Ko Zwe Gaming

  • Home
  • Ko Zwe Gaming

Ko Zwe Gaming Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ko Zwe Gaming, Gaming Video Creator, .

😥😥
05/03/2022

😥😥

AI Esports မှတရား၀င်ထုတ်ပြန်ချက်

အကြောင်းအရာ (၁)

Burmese Ghouls/Game Cast Network ကထုတ်ပြန်ကြေညာချက်နှင့်ပတ်သတ်၍ ယခုလိုထုတ်ပြန်ကြေညာလိုက်ပါတယ်။

"ထို့ပြင် ကစားသမားများ၏ တစ်ဦးချင်းလိုအပ်ချက်နှင့် တောင်းဆိုချက်များကြောင့် အဆိုပါဆုကြေးများထဲမှ ၄င်းတို့လိုအပ်သည့် ငွေပမာဏများကို ထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်"
အဆိုပါအချက်နှင့်ပတ်သက်၍ ကျွန်တော်တို့ ယနေ့ထပ်တိုင် မရရှိခဲ့သောဆုကြေးများမှာ

JUNE 2020 တွင်ပြီးဆုံးခဲ့သော MPL Season 4 PRIZE POOL (12000 USD)
JULY 2020 တွင်ပြီးဆုံးခဲ့သော MPLI Season 1 PRIZE POOL (12000 USD)
NOVEMBER 2020 တွင်ပြီးဆုံးခဲ့သော MPL Season 5 PRIZE POOL (13000 USD) / WEEKLY SALARY (USD 4080)
DECEMBER 2020 တွင်ပြီးဆုံးခဲ့သော MPLI Season 2 PRIZE POOL (9000 USD)
စုစုပေါင်း 50080 ယနေ့ USD ပေါက်စျေးဖြင့် (မြန်မာငွေ သိန်း ၈၉၀ ကျော်) ကိုတပြားတချပ်မှ ရရှိခဲ့ခြင်းမရှိပါ။

ကစားသမားတစ်ယောက်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံစရိတ်ကိုတောင်းခံခဲ့ရာ Burmese Ghouls/ GCN Organization မှဆုကြေးငွေများ အချိန်မှီ မပေးချေခဲ့သဖြင့် ကြိုတင် ချေးငွေ မြန်မာ‌ငွေကျပ် ၁၁၈ သိန်း(ကျွန်တော်တို့ရရန်အကြွေး၏ ၁၃ရာခိုင်နှုန်း)တိတိကိုသာ လက်ခံရရှိခဲ့ပါတယ်။

ကျွန်တော်တို့ အအောင်မြင်ဆုံး ကာလများ အထူးသဖြင့် ( M2 သွား‌‌ရောက်မယှဥ်ပြိုင်မှီ) ကာလများတွင် Burmese Ghouls ဖြင့်လက်တွဲခဲ့သော Sponsor Companies အကြီးနှစ်ခုမှ ရရှိခဲ့သောခံစားခွင့်များကိုလည်း စောဒက တက်ခဲ့ခြင်းမရှိဘဲ အသင်းအတွက်ကိုသာ နိုင်လိုစိတ်တခုတည်းဖြင့်မပြေလည်မှုများစွာများကြားထဲမှ သွား‌ရောက်ယှဥ်ပြိုင်ခဲ့ပါသည်။

Burmese Ghouls Page တွင်ရေးသားခဲ့သော အကြောင်းအရာတွင် "ယခုအခါတွင် ကစားသမားများအား ပေးရန်ကျန်ရှိငွေမှာလည်း ၄င်းတို့ရရှိမည့်ငွေ၏ ပမာဏအနည်းငယ်သာ ကျန်ရှိနေတာဖြစ်ပြီး အဆိုပါ ဆုကြေးများကိုလည်း လုပ်ထုံးလုပ်နည်းအတိုင်း ပေးချေနိုင်မည့် ကာလကို ကစားသမားများနှင့် ကြိုတင်အကြောင်းကြားသဘောတူပြီး ဖြစ်ပါတယ်။"
ဤအချက်သည်လုံး၀မမှန်ကန်ပါ။ ဆုကြေးပေးမည်ဟု သဘောတူညီခဲ့သော အကြိမ်မှာ ၁၀ကြိမ်ထက်မနည်း ၊ ကာလအားဖြင့် ၁နှစ်ခွဲခန့် ကြာမြင့်ခဲ့ပါသည်။

အကြောင်းအရာ(၂)

Mobile Legends:Bang Bang MYANMAR (GCN Organization) မှတာ၀န်ရှိသူများ၏ပြောကြားချက်များနှင့်ပတ်သတ်၍ ယခုလိုထုတ်ပြန်ကြေညာလိုက်ပါသည်။

Mobile Legends:Bang Bang Myanmar(GCN)page တွင်ရေးသားခဲ့သော"၂၀၂၁ ဒီဇင်ဘာလ ၂၆ ရက်နေ့မှစပြီး AI Esports သည် လောင်းကစား Organization နဲ့ အလုပ်လုပ်လိုကြောင်း နဲ့ ပတ်သက်ပြီး ၃ ကြိမ်ကျွန်တော်တို့စီ ဆက်သွယ်ခဲ့ပါတယ်။
ဒီလုပ်ရပ်က AI Esports သည် MLBB Professional League စည်းကမ်းချက်များနဲ့ ကိုက်ညီမှု မရှိသည့်အပြင် နောင်လာမည့် MLBB Tournament များတွင် ပါဝင်နိုင်ခြေကို ထိခိုက်မည်ဟု ကျွန်တော်တို့ ရှင်းပြခဲ့ပါသည်။"

ဤအချက်နဲ့ ပတ်သက်၍ မိမိတို့ဆက်သွယ်စဉ်က အသင်းလိုက် လောင်းကစား sponsor နဲ့ပတ်သတ်၍ တားမြစ်ခဲ့သော်လည်း ကစားသမားတစ်ဦးချင်း အလိုက် Sponsor ယူလို့ ရမရ အတိအကျ Guide Line ပေးထားခဲ့ခြင်းမရှိခဲ့ပါ။
ကစားသမားများ Streaming project ဖြင့်လက်မှတ်မထိုးခင် Mobile Legends Myanmar တာ၀န်ရှိသူများဖြင့်ဆက်သွယ်ခဲ့သော်လည်း လုံး၀အကြောင်းပြန်ချက်မရှိပဲ လျစ်လျူရှုထားခဲ့ပြီး
2022 March လ ၂ ရက်နေ့မှကျွန်တော်တို့ကို MSC Qualifier 9 ရက်နေ့စမည်ဟုအသိပေးကာ AI Esports က rule နှင့်မကိုက်ညီ၍ ပါဝင်ခွင့်မရပါကြောင်း ပြောခဲ့ပါသည်။

အခြားအသင်းများက ဤပြိုင်ပွဲအကြောင်းကို သိရှိခဲ့သော်လည်း ကျွန်တော်တို့AI Esports တစ်သင်းတည်းကိုသာ အသိမပေးဘဲထိန်ချန်ထားရစ်ခဲ့ပါတယ်။ ယခင်နှစ်ကဖြစ်ပေါ်ခဲ့သော
ဖြစ်စဥ်များကဲ့သို့ မိမိတို့ Boycott လုပ်ထားချိန်တွင် CLOUD CHASER ပွဲကို ၀င်ဆော့ရင် မည်သည့်ရလာဒ်ထွက်ထွက် M3 အား Direct Invite တစ်နေရာအားကျွန်တော်တို့ AI Esports အား ပေးမည်ဟူသော Moonton Regional Manager မှကတိက၀တ်ပြုခဲ့သော်လည်း ပြိုင်ပွဲပြီးဆုံးသွားချိန်တွင်ထပ်မံလျစ်လျူရှုခဲ့ပါတယ်။

Players များ Streaming Project ယူရခြင်းအကြောင်းအရင်းမှာ Organizer နှင့် Mobile Legends Myanmar မှရရှိရန်ရှိသော ဆုကြေးများမရရှိခဲ့၍ ဆက်လက်ရပ်တည်ရန်အလွန် ခက်ခဲကြောင်း ၊ အသင်းမှာ ဖျက်သိမ်းရန် အခြေအနေသို့‌ရောက်နေမည်ဖြစ်ကြောင်းအသနားခံတင်ပြခဲ့ပါတယ်။
သို့သော် မည်သည့်တစုံတရာမျှကူညီ ဆောင်ရွက်ခြင်းမျိူးမရှိဘဲ ထပ်မံလျစ်လျူရှုခဲ့ပါတယ်။

Mobile Legends:Bang Bang Myanmar(GCN)page တွင်ရေးသားခဲ့သော "ကစားသမားများအတွက် ကောင်းမွန်တဲ့ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးချင်တဲ့အပြင် MLBB Tournament များ ကို ကောင်းမွန်တဲ့ ဂုဏ်သတင်းသာ ရှိစေချင်တဲ့အတွက် Tournament များ ရဲ့ စည်းကမ်းချက်များကို လိုက်နာကြဖို့ တောင်းဆိုပါတယ်။"

မိမိတို့မှာသက်မှတ်ချက်များကိုလိုက်နာရာတွင် လောင်ကစား website နှင့် ပူးပေါင်းဆောင်ရွက်ချက်များအတွက် များစွာစဥ်းစားခဲ့ ပြီး အသင်း Main Sponsor ယူခဲ့ခြင်းမဟုတ်ပဲ ကစားသမားများရဲ့ Personal Page များတွင်သာ Streaming Project များလက်တွဲလုပ်ဆောင်ခဲ့ချင်းဖြစ်သည်။အဘယ့်ကြောင့်ဆိုသော် Organization wide Betting website GG.Bet နှင့် Sponsor ယူခဲံ့သော၊ လက်ရှိလည်း ယူနေဆဲဖြစ်သော နာမည်ကြီး Natus Vincere Team သည် Montoon မှပြုလုပ်သော အထင်ကရ
ပြိုင်ပွဲဖြစ်သည့် (Mobile Legend World Championship M3) ကို၀င်‌ရောက်ယှဥ်ပြိုင်ခြင်းအားကြည့်ရှု၍ အသင်းလိုက်SPONSOR မယူခဲ့ပဲ Player များနှင့် Project လုပ်ခြင်းကို ခွင့်ပြုနိုင်မည်ယူဆ၍ လက်မှတ်ထိုးခဲ့ပါသည်။
သို့ရာတွင် Moonton Myanmar မှ ယခုထုတ်ပြန်ချက်အရ စည်းမျဥ်းစည်းကမ်းချက်များသည်၊ ကမ္ဘာသိအသင်းအတွက်တစ်မျိုး မြန်မာမှ ကျွန်တော်တို့ AI Esports အတွက်တစ်မျိုးများဖြစ်နေပြီလားဟု ၀မ်းနည်းဖွယ်ရာတွေ့ရှိနေရပါတယ်။

ကျွန်တော်တို့တင်ပြခဲ့သော အချက်အလက်မှန်ကန်မှုများနဲ့ ပတ်သက်ပြီး AI Esports အသင်းရဲ့ ဂုဏ်သိက္ခာ နှင့် အာမခံပါသည်။ Burmese Ghouls (GCN) နှင့် Moonton (GCN) တို့ထုတ်ပြန်ကြေညာချက်မှာပါ၀င်သောအချို့မှားယွင်းအချက်အလက်များကို ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာနဲ့ ပရိတ်သတ်တို့၏ အထင်အမြင်များကို များစွာထိခိုက်မှာယွင်း
စေသောကြောင့်မှန်ကန်စွာပြန်လည်ဖြေရှင်းပေးရန်တာ၀န်ရှိသူများအားအသိပေးအပ်ပါတယ်။ အဖြစ်အပျက်များမရှင်းလင်းခင် Moonton Myanmar ၏ Official Organizer GCN ကို ဆက်လက်ယုံကြည်မှု တည်ဆောက်ရန်ခက်ခဲသောကြောင့် ၄င်းတို့ဦးစီးနေသမျှကာလ ပတ်လုံး ရှေ့ဆက်ပြိုင်ပွဲများတွင် ၀င်ရောက်ယှဥ်ပြိုင်ရန် လွန်စွာစဥ်းစားရမည်ဖြစ်ပါတယ်။

MSC ပြိုင်ပွဲနှင့်ပတ်သတ်၍ ပါ၀င်ယှဥ်ပြိုင်သော မြန်မာကိုယ်စားပြု ညီအကိုအသင်းများအားလုံးကို အားပေးသွားမည်ဖြစ်ပြီးနိုင်ငံတကာတွင်ပြိုင်ပွဲများအနိုင်ရရှိစေရန်ဆုမွန်ကောင်းတောင်းပေးအပ်ပါကြောင်း အသိပေးလိုက်ရပါတယ် .

Official Clarification Letter from AI Esports
Section (1)
We published this statement in relation to the announcement from the Burmese Ghouls / Game Cast Network.
Burmese Ghouls Official Statement said that we have already given out the amount of money from the said prize pool due to the requirement and request of each player.
The total amount of prize pool that we haven’t received so far until today are:
MPL Season 4 PRIZE POOL (12000 USD), Finished in June 2020.
MPLI Season 1 PRIZE POOL (12000 USD), Finished in July 2020.
MPL S5 PRIZE POOL (13000 USD) / WEEKLY SALARY (USD 4080), Finished in November 2020.
MPLI Season 2 PRIZE POOL (9000 USD), Finished in December 2020 .
The total amount is (50,080 USD), (89,000,000 MMK) in estimated value.
We requested the hospital fees due to the surgery of one of our players, but Burmese Ghouls / GCN Organization only gave us 11,800,000 MMK as a loan due to the result of Burmese Ghouls / GCN Organization failing to give us all the prize pool. The loan they give us is only 13% of what they have owed to us for more than 2 years.
During our peak time (before and during M2 World Championships), We didn’t issue a single complaint about the benefits that the organization received from the two big sponsor companies. We got into M2 World Champions with only the winning spirit though there are too many financial difficulties.
Burmese Ghouls Official Statement said that at this moment, there are only a few amounts of prizes pool are left, and we have also notified and agreed with the players about the payment date.
We completely deny this fact as they have moved the agreed time more than 10 times in the period of one and a half years.
Section (2)
According to the statements of the officials of Mobile Legends: Bang Bang MYANMAR (GCN Organization), we would like to clarify as follows.
Mobile Legends: Bang Bang Myanmar (GCN) Page has stated that “Since December 26, 2021, AI Esports has approached us on three separate occasions, expressing their intention of partnering with a betting organization. And in accordance with the rules of the tournament, we have made it clear to AI Esports that such actions are against the rules of the MLBB professional league and would affect their eligibility for subsequent MLBB tournaments.”
For this point, Moonton did show red flag about taking betting sponsor as a team sponsor but we have not receive the proper guideline about taking those as personal streaming partners. Before signing the contracts, we tried to contact officials of Mobile Legends: Bang Bang Myanmar for so many times but all we got was the neglection.
On March 2nd, we were informed that MSC Myanmar Qualifier is starting on March 9th and AI Esports is banned according to their rules and regulations.
Other competing teams were informed properly about this tournament but just our AI Esports was the only one left uninformed. It is the same as what was happened during last year. During the time when we and the whole community are boycotting the game, Moonton’s Regional Manager promise us that they will give us one direct invite slot for M3 World Championship if we agree to compete in “Cloud Chaser” tournament. As we all know about M3, what we got was the neglection.
The reason why our players are going to take personal streaming collaboration is due to the situation of we are going to have to disband soon due to all the prize pool still haven’t received from Moonton’s official organizer / agency GCN.
We pleaded to Moonton but, same as again, all we got was neglection.
Mobile Legends: Bang Bang Myanmar (GCN) Page has also stated that “We hereby call on all teams to strictly abide by the rules for the further standardization and healthy development of MLBB tournaments as respect for rules and fairness is the value we have always advocated.”
We also did make so many considerations about taking gambling website as the sponsorship and our players only accepted as the personal streaming partnership on their own personal pages. The reason why we let our players accept this is that we saw the example of worldwide well known Esports Organization, Natus Vincere. NaVi has taken team sponsorship and still taking sponsorship from GG.Bet, the global betting website but they are allowed to participate in Moonton’s biggest stage of M3 World Championship.
We strongly guarantee truthfulness about all the facts and the pride of our organization. We sincerely request the officials of Moonton to control of some of the false facts inside the statements made by Burmese Ghouls/GCN & Mobile Legends: Bang Bang Myanmar/GCN Pages which leads to the toll of the pride of our team and misleading opinions among our fans and community.
Before everything is settled and cleared, we will have to think twice about all the tournaments in the future that are going to be hosted by Moonton Myanmar Official Organizer / Agency GCN due to all these misconducts.
For the upcoming MSC, we will be supporting to all our Myanmar brother teams and we heartfelt wish everyone representing Myanmar to achieve international successes.

16/09/2021

YG Vs EXC

01/09/2021

Hello

06/06/2021

Hi

02/02/2021

Nice kyaw gyi 😂😂😂

02/02/2021

De De😘😘

02/02/2021
02/02/2021
31/01/2021
26/01/2021
24/01/2021

This is BG 🇲🇲❤️❤️❤️🥰🥰🥰

23/01/2021

🇲🇲BG Vs RRQ🇵🇱

22/01/2021
18/01/2021

Myanmar🇲🇲 Vs Russia🇳🇱

23/12/2020

Address


Website

Alerts

Be the first to know and let us send you an email when Ko Zwe Gaming posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share