PK7 Movie

PK7 Movie there are knowlage video for phople

အားလုံးကို Merry Christmas လောက အပြစ်သားများအတွက် မေရှိယ ပျော်ရွှင်ခြင်း၊၀မ်းမြောက်ခြင်း၊လိုအင်ဆန္ဒပြည့်၀ကြပြီးအေးချမ်းက...
25/12/2020

အားလုံးကို Merry Christmas
လောက အပြစ်သားများအတွက် မေရှိယ
ပျော်ရွှင်ခြင်း၊
၀မ်းမြောက်ခြင်း၊
လိုအင်ဆန္ဒပြည့်၀ကြပြီး
အေးချမ်းကြပါစေ။

"မင်း....တွေဝေမနေနဲ့''-_-_-_-_-_-_-_-_-_-_-_!မနက်ဖြန်ဆိုတာ ဒီနေ့မဟုတ်ဘူး။ဒီနေ့ လုပ်ပိုင်ခွင့်ရှိတဲ့အရာတွေကို မနက်ဖြန်ကျရ...
15/04/2020

"မင်း....တွေဝေမနေနဲ့''
-_-_-_-_-_-_-_-_-_-_-_
!မနက်ဖြန်ဆိုတာ ဒီနေ့မဟုတ်ဘူး။ဒီနေ့ လုပ်ပိုင်ခွင့်
ရှိတဲ့အရာတွေကို မနက်ဖြန်ကျရင် လုပ်ချင်မှ
လုပ်လို့ရတော့မှာ။မင်းကို သင်ခန်းစာပေးမယ့်
လေ့ကျင့်ခန်းတွေရှိသလို ပြဿနာပေးမယ့်
လေ့ကျင့်ခန်းတွေလည်း အများကြီးရလာလိမ့်မယ်။
အချိန်တိုင်းကို မင်းအသုံးချပိုင်ခွင့်၊ပိုင်ဆိုင်ခွင့်
ရလိမ့်မယ်လို့ မင်းထင်သလား?တစ်ခါတစ်လေမှာ
မင်းတွေးမထားတဲ့ အရာတွေက မင်းဆီကို
ပညာတွေသင်ပေးဖို့ ရောက်ရှိလာလိမ့်မယ်။အဲ့ဒီ
အခါကျရင် မင်းရဲ့စိတ်က ခံယူတတ်ဖို့ပဲလိုတယ်။

!မင်းရဲ့ငြီးတွားသံတစ်ချို့ကို မင်းနောက်ကလူငယ်
တွေက မကြားရဘူးလို့မထင်လိုက်ပါနဲ့။သူတို့
အတွက် လမ်းမှားကိုလိုက်ဖို့ သင်ပေးသလိုဖြစ်သွား
လိမ့်မယ်။အရာရာဟာ ဖြောင့်တန်းမနေဘူး။
ကွေ့ကောက်မှုရှိသလို အနိမ့်အမြင့်အတက်အကျ
လည်းရှိတယ်။ဒီနေရာမှာမင်းဟာ ရယ်မောပျော်ရွှင်
နေရပေမယ့်၊နောက်တစ်နေရာမှာ ထပ်တူ​ကြေကွဲ
ဝမ်းနည်းပေးရတတ်တယ်။အဲဒီလိုဆိုရင်တော့
မင်းစိတ်ဟာ အတော်အတန်ကို ပြောင်းလဲပေး
တတ်နေပါပြီ။

!အရာရာဟာ မင်းရဲ့သဘောပါ။ဒီလိုပြောလိုက်လို့
လက်ညှိုးညွှန်ရာ ရေဖြစ်တယ်လို့ ပြောတာမဟုတ်
ပါဘူး။မင်းအသက်က မင်းလက်ထဲမှာပဲရှိတယ်။
မင်းဝမ်းနည်းရင် မင်းပဲငိုရမယ်။မင်းလဲကျရင်
မင်းပဲ​ပြန်ထရမယ်။မင်းစိတ်ဆိုးရင် မင်းပဲ ဒေါသ
ထွက်ရမယ်။မင်းကြည်နူးနေရင် မင်းပဲပျော်ရွှင်
ရမယ်။မင်းအမှားလုပ်ရင် မင်းပဲထိခိုက် နစ်နာရ
မယ်။အရာရာဟာ မင်းပါပဲ။မင်းရဲ့လုပ်ရပ်တွေက
မင်းအတွက် တန်ပြန်သက်ရောက်မှုတွေပါပဲ။
မင်းရဲ့အနာဂတ်ဟာ မင်းရဲ့ပန်းချီကားပါပဲ။ခြယ်မှုန်း
တတ်ဖို့က မင်းတာဝန်!

!မျက်နှာသာ မပေးဘူးဆိုပြီး ဘယ်အရာကိုမှ
အပြစ်မတင်ပါနဲ့။သုညကို နေရာမပေးတတ်သရွေ့
ကိုးဆိုတဲ့ဂဏန်းဟာ ဘယ်တော့မှကြီးမလာပါဘူး။
မင်းမှာရှိတဲ့ သုညတွေကို နေရာတကျထားသိုလိုက်
ပါ။တောင်ဘယ်​လာက်ကြီးကြီး ဖဝါးအောက်တဲ့၊
လှိုင်းဘယ်လောက်ကြီးကြီး လှေအောက်တဲ့။
အဓိပ္ပါယ်က ဘာမဆိုလုပ်ရင်ဖြစ်တယ်။မလုပ်ရင်
မဖြစ်ဘူး။ရှင်းရော။ထိုင်နေရင်တော့ ငုတ်တုပ်ကြီး။
ထနေရင်တော့ မတ်တပ်ပေါ့။ဆက်လျှောက်ရင်
တော့ ခရီးရောက်တာပေါ့။

!ဒီစာကိုဖတ်လို့ အားတက်ရင်တော့ ခင်ဗျားအတွက်
ခင်ဗျားဖတ်တယ်လို့ပဲ မှတ်ပါ။ဒီလိုဖတ်လို့ ဒီလိုမှတ်
ပြီး ဒီလိုတတ်သွားပါတယ်။ကိုယ်လုပ်လို့ ကိုယ်ရ
သွားတယ်ဆိုတာ သက်သေပဲလေ။နောက်ဆုံးအနေ
နဲ့ လက်ဆောင်စကားလေး ပါးပါရစေ။နေ့တိုင်း
စာဖတ်ပါ။လတိုင်း ထီထိုးပါ။စာဖတ်ခြင်းဟာ
ဉာဏ်အတွက်ဖြစ်သလို ထီထိုးခြင်းဟာ ကံအတွက်
ဖြစ်ပါတယ်။မြက်စိုက်ရင် မြက်စားရမှာဖြစ်ပြီး
စပါးစိုက်ရင် ဆန်စားရမှာကတော့ မဆန်းပါဘူး။

Credit to waizaw

Address


Website

Alerts

Be the first to know and let us send you an email when PK7 Movie posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PK7 Movie:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share