Canada Immigration updates အကြောင်းအရာများ

  • Home
  • Canada Immigration updates အကြောင်းအရာများ

Canada Immigration updates အကြောင်းအရာများ ကနေဒါ immigration နဲ့ပတ်သက်တဲ့အကြောင်းအရာတ

Hello .... CIU ကသူငယ်ချင်းတွေ မင်္ဂလာပါအက်မင်တို့ page ကို update မလုပ်ပဲထားတာအတော်ကြာပါပြီ။ အက်မင်တို့လဲ ကနေဒါကိုသွားမယ...
08/12/2022

Hello ....
CIU ကသူငယ်ချင်းတွေ မင်္ဂလာပါ
အက်မင်တို့ page ကို update မလုပ်ပဲထားတာအတော်ကြာပါပြီ။
အက်မင်တို့လဲ ကနေဒါကိုသွားမယ့်ကိစ္စတွေနဲ့
အလုပ်ရှုပ်နေလို့ သတင်းတွေ အကြောင်းအရာတွေ
ဝေမျှမှုမပေးဖြစ်တာ ဆောရီးပါ။
ခုကစပြီး သတင်းတွေ ကနေဒါအကြောင်းအရာတွေနဲ့
ပတ်သက်ပြီး sharing လုပ်ပေးဖို့ပြန်လာပါပြီနော်။
ဒီနေ့‌ပြောချင်တာလေးက အရင်ကပြောခဲ့သလိုပဲ
ပြင်ဆင်စရာတွေပြင်ဆင်ထားကြပါ ။
WES , IELTS အစရှိတာတွေကို ပြင်ထားကြပါနော်
နောက်တစ်ခုက ကားလိုင်စင်
ကားလိုင်စင်မရှိသေးသူများ လိုင်စင်ရအောင်လုပ်ထားကြပါလို့ပြောချင်ပါတယ်။
ကားမမောင်းတတ်လို့မရဘူးလားဆိုတော့ ရပါတယ်။
ဒါပေမယ့်ကနေဒါမှာ တစ်နေရာနဲ့တစ်နေရာသွားလာဖို့ဆိုကားရှိမှ အဆင်ပြေတဲ့အတွက် ကားမောင်းလိုင်စင်ရှိရင်
ပိုအဆင်ပြေပါတယ်။
နောက်ပြီးမြန်မာပြည်ကကားလိုင်စင်က ရက်ကိုးဆယ်
အကျုံး၀င်ပါတယ်။ ပြည်နယ်တစ်ပြည်နယ်နဲ့ပြည်နယ်
သတ်မှတ်ထားချက်တော့ ကွာပါတယ်။

အဲတော့ ဘယ်တော့မှအားမ‌လျှော့ပါနဲ့
အက်မင်တို့လဲ ပြင်ဆင်ရတာနှစ်နှစ်ကျော်ကြာပါတယ်။

နောက်လာမယ့် opportunity တွေကို
Sharing တတ်နိုင်သလောက်လုပ်ပေးဖို့ကြိုးစားသွားပါမယ်။

အားလုံးပဲ ဘေးကင်း ကျန်းမာကြပါစေ။

Pic : Moncton, News Brunswick
Canada

Picture from Pinterest...

မနက်ဖြန် May 4 မှာ Nova Scotia အစိုးရက သူတို့ ပြည်နယ်အတွက် စိတ်၀င်စားတဲ့လူတွေကို information session တစ်ခုလုပ်ဖို့ရှိပါတ...
03/05/2022

မနက်ဖြန် May 4 မှာ Nova Scotia အစိုးရက သူတို့ ပြည်နယ်အတွက် စိတ်၀င်စားတဲ့လူတွေကို information session တစ်ခုလုပ်ဖို့ရှိပါတယ်။ အစိုးရက ကိုယ်တိုင်လုပ်တာဖြစ်လို့ registration လုပ်ပြီး လေ့လာသင့်တယ်ထင် လို့ Share ပေးတာပါ။
Registration link ကဖွငိ့ထားသေးတဲ့အတွက် linkကို first comment မှာထည့်ထားပေးပါတယ်။
Good Luck!

မြန်မာနှစ်သစ်ကူးမှာ ကျန်းမာကြပါစေ ...ကြိုးစားနေကြသော အရာများလဲ အမြန်အဆင်ပြေကြပါစေလို့ CIU ကဆုမွန်ကောင်းတောင်းပေးလိုက်ပါတ...
14/04/2022

မြန်မာနှစ်သစ်ကူးမှာ ကျန်းမာကြပါစေ ...
ကြိုးစားနေကြသော အရာများလဲ အမြန်အဆင်ပြေကြပါစေလို့ CIU ကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Pic from Pinterest

21/03/2022

အယင်တုန်းက ပြောသလိုမျိုးပဲ
IELTS နဲ့ WES ကိုသေချာလုပ်ကြပါလို့ အမြဲတမ်းပြောခဲ့ပါတယ်။
မကြာခင်ကပဲ admin အသိထဲက တစ်ယောက် Singapore မှာလာလုပ်သွားတဲ့ Nova Scotia Recruitment event မှာ အလုပ်ရသွားပါတယ်။
အကုန်လုံးအဆင်ပြေရင် ၆ လအတွင်း Nova Scotia ကို အလုပ်ပါရပြီး တစ်မိသားစုလုံးသွားရမှာပါ။

Event တက်ဖို့အတွက် Form ဖြည့်တဲ့အခါ
IELTS , WES information တွေကို ဖြည့်ရပါတယ်။

အမြဲတမ်း မျှော်လင့်ချက်ရှိပါတယ်။ အခုအခြေအနေက Express Entry all program draw မရှိပေမယ့် လဲ PNP တွေက အမြဲတမ်းရှိနေပါတယ်။

မေး: ကနေဒါကို ဘာလို့သွားချင်တာလဲ ‌‌ဖြေ: အကြောင်းအရာတွေအများကြီးပါ အဓိကကတော့ ၀န်ကြီးချုပ်ကြောင့်ပါ ဟုတ် 😊
25/02/2022

မေး: ကနေဒါကို ဘာလို့သွားချင်တာလဲ
‌‌ဖြေ: အကြောင်းအရာတွေအများကြီးပါ
အဓိကကတော့ ၀န်ကြီးချုပ်ကြောင့်ပါ ဟုတ် 😊

15/02/2022

ကနေဒါအစိုးရဟာ Immigration level plan 2022 - 2024 ကိုမကြာခင်ကပဲထုတ်ပြန်လိုက်ပါတယ်။ ကိန်းဂဏန်းအရ ကြည့်လိုက်ရင် အရင်နှစ်တွေကထက် ခေါ်မယ့်လူဦးရေ ပိုများလို့ ကောင်းတယ်လို့ထင်ရပေမယ့် လူကြိုက်အများဆုံး program ဖြစ်တဲ့
Express Entry quota က ပုံမှန် target ရဲ့ထက်၀က်လောက် အထိလျော့ချထားလို့ လူတော်တော်များများက စိုးရိမ်မကင်းဖြစ်နေကြပါတယ်။ ဒီပုံစံအတိုင်းဆို FSW draw ကဒီနှစ်ထဲ့ ရှိရင်တောင် CRS အမှတ်တွေကတော့ အရမ်းပဲများနေပါလိမ့်မယ်။
ကံကောင်းတာတစ်ခုကတော့ PNP quota ကတော့ လျော့မသွားပဲ ပိုပြီးတောင်တိုးလာပါတယ်။
ဒါပေမယ့် အစိုးရက new pathway တွေလုပ်မှာလား သိပ်မသေချာသေးတာမို့ စိတ်၀င်စားဖို‌့ကောင်းသလို စောင့်ကြည့်ရမယ့်အခြေအနေပါ။

အားလုံးလဲကျန်းမာရေးဂရုစိုက်ကြပါ။
ကနေဒါ dream တွေအမြန်ဆုံးအကောင်အထည်ဖော်နိုင်ကြပါ‌စေ။

Immigration plan အသေးစိတ် ကို first comment မှာချပေးထားပါတယ်။

CIU က Information တွေမတင်တာကြာနေပြီဘာမှ Sharing လဲမလုပ်ဖြစ်လို့ Page ကို Follow ထားသူများကိုအရင်ဆုံးတောင်းပန်ပါရစေ။အခု C...
04/01/2022

CIU က Information တွေမတင်တာကြာနေပြီ
ဘာမှ Sharing လဲမလုပ်ဖြစ်လို့ Page ကို Follow
ထားသူများကိုအရင်ဆုံးတောင်းပန်ပါရစေ။
အခု Canada မှာ Covid Case တွေပြန်များလာနေပြီး
အပြင်က (တစ်ခြားနိုင်ငံကလူတွေကို) ခေါ်တာ
အရမ်းနည်းနေပါ‌သေးတယ်။
But better days are coming...
Forever hopeful 🙏🙏🙏
ပြင်ဆင်သင့်တာလေးတွေပြင်ဆင်ထားကြပြီး
WES , IELTS , FSW မှာ ကိုယ့်ရဲ့profile တွေကို
အမြဲupdate လုပ်နေကြဖို့ တိုက်တွန်းချင်ပါတယ်။
အက်မင်တို့လဲ သတင်းထူးတာ‌နဲ့ Page မှာ
တင်ပေးဖို့အမြဲကြိုးစားနေပါတယ်။

အားလုံးပဲ Stay Safe and Take Care ပါ။

Pic from Pinterest.

12/10/2021

အခုနောက်ပိုင်း chat box မှာ အများဆုံးအမေးခံရတဲ့ မေးခွန်းက အလုပ်အကြောင်းပါ။ ထူးခြားတာက အခုအချိန်ထိလာ‌မေးကြတဲ့လူတွေဟာ အလုပ် offer အတုတွေရကြတာပါ။ စာရွက်အတုတွေထုတ်ပေးပြီး visa ကြေးဘယ်လောက်ပေးရမယ်။ insurance ခ ဘယ်လောက်ပေးရမယ်ဆိုပြီးတောင်းပါတယ်။ CIU ကလေ့လာကြည့်တော့ ငွေတောင်းတဲ့ insurance website တွေဟာ page ရှိပေမယ့် သူ့ရဲ့ link ဟာ secure မဖြစ်တာ၊ တစ်ချို့ tab တွေအလုပ်မလုပ်တာ၊ လိမ်ဖို့သီးသန့် web page ထောင်ထားမှန်းသိသာပါတယ်။ သူတို့ပြောတဲ့ Canada အစိုးရက ထုတ်ပေးတဲ့ approval letter တွေဟာ font မတူ စာလုံး size တွေကမောက်ကမက် Grammar တွေမမှန်တာတွေ့ရပါတယ်။ တစ်ချို့ဆို whatsApp ကနေ ဘွဲ့လက်မှတ်တွေ စာရွက်စာတမ်းတွေကို ပို့လိုက်ပြီးမှအတုမှန်းသိလိုက်ရတဲ့အ‌ခြေအနေတွေရှိပါတယ်။ အချုပ်နေနဲ့ပြောရရင် ကနေဒါပြင်ပက လူတွေ အလုပ်ရှာလို့မရဘူး မဟုတ်ပေမယ့် အလုပ်ရဖို့အရမ်းကိုခက်ခဲပါတယ်။ အဲဒါကြောင့် agent အတုအယောင်တွေဆီမှာ အလိမ်မခံရအောင် လို့သတိပေးလိုက်ရပါတယ်။

CIU ကသူငယ်ချင်းတွေ မ‌တွေ့ရတာလဲကြာပြီ။ Canada immigration မှာလဲ အခုနောက်ပိုင်း သတင်းထူးတွေကလဲသိပ်မရှိတော့ post တွေလဲသိပ်မ...
12/10/2021

CIU ကသူငယ်ချင်းတွေ မ‌တွေ့ရတာလဲကြာပြီ။ Canada immigration မှာလဲ အခုနောက်ပိုင်း သတင်းထူးတွေကလဲသိပ်မရှိတော့ post တွေလဲသိပ်မတင်ဖြစ်ဘူးဖြစ်နေတယ်။ FSW all program draw တွေကလဲ အခုအချိန်ထိ ပြန်ပြီး resume မလုပ်သေးတော့ စောင့်နေကြတဲ့လူ‌တွေတောင် စိတ်ညစ်နေကြပြီ။ ဒါပေမယ့် အယင်တုန်းကပြောခဲ့သလိုပဲ မကြာခင်မှာ အကောင်းဆုံးအခြေအနေ ရောက်လာမယ်လို့မျှော်လင့်ရပါတယ်။ FSW all program draw မရှိပေမယ့် PNP draw တွေကတော့ အမြဲတမ်းရှိနေပါတယ်။ အားမလျော့ ပါနဲ့ ပြင်ဆင်စရာရှိတာပြင်ဆင်ထားပါ။ Border တွေ အကုန်လုံးပြန်ဖွင့်တာနဲ့ ပိုပြီးအဆင်ပြေလာမှာပါ။

အားလုံးပဲကျန်းမာရေးဂရုစိုက်ကြပါ။

စကားမစပ် ကနေဒါမှာ Fall ရောက်နေပါပြီ။
Picture from Google.

ဒီတစ်ခါ တော့ သူနာပြု Nurse တွေအတွက်သတင်းကောင်းတစ်ခုပါ။  New Brunswick ပြည်နယ်မှာ Nurse တွေအတွက် recruitment event တစ်ခုအ...
27/08/2021

ဒီတစ်ခါ တော့ သူနာပြု Nurse တွေအတွက်သတင်းကောင်းတစ်ခုပါ။

New Brunswick ပြည်နယ်မှာ Nurse တွေအတွက် recruitment event တစ်ခုအတွက် application တွေလက်ခံနေပါတယ်။ သူက IELTS result ၊ ECA report (WES) နဲ့ Express Entry profile ကိုရှိရမယ်လို့တော့မပြောထားပါဘူး။ ဒါပေမယ့်ရှိရင်ပိုကောင်းမယ်ထင်ပါတယ်။ မရှိရင်လဲ application တင်လို့ရပါတယ်။ Resume နဲ့ Experience ကို Canadian Standard သေချာပြင်ဆင်ပြီးတော့ submit လုပ်သင့်တယ်ထင်လို့ share လုပ်ပေးတာပါ။
First comment မှာ သူတို့အစိုးရ က website link ကိုချပေးထားပါတယ်။ Main applicant နဲ့ Spouse အတွက်လိုအပ်တဲ့ ဟာတွေကို အောက်ကပုံမှာရေးထားပေးပါတယ်။ သူက New Brunswick မှာ ဆွေမျိုး၊ သူငယ်ချင်း၊ connection ရှိစရာမလိုပါ။ ‌အရွေးခံရရင် New Brunswick က Permanent Resident လျှောက်ဖို့ invitation ရမှာပါ။

အားလုံးပဲကံကောင်းကြပါစေ။
ကျန်းမာရေးဂရုစိုက်ကြပါ။

မှတ်ချက်။ လျှောက်ထားသူဟာ Nurse ဖြစ်ရပါမယ်။

13/08/2021

တစ်ခုသတိပေးပါရစေ။
ကနေဒါ Express Entry ကို IELTS , Education Assessment (WES) , Work Experience မရှိပဲ တင်ပေးမယ်လို့ပြောရင် မယုံပါနဲ့။
၁၀၀ ရာခိုင်နှုန်း အလိမ်ပါ ။

23/07/2021

အခုတစ်လော CIU page မှာအမေးများတဲ့ မေးခွန်းတွေပါ။

🇨🇦🇨🇦🇨🇦
မေး။ ကနေဒါမှာအလုပ်လုပ်ချင်လို့ ဘာတွေလိုအပ်ပါသလဲ။ အလုပ်ရှာရခက်ပါသလား။
ဖြေ။ ကနေဒါနိုင်ငံပြင်ပက လူတစ်ယောက်အနေနဲ့ ကနေဒါ မှာအလုပ်ချင်ရင်လုပ်လို့ရပါတယ်။ ဒါပေမယ့် အရမ်းခက်ပါတယ်။ ကိုဗစ် 19 ကြောင့် ကနေဒါ နိုင်ငံတွင်းမှာတောင် အလုပ်လက်မဲ့တွေရှိနေပါတယ်။ ကနေဒါ ကစင်ကာပူတို့လောက် အလုပ်ရှာရပြုရမလွယ်ပါ။ မြန်မာပြည်က ကနေဒါနဲ့ အရမ်းဝေးတဲ့နေရာပါ။ မြန်မာပြည်ထဲက လူကို ကနေဒါမှာ အလုပ်ခန့်တယ်ဆိုတာ အရမ်းအရမ်းကံကောင်း ကြိုးစားမှဖြစ်ပါလိမ့်မယ်။ အလုပ်ရသွားရင်လဲ နောင်ရေးအတွက် PR လျှောက်ရတာ အရမ်းလွယ်ပါတယ်။ ကျွန်တော်က false hope မပေးချင်ပါ။
Comment မှာ အလုပ်ရှာတဲ့ website တွေထည့်ပေးထားပါတယ်။ အရေးကြီးတာက CV နဲ့ cover letter ကို Canadian Standard ရေးပါ။ ကိုဗစ်တွေ ပြီးသွားရင်တော့ ပိုကောင်းလာနိုင်ပါတယ်။

🇨🇦🇨🇦🇨🇦
မေး။ အလုပ်မရှိပဲ ကနေဒါ PR လျှောက်လို့ရသလား။
ဖြေ။ ရပါတယ်။ Express Entry ပါ။ Express Entry cut off အမှတ်ထက် နည်းနေရင် လဲမျှော်လင့်ချက်ရှိပါသေးတယ်။ PNP လို့ခေါ်တဲ့ provincial nomination program ပါ။ နောက် PNP အကြောင်း အသေးစိတ်ရေးပေးပါ့မယ်။ Express Entry အကြောင်းကို တော့ comment မှာ ရေးထားပေးပါတယ်။
🇨🇦🇨🇦🇨🇦

🇨🇦🇨🇦🇨🇦
မေး။ ကနေဒါကို ရောက်ပြီး Permanent Resident (PR) ရဖို့ ဘယ်ဟာကအလွယ်ဆုံးလဲ။
ဖြေ။ အမြန်ဆုံးက Study pathway ပါ။ ကျောင်းတက်တာပါ။ ကျောင်းပြီးသွားရင် တက်ခဲတဲ့ program duration အလိုက် Work Permit ရပါတယ်။ Work Permit နဲ့ တစ်နှစ် အနည်းဆုံး အလုပ်လုပ်ပြီးရင် Express Entry မှာ Canadian Experience Class (CEC) ထဲ၀င်သွားပြီမို့လို့ PR ရဖို့အရမ်းလွယ်သွားပါပြီ။
နောက်တစ်ခုက မိသားစု ထဲမှာ အမျိုးသမီးကကျောင်းတက်ရင် အမျိုးသားကို Spouse Work Permit လျှောက်လို့ရသလိုကလေးကိုလဲ‌ ကျောင်းထားလို့ရပါတယ်။ Application ကတော့ approve ဖြစ်ရပါမယ်။
🇨🇦🇨🇦🇨🇦

အခုလောလောဆယ်တော့ အဲလောက်ပါ။ နောက်မှ နောက်ထပ်မေးခွန်းတွေကို ထပ်ရေးပေးပါမယ်။

အားလုံးပဲကျန်းမာအောင်နေကြပါ။

Hi all ...ကနေဒါ immigration အကြောင်းအရာများကိုစိတ်၀င်တစား မေးမြန်းကြတဲ့အတွက် အထူးပင်ကျေးဇူးတင်ရှိပါတယ်ဒီPage ကိုဖွင့်ရခြ...
23/07/2021

Hi all ...
ကနေဒါ immigration အကြောင်းအရာများကိုစိတ်၀င်တစား မေးမြန်းကြတဲ့အတွက်
အထူးပင်ကျေးဇူးတင်ရှိပါတယ်
ဒီPage ကိုဖွင့်ရခြင်းရည်ရွယ်ချက်က
ကနေဒါသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသူများ
ရွေ့ပြောင်းနေထိုင်လိုသူများအတွက်
သတင်းအချက်အလက်များကို လက်လှမ်းမီသမျှ
*FREE* ဝေမျှဖို့ဖွင့်ထားခြင်းဖြစ်ပါတယ်

ဒီ page သည် agent မဟုတ်ပါ
အခကြေးငွေယူ၍လည်း consultation
မလုပ်ပေးပါ
ထို့အတွက်ကြောင့် မေးမြန်းကြသူများအနေဖြင့်
စည်းလေးနည်းနည်းထားပြီး မေးမြန်းကြစေချင်ပါတယ်
ပိုက်ဆံယူပြီး information ရှယ်တာမဟုတ်တဲ့အတွက်
အထက်စီးက လာမေးခြင်းမျိုးကို
ဖြေကြားမည်လည်းမဟုတ်ပါ
တစ်ယောက်နဲ့တစ်ယောက် Respect လေးထားပေးကြပါခင်များ...

တိုင်းပြည်အ‌ခြေအနေကြောင့် လူတိုင်းစိတ်ဖိစီးနေကြမည်ကို နားလည်ပါသည်
သို့သော်လည်း အချင်းချင်းလေးစားစွာဖြင့်
သတင်းအချက်အလက်များကို ဝေမျှကြရအောင်ပါ ။

များမကြာမီက ကနေဒါအစိုးရဟာ Proof of funds အတွက်သတ်မှတ်ချက်ကို ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။ POF အသစ်သတ်မှတ်ချက်အရဆိုရင် fam...
09/07/2021

များမကြာမီက ကနေဒါအစိုးရဟာ Proof of funds အတွက်သတ်မှတ်ချက်ကို ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။ POF အသစ်သတ်မှတ်ချက်အရဆိုရင် family member တစ်ယောက်တည်း application ဆိုရင် 13213 Canadian dollars ဖြစ်ပြီး နှစ်ယောက်အတွက်ဆိုရင် 16449 Canadian dollars ဖြစ်ပါတယ်။

What is Proof of funds?
Proof of funds ဆိုတာဟာ Canada PR application အတွက် invitation ရရင် လျှောက်ထားတဲ့ လူမှာ ကနေဒါကိုလာ ဖို့အတွက်သတ်မှတ်ထားတဲ့ ငွေလက်ထဲမှာရှိပါတယ်ဆိုတဲ့ သက်သေပြချက်တစ်ခုပါ။
Proof of funds ဟာ FSW အတွက် Express Entry application လုပ်တဲ့အခါ ဘယ်လောက်ယူလာမယ်ဆိုတာ ထည့်ရေးရပါတယ်။ အောက်ကဇယားမှာ Proof of funds ကိုမိသားစုဦးရေအလိုက် အသေးစိတ်ရေးပြထားပါတယ်။ first comment မှာတော့ Proof of funds အပြောင်းအလဲနဲ့ပတ်သက်တဲ့ကနေဒါ အစိုးရ website ကို ထည့်ပေးထားပါတယ်။

မှတ်ချက်။ Express Entry ထဲ၀င်ထားတဲ့သူတွေအနေနဲ့တော့ Proof of funds ကို July 15 မတိုင်ခင် update လုပ်ပေးရပါမယ်။

21/06/2021

အခုနောက်ပိုင်း မြန်မာနိုင်ငံအခြေအနေကြောင့် လူတော်တော်များများ ကနေဒါ Express Entry ကိုစိတ်၀င်စားလာကြတယ်။ စိတ်၀င်စားလာတာနဲ့အမျှ အကျိုးဆောင် company တွေလဲ များလာတယ်။
Agent စကားကိုမယုံဖို့ ကျွန်တော်တို့အကြိမ်ကြိမ်ပြောပြီးပါပြီ။ ကိုယ့်ဟာကိုယ်လေ့လာပါ။ နားမလည်ရင် လာမေးတဲ့လူတိုင်းကို တတ်သိနားလည်သလောက် အချိန်ကုန်ခံရှင်းပြပေးပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် ရထားတဲ့ဘွဲ့ကလဲ professional ဘွဲ့မဟုတ် အလုပ်အတွေ့အကြုံ လဲမရှိ၊ English မကောင်းတဲ့ applicant တစ်‌ယောက် ဟာ Express Entry ကနေ pool ထဲ၀င်ပြီး PR ရနိုင်ခြေလုံး၀မရှိသလောက်ပါ။ အဲဒါကိုမှ PR တင်ပေးမယ် ပထမအသုတ် US ဒေါ်လာ ဘယ်လောက် ပေးရမယ်ဆိုတဲ့ Agent တွေ မြန်မာပြည်မှာရှိပါတယ်။ Agent တွေအကုန်လုံးကိုမဆိုလိုပါ။ မဖြစ်နိုင်မှန်းသိရဲ့နဲ့ မတော်မတရား ငွေတောင်းတဲ့ လူတွေကိုရှောင်ပါ။ တတ်နိုင်ရင် ကနေဒါ အစိုးရWebsite မှာလိုအပ်တဲ့ information တွေကိုရှာပါ။ လူတိုင်းလူတိုင်းက အခုအချိန်မှာ အခက်အခဲဖြစ်ပြီး ငွေရှာရခက်ပါတယ်။ ပင်ပင်ပန်းပန်းရှာထားတဲ့ ငွေတွေကို မကုန်သင့်ပဲ မကုန်စေချင်လို့ပါ။
အားလုံး အလိမ်အညာလူတွေနဲ့ကင်းဝေးကြပါစေ။

CIU ကညီအကို မောင်နှမတွေကို သတင်းကောင်း‌တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Alberta PNP က Canada နိုင်ငံပြင်ပက လူတွေကို ပြန်ပြီ...
18/06/2021

CIU ကညီအကို မောင်နှမတွေကို သတင်းကောင်း‌တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Alberta PNP က Canada နိုင်ငံပြင်ပက လူတွေကို ပြန်ပြီး‌ invite လုပ်တော့မယ်ဆိုတဲ့သတင်းပါ။ Covid-19 restrictions တွေကြောင့် Alberta ဟာ သူတို့ပြည်နယ်ပြင်ပကလူတွေကို Nomination မလုပ်တာ ပြီးခဲတဲ့ နှစ် ၂၀‌၂၀ ဧပြီလတည်းကပါ။ အခုဒီသတင်းကြောင့် Alberta PNP ကိုစောင့်မျှော်နေကြတဲ့ လူတွေအတွက်သတင်းကောင်းဖြစ်ပါတယ်။

ဘာလို့ Alberta PNP ကနာမည်ကြီးတာလဲ 🇨🇦
🇨🇦Alberta PNP ဟာ express entry နဲ့ချိတ်ဆက်ထားတဲ့ program ဖြစ်ပြီး CRS အမှတ်များတာ ထက်သူတို့ ပြည်နယ်အတွက်လိုအပ်တဲ့လူ‌တွေကို ပဲအလေးထားပြီးခေါ်ပါတယ်။ အနိမ့်ဆုံး CRS 300ရှိဖို့လိုအပ်ပါတယ်။

🇨🇦Alberta ကို Nominate လုပ်ခံရတဲ့လူတွေထဲမှာ CRS 300 ပဲရှိတဲ့လူတွေတောင်ရှိပါတယ်။

🇨🇦 Alberta ပြည်နယ်ဟာ Natural resource ချမ်းသာတဲ့ပြည်နယ်တစ်ခု ဖြစ်လို့ လူတော်တော်များများစိတ်၀င်စားကြပါတယ်။

အသေးစိတ်အချက်အလက်တွေကိုသိရှိနိုင်ဖို့ first comment မှာ Alberta အစိုးရ website ကိုထည့်ပေးထားပါတယ်။

29/05/2021

အခုနောက်ပိုင်း တစ်ချို့မြန်မာ Agent အယောင်ဆောင်ပြီး group တွေထဲမှာ PR လျှောက်ပေးမယ် consultation ခပေးရမယ် Agent ခဘယ်လောက်ပေးရမယ်ဆိုပြီး အများကြီးတွေ့လာရပါတယ်။
လူလိမ်တွေကို သတိထားပါ။

Canada PR ဟာ အစအဆုံးကိုယ့်ဟာကိုယ် ( DIY ) လုပ်လို့ရပါတယ်။ အစအဆုံး service ပေးတဲ့ Licensed Agency တွေလဲအများကြီးရှိပါတယ်။ Agency နဲ့လုပ်ကြတဲ့ ရည်ရွယ်ချက်က အချိန်မပေးနိုင်တာ၊ လုပ်ပုံကိုင်ပုံအဆင့်ဆင့်၊ Document တွေကို သေချာစီစစ်ဖို့ အချိန်မပေးနိုင်လို့လုပ်ကြတာပါ။ Agency တွေမှာများသောအားဖြင်း Regulated ဖြစ်ပီးသား Consultant တွေ Lawyer တွေချိတ်ထား ပြီးသားများပါတယ်။ Agency နဲ့အပ်တိုင်းလဲ PR ရကြတာမဟုတ်သလို ကိုယ့်ဟာကိုယ် ပြင်ဆင်တိုင်းလဲ အခွင့်အရေး မရှိတာ မဟုတ်ပါဘူး။ နောက်ဆုံးအနေနဲ့ဆိုရင် ဘယ်လိုပဲဖြစ်နေပါစေ အရာရာအားလုံးဟာ မိမိအပေါ် မှာပဲမူတည်ပါတယ်။ IELTS ကို Agent ကဖြေပေးလို့မရသလို ကိုယ့်မှာ education background မရှိပဲ WES လုပ်လို့မရပါ။

ကျွန်တော်တို့ page အနေနဲ့လဲ သိချင်တာတွေကို တတ်သိ နားလည်သလောက် chat box ကနေပဲဖြစ်ဖြစ် comment ကနေပဲဖြစ်ဖြစ် အတတ်နိုင်ဆုံးအခ‌ကြေးငွေမယူပဲဖြေကြားပေးပါတယ်။

အားလုံးပဲ ကနေဒါ အိပ်မက်ကိုအမြန်ဆုံးအကောင်အထည်ဖော်နိုင်ကြပါစေ 🇨🇦🇨🇦🇨🇦

Please be careful. Don't be a victim for immigration scams.

22/05/2021

မင်္ဂလာပါ။
Admin team က post မတင်တာလဲ ကြာနေပါပြီ။
အခုတစ်လော hot ဖြစ်နေတဲ့ သတင်း တစ်ခုကို Share လုပ်ချင်ပါတယ်။

အဲဒီသတင်းက Express Entry ကို ကနေဒါအစိုးရ ကအပြောင်းအလဲလုပ်မယ်ဆိုတဲ့သတင်းပါပဲ။

ပြီးခဲတဲ့ သီတင်းပတ်တစ်ပတ် နှစ်ပတ် လောက်က Canada အစိုးရက နိုင်ငံအတွက် Budget plan ကိုထုတ်ပြန်လိုက်ပါတယ်။

အဲဒီထဲက အရေးကြီးတဲ့အကြောင်းအရာတွေကိုအကျည်းချုပ် ကြည့်ရရင်။

၁။ 🇨🇦🇨🇦🇨🇦Express Entry ထဲကနေ ကနေဒါ Labor Market အတွက်အမှန်တကယ် အသုံးတည့် မဲ့ occupations တွေကိုရွေးချယ်သွားရန်။ ဒီအတိုင်းဆို CRS နည်းရင်တောင် Occupation က demand ဖြစ်တယ်ဆို အခြေအနေကောင်းနိုင်မယ်ထင်ပါတယ်။
( လက်ရှိပုံစံက NOC code 0, A,B ထဲပါပြီး CRS အမှတ် များရင် ITA ( invitation to apply ) ရကြတာများပါတယ်)

၂။ 🇨🇦🇨🇦🇨🇦နောက်ပိုင်းမှာ အမျိုးသမီး applicants တွေကိုပိုပြီးဦးစားပေးလာနိုင်ပါတယ်။ သူတို့ပြောပုံအရဆိုလက်ရှိExpress Entry မှာ အမျိုးသား တွေက ပဲ main applicants တွေအများစုဖြစ်နေလို့ပါ။

အပြောင်းအလဲကဖြစ်လာဖို့ ‌ရာခိုင်နှုန်း များပေမဲ့ ဘယ်အချိန်မှာဖြစ်လာမယ်၊ ဘယ်လို criteria မျိုးနဲ့ လဲဆိုတာ ဘယ်သူမှမသိနိုင်သေးပါဘူး။

Admin တွေသိရတာနဲ့ updates ကိုတင်ပေးပါမယ့်။

အာလုံးပဲကျန်းမာ‌ရေး ဂရုစိုက်ကြပါ။

ကနေဒါ အိပ်မက်တွေလဲမြန်မြန်အကောင်အထည် ဖော်နိုင်ကြပါစေ။

24/04/2021

🇨🇦Canada PR အတွက် IELTS General 🇨🇦
Canada PR လျှောက်ရင် CEC ရော FSW ပါ IELTS General ကိုပဲလက်ခံပါတယ်။
IELTS ကိုတွက်တဲ့အခါ ကနေဒါ CLB (Canadian Language Benchmarks) ဆိုပြီးတွက်ပါတယ်။ ဆိုလိုတာက IELTS ပုံမှန်အမှတ်စာရင်းက ဟာကို အတည်မယူပါဘူး ။ သူတို့တွက်ချက်ပုံအတိုင်းပဲ CLB ကိုသတ်မှတ်ပါတယ်။ အောက်ကဥပမာ အနေနဲ့ တွက်ချက်ပုံကိုလေ့လာနိုင်ပါတယ်။

Express Entry အတွက်ဆို အနည်းဆုံး CLB 7 လိုပါတယ်။ CLB 7 အတွက် လိုအပ်တဲ့ အမှတ်ကိုအောက်မှာဖော်ပြထားပါတယ်

Listening : 6
Reading : 6
Speaking : 6
Writing : 6
CLB : 7

အကုန်လုံး 6 ဆိုရင် CLB 7 လို့သတ်မှတ်ပါတယ်။

CLB 8 ဆိုရင်တော့အောက်ကပုံစံအတိုင်းတွက်ချက်ပါတယ်။

Listening : 7.5
Reading : 6.5
Speaking : 6.5
Writing : 6.5
CLB : 8

လူတော်တော်များများ ရည်မှန်းချက်ထားကြတော့ CLB 9 ပါ။ဒါကတော့ Express Entry ဒါရိုက်၀င်ခွင့်အတွက် အသင့်တော်ဆုံးပါ။
Listening : 8
Reading : 7
Speaking : 7
Writing : 7
CLB : 9

လူတော်တော်များများသေချာလေ့လာရင် CLB 9 ရကြပါတယ်။

နောက်ဆုံး CLB 10 က‌တော့ အမြင့်ဆုံးပါ။ သူကတော့ အခက်ခဲဆုံးပေါ့။

Listening : 8.5
Reading : 8
Speaking : 7.5
Writing : 7.5
CLB : 10

CIU page ကညီအကိုမောင်နှမတွေအကုန်လုံးပဲ CLB 9 အနည်းဆုံး ရကြပါစေ။

22/04/2021

Canada ကလတ်တ‌လောအခြေအနေမှာ နိုင်ငံပြင်ပက လူတွေကို PR ပေးတဲ့ FSW draw တွေလုံး၀မရှိဘူး ဖြစ်နေပါတယ်။ အဓိက ကတော့ border တွေပိတ်ထားတာ နဲ့ Covid-19 တတိယလှိုင်းဖြစ်နေလို့ပါ။ ကနေဒါ အစိုးရက နိုင်ငံအပြင်ကလူတွေထက် နိုင်ငံထဲမှာ‌ရောက်နေပြီးသား အလုပ်သမားတွေ၊ ကျောင်းသားတွေကို ပဲပိုပြီးအလေးပေးနေပါတယ်။ CIU page ကို like ထားတဲ့ ကညီအကို မောင်နှမတွေလဲ စိတ်ဓါတ်မကျပါနဲ့ ။ အခုအချိန်မှာ ကိုယ်လုပ်နိုင်တာကို အယင်ဆုံးပြင်ဆင်ထားကြပါ။ အင်္ဂလိပ်စာ IELTS နဲ့ WES တွေပြင်ဆင်ထားကြပါ။ Border တွေပြန်ဖွင့် လို့လူတွေ ကာကွယ်ဆေး အတော်အသင့် ထိုးထားကြပြီဆိုရင် ကိုယ့်အလှည့်ရောက်လာမှာပါ။ အရေးကြီးတာက ကိုယ့်ဘက်က လုပ်စရာရှိတာလုပ် Express Entry pool ထဲကို၀င်ထားဖို့ပါပဲ။

အားလုံးပဲကျန်းမာရေးဂရုစိုက်ကြပါ။

ကနေဒါနိုင်ငံ Ontario ပြည်နယ်ဟာ April 13 ရက်နေ့က Tech Draw တစ်ခုကိုပြုလုပ်သွားပါတယ်။ သူ့ရဲ့ CRS range က 456 - 467 ပါ။ Ont...
14/04/2021

ကနေဒါနိုင်ငံ Ontario ပြည်နယ်ဟာ April 13 ရက်နေ့က Tech Draw တစ်ခုကိုပြုလုပ်သွားပါတယ်။ သူ့ရဲ့ CRS range က 456 - 467 ပါ။

Ontario Tech Draw ဆိုတာဘာလဲ ???
Ontario ပြည်နယ်က IT industry မှာလိုအပ်တဲ့
၀န်ထမ်းအ‌ရေအတွက် ကိုဖြည့်ဖို့အတွက် Ontario အစိုးရက Tech Draw ကိုလုပ်တာဖြစ်ပါတယ်။ Tech Draw မှာ အရွေးခံရဖို့ သူတို့သတ်မှတ်ထားတဲ့ NOC ဖြစ်ဖို့လိုပါတယ်။ NOC list ကိုအောက်မှာကြည့်ပါ။
Tech Draw ဟာ Express Entry နဲ့ချိတ်ထားတဲ့ program ဖြစ်လို့ ‌အ‌ ရွေးခံရမဲ့ လူဟာ Express Entry pool ထဲမှာရှိနေရပါမယ်။

အသေးစိတ်ကို first comment မှာဖတ်ပါ။

Canada Immigration Update အကြောင်းအရာများ page ကို စိတ်၀င်တစားနဲ့ချက်ဘောက်မှကနေဒါ အကြောင်းအရာများကို လာစုံစမ်းကြတာ အထူးပ...
03/04/2021

Canada Immigration Update
အကြောင်းအရာများ page ကို
စိတ်၀င်တစားနဲ့ချက်ဘောက်မှ
ကနေဒါ အကြောင်းအရာများကို
လာစုံစမ်းကြတာ အထူးပင်ကျေးဇူးတင်ရှိပါတယ်✌️
အခုအချိန်မှာ နိုင်ငံရေးအခြေအနေ
Covid ရောဂါတွေကြောင့် ပြင်ဆင်စရာရှိတာတွေ
နှောင့်နှေးကြန့်ကြာခြင်းများလည်း ရှိနေပါတယ်။
ဥပမာ IELTsစာမေးပွဲ centre တွေပိတ်ထားခြင်းများ
လည်းရှိနေပါတယ်။
ဒါပေမယ့်စိတ်ဓာတ်မကျပဲ IELTs စာမေးပွဲဖြေဆိုဖို့အတွက် English စာပြင်ဆင်ခြင်းများကို
ကြိုတင်လုပ်ထားကြပါလို့ အကြံပေးချင်ပါတယ်
စာမေးပွဲစင်တာတွေ ဖွင့်တာနဲ့ဖြေဖို့
ကိုယ့်ဖက်က အဆင်သင့်ဖြစ်နေအောင်လုပ်ထားသင့်ပါတယ်။

နောက်တစ်ခုက ချက်ဘောက်မှာလာမေးတဲ့အကြောင်းအရာအများစုက ကနေဒါကို
ဘယ်လိုသွားရမလဲဆိုတာပါပဲ
အလုပ်နဲ့လား ?
ကျောင်းနဲ့လား? စသဖြင့်မေးခွန်းတွေပါ

ဟုတ်ကဲ့ လူတစ်ဦးနဲ့တစ်ဦးမတူပါဘူး
လူတစ်ယောက်စီရဲ့ အသက် ပညာအရည်အချင်း
English skill တွေ ကနေဒါမှာ မိသားစု ဆွေမျိုး
ရှိမရှိ စသဖြင့် အချက်တွေအပေါ်လိုက်ပြီး
လူတစ်ဦးစီရဲ့ အမှတ်တွက်ပုံခြင်းကွာပါတယ်

Admin တို့ Live လွှင့်ပြီးမေးခွန်းများကိုဖြေမယ်
စဉ်စားကြည့်ပေမယ့် စိတ်၀င်စားသော
လူတွေကို သေချာရှင်းပြပေးချင်လို့
Lucky draw အစီအစဉ်လေးနဲ့မဲနှိုက်ပြီး
လူတစ်ဦးဆီကို အခမဲ့သေချာရှင်းပြပေးမယ့်အစီအစဉ်ရှိပါတယ်။

Stay tuned 🇨🇦

Pic from Pinterest
Saskatchewan Canada

02/04/2021

Canada Express Entry အပိုင်း (၁)
Canada Express Entry ဆိုတာဘာလဲ ???
Express Entry ဆိုတာ ကနေဒါမှာ အလုပ်လုပ် နေတဲ့သူနဲ့ ကနေဒါပြင်ပကနေ Skill migration နဲ့ ကနေဒါ
ပီအာလျှောက်ချင်တဲ့ လူတွေအတွက်ဖြစ်ပါတယ်။

Express Entry အမျိုးအစားများ။
ကနေဒါမှာ အလုပ်လုပ်နေတဲ့လူတွေကို Canadian Experience Class (CEC) လို့ခေါ်ပါတယ်။ CEC class မှာ အနည်းဆုံး Canada က အလုပ် experience တစ်နှစ်လိုပါတယ်။ ကနေဒါပြင်ပကနေ PR ဒါရိုက်လျှောက်တာကို Federal Skilled Worker (Express Entry) အတိုကောက် FSW လို့ခေါ်ပါတယ်။

အမှတ်တွက်ချက်ပုံ။
အ‌ပေါ်က ပြောသွားတဲ့နှစ်ခုလုံးဟာ အဓိက ကတော့အသက်၊ IELTS၊ ပညာအရည်အချင်း၊ Canada မှာအလုပ် experience ရှိမရှိ၊ Canada မှာ ဆွေမျိုးသားချင်းရှိမရှိ၊ အလုပ် offer( ရှိထားရင် အမှတ်တိုးပါတယ်) အကုန်လုံးကိုပေါင်းပြီး Comprehensive Ranking System (CRS) ကိုတွက်ပါတယ်။ အခြား factors တွေလဲရှိပါသေးတယ်။CEC class တွေကတော့ FSW တွေထက်ပိုပြီး ပီအာရလွယ်ကူပါတယ်။ ဘာလို့ဆိုတော့ ကနေဒါက အလုပ် experience ကို အမှတ်ပိုရသလို Express Entry က CEC draw ဟာ FSWထက်အမှတ်နည်းနည်းနဲ့ခေါ်လို့ပါ။

လက်ရှိဖြစ်နေတဲ့ CRS Trends ။
အခုလက်ရှိ FSW cut-off က CRS 470 နီးပါးရှိပြီး
CEC က နောက်ဆုံး 432 မှတ်နဲ့ခေါ်သွားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီတုန်းက ဆို CEC ကို CRS 75 မှတ်တည်းနဲ့ခေါ်သွားလို့ လူ 30000 လောက် Invitation to apply (ITA) ရသွားကြပါတယ်။

Express Entry draw တစ်ခုနဲ့တစ်ခုဘယ်လောက်ကြာလဲ ?
ပုံမှန်ဆိုရင် Express Entry draw တွေအကုန်လုံးဟာ ၂ ပတ်တစ်ခါဖြစ်ပေမယ့် အခု Covid အခြေအနေ Travel Restrictions တွေနဲ့ ပုံမှန်မရှိပါ။

အပေါ်ကဟာတွေကတော့ Express Entry နဲ့ပတ်သက်ပြီးသိသင့်တယ်ဆိုတဲ့အကြောင်းအရာတွေပါ။ နောက်အချိန်ရရင် တစ်ခုချင်းဆီကိုသေချာရှင်းပြပေးပါ့မယ်။

ပြီးတော့ နောက်ကျရင် Page Admin တွေက ကိုယ့် CRS CRS Score ကိုသိချင်တဲ့လူတွေအတွက် CRS တွက်ချက်ပေးသွားမဲ့အစီအစဉ်ရှိပါတယ်။ အခမဲ့ဖြစ်ပြီးတော့ ငွေကြေးတစ်စုံတစ်ရာပေးစရာမလိုပါ။
Page ကနေ ကြေငြာပေးပါ့မယ်။

အားလုံးပဲကံကောင်းကြပါစေ။
‌အရေးတော်ပုံအောင်ရမည်။

ကနေဒါရဲ့ ဘယ်မြို့နယ်တွေဟာ Admin တို့ရဲ့ dream place လဲဆိုတာပြန်ပြောကြားပေးပြီး ဘာလို့နေချင်တာလဲဆိုတဲ့အကြောင်းလေးပါ တင်ပေ...
01/04/2021

ကနေဒါရဲ့ ဘယ်မြို့နယ်တွေဟာ
Admin တို့ရဲ့ dream place လဲဆိုတာ
ပြန်ပြောကြားပေးပြီး ဘာလို့နေချင်တာလဲဆိုတဲ့
အကြောင်းလေးပါ တင်ပေးလိုက်ပါမယ်နော်။

No1 ကတော့မင်းသားကြီး လူအများစုသွားချင်တဲ့
British Columbia ပြည်နယ်မှာရှိတဲ့
Vancouver မြို့ပါ။
Vancouver ဟာမြို့ပြဆန်ပြီး ကနေဒါမှာ
ရာသီဥတုအကောင်းဆုံးလို့သတ်မှတ်လို့ရအောင်
တခြားပြည်နယ်တွေလောက်မအေးပဲ နေချင်စဖွယ်ရှိတာမို့ မြန်မာ‌‌တွေနဲ့သင့်တော်တဲ့ရာသီဥတုရှိတာကြောင့်
Admin တို့ရဲ့ ပထမဦးစားပေးနေရာက Vancouver ပါ။
နောက်တစ်ခုက Vancouver ဟာကမ္ဘာမှာအလှဆုံးမြို့တွေထဲကတစ်ခုအပါအ၀င်ဖြစ်ပြီး မြန်မာအများစုနေထိုင်ပြီးမြန်မာအစားအသောက်ဆိုင်လည်းရှိတာကြောင့် မြန်မာအသိုင်းအဝိုင်းများနဲ့မဝေးပဲ
နေလို့အဆင်ပြေမယ့်မြို့လေးဖြစ်ပါတယ်။

ပုံလေးကတော့ Vancouver ကနာမည်ကျော်
Gastown ဖြစ်ပါတယ်။
Pic from Pinterest

ကနေဒါရဲ့ ဘယ်မြို့မှာအခြေချချင်ကြလဲ ဘာ့ကြောင့်လဲဆိုတာလေး အပန်းမကြီးရင်ရေးပေးသွားကြပါလားAdmin တို့ Dream place အကြောင်းလေး...
01/04/2021

ကနေဒါရဲ့ ဘယ်မြို့မှာအခြေချချင်ကြလဲ
ဘာ့ကြောင့်လဲဆိုတာလေး အပန်းမကြီးရင်ရေးပေးသွားကြပါလား
Admin တို့ Dream place အကြောင်းလေးလည်းပြန်ပြောရင်း sharing လုပ်ကြမယ်လေ 🇨🇦

Pic from Pinterest.

31/03/2021

ဒီနေ့ March 21 မှာ Express Entry draw တစ်ခုကို provincial nomination program (PNP) အတွက်သီးသန့်ပဲပြုလုပ်သွားပါတယ်။ CRS score နဲ့ No of invitations ကိုအောက်မှာဖော်ပြထားပါတယ်။

CRS Score : 778
No of invitations : 284

အားလုံးကံကောင်းကြပါစေ။
အရေးတော်ပုံအောင်ရမည်။

12/03/2021

အခုတလော Canada immigration မှာလဲ သတင်းတွေသိပ်မထူးပဲ ငြိမ်သက်နေပါတယ်။
မတ်လ ၈ ရက်နေ့ကပဲ PNP draw တစ်ခု လုပ်သွားပါတယ်။ Admin အဖွဲ့သားတွေလဲ မြန်မာပြည်က ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကြောင့် ပို့စ်တွေလဲ အသစ်မတင်နိုင်ဖြစ်နေပါတယ်။
သတင်းထူးသတင်း‌ကောင်း တွေနဲ့အတူပြန်လာခဲ့ပါမယ်။
မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ။
စစ်အာဏာရှင်ကျဆုံးပါစေ။

SNIP လို့ခေါ်တဲ့ Saskatchewan  ပြည်နယ် က provincial nomination program တစ်ခုဟာ ဒီနေ့မှာ Canada PR လျှောက်ဖို့ 299 ယောက်(...
26/02/2021

SNIP လို့ခေါ်တဲ့ Saskatchewan ပြည်နယ် က provincial nomination program တစ်ခုဟာ ဒီနေ့မှာ Canada PR လျှောက်ဖို့ 299 ယောက်(အောက်ကဇယားက score နဲ့ total candidate ပြောင်းပြန်ဖြစ်နေ)ကို nomination ပေးလိုက်ပါတယ်။ nomination ရဖို့အတွက် SNIP ရဲ့ ရမှတ် 70 လိုအပ်ပါတယ်။ ပြီးတော့ ကိုယ့် NOC ဟာ သူ့တို့ခေါ်တဲ့ အထဲပါဖို့လိုအပ်ပါတယ်။
SNIP အမှတ်ဘယ်လိုတွက်မယ် ဆိုတာနဲ့ ကိုယ့် NOC ဘယ်လို ရှာရမယ်ဆိုတာ first comment မှာကြည့်ပါ။

မှတ်ချက် ။ SNIP ဟာMaster ရထားပြီး လုပ်သက် ၁၀ နှစ်ရှိနဲ့ IELTS CLB 8 ရှိတယ်ဆိုရင် အလွယ်ကူဆုံး PNP တစ်ခုပါ။

What is WES (World Education Services)?ကနေဒါကို PR လျှေက်ဖို့ပြင်ဆင်ပြီဆိုရင် WES ကမရှိမဖြစ်လိုအပ်ပါတယ်။WES ကိုအလွယ်ဆုံး...
19/02/2021

What is WES (World Education Services)?

ကနေဒါကို PR လျှေက်ဖို့ပြင်ဆင်ပြီဆိုရင် WES ကမရှိမဖြစ်လိုအပ်ပါတယ်။
WES ကိုအလွယ်ဆုံးရှင်းပြရမယ်ဆိုရင် ကနေဒါ နိုင်ငံပြင်ပက ရခဲ့တဲ့ ဘွဲ့၊ ဒီပလိုမာ တွေကို သူတို့ နိုင်ငံ အဆင့်အတန်း နှင့် equivalency စစ်တာပါ။ အခြားနိုင်ငံက ရတဲ့ ဘွဲ့၊ ဒီပလိုမာ တွေဟာ ကနေဒါ မှာဆို ဘယ်လောက် level ရှိတယ်ဆိုတာစစ်တာပါ။
မြန်မာနိုင်ငံက တစ်ချို့ တက္ကသိုလ် ဘွဲ့တွေဟာ WES က 2 year diploma ပဲပေးရင်လဲပေးပါတယ်။
WES နည်းတူ တခြား Equivalency စစ်ပေးတဲ့ organisation တွေရှိပါသေးတယ်။ ဒါပေမယ့် WES ကအလွယ်ကူဆုံး နဲ့အမြန်ဆုံးဖြစ်လို့ WES ကိုပဲ အသုံးများကြပါတယ်။

အချိန်ရရင်တော့ WES လုပ်ပုံလုပ်နည်း အဆင့်ဆင့်ကို နောက်တစ်ရက်မှာရှင်းပြပေးသွားပါမယ်။

WES website ကို ပထမဆုံး comment မှာ share ပေးထားပါတယ်။

19/02/2021

များမကြာမီက ကနေဒါ Express Entry က Canadian Experience Class တွေအတွက် draw တစ်ခု ဟာ ကနေဒါမှာကျောင်းပြီးလို့ PR လျှောက်ထားပြီး Pool ထဲရောက်နေ တဲ့သူတွေအတွက် ဒါမှမဟုတ် ကနေဒါမှာကျောင်းမတက်လဲ အဲဒီနိုင်ငံထဲမှာ work permit နဲ့အလုပ်လုပ်နေတဲ့သူတွေ အတွက် အလွန်တရာမှ ပျော်ရွှင်ချမ်းမြေ့ဖွယ်ဖြစ်ခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ ကနေဒါ သမိုင်းတစ်လျှောက် တစ်ခါမှ မဖြစ်ဖူးတဲ့ Comprehensive Ranking System (CRS) အမှတ်ဟာ အနိမ့်ဆုံး အနေနဲ့ 75 မှတ်ပဲရရှိရန်လိုအပ်လို့ပါ။
PR လျှောက်ခွင့်ရရှိထားသူ စုစုပေါင်းက ၂၇၃၃၂ ယောက်ပါ။

Canadian Experience Class အကြောင်းအ‌သေးစိတ်သိချင်ရင် first comment မှာ ဖတ်ပါ။

Address


Website

Alerts

Be the first to know and let us send you an email when Canada Immigration updates အကြောင်းအရာများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Canada Immigration updates အကြောင်းအရာများ:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share