Z News

Z News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Z News, Media/News Company, .

05/05/2021

မေလအစရဲ့ မနက်ခင်း ရန်ကုန်မြို့ထဲရဲ့ အခြေအနေတစ်ခုပါ။ တနင်္ဂနွေဖြစ်ပြီး ရန်ကုန်မြို့ထဲက အရင်နေ့တွေထက် ပိုမ.....

အာရှရထားလမ်းမကြီးကွန်ယက်မှာမြန်မာပါဝင် ရေး ပြည်ထောင်စုလွှတ်တော်ကအတည်ပြု။။=====================================နေပြည်တော်၊...
22/07/2020

အာရှရထားလမ်းမကြီးကွန်ယက်မှာမြန်မာပါဝင် ရေး ပြည်ထောင်စုလွှတ်တော်ကအတည်ပြု။။=====================================
နေပြည်တော်၊ဇူလိုင်-၂၂။

အာရှရထားလမ်းမကြီးကွန်ယက်ဆိုင်ရာ အစိုးရချင်း သဘောတူညီချက်စာချုပ် တွင် မြန်မာပါဝင်လက်မှတ်ရေးထိုး ရန်အတွက် ပြည်ထောင်စုလွှတ်တော်ကသဘောတူခဲ့ကြောင်းယနေ့ ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက သိရသည်။

" ကုန်းတွင်းဆိပ်တွေက ကုန်စည်တွေကို ရထားနဲ့သယ်ယူပို့ဆောင် တဲ့ စနစ်ပိုကောင်းလာနိုင်ပါတယ် ။ နယ်စပ်တွေမှာ ပြတ်တောက်နေတဲ့ ရထားလမ်းတွေ ချိတ်ဆက်ရေးအတွက် ငွေကြေးနဲ့နည်းပညာတွေရနိုင်တာနဲ့ နိုင်ငံတွင်းမှာ ကုန်းတွင်း ဆိပ်တွေ တည်ဆောက်ရာမှာ ငွေကြေးနဲ့နည်းပညာအကူ အညီတွေ ရနိုင်ပါတယ် ။ ဒီနိုင်ငံပေါင်းစုံရထားလမ်းကွန်ယက်စနစ်မှာ ပါဝင်နိုင်ဖို့ဆိုရင် လက်ရှိနိုင်ငံမှာ အသုံးပြုနေတဲ့ ရထားသံလမ်း အကျယ် တွေကို ထပ်ချဲ့ပြုပြင်တာတွေ လုပ်ဆောင်ရဖို့ ရှိတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးကပြောတယ်။ နိုင်ငံနဲ့ အဓိက ချိတ်ဆက်မယ့် အိမ်နီးချင်းနိုင်ငံကြီးနှစ်ခုဖြစ်တဲ့ အိန္ဒိယနဲ့တရုတ်တို့မှာ ရှိတဲ့ ရထားသံလမ်းတွေဟာ မြန်မာသံလမ်းတွေ ထက် ပိုကျယ်နေတယ်။ ဒီဘက်က … သံလမ်း ၂ ချောင်းရဲ့ အကျယ်က တစ်မီတာ ( ၃.၂၈၀ ပေ ) ပဲ ကျယ်ပြီးတော့ အိန္ဒိယဘက်မှာကျတော့ ၁.၆၇၆ မီတာ ( ၅.၄၇၉ ပေ ) ကျယ်ပါတယ်။ … တရုတ်ဘက်မှာကျတော့ standard garage လို့ခေါ်ပါတယ်။ ၁.၄၃၅ မီတာ ( ၄.၇၀၈ ပေ ) ဖြစ်ပါတယ်။ … ဒါကြောင့် ကမ္ဘာ့ဘဏ်ရဲ့အကြံပြုချက်အရ မူဆယ်ကနေ မန္တလေးကို standard garage နဲ့ သွားသလို မန္တလေးကနေ တမူးကိုလည်း standard garage နဲ့ သွားဖို့ရာအတွက် ကျနော်တို့ အဆိုပြုပြီး တော့ ညှိနှိုင်းနေပါတယ်။ နည်းပညာအကူအညီရဖို့ရာလည်း ညှိနှိုင်းနေတာဖြစ်ပါတယ် ” ဟုပြည်ထောင်စုဝန်ကြီးဦးသန့်ဇင်မောင်က ရှင်းပြခဲ့သည်။

ထို့အပြင် စာချုပ်တွင်လက်မှတ်ရေးထိုးနိုင်မည်ဆိုပါက အရှေ့ဘက်တရုတ်နိုင်ငံ၊ အနောက်ဘက်အိန္ဒိယနိုင်ငံနှင့်တောင် ဘက်ရှိ ထိုင်း၊ မလေးရှား၊ စင်္ကာပူအထိ ရထားလမ်းကွန်ယက်ကို မြန်မာက ချိတ်ဆက်နိုင် မည်ဖြစ်ကြောင်း၊ နိုင်ငံတွင်းအနေဖြင့် မန္တလေး-မူဆယ်၊ မန္တလေး-တမူးရထားလမ်းပိုင်းများ ကို ဖောက်လုပ်အဆင့်မြှင့်တင်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါအဆိုအား ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်(၇)ဦး ကထောက်ခံဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ရထားလမ်းကွန်ယက်ဆိုင်ရာ စာချုပ်အဖွဲ့ဝင်နိုင်ငံပေါင်း( ၂၂) အထိ ရှိပြီး စီမံကိန်း အကောင်အထည် ဖော်မှုရန်အတွက် သဘောတူညီချက်ကို (၁၉) နိုင်ငံက လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။

.
www.gnowpress.com.

ယနေ့စစ်ဆေးမှုအရ COVID-19 အတည်ပြုလူနာမရှိပြီးရောဂါပျောက်ကင်းသူ(၅)ဦးရှိလာ။။====================================နေပြည်တော်၊...
15/07/2020

ယနေ့စစ်ဆေးမှုအရ COVID-19 အတည်ပြုလူနာမရှိပြီးရောဂါပျောက်ကင်းသူ(၅)ဦးရှိလာ။။
====================================
နေပြည်တော်၊ဇူလိုင်-၁၅။

COVID-19 ရောဂါရှိမရှိ သံသယလူနာများကို စစ်ဆေးခဲ့ရာ အတည်ပြုလူနာမရှိကြောင်းနှင့် ရောဂါပျောက်ကင်းသွားသူ(၅)ဦးရှိကြောင်း ကျန်းမာရေးဌာန ကယနေ့ သတင်းထုတ်ပြန်ထားသည်။

COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၃၃၅)ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၈၁) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၁၈၂) ခုနှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၁၈၉) ခု၊
စုစုပေါင်း (၈၈၇)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်မတွေ့ရှိကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၃၃၇) ဦးရှိပြီး၎င်းတို့အနက်သေဆုံးသွားသူ(၆)ဦးရှိကြောင်းသိရသည်။

အဆိုပါဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၅) ဦး (Case- 265, 294, 301, 302 နှင့် 304) ရှိသဖြင့် ယနေ့အထိ COVID-19 ရောဂါပိုးကင်းစင်လာသူ လူနာစုစုပေါင်း (၂၆၆) ဦးရှိပါသည်။

၎င်းတို့အနက် (၂၅၃) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာ များတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

ထို့အပြင် ဇူလိုင်လ (၁၄) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ ဇူလိုင်လ (၁၅)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၂၉) ဦး ရှိပါသည်။

.
www.gnowpress.com.

ယူအေအီးနိုင်ငံမှပြန်လာသည့်အသက် (၃၇)နှစ်အရွယ်ရှိအမျိုးသမီးတစ်ဦး တွင် COVID-19 ရောဂါပိုးတွေရှိ။။==========================...
14/07/2020

ယူအေအီးနိုင်ငံမှပြန်လာသည့်အသက် (၃၇)နှစ်အရွယ်ရှိအမျိုးသမီးတစ်ဦး တွင် COVID-19 ရောဂါပိုးတွေရှိ။။
=====================================
နေပြည်တော်၊ဇူလိုင်-၁၄။

ယူအေအီးနိုင်ငံမှပြန်လာသည့်အသက် (၃၇)နှစ်အရွယ်ရှိအမျိုးသမီးတစ်ဦး တွင် COVID-19 ရောဂါပိုးတွေရှိကြောင်း နှင့် ၎င်းသည် စောင့်ကြည့်ကန်သက်ထားသူတစ်ဦးဖြစ်ပြီး တောင်ဥက္ကလာဆေးရုံတွင်တက်ရောက်ကုသလျက်ရှိကြောင်း ကျန်းမာရေးဌာန ကယနေ့ညပိုင်း မှာသတင်းထုတ်ပြန်ထားသည်။

ထို့သို့ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၃၆၆)ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၄၈) ခု၊ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၁၄၂) ခုနှင့်ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၄၀) ခု၊စုစုပေါင်း (၉၉၆)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁) ဦး တွေ့ရှိကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၃၃၇) ဦး ရှိပြီး၎င်းတို့အနက် (၆)ဦးသေဆုံးသွားကြောင်းသိရသည်။

အဆိုပါ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း (၂၆၁) ဦးရှိပါသည်။

၎င်းတို့အနက် (၂၄၉) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွား အလာဆက်လက်ကန့်သတ်၍ စောင့်ကြပ် ကြည့်ရှုလျက်ရှိပါသည်။

ထို့အပြင် ဇူလိုင်လ(၁၃) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ ဇူလိုင်လ (၁၄)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၂၉) ဦး ရှိကြောင်းသိရသည်။

.
www.gnowpress.com.

အနည်းဆုံးအခကြေးငွေ ၇၀၀၀ ကျပ်မှ ၈၀၀၀ ကြားသတ်မှတ်နိုင်ရန်အလုပ်သမားများ Onlineကမ်ပိန်းပြုလုပ်မည်။။=========================...
14/07/2020

အနည်းဆုံးအခကြေးငွေ ၇၀၀၀ ကျပ်မှ ၈၀၀၀ ကြားသတ်မှတ်နိုင်ရန်အလုပ်သမားများ Onlineကမ်ပိန်းပြုလုပ်မည်။။
=====================================
ရန်ကုန်၊ ဇူလိုင်-၁၄ ။

အနည်းဆုံးအခကြေးငွေသတ်မှတ်ရမည့် အချိန်ကျော်မြင့်လာခြင်းနှင့်ကျပ် ၇၀၀၀ မှ ၈၀၀၀ကျပ်ကြားသတ်မှတ်နိုင်ရန် အလုပ်သမားအခွင့်အရေးလှုပ်ရှားသူများနှင့် အလုပ်သမားများ Online ကမ်ပိန်းပြုလုပ်သွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သ မားများသမဂ္ဂအဖွဲ့ချုပ် (MICS)အထွေထွေအတွင်းရေး မှူးချုပ်ဦးသက်နှင်းအောင်က ပြောသည်။

"COVID-19 ကာလ ဖြစ်တဲ့ အတွက် Online ကပဲလုပ်မှာပါ။ အနည်းဆုံးလုပ်ခ ၇၀၀၀ကျပ်ကနေ ၈၀၀၀ ကျပ်အထိ တိုးမြှင့်ရေး အတွက်ပါ။အနည်းဆုံးလုပ်ခလစာနဲ့ပတ်သက်ပြီး အစုဖွဲ့ ၁၄ ဖွဲ့ရဲ့သဘောထားအမြင် ပြီးရင်အနည်းဆုံးလုပ်ခဆိုင်ရာအမျိုးသားကော်မတီမှာပါဝင်တဲ့ အဖွဲ့ချုပ်သုံးဖွဲ့ကနေပြီးတော့နှုန်းထားတစ်ခုထဲကိုညိညီညွတ်ညွတ်နဲ့ တောင်း နိုင်မယ်ဆိုရင် အမျို့သားအဆင့်ကော်မတီအစည်းအဝေးမှာ ခိုင်ခိုင်မာမာနဲ့ဆွေးနွေးနိုင်မယ်လို့ယူဆတာကြောင့် အဖွဲ့ချုပ်သုံးဖွဲ့ဆွေးနွေးနိုင်အောင်ကျွန်တော်တို့ MICS အဖွဲ့ချုပ်ကကြိုးစားသွားမှာပါ"ဟုဦးသက်နှင်းအောင်ကပြောဆိုခဲ့ပါသည်။

တတိယအကြိမ်မြောက်အနည်းဆုံးလုပ်ခလစာပြင်ဆင်ပြောင်းလဲ သတ်မှတ်ခြင်းကိုမေလ ၁၄ ရက်တွင် သတ်မှတ်ရမည်ဖြစ်သော်လည်း Covid-19 ရောဂါရိုက်ခတ်မှုများကြောင့် ပြင်ဆင်သတ်မှတ်နိုင်ခြင်းမရှိခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ခုနှစ်အနည်ဆုံးအခကြေးငွေ ဥပဒေပုဒ်မ ၅ (ဇ)အရ မြန်မာနိုင်ငံတွင်အနည်းဆုံးလုပ်ခလစာကို ၂နှစ်လျှင်အနည်းဆုံးတစ်ကြိမ် သတ်မှတ်ပြင်ဆင်ရမှာဖြစ်ကြောင်းသိရသည်။

.
www.gnowpress.com

ရန်ကုန်အသက်မွေးနည်းပညာကောလိပ်(သာကေတ) တွင် Sexy model  နန်းမွေ့စံအပါအဝင် အနုပညာရှင်များကို Kindness Ambassador ခန့်အပ်။။=...
10/07/2020

ရန်ကုန်အသက်မွေးနည်းပညာကောလိပ်(သာကေတ) တွင် Sexy model နန်းမွေ့စံအပါအဝင် အနုပညာရှင်များကို Kindness Ambassador ခန့်အပ်။။
=====================================
ရန်ကုန်၊ဇူလိုင်-၁၀။

ဘာသာရပ် ၁၈ ခု သင်ကြားပေးမည့် ရန်ကုန်အသက်မွေးနည်းပညာကောလိပ် (သာကေတ) တွင် Sexy model နန်းမွေ့စံအပါအဝင် အနုပညာရှင်များကို Kindness Ambassador ယနေ့ အခမ်းအနားဖြင့်ခန့်အပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ကောလိပ်မှာ အလယ်တန်းအောင်ရုံနှင့်တက်ရောက်ခွင့်ရှိပြီး ကျောင်းပြီးလျှင် အလုပ်အတွက် အာမခံပေးနိုင်မည့် ဖြစ် ၍ ကျောင်းသား/သူအယောက်တစ်‌ထောင် လက်ခံနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း က ၎င်း ၏ လူမှုကွန်ယက် တွင်ဖော်ပြထားကြောင်း သိရသည်။

ထို့အပြင် သင်ကြားပေးမည့်ဘာသာရပ်များအဖြစ် ဆောက်လုပ်ရေးနည်းပညာ၊ စက်မှုနည်းပညာ၊ မော်တော်ကားတပ်ဆင်ရေးနည်းပညာ၊နိုင်ငံခြားဘာသာစကား အပါအဝင် ဘာသာရပ် ( ၁၈ )ခုထိ သင်ကြားပေးမည် ဖြစ်ပြီး သင်ကြားချိန် ၃ လမှ ၆ လထိကာလတို သင်တန်းနှင့် ၁ နှစ်မှ ၃ နှစ်ကြာထိ တက်ရောက်ရမည့် သင်တန်းများ ဖြစ်ကြောင်း သိရသည်။

ယင်း ကော်လိပ်တွင် သင်ကြားမည့် ဘာသာရပ်များကို နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ပြီး၊ နည်းပညာကျွမ်းကျင်သည့် နိုင်ငံတကာကျောင်းများမှ ဆရာ/မများက လာရောက်သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။

.
www.gnowpress.com.

"Unicode Version"" Innocence: the series စာနယ်ဇင်းရှင်းလင်းပွဲ သတင်း ထုတ်ပြန်ချက်"Innocence the series သည် မြန်မာနိုင်ငံ...
10/07/2020

"Unicode Version"

" Innocence: the series စာနယ်ဇင်းရှင်းလင်းပွဲ သတင်း ထုတ်ပြန်ချက်"
Innocence the series သည် မြန်မာနိုင်ငံတွင်ပထမဆုံးရိုက်ကူး ထုတ်လွှင့်ရန် စီစဉ်​နေသည့် Boys Love ဇာတ်လမ်းတွဲဖြစ်ပါသည်။ စာ​ရေးဆရာမ ည​မွှေးပန်း၏ ​လက်ရာ​ကောင်းများထဲမှ တစ်ခုဖြစ်ပြီး ဇာတ်လမ်းအမျိုးအစားမှာ Romance and Drama အမျိုးအစားဖြစ်ပါသည်။ ၄င်း​ဇာတ်လမ်းသည် ရုပ်ရှင်ဇာတ်လမ်းအသွင်မ​ပြောင်းခင် စာအုပ်ထွက်စဉ် အချိန်ကာလကတည်းက ​ရေပန်းစားခဲ့​သော ဇာတ်လမ်းတစ်ပုဒ်လည်းဖြစ်ပါသည်။
အမုန်း၊ လက်စား​ချေခြင်းနှင့် ပူ​လောင်ခြင်းများကြားက မြူခိုးနှင့် တုနှိုင်းခ ဆို​သောဇာတ်​ကောင်နှစ်ဦး၏ ချစ်ခြင်း​​​​မေတ္တာကို လွမ်းဆွတ်ကြည်နူးဖွယ် ဖော်ကျူးထား​သောဇာတ်လမ်းဖြစ်ပါသည်။ မိမိကို​ထောင်ကျသည်အထိနာမည်ဖျက်ကာ ဒုက္ခ​ရောက်​စေခဲ့သူကို လက်စား​ချေဖို့ကြိုးစားချိန်တွင် မိမိရန်သူ၏ညီဖြစ်သူကို ချစ်မိသွားသည့်မြူခိုးဆိုသည့် အမျိုးသားတစ်ဦးအ​​ကြောင်းကို ရိုက်ကူးထားသည့် Boys Love ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါသည်။

၎င်းဇာတ်လမ်းတွဲအား Channel VIII မှ ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင်ဝယ်ယူခဲ့ပြီး တစ်ပိုင်းလျှင် မိနစ် ၃၀ ဖြင့် စုစု​​ပေါင်း အပိုင်း (၅၀)တိတိရိုက်ကူး ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါသည်။ အဆိုပါဇာတ်ကားအားဒါရိုက်တာ Emma မှ ရိုက်ကူးတင်ဆက်မည်ဖြစ်ပြီး အဓိကသရုပ်​ဆောင်များအဖြစ် စိုင်းဝဏ္ဏ​အောင်၊ Ethan ၊ မင်း​သွေးခန့်၊ အေးမြရိပ်နိုင်၊ မြင့်မြတ်​မောင်၊ ဆက်နိုင်၊ ရဲရင့်​မောင်​မောင်၊​နေမညို၊ ထားသစ္စာ၊ ဇွန်ပန်းရနံ့နှင့် အနုပညာရှင်များစွာတို့မှ ပါဝင်ရိုက်ကူးသွားမှာဖြစ်ပါသည်။
ဇာတ်လမ်း​ကျောရိုးအ​နေဖြင့် အနုပညာနယ်ပယ် (Entertainment Industry) တွင် အများစုအ​ခြေခံထားခြင်းဖြစ်ပါသည်။ ခမ်းနား​သည့် အပြင်အဆင်များ၊ ရုပ်ရည်​ချော​မော​သော သရုပ်​ဆောင်သစ်များ၏ ​ပြောင်​မြောက်​သောသရုပ်​ဆောင်မှူများဖြင့် နိုင်ငံတကာအဆင့်အတန်းမီစွာ ပထမဆုံးရိုက်ကူးထုတ်လုပ်ရန် ရည်ရွယ်ပြင်ဆင်ထားခြင်းဖြစ်ပါသည်။ ဇာတ်လမ်းတွဲနှင့်လိုက်ဖက်​သော ​နောက်ခံ​တေးသီချင်းများကိုလည်း ​တေး​ရေး/​တေးဆို ကိုလင်းထက်မှ ပုံ​ဖော်​ရေးဖွဲ့သီဆိုထားပါသည်။
မူလအစက April လတွင်ရိုက်ကူးရန် စီစဉ်ထား​သော်လည်း ယခုလက်ရှိဖြစ်ပွား​နေ​သော COVID 19 ​ကြောင့် ရိုက်ကူး​​ရေးအစီအစဉ်များအား​ရွှေ့ဆိုင်းထားခဲ့ရပါသည်။ June လ၏ ​နောက်ဆုံးရက်ပိုင်းကတည်းက ပါဝင်​သောသရုပ်​ဆောင်များ၏acting coachingအစီအစဉ်များပြုလုပ်ပြီးစီးသွားခဲ့ပြီဖြစ်ပါသည်။ August လပထမပတ်တွင် ရိုက်ကူး​ရေးအစီအစဉ်များပြန်လည်စတင်​တော့မည်ဖြစ်ပြီးဇာတ်လမ်းတွဲအား Online Channel များမှ အပတ်စဉ်ထုတ်လွှင့်ပြသွားမည်ဖြစ်ပါသည်။

"Zawgyi Version"

" Innocence: the series စာနယ်ဇင်းရှင်းလင်းပွဲ သတင်း ထုတ်ပြန်ချက်"
Innocence the series သည် မြန်မာနိုင်ငံတွင်ပထမဆုံးရိုက်ကူး ထုတ်လွှင့်ရန် စီစဉ်​နေသည့် Boys Love ဇာတ်လမ်းတွဲဖြစ်ပါသည်။ စာ​ရေးဆရာမ ည​မွှေးပန်း၏ ​လက်ရာ​ကောင်းများထဲမှ တစ်ခုဖြစ်ပြီး ဇာတ်လမ်းအမျိုးအစားမှာ Romance and Drama အမျိုးအစားဖြစ်ပါသည်။ ၄င်း​ဇာတ်လမ်းသည် ရုပ်ရှင်ဇာတ်လမ်းအသွင်မ​ပြောင်းခင် စာအုပ်ထွက်စဉ် အချိန်ကာလကတည်းက ​ရေပန်းစားခဲ့​သော ဇာတ်လမ်းတစ်ပုဒ်လည်းဖြစ်ပါသည်။
အမုန်း၊ လက်စား​ချေခြင်းနှင့် ပူ​လောင်ခြင်းများကြားက မြူခိုးနှင့် တုနှိုင်းခ ဆို​သောဇာတ်​ကောင်နှစ်ဦး၏ ချစ်ခြင်း​​​​မေတ္တာကို လွမ်းဆွတ်ကြည်နူးဖွယ် ဖော်ကျူးထား​သောဇာတ်လမ်းဖြစ်ပါသည်။ မိမိကို​ထောင်ကျသည်အထိနာမည်ဖျက်ကာ ဒုက္ခ​ရောက်​စေခဲ့သူကို လက်စား​ချေဖို့ကြိုးစားချိန်တွင် မိမိရန်သူ၏ညီဖြစ်သူကို ချစ်မိသွားသည့်မြူခိုးဆိုသည့် အမျိုးသားတစ်ဦးအ​​ကြောင်းကို ရိုက်ကူးထားသည့် Boys Love ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါသည်။

၎င်းဇာတ်လမ်းတွဲအား Channel VIII မှ ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင်ဝယ်ယူခဲ့ပြီး တစ်ပိုင်းလျှင် မိနစ် ၃၀ ဖြင့် စုစု​​ပေါင်း အပိုင်း (၅၀)တိတိရိုက်ကူး ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါသည်။ အဆိုပါဇာတ်ကားအားဒါရိုက်တာ Emma မှ ရိုက်ကူးတင်ဆက်မည်ဖြစ်ပြီး အဓိကသရုပ်​ဆောင်များအဖြစ် စိုင်းဝဏ္ဏ​အောင်၊ Ethan ၊ မင်း​သွေးခန့်၊ အေးမြရိပ်နိုင်၊ မြင့်မြတ်​မောင်၊ ဆက်နိုင်၊ ရဲရင့်​မောင်​မောင်၊​နေမညို၊ ထားသစ္စာ၊ ဇွန်ပန်းရနံ့နှင့် အနုပညာရှင်များစွာတို့မှ ပါဝင်ရိုက်ကူးသွားမှာဖြစ်ပါသည်။
ဇာတ်လမ်း​ကျောရိုးအ​နေဖြင့် အနုပညာနယ်ပယ် (Entertainment Industry) တွင် အများစုအ​ခြေခံထားခြင်းဖြစ်ပါသည်။ ခမ်းနား​သည့် အပြင်အဆင်များ၊ ရုပ်ရည်​ချော​မော​သော သရုပ်​ဆောင်သစ်များ၏ ​ပြောင်​မြောက်​သောသရုပ်​ဆောင်မှူများဖြင့် နိုင်ငံတကာအဆင့်အတန်းမီစွာ ပထမဆုံးရိုက်ကူးထုတ်လုပ်ရန် ရည်ရွယ်ပြင်ဆင်ထားခြင်းဖြစ်ပါသည်။ ဇာတ်လမ်းတွဲနှင့်လိုက်ဖက်​သော ​နောက်ခံ​တေးသီချင်းများကိုလည်း ​တေး​ရေး/​တေးဆိုကိုလင်းထက်မှပုံ​ဖော်​ရေးဖွဲ့သီဆိုထားပါသည်။
မူလအစက April လတွင်ရိုက်ကူးရန် စီစဉ်ထား​သော်လည်း ယခုလက်ရှိဖြစ်ပွား​နေ​သော COVID 19 ​ကြောင့် ရိုက်ကူး​​ရေးအစီအစဉ်များအား​ရွှေ့ဆိုင်းထားခဲ့ရပါသည်။ June လ၏ ​နောက်ဆုံးရက်ပိုင်းကတည်းက ပါဝင်​သောသရုပ်​ဆောင်များ၏acting coachingအစီအစဉ်များပြုလုပ်ပြီးစီးသွားခဲ့ပြီဖြစ်ပါသည်။ August လပထမပတ်တွင် ရိုက်ကူး​ရေးအစီအစဉ်များပြန်လည်စတင်​တော့မည်ဖြစ်ပြီးဇာတ်လမ်းတွဲအား Online Channel များမှ အပတ်စဉ်ထုတ်လွှင့်ပြသွားမည်ဖြစ်ပါသည်။

"English Version"

"Innocence; the series is the Myanmar First Boy Love series to produce as movie series. It is one of the masterpiece of autbhor "Nya Hmwe Pann" and is a romance and drama movie series.
This series is famous among audience before to go to produce as series. It is a delightful story about the love between two men who are in the midst of revenge and hate.
this series is about a man who love his enemy's brother although his enemy destroy his reputation and send him to jail.
This series is belong to Channel VIII from 2020 January and there will be 50 episodes that will take 30 minutes. The Director of this series is Emma and the casts are Sai Wunna Aung, Ethan, Min Thway Khant, Aye Mya Yeik Naing, Myint Myat Maung, Nay Ma Nyo, Htar Thitsar,Zun Pann Yanant and other many artists
The bone of the series is based on the entartainment industry. We are prepared to get international level with unique decoration and the actiong of our beautiful and sweet casts. Composer and Singer Ko Linn Htet composed the background music for the series. Formally, we are arranged to film in April but we are temporarily stopped due to the COVID - 19. We are alreay done our acting coaching at the last day of June. We will start our fliming process at the first week of August and the series will air on the online channel weekly.

Photo_ News

"Unicode Version" ယ​နေ့ ကျင်းပ ပြုလုပ်ခဲ့​သော Innocence: the series ရုပ်သံဇာတ်လမ်းတွဲ၏ စာနယ်ဇင်းရှင်းလင်းပွဲနှင့် Channe...
10/07/2020

"Unicode Version"

ယ​နေ့ ကျင်းပ ပြုလုပ်ခဲ့​သော Innocence: the series ရုပ်သံဇာတ်လမ်းတွဲ၏ စာနယ်ဇင်းရှင်းလင်းပွဲနှင့် Channel VIII မိသားစု၏ ဝါဆိုသင်္ကန်းကပ်လှူပွဲပုံရိပ်များ

"Zawgyi Version"

ယ​နေ့ ကျင်းပ ပြုလုပ်ခဲ့​သော Innocence: the series ရုပ်သံဇာတ်လမ်းတွဲ၏ စာနယ်ဇင်းရှင်းလင်းပွဲနှင့် Channel VIII မိသားစု၏ ဝါဆိုသင်္ကန်းကပ်လှူပွဲပုံရိပ်များ

"English Version"

The moment of Press Conference of "Innocence: the series" and donation of Warso robes and alms to Venerable Monks.

Photo_ News

လာမည့် ဇူလိုင်လ (၂၁)ရက်နေ့တွင် YBS ယာဉ်လိုင်း(၁၃)ခုတွင် payment card စနစ်အသုံးပြုမည်။။==================================...
09/07/2020

လာမည့် ဇူလိုင်လ (၂၁)ရက်နေ့တွင် YBS ယာဉ်လိုင်း(၁၃)ခုတွင် payment card စနစ်အသုံးပြုမည်။။
=====================================

လာမည့် ဇူလိာင်လ(၂၁)ရက်နေ့ တွင် YBS ယာဉ် လိုင်း(၁၃)ခု လမ်းကြောင်း(၁၇)ခု တွင် payment card စနစ်ကို အသုံးပြုသွားမယ်လို့ Yangon payment service မှ သိရပါတယ်။

အသုံးပြုမယ့်ယာဉ်လိုင်းတွေက ၄၃၊၆၂၊၇၂၊၈၇၊၈၈၊၈၉၊၉၆၊၁၂၊၁၄၊၂၅၊၃၀၊၃၈၊၅၅ယာဉ်လိုင်းတို့ဖြစ်ပြီးတော့ ယာဉ်စီးရေ (၅၉၇)စီး တွင် card စနစ်နဲ့အသုံးပြုသွားမယ်လို့သိရပါတယ်။

"အခု card စနစ်လုပ်တာက စမ်းသပ်တာပါ။ YUPC နဲ့ ဗန္ဓုလ ကုမ့်ဏီ က ကားတွေနဲ့ လုပ်တာပါ။ အဲဒီမှာအောင်မြင်ရင် ဆက်လုပ်မှာပါ။ တစ်ဦးချင်းပိုင်ကားတွေဆိုရင်တော့ မလွယ်ဘူး။ ကုမ္ပဏီပိုင်တွေကိုပဲလုပ်မှာပါ။ အရင်အတိုင်းငွေပုံး တော့ထားသွားမှာပါ"ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင် အဖွဲ့အတွင်းရေးမှု‌ဒေါက်တာမောင်အောင် ကပြောပါတယ်။

ထို့သို့ YBS ကားတွေမှာ ‌payment card စနစ် နဲ့ငွေပေးချေမှုတွေကိုပြုလုပ်တဲ့အတွက် ငွေအကြွေကိစ္စ၊ငွေစက္ကူကြောင့်ဖြစ်တက်တဲ့ရောဂါတွေကိုကာကွယ်နိုင်ပြီးတော့ အဆင့်အတန်းရှိရှိ ဘတ်စ်ကားစီးနိုင်မယ်လို့သိရပါတယ်။

.
www.gnowpress.com.

ဇူလိုင်လ (၈)  မနက်ပိုင်း က တောင်ငူမြို့ပေါ် ဈေးလမ်းနဲ့ ထီးလှိုင်တံတား ပေါ်တွင်တွေ့မြင့်ရတဲ့ ၂၀၀၈ ခြေဥဖျက်သိမ်းပစ် စာသားတေ...
08/07/2020

ဇူလိုင်လ (၈) မနက်ပိုင်း က တောင်ငူမြို့ပေါ် ဈေးလမ်းနဲ့ ထီးလှိုင်တံတား ပေါ်တွင်တွေ့မြင့်ရတဲ့ ၂၀၀၈ ခြေဥဖျက်သိမ်းပစ် စာသားတွေနဲ့ မိုင်ဒါကွင်း တံတိုင်းပေါ်တွင် ထပ်မံတွေ့မြင်ရသည်တဲ့ "၇.၇.၆၂ မမေ့ကြနှင့်" စာသားကမ်ပိန်းလှုပ်ရှားမှု‌တွေကို မြို့ခံတက်ကြွလှုပ်ရှားသူတွေက ပြုလုပ်ခဲ့ပါတယ်။

တောင်ငူ၊ဇူလိုင်-၈။
.
www.gnowpress.com.

တရုတ်ပြည်တော်ပြန်အားရန်ကုန်ဘူတာကြီးမှ့စောင့်ကြို၍Qထားရန်နေရာသို့ပို့ဆောင်ရန်စီစဉ်ထားစဉ်တက်စီစီး၍ရွှေပေါက်ကံသို့ပြန်သွာြးေ...
06/07/2020

တရုတ်ပြည်တော်ပြန်အားရန်ကုန်ဘူတာကြီးမှ့စောင့်ကြို၍Qထားရန်နေရာသို့ပို့ဆောင်ရန်စီစဉ်ထားစဉ်
တက်စီစီး၍ရွှေပေါက်ကံသို့ပြန်သွားကြောင်းသတင်းကြား၍ရွှေပေါက်ကံမြို့ဝင်ထိပ်များတွင်ပိတ်ဆို့ရှာဖွေရာနေအိမ်မရောက်ခင်တွေ့ရှိတားဆီးခဲ့၍Q centerသို့အချိန်မှီပို့ဆောင်နိုင်ခဲ့ပါသည်။
မိမိတစ်ဦးတစ်ယောက်၏မသိနားမလည်သောလုပ်ဆောင်မှု့သည်အများအားထိခိုက်နိုင်သည်ကိုသတိပြုကြပါရန်။

ဦးနိုင်

( ဆဲဆို မှတ်ချက်ပေးခြင်းများကို ဂရုပြုပေးပါရန် )

ယနေ့ COVID-19 ရောဂါရှိမရှိစစ်ဆေးမှုအရ အ တည် ပြုလူနာမရှိ။။=====================================နေပြည်တော်၊ဇူလိုင်-၅။COVID...
05/07/2020

ယနေ့ COVID-19 ရောဂါရှိမရှိစစ်ဆေးမှုအရ အ တည် ပြုလူနာမရှိ။။
=====================================
နေပြည်တော်၊ဇူလိုင်-၅။

COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၃၇၆)ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၀၀) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၁၆၂) ခုစုစုပေါင်း (၆၃၈)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိကြောင်း ယနေ့ ညပိုင်းတွင် ကျန်းမာရေးဌာန ကသတင်းထုတ်ပြန်ထားကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၃၁၃) ဦးရှိပြီး ၎င်းအနက်သေဆုံးသူ(၆)ဦးအထိရှိကြောင်းသိရသည်။

အဆိုပါ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၁) ဦး (Case- 232) ရှိသဖြင့် ယနေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၂၄၁) ဦးရှိပါသည်။

၎င်းတို့အနက် (၂၂၆)ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

ထို့အပြင် ဇူလိုင်လ (၄) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ ဇူလိုင်လ (၅)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၂၂) ဦး ရှိပါသည်။

.
www.gnowpress.com.

စိတ်ကြွရူးသွပ်ဆေးပြား  ( ၁ ) ပြား ဖမ်းဆီးရမိ။။====================================တောင်ငူ၊ဇူလိုင်-၄။တောင်ငူခရိုင် ၊ အုတ်...
05/07/2020

စိတ်ကြွရူးသွပ်ဆေးပြား ( ၁ ) ပြား ဖမ်းဆီးရမိ။။====================================
တောင်ငူ၊ဇူလိုင်-၄။

တောင်ငူခရိုင် ၊ အုတ်တွင်းမြို့ နယ် ၊ ညောင်ချပ်ကျေးရွာတွင် ဒီကနေ့ မွန်းလွဲပိုင်းက WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁ ပြား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည် ။

အုတ်တွင်းမြို့နယ် ၊ ဥယာဉ်တော်ကျေးရွာအုပ်စု ၊ ညောင်ချပ်ကျေးရွာနေ လှိုင်ဝင်းဆွေ ( ခ ) ကိုလတ် ဆိုသူသည် မူးယစ်ဆေးဝါးရောင်းချနေကြောင်း သတင်းအရ အုတ်တွင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ရှာဖွေ ဖမ်းဆီးရမိခဲ့ခြင်းလည်းဖြစ်သည် ။

လှိုင်ဝင်းဆွေ ( ခ ) ကိုလတ် ဆိုသူသည် ညောင်ချပ်ကျေးရွာရှိ သာသနာ့ရက္ခိတ ဘုန်းတော်ကြီးကျောင်း ရောက်ရှိနေကြောင်း သတင်းအရ တာဝန်ရှိသူများသည် ၄င်းရောက်ရှိနေသော ဘုန်တော်ကြီးကျောင်းခြံစည်းရိုးအတွင်းသို့ ဝင်ရောက်ရှာဖွေခဲ့တာလည်းဖြစ်သည်။

ယင်းသို့ ဝင်ရောက်ရှာဖွေရာ ၄င်း၏ ခါးကြားတွင် ထိုးထားသော ခေါက် ပတ္တာအိတ်အတွင်းမှ WYစာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ( ၁)ပြား ၊ ငွေရောင်ခဲ စက္ကူ ၁ရွက် ၊ ငွေစက္ကူရောရာ ၉၆၀၀၀ ကျပ်အား သိမ်းဆည်းရမိခဲ့ကြောင်းသိရသည် ။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး လှိုင်ဝင်းဆွေ ( ခ ) ကိုလတ် ( ၄၇ )နှစ် အား အုတ်တွင်းမြို့မ ရဲစခန်းတွင် (ပ ) ၁/၂၀၂၀ မူး/စိတ် ပုဒ်မ ၁၆ ( ဂ )/၂၀ ( က )ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ထားကြောင်းသိရသည် ။

နေလင်းအောင် ( တောင်ငူ )

.
www.gnowpress.com.

ထိုင်းရဲ့အဓိကဝင်ငွေက tourist တွေဆီကဆိုပေမဲ့ အခုလို tourist တွေလာမရတဲ့အခါ ၁. ဟိုတယ်တွေက promotion packageတွေကို  domestic...
02/07/2020

ထိုင်းရဲ့အဓိကဝင်ငွေက tourist တွေဆီကဆိုပေမဲ့ အခုလို tourist တွေလာမရတဲ့အခါ
၁. ဟိုတယ်တွေက promotion packageတွေကို domestic tourist တွေ အတွက်သေချာ လုပ်ပါတယ် နေရာတိုင်း ဟိုတယ်တွေမှာအပြည့်နီးပါးဘဲ weekend package , week day package ခွဲထားပါတယ်

၂. ပြည်တွင်းကလူတွေဘာကြိုက်တတ်လဲ သေချာသိအောင်လုပ်ထားပြီး တနေ့လုံး breakfast free , afternoon tea free and cocktails တခွက်စီ အလကားတိုက်သေးတယ် အစားအသောက်ဈေးတွေကိုလဲ အပြင်ဈေးထက်မများအောင်ထားတော့ ဘယ်သူမှ အပြင်မထွက်ကြတော့ဘူး စားရတာလဲ အတော်ကောင်းတယ် ပင်လယ်စာနဲ့အသားငါးစုံ ထိုင်းစာ ဘိုစာ အစုံရတယ် check out time ကို နောက်ကျပေးတာလဲလုပ်တယ်

၃. ဘန်ကောက်ကဟိုတယ်အကြီးတွေလဲ member card တွေရောင်းတယ် တညတည်းခွင့် ၊ အစားအစာစားရင် ၅၀% လျော့ ၊ package အများကြီး နောက်နှစ်အထိ သုံးခွင့်ရှိတယ် ဥပမာ Rosewood ဟိုတယ်ဆို ဘတ် ၄၅၀၀ ကို ၁ညတည်း ညdinner free လုပ်ထားတာ ဆိုတော့ သွားစားနေကြတွေ ဝယ်ထားကြတယ်

၎. အချင်းချင်းကလဲ Agoda ၊ booking.com ၊ airbnb တို့ကိုမဖြတ်ဘဲ ဟိုတယ်တိုက်ရိုက်ဘဲ booking တင်ကြတယ် domestic တွေအတွက်ဈေးက အတော်လျော့ထားတယ်

သင်ခန်းစာရတာကတော့ အချင်းချင်းစည်းလုံးကြတယ် အားပေးကြတယ် ယုံကြည်ကြတယ် အပြန်အလှန်စောင့်ရှောက်ကြတယ် .... သူတို့သိပ်အထိနာမှာမဟုတ်ဘူး

သွားတည်းခဲ့တဲ့ ဟိုတယ်ပါ အလုပ်လုပ်နေတဲ့လူတွေ အပြည့်မလာနိုင်ကြပါဘူး ရှိတဲ့ လူတွေနဲ့ တရက်လုံး breakfast ကနေ dinner အထိလုပ်ကြတယ် အပြုံးမပျက်ဘူး တနင်းလာလဲလူအပြည့်ဘဲ မနက်စာကို champagne breakfast နဲ့စတယ် ပြီးပြီဘဲ

Yin Thu

မြို့တော်အတွက် သတင်းကောင်းပါ။•••••••••••••••••••••••••••••••••••••••••••••••••ခင်းလက်စလမ်းများ စစ်ဆေး။မန်းစည်ပင်သမိုင်းမ...
02/07/2020

မြို့တော်အတွက် သတင်းကောင်းပါ။
•••••••••••••••••••••••••••••••••••••••••••••••••
ခင်းလက်စလမ်းများ စစ်ဆေး။

မန်းစည်ပင်သမိုင်းမှာစံချိန်တင် လမ်းခင်းပေးနေတဲ့ဘတ်ဂျက်နှစ်ပါ။

စုစုပေါင်း ၁၂၅.၁၆ မိုင်ရှိပြီး လမ်းအရေအတွက် စုစုပေါင်း ၂၅၈ လမ်းပါ။

၂၀၁၇-၁၈ ဘတ်ဂျက်နှစကစပြီး ၂၀၁၉-၂၀ ဘတ်ဂျက်နှစ်အထိ မီနီဘတ်ဂျက်အပါအဝင် ၃နှစ်ခွဲတာကာအတွင်း လမ်းအရေအတွက် ၉၆၈လမ်း၊ လမ်းအရှည် ၃၃၂.၃၁ မိုင် ခင်းနိုင်ခဲ့ပါတယ်။

သမရိုးကျ ကတ္တရာလမ်းတာ Macadam က မန္တလေးတစ်ပြကို လနဲ့ချီကြာပေမယ့် နိုင်လွန်ကတ္တရာ နှစ်လွှာခင်းတာ တစ်ရက်ပဲကြာပါတယ်။

ကတ္တရာကိုလည်း ပုံးတွေနဲ့မဝယ်တော့ပဲ ၁၃၀-၁၅၀°c အထိ အပူပေးပြီးကတ္တရာ preheated bulk bitumin ကိုသုံးတာဖြစ်လို့ ကြိုတင်အပူပေးဖို့ မလိုသလောက်ပါ။

Preheated bulk bitumin ကို ၂၈-၃၂ တန် ဆန့်တဲ့ အပူပေးစနစ်ပါတဲ့ကားတွေနဲ့ စက်ရုံအရောက်ပို့တာပါ။

နိုင်လွန်ကတ္တရာစက်ရုံ အဝင်နဲ့အထွက်မှာ weighbridge နဲ့ အလေးချိန်တိုင်းတာဖြစ်လို့ ကတ္တရာတန်ချိန်အတိအကျရပါတယ်။

ကတ္တရာပုံးတွေရဲ့အားနည်းမှုတွေဖြစ်တဲ့ အပြည့်မပါတာ၊ ယိုဖိတ်ဆုံးရှုံးတာ၊ ရေဝင်တာ၊ သိုလှောင်ဖို့နေရာအကျယ်ကြီးလိုတာ၊ တင်တာချတာ လူအင်အားလိုတာ၊ စက်ထဲမထည့်ခင် လိုအပ်တဲ့အပူချိန်ရောက်အောင် ၁၂ နာရီလောက် ဒီဇယ်နဲ့ အပူပေးရတာ၊ အခိုးခံရတာ လုံးဝမရှိတော့ပါ။

ဒါတွေမရှိတော့လို့ လေလွင့်ဆုံးရှုံးမှုနည်းလာပြီး အပူပေးချိန်လျော့သွားတဲ့အတွက် လမ်းခင်းစားရိတ်တွေအများကြီး သက်သာသွားတဲ့အပြင် လုပ်ငန်းပြီးစီးမှု သိသိသာသာတိုးတက်လာတာပါ။

အခုဆိုရင် နိုင်လွန်နဲ့ရိုးရိုးကတ္တရာခင်းတာ ကုန်ကျစားရိတ် အတူတူဖြစ်နေပါပြီ။
အရင်က ထုံးပါထည့်ရလို့ နှစ်ဆကုန်ပါတယ်။

နိုင်လွန်လမ်းခင်းစက် အသစ်နှစ်စုံကိုဝယ်ယူအားဖြည့်ပြီးနောက်ပိုင်း လမ်းတွေပိုခင်းလာနိုင်တာပါ။

ဝန်ထမ်းတွေကြိုးစားတာ လည်းပါပါတယ်။ နေ့စဉ် မနက် ၈နာရီကနေ ည ၈နာရီကျော်တဲ့အထိ အလုပ်လုပ်ကြလို့ တစ်နေ့တစ်နေ့ နိုင်လွန်ကတ္တရာ တန်ချိန် ၈၀၀ အထိ ထုတ်လုပ်ရပါတယ်။

မိုးသည်းတဲ့ရက်တွေကလွဲရင် နားရက်လုံးဝမယူပဲ နေ့စဉ်အလုပ်ဆင်းကြပါတယ်။

၂၀၁၇ ဖေဖော်ဝါရီလက ဝယ်ထားတဲ့ နိုင်လွန်ကတ္တရာကြိုစက်ကြီးကလည်း တစ်နာရီကို တန်၆၀ ထုတ်လုပ်ပေးနိုင်တာမို့ နေ့စဉ် ၁၄ နာရီကျော်လည်ပတ်ရတာပါ။

Cement treated base လမ်းအတွက် stabilized soil batching plant မှာ ဗျုံးကျောက်၊ ဘိလက်မြေ၄% နဲ့ရေ ၁၀% ရောစပ်ပြီး လမ်းသစ်ခင်းရတော့ မြန်လည်းမြန်၊ ဈေးလည်းသက်သာ၊ အရည်အသွေးလည်းပိုကောင်းပြီး အဖိုးတန်သက်ရင့်ကျောက်တွေလည်း မကုန်တော့ဘူးပေါ့။

နိုင်လွန်ကတ္တရာနဲ့ cement treated base လမ်း (stabilized soil) ခင်းတာ ပေ၅၅၀ရှိတဲ့အပြတစ်ပြကို တစ်ရက်နဲ့ လုပ်ငန်းပြီးစီးပါတယ်။

၂၀၁၉-၂၀ ဘတ်ဂျက်နှစ်မှာ နိုင်လွန်လမ်း ၈၈.၇၂မိုင်နဲ့ ရိုးရိုးကတ္တရာလမ်း ( လမ်းကျဉ်းလေးတွေအတွက်) ၇.၄၁ မိုင် ခင်းနေပါတယ်။

နည်းပညာတွေပြောင်းလဲပြီး လမ်းအရည်အသွေးတိုးတက်ကောင်းမွန်အောင်လုပ်ပေးနေတဲ့ စည်ပင်ပါ။

Ye Lwin

Address


Website

Alerts

Be the first to know and let us send you an email when Z News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share