Myanmar News

Myanmar News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar News, Media/News Company, .

"အိမ်သစ်တက် ဘုရားအနေကဇာတင်အလှူပြုလုပ်ခဲ့ကြတဲ့ မြတ်သူသူတို့ ချစ်သူနှစ်ဦး "  (My Studio)
27/12/2022

"အိမ်သစ်တက် ဘုရားအနေကဇာတင်အလှူပြုလုပ်ခဲ့ကြတဲ့ မြတ်သူသူတို့ ချစ်သူနှစ်ဦး "


(My Studio)

"ယွန်းဘီလီယံမောင်" လို့ အမည်ပေးလိုက်တဲ့ ဖေဖေသားဂန်းနဲ့ မေမေဘေဘီမောင်တို့ရဲ့ သမီးလေး
04/12/2022

"ယွန်းဘီလီယံမောင်" လို့ အမည်ပေးလိုက်တဲ့ ဖေဖေသားဂန်းနဲ့ မေမေဘေဘီမောင်တို့ရဲ့ သမီးလေး



လူ့အသက်ပေါင်း ၆၅၀၀ ကျော်စတေးခဲ့ရတဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား-----------------------------------------------------လာမယ့်  ၂၀၂...
24/11/2022

လူ့အသက်ပေါင်း ၆၅၀၀ ကျော်စတေးခဲ့ရတဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား
-----------------------------------------------------

လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် ကျင်းပခွင့် ရထားတဲ့ ကာတာနိုင်ငံရဲ့ ဘောလုံးကွင်းတွေဟာ တကယ့်ကို ကမ္ဘာ့အဆင့်မီပြီး ထူးခြားခမ်းနားလှတဲ့ ကွင်းတွေအဖြစ် မြင်တွေ့ရပါတယ်။

ဒီလိုလှပတဲ့ ဘောလုံးကွင်းတွေကို တည်ဆောက်ခဲ့ရာမှာတော့ အလုပ်သမား စုစုပေါင်း ၆၅၀၀ ကျော်အထိ အသက်သေဆုံးခဲ့ရတယ် ဆိုတာကိုတော့ အားလုံးက သိနိုင်လိမ့်မယ် မထင်ပါဘူး။

၂၀၂၂ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရခဲ့ပြီး နောက်မှာတော့ ကာတာဟာ ၂၀၁၀ ခုနှစ်ကနေ စတင်ပြီး ဘောလုံးကွင်းတွေ၊ လမ်းအသစ်တွေ၊ လေဆိပ်အသစ်တွေ အစရှိတဲ့ လုပ်ငန်းပေါင်းများစွာကို အရှိန်မြှင့်တည်ဆောက်ခဲ့ရာမှာတော့ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ နဲ့ သိရိလင်္ကာတို့လိုနိုင်ငံတွေကို အလုပ်သမားတွေကို အဓိက ခေါ်ယူခဲ့ပါတယ်။

ဂါးဒီးယန်းက ဖော်ပြချက်မှာတော့ စတင်တည်ဆောက်ခဲ့တဲ့ ၂၀၁၀ ခုနှစ်ကနေ ၂၀၂၀ အတွင်းမှာ အဆိုပါ နိုင်ငံတကာ ရွှေ့ပြောင်းလုပ်သားပေါင်း ၆၅၀၀ ကျော် မတော်တဆမှုကြောင့် သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားခဲ့ပါတယ်။

ဒါဟာ ပျမ်းမျှအားဖြင့် တစ်ပတ်မှာ လူ ၁၂ ယောက်အထိ သေဆုံးခဲ့တဲ့ နှုန်းထားလည်းဖြစ်ပါတယ်။

အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ နဲ့ သိရိလင်္ကာတို့က စုစည်းထားတဲ့ အချက်အလက်တွေအရ ဆယ်နှစ်အတွင်းမှာ သူတို့နိုင်ငံသား ၅၉၂၇ ယောက်သေဆုံးခဲ့တယ်လို့ ဖော်ပြခဲ့ပြီး

ကာတာမှာရှိတဲ့ ပါကစ္စတန်သံရုံးရဲ့ ဖော်ပြချက်မှာလည်း ပါကစ္စတန်အလုပ်သမား ၈၂၄ ယောက်အထိ သေဆုံးခဲ့ရတယ်လို့ သိရှိရပါတယ်။

တကယ်တော့ အခုမြင်တွေ့နေရတဲ့ လှပတဲ့ ဘောလုံးကွင်းတွေ ဖြစ်လာဖို့အတွက် အသက်ပေါင်းများစွာ စတေးခဲ့ရတာဖြစ်ပြီး၊ ကာတာနိုင်ငံရဲ့ အလုပ်သမားတွေအပေါ် အခွင့်အရေး ချိုးဖောက်ခိုင်းစေမှုတွေ၊ နစ်နာမှုတွေအတွက် ဝေဖန်မှုတွေ အများအပြားကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။

photo credit

ဝမ်းသာရပါတယ်... သရုပ်ဆောင် ဆင်မ၊ဆရာမောင်သာချို၊ဦးမြအေး။
17/11/2022

ဝမ်းသာရပါတယ်... သရုပ်ဆောင် ဆင်မ၊ဆရာမောင်သာချို၊ဦးမြအေး။

ဖြူစင်သန့်ရှင်းတဲ့ ကိုယ့်ရဲ့စိတ်ကောင်းလေးကိုအဆုံးရှုံးမခံပါနဲ့
15/11/2022

ဖြူစင်သန့်ရှင်းတဲ့ ကိုယ့်ရဲ့စိတ်ကောင်းလေးကိုအဆုံးရှုံးမခံပါနဲ့

ရန်ကုန် ဆူးလေးစေတီ ဝန်းကျင်ရှိ  အများပြည်သူနေရာ ဈေးရောင်းတဲ့သူတွေကို ဖယ်ရှားရှင်းလင်းမယ်လို့ မြိုတော်ဝန်ပြော...............
09/11/2022

ရန်ကုန် ဆူးလေးစေတီ ဝန်းကျင်ရှိ အများပြည်သူနေရာ ဈေးရောင်းတဲ့သူတွေကို ဖယ်ရှားရှင်းလင်းမယ်လို့ မြိုတော်ဝန်ပြော.........................
နိုဝင်ဘာ ၉

ရန်ကုန် ဆူးလေးစေတီ ဝန်းကျင် သည် စီးပွားရေး အချက်အချာနေရာမို့လို့ အများပြည်သူနေရာ ဈေးရောင်းတဲ့သူတွေကို ဖယ်ရှားရှင်းလင်းမယ်လို့ မြိုတော်ဝန် ဦးဗိုလ်ဌေးက ပြောပါတယ်။

ယင်းက “ဆူးလေစေတီတော်ကိုဗဟိုပြု၍ လမ်းမကြီးများဝဲယာသန့်ရှင်းသာယာသပ်ရပ်ရေး အတွက် အဆောက်အဦး မျက်နှာစာ၊ အုတ်နံရံများ၊သစ်လွင်ရေး၊ လမ်းများကောင်းမွန်ရေး၊ အများပြည်သူ နေရာတွင် ကျူးကျော်ခင်းကျင်းရောင်းချမှုများဖယ်ရှားရှင်းလင်းရေး၊ စည်းကမ်းထိန်းသိမ်းရေးနှင့် အမှိုက်ကင်းစင်ရေးတို့အား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်အောင်ဆောင်ရွက်မယ်” လို့ ပြောတာပါ။

ဆူးလေစေတီတော်ဝန်းကျင်သည် ရန်ကုန်မြို့၏ လမ်းပန်းဆက်သွယ်ရေး ကွန်ရက် အရလည်းကောင်း၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးဆိုင်ရာ ကဏ္ဍ များအရ လည်းကောင်း၊ ရန်ကုန်မြို့လယ်ဗဟိုစီးပွားရေးဇုန်၏ အချက်အခြာနေရာတွင် တည်ရှိ တယ်လို့လည်းယင်းက ထပ်မံ ပြောပါတယ်။

သတင်းအပြည့်အစုံဖတ်ရှုရန် >>>
https://www.myanmaplatform.com/a/65050.html
https://t.me/myanmaplatform

🙏🙏🙏 ရှားရှားပါးပါး ဖူးမြှော်ထိုက်မှ ဖူးမြှော်ခွင့်ရတဲ့..ကျိုက်ထီးရိုးဘုရား ထီးတော် အနီးကပ် မြင်ကွင်း..မျှဝေကုသိုလ် ယူနို...
05/11/2022

🙏🙏🙏 ရှားရှားပါးပါး ဖူးမြှော်ထိုက်မှ ဖူးမြှော်ခွင့်ရတဲ့..

ကျိုက်ထီးရိုးဘုရား ထီးတော် အနီးကပ် မြင်ကွင်း..

မျှဝေကုသိုလ် ယူနိုင်ကြပါစေ...

ဗေဒင်ဆရာ လင်းညို့တာရာ ယနေ့နံနက်ပိုင်းက ပြန်လည်လွတ်မြောက်
04/11/2022

ဗေဒင်ဆရာ လင်းညို့တာရာ ယနေ့နံနက်ပိုင်းက ပြန်လည်လွတ်မြောက်

တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အားပေးရင်းခရီးဆက်နေတယ် ဆိုတဲ့ ပြည်သူချစ် အနုပညာရှင် နှစ်ဦး ❤️😍
04/11/2022

တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အားပေးရင်းခရီးဆက်နေတယ် ဆိုတဲ့ ပြည်သူချစ် အနုပညာရှင် နှစ်ဦး ❤️😍

 #ဖူးရခဲ့သော_ရွှေတိဂုံစေတီ_မြေအောက်ဌာပနာ********************************************ရွှေတိဂုံစေတီတော်ရဲ့ မြေအောက်ဌာပနာကိ...
01/11/2022

#ဖူးရခဲ့သော_ရွှေတိဂုံစေတီ_မြေအောက်ဌာပနာ
********************************************

ရွှေတိဂုံစေတီတော်ရဲ့ မြေအောက်ဌာပနာကို ဖူးမြော်၍ သဒ္ဒါတရားတိုးပွားနိုင်စေရန် တင်ပြအပ်ပါသည်။

၁။ ကကုသန်မြတ်စွာဘုရား၏ တောင်ဝှေးတော်, ကောဏဂုံမြတ်စွာဘုရား၏ ဓမ္မကရိုက်ရေစစ်တော်, ကဿပမြတ်စွာဘုရား၏ ရေသနုပ် သင်္ကန်းတော်နှင့် ဂေါတမမြတ်စွာဘုရား၏ ဆံတော် ၈-ဆူ တို့ကို ဌာပနာထားသောကြောင့် " လေးဆူဓာတ်ပုံ ရွှေတိဂုံ " ဟု ခေါ်ဆိုကြခြင်း ဖြစ်ပါသည်။

၂။ ဋ္ဌာပနာတော်တိုက် အတွင်းပိုင်းသည် ၆၆-ပေ အမြင့်ရှိပြီး ခမ်းနားထည်ဝါစွာဖြင့် တည်ဆောက်ထားခြင်း။

၃။ ၁၀-ပေ ပတ်လည် ရေတွင်းနှင့် ပြဿဒ် ၅-ခုပါ ကရဝိတ်ဖောင်တော် တည်ဆောက်ထားပြီး ဖောင်တော်မှာ အလျား ၆-ပေခွဲခန့် အတိုင်းတာရှိ ရွှေအစစ် ချထားခြင်း။

၄။ ဋ္ဌာပနာတော်တိုက်မှာ ပင်မအလယ်တိုင် မပါ, သံယက်မ တို့ မပါရှိပဲ ကျောက်တုံးကျောက်ခဲများဖြင့် ခမ်းနားစွာ တည်ဆောက်ထားခြင်း။

၅။ ဋ္ဌာပနာတော်တိုက် မုခ်ဦးအတွင်းပိုင်းတွင် ဥက္ကလာမင်း ရုပ်ထုနှင့် စလွယ်တော်, တဖုဿ ဘလ္လိကညီနောင်, သာသနာတော်စောင့် နတ်မင်းကြီးလေးပါးနှင့် နတ်ဒေဝါများ ပူဇော်နေဟန် ရွှေရုပ်ထုများ ထုလုပ်ထားခြင်း။

၆။ ၁၈၂၀ ခုနှစ်၊ ဝန်းကျင်ခန့်က လူစွမ်းကောင်း မောင်ကံသည် ဆံတော်တွင်းမှ မြတ်ဗုဒ္ဓဆံတော်အစစ်ကို တရုတ်ပြည် ကောက်ကွန်ဥတည်မင်းထံသို့ ပင့်ရန် ဆံတော်အတွင်းသို့ ခိုးဝင်ရာတွင် ရင်ဘတ်ထိတိုင် ကျောက်ရုပ် ဖြစ်သွားခဲ့ခြင်း။

၇။ ၁၈၂၄ ခုနှစ်တွင် အင်္ဂလိပ်စစ်တပ်များမှ ဋ္ဌာပနာတိုက်ဖောက်၍ အဖိုးတန်ရတနာများ ယူကြရန် ဆံတော်တွင်းရှိ ဌာပနာတိုက်ကို ၂-ကြိမ်တိုင်အောင် ယမ်းဘီလူးများဖြင့် ခွဲပြီး ကြိုးစားခဲ့သော်လည်း ကျောက်နံရံကြီးများကို မဖောက်နိုင်၍ လက်လျှော့ခဲ့ရခြင်း။

၈။ ၁၉၀၄ ခုနှစ်တွင် အာမေးနီယားလူမျိုး မစ္စတာအပရမေ, အသက် ၇-နှစ် အရွယ်သည် ဆံတော်ကိန်းဝပ်ရာသို့ ရသေ့ကြီးများ ဘုရားဖူးလာရောက်ချိန်နှင့် ကြုံကြိုက်သဖြင့် အမှတ်မထင် ဝင်ရောက်ခွင့် ရခဲ့ခြင်း။

၉။ မစ္စတာအပရမေ၏ ပြောပြချက်အရ ရှေးမြန်မာများလည်း ၁၉၇၁ ခုနှစ်က စူးစမ်းသုသေသနပြုလုပ်ခဲ့ကြပီး ကျောက်နံရံကြီး ကာထားသည့်နေရာအထိ ရောက်အောင် သွားနိုင်ခဲ့ကြသော်လည်း အတွင်းသို့ ဝင်ရောက်နိုင်မည့်လမ်းကို မတွေ့ရှိခဲ့ကြခြင်း။

၁၀။ ပညာရှင်များ, ကျောင်းသားလူငယ်များပါ အားတက်သရော သုသေသနပြု ပါဝင်ခဲ့ကြသော်လည်း မတည်မငြိမ် နှောင်းပိုင်းခေတ်များတွင် မသမာသူများ နှောက်ယှက်နိုင်ခြင်းမရှိရန် ရည်ရွယ်ကာ ဆုတောင်းပြည့် စေတီလိူင်းဝကို သံတံခါးပိတ် သော့ခတ်ထားလိုက်ကြခြင်း။

၁၁။ ၁၉၇၁ ခုနှစ်အလွန် နှောင်းပိုင်း နှစ်ပေါင်း၅၀ကျော် ကြာခဲ့သည်ဖြစ်ရာ ဌာပနာတော်တိုက်အကြောင်းကို ယနေ့တိုင်အောင် ဆက်လက် သုသေသနပြုနိုင်ခြင်း မရှိတော့ခြင်း။

Crd,

မေတ္တာဖြင့် -

#ဦးမြင့်ခိုင်, & SAI MYO WIN
https://www.facebook.com/sai.myowin.731

အိုအောင်မင်းအောင်း ပေါင်းသင်းနိုင်ကြပါစေ အကိုရေ‼️“ပြည်သူအချစ်တော် ကိုတိုင်းကျော်ရဲ့ ထိမ်းမြားမင်္ဂလာပွဲလေး”❤️🥰😘Photo/ ကိ...
17/10/2022

အိုအောင်မင်းအောင်း
ပေါင်းသင်းနိုင်ကြပါစေ အကိုရေ‼️

“ပြည်သူအချစ်တော် ကိုတိုင်းကျော်ရဲ့
ထိမ်းမြားမင်္ဂလာပွဲလေး”
❤️🥰😘

Photo/ ကိုတိုင်းကျော်

"လတ်တလောမှာရောက်နေတဲ့ ရာသီဥတုကိုကျောခိုင်းပြီးတောင်တန်းတွေရဲ့အောက် ပြေးခိုချင်နေတယ်နောက်ပြီးခဏဖြစ်ဖြစ် အမေ့အိမ်ပြန်ချင်တ...
11/10/2022

"လတ်တလောမှာ
ရောက်နေတဲ့ ရာသီဥတုကိုကျောခိုင်းပြီး
တောင်တန်းတွေရဲ့အောက် ပြေးခိုချင်နေတယ်
နောက်ပြီး
ခဏဖြစ်ဖြစ် အမေ့အိမ်ပြန်ချင်တယ်"

#နွေသစ်ငြိမ်း

 #သီတင်းကျွတ်ဟူသည်🙏🙏🙏🙏🙏 🪔🪔🪔သီတင်းကျွတ် လပြည့်​​‌နေ့ သည် ထေရဝါဒသာသနာတော်မြတ်၏ နေ့ထူးနေ့မြတ်ဖြစ်၏။ 🙏 #မြတ်စွာဘုရားရှင်သည် ...
09/10/2022

#သီတင်းကျွတ်ဟူသည်🙏🙏🙏🙏🙏

🪔🪔🪔သီတင်းကျွတ် လပြည့်​​‌နေ့
သည် ထေရဝါဒသာသနာတော်မြတ်၏ နေ့ထူးနေ့မြတ်ဖြစ်၏။

🙏 #မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်ရှိမယ်တော်ဖြစ်ခဲ့ဘူးသော သန္တုဿိတနတ်သားကိုအကြောင်းပြု၍ မွေးကျေးဇူးဆပ်သည့်
အနေဖြင့်အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလ ဟောတော်မူ၏။ 🙏🙏🙏

🙏ထို့ကြောင့် #အဘိဓမ္မာခုနစ်ကျမ်း ပေါ်ပေါက်
လာခဲ့ရပေ၏။ပဌာန်းဒေသနာတော်ကို လူ့ပြည်၌
ဟောခဲ့ခြင်းမဟုတ် ။တာဝတိံသာ နတ်ပြည်၌ ဟောခဲ့​ခြင်းဖြစ်၏။

🙏 #လူ့ပြည်၌ အဘယ့်​ကြောင့် ပေထက် အက္ခရာတင်နိူင်သနည်း ။ တာဝတိံသာနတ်ပြည်၌ ဟောတော် မူ ခဲ့သော အဘိဓမ္မာတရားများကို ပညာအရာတွင် ဧတဒဂ်ရသော ရှင်သာရိပုတ္တရာက မြတ်စွာဘုရားအား မေးလျောက်သဖြင့် မြတ်ဘု
ရားက အကျဉ်းမျှပြန်ဟောပြ၏ ။ရှင်သာရိပုတ္တရာက နည်းတစ်ထောင် ခြံရံ၍ /နည်းလမ်းတစ်ထာင်အကျယ်ချဲ့၍ သ်ိတော်မူ၏။🙏🙏🙏

🙏ထို့ကြောင့် #ဆင့်ကဲအာဂုံဆောင် လက်ဆင့်ကမ်းရာမှ ပေထက်အက္ခရာတင်နိူင်ခြင်းဖြစ်၏။ မြတ်စွာဘုရားရှင်သည် ဝါဆိုလပြည့်နေ့မှ
သီတင်းကျွတ် လပြည့် နေ့ထိ #တာဝတိံသာနတ်
ပြည်၌ အဘိဓမ္မာတရားဟောတော်မူ၏။

🙏 #ထို​​ကြောင့်အဘိဓမ္မာတရားတော် အဆုံးသတ်သည့် သီတင်းကျွတ် လပြည့်နေ့ကို ( အဘိဓမ္မာအခါတော်နေ့) ဟုခေါ်ဆိုသမုတ်ခြင်းဖြစ်၏။ ထိုနေ့တွင် မြတ်စွာဘုရားရှင်သည် ယမကပါဋိဟာရိယဥာဏ်ဖြင့်ရေအစုံမီးအစုံ တန်ခိုးတော်ကို ပြတော်မူ၏။ #ယမိုက်ပြာဋိဟာတန်ခိုးတော် ဟုခေါ်၏။

🙏လက်ဝဲနားတော်မှ ရေ /လက််ယာနားတော်မှမီး

လက်ဝဲမျက်လုံးတော်မှ မီး /လက်ယာမျက်လုံးတော်မှရေ စသည်အားဖြင့် ဒွါရတော်များမှ၎င်း ။ကိုယ်ခန္ဓာတော် အစိတ်အပိုင်းများမှ၎င်း ရေ မီး အစုံ တလှည့်စီ ထွက်ပေါ် ယိုစီးပြခြင်းယမိုက်ပြာဋိဟာတန်ခိုးတော်ဟုခေါ်ပါသည်။ဤအရာများသည်မြတ်စွာဘုရားရှင် နင့်သာသက်ဆိုင်ပါသည်။ အခြားတန်ခိုးရှင်များနင့် မသက်ဆိုင်ပါ။ #ရှေးပွင့်တော်မူကုန်သော မြတ်စွာဘုရားရှင် တို့၏ ပြုမြဲဓမ္မတာဖြစ်သော​​​ကြောင့်သာ ယမိုက်ပြဋိတန်ခိုး
တော်ကို ပြခြင်းဖြစ်၏။ဂုဏ်သတင်းကျော်ဇောဖို့
လာ်လာဘ်ရဖို့တန်ခိုးပြခြငိးမဟုတ်ပါ။

🙏 #မြတ်စွာဘုရားသခင်သည် ယမိုက်ပြာဋိဟာတန်ခိုးတော် ပြပြီးနောက်လူ့ပြည်ရှိ အိန္ဒိနိူင်ငံနေရာ သက်ဿနဂိုရ်ပြည် သို့နတ်မင်း ဗြဟ္မာမင်းဖန်ဆငိးပေးသော ပတ္တမြားစောင်းတန်းမှ ​​​​​​ကြွတော်မူ၏။လက်ယာဘက်ရွှေစောင်းတန်းမှဗြဟ္မာများက လိုက်ပါလာ၏။လက်ဝဲ ငွေ စောင်းတန်းမှ နတ်မင်းများကလိုက်ပါလာ၏။

🙏 #ပဉ္စသိက္ခနတ်သားက နတ်စောင်းကိုတီးလျက် / အချို့နတိသားများက နတ်ခရုသင်းကိုမူတ်လျက်/ဗြဟ္မာတစ်ဦးက ကနက္ကဒါန် ထီးဖြူတော်ကိုမိုးလျက်ဆင်းသက်လိုက်ပါလာကြ၏။

🙏ဤ အချင်းအရာကို မြင်ရသောမြတ်စွာဘုရားရှင်၏ ထူးကဲသော အသရေတော်ကိုမြင်ရသော လူ/နတ်ဗြဟ္မာများသည်ဘုရားဆုပန်ကြကုန်၏။

🙏ထို့ကြောင့် #သီတင်းကျွတ် လပြည့်နေ့ကို
ဘုရားဆု ပန်သောနေ့ ဟုလညိး ခေါ်ကြ၏

နောက်တမျိုးကတော့ -

သီ= ရဟနိး သံဃာတော်များသည် ပါတိမေက္သံသံ

ဝရသီလ = ဣန္ဒြိယသံဝရသီလ (ဣန္ဒြေခြောက်ပါးတို့ကိုစောင့်စည်းမူ)

အာဇီဝပါရိသုဒ္ဓိသီလ=(မသန့်ရှင်းသော အသက်မွေးမူကိုရှောင်ခြင်း)

ပစ္စယသန္နိဿိတသီလ ဆွမ်း ကျောင်း ဆေး သက်န်း ပစ္စည်းလေးပါးကို ဆင် ခြင် မှီဝဲခြင်း )

ဤ လေးပါးပေါင်းစု၍ စတုပါရိသုဒ္ဓိသီလဟုခေါ်၏။ အဆိုပါ သီလ လေးပါးအား မပေါက်ကြားအောင် မပျောက်ကြားအောင် ဝါတွင်းသုံလ၌ တစ်ရက်ချင်းအားဖြင့် ပန်းကုန်းသဖွယ် သကုန်းထိန်းသိမ်းရ၏။

တင်း =သံဃာတော်များအနေဖြင့် စောင့်ထိန်းရမည့် သီလလေးပါးအား / အာပတ် ခုနစ်ပါးအား တင်းရင်းရင်း ကြပ်ကြပ်မတ်မတ် ထိန်းသိမ်းရပေ၏သို့မှသာ ကထိန်ခင်းအပ်၏။

ကျွတ်=သံဃာတော်များအနေဖြင့် ဝါတွင်းသုံးလ
ပြည့်မှသာ အလိုရှိအပ်သော နေရာသို့ပဝါရဏာပြု​ပြီးမှသာ ကျွတ်ကျွတ်လွတ်လွတ်ကြွသွားခွငိ့ရှိ၏။ 🙏🙏🙏

( ဝါတွင်းကါလ၌ ညခြောက်နာရီမှ မနက်ခြောက်နာရီထိ ကျောင်းပြင်ပသို့ ထေကြီးဝါကြီးတံ ဝါပန်ပြီးမှကြွခွင့်ရှိ၏။ )

🙏 #မြတ်စွာဘုရားသည်ပင်လျှင် တာဝတိံသာနတ်ပြည်၌ သီတင်းကျွတ်လပြည့်နေ့တွင် ပဝါရဏာပြုပြီး မှသာ လူ့ပြည့်သို့ဆင်းသက်ကြွမြန်းတော်မူ၏။ထိုနေ့ကို ပဝါရဏာပြုသောနေ့ ဟုလည်းခေါ်၏။မြတ်စွာဘုရား လူ့ပြည်သို့ဆင်းသက်ကြွမြန်းသည့်နေ့တွင် လူ့ပြည်လူသားများက ဆီးမီးများထွန်းညှိ၍ ဆီးကြိုပူဇော်ကြ၏။

🙏ထိုနေ့တွင် #မြတ်စွာဘုရားသခင်၏ လောက
ဝိဝရဏတန်ခိုးတော်ကြောင့် ငရဲပြည် လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်အား စကြာဝဠာတစ်ခုလုံး
အား တိုးလျိုပေါက် / ထုတ်ချငိးပေါက်မြင်ရ၏။
လူ နတ်​ဗြဟ္မာ ငရဲသား အားလုံးတို့သည်တစ်ဦး
ကို တစ်ဦး ထင်ထင်ရှားရှားမြင်ကြရ၏။

အမေ မရှိတဲ့ ဒီနှစ်သီတင်းကျွတ်ဟာလည်းကျနော်တို့အတွက်ဘာမှအရေးမပါဘူး မေမေ😔လွမ်းတယ်မေမေ ကျန်းမာပါစေ 🙏🙏🙏😔
09/10/2022

အမေ မရှိတဲ့ ဒီနှစ်သီတင်းကျွတ်ဟာလည်း
ကျနော်တို့အတွက်
ဘာမှအရေးမပါဘူး မေမေ😔
လွမ်းတယ်မေမေ ကျန်းမာပါစေ 🙏🙏🙏😔

သီတင်းကျွတ်အချိန်ခါသမယမှာ နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ နိုင်ငံတော်သမ္မကြီးနှင့်တကွ ဖမ်းဆီးထိန...
09/10/2022

သီတင်းကျွတ်အချိန်ခါသမယမှာ နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ နိုင်ငံတော်သမ္မကြီးနှင့်တကွ ဖမ်းဆီးထိန်းသိမ်းခံပြည်သူများအားလုံး စိတ်ရောကိုယ်ပါ ကျန်းမာကြပါစေ။
နိုင်ငံသူ/သားများ မျှော်လင့်ရင်မောစွာဖြင့် စောင့်စားနေရတဲ့ အိမ်မက်ပန်းတိုင်များလည်း အမြန်ဆုံးပေါ်ပေါက်လာပါစေကြောင်း ဆုတောင်းမေတ္တာများပို့သလိုက်ရပါတယ်။
Photo credit

ကျနော် ငယ်ငယ်ကပညာသင်ခဲ့တာက ကားဘော်ဒီပါ✍️အဲဒီအလုပ်ကနေ စတင်ပြောင်းလဲလာလိုက်တာ …ကားဘော်ဒီအလုပ်ကနေဆက်ချဲ့ပြီး ၊ ကားဆင်ရောင်း...
03/10/2022

ကျနော် ငယ်ငယ်ကပညာသင်ခဲ့တာက ကားဘော်ဒီပါ✍️
အဲဒီအလုပ်ကနေ စတင်ပြောင်းလဲလာလိုက်တာ …
ကားဘော်ဒီအလုပ်ကနေဆက်ချဲ့ပြီး ၊ ကားဆင်ရောင်း ၊ ကားပွဲစား ၊ ကားအရောင်းပြခန်း ၊ ကားထုတ်လုပ်ရေး ၊
ဖိ်ုက်ဘာဂလပ်စ် ၊ စတိန်းလက်စတီးလ် ၊ စေတီ ၊ ရုပ်ပွားတော် ကျန်သေးတယ်နောက်ထပ်✍️
ဘာလို့အဲလိုတွေ လုပ်ဖြစ်ခဲ့သလဲဆိုတာ …
သိစေချင်ပါတယ်✍️

လူတစ်ယောက်သည် မိမိအလုပ်ကို ခေတ်နှင့်အညီ ရှိနေစေဖို့ အမြဲတမ်း သတိချပ်ပြီးလုပ်ဆောင်နေသင့်ပါတယ်✍️

ရေအိုးစင်ထောက်ပမာ ကျားကန်ထာသင့်တာပါ✍️
အလုပ်တစ်ခုသည် အကြောင်း အမျိုးမျိုးကြောင့်
အလုပ်မဖြစ်တော့လျှင် တခြားအလုပ်တစ်ခုက
အထောက်အကူရှိနေစေဖို့ပါ ✍️
လောဘဖြင့် အလုပ်ချဲ့စေခြင်းကိုမဆိုလိုပါခင်ဗျာ 🙏
မိမိဘဝ စား ဝတ် နေရေး ပြေလည်စေဖို့အဓိကပါ ✍️
အလုပ်ချဲ့ရာတွင် အရေးကြီးဆုံးအချက်ကတော့ ....

မိမိလက်ရှိအလုပ်နှင့် အပ်စပ်သည့်အလုပ်ဆိုလျှင်အမှားနည်းမှာဖြစ်ပါတယ် ✍️

ကျနော် ကားဘော်ဆရာကနေ ဂျာနယ်ထုတ်တာ …
သိန်းတစ်ရာ ရှုံးခဲ့ဖူးပါတယ် ✍️

ပလပ်စတစ်ခုပ်စက် ထောင်တာ သိန်း ရှစ်ရာဝန်းကျင် ရှုံးခဲ့ ဖူးပါတယ် ✍️
✍️အထူးသတိပြုစရာအချက်ပါ ✍️

လူတိုင်းအမှားမကင်းနိုင်ပါဘူး အလုပ် လုပ်သူတိုင်း
အမှားနှင့်ကြုံတွေ့ကြရမှာပါ ✍️

အဲလိုကြုံတွေ့လာလျှင် ထားရမည့်စိတ်က...
အရေးကြီးပါသည်✍️စိတ်ဓါတ် လုံးဝ မကျပါနှင့်

အဲဒီအမှားကို ဆုပ်ကိုင်မထားဖို့ကအဓိကအချက်ပါ ✍️
ဘာကြောင့်အရှုံးပေါ်သလဲ သေချာစိစစ်ပါ ကျွမ်းကျင်သူများနှင့်တိုင်ပင်ပါ ✍️

ဒီအလုပ်ကို အဆင်မပြေနိုင်တော့ဘူးသေချာလျှင် ချက်ခြင်းရပ်ပစ်ပါ မာနမခံဖို့အရေးကြီးသည် ပတ်ဝန်းကျင်ကဲ့ရဲ့မှာ တွေးမပူဖို့လိုပါသည် ✍️

အရှုံးနှင့်ရေရှည်သွားသည့်အလုပ် ဘယ်အလုပ်မှ
မလုပ်သင့်ပါ ✍️

ထိုအရှုံးကို တခြားအလုပ်ဖြင့် ပြန်ရှာရတာဖြစ်နိုင်
ပါသည် ✍️
လေးစားစွာဖြင့် မောင်မနော ✍️
🥰ယခုလည်း နောက်ထပ် ပြောင်းဖို့ အလုပ်
တစ်ခု စဉ်းစားထားပြီးပြီ 🙏🙏🙏

"အဆင်​ပြေတဲ့ တစ်နပ်စာနဲ့ အားတင်းနေဆဲ" ဆိုတဲ့ PDF ရဲဘော်လေးတစ်ဦး...
03/10/2022

"အဆင်​ပြေတဲ့ တစ်နပ်စာနဲ့ အားတင်းနေဆဲ" ဆိုတဲ့
PDF ရဲဘော်လေးတစ်ဦး...

လူတော်မဖြစ်ချင်ဘူးလူကောင်းပဲဖြစ်ချင်တယ်တော်ပြီးမှ မကောင်းတဲ့လူတွေမှကျွန်မတို့ နိုင်ငံမှာ အများကြီးပဲ😶Crd
02/10/2022

လူတော်မဖြစ်ချင်ဘူး
လူကောင်းပဲဖြစ်ချင်တယ်
တော်ပြီးမှ မကောင်းတဲ့လူတွေမှ
ကျွန်မတို့ နိုင်ငံမှာ အများကြီးပဲ😶
Crd

နိမိတ်ဆိုတာ ရှိတယ်လေနော် ဒီနေ့ကစပြီး ရွှေ၊ငွေ၊အိမ်၊ လိုတိုင်းတရကြပါစေ🙏တစ်ယောက်တည်း မရချင်ဘူးဒီပိုစ့်ကို မြင်တဲ့ သူ‌တွေနဲ...
01/10/2022

နိမိတ်ဆိုတာ ရှိတယ်လေနော်

ဒီနေ့ကစပြီး ရွှေ၊ငွေ၊အိမ်၊ လိုတိုင်းတရကြပါစေ🙏

တစ်ယောက်တည်း မရချင်ဘူး

ဒီပိုစ့်ကို မြင်တဲ့ သူ‌တွေနဲ့အတူတူရချင်တာ

ရွှေ ငွေ‌ ရတနာ ကား/တိုက်_အိမ်တွေအားလုံးဝင်ကြပါစေ🙏 ❤️❤️❤️

လိုချင်တာအကုန်ပြည့်ပါစေအကုန်ရပါစေ 🙏🙏🙏

ပဉ္စသင်္ဂါတင် မဟာလောကမာရဇိန်စေတီ‌ ကု သိုလ်တော်မြတ်စွာဘုရားအား နစက ဥက္ကဋ္ဌသွားရောက်ဖူးမြှော်နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီ...
30/09/2022

ပဉ္စသင်္ဂါတင် မဟာလောကမာရဇိန်စေတီ‌ ကု သိုလ်တော်မြတ်စွာဘုရားအား နစက ဥက္ကဋ္ဌသွားရောက်ဖူးမြှော်

နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာ ၂၉ ရက် ညနေပိုင်းက ပဉ္စသင်္ဂါတင် မဟာလောကမာရဇိန်စေတီ‌ ကုသိုလ်တော်မြတ်စွာဘုရားအား သွားရောက်ဖူးမြှော်ကြည်ညိုခဲ့သည်။

နစက ဥက္ကဋ္ဌမှ စေတီတော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော် မြတ်အား ပန်း၊ရေချမ်းနှင့်ဆီမီးများ ကပ်လှူပူဇော်ပြီးနောက် စေတီတော်ကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညိုခဲ့သည်။

ထို့နောက် စေတီတော်ကြီးနှင့်ကျောက်စာရုံများ၏ ပုံစံငယ်အသစ်ပြုလုပ်ထားမှု၊ရင်ပြင်တော်ကြမ်း ခင်း၊အဝင်စောင်းတန်းနှင့်ကျောက်ထက်အက္ခရာတင် ပြဿာဒ်ဆောင်ပတ်လမ်းများနေပူခံကျောက်ပြားခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့်ပြီးစီးမှုတို့အား ကြည့်ရှုစစ်ဆေးပြီး ဆောက် လုပ်ရေးလုပ်ငန်းများ သပ်ရပ်မှုရှိစေရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့ပြင် နစက ဥက္ကဋ္ဌသည် စေတီတော်ကြီးအတွက် ဘက်စုံအလှူတော်ငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Website တွင်ဖတ်ရန် >>

https://wp.me/paRxJm-myn

👉နေ့စဉ်သတင်းများကို Popular News Journal ရဲ့ Telegram နှင့် Twitter တို့ကို Follow & Subscribe လုပ်ထားပြီး ဖတ်ရှုနိုင်ပါပြီ….👈

✅ Popular Journal Telegram >>
https://t.me/popularjournal

✅ Popular News Twitter >>
https://twitter.com/popularnewsmm

တစ်ယောက်တစ်မျိုးစီ ဆိုးခဲ့တဲ့ ဒေါ်လေးမိုးနဲ့ တေဇာတို့ တူဝရီးကတော့ လိမ္မာနေပါပြီနော်
29/09/2022

တစ်ယောက်တစ်မျိုးစီ ဆိုးခဲ့တဲ့ ဒေါ်လေးမိုးနဲ့
တေဇာတို့ တူဝရီးကတော့ လိမ္မာနေပါပြီနော်

29/09/2022

ဘတ်ဈေး 78ဝန်းကျင်
ရွှေဈေး 26သိန်းဝန်းကျင်
ဒေါ်လာဈေး 2950ဝန်းကျင်
ဆင်းနေပါပြီ😍
Helloကုန်ဈေးနှုန်း 🤩👋
​ဆင်းလာခဲ့လို့ရပါပြီ🙄
Credit

မကြာခင် ကလေးအဖေဖြစ်တော့မယ်ဆိုတဲ့ ပရိတ်သတ်အချစ်တော် မင်းသားကြီးနေတိုး ❤️❤️😍
28/09/2022

မကြာခင် ကလေးအဖေဖြစ်တော့မယ်ဆိုတဲ့ ပရိတ်သတ်အချစ်တော် မင်းသားကြီးနေတိုး ❤️❤️😍

ပြင်ဦးလွင် တန်ဆောင်တိုင်မီးပုံးပွဲတော်ကိုမဟာအံ့ထူးကံသာ ဆုတောင်းပြည့် ဘုရားကြီး (ပြည်ချစ်ဘုရား) အနီး ကျင်းပမည်
27/09/2022

ပြင်ဦးလွင် တန်ဆောင်တိုင်မီးပုံးပွဲတော်ကိုမဟာအံ့ထူးကံသာ ဆုတောင်းပြည့် ဘုရားကြီး (ပြည်ချစ်ဘုရား) အနီး ကျင်းပမည်

ဂရုမစိုက်ပါဘူး ကိုယ့်ယုံကြည်ချက်နဲ့ကိုယ့်လမ်းကိုယ် လျှောက်တယ်အပြစ်ပြောတဲ့ လူတော့ရှိနေမှာပဲကိုယ့်ပတ်ဝန်းကျင်ကိုက အကောင်းဆ...
24/09/2022

ဂရုမစိုက်ပါဘူး ကိုယ့်ယုံကြည်ချက်နဲ့
ကိုယ့်လမ်းကိုယ် လျှောက်တယ်

အပြစ်ပြောတဲ့ လူတော့ရှိနေမှာပဲ

ကိုယ့်ပတ်ဝန်းကျင်ကိုက အကောင်းဆိုရင်
မြင်နိုင်တဲ့ မျက်လုံးတွေက ရှားတယ် !!

#ပုရစ်

Address


Website

Alerts

Be the first to know and let us send you an email when Myanmar News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share