ကရင်နီတပ်မတော်ရဲ့ အပတ်စဉ် (၇၄) အခြေခံ စစ်သင်တန်း ဆင်းပွဲ
===
ကရင်နီ(ကယား)ပြည်နယ်အတွင်း ကရင်နီတပ်မတော် ( Karenni Army - KA )၏ အပတ်စဉ် (၇၄) အခြေခံ စစ်သင်တန်းဆင်းပွဲကို ယနေ့ ၂၀၂၂ခုနှစ် အောက်တိုဘာလ(၂၂)ရက်နေ့တွင် ကျင်းပြုလုပ်ခဲ့ကြောင်း ကရင်နီတပ်မတော် က သတင်းထုတ်ပြန်လာသည်။
မုံရွာမြို့ပေါ်ရှိ စစ်ကိုင်းတိုင်း အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရုံးကို သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်(ရုပ်/သံ)
===
ရန်ကုန်၊ အောက်တိုဘာ ၁၈
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ စစ်ကိုင်းတိုင်း အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရုံးကို ယနေ့ နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း မုံရွာ နတ်ဆိုးတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၄၄ မိနစ်အချိန် စစ်ကိုင်းတိုင်းအခြေစိုက် မုံရွာမြို့အထူးစုံစမ်းစစ်ဆေး ရေး စသုံးလုံးရုံးဂိတ်ပေါက်တွင် စောင့်နေသော စစ်သားများကို ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုပစ်ခတ်တိုက်မှုတွင် ထိခိုက် ကျဆုံးမှုကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးကြောင့် မုံရွာ နတ်ဆိုးအဖွဲ့က ပြောသည်။
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန သတင်းရပ်ကွက်ကမူ ယနေ့ နံနက်ပိ
သျှမ်းပြည်တောင်ပိုင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် မှ တပ်ခွဲ (၁) လင်းယုန်တပ်ခွဲမှ project rocket campaign result live
#မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
BGF ဖောထီးခုတပ်စခန်းကို KNLA တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီး (ရုပ်သံ)
ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ နယ်ခြားစောင့်တပ် BGF စခန်းတစ်ခုဖြစ်တဲ့ ဖောထီးခုတပ်စခန်းကို KNLA တပ်မဟာ ၅ တပ်ဖွဲ့တချို့က တိုက်ခိုက်ခဲ့ပြီးနောက် စခန်းကိုမီးရှို့ဖျက်ဆီးနိုင်ခဲ့သည့်ရုပ်သံ။
#Salweenpress
ယင်းမာပင်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဘက်က လူလည်း သေ၊ ကားလည်း ဆုံး PDF များ ပျော်၍ မဆုံး
======
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကံစုရွာလမ်းခွဲအနီး ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို မိုင်းခွဲတိုက်ခိုက်ပြီး ကားကိုသိမ်းဆည်းလာခဲ့ကြောင်း ချင်းတွင်းတိုက်ဂါးတပ်ဖွဲ့က ယနေ့ အောက်တိုဘာလ(၁၅)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ဘန့်ဘွေးရွာမတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အဖွဲ့ ကင်းလှည့်လာစဉ် အောက်တိုဘာလ(၁၃)ရက်နေ့၏ ညနေပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှင့် ပျူစောထီး (၁၅)ဦးသေပြီး ကျန်ရှိစစ်ကောင်စီတပ်သားများမှာ ကြောက်လန့်တကြား ထွက်ပြေးသွားကြသဖြင့် ၎င်းတို့ စီးလာသည့်ကားကို အောက်တိုဘာလ (၁၄)ရက်၊ ညပိုင်းတွင် သွားရောက်သိမ်းဆည်းခဲ့သည်ဟု သိရသည်။
အင်းအား (၄၀)ဝန်းကျင်ပါသည့် စစ်ကောင်စီတပ်သားများသည် PSD များ၏ တိုက်ခ
မြဝတီမြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတား ထိပ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နောက်တနေ့ မြင်ကွင်း
=======
မြဝတီမြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတား၏ မြန်မာဘက်အခြမ်း တံတားထိပ်တွင် ၂၀၂၂ခုနှစ် အောက်တိုဘာလ(၁၅)ရက်နေ့ ည(၆)နာရီ (၅၇)မိနစ်အချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ကားများမီးလောင်ကျွမ်းကာ ပျက်စီးသွားသည့် အခြေအနေများကို ယနေ့ အောက်တိုဘာလ(၁၆)ရက်နေ့ နံနက်ပိုင်းတွင် တွေ့ရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည့်အဖွဲ့ကမှ သတင်းထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ပေါက်ကွဲမှုကြောင့် ကားများ အပါအဝင်၊ ဆိုင်ကယ်နှစ်စီး နှင့် အနီးရှိ အိမ်ခန်းတစ်ခန်းလုံး မီးလောင်ပျက်စီးသွားသလို လုပ်ငန်းသုံး ကွန်ပျူတာ နှင့် စာရွက်စာတမ်းများပါ မီးလောင်ပျက်စီးသွားကြောင်း သိရသည်။
ပေါက်ကွဲမှု ပြင်းအားကြောင်း အနီးရ
အင်္ဂပူမြို့ပေါ် ရှိ အထက ကျောင်း မီးလောင်ပြာကျ
====
ဧရာဝတီတိုင်း အင်္ဂပူမြို့ပေါ် အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာအထက်ကျောင်း(အင်္ဂပူ)တွင် ၂၀၂၂ခုနှစ် အောက်တိုဘာလ(၁၆)ရက်နေ့ အကူး နံနက်(၂)နာရီ ဝန်းကျင်အချိန်က မီးလောင်ပြာကျသွားကြောင်း သိရသည်။
မီးလောင်မှု ကြာမြင့်ချိန်မှာ အချိန်(၁)နာရီခွဲကျော်အကြာ လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရာနေရာသို့ မီးသတ်တပ်ဖွဲ့က မီးငြှိမ်းသတ်ယာဉ် ( ၇ ) စီး နှင့် ရေသယ်ယာဉ်(၅)စီးတို့ဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ရကြောင်း သတင်းထုတ်ပြန်ထားသော်လည်း မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းကို သတင်းထုတ်ပြန်ထားရှိ မရှိပေ။
မီးလောင်ရသည့် အကြောင်းအရင်းကို ယခုထိ မသိရသေးသော်လည်း အဆိုပါ ကျောင်းသည် ၁၉၇၀ခုနှစ်ကတည်းက တည်ဆောက်ထားသည့် သက်တမ်းရင့်ကျောင်းဖြစ်သည်ဟု ဒေသခံများထံက သိရသည်။
Video: Zay Yar Oo
ထားဝယ်-မေတ္တာလမ်းပိုင်းတွင် စစ်ကောင်စီ ယာဥ်တန်း တိုက်ခိုက်ခံရပြီးစစ်သား(၁၅)ဦး သေဆုံး
=========
(ရေဖြူ) ၊ အောက်တိုဘာလ ၁၆ ရက်
ထားဝယ်မြို့နယ်၊သင်္ကန်းတုံးရွာ နဲ့ ဝကုန်းရွာကြားလမ်းပိုင်းတစ်နေရာ၌ စစ်ကောင်စီယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သား(၁၅)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၁၄ ရက်ညနေ ၄နာရီ ၄၅မိနစ်ခန့်တွင် မေတ္တာမြို့သို့ဦးတည်မောင်းနှင်လာသော စစ်ကောင်စီရိက္ခာလက်နက်ခဲယမ်းသယ်ပို့ယာဥ်တန်း ၇ စီးကို PDFအဖွဲ့များက ပူး ပေါင်း တိုက်ခိုက်ခဲ့ကြောင်း DEF-PDFအဖွဲ့ထံမှ သိရသည်။
"ကျွန်တော်တို့အဖွဲ့တွေက နေရာနှစ်ခုခွဲပြီး စစ်ကောင်စီတွေကိုပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ထိို့နောက်အပြန်အလှန်ပစ်ခတ်မှု(၁)နာရီနီးပါးကြာပြီး နောက်
စစ်ကောင်စီတပ်မှလက်နက်ကြီးများ ဖြင့် အဆက်မပြတ်ပစ်ခတ်လာသဖြင့် ကျနော်တို့ပူးပေါင်းအဖွဲ့ရဲဘော်များ
💩
ပုလောတွင် စစ်တပ်စစ်ကြောင်းကို PDF ၊ KNDO နှင့် KPDF တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်မှု စစ်သား ၂၀ ကျော် သေဆုံး(ရုပ်/သံ)
====
ရန်ကုန်၊ အောက်တိုဘာ ၄
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို PDF ၊ KNDO နှင့် KPDF တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ရာ စစ်သား ၂၀ ကျော် သေဆုံးကြောင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။
အောက်တိုဘာ ၃ ရက်၊မွန်းလွဲ(၂)နာရီခွဲခန့်အချိန် မြိတ်ဘက်မှ ပုလောသို့ဦးတည်တက်လာသော စစ်ကား ၂ စီးနှင့် လမ်းကင်းယူပေးနေသောစစ်ကား တို့ကို KNDO/PDF ပူး ပေါင်းတပ်ဖွဲ့များက ပူးတွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ထိုပစ်ခတ်မှုတွင် စစ်ကား ၂ စီး ပျက်စီး၍ စစ်သားများ ၂၀ ကျော်သေဆုံးခြင်းဖြစ်ကြောင်း၊ မဟာမိတ်ပူးပေါင်းတပ်တွင် KNDO၊KPDF၊PDF၊ ပုလော(ပကဖ)နှင့် မဟာမိတ်ပူးပေါင်းတပ်အဖွဲ့တို့ တူတကွပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်
💩
ကျောက်ဆည်တွင် လူသတ်မှု ၂ ခုဖြင့် ထောင်ဒဏ် တစ်သက် ကျခံနေရာမှ ပြန်လွတ်သော လူမိုက် မြတ်ထွန်း ပျူစောထီးအဖြစ် စစ်တပ်အတွက် အလုပ်လုပ်နေစဉ် ပစ်ခတ်ခံရ ၊ သေ၊ မသေ မသိရသေး
====
ရန်ကုန်၊ အောက်တိုဘာ ၂
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ သံချပ်ကုန်းကျေးရွာတွင် လူသတ်မှု ၂ ခုဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျခံရာမှ စစ်တပ်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသူ လူမိုက် မြတ်ထွန်းသည် ပျူစောထီးအဖြစ် စစ်တပ်အတွက် အလုပ်လုပ်နေစဉ် ယနေ့ ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှသိရှိရသည်။
အောက်တိုဘာ ၂ ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် လူမိုက် ထောင်ထွက် ပျူစောထီး မြတ်ထွန်းကို သေနတ်သမားတချို့က သေနတ်ဖြင့် ၆ ချက်ပစ်ခတ်ခံခံရကြောင်း၊ လက်ရှိတွင် မန္တလေးဆေးရုံသို့ တင်ပို့ ကုသနေရပြီး သေဆုံးသွားသည်ဆိုသော သတင်းများလည်း ထွက်ပေါ်လျက်ရှိကြောင်း သ
💩
ထိုင်းအာဏာပိုင်များက မြန်မာစစ်ဘေးရှောင် ပြည်သူများကို အတင်းအကျပ် ပြန်လည်ပို့ဆောင်မှုများ ပြု လုပ်၊ သောင်ရင်းမြစ်ရေကြီးနေချိန် လှေနစ်မြုပ်မှုဖြစ်ပေါ်သော်လည်း စစ်ဘေးရှောင် အားလုံးဘေးကင်းခဲ့
=+===
ရန်ကုန်၊ အောက်တိုဘာ ၂
ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံမှ စစ်ဘေးရှောင်ပြည်သူများကို အတင်းအကျပ် နေရပ်ပြန်လည်ပို့ဆောင်မှုများ ပြုလုပ်လျက်ရှိနေရာ ဇူလိုင်လအတွင်းနှင့်စက်တင်ဘာလအတွင်းတွင် မြန်မာနိုင်ငံဘက်ခြမ်းသို့ အတင်းအကျပ် ပို့ဆောင်မှုများ ပြုလုပ်ခဲ့ကြောင်း KHRG ကရင်လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ပြောဆိုသည်။
ကရင်ပြည်နယ်အတွင်း မြန်မာစစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာပြီး ထိုင်းနိုင်ငံတွင် ခိုလှုံနေကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ရွာသားများကို သောင်ရင်းမြစ်ကို ဖြတ်၍ မြန်မာဘက်ခြမ်းသ
💩
မြင်းခြံ၊ မြောက်ကျွန်း ရွာ စစ်တပ်စခန်းကို PDF တပ်ပေါင်းစု တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၆ ဦးသေဆုံးပြီး စစ်အရာရှိ၏ ကလေးနှင့်ဇနီးကို အသက်ချမ်းသာပေးခဲ့၊ စစ်သားများ ညာသံပေးပြီး ထွက်ပြေး (ရုပ်/သံ)
===
ရန်ကုန်၊ အောက်တိုဘာ ၁
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြောက်ကျွန်းကျေးရွာရှိ စစ်ကောင်စီတပ်က အထိုင်ချ တပ်စွဲထားသော ယာယီ အခြေစိုက်စခန်းကို PDF တပ်ပေါင်းစုက ယနေ့ နံနက်ပိုင်း တိုက်ခိုက် သိမ်းပိုက်သဖြင့် စစ်ဗိုလ်တစ်ဦး အပါအဝင် စစ်သား ၆ ဦးသေဆုံးကြောင်း MGN Ranger မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁ ရက်နေ့ နံနက် အရုဏ်တက်ချိန်တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ၏ အနောက် မြောက် ဘက်တွင်ရှိသော မြောက်ကျွန်းရွာရှိ စစ်တပ်အခြေချစခန်းကို PDF တပ်ပေါင်းစု ၉ ဖွဲ့က ဝင်ရောက် တိုက်ခိုက်ကြကြောင်း
💩
ရွှေဘိုမြို့နယ်လျှပ်စစ်ရုံးကို ဗုံးခွဲ တိုက်ခိုက်
=======
စစ်ကိုင်းတိုင်းအတွင်း ရွှေဘိုမြို့ရှိ အမှတ် ( ၃ ) ရပ်ကွက် ၊ ဘိုကုန်းရှိ လျှပ်စစ်မီတာရုံးကို သတိပေးမှုများကို လိုက်နာခြင်းမရှိ၍ ၂၀၂၂ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့ နံနက်(၅)နာရီ (၅၁)မိနစ်အချိန်က မိုင်း(၂)လုံးဖြင့် ဖောက်ခွဲလိုက်ကြောင်း BLACK WOLF - PDF မှ သတင်းထုတ်ပြန်လာသည်။
ယခုအခါမှာ နောက်ဆုံး သတိပေးခြင်းဖြစ်၍ ညပိုင်း လူမရှိချိန်တွင်သာ ဗုံးခွဲခြင်း ဖြစ်ပြီး သတိပေးမှုများကို မလိုက်နာပါက ပြင်းထွန်စွာ လုပ်ဆောင်သွားမည်ဟု သိရသည်။
"ယခု ဖောက်ခွဲ တိုက်ခိုက်မှုသည် သတိပေးသည့် ဖောက်ခွဲ တိုက်ခိုက်မှု ( ၁ ) ခုသာ ဖြစ်ပြီး နောက်နောင် လျှပ်စစ်မီတာခများအား အတင်းအကြပ် ကောက်ခံပါက မီတာရုံး အတွင်းရှိ ဝန်ထမ်းများအားလည်း တိုက်ခိုက်သွားမည်ဖြစ်သည်။
ထို့ကြောင့် ရွှေဘိုမြို့အတွင်းရှိ စစ်ကောင်
❤
တိုက်ပွဲမှပြန်လာသည့် ဒေသကာကွယ်ရေးတပ်များကို ပြည်သူလူထုက ကြိုဆို
======
မကွေးတိုင်း၊ ရေစကြိုမြို့နယ်ကျေးရွာတစ်ရွာမှ စစ်ကောင်စီတပ်နှင့် ၎င်းတို၏ အခိုင်းစေ ပျူစောထီးများကိုတိုက်ခိုက်ခဲ့ပြီးပြန်လာသည့် ဒေသကာကွယ်ရေးတပ်များကို ပြည်သူလူထုက ကြိုဆိုခဲ့ကြကြောင်း Brother Defense Force က ယနေ့စက်တင်ဘာ လ ၃၀ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
စက်တင်ဘာလ ၂၈ ရက်နေ့က ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တပ်စွဲထားသည့် မင်းရွာကိုယင်းမာပင်ခရိုင်၊ တပ်ရင်း(၁၆)တပ်ခွဲ(၁) Brother Defense Force နှင့် မဟာမိတ်များဖြစ်သော ကြိုးကြာ ပြောက်ကျားတပ်ဖွဲ့၊ SUPER FIGHTER ၊ MGK ပြောက် ကျားတပ်ဖွဲ့၊ PHOENIX အထူးပြောက်ကျားတပ်ဖွဲ့၊ MY PDF၊ တွေ့ရာသချိုင်းဓါးမဆိုင်း၊ BED ငညိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အပြင် အခြားမဟာမိတ်အဖွဲများဖြင့် ပူပေါင်းတိုက်ခိုက်ခဲ့ ကြောင်း သိရသ
💩
မင်္ဂလာဒုံမြို့နယ်၊ ဝါယာလက်ရှိ ရေကြည်အိုင် အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်(ရုပ်/သံ)
====
ရန်ကုန်၊ စက်တင်ဘာ ၃၀
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ဝါယာလက်ရှိ ရေကြည်အိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ယနေ့ ညပိုင်းတွင် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြတော်လှန်ရေးပျောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စက်တင်ဘာလ ၃၀ ရက်နေ့ ည ၈ နာရီအချိန်တွင် Young Defence Power Force (YDPF-MGDN) နှင့် Hmawbi Revolution Force (HRF) တို့က ပူး ပေါင်း ၍ ရေကြည်အိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် အပျက်အစီး ဆုံးရှုံးမှု၊ ထိခိုက်သေဆုံးမှု အခြေအနေကိုလည်း မသိရှိရသေးကြောင်း သိရှိရသည်။
"မင်္ဂလာဒုံမြို့နယ် ဝါယာလက်၊ ရေကြည်အိုင် အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲမှု ဖြစ်ပါတယ်။ ည ၈ နာရီ ဝန်းကျင်ကပါ တော် တော်လေ
💩
နွားလဝိုးလမ်းခွဲတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကုန်းကို KNDF နှင့်ပူးပေါင်းအဖွဲ့ တိုက်ခိုက်
=======
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့အထွက် နွားလဝိုးလမ်းခွဲတောင်ကုန်း၌ တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်စခန်း ကုန်းကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၂) ဦးသေကြောင်း KNDF B 12 က ထုတ်ပြန်သည်။
အဆိုပါစခန်းကုန်းကို KNDF B-12 ၊ KNDF B-14 ၊ KNDF B-02 ၊ SSRY နှင့် KA တပ်ပေါင်းစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေပြီး (၅) ဦးထက်မနည်း ဒဏ်ရာရသွားကြောင်း သိရသည်။
စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများပစ်ခတ်မှု၊ မဟာမိတ်တပ်များဘက်မှ လက်နက်ကြီးအင်အားနည်းပါးမှုတို့ကြောင့် ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။
#TachileikNewsAgency
PDFလေးတွေရဲ့ ယုံကြည်ရာ သီချင်း
PDFလေးတွေရဲ့ ယုံကြည်ရာ သီချင်း
Family 7day News
💩
စစ်တပ်ထုတ်ကုန် ဘီယာဖာ ၁၀၀၀ ကို KIA နဲ့ အင်းတော် PDF ဖမ်းပြီးဖျက်ဆီး (ရုပ်သံ)
==========
မဲခေါင်၊ စက်တင်ဘာ ၂၃
မန္တလေးကနေ မြစ်ကြီးဘက်ကိုသယ်လာတဲ့ စစ်တပ်ထုတ်ကုန် ဘီယာဖာ ၁၀၀၀ ကို အင်းတော်လမ်းပိုင်းမှာ KIA နဲ့ အင်းတော် PDF က ဖမ်းဆီးပြီး မနေ့ကဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်ထုတ်ကုန်တွေဖြစ်တဲ့ Myanmar Beer နဲ့ Andaman Gold Beer ဘီယာတွေကို အများပြည်သူတွေရှေ့မှာ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ထုတ်ကုန်တွေကို သယ်ဆောင်၊ ရောင်းဝယ်တာတွေမပြုလုပ်ဖို့ အင်းတော် PDF ရော၊ KIA ကပါ သတိပေးချက်တွေထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ် ကသာခရိုင်အတွင်းမှာရှိတဲ့ အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA၊ PDF အပြင် အခြားတော်လှန်ရေး ပူးပေါင်းအဖွဲ့တွေနဲ့ မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
Video - Indaw Revolution - IR
💩
ထောက်ကြန့်ရှိ စစ်ကောင်စီ၏ ၁၀၆ ခြေလျင်တပ်ရင်းဂိတ်ကို Generation-Y Guerrilla က တိုက်ခိုက်
==========
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ရှိ စစ်ကောင်စီ၏ ၁၀၆ ခြေလျင်တပ်ရင်းဂိတ်ကို ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့၊ ညနေပိုင်း က လက်ပစ်ဗုံးဖြင့်ပစ်ကာ သေနတ်နှင့်ပစ်ခတ်ခဲ့သဖြင့် စစ်ကောင်စီတပ်သားနှစ်ဦးအထက်သေဆုံးနိုင်ကြောင်း Generation-Y Guerrilla က သတင်းထုတ်ပြန်သည်။
၁၀၆ ခြေလျင်တပ်ရင်းဂိတ် ကင်းစောင့်လဲပြီး ပတ်ကင်းထွက်ရန် ပြင်ဆင်နေသည့် စစ်ကောင်စီတပ်သားများကို Generation-Y Guerrilla၊ Myit Ma Kha STF နှင့် မဟာမိတ်အဖွဲ့တစ်ဖွဲ့တို့မှ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ပြီး သေနတ်ဖြင့်ပစ်ခတ်ကာ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား အများအပြား ဒဏ်ရာရကာ သေဆုံးသူနှစ်ဦးနှင့်အထက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
Video - Generation Y Gueril
💩
ဖယ်ခုံမြို့မရဲစခန်းနှင့် ထွေအုပ်ရိပ်သာအား ပစ်ခတ်တိုက်ခိုက်
========
ကရင်နီ(ကယား)ပြည်၊ ဖယ်ခုံမြို့မရဲစခန်းနှင့် ထွေအုပ်ရိပ်သာအား ယနေ့စက်တင်ဘာလ ၁၉ ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်ရုပ်သံအား ဖယ်ခုံ PDF တပ်ရင်း ၂ က သတင်းထုတ်ပြန်သည်။
ဖယ်ခုံမြို့မရဲစခန်းနှင့် ထွေအုပ်ရိပ်သာကို ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း ၂ နှင့် အလယ်ပိုင်းတိုင်းအထူးတိုက်ခိုက်ရေးအဖွဲ့တို့က ယနေ့ညနေပိုင်းတွင် စက်လှေဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ထိခိုက်၊ သေဆုံးမှုကို မသိရသေးပေ။
Video - Pekhon People Defence Force - 2