊ ကျောက်ပန်းတောင်း၊ ပုဂံ ညောင်ဦး၊ ပခုက္ကူ) (၆ရက်နေ့စ)
ခိုင်မန္တလေး (ရန်ကုန် - မေကြး၊ ရွာမွန်၊ နတ်မောက်၊ တောင်တွင်းကြီး) (၁၀ရက်နေ့ စ)
ခိုင်မန္တလေး (ရန်ကုန် - မြိတ်) (၈ ရက်နေ့ စ)
နယူးမန္တလာထွန်း (ခရီးစဉ် အားလုံး)
အန်တီဝင်း (ခရီးစဉ်အားလုံး ၁၁ ရက်နေ့ စမထွက်ပါ။)
မန္တလာမင်း (ရန်ကုန် - မန္တလေး၊ ပြင်ဦးလွင်)
ပုဂံမင်းသား (ရန်ကုန် - ပုဂံ ခရီးစဉ်) (VIP - ၁၁ ရက်နေ့နောက်ပိုင်း) (ရိုးရိုး - ၈ ရက်နေ့နောက်ပိုင်း)
ရွှေလားရှိုး (ခရီးစဉ်အားလုံး)
ရွှေမြန်မာ (ရန်ကုန် - မြဝတီ၊ ဖာပွန်)
ငွေနှင်းမန္တလာ (ခရီးစဉ်အားလုံး)
မင်းလက်ဝါး (ခရီးစဉ်အားလုံး)
ဒုဋ္ဌဝတီမန်း (သီပေါ၊ မြစ်ကြီးနား)
ရွှေကချင် (ခရီးစဉ်အားလုံး)
မဟာ (ခရီးစဉ်အားလုံး)
ဇေယျာမြိုင်ကြီး (ခရီးစဉ်အားလုံး) (၇ ရက်နေ့မှ စ)
OK (ခရီးစဥ်များအားလုံးSM)
Cred-YT G

လူနာအမှတ်၁၇ ပေါက်ခေါင်း ဒုမြို့နယ်အုပ်ချုပ်ရေးမှုး နောက်ဆုံးခရီးများစွာ ဝမ်းနည်းမိပါတယ်Stay at home အတတ်နိုင်ဆုံး ဆင်ခြင...
08/04/2020

လူနာအမှတ်၁၇ ပေါက်ခေါင်း ဒုမြို့နယ်အုပ်ချုပ်ရေးမှုး နောက်ဆုံးခရီး
များစွာ ဝမ်းနည်းမိပါတယ်
Stay at home
အတတ်နိုင်ဆုံး ဆင်ခြင်မှုဖြင့် မိသားစုကို ကာကွယ်ကြပါစို့😔😔😔😔
Photo crd ပြည်သစ္စာ
အခြားသူတွေ သတိတရားရဖို့ share ပေးကြပါ
အရေးကြောင်း မရှိ အပြင်ထွက်နေသူတွေ ရှိနေသေးလို့ပါ
ဝမ်းရေး အရေးကြီးကိစ္စ ထွက်သူတွေ ကတော့ mask တပ် လက်ဆေး သေချာလုပ်ပါ

အချိန်နဲ့ တပြေးညီသိရဖို့ ပေါက်ခေါင်းမြို့သတင်းကို like လုပ်ပေးပါပေါက်ခေါင်းသတင်းဟာအရံ page ပါ ခင်ဗျာ
02/04/2020

အချိန်နဲ့ တပြေးညီသိရဖို့
ပေါက်ခေါင်းမြို့သတင်းကို like လုပ်ပေးပါ
ပေါက်ခေါင်းသတင်းဟာ
အရံ page ပါ ခင်ဗျာ

ပေါက်ခေါင်းမြို့နယ် သတင်းများအချိန်နှင့်အမှီ တင်ပြပေးသွားဖို့ ကြိုးစားပါမည်သတင်းများ အချိန်နှင့်အမှီသိရှိစေရန် Page ထဲဝင...
08/10/2019

ပေါက်ခေါင်းမြို့နယ် သတင်းများအချိန်နှင့်အမှီ တင်ပြပေးသွားဖို့ ကြိုးစားပါမည်
သတင်းများ အချိန်နှင့်အမှီသိရှိစေရန်
Page ထဲဝင်၍
Like&Share လုပ်ပေးကြပါအုံး

08/10/2019

ပေါက်ခေါင်းမြို့နယ် သတင်းများအချိန်နှင့်အမှီ တင်ပြပေးသွားဖို့ ကြိုးစားပါမည်
သတင်းများ အချိန်နှင့်အမှီသိရှိစေရန်
Like&Share လုပ်ပေးကြပါအုံး

Address


Website

Alerts

Be the first to know and let us send you an email when ပေါက်ခေါင်း သတင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share