Shadow Dynamite DPY LDF

  • Home
  • Shadow Dynamite DPY LDF

Shadow Dynamite DPY LDF စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ခြေမှုန်း တော်လှန်သွားပါမည်

02/12/2022

"မနက်ဖြန်ကျရင်"

ခန္ဓာကိုယ်ဟာ မီးခံသေတ္တာ မဟုတ်ဘူး ။
စိတ်ဓာတ်ဟာ ရာဘာဖိနပ် မဟုတ်ဘူး ။
ပါးစပ်ဟလိုက်ရင်
ကားစင်တင်ခံရမယ်
တစ်ခါတရံ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ရတယ် ။

'သိပြီလား ...
သိခဲ့ပြီလား ... '
ပြည်သူလူထုရဲ့ မချိသွားဖြဲ နေ့ရက်များ
ဦးခေါင်းထဲ တွားဝင်လာ
ကြည့်စမ်း သာမန်အကျဆုံး ပျော်ရွှင်မှုတောင်မှ
ခြ စားခံနေရ
ဒါ လှလှပပ စော်ကားတာပဲ
အသားထဲက လောက်ထွက်တာ ကဗျာမဟုတ်ဘူး ။
ခွေးရူးကို တရားဟောတာ ကဗျာမဟုတ်ဘူး ။
မှန်ပုံးထဲ ငါး အလှထည့်မွေးတာ ကဗျာမဟုတ်ဘူး ။

ပတ္တူဖျင်စပေါ်မှာ
ငြိမ်သက်မှုနဲ့ ဆီဆေးကိုရောစပ်
အေးစက်စက် ပန်းချီကားတစ်ချပ်နဲ့ ဖွဲ့စည်း
သွေးပျက်ဖွယ် အထီးကျန်
ကိုလန်ဗတ်နဲ့ ဘဲဥ
ကုဗပုံ ဆူသံများ
နားမဆံ့အောင် ကြားရပြန်ပြီ ။

အစစ်အမှန်ဟာ
ပြင်းထန်တဲ့ အရက်ပဲ
မိုက်တွင်းနက်နက်ထဲကို လောင်းထည့်
ဘဝကို နည်းနည်းချင်းဖဲ့ရောင်း
ဟေ့လူ သဘောကောင်းလှချည်လား ။

ဒီလိုနဲ့
ပျက်နေတဲ့ စိတ်ကို
စစ်မှန်တဲ့ နွားနို့တစ်ခွက်နဲ့ မိတ်ဆွေဖွဲ့
အားတက်မိခဲ့
ခင်ဗျားတို့ သဘောတူပါလိမ့်မယ် ။

ဟော... ညနေစောင်းပြီ
ဗြောင်းဆန်နေတဲ့
ခေတ်ရဲ့ အသံဗလတွေထဲမှာ
'ငါတို့' ဆိုတဲ့ အလံတော်ကို လွှင့်ထူဖို့
အဆင်သင့်ဖြစ်ခါနီးပြီ ကိုယ့်လူတို့ရေ...

ဘဝက တောင်းဆိုပြီမို့
တောင့်ထားကြ
အောင့်ထားကြ
ခဏလေး စောင့်လိုက်ကြပါ မိတ်ဆွေတို့ရယ်
မကြာပါဘူး
မကြာတော့ပါဘူး..........

@လှသန်း

အကြမ်းဖက် စစ်အာဏာရှင် စနစ် အမြစ်ပြတ်တော်လှန်ရေး တိုက်ပွဲဝင်လျှက်ရှိသောSHADOW DYNAMITE DPY LDF ၏တော်လှန်ရေး အဓိက လိုအပ်ချ...
03/11/2022

အကြမ်းဖက် စစ်အာဏာရှင် စနစ် အမြစ်ပြတ်တော်လှန်ရေး
တိုက်ပွဲဝင်လျှက်ရှိသော
SHADOW DYNAMITE DPY LDF ၏
တော်လှန်ရေး အဓိက လိုအပ်ချက်
လက်နက်ခဲယမ်းများ-------အတွက်

P2P(SG) -ထံမှ
၁၅၀၀၀၀၀(တစ်ဆယ့်ငါးသိန်း)ကျပ်တိတိကို
ထောက်ပံ့ကူညီပေးမှုအား
အထူးပင်ကျေးဇူးတင်ရှိပါသည်။

ထောက်ပံ့ကူညီငွေများအား
ကိုယ်ကျိုးမဖက်ပဲ တော်လှန်ရေးအတွက်သာလျှင် အဓိကထားပီး အသုံးပြုမည့်ဖြစ်ကြောင်း-------
ကျွန်ုပ်တို့၏ အသက်သွေးများဖြင့် သစ္စာပြုလျှက်--------

SHADOW DYNAMITE DPY PDF
သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ
အောက်တိုဘာလ (၂၈) ရက် ၂၀၂‌၂ ခုနှစ်။

အကြမ်းဖက် စစ်အာဏာရှင် စနစ် အမြစ်ပြတ်တော်လှန်ရေး တိုက်ပွဲဝင်လျှက်ရှိသောSHADOW DYNAMITE DPY LDF ၏တော်လှန်ရေး အဓိက လိုအပ်ချ...
03/11/2022

အကြမ်းဖက် စစ်အာဏာရှင် စနစ် အမြစ်ပြတ်တော်လှန်ရေး
တိုက်ပွဲဝင်လျှက်ရှိသော
SHADOW DYNAMITE DPY LDF ၏
တော်လှန်ရေး အဓိက လိုအပ်ချက်
လက်နက်ခဲယမ်းများ-------အတွက်

တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ -ထံမှ
၅၀၀၀၀၀(ငါးသိန်း)ကျပ်တိတိကို
ထောက်ပံ့ကူညီပေးမှုအား
အထူးပင်ကျေးဇူးတင်ရှိပါသည်။

ထောက်ပံ့ကူညီငွေများအား
ကိုယ်ကျိုးမဖက်ပဲ တော်လှန်ရေးအတွက်သာလျှင် အဓိကထားပီး အသုံးပြုမည့်ဖြစ်ကြောင်း-------
ကျွန်ုပ်တို့၏ အသက်သွေးများဖြင့် သစ္စာပြုလျှက်--------

SHADOW DYNAMITE DPY PDF
သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ
အောက်တိုဘာလ (၂၈) ရက် ၂၀၂‌၂ ခုနှစ်။

-လိုင်းအခက်အခဲကြောင့် အလှူငွေရပီးချိန်၌ ကျေးဇူးတင်ဂုဏ်ပြုလွှာ မထုတ်ပြန်ရခြင်းဖြစ်ပါသည်။

29/09/2022

❗MDY❗

29 Sep 2022 မနက် 2:00amခန့်က မြစ်ငယ် အောင်‌သပြေ ဝန်ထမ်းလိုင်းခန်းမှ ဖမ်းဆီးခံရသော ကောင်လေးများအား တင်ဆောင်လာသော အချုပ်ကားသည် မနက် 9:45am အချိန်ခန့် မြစ်ငယ် တံတားထိပ်တွင် တိုက်ခိုက်ခံရကာ ဖမ်းဆီးခံထားရသည့် ကောင်လေးများ အနက်မှ တယောက်သာ ခြေထောက်ကျည်ထိ၍ ကျန်နေခဲ့ပြီး စခ တကောင် ငရဲရောက်သွားကာ
မြစ်ငယ် တံတားထိပ် တဝိုက်ရှိရွာများအား စစ်ကြောင်းထိုး ရှာဖွေရန် စခ အင်အား အများအပြားရောက်‌နေကြောင်းသိရ။


ဝက်လက်မြို့နယ်📣ဝက်လက်မြို့နယ်တွင် စကစအဖွဲ့ ရွှေဘို-မန္တလေးလမ်းပေါ် တားဆီးစစ်ဆေး အကြမ်းဖက်မှုပြုနေတာကြောင့် လမ်းအသုံးမပြု...
29/09/2022

ဝက်လက်မြို့နယ်📣

ဝက်လက်မြို့နယ်တွင် စကစအဖွဲ့ ရွှေဘို-မန္တလေးလမ်းပေါ် တားဆီးစစ်ဆေး အကြမ်းဖက်မှုပြုနေတာကြောင့် လမ်းအသုံးမပြု‌ရန် ထုတ်ပြန်သတိပေး

ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)မှ “ခရီးသွား ပြည်သူများသို့ သတိပေးချက်” ထုတ်ပြန်ပါတယ်။

ရွှေဘို-မန်းလေး ကားလမ်းမကြီးကို အသုံးပြုမည့် ခရီးသွားမိဘပြည်သူများအနေဖြင့် ရွာသာကြီးကျေးရွာ၊ လှတောကျေးရွာ၊ စိုင်နိုင်ကြီးကျေးရွာ များတွင်ခွေးများရောက်ရှိကာ ရွှေဘို-မန်လေး ကားလမ်းသွား ခရီးသွားပြည်သူများကို တားစီးစစ်ဆေးပြီး အကြမ်းဖက်မှုများ ပြုလုပ်နေပါ၍

ယနေ့ စက်တင်ဘာလ၂၉ ရက် နံနက် ၁၁ နာရီအချိန်မှစပြီး မည်သည့်ယာဉ်၊ မည်သည့်လိုင်းကား မှ

အုန်းတောမှ ရွှေဘို ကားလမ်း
စိုင်နိုင်ကွေ့မှ ဟံလင်းလမ်း
ရွာသာကြီးမှ အရာတော်လမ်း
လှတောမှ ဝက်လက်လမ်း
ရွာသာကြီးမှ ဝက်လက်လမ်း

များကို အကြောင်းတစုံတရာ မထုတ်ပြန်ချိန်ထိ မသွားလာကြဖို့ သတိပေးအပ်ပါသည်ဟု ထုတ်ပြန်ထားပါတယ်။

မရောက်သေးခင် မောရတာဖြစ်ကြောင်း သေချာချင်တယ်==========================အမေ့နားရောက်ဖြစ်တော့ ညက အိပ်ထားတဲ့ အိပ်ရာလိပ်ကလေးကိ...
27/09/2022

မရောက်သေးခင်
မောရတာဖြစ်ကြောင်း သေချာချင်တယ်
==========================

အမေ့နားရောက်ဖြစ်တော့ ညက အိပ်ထားတဲ့ အိပ်ရာလိပ်ကလေးကို သေချာထုပ်ပိုးထားပြီး တစ်ခုခုဆို ပြေးမယ် လွှားမယ်ဆိုတဲ့ အသင့်အနေအထားဖြစ်နေတယ်။ ဘာသတင်းတွေကြားလို့လဲ အမေရဲ့ဆိုတော့ ဟဲ့ ဘယ်အခါမဆို ထပြေးရနိုင်တာပဲလေ။ သတင်းမကြား ဘာမကြားနဲ့ ရုတ်တရက်ကြီးရောက်ချလာရင် ဘယ်လိုလုပ်မလဲ တဲ့။

ညည တရားခွေလေး နားနားကပ်ဖွင့်ရင်း နိုးတဝက် ပျော်တဝက် အိပ်မက်။ တစ်ခါတစ်ခါ သွပ်သံကြားရင်တောင် လန့်နိုးတတ်ပြန်သေးသတဲ့။ သူ ညက တရေးနိုးပြီး ပြန်အိပ်ရခက်ပုံတွေ၊ ခပ်လှမ်းလှမ်းဆီက လယ်ရေတင်စက်သံကို ထင်ယောင်ထင်မှား ကြောက်မိပုံတွေကို တပြုံးပြုံးနဲ့ ပြန်ပြောရင်း လက်က သူ့ခြင်းကျားလေး တကိုင်ကိုင်။ ခြင်းထဲမှာ ရေနွေးဓာတ်ဘူးတစ်လုံးနဲ့ ဓာတ်မီးတစ်လက်၊ ရှုဆေးဘူး၊ ခေါင်းပေါင်းတဘက်စောင်တစ်ထည် စသည် တိုလီထွာလီ။

ကိုယ့်စိတ်ချမ်းသာရေးဟာ ကိုယ့် နှလုံးသွင်းမှုအပေါ်မူတည်တာမို့ သိပ်သောက မကြီးဖို့ အားပေးစကားပြောရင်း ဒီခေတ်ကြီးမှာ လာ အိုရရှာတဲ့ အမေ့အတွက် စိတ်မကောင်းဖြစ်ရတယ်။

သိနေတယ်လေ။ လက်နက်ကြီးသံကြားရင် ရင်ခေါင်းတွေ အောင့်လို့ဆိုပြီး နီးစပ်ရာ ကျန်းမာရေးဆေးပေးခန်းဆီ အမေ ပြေးရမယ်ဆိုတာ။ တစ်ရက်တော့ ‌မြို့ပေါ်နေ သူငယ်ချင်းက ဟေ့ကောင် ဒီကတော့ လှမ်းထုပြီဟေ့ ၊ လက်နက်ကြီး လာနေပြီလို့ ဖုန်းနဲ့ပြောနေတုန်း ကိုယ့်ရွာဘေးမှာ အုန်းခနဲ ကြားရ။ ဘာလဲ။ ဘာအထာလဲ။ ဘာရည်ရွယ်ချက်လဲလို့ တွေးနေတုန်း နောက်ထပ်တစ်ချက် အုန်းခနဲ။ ရွာရဲ့ ဘေးဝဲယာဝန်းကျင် ခြောက်ချက်လောက်ထုပြီးမှ ငြိမ်သွားလေရဲ့။ ကံကြီးကြပေလို့ ဘယ်ပြည်သူမှ မထိပေမဲ့ ဒီလိုပဲ ငါတို့တွေ ကံကို ယိုးမယ်ဖွဲ့နေရတော့မယ်ဆိုတဲ့ အကြောက်တရားတော့ ဝင်ကုန်ကြတာ မဆန်းပေဘူးမဟုတ်လား။ ဒီတော့လည်း အမေ့ကို သောကနည်းအောင်နေပါလို့ အားပေးလျက်က ကိုယ်လည်း ညည လေကြောင်းကနေ ဗုံးနဲ့ထုခံနေရတယ်လို့ အိပ်မက် မက်မိတာ အခါခါ။

ဒီပဲယင်း လယ်ယက်ကုန်းရွာ ငရဲခန်း တဲ့။ မီဒီယာပေါ်တက်လာတဲ့ သတင်းတွေ။ ဟေ အိပ်မက် မဟုတ်ပေဘူးဘဲ။ တကယ်ကြီးကို ထုပစ်ကြတာပါကလားလို့ တုန်လှုပ်ခြောက်ခြားမိသွားတယ်။ သွေးအလိမ်းလိမ်း ပေကျံပြီး ကျန်နေရစ်တဲ့ ကျောင်းလွယ်အိတ်ကလေးထဲမှာ စာအုပ်တွေပါ အနားသားစုတ်ပြဲလို့။ ဖိနပ်ကလေးတွေ ဖရိုဖရဲ။ စီးသူမရှိတော့တဲ့ ဖိနပ်ကလေးတွေပေါ့။ ကလေးစီး ဆိုက်သေးသေးလေးတွေ။ အမိုးပွင့်နေတဲ့ ကျောင်းဆောင်။ ကျိုးပြတ်လုလု ကွန်ကရစ်တိုင်။ ပွင့်ကျသွားဟန်ရှိတဲ့ ကြမ်းခင်း။ အခြေအနေတွေ ငြိမ်သက်ချိန်မှ ဝင်ရိုက်ခဲ့ရတဲ့ ဓာတ်ပုံမှတ်တမ်းတွေကတောင် ဒီလောက် ဗြောင်းဆန်အောင် ပြေးလွှားနေရတာ၊ အခြေအနေတွေ ဖြစ်ပျက်နေဆဲတုန်းကဆို ငါတို့ကလေးတွေ .... ။

ဘာအလုပ်မှ မလုပ်နိုင်ဘဲ ငူငူငိုင်ငိုင်နဲ့ တောင့်တင်းနေရတဲ့ ရက်တွေပေါ့။ ဟိုးတစ်နေ့က မိုးဗြဲဘက်မှာဘလက်နက်ကြီးထုခံရလို့ လူနာထမ်းစင်ပေါ် ပတ်တီးဒရပွနဲ့ သမီးငယ်လေးရဲ့ပုံကိုလည်း အမြင်အာရုံထဲက ဖျောက်မရ။ တန်ဖိုးမဲ့ထားခံလိုက်ရတဲ့ အသက်ဓာတ်တွေ။ ဒီခေတ်ကြီးမှာ လာ လူဖြစ်ရတဲ့ ကလေးတွေပေါ့။

ကျွဲ ၂ ကောင်ခတ်မှ မြေဇာပင် ကြေရတာမဟုတ်ပါဘူး။ ကျွဲဆိုးကြီး တစ်ဘက်သတ် ဂျို(ချို)သွေးရင်လည်း မြေဇာတွေ ကြေမွကြရတာပါပဲ။ စစ်ဟာ ထိခိုက်ပျက်စီးစေတယ်ဆိုနိုင်ပေမဲ့ တဆိတ်တော့ ရမ်းလွမ်းလှတယ်ဆိုတဲ့ ခံစားချက်အပြင် စစ်မှာကော မြင့်မြတ်ခြင်းအလှတရားတွေ မသီးပွင့်နိုင်ဘူးလားဆိုတဲ့ အမေးသံက ရင်မှာ ဆူပွက်လာတယ်။ မြေခံရေခံကွာမှာပေါ့လေ။

နာကျင်ရတဲ့ ဝေဒနာတွေဆိုတာ နားစွန့်ထားသလောက် ကြားလို့ မပြည့်နိုင်။ မျက်လုံးဖွင့်ထားသလောက် မြင်လို့ မဆုံး။ လူသားမဆန်သူတို့ ပြုံးပျော်ရသမျှ လူသားဆန်သူတို့ ထိခိုက်ကြေကွဲရတာကိုး။

ဘယ်လိုပဲဖြစ်ပါစေ။ အမေ့ကို သောက မကြီးဖို့ ထပ်ထပ် အားပေးရဦးမှာပဲ။ သမီးလေးကို အနားမှာထားဖို့လည်း ကြိုးစားရဦးမှာပဲ။ စစ်ဇုန်မှာ ဘယ်အခါမဆို ဘာမဆိုဖြစ်သွားနိုင်ပေမဲ့ အတူရှိခွင့်တိုင်းမှာ အချင်းချင်း တိုးလို့ ချစ်ကြရမှာပဲ မဟုတ်လား။

တွေးရင်း မောရင်း လက်ထဲက ဖုန်းကိုဖွင့်တယ်။

“ဒီမြေပေါ်မှာ မှီတင်းနေထိုင်ကြသူအားလုံးဟာ မိမိတို့ရဲ့ဘဝကို အေးချမ်းလုံခြုံလွတ်လပ်စွာ အသက်ရှင်နေထိုင်ခွင့်ရှိဖို့လိုပါတယ်။ “

(တိုက်ပွဲဝင်ခေါင်းဆောင်မှုသင်တန်း ၊ သင်တန်းဆင်းပွဲတစ်ခုမှာ ပြောတဲ့ အဆိုတော် မွန်းအောင်ရဲ့စကား)

အဆိုတော် မွန်းအောင်ရဲ့ အားပေးစကားထဲက အနာဂတ်နိုင်ငံတော်ရဲ့ အရိပ်အငွေ့ အအေးဓာတ်စကားကို ဆာဆာလောင်လောင် နားထောင်ရင်း အားတင်းရတယ်။ ရွှေပြည်သို့ လှမ်းချီရာခရီးမှာ နာကျင်မောပန်းရတာတွေ ဘယ်တော့ပြီးလေမလဲလို့ တွေးဖြေနေရတာလည်း အခါခါ။

မောင်မင်းဒီ

စစ်ကောင်စီ နယ်မြေရှင်းလင်းရေးကို ဘယ်လိုကာကွယ်ကြမလဲ==========================၁။နယ်မြေရှင်းလင်းရေးနယ်မြေရှင်းလင်းရေးဆိုတာ ...
27/09/2022

စစ်ကောင်စီ နယ်မြေရှင်းလင်းရေးကို
ဘယ်လိုကာကွယ်ကြမလဲ
==========================

၁။နယ်မြေရှင်းလင်းရေး

နယ်မြေရှင်းလင်းရေးဆိုတာ စစ်သုံး လုံခြုံရေးဝေါဟာရတစ်ခုဖြစ်ပါတယ်။ တကယ်တော့ နယ်မြေရှင်းလင်းရေး လုပ်တယ်ဆိုတာ ရန်သူ ရှိနိုင်တဲ့နေရာ ခိုအောင်းနိုင်တဲ့စစ်ဘက်ပစ်မှတ် နေရာတွေကို မြေလှန်ဖျက်ဆီးတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်တပ်တွေဟာ သူတို့ထိုးစစ်ဆင်တဲ့အခါမျိုးမှာဖြစ်စေ ခံစစ်ပြင်တဲ့အခါမျိုးမှာဖြစ်စေ နယ်မြေရှင်းလင်းရေးကို အရင်ဆုံးလုပ်ဆောင်လေ့ရှိကြပါတယ်။ ဘယ်စစ်ဥပဒေမှ မလိုက်နာတဲ့ ဖက်ဆစ်ဆန်ဆန် စစ်ကောင်စီအတွက်ကတော့ နယ်မြေရှင်းလင်းရေးဟာ၊ လုယက်ပွဲ၊ လူသတ်ပွဲ၊ မုဒိမ်းကျင့်ပွဲတွေအဖြစ် စစ်ဘက်ပစ်မှတ်ထက် အရပ်ဘက် ပစ်မှတ်တွေကိုပဲ ဒုက္ခပေးတာများပါတယ်။

သူတို့အကြောင်းပြချက်ကတော့ သောင်းကျန်းသူတွေဟာ ပြည်သူတွေကို လူသားတံတိုင်းကာပြီး ပြည်သူယောင်ဆောင် ပုံဖျက်နေတယ်ဆိုတာမျိုးပါပဲ။ ဒါပေမဲ့ ဒါဟာ အကြောင်းပြချက်သက်သက်သာ ဖြစ်ပြီး တကယ်တော့ ပြည်သူတွေကို ရန်သူလိုသဘောထားပြီး အကြမ်းဖက်လိုမှုတွေ၊ လုယက် အနိုင်ကျင့် လိုမှုတွေကို ဖုံးကွယ်ထားခြင်းသာဖြစ်ပါတယ်။ လက်နက်အင်အား လူသူအင်အားကောင်းတဲ့ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး အကြောင်းပြ အကြမ်းဖက်မှုတွေကို တိုင်းရင်းသားကျေးရွာတွေ နှစ်ပေါင်း ၇၀ ကျော် ခါးဆီးခံခဲ့ရသလို အခုအချိန်မှာတော့ အညာဒေသကျေးရွာတွေပါ ဒီဒဏ်ကို အလူးအလဲ ခံနေရပါပြီ။ ဒီနယ်မြေရှင်းလင်းရေးကြောင့် အရပ်သားတွေ အပြင်းအထန် မထိခိုက်ရလေအောင် ကြိုတင်ကာကွယ်ဖို့ လိုအပ်လာပြီလည်းဖြစ်ပါတယ်။

၂။ ဘယ်လိုကာကွယ်မလဲ

စစ်ကောင်စီကို နယ်မြေမရှင်းလင်းနဲ့ ဆိုပြီး တားလို့ဆီးလို့မရတာကြောင့် ဒီလို မြေလှန်ဖျက်ဆီးရှင်းလင်းတာမျိုးကို ဘယ်လိုကြိုတင်ကာကွယ်မလဲ၊ အထိခိုက်နည်းအောင် ဘယ်လို ရှောင်ရှားမလဲ ဆိုတာကိုပဲ ဦးစားပေးစီစဉ်ကြရမှာဖြစ်ပါတယ်။ ပထမဆုံးကတော့ ဘယ်လိုကာကွယ်မလဲဆိုတာဖြစ်ပါတယ်။ အခုဆိုရင် အညာဒေသရဲ့ ရွာတွေ အားလုံးလိုလိုဟာ PDF တွေရဲ့ လှုပ်ရှားစိုးမိုးနယ်မြေတွေဖြစ်နေပြီမို့ ရွာတိုင်းလိုလိုဟာ နယ်မြေရှင်းလင်းခံရနိုင်ခြေရှိတယ်ဆိုတာ ပထမဆုံး သိထားဖို့လိုပါတယ်။ နောက်တစ်ခုက အရင်လိုစစ်ကြောင်းထိုးပြီး နယ်မြေရှင်းတယ်ဆိုတာထက် လေကြောင်းနဲ့ လာရောက်ပစ်ခတ်တာက များတဲ့အတွက် အချိန်မရွေး နေရာမရွေးလာရောက်နိုင်တယ်ဆိုတာ သတိပြုထားဖို့လိုပါတယ်။ ဒါကြောင့် ရွာထဲက ရိက္ခာတွေ အဖိုးတန် ပစ္စည်းတွေကို ဝှက်တာ ရွှေ့တာ သိမ်းဆည်းတာတွေ လုပ်ပြီး အထိအခိုက်နည်းအောင် ကြိုတင်ပြင်ဆင်ရပါမယ်။ လိုအပ်ရင် လေကြောင်းရန် ကာကွယ်ရေး ဆက်သွယ်ရေး ကျင်းတွေ ၊ ရွာချင်းဆက် လှိုဏ်ခေါင်းလမ်းတွေ စနစ်တကျ တူးထားပြီး ပြင်ဆင်ထားဖို့လိုပါတယ်။ ရွာတစ်ရွာလုံးကို မီးတိုက်နိုင်ခြေရှိတာမို့ မီးဘေးနဲ့ မလွတ်တဲ့ ပစ္စည်းတွေကို နေရာရွှေ့ပြောင်းထားဖို့ လိုပါတယ်။ တတ်နိုင်ရင် တခြားရွာကို ပို့တာမလုပ်ဘဲ တောထဲမှာ စနစ်တကျ ရွှေ့ပြောင်းထားဖို့ စဉ်းစားရမှာဖြစ်ပါတယ်။ နောက်တစ်ခုက လေကြောင်းသတင်းအချက်အလက် စုံစမ်းသူတစ်ဦးကို ရွာမှာ သတ်သတ်မှတ်မှတ် တာဝန်ပေးထားသင့်ပြီး ရွာစဉ် လေကြောင်း ကာကွယ်ရေး သတင်းတွေ၊ စစ်ကြောင်းထိုးသတင်းတွေကို တိတိကျကျ နေ့စဉ် ဖြန့်ဝေတဲ့ သတင်းကွန်ရက်လည်း ဖန်တီးထားဖို့လိုပါတယ်။ ဒီလို သတင်းအချက်အလက်ပြင်ဆင်မှု၊ ပစ္စည်းပစ္စယ ကြိုတင်နေရာ ချထားမှုတွေ လုပ်ဆောင်နိုင်မယ်ဆိုရင် ရုတ်တရက် လေကြောင်းက ဝင်ရောက် စီးနင်းရှင်းလင်းရင်တောင် လူတွေက ဆက်သွယ်ရေး လှိုဏ်ကျင်းတွေကနေ အလွတ်ရုန်းနိုင်ပြီး ပစ္စည်းတွေလည်း အဖိုးတန်ပစ္စည်းတွေ ဆုံးရှုံးမှုသက်သာစေမှာဖြစ်ပါတယ်။ ရွာတိုင်းရွာတိုင်းမှာ ကယ်ဆယ်ရေးအဖွဲ့တွေ ဖွဲ့ထားပြီး ရုတ်တရက် စီးနင်းခံရတာမျိုးကို ဘယ်လိုရုန်းထွက်မလဲဆိုတာ ကြိုတင်ဇာတ်တိုက်ထားသင့်ပါတယ်။ အရေးကြီးတာကတော့ သတိမပြတ်နေဖို့ဖြစ်ပြီး ပေါ့ပေါ့ ဆဆ မနေဖို့ပါပဲ။ ဒါကြောင် ဘယ်လိုကာကွယ်မလဲဆိုတာမှာ သတင်း၊ ပစ္စည်း၊ လူ ဆိုတဲ့ အဆင့်သုံးဆင့်ကို ကြိုတင်ပြင်ဆင်ထားဖို့ပါပဲ။

၃။ ဘယ်လိုတုံ့ပြန်မလဲ

နယ်မြေရှင်းလင်းရေးကို ငါတို့က ဒီလိုပဲ လည်စင်းခံနေရမှာလား ဘယ်လိုပြန်တုံ့ပြန်နိုင်မလဲဆိုတဲ့ မေးခွန်းကလည်း စိတ်ဝင်စားစရာပါပဲ။ တကယ်တော့ နယ်မြေရှင်းလင်းရေးကို တုံ့ပြန်နိုင်တဲ့နည်းရှိပါတယ်။ ခြုံခို၊ လုပ်ကြံ၊ ပြောက်ကျားဟန် ဆိုတဲ့ စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်တာ၊ စစ်ကြောင်းထဲက ခေါင်းဆောင်ကို လုပ်ကြံတာ၊ ပြောက်ကျားစစ်ဆင်မှုနဲ့ တန်ပြန်ထိုးစစ်ဆင်တာမျိုးတွေဖြစ်ပါတယ်။ ဒီနည်းတွေက တော့ နယ်မြေရှင်းလင်းတာကို လှေကြီးထိုးရိုးရိုးနည်းလမ်းတွေနဲ့ တုံ့ပြန်တာဖြစ်ပြီး ရခိုင်ဒေသထိုးစစ်တွေမှာ ဒီထဲက နည်းလမ်းတချို့ဟာ အောင်မြင်ခဲ့ပါတယ်။ ရခိုင်မှာ အညာဒေသလိုပဲ ရွာတွေကို ရဟတ်ယာဉ်နဲ့ လူချပြီး ထိုးစစ်ဆင်ဖို့ ကြိုးစားရာမှာ လူချပြီးပြီးချင်းပဲ ပြောက်ကျားစစ်ဆင်မှုနဲ့ ချောင်ပိတ် ထိုးစစ်ဆင်နိုင်ခဲ့လို့ ရဟတ်ယာဉ်နဲ့ ချတဲ့ စစ်ကြောင်းတစ်ခုလုံး ပျက်စီးသွားတာမျိုးအထိ ရှိခဲ့ပါတယ်။ သတင်းအချက်အလက်ရရှိမှုအပေါ်မူတည်ပြီး ဒီနည်းလမ်းတွေကို ကျင့်သုံးသင့်ပါတယ်။ ဒီ့ထက်ပိုပြီး ကြိုတင်ကာကွယ်တဲ့ နည်းလမ်းတွေလည်း ရှိပါသေးတယ်။ ဒါကတော့ တန်ပြန်နယ်မြေရှင်းလင်းခြင်းပါပဲ။

၄။ တန်ပြန် နယ်မြေရှင်းလင်းခြင်း

စစ်ကောင်စီ နယ်မြေမရှင်းလင်းခင်မှာ စစ်ကောင်စီ ဒီနယ်မြေကို လာရောက် တိုက်ခိုက်လို့မရအောင် အထိ သတင်းအချက်အလက်အမှောင်ဖုံးထားတာဟာ တန်ပြန်နယ်မြေရှင်းလင်းခြင်းနည်းလမ်းပါပဲ။ ဒီနည်းလမ်းကတော့ ကိုယ့်ဒေသ နယ်မြေရှင်းလင်း မခံရဖို့ အကောင်းဆုံး ကာကွယ်မှုပဲ ဖြစ်ပါတယ်။ ဒီလို တန်ပြန် နယ်မြေရှင်းလင်းဖို့အတွက် ရန်သူ့ဘက်ကို သတင်းပေးမဲ့ သူတွေ၊ ရန်သူ့ဘက်တော်သားတွေကို ရန်သူနဲ့ အဆက်အသွယ်ဖြတ်ရပါတယ်။ အဲလိုအဆက်အသွယ်ဖြတ်တဲ့နေရာမှာ အကြမ်းနည်းတစ်ခုတည်းပဲမဟုတ်ပါဘူး၊ နည်းမျိုးစုံသုံးရပါမယ်။ စည်းရုံးနဲ့နည်း၊ အပျော့ဆွဲဆွဲတဲ့နည်းတွေလည်း သုံးကြည့်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ရန်သူဘက်က သတင်းရရှိနိုင်တဲ့ ဖုန်းကြားဖြတ်ဖမ်းယူမှု ဆက်သွယ်ရေးကြားဖြတ်ဖမ်းယူမှုတွေကို ထောက်လှမ်း ပိတ်ဆို့မှုတွေလုပ်ရမှာဖြစ်ပါတယ်။ ရန်သူလာနိုင်တဲ့ လမ်းကြောင်းတွေကို ကြိုတင် တွက်ဆပြီး ကိုယ့်လူတွေ ထည့်ထားတာ ကာကင်းတွေထားတာ ပွိုင့်တွေ ထောက်ထားတာတွေ လုပ်ရမှာဖြစ်ပါတယ်။ ကိုယ်နဲ့ အနီးဆုံးက ရန်သူ့ထောက်တိုင်တွေကို ရှင်းလင်းထားရမှာဖြစ်ပါတယ်။ မြူနီစပယ်တွေ မီတာ စာရေးတွေဟာ ရန်သူ့သတင်းအချက်အလက်ထောက်တိုင်တွေအဖြစ် အထူးသတိပြုရပါမယ်။ ကိုယ့်ဘက် ကသတင်းဦးရယူရမှာဖြစ်သလို ကိုယ့်ဘက်က သတင်းကို ရန်သူလုံးဝမရအောင် ပိတ်ပင်တဲ့နည်းဟာ တန်ပြန် နယ်မြေရှင်းလင်းတဲ့နည်းထဲက တစ်ခုပါပဲ။ နောက်ထပ် တစ်ခုကတော့ ရန်သူတွေကို သူတို့ သက်ဆိုင်ရာ နယ်မြေထဲက အပြင်ထွက်မလာရဲအောင် ခြောက်လှန့်ရှင်းလင်းထားတာဖြစ်ပါတယ်။ ဈေးဝယ်တောင် ထွက်မရအောင် ကွမ်းဆေးဝယ်တောင် ထွက်မရအောင် ချောင်းမြောင်းလုပ်ကြံတာတွေ။ ဖောက်ခွဲ ခြိမ်းခြောက်တာတွေကို ရန်သူ့နယ်မြေနဲ့ နီးနိုင်သမျှနည်းအောင် လုပ်ခြင်းဟာ ရန်သူကို ကြိုတင် ရှင်းလင်းထားနိုင်တဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ အဲဒီနေရာမှာ ရန်သူ့ဘက်က သာလွန်အင်အားနဲ့ တန်ပြန် ထိုးစစ်ဆင်လာနိုင်တာကိုလည်း ထည့်တွက်ပြီး ပြင်ဆင်သင့်တာ ပြင်ဆင်ထားရပါမယ်။ ကိုယ့်တာလုံမှ သူ့တာကို တိုးရမှာဖြစ်ပါတယ်။

သတိမပြတ်ရှိဖို့အဓိက

လှေကြီးထိုးနည်းနဲ့ပဲ နယ်မြေရှင်းလင်းခြင်းကို ကာကွယ်သည်ဖြစ်စေ ကိုယ့်ဘက်က အင်အားအသင့်အတင့်ရှိလို့ တန်ပြန် နယ်မြေရှင်းလင်းတဲ့နည်းနဲ့ ကာကွယ်သည်ဖြစ်စေ သတိမပြတ်ရှိဖို့အဓိကကျပါတယ်။ အညာဒေသမှာ နယ်မြေရှင်းလင်းထိုးစစ်ဆင်မခံရနိုင်တဲ့ ရွာဆိုတာ ပျူရွာတွေကလွဲပြီး ဘယ်နေရာမှ မရှိဘူးဆိုတာ သိပြီး ကိုယ့်ဘက်က လုပ်သင့်တာတွေ ပြင်ဆင်သင့်တာတွေ ကြိုတင်ပြင်ဆင် လုပ်ဆောင်ပြီး သတိမပြတ်ရှိနေဖို့သာ အဓိကပါလို့ . .။

တူမီးသိမ်းမောင်

SHADOW DYNAMITE DPY LDFအဖွဲ့အား ကူညီပံ့ပိုးပေးပါသောမွေးနေ့အလှူရှင် မအိုင်းရင်း(စင်္ကာပူ)  အား အထူးပင် ကျေးဇူးတင်ရှိပါတယ်...
20/09/2022

SHADOW DYNAMITE DPY LDFအဖွဲ့အား ကူညီပံ့ပိုးပေးပါသော
မွေးနေ့အလှူရှင် မအိုင်းရင်း(စင်္ကာပူ) အား အထူးပင် ကျေးဇူးတင်ရှိပါတယ်
Happy Birthday ပါ မအိုင်းရင်း
မွေးနေ့ရက်မြတ်မှစ၍ လိုအင်ဆန္ဒများတလုံးတဝတည်းပြည့်ဝပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်

16/09/2022

ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ
စာသင်ကျောင်းပေါ်သို့ ရဟတ်ယာဥ်ဖြင့်ပစ်ခတ်မှုမှာ နောက်ထပ်ဒဏ်ရာရအတည်ပြုစာရင်းအရ ဓမ္မစကူးသင်တန်းနှင့် ယဥ်ကျေးလိမ္မာစာပေသင်ကြားနေသော ကလေးသူငယ် (၂၀)ကျော်ခန့်ထိ ရှိတယ်လို့သိရ။

ယင်းဒဏ်ရာရ ကလေး(၂၀)ကျော်အား
ဓားစာခံအဖြစ် ရေဦးတိုင်းရင်း​​ဆေးရုံအတွင်း​ကိုခေါ်ဆောင်သွားတယ်လို့
နောက်ဆက်တွဲသတင်းသိရ။

စစ်သည်တော်ကျင့်ဝတ်များ ***********************
16/09/2022

စစ်သည်တော်ကျင့်ဝတ်များ
***********************

16/09/2022

ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ--

မော့မကြည့်နဲ့ ခေါင်းငုံ့ထား မော့ကြည့်ရင်ပစ်သတ်မယ်--ဆိုပြီး။
ပိတ်မိနေသည့် ကျေးရွာပြည်သူများကို ခြိမ်းခြောက်ကာ--

ကျောင်းသားကျောင်းသူက‌လေးငယ်များ
ကျေးရွာအတွင်း ဒဏ်ရာရ (၂၀)ခန့်နှင့် ကျောင်ဆရာမတစ်ဦး ကျောင်းဆရာတစ်ဦးကို ရေဦးသို့ ခေါ်သွားကြောင်းသိရပါတယ်။

လက်ယက်ကုန်းကျေးရွာအတွင်း ပညာသင်ကြား‌နေသည့်
ကျောင်းသား (၃) ဦး ကျည်ထိမှန်သေဆုံးကာ -
လင်မယားနှစ်ဦးကို ဦးခေါင်းတေ့ပစ်သတ်သွားတယ်လို့သိရပါတယ်။
(အတည်ပြုနိုင်ရေး ကြိုးစားလျှက်)

အင်ပင်ကျေးရွာမှ သားအဖ နှစ်ဦး အသက်မွေးဝမ်းကြောင်းအတွက်
ဖခင်ဖြစ်သူက ငါးဆင်းဖမ်းနေစဉ် (၁၁) နှစ်အရွယ် ငါးတန်းကျောင်းသားလေးမှာ ဦးခေါင်းထိမှန် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ပြည်သူများအဖမ်းဆီးခံရမှုများလည်းရှိနေပါတယ်။

လက်တလောမြေပြင်အခြေအနေများ ရှုတ်ထွေးနေသေးသည့်အတွက်
သတင်းမှားယွင်းမှုများ ဖြစ်ပေါ်ပါက ထပ်မံအတည်ပြုပေးပါမယ်ခင်ဗျာ။

ပြည်သူအားလုံး ဘေးကင်းကြပါစေ။

ဒီပဲယင်းမြို့နယ်လက်ယက်ကုန်းကျေးရွာအခြေအနေ---လက်ယက်ကုန်းကျေးရွာသို့ သတင်းတစ်ခုကြောင့် ဝေဟင်မှ ပစ်ခတ်ဝင်ရောက်ကြောင်း ပြောသ...
16/09/2022

ဒီပဲယင်းမြို့နယ်လက်ယက်ကုန်းကျေးရွာအခြေအနေ---

လက်ယက်ကုန်းကျေးရွာသို့ သတင်းတစ်ခုကြောင့် ဝေဟင်မှ ပစ်ခတ်ဝင်ရောက်ကြောင်း ပြောသွား။ (အဖမ်းဆီးခံမှုမှ ပြန်လွတ်လာသူ)

ဝေဟင်ပစ်ခတ်မှုကြောင့် ကျောင်းသား (၃) ဦးအထိ ထိခိုက်ကြောင်းနှင့် လင်မယားနှစ်ဦး ပစ်သတ်ခံရကြောင်း(အတည်မပြုနိုင်သေး)

လက်ယက်ကုန်းရွာသား အောင်စောထွေး ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရ။

ဆက်လက်အတည်ပြုပေးပါမည်။

အကြမ်းဖက်ကောင်များ ညောင်လှမူးဆုံသို့ ပြန်လည်ထွက်ခွါနေ။

👜 မအောင်မြင်တဲ့ လုပ်ကြံသတ်ဖြတ်မှုကြီး 👜အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ယောက်က အသက် ၆၉ နှစ်အရွယ် အမျိုးသမီးကြီး ဖာနန်ဒက်ဇ်ရ...
11/09/2022

👜 မအောင်မြင်တဲ့ လုပ်ကြံသတ်ဖြတ်မှုကြီး 👜

အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ယောက်က အသက် ၆၉ နှစ်အရွယ် အမျိုးသမီးကြီး ဖာနန်ဒက်ဇ်ရဲ့ မျက်နှာကို ပစ္စတိုသေနတ်နဲ့ အနီးကပ် တေ့ချိန်လိုက်တယ်။ ပြီးတော့ မောင်းခလုတ်ကို ဆွဲချလိုက်တယ်။

❝ ဟာ ❞ — လူအုပ်ကြီးက အံ့ဩတုန်လှုပ်သွားတယ်။

👜

အဲ့ဒီ အဖြစ်အပျက်က၂၀၂၂ခုနှစ် စက်တင်ဘာ ၁ ရက်က ဖြစ်သွားတာဆိုတော့ သိပ်မကြာသေးဘူး။

အမျိုးသမီးကြီး ဖာနန်ဒက်ဇ် (Cristina Fernández de Kirchner) ဆိုတာ လက်ရှိအာဂျင်တီးနားရဲ့ ဒုတိယ သမ္မတပါ။

အဲ့ဒီနေ့က သူမကိုထောက်ခံအားပေးတဲ့ လူတချို့ကို လိုက်နှုတ်ဆက်နေတုန်းပေါ့— သေနတ်သမားက ဗြုန်းကနဲပေါ်လာတာ..။

👜

ဖာနန်ဒက်ဇ်ရဲ့ ခင်ပွန်း Néstor Kirchner ဆိုတဲ့သူကလည်း ခေသူမဟုတ်— ၂၀၀၃ ခုနှစ်မှာ အာဂျင်တီးနားသမ္မတဖြစ်ခဲ့သူပါ။

ခင်ပွန်း Néstor Kirchner က သမ္မတရာထူးကဆင်းတဲ့ ၂၀၀၇ ခုနှစ်မှာ ပြည်သူတွေက ဖာနန်ဒက်ဇ်ကို သမ္မတရာထူးရအောင် မဲပေးထောက်ခံခဲ့တာ။

သူတို့လင်မယားနှစ်ယောက်လုံးက ဘဝတစ်ခုလုံးမှာ နိုင်ငံရေးကိုတစိုက်မတ်မတ်လုပ်ခဲ့တာဖြစ်တယ်။ ၁၉၇၆ ကတည်းက အာဏာရှင်တွေဆီက ထွက်ပြေးပြီး ဒီမိုကရေစီအတွက်တိုက်ပွဲဝင်ခဲ့တယ်။

ခင်ပွန်းက၂၀၁၀ မှာကွယ်လွန်ခဲ့တယ်။

👜

အမျိုးသမီးကြီး ဖာနန်ဒက်ဇ်က သာမာန်မိသားစု တစ်စုက ဆင်းသက်လာတာပါ။ ဖခင်က ဘတ်စ်ကားဒရိုင်ဘာဖြစ်ပြီး မိခင်က ရုံးစာရေးမပါ။

ဖာနန်ဒက်ဇ်ဟာ La Plata တက္ကသိုလ်မှာ ဥပဒေပညာကိုလေ့လာခဲ့တာပေါ့။ နိုင်ငံရေးလုပ်ရင်း ၂၀၀၇ ခုနှစ်မှာ အာဂျင်တီးနားသမ္မတ အထိဖြစ်လာတာပဲ။ ၂၀၁၉ ရွေးကောက်ပွဲမှာတော့ ဒု-သမ္မတ ထပ်ဖြစ်နေတာ ဒီနေ့အထိပဲ။

👜

အဲ့ဒီနေ့ လူအုပ်ကြီးက ‘ဖာနန်ဒက်ဇ် ထောက်ခံပွဲ’ လုပ်နေတာဖြစ်တယ်..။

ဘာလို့ ထောက်ခံပွဲလုပ်တာလဲဆိုတော့ ဖာနန်ဒက်ဇ်က အခုလက်ရှိ အစိုးရရှေ့နေရဲ့ တရားအစွဲခံထားရလို့—

ဖာနန်ဒက်ဇ်က ‘အခွန်ဝန်ထမ်းခရိုနီတစ်ယောက်ကို ဒေါ်လာ ၁ သန်းပေးခဲ့တယ်’ လို့ အစွပ်စွဲခံရတာဖြစ်တယ်။

အကယ်၍ ဒီစွပ်စွဲမှုမှာ ဖာနန်ဒက်ဇ်က ပါဝင်ပတ်သက်တယ်လို့ တရားခွင်မှာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၁၂ နှစ်ကျမှာဖြစ်ပြီး နိုင်ငံရေးက တစ်သက်တာ အပိတ်ပင်ခံရမှာဖြစ်တယ်။

👜

ဖာနန်ဒက်ဇ်ကတော့ ဒါဟာ ‘မီဒိယာတွေရဲ့ လုပ်ကြံမှု’ လို့ဖြေရှင်းထားတယ်။

အကယ်၍ ဖာနန်ဒက်ဇ်က လာမဲ့၂၀၂၃ မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အထက်လွှတ်တော် အမတ်နေရာရခဲ့မယ်ဆိုပေါ့— ဘယ်သူတွေ ဘယ်လိုတရားစွဲစွဲ လွတ်ငြိမ်းချမ်းသာခွင့်ရမှာဖြစ်တယ်။

ဒါကြောင့် တရားစွဲသူတွေက ဒီနှစ် ၂၀၂၂ ဒီဇင်ဘာနောက်ဆုံးထားပြီး ဖာနန်ဒက်ဇ်ကို ထောင်ထဲသွင်းလိုကြတယ်။

👜

ဒါဟာ အတိုက်အခံဘက်က မတရားစွပ်စွဲတာဆိုပြီး လူအုပ်ကြီးက ဖာနန်ဒက်ဇ်ကို လာပြီး အားပေးထောက်ခံနေကြတာပေါ့။

အဲ့ဒီ့နေ့ကပေါ့ သူမကိုထောက်ခံအားပေးတဲ့ လူတချို့ကို နှုတ်ဆက်နေတုန်း​— ပစ္စတိုသေနတ်သမားက ဗြုန်းကနဲပေါ်လာတာ..။

ပြီးတော့ အမျိုးသားက ဖာနန်ဒက်ဇ်မျက်နှာကို သေနတ်နဲ့တေ့ပြီးပစ်လိုက်တာပဲ—

👜

ကံကောင်းတယ်..
မအောင်မြင်တဲ့ လုပ်ကြံသတ်ဖြတ်မှုပါ။ သေနတ်မှာ ကျည်ငါးတောင့်ပါတယ်။ ဒါပေမဲ့ ကျည်က လုံးဝကို မထွက်တာ ။ သေနတ် ဂျမ်းဖြစ်နေတယ်။

အချိန်ကိုက်ပဲ ဖာနန်ဒက်ဇ်က ခေါင်းငုံ့ပြီး ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားတဲ့ ပစ္စည်းတစ်ခုကိုရှာဖ်ို့ ကြည့်နေတာ သူမမျက်နှာရှေ့ကို သေနတ်ရောက်လာတာ သိတောင်မသိလိုက်ဘူး။

👜

အဲ့ဒီ့ သေနတ်သမားက အသက် ၃၅ နှစ်အရွယ် ဘရာဇီးအမျိုးသား Fernando Andrés Sabag Montiel ပါ။

သေနတ်သမားရဲ့ ရည်းစား Brenda Uliarte က အနောက်နားမှာ စောင့်ကြည့်ပေးနေခဲ့တယ်။

အဲ့ဒီ့လူကို ချက်ချင်းပဲ ဖမ်းမိပြီး ဆက်စုံစမ်းတော့ သူ့တံတောင်ဆစ်ပေါ်မှာနာဇီတက်တူးရှိနေတာတွေ့ရတယ်။

အဲ့ဒါ လူဖြူ အစွန်းရောက် သေနတ်သမားတွေ အသုံးပြုတဲ့ 'black sun' သင်္ကေတပါ—-

👜

အဲ့ဒီ့ 'black sun' (အနက်ရောင်နေ) ဟာ အမုန်းတရားရဲ့ သင်္ကေတဖြစ်ပါတယ်။

အဲ့ဒီ့ 'black sun' သင်္ကေတကို ဂျာမန်ဘာသာနဲ့ schwarze sonne လိုခေါ်တယ်။ အဲ့ဒါ နာဇီဂျာမနီမှာ အသုံးပြုခဲ့တဲ့ သင်္ကေတပေါ့။

ဒီနေ့ခေတ် နာဇီလက်သစ်တွေ သုံးတဲ့ သင်္ကေတပါ။

👜

နယူးယောက်ရဲ့ Buffaloမှာ မေလတုန်းက လူမည်း ၁၀ ယောက်ကို သတ်ဖြတ်ခဲ့သော အစွန်းရောက်လူဖြူ ဝါဒီသမား Payton Gendron လည်း အဲ့ဒီ့ 'black sun' သင်္ကေတကိုသုံးတာတွေ့ရတယ်။

၂၀၁၉ မှာဖြစ်ခဲ့တဲ့ နယူးဇီလန် ဗလီက လူပေါင်း ၅၁ ယောက် သတ်ခဲ့တဲ့ Brenton Tarrant ရဲ့ အင်္ကျီမှာလည်း 'black sun' သင်္ကေတပါရှိတယ်။

အဲ့ဒီ့ 'black sun' က အစွန်းရောက်မျိုးချစ်တွေရဲ့ သင်္ကေတလည်းဖြစ်တယ်။

👜

အာဂျင်တီးနား La Nación သတင်းစာတွေနဲ့ ဝက်ဘ်ဆိုဒ်တွေမှာ သေနတ်သမားဟာ နာဇီလက်သစ် အဖွဲ့တွေနဲ့ ဆက်နွယ်နေတယ်လို့ဖေါ်ပြထားတယ်။

သေနတ်သမားရဲ့ တိုက်ခန်းကို ရှာဖွေပြီးတဲ့နောက် ရဲတွေက ကျည်ဆံ ၁၀၀ ပါတဲ့သေတ္တာနှစ်လုံးကိုပါ ထပ်သိမ်းမိကြတယ်။

👜

ဒီမိုကရေစီပါ— သဘောထားကွဲလွဲခွင့်ရှိပါတယ်။ ဒါပေမဲ့ သဘောထားကွဲလွဲမှုတွေ အမုန်းတရား မပါပဲ လူကြီးလူကောင်းဆန်ဆန် ဆွေးနွေးနိုင်ဖို့ အလေ့အကျင့်ကောင်းတစ်ခုလိုအပ်ပါတယ်။

ငြင်းခုံမှုတွေကို ဥပဒေလမ်းကြောင်းအရ မဆွေးနွေးပဲ အမုန်းတရား အမုန်းစကားတွေနဲ့ရန်ဖြစ်အောင် လမ်းကြောင်းပြောင်းပေးလိုက်ရင် နောက်တဆင့်ဖြစ်လာတာက အကြမ်းဖက်မှုပဲ။

👜

ဖာနန်ဒက်ဇ်ဟာ တကယ်ပဲ ပြစ်မှုကျူးလွန်ထားရင် တရားရုံးက အပြစ်ဒါဏ်ချရမှာဖြစ်ပါတယ်— အစွန်းရောက် သေနတ်သမားက ပစ်သတ်ခွင့်မရှိပါ။

👜

မြန်မာပြည်က "မင်းတို့ ထမင်း၀အောင်စားထား" လှုပ်ရှားမှုလိုပေါ့၊ အမုန်းတရားရဲ့ သင်္ကေတ— ဦးကိုနီကို သေနတ်နဲ့တေ့ပြီးပစ်ခဲ့တဲ့ မိစ္ဆာယုတ်တွေ..။

အမုန်းတရားနဲ့ အကြမ်းဖက်မှုတွေ လွှမ်းမိုးလာရင် အဲ့ဒီ လူ့အဖွဲ့အစည်းဟာ အလွယ်တကူ ပျက်စီးတော့တာပဲ။ ဒါကြောင့် အမုန်းတရားနဲ့ အမုန်းစကားဟာ အာဏာရှင်တို့လက်နှက်ဖြစ်လာတာ။

အဲ့ဒီ့ ‘အမုန်း’ ကို အစွန်းရောက်တွေထဲထည့်ပေးဖို့ သိပ်လွယ်တယ်။

👜

မြန်မာအာဏာရှင်တွေရဲ့ လက်ပါးစေတွေဟာ NUG ရယ် PDF ရယ် ပြည်သူရယ်ကြားမှာ အမုန်းတရားနဲ့ အမုန်းစကားတွေထည့် တိုက်ပေးနေတာ မကြာခဏတွေ့မြင်နိုင်ပါတယ်။

အနှစ် ၇၀ လုံးလုံး အသေအချာ စီမံထားတဲ့ စစ်အုပ်စုရဲ့စပိုင်တွေကလည်း NUG ထဲမှာရော PDF ထဲမှာရော တော်လှန်နေတဲ့ ပြည်သူတွေကြားမှာရော အသွင်အမျိုးမျိုးရှိနေမှာ အလွန်သေချာတယ်။

သူတို့က အမုန်းတရားနဲ့ အမုန်းစကားတွေ ရိုက်သွင်းလိမ့်မယ်ဆိုတာကို သတိထားကြရမယ်။

သူတို့က မြန်မာပြည်မှာ မကြာခင် လူမျိုးရေးနဲ့ ဘာသာရေး အဓိကရုဏ်းတွေဖြစ်ဖို့အတွက်လည်း အခုတလော စီစဉ်နေကြတယ်။

👜

ပြင်ပဒဏ်ရာတွေထက် အတွင်းအမာရွတ်တွေက ပိုများလို့ နွေဦးတော်လှန်ရေးကြီးဖြစ်လာတယ်။ သူတို့ပေးတဲ့ အမာရွတ်တွေ ထပ်မယူမိစေဖို့ —-

👜 👜 👜👜

စစ်ကြီးထဲက ငိုကြွေးသံတွေ_____________________စစ်တလင်းဟာ ခေတ်တခင်းမှာကျက်သရေမဲ့လို့ပြေးကြ၊ လွှားကြ၊ ငိုကြ၊ ယိုကြ၊ ပူပန်ကြ...
03/09/2022

စစ်ကြီးထဲက ငိုကြွေးသံတွေ
_____________________

စစ်တလင်းဟာ ခေတ်တခင်းမှာ
ကျက်သရေမဲ့လို့
ပြေးကြ၊ လွှားကြ၊ ငိုကြ၊ ယိုကြ၊ ပူပန်ကြ
စိုးရိမ်ကြ၊ ဆုံးရှုံးကြ၊ ပေးဆပ်ကြ၊
လဲကျလိုက် ပြန်ထလိုက်ပဲ။

အဲဒီလိုနဲ့ပဲ
တောတောင်တွေထဲ ဝမ်းခေါင်နေတဲ့
လူတွေထဲက လူသားစစ်စစ်တွေ ကို
စစ်ကြီးထဲက ခိုးခိုးခစ်ခစ် ရယ်သံတွေဟာ
လှောင်ပြောင်လို့ . . .

စစ်တုရင်ပွဲမှာ အရေးကြီးဆုံးရွှေ့ကွက်တွေအတွက်
ပေးဆပ်ရတဲ့နယ်ရုပ်တွေလို
စီးချင်းထိုးပွဲတွေမှာ ဒေါင်းအလံကိုလွှင့်ရင်း
တိုက်ပွဲဝင်ကြ

စစ်တလင်းပြင်ထဲက
လက်တစ်ဖက်ဆုံးရှုံးရတဲ့ ရဲဘော်တွေ
ရက်စက်ယုတ်မာခံရတဲ့ ရဲရင့်သောအမျိုးသမီးတွေ
ပေးဆပ်ခဲ့ရတဲ့ လူနေမှုဘဝတွေ
ဗုံးသီးတွေလွှမ်းမိုးခဲ့တဲ့ လယ်ကွင်းတွေ

တရားသောစစ်မှာ ငြိမ်းချမ်းရေးဆိုတာ မရှိဘူးလို့
နားလည်လိုက်တဲ့ ဒူးမထောက်ပဲတိုက်ပွဲဝင်ကြတဲ့
လူသားစင်စစ်တွေဟာ
ဒီစစ်တလင်းထဲမှာ
ငိုကြွေးရင်း ငိုကြွေးရင်းနဲ့ပဲ
တပ်ဦးအလံကို လွှင့်ထူလာကြလိမ့်မယ်။

#စစ်နေ

ခေတ်ကို ငါဆဲတယ် ‘’==============လွမ်းရတာကျည်ကွယ်မျက်ကွယ် မဟုတ်ဘူး။ချစ်တယ်ဆိုတော့သူ့အလိုလို မိုင်းကထကွဲပြန်တယ်။ပျော်ရဲ့လာ...
17/08/2022

ခေတ်ကို ငါဆဲတယ် ‘’
==============
လွမ်းရတာ
ကျည်ကွယ်မျက်ကွယ် မဟုတ်ဘူး။

ချစ်တယ်ဆိုတော့
သူ့အလိုလို မိုင်းကထကွဲပြန်တယ်။

ပျော်ရဲ့လားဆိုတော့
သေရင်တောင်
သရဏဂုံမတင်ဝံ့...။

မျက်စေ့ရှေ့မှာတင်
မျက်စေ့ရှေ့မှာ လူမျိုးလည်း သုဉ်းနေပြီ။

သတ်ရဲပါတယ်။
သေနတ်က ရှိဦးမှ...။

သေနတ်ရှိတော့လည်း
ကျည်ဆန်ဆိုတာ
လှိုင်သာယာမီးခွက်စျေးထဲ
မုန်လာထုပ်လို
လက်တွန်းလှည်းနဲ့
ပြေးဝယ်ရတာမဟုတ်ဘူး။

နာပါတယ်...
ရင်ထဲကသယံဇာတဟာ
ကျည်မထွက်တော့
မီးကူးမယ့်အိပ်မက်ကို
စိတ်နဲ့သာ လိုက်သတ်နေရတယ်။

တစ်ခါတလေ...
သွေးနဲ့ရေးတာဟာ
ငါလိုးမလောကကြီး။

ခင်ဗျားတို့ကသာ
စိတ်ကူးထဲ လွတ်မြောက်နယ်မြေရောက်နေတာ။

- နှင်းရိပ်နွေ

-တူမီးတော်လှန်ရေးစာစဥ််အမှတ် ( ၆၂ )

စ‌စ်မြေပြင်က ဒီပဲယင်း************************(ဒီအကြောင်းအရာတွေက မြေပြင်လက်တွေ့ကြုံတွေ့နေရသည့်အဖြစ်အပျက်များဖြစ်တာမို့ စာ...
14/08/2022

စ‌စ်မြေပြင်က ဒီပဲယင်း
************************
(ဒီအကြောင်းအရာတွေက မြေပြင်လက်တွေ့ကြုံတွေ့နေရသည့်အဖြစ်အပျက်များဖြစ်တာမို့ စာနာစိတ်ရှိသူများသာ ဖတ်ကြပါရန်)

စစ်ကိုင်းတိုင်းထဲကမျက်နှာမွဲမြို့နယ်လေးဒီပဲယင်းမြေပြင်အခြေအနေပါ။

အဖိအနှိပ်ခံ မြို့နယ်လေး ဒီပဲယင်းပါ။
အခွင့်အရေးတွေမျှော်ပြီး တော်လှန်ရေးလုပ်ခဲ့ကြတာမဟုတ်ပေမယ့်
တော်လှန်ရေးကာလရဲ့ အခွင့်အရေး တချို့ကတော့ ကျနော်တို့
ဒီပဲယင်းနဲ့မသက်ဆိုင်သလိုပါ။

အဖိခံမြို့နယ်လေးပါ။
အနှိမ်ခံမြို့နယ်လေးပါ။
CDM တွေအားကောင်းတဲ့ မြို့နယ်လေးပါ။
သပိတ်တိုက်ပွဲတွေ အားကောင်းတဲ့ မြို့နယ်လေးပါ။
ရရာလက်နက်စွဲကိုင်ပြီး တော်လှန်ရေး အားကောင်းတဲ့ မြို့နယ်လေးပါ။

နွေဦးထီကြီးပေါ်လာတယ်။
လက်ရှိလည်း CDM ထောက်ပံ့ရန်လို့ သုံးနှုံးနေဆဲ
ကျနော်တို့ကိုယ်တိုင်လည်းဒီအတွက် ထီထိုးခဲ့တယ်။
အခြားထီမထိုးတတ်သူတွေကိုလည်း ထီထိုးပေးခဲ့တယ်။
#သေချာတာကအဲဒီနွေဦးထီသည်စစ်ကိုင်းတိုင်းထဲကအဖိအနှိပ်ခံဒီပဲယင်းမြို့နယ်လေးနှင့်ကားမသက်ဆိုင်သယောင်ပါပဲ

ပြည်သူ့ရဲဘော်လေးတွေ အသက်တွေစတေးခဲ့ကြရတယ်။
တော်လှန်ရေးပြီးဆုံးသည့်တိုင် အသက်စွန့်တော်လှန်နေကြဦးမှာက
ကျနော်တို့ ဒီပဲယင်းပါ။
#ဒါပေမယ့်လက်နက်ဆိုတာတွေကအိပ်မက်တစ်ခုသာသာရယ်ပါ

စစ်ကိုင်းတိုင်း အဖိနှိပ်ခံမြို့နယ်တွေထဲက မြို့နယ်လေးတစ်ခုဖြစ်တဲ့
ဒီပဲယင်းပါ။
ပြဿနာတွေပွထလာချိန်မှာတော့ ယင်းမာပင် ဗိုလ်သံမဏိထံကို
လက်နက် အလက်အလက်နှစ်ရာ ချပေးပါသတဲ့။
#ယင်းမာပင်ဗိုလ်သံမဏိရဲ့လေးပုံတစ်ပုံလက်နက်မျိုးဒီပဲယင်းမှာရရှိမလာခဲ့ပါ။

ဒါပေမယ့်~~ ရဲဘော်တွေ အသက်တွေ စတေးခဲ့ရတယ်။
တော်လှန်ရေး အခန်းကဏ္ဍ အားပျော့မသွားခဲ့ဘူး။
မီးရှိုဖျက်ဆီးခံရတယ်။ ပြည်သူက ပြည်သူကို ကူညီတယ်။
စွမ်းနိုင်သလောက်ပါပဲ။
ဘယ်အဖွဲ့အစည်းရဲ့ စာနာမှုမျိုးမှ မရနိုင်ခဲ့ဘူး။
ရနိုင်မယ်လို့လည်း မမျှော်လင့်ဘူး။

ခင်ဗျားတို့ ခင်ဗျားတို့ နားဝမှာ
"ဒီပဲယင်း"ဆိုတဲ့ နာမည်လေး ကြားရတိုင်း ကြားရတိုင်းမှာ
#တော်လှန်ရေးအတွက်စတေးခံသပ်သပ်ပဲလားလို့တစ်ကြိမ်တစ်ခါလောက်လေး‌မျှတွေးပေးပါ

မီဒီယာတစ်ခုက အကိုကြီးတစ်ယောက် အင်တာဗျူးတစ်ခုမှာ
#ဒီပဲယင်းအတွက်ဘာတောင်းဆိုချင်ပါသလဲတဲ့
ဖြေတဲ့သူကလည်းဒဲ့ပါပဲ။
တော်လှန်ရေးကာလဖြစ်တာမို့ အသက်တွေစတေးပြီးသားပါ
လက်နက်လေးသာတပ်ဆင်ပေးပါ။

ကျေးဇူးတင်ပါတယ် မီဒီယာက ကတုံးကြီးနဲ့အကိုကြီး
ခင်ဗျားကျခဲ့တဲ့ မျက်ရည်တွေက ကျနော်တို့ ဒီပဲယင်းအတွက်
တန်ဖိုးရှိလို့ ဘယ်အဖွဲ့အစည်းကမှ ခင်ဗျားမျက်ရည်မမြင်တွေ့ခဲ့လျှင်တောင် ကျနော်တို့မြင်တွေ့ခဲ့ရတယ်။
ကျေးဇူးတင်ပါတယ်။

အားလုံးခက်ခဲတာကို လူတိုင်းသိကြတယ်။
လူတိုင်းသိတဲ့အခက်အခဲတွေထဲမှာမှ အဖယ်ကျဉ်ခံမြို့နယ်လေးအတွက် ကျနော်တို့ ကြေကွဲပါရစေ~~

NUG သည် ကျနော်တို့ အစိုးရမို့ ကျနော်တို့ အပြစ်မတင်ပါ။ အပြစ်မမြင်ပါ။
ဒါပေမယ့် ဒီမြို့နယ်လေးအတွက် တစ်ချက်လောက် စောင်းငဲ့ကြည့်ပေးစေချင်ပါတယ်။

သေချာသောအာမခံချက်ကတော့
ဒီပဲယင်းရဲ့ တပ်ရင်းတွေ
Local တွေ အားလုံး ရဲဘော်တွေအားလုံးဟာ
ရရာလက်နက်စွဲ တော်လှန်နေမြဲ တော်လှန်နေဆဲပါခင်ဗျာ။

ကျဆုံးသွားတဲ့သူ​တွေ ...အကျဥ်းကျ​နေကြတဲ့သူ​တွေ ...မတရားဥပ​ဒေ​တွေနဲ့ စီရင်ခံ​နေရတဲ့ သူရဲ​ကောင်း​တွေကို​ဂုဏ်ယူသောအားဖြင့်.....
07/08/2022

ကျဆုံးသွားတဲ့သူ​တွေ ...
အကျဥ်းကျ​နေကြတဲ့သူ​တွေ ...
မတရားဥပ​ဒေ​တွေနဲ့ စီရင်ခံ​နေရတဲ့ သူရဲ​ကောင်း​တွေကို​ဂုဏ်ယူသောအားဖြင့်...

ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတဲ့ ပြည်သူ​တွေ...
မြို့​ရွာလုံးကျွတ်​ မီးလောင်တိုက်သွင်းခံခဲ့ရတဲ့ပြည်သူ​တွေ ...
စစ်သံဗုံးသံ​တွေကြားမှာ ​ပြေးလွှားတိမ်း​ရှောင်​နေကြရတဲ့ပြည်သူ​တွေကို စာနာ​သောအားဖြင့်...

ရုံးမတက်ဘဲ ရုန်းထွက်​နေကြဆဲ သူရဲ​ကောင်း​တွေ...
အသံမတိတ် အလံမလိပ်ဆဲ သူရဲ​ကောင်း​တွေ...
ခုခံ​တော်လှန်စစ်ကို ဆင်နွဲ​နေကြတဲ့ သူရဲ​ကောင်း​တွေ...
​ချွေးနည်းစာ​တွေကို စု​ဆောင်းပြီး ကူညီ​နေကြတဲ့ သူရဲ​ကောင်း​တွေ..
နိုင်ငံတကာ သံတမန်တိုက်ပွဲမှာ ပါဝင်​နေကြတဲ့ သူရဲ​ကောင်း​တွေကို ​​​လေးစားသောအားဖြင့်...

Address


Website

Alerts

Be the first to know and let us send you an email when Shadow Dynamite DPY LDF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share