Wai Yan Moe - ဝေယံ

  • Home
  • Wai Yan Moe - ဝေယံ

Wai Yan Moe - ဝေယံ တော်လှန်ရေးအတွက် ထောက်ပို့ဆိုင်ရာအကြောင်းအရာများအား ကူညီပံ့ပိုးနိုင်ရန်။

ကိုယ့်ဘာသာကိုယ်ရှာလို့မတွေ့တရွေ့ရွေ့တော့ ရှေ့ဆက်နေမိတယ်📷 Phone Zaw Paing
15/12/2023

ကိုယ့်ဘာသာကိုယ်ရှာလို့မတွေ့
တရွေ့ရွေ့တော့ ရှေ့ဆက်နေမိတယ်

📷 Phone Zaw Paing

အစ်မမွေးနေ့  သွားစားကလေးတွေအများကြီးနဲ့ပျော်စရာကြီး
02/12/2023

အစ်မမွေးနေ့ သွားစား

ကလေးတွေအများကြီးနဲ့ပျော်စရာကြီး

ဟုတ်ကဲ့
20/11/2023

ဟုတ်ကဲ့

မကြာမှီ လာမည်..
17/11/2023

မကြာမှီ လာမည်..

ဆက်လက်၍…….
31/10/2023

ဆက်လက်၍…….

ချလပ်
25/10/2023

ချလပ်

အကကောင်းသော စစ်ရှောင်က မီးမီးကလေးနဲ့ 😍
15/10/2023

အကကောင်းသော စစ်ရှောင်က မီးမီးကလေးနဲ့ 😍

ကရင်နီအတွက် *အနုပညာလက်နက်*ဒီပုံထဲမှာပါတဲ့ ဂစ်တာလေးက တော်လှန်ရေးထဲက ပြည်သူဘက်ကမားမားမတ်မတ်ရပ်တည်ခဲ့တဲ့ ရပ်တည်နေဆဲ အနုပညာရ...
11/10/2023

ကရင်နီအတွက် *အနုပညာလက်နက်*

ဒီပုံထဲမှာပါတဲ့ ဂစ်တာလေးက တော်လှန်ရေးထဲက ပြည်သူဘက်ကမားမားမတ်မတ်ရပ်တည်ခဲ့တဲ့ ရပ်တည်နေဆဲ အနုပညာရှင်တွေဖြစ်တဲ့

ဟားငါးကောင်/ကိုလင်းလင်း/မချစ်သုဝေ/ကိုနိုဗန်ထူး/ဦးလေးကျော်သက်လင်း/မပိုင်ဖြိုးသု/ကိုအောင်မြင့်မြတ်/မမြတ်နိုးအေး/မူးလာ/ဦးအောင်လွန်း (The way)မဆောင်းဝတီ တခြားအနုပြညာရှင်တွေ နှင့်မြေပြင်ရဲဘော်တွေ လက်မှတ်ထိုးထားတဲ့ ဂစ်တာတစ်လုံးဖြစ်ပါတယ်

ဒီဂစ်တာလေးကို မဲဖောက်ပြီး ကရင်နီမှာရှိတဲ့ လိုအပ်နေတဲ့နေရာတွေမှာ အသုံးပြုမာဖြစ်ပါတယ်
အဲ့တာကြောင့် အမှတ်တရသိမ်းထားချင်လို့ဖြစ်ဖြစ် တော်လှန်ရေးပြီးရင် ဂုဏ်ဆာချင်လို့ဖြစ်ဖြစ် ပေါက်မဲလက်မှတ်တွေ ကျနော့်ဆီမာ လာရောက်အားပေးလို့ရပါတယ် လက်မှတ်စျေးနှုန်းတွေကတော့ Cmtမာပါ

မဝယ်နိုင်သေးရင်လည်း RCS ဖြင့်ပါဝင်ပေးကြပါ💪

10/07/2023

ယောဒေသ ဒရုန်း လက်ရုံးတပ်ဖွဲ့ အတွက် တိုက်ခိုက်ရေးဒရုန်းရရှိရေး USD 40000 ရန်ပုံငွေရှာဖွေရေး ကမ်ပိန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

နွေဦးတော်လှန်ရေး အောင်ပွဲဆင်နိုင်ရန်နှင့် ယောဒေသအတွင်း အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းနိုင်ရေးအတွက် မဟာဗျူဟာမြောက် အဆင့်မြင့်နည်းပညာ ဒရုန်းများ ထောက်ပံ့နိုင်ရန် သီးသန့်ရန်ပုံငွေ ရှာဖွေရေးအတွက် Federal Wings နှင့် ယောဒေသဒရုန်းလက်ရုံးအဖွဲ့တို့မှ ဉီးဆောင်ပြီး ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဒေသ ထောက်ပို့ရုံး၊ အမှတ် (၁) စစ်ဒေသ ဂန့်ဂေါခရိုင် တပ်ရင်း (၁၉) ရင်း နှင့် HYPER UAV FORCE တို့၏ ပူပေါင်းပါဝင်မှုဖြင့် လုပ်ဆောင်သည့် (U$40,000) ရန်ပုံငွေရှာဖွေရေး အစီအစဉ်ဖြစ်ပါသည်။

ကမ်ပိန်းဖွင့်ပွဲကို သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်မှ ဖွင့်ပွဲအမှာစကားပြောကြားပေးမှာဖြစ်ပြီး ကမ်ပိန်းတာဝန်ခံ ဆရာဇင်ကိုဝင်းမှ ကမ်ပိန်းရည်ရွယ်ချက်များရှင်းလင်းပြောကြားပေးမှာဖြစ်ပါသည်။ CDM ဗိုလ်ကြီးများဖြစ်ကြတဲ့ ဗိုလ်ကြီးညီသုတ၊ ဗိုလ်ကြီးလင်းထက်အောင်၊ ဖက်ဒရယ်ဝင်းမှ Miss Federal Wings၊ ရဲဘော် ကိုဦး၊ HYPER UAV FORCE မှ ရဲဘော်ဇီးရိုး၊ ဆောမြို့နယ် ပကဖ တာဝန်ခံ ဒေါက်တာကြည်စိုးထွန်း၊ MFDMC မှ ဦးဇော်မိုးအောင် စသည့် ပြည်သူ့ဘက်တော်သား အသိပညာရှင်အတတ်ပညာရှင်များလည်း တက်ရောက်မှာဖြစ်ပါသည်။
မြန်မာစံတော်ချိန် ည(၆:၃၀) မိနစ် နာရီတွင် တိုက်ရိုက်အစီအစဉ်အနေဖြင့်တင်ဆက်မှာဖြစ်ပြီး တစ်ကမ္ဘာလုံးမှာရှိကြသည့် ထောက်ပို့ညီကိုမောင်နှမများအားလုံးကို တက်ရောက်နိုင်ရန် ဖိတ်ကြားအပ်ပါသည်။

#ရောင်နီလာပြီယောဌာနီ

#ဂန့်ဂေါခရိုင်
#စစ်ခွေးသင်္ချိုင်းယောနကတိုင်း

27/06/2023

#အာဠာဝကအေကေပူးပေါင်းထုတ်လုပ်ရေးကမ်ပိန်း July လ (၂) ရက်နေ့အထိ ရက်တိုးထားပြီး (၅) ရက်သာကျန်ပါတော့တယ် - - -

စုပေါင်းထုတ်လုပ်ရေးအဖွဲ့ ယင်းမာပင်ခရိုင်တပ်ရင်း (၃၁) ရဲဘော်ဆွေကြီး မှ ပူးပေါင်းပါဝင်ပေးကြဖို့ ပြောကြား - - -

ထောက်ပို့နိုင်သောနိုင်ငံအလိုက် လင့်များ- - - https://m.facebook.com/story.php?story_fbid=265591572696598&id=100077372718882

အရေးတော်ပုံ မအောင်စရာ ဘာအကြောင်းမှ မရှိ။
အရေးတော်ပုံ အောင်ရမည်။

24/06/2023

#အာဠာဝကအေကေပူးပေါင်းထုတ်လုပ်ရေးကမ်ပိန်း July လ (၂) ရက်နေ့အထိ ရက်တိုးရခြင်းအတွက် ပြည်သူသို့ မြေပြင်မှ တောင်းဆိုသော တော်လှန်ရေးအသံ အစီအစဉ်များ - - -

၁။ ယင်းမာပင်ခရိုင်တပ်ရင်း (၂၉) ဒေါင်းမင်း PDF တို့ရဲ့ ဖျော်ဖြေရေးသီချင်း စစ်ရေးပြအစီအစဉ်,

၂။ ထုတ်လုပ်ရေးတာဝန်ခံ ဗိုလ်သံမဏိ,

၃။ ယင်းမာပင်ခရိုင်တပ်ရင်း (၃၁) ရဲဘော်ဆွေကြီး,

၄။ အာဠာဝကသမီးပျိုလေး,

၅။ အာဠာဝက L.P.D.F တပ်ရင်းမှူး ဗိုလ်ထက်ရှိုင်း,

၆။ အာဠာဝကထုတ်လုပ်ရေးအဖွဲ့စစ်သည်များ,

၇။ အာဠာဝကအေကေအစိပ်အပိုင်းများဖြုတ်တပ်အစီအစဉ်,

၈။ အာဠာဝက L.P.D.F တပ်ရင်းမှူး ဗိုလ်ထက်ရှိုင်း,
၉။ အာဠာဝကထုတ်လုပ်ရေးအဖွဲ့စစ်သည်များ,

၁၀။ အာဠာဝကထုတ် အေကေ ၂ လက်ကို ကျည်ဘောက်အပြည့်ဖြင့် စမ်းသပ်ပြခြင်း,

၁၁။ အာဠာဝကရဲဘော်များမှ အမေစုအတွက် ခွန်းအာဖြည့်မိငယ် သီချင်းဖြင့် သီဆိုဂုဏ်ပြု ဖျော်ဖြေခြင်း - စသည်တို့ဖြစ်ကြပါတယ်။

ထောက်ပို့နိုင်သောနိုင်ငံအလိုက် လင့်များ- - -
https://m.facebook.com/story.php?story_fbid=265591572696598&id=100077372718882

အရေးတော်ပုံ မအောင်စရာ ဘာအကြောင်းမှ မရှိ။
အရေးတော်ပုံ အောင်ရမည်။

20/06/2023

အာဠာဝက စုပေါင်းထုတ်လုပ်ရေးအဖွဲ့ ယင်းမာပင်ခရိုင်တပ်ရင်း (၂၉) ဒေါင်းမင်းPDF တပ်ရင်းမှူး CDM တပ်ကြပ်ကြီး ကိုနေမင်းထက် မှ အသက်နှင့်ရင်းပြီးတည်ထောင်ခဲ့ ဖွဲ့စည်းခဲ့ ယခင်တပ်ရင်းမှူးဟောင်း ဗိုလ်စက္က ကိုယ်စား တော်လှန်ရေးအမြူတေကို ဆက်လက်အသက်သွင်းကာတိုက်ပွဲဝင်နေကြောင်း တင်ပြထားတာကို နားထောင်ပြီး - -

အာဠာဝက အစွမ်းကြည့်ရှုကာ ယနေ့လို့ အမေ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ အမေ့အတွက် ပန်းသပိတ်ပြုလုပ်သည့်အတိုင်း အမေ့ခေါင်းမှာ ပန်းတွေဝေပြီး ပြည်သူမှာ အပြုံးပန်းတွေဝေနိုင်ဖို့ #အာဠာဝကကိုထောက်ပို့နိုင်ကြဖို့ လင့်များ - - -

https://m.facebook.com/story.php?story_fbid=265591572696598&id=100077372718882

ကျနော်တို့စည်းလုံးမှ အောင်မည်။

တစ်သံတည်းညီ တစ်ချီတည်းရုန်းကြမည်။

အရေးတော်ပုံ အောင်ကို အောင်ရမည်။
/
#တော်လှန်ကျန်းမာအနာဂတ်ကမ္ဘာ

#ကမ်ပိန်းပြီးဆုံးရက်

12/06/2023

] #တော်လှန်မင်းသားကြီးကိုမင်းမော်ကွန်း မှ လည်း သူ့အချိန်တွေကို တော်လှန်ရေးအတွက်မြှုပ်နှံကြိုးစားနေပါကြောင်းနှင့် ကမ်ပိန်းကိုထောက်ပို့ပေးကြပါရန် ပြောကြားစဉ် - - -

အာဠာဝက ထုတ်လုပ်ရေးတာဝန်ခံ ဗိုလ်သံမဏိ မှ ယင်းမာပင်ခရိုင် အာဠာဝက အေကေ ပူးပေါင်းထုတ်လုပ်ရေး ဟာ အင်မတန် အရေးပါအရာရောက်သည့်အလျောက် ထောင်နှင့်ချီသော သူရဲကောင်း PDF တွေ တိုက်ပွဲဝင်နိုင်ဖို့ အပြည့်အဝထောက်ပို့ပေးဖို့ တိုက်တွန်း ရှင်းလင်းပြောကြား//

💥 အာဠာဝက အေကေ စွမ်းအားတွေကို မြှင့်တင်ထောက်ပို့ရန်လင့်များ - - - - -
https://m.facebook.com/story.php?story_fbid=265591572696598&id=100077372718882
ကျနော်တို့စည်းလုံးမှ အောင်မည်။
တစ်သံတည်းညီ တစ်ချီတည်းရုန်းကြမည်။
အရေးတော်ပုံ အောင်ကို အောင်ရမည်။

09/06/2023

#ကိုဝေယံအောင် မှ ယင်းမာပင်ခရိုင် အာဠာဝက အေကေ ပူးပေါင်းထုတ်လုပ်ရေး ဟာ အင်မတန် အရေးပါအရာရောက်သည့်အလျောက် ကိုယ်ပိုင်ထုတ်လုပ်ရေးဟာ အရေးပါလို့ ပြည်သူတွေအနေနဲ့ အပြည့်အဝထောက်ပို့ပေးဖို့ တိုက်တွန်း ရှင်းလင်းပြောပြီး
#ဒေါက်တာဖြိုးသီဟ မှ လည်း ကမ်ပိန်းရဲ့ အကျဉ်းချုပ်ကို ခြုံငုံသုံးသပ်ကာ ထောက်ပို့ပေးကြပါရန် ပြောကြားစဉ် - - -

💥 အာဠာဝက အေကေ စွမ်းအားတွေကို မြှင့်တင်ထောက်ပို့ရန်လင့်များ - - - - -
https://m.facebook.com/story.php?story_fbid=265591572696598&id=100077372718882
ကျနော်တို့စည်းလုံးမှ အောင်မည်။
တစ်သံတည်းညီ တစ်ချီတည်းရုန်းကြမည်။
အရေးတော်ပုံ အောင်ကို အောင်ရမည်။

03/06/2023

#ကိုရဲမင်း AAC/MHAC မှ စစ်ကိုင်းကို ပစ်မထားဖို့ စစ်ကိုင်းဟာ သူ့အတွက် အားအင်တစ်ရပ်အနေနဲ့ အားထားမိကြောင်း နှင့်အတူ ယင်းမာပင်ခရိုင် အာဠာဝက အေကေ ထုတ်လုပ်ရေး ဟာ အင်မတန် အရေးပါအရာရောက်သည့်အလျောက် ကိုယ်ပိုင်ထုတ်လုပ်ရေးဟာ အလိမ်အညာကင်းကင်းနဲ့ ထိထိရောက်ရောက် တော်လှန်ရေး အောင်မြင်နိုင်ကြောင်းအရေးပါပုံတို့ကို ရှင်းလင်းပြောကြားစဉ် - - -

💥 အာဠာဝက အေကေ စွမ်းအားတွေကို မြှင့်တင်ထောက်ပို့ရန်လင့်များ - - - - -

https://m.facebook.com/story.php?story_fbid=265591572696598&id=100077372718882

ကျနော်တို့စည်းလုံးမှ အောင်မည်။
တစ်သံတည်းညီ တစ်ချီတည်းရုန်းကြမည်။
အရေးတော်ပုံ အောင်ကို အောင်ရမည်။

01/06/2023

အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီး ဆရာကြီးဒေါက်တာဇော်ဝေစိုး မှ စစ်ကိုင်း ယင်းမာပင်ခရိုင် နဲ့ တော်လှန်ရေးအစသမိုင်း နှင့် လက်ရှိတော်လှန်ရေးတိုးတက်မှုတို့ကို နှိုင်းယှဉ်ပြကာ အာဠာဝက အေကေ ထုတ်လုပ်ရေး အရေးပါပုံတို့ကို ရှင်းလင်းပြောကြားစဉ် - -

💥 အာဠာဝက အေကေ စွမ်းအားတွေကို မြှင့်တင်ပေးကြဖို့ အဓိက အရေးပါတဲ့ ထောက်ပို့ တောင်းဆိုပါတယ်။
ထောက်ပို့ရန်လင့်များ - - - - -
https://m.facebook.com/story.php?story_fbid=265591572696598&id=100077372718882
တော်လှန်ပြည်သူတို့အားဖြင့်သာ လျှောက်လှမ်းနေပါသည်။
ကျနော်တို့စည်းလုံးမှ အောင်မည်။
တစ်သံတည်းညီ တစ်ချီတည်းရုန်းကြမည်။
အရေးတော်ပုံ အောင်ကို အောင်ရမည်။
#အာဏာရှင်စနစ်ကိုတိုက်နေသည်
#အချင်းချင်းတိုက်နေသည်မဟုတ်

28/05/2023

#အာဠာဝက တပ်ရင်းမှူး ဗိုလ်ထက်ရှိုင်းမှ အေကေ-47 ထုတ်လုပ်ရေးကမ်ပိန်းနဲ့ပတ်သက်ပြီး ရှင်းလင်းတင်ပြ.....

27/05/2023

ယင်းမာပင်ခရိုင် စုပေါင်းတပ်ရင်း (၅) ရင်းတို့ဖြင့်ဖွဲ့စည်းထားသော အာဠာဝက AK-47 ထုတ်လုပ်ရေးကမ်ပိန်း - - - - -

ကိုမင်းကိုနိုင် ရဲ့ အာဠာဝက ထုတ်လုပ်ရေးအတွက် တော်လှန်ရေး အဓွန့်မရှည်စေဖို့ နည်းလမ်း, ထောက်ပို့၏ အရေးပါပုံ နှင့် ထောက်ပို့ပြည်သူတွေကို စည်းလုံးဖို့ တိုက်တိုင်းရှုံးနေတဲ့ ခွေးရူးစခတွေကို တော်လှန်ရေး သတိရှိဖို့ အစစအရာရာ တော်လှန်ရေး ဂရုစိုက်ဖို့ တော်လှန် မေတ္တာစကားပြောကြားပေးထားသော ကိုပေါ်ကို ကျေးဇူးတင်ပါတယ်။

အာဠာဝက AK-47 ထုတ်လုပ်ရေးအဖွဲ့

တော်လှန်ပြည်သူတွေသည်သာ အခရာ။
တော်လှန်ရေး မုချ မြန်မြန်အောင်ရမည်။
အရေးတော်ပုံ အောင်နေပြီ, အောင်ကို အောင်ရမည်။

နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်စီ ထပ်မံခ...
02/09/2022

နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်စီ ထပ်မံချမှတ်။
ဒေါ်အောင်ဆန်းစုကြည် အမှု​ပေါင်း ၁၁မှုအတွက် စုစုပေါင်း ထောင်ဒဏ် နှစ် ၂၀ ထိဖြစ်လာ။အမှုပေါင်း ရှစ်မှုကို ဆက်လက်ရင်ဆိုင်ရဦးမည်ဖြစ်သည်။

16/08/2022

ပြည်သူ့အနုပညာရှင်များနှင့်ပြည်သူ့ဘက်တော်သားများ၏ တော်လှန်ရေးစကားဝိုင်း

22/07/2022

ဟိုပွဲ ဒီပွဲတွေလဲပြီးပြီဆိုတော့ဒီဘက်အားစိုက်ကြဦးလေနော့

များများပြန့်တော့ကူမယ့်သူတွေများများသိတာပေါ့။

ပေါင်းကူးတံတားလေးများရေ အားကိုးမယ်နော်

22/06/2022

ရန်သူ့လက်ထဲကျရောက်နေတာတောင် ဒီသူရဲကောင်းတွေရဲ့စိတ်ဓာတ်မာကျောပုံက လက်ဖျားခါတယ်။

ငါသေချင်သေစေတော့ ငါ့ရဲဘော်တွေအန္တရာယ်ကင်းကင်းနဲ့ဆက်တော်လှန်နိုင်စေရမယ်ဆိုတဲ့ သူရဲကောင်းစိတ်ဓာတ်။

21/06/2022

စစ်ကောင်စီတပ်သား ရုပ်အလောင်း ခြံထဲမှာမထားလို

ဝေယံမိုး

ကရင်နီပြည်နယ်၊ ဒေါညေးခူ ရွာထဲသို့ နှစ်ဖက်တိုက်ပွဲများ ငြိမ်သက်သွားချိန် မြေကော်ကားတစ်စီးဝင်လာသည်။ တအိအိနှင့် မောင်းနှင်လာသည့် ထိုကားကြီး ဒေသခံများ ညွှန်ပြရာ နေရာသို့ရောက်ရှိခဲ့ပြီ ဖြစ်သည်။

ထိုနေရာတွင် ယင်ကောင်များ တဝီဝီပျံနေသည့် မြေကျင်းတစ်ခုအား ပထမဆုံး တွေ့လိုက်ရသည်။

ပြင်းထန်စွာထွက်လာသည့် အပုတ်နံ့ကြောင့် ရဲဘော်တချို့ နှာခေါင်းကို အင်္ကျီနှင့်အုပ်ထားကြရသည်။ ခြံဝင်းတစ်ခုအတွင်းရှိ ဗုံးခိုကျင်းထဲ ပစ်ချထားခဲ့သည့် စစ်ကောင်စီတပ်သား တစ်ဦး၏ ရုပ်အလောင်းမှ အပုတ်နံ့ထွက်နေခြင်း ဖြစ်သည်။

ထို့နောက် အဝါရောင်မြေကော်ကားကြီးမှ ထိုမြေကျင်းတစ်ခုထဲက ရုပ်အလောင်းကို ကော်ထုတ်လိုက်သည်။ ထိုသို့ လုပ်ဆောင်ပေးနေသည်မှာ ကရင်နီပြည်နယ်က ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ဖြစ်သည်။

အကြောင်းမှာ စစ်ကောင်စီတပ်သား ရုပ်အလောင်းအား ၎င်းတို့်နေအိမ်ခြံထဲ မထားလိုကြောင်းဒေသခံများက အကူအညီတောင်းသည့်အတွက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ရှင်းလင်းပေးနေခြင်း ဖြစ်သည်။

“ဒေသခံတွေကပြောတာရှိတယ် ။ နောက်ကျွန်တော်တို့ ကယား(ကရင်နီ)ပဲဖြစ်ဖြစ် ကယန်းပဲ ဖြစ်ဖြစ် အစိမ်းသေတဲ့သူဆို ခြံထဲမှာမထားချင်ဘူးလေ ။ နောက်တစ်ပိုင်းက သူတို့ စစ်ခွေးအလောင်းဆိုတော့ သိတဲ့အတိုင်းမဟုတ်လား အင်္ကျီတစ်စတောင်မထားချင်တာ ၊ ဒါကြောင့်ဒေသခံတွေက အကူအညီတောင်းလို့ ကျွန်တောတို့ လုပ်ပေးဖြစ်တာ” ဟု ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် (တပ်ရင်း I )မှ ရဲဘော်တစ်ဦးကပြောပြသည်။

ထိုရဲဘော်မှ ပေးပို့လာသည့် ရုပ်သံဖိုင်တွင်လည်း ဗုံးခိုကျင်းတစ်ခုထဲ မြှုပ်ထားသည့် ရုပ်အလောင်းတစ်ခု မြေကော်စက်အတွင်း ပါလာသည်ကို တွေ့ရသည်။ ထို့နောက် တာလပတ်စတစ်ခုအပေါ် ရုပ်အလောင်းကို တင်ကာ ရွာနှင့်ဝေးရာတွင် မီးရှို့လိုက်သည်ဟု ဆိုသည်။

ရုပ်သံတွင်တွေ့ရသည့်ရုပ်အလောင်းတစ်ခုသာမက တိုက်ပွဲရက်များတွင် သေဆုံးသည့်တပ်သားများအား ဆွဲကာ စစ်ကောင်စီတပ်များထွက်ပြေးကြသည်များရှိသကဲ့သို့ ရွာအပြင်တွင် ကျန်နေခဲ့သည့် အလောင်းများလည်း ရှိသည်ဟုသိရသည်။

အင်အား ၁၀၀ နီးပါး ပါသည့် စစ်ကောင်စီတပ်သည် ဇွန်လ ၁၂ ရက်နေ့မှ စတင်ကာ ထီးပေါဆို ကျေးရွာနှင့် ဒေါညေးခူ ကျေးရွာအနီးသို့ ရောက်ရှိလာပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် ညလုံးပေါက် တိုက်ပွဲပြင်းထန်ကာ ဇွန်လ ၁၃ ရက်နေ့အထိ သေနတ်သံ မစဲခဲ့ပေ။

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အထိနာခဲ့ပြီး ၁၀ ယောက်ထက်မနည်း သေဆုံးနိုင်ကြောင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်မှ ထုတ်ပြန်ထားသည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ မောင်းပြန်သေနတ် ခြောက်လက်နှင့်အတူ စစ်အသုံးအဆောင်ပစ္စည်းများအား ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းဆည်းနိုင်ခဲ့သည်။

ထိုသို့ အထိနာသည့်စစ်ကောင်စီတပ်သည် ဒေသခံနေအိမ်များရှိရာသို့ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ် တိုက်ခိုက်ခဲ့သည့်အတွက် နေအိမ်တစ်လုံးပျက်စီးကာ ကလေးငယ်တစ််ဦးနှင့် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ထိုသို့အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ရင်း ဇွန်လ ၁၆ ရက်နေ့တွင် ဒေါညေးခူကျေးရွာဒေသအား ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ထိန်းချုပ်နိုင်ခဲ့သည်။

အဆိုပါတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်-ဒီး​မော့ဆို(DMO-Local PDF)၊ KA ၊ KNDF၊
လွိုင်ကော် (PDF)နှင့် အခြား​သော​တော်လှန်​ရေးအင်အားစုတပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထို့တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုမှ ရဲဘော်မောင်ဒေးဗစ်သည် စစ်ကောင်စီတပ်ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းနင်းမိကာ ညာခြေတစ်ဖက် ဖြတ်လိုက်ရသည်။

အကြမ်းဖက်စစ်ကောင်စီဘက်မှ ၎င်းတို့ အခြေချသွားလာသည့်နေရာများတွင် မြေမြုပ်မိုင်းများ ထောင်ထားလေ့ရှိသောကြောင့်မိဘပြည်သူများအနေဖြင့် လုံးဝသွားလာခြင်း မပြုလုပ်ရန်အတွက် ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်မှ သတိပေးထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ဒေါညေးခူရွာအတွင်း ရှိနေစဉ် နေအိမ် ၁၀ လုံးကျော်နှင့် ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းအား မီးရှို့ဖျက်ဆီးခဲ့သည်ကိုလည်း တွေ့ရသည်။

ကာကွယ်ရေးတပ်ဖွဲ့များမှ မှတ်တမ်းတင်ထားသည့် ရုပ်သံဖိုင်တွင်လည်း အုတ်နံရံအချို့သာကျန်တော့ပြီး ပြာပုံအတိဖြစ်နေသည့် ဘုရားကျောင်းအား စိတ်မချမ်းမြေ့ဖွယ်ရာ မြင်တွေ့ရသည်။


#ရုပ်အလောင်း
#ကရင်နီပြည်နယ်
-----------------------

18/06/2022

ခွေးမျိုးတွေရဲ့ လုပ်ရပ်ကိုကြည့်😡

ဖျက်အားကြီးတဲ့ ကနီထိုးစစ် ဝေယံမိုး အကြမ်းဖက်စစ်ကောင်စီတပ်သည် ကနီမြို့နယ်အတွင်း ၂၇ ရက်တိုင်တိုင်စစ်ကြောင်းထိုးရာ အသက်မပြည...
16/06/2022

ဖျက်အားကြီးတဲ့ ကနီထိုးစစ်

ဝေယံမိုး

အကြမ်းဖက်စစ်ကောင်စီတပ်သည် ကနီမြို့နယ်အတွင်း ၂၇ ရက်တိုင်တိုင်စစ်ကြောင်းထိုးရာ အသက်မပြည့်သေးသည့်လူငယ်တစ်ဦးအပါအဝင် ပြည်သူ ၇ ဦးနှင့် ကျေးရွာပေါင်း ၁၈ ရွာမှ လူနေအိမ် ၁၀၉၁ လုံးမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

စစ်ကြောင်းသုံးခုပါ ထိုစစ်ကောင်စီတပ်သည် မေလ ၁၀ ရက်မှ ဇွန်လ ၅ ရက်နေ့အထိ စစ်ကိုင်းတိုင်း ကနီမြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးဝဲယာနှင့် ကုန်းတွင်းပိုင်းကျေးရွာ ၄၅ ရွာအား ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

“ဒီတစ်ခေါက်မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက PDF တွေရှိမယ်ထင်တဲ့ရွာတွေကို အဓိကအားဖြင့်စစ်ကြောင်းထိုးတယ်၊ နောက်တစ်ခုကတော့အပြန်အလှန်ပစ်ခတ်တဲ့ တိုက်ပွဲဖြစ်တဲ့အနီးက ကျေးရွာတွေကို ဝင်ပြီးမွှေတာတွေ မီးရှို့တာတွေ ပြီးတော့ ဒေသခံတွေကို ဖမ်းဆီးပြီး ရက်ရက်စက်စက်သတ်ဖြတ်တာတွေလုပ်ကြတယ်” ဟု ကနီမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မှ ကိုပြည့်အောင်နိုင်ကပြောသည်။

တိုက်ပွဲများဖြစ်ရာအနီးဝန်းကျင်ရွာမှ ဒေသခံများအား စစ်ကောင်စီတပ်မှ ဖမ်းဆီးကာ နှိပ်စက်သတ်ဖြတ်ပြီး အလောင်းများ ထားခဲ့သည်ကို နယ်မြေရှင်းလင်းချိန်တွင် တော်လှန်ရေးတပ်ဖွဲ့များက ပြန်လည်တွေ့ခဲ့ရသည်။
ထိုစစ်ကြောင်းမှ အရပ်သားများအား ဖမ်းဆီးသတ်ဖြတ်ခဲ့ရာ ကနီမြို့နယ် ကင်းတောင်ရွာမှ တစ်ဦး၊ အထက်ကင်းရွာမှ တစ်ဦး၊ တဇယ်ချောင်းရွာမှ လေးဦး နှင့်ဒေါင်းခြံကျေးရွာမှ တစ်ဦးတို့ဖြစ်ကြောင်း ကနီမြို့နယ်နွေဦးတော်လှန်ရေးသပိတ်အင်အားစု မှ ပြုစုထားသည့် စာရင်းများအရသိရသည်။

ထိုသို့အသတ်ခံရသူများသည် အရပ်သားများဖြစ်ပြီး ခန္ဓာကိုယ်အနှံ့တွင် နှိပ်စက်ခံရသည့် ဒဏ်ရာများတွေ့ရကာ အချို့အား လက်ချောင်းများပင်ဖြတ်ထားသည်ဟု ရုပ်အလောင်းများအား တွေ့ရှိစဉ် သိရသည့်အချက်အလက်များကို ကနီမြို့နယ်နွေဦးတော်လှန်ရေးသပိတ်အင်အားစု ကထုတ်ပြန်သည်။

“အစကတော့ဖမ်းဆီးခံရတယ်ဆိုတာမသိဘူးပေါ့ဗျာ တဇယ်ချောင်ရွာဘုရားကုန်းနားမှာ ယင်ကောင်တွေတဝုန်းဝုန်းထွက်လာလို့ရှာဖွေတဲ့အခါ ဇွန်လ ၅ ရက်နေ့မှာ တဇယ်ချောင်ရွာသား လေးဦးရဲ့ အလောင်းတွေကိုတွေ့ရှိရတယ် အဲ့ဒီအလောင်းတွေကိုရွာခံတွေနဲ့အတူအတည်ပြုနိုင်ခဲ့တယ်” ဟု ကိုပြည့်အောင်နိုင်ကပြောသည်။

မေလ ၃၁ ရက်နေ့လယ် ၁ နာရီအချိန်တွင် အသက် ၄၁ နှစ်အရွယ် တဇယ်ချောင်ရွာသား သုံးဦးနှင့်အတူ ဦးခင်မောင်ချင်းအား စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားခြင်းဖြစ်သည်။ ၎င်း၏ စောင်အုပ်လျက်ပုပ်ပွနေသည့်ရုပ်အလောင်းအား တဇယ်ချောင်ရွာ ဘုရားကုန်းချောက်အနီးတွင် ဇွန်လ ၅ ရက်နေ့တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်းသိရသည်။

၎င်း၏ ရုပ်အလောင်းနှင့်အတူ တဇယ်ချောင်ရွာသားများဖြစ်သည့် အသက်မပြည့်သေးသည့် အသက် ၁၇ နှစ်အရွယ် ကိုဖြိုး၊ အသက် ၄၇ နှစ်အရွယ် ဦးကျော်ဝင်းလှိုင် နှင့် အသက် ၅၁ နှစ်အရွယ် ဦးဇော် တို့်၏ ရုပ်အလောင်းများလည်းတွေ့ခဲ့ရကြောင်း ကနီမြို့နယ်နွေဦးတော်လှန်ရေးသပိတ်အင်အားစု ကထုတ်ပြန်ထားသည်။

မေလ ၂၅ ရက်ညနေခင်းတွင်စစ်ကောင်စီတပ်မှ ဖမ်းဆီးခြင်းခံရသည့် အသက် ၃၉ နှစ်အရွယ် အထက်ကင်းရွာသား ဦးဇော်လင်းအား အထက်ကင်းရွာအနီးတွင် ဘယ်လက်နှင့်ညာလက်မှ လက်ချောင်းသုံးချောင်းစီအား ဖြတ်တောက်ထားကာ လည်ပင်းသံကြိုးချည် လက်နောက်ပြန်လက်ထိပ်ခတ်အနေအထားဖြင့် တစ်ကိုယ်လုံး ရိုက်နှက်ဒဏ်ရာများနှင့် သေဆုံးနေသည်ကို မေလ ၂၆ ရက်နေ့တွင်တွေ့ရှိရကြောင်းသိရသည်။

“သူ့ဖြစ်စဉ်ကျတော့ မင်းကင်းနယ်ဘက်ကနေ ကနီအထက်ကင်းရွာကို စစ်ကောင်စီတပ် ဖလက်ခွန်တွေ လာတယ်ပေါ့ စစ်ကြောင်းကရွာထဲကိုဝင်ပြီးဦးဇော်လင်းကို ဖမ်းဆီးသွားတယ် ဒါကိုလည်း မြင်လိုက်တဲ့ရွာသားတွေရှိတယ်။ နောက်ရက်ကျတော့ရွာအနီးမှာပဲ သူ့ရုပ်အလောင်းကိုတွေ့တယ် ရုပ်အလောင်းမှာက လက်ချောင်းသုံးချောင်းစီဖြတ်ထားတယ် ခြေချောင်းတွေကို ဖြတ်ထားတာလဲတွေ့တယ်” ဟု ကိုပြည့်အောင်နိုင်က ဦးဇော်လင်းဖြစ်စဉ်အားရှင်းပြသည်။

ဦးဇော်လင်း၏ လက်ချောင်းသုံးချောင်းစီဖြတ်ခံထားရခြင်းနှင့်ပတ်သတ်၍လည်း” အဓိကကတော့နွေဦးတော်လှန်ရေးသင်္ကေတဖြစ်တဲ့ လက်သုံးချောင်းကို ဖြတ်တာလားဆိုတာ စဉ်းစားစရာဖြစ်နေတယ် တော်တော်ကို ဆိုးဆိုးဝါးဝါးတော့လုပ်သွားတယ်” ဟု ကိုပြည့်အောင်နိုင်က သုံးသပ်ပြောဆိုသည်။

“စစ်ကောင်စီကရက်ရက်စက်စက်သတ်ဖြတ်ခံရပြီး ဆုံးသွားတဲ့ဒေသခံရဲ့အသုဘကို ကျွန်တော်သွားဖြစ်တယ် အသုဘမှာ မိသားစုဝင်က ငိုတဲ့အခါ - ဟော့ဒီစစ်ကောင်စီတပ်ကြောင့် သေရတယ် စစ်ကောင်စီမရှိမှ မင်းအောင်လှိုင်ကြီးမြန်မြန်သေမှ နားအေးမှာ - ဒီလိုမျိုးငိုကြတယ် စစ်ကောင်စီအပေါ်နာကြည်းမှုတွေ ကအမြင့်ဆုံးကို ရောက်နေတာကိုတွေ့ရတယ်” ဟု မိသားစုဝင်အသတ်ခံရသည့် အခြေအနေအပေါ် ကျန်ရစ်သူမိသားစုများ ခံစားရသည်ကို ကိုပြည့်အောင်နိုင်ကပြန်ပြောပြသည်။
မီးရှို့ခံရသည့်ကျေးရွာများတွင် ဦးဇော်လင်း၏ အထက်ကင်းရွာသည် နေအိမ် ၁၃၀ မိီးလောင်ဆုံးရှုံးကြောင်း ကနီမြို့နယ်နွေဦးတော်လှန်ရေးသပိတ်အင်အားစု မှမှတ်တမ်းအရသိရသည်။

စစ်ကောင်စီတပ် ကနီမြို့နယ်အတွင်း ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် လူနေအိမ်များမီးရှို့ဖျက်ဆီးခြင်းသည် ပထမဆုံးအကြိမ်တော့မဟုတ်တော့ပေ။
စစ်ကောင်စီတပ်စစ်ကြောင်းများထိုးချိန်တိုင်း ဒေသခံအချို့အား ပြည်သူ့ကာကွယ်ရေးတပ်သားများ တံဆိပ်ကပ်ကာ ဖမ်းဆီးသတ်ဖြတ်ခဲ့သည်မှာ ၁၄၀ နီးပါး ရှိပြီဟု ပြည်သူ့ကာကွယ်ရေးတပ်မှ မှတ်တမ်းတင်ထားသည့်အချက်အလက်များအရသိရသည်။
မီးရှို့ဖျက်ဆီးခံရသည့်လူနေအိမ်ပေါင်းသည်လည်း ၁၅၀၀ ကျော် ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင်စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် တစ်လ အတွင်း လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု လေးကြိမ်ထိကျူးလွန်ထားသည်ကို အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားချက်အရသိရသည်။
ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၁ ရက်တွင် ယင်းရွာနှင့်ကုန်းသာရွာတွင် ၁၅ ဦး၊ ၂၆ ရက်နေ့တွင် ယင်းရွာအရှေ့ဘက်တွင် ၁၆ ဦး၊ ၂၈ ရက်တွင် ကြက်ချောင်းတောတိုက်ရွာတွင် ၁၁ ဦးနှင့် ၃၁ ရက် တောင်ပေါက်ရွာမှ ပြည်သူ ၁၂ ဦးတို့ဖြစ်သည်။
ထိုသို့စစ်ကောင်စီမှ သတ်ဖြတ်မီးရှို့မှုများ အပြင်းအထန်ပြုလုပ်သော်လည်း ဒေသခံများ၏ တော်လှန်လိုစိတ်အား မပြောင်းလဲနိုင်ပုံကို “အိမ်ခြေပေါင်း ၂၀၀ ကျော်မီးရှို့ခံရတဲ့ရွာတစ်ရွာက ရွာသားတစ်ယောက် ကျွန်တော်တို့နဲ့တွေတဲ့အခါ ဘာပြောလဲဆိုတော့ သူတို့က အိမ်ပဲမီးရှို့လို့ရတာ စိတ်ဓာတ်တွေကိုရှို့လို့မရဘူး အိမ်မရှိဘူးလား ရတယ် မြေတော့ကျန်သေးတယ်လေ ဒီလိုမျိုးစိတ်ဓာတ်ခိုင်မာကြတာကိုတွေ့ရတယ်” ဟု မီးရှို့ခံရသည့်ဒေသခံများ၏ စိတ်ခံယူပုံအချို့ကို ကိုပြည့်အောင်နိုင်ကပြန်ပြောပြသည်။
စစ်ကောင်စီတပ်၏ မီးရှို့စစ်ဆင်ရေးအတွင်း နေအိမ်အများဆုံးရှုံးရသည့်ဒေသများတွင် စစ်ကိုင်းတိုင်းသည် ထိပ်ဆုံးဖြစ်ကာ ၂၀၂၁ ခုနှစ် မေလ ၃၁ ရက်အထိ ၁၃၈၄၀ လုံးမီးရှို့ခံထားရပြီးဖြစ်ကာ တစ်နိုင်ငံလုံးတွင် မီးရှို့ခံရသည့်နေအိမ်ပေါင်း ၁၈၈၈၆ ရှိပြီဖြစ်ကြောင်း Data For Myanmar အဖွဲ့၏ စစ်တမ်းများတွင်တွေ့ရသည်။
ကနီနယ်သို့ ၂၇ ရက်တိုင် ယခုအကြိမ်စစ်ကြောင်းထိုးသည့်စစ်ကောင်စီတပ်သည် စစ်ကြောင်းသုံးခုဖြင့် ထိုးဖောက်ဝင်ရောက်လာသည်ကို တွေ့ရသည်။
ချင်းတွင်းမြစ်ကမ်းအရှေ့ဘက် ချောင်းဝကြီးကျေးရွာအားစတင်မီးရှို့ကာ စစ်ကြောင်းထိုးလာသည့်စစ်ကြောင်းသည် စစ်ကောင်စီတပ်သား ၇၀ ကျော်နှင့် ရဲသား ၂၇ ဦးပါဝင်ကာ ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်ကြောင်းထိုးခြင်းဖြစ်သည်။
ဒုတိယတစ်ဖွဲ့သည် ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာအား မီးရှို့ဖျက်ဆီးကာ ကနီမြို့နယ်အား တောလမ်းအတိုင်း ခြေလျင်စစ်ကြောင်းထိုးလာသည့် အင်အား ၁၀၅ ယောက်ပါဝင်ကြောင်းသိရပြီး ကနီမြို့နယ် ရေလယ်ကျွန်းပျူစောထီးစခန်းဆီဦးတည်စစ်ကြောင်းထိုးခြင်းဖြစ်ကြောင်းသိရသည်။
တတိယတစ်ဖွဲ့သည် မင်းကင်းနယ်မှ ဖလက်ခွန် ရှစ်စီးပါ ရေယာဉ်အုပ်စုဖြစ်သည်။
“ဒီတစ်ကြိမ်က ထူးခြားတာက စစ်ကြောင်းသုံးကြောင်းစလုံး တြိဂံပုံစံညှပ်ပြီးစစ်ကြောင်းထိုးတဲ့ပုံစံ စစ်ကြောင်းသုံးကြောင်းစလုံးက မီးလည်းရှို့တယ် လူလည်းသတ်တယ် စစ်ကြောင်းပုံစံကပြောင်းလာတယ် အရင်တုန်းက ကနီမြို့နယ်မှာ ဒီလိုကြီးမီးရှို့ဖျက်ဆီးတာရော အင်အားဒီလောက်သုံးပြီးစစ်ကြောင်းထိုးတာရော မရှိဘူး အဓိကသူတို့ရည်ရွယ်ချက်ကတော့ ပြည်သူတွေနဲ့ PDFတွေကြားမှာ အမြင်သဘောထားတွေကွဲပြီး ထောက်ပံ့မှုတွေမလုပ်နိုင်အောင် ဒီလို PDF တွေရှိနေလို့ငါတို့က စစ်ကြောင်းထိုးပြီး ရှင်းလင်းရတာမျိုးတွေလုပ်ရတာဆိုတာမျိုးလည်း ပြချင်တဲ့သဘော” ဟု ယခုအကြိမ်စစ်ကြောင်းထိုးမှုပုံစံနှင့် ဖြစ်နိုင်ချေရည်ရွယ်ချက်အား ကိုပြည့်အောင်နိုင်ကရှင်းပြသည်။
ထိုသို့စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်အား ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်မှုများ ပြုလုပ်သည့်အတွက် စစ်ကောင်စီတပ်သည် လေကြောင်းပစ်ကူများဖြင့် ပြန်လည်တိုက်ခိုက်ချေမှုန်းသည်ကိုတွေ့ရသည်။
“တိုက်ပွဲတွေထဲမှာဆိုရင် မေလ ၁၀ ရက်နေ့မှာ တဇယ်ချောင်ရွာနဲ့ ပျူစောထီးစခန်းရှိတဲ့ ရေလယ်ကျွန်းရွာ နားမှာ ၄၅ မိနစ်လောက်တိုက်ပွဲဖြစ်ခဲ့တယ် မွန်းတည့် ၁၂ နာရီလောက်မှာ မုံရွာနမခဘက်ကနေပြီး လေကြောင်းရဟတ်ယာဉ်ပစ််ကူတစ်ကြိမ်ပစ်တယ်၊ နောက်တစ်ခုက မေလ ၃၁ ရက်နေ့မှာကျတော့ မင်းကုန်းရွာနဲ့ ညောင်ပင်ဝန်းရွာနားမှာ ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ လေကြောင်းပစ်ကူတစ်ကြိမ် ဒီလိုမျိုးတွေပစ်ခဲ့တာရှိတယ်” ဟု တိုက်ပွဲအချို့အား ကိုပြည့်အောင်နိုင်ကပြောပြသည်။
ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ မိထိသေဆုံးမှုများရှိခဲ့ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များဘက်မှ ထိိခိုက်ကျဆုံးမှုရှိသော်လည်း အတိအကျအတည်ပြုနိုင်ရန်ခက်ကြောင်း ၎င်းကဆက်ပြောသည်။
ကနီနယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်တစ်ခုဖြစ်သည့် ကျောက်လုံးကြီး ပြည်သူ့ ကာကွယ်ရေးတပ်မှ ထုတ်ပြန်ချက်အရ ကနီမြို့နယ်တွင်း မေလအတွင်းက စစ်ကောင်စီတပ် နှင့် ဒေသခံပြည်သူ့ကာကွယ် ရေးတပ်များ ထိတွေ့တိုက်ပွဲ (၁၅ ) ကြိမ် ဖြစ်ပွားရာစစ်ကောင်စီတပ်သား ၅ဝ ခန့်သေဆုံးနိုင်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့များဘက်က ရဲဘော် ငါး ဦး ကျဆုံး၍ ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။
စစ်ကောင်စီတပ်သည်ကနီနယ်အား ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားရာ ထိုအချက်အလက်များအား မဇ္ဈိမအနေဖြင့် အတည်မပြုနိုင်သေးပေ။
ထိုသို့စစ်ကြောင်းထိုးခံခဲ့ရာတွင် ကနီမြို့နယ်ရှိ ကနဲအုပ်စု၊ နတ်ကြီးအုပ်စု ၊ ကင်းတောင်အုပ်စု ၊ ချိုင်အုပ်စု၊ မုဌောအုပ်စု ၊ အိုင်တောင်အုပ်စု ၊ တဇယ်ချောင်အုပ်စု ၊ နတ်မြောက်အုပ်စု ၊ နတ်တောင်အုပ်စု စတဲ့ ကျေးရွာအုပ်စု (၉)စုမှ ဒေသခံပြည်သူ (၂၆၅၃၂) ဦး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ကနီမြို့နယ်နွေဦးတော်လှန်ရေးသပိတ်အင်အားစု မှမှတ်တမ်းအရသိရသည်။
စစ်ကောင်စီတပ်၏ ဒေသခံများအပေါ် ဖမ်းဆီးသတ်ဖြတ်မှုနှင့်နေအိမ်မီးရှို့မှုများအား ရာနှုန်းပြည့်မတားဆီးနိုင်သည့်အပေါ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း သူ့ခံစားချက်ကို ပြောပြသည်။
“ ငါတို့ရွာကြီးတော့မီးလောင်သွားပြီ ငါတို့မှာ ခေတ်မှီတဲ့လက်နက်မရှိတော့ငါတို့မကာကွယ်နိုင်လိုက်ဘူး ငါတို့မှာသာ လက်နက်အစ်နဲ့ စုဖွဲ့မှုကောင်းတဲ့အမိန့်တစ်ခုအောက်မှာသာရှိရင် ဒီပွဲဟာဘယ်လိုနေနေ အောင်မှာ ဒါတွေကိုကြည့်နေရတိုင်း ဝမ်းနည်းတယ် စစ်ကောင်စီကိုပိုဒေါသထွက်တယ် ငါတို့တွေဆက်ပြီးတော့မှ ကြိုးစားဖို့ကာကွယ်ပေးဖို့လိုသေးတယ် ပြည်သူတွေပြေးလွှားနေရတာတွေ မီးလောင်တဲ့ဒဏ်တွေ သတ်ဖြတ်ခံရတာတွေမခံစားရအောင် ပိုလုပ်ရမယ်ဆိုတာမျိုး နောက်ပြန််လှည့်စရာလုံးဝမရှိတော့ဘူး ရှေ့ကိုသာတိုးပြီး လုပ်ရတော့မယ်ဆိုတာမျိုးခံစားရတယ်” ဟု မီးခိုးတလိပ်လိပ်ထွက်နေသည့် ရွာအားကြည့်နေရသည့်အခါခံစားရသည်ကို ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးကပြောပြသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် တိုက်ပွဲပြင်းထန်ရာဒေသများအား အမြန်ဆုံးလက်နက်တပ်ဆင်ပေးရန်နှင့် အသိအမှတ်ပြုမှုအား အမြန််ဆုံးအကောင်အထည်ဖော်ပေးရန်လည်း ၎င်းကတောင်းဆိုသည်။
“မြေပြင်မှာလည်းတကယ်တိုက်ပွဲဝင်နေတဲ့ ငါတို့လို အဖွဲ့ငယ်လေးတွေကို NUG က အသိအမှတ်မပြုတော့ဘူးလား။ NUGရဲ့လက်အောက်မှာ မရှိခဲ့ဘူးဆိုရင် တရားမဝင်တဲ့အဖွဲ့တွေအဖြစ်နဲ့ကြေညာမှာလား ဆိုတဲ့ ဒီလိုအတွေးမျိုးတွေဖြစ်လာတယ်” ဟု၎င်းကဆိုသည်။

Address


Website

Alerts

Be the first to know and let us send you an email when Wai Yan Moe - ဝေယံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share