Depeyin News

Depeyin News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Depeyin News, Media/News Company, .

17/10/2023

သက်သာတဲ့ပလန်လိုချင်
လာလျှောက်လိုက်ပါ

17/10/2023

ကိုဟိန်း
📱 09 44444 969 0
📱 09 777 999 386

မုံရွာမှာ ကျခဲ့လို့ပါတဲ့တွေ့ရှိပါက ဆက်သွယ်ပေးပါရန်09966380018
04/02/2022

မုံရွာမှာ ကျခဲ့လို့ပါတဲ့
တွေ့ရှိပါက ဆက်သွယ်ပေးပါရန်
09966380018

22/07/2021
13/07/2021
အောက်စီဂျင် အမြန်ပြန်တက်နည်း (လက်တွေ့ပါ ခင်ဗျာ)အောက်စီဂျင် 90 အထိ ကျသွားချိန် အိုးလည်း ဘယ်လိုမှ မရခဲ့ချိန်၁။ ကြက်ဥ အစိမ်...
13/07/2021

အောက်စီဂျင် အမြန်ပြန်တက်နည်း (လက်တွေ့ပါ ခင်ဗျာ)

အောက်စီဂျင် 90 အထိ ကျသွားချိန် အိုးလည်း ဘယ်လိုမှ မရခဲ့ချိန်

၁။ ကြက်ဥ အစိမ်း ၁ လုံးကို အကာ အနှစ်ဖောက်ထည့်ပါ ဆား အနည်းငယ် သကြား ၁ ဇွန်း သံပုရာသီး ၁ လုံး ညှစ်ထည့်ပြီး မွှေပါ ပြီးရင် ရေနွေးအနည်းငယ်ပါ ထပ်ထည့်ပြီး ရောမွေပါ အမြုတ်ထသည်အထိ မွှေပြီးသောက်လိုက်တာ 90 မှ 94 အထိ တက်ပါတယ်

၂။ ဂွေးတောက်ရွက်နဲ့ ပင်စိမ်းရွက်ကို ရေနွေးနဲ့ပြုတ်ပြီး အငွေ့ကိုရှုပေးပါ
94 မှ 97 အထိ ပြန်တက်လာပါတယ်

လက်တွေ့လည်း တက်လာပါတယ်
Credit

ကဲ လာပီလေ
13/07/2021

ကဲ လာပီလေ



Positive လူနာ (၁၆)ဦး ထပ်မံတွေ့
///////////////////////////////////////////////

ယနေ့ ၂၀၂၁ခုစ် ဇူလိုင်လ၁၃ရက်နေ့တွင် ဒီပဲယင်းမြို့နယ်ပြည်သူ့ဆေးရုံ၌ ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူ(၄)ဦးနှင့် အနံမရခြင်း၊ နေမကောင်းခြင်းစသည့် လက္ခဏာများ ဖြစ်ပေါ်နေခြင်းကြောင့် လာရောက်ပြသ သူ(၂၆)ဦး စုစုပေါင်း (၃၀)ဦးအား COVID-19 ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့်စစ်ဆေး ခဲ့ရာ
ဖော်ပြပါ(၁၆)ဦး၌ COVID-19 ရောဂါပိုး(Positive)တွေ့ရှိခဲ့ရသဖြင့် ဒီပဲယင်း မြို့နယ် ပြည်သူ့ဆေးရုံ Isolation Ward တွင် အနီးကပ်ကြပ်မတ်ကုသလျှက်ရှိပါသည်။
ပိုးတွေ့စာရင်း
၁ / ကြည်ကျေးရွာအုပ်စု၊ ကြည်ကျေးရွာမှ (၂)ဦး
၂ / စိုင်ပြင်မြို့၊ အမှတ်(၅)ရပ်ကွက်မှ (၃)ဦး
၃/ ရွာရှည်ကျေးရွာအုပ်စု၊ ရွာရှည်ကျေးရွာမှ (၁)ဦး
၄ / ခွန်တောင်းကျေးရွာအုပ်စု၊ ပင်စည်ကျေးရွာမှ (၁)ဦး
၅ / ဒီပဲယင်းမြို့၊ ဒီပဲယင်းရပ်ကွက်မှ (၂)ဦး
၆ / ဆူးတပ်ကျေးရွာအုပ်စု၊ ဆူးတပ်ကျေးရွာမှ (၇)ဦး
(၁၀.၇.၂၀၂၁)ရက်နေ့မှ ယနေ့အထိ COVID_19 ပိုးတွေ့ (Positive)လူနာ
(၂၃)ဦးရှိပြီဖြစ်ပါသည်။

Tabayin Township Complain Center




///////////////////////////////////////////////

ပိုးတွေ့စာရင်း
၎ / ခွန်တောင်းကျေးရွာအုပ်စု၊ ပင်စည်ကျေးရွာမှ (၁)ဦး
၆ / ဆူးတပ်ကျေးရွာအုပ်စုဠ၊ ဆူးတပ်ကျေးရွာမှ (၇)ဦး
(၂၃)ဦးရှိပြီဖြစ်ပါသည်။


5.10မိနစ်  လိုက်ဟစ်နေပါပီ ဖြစ်နိုင်ရင် အပြင်မထွက်ကြရန်။အပြင်သွားလှျင်လဲ Mark တပ်ရန်။12.7.2021 ထိ Covit 19 လူနာ၇ ဦးရှိပီဖ...
12/07/2021

5.10မိနစ် လိုက်ဟစ်နေပါပီ ဖြစ်နိုင်ရင် အပြင်မထွက်ကြရန်။အပြင်သွားလှျင်လဲ Mark တပ်ရန်။12.7.2021 ထိ Covit 19 လူနာ၇ ဦးရှိပီဖြစ်ကြောင်း။

ထပ်တိုး
11/07/2021

ထပ်တိုး

(၁၀.၇.၂၀၂၁)ရက်နေ့တွင် COVID-19ရောဂါပိုး Postive တွေ့ရှိခဲ့သူနှင့်ထိတွေ့ခဲ့သည့် ဆူးတပ်ကျေးရွာမှ ၎င်း၏မိသားစုဝင်(၈ )ဦး၊အိမ်နီးချင်းမိသားစုမှအနံ့ပျောက်သူ(၁)ဦးနှင့်ယာဥ်မောင်း(၁)ဦးစုစုပေါင်း(၁၀)ဦးတို့အား (၁၁.၇.၂၀၂၁)ရက်နေ့၌ မြို့နယ်ပြည့်သူ့ဆေးရုံတွင် မြို့နယ်ဆရာဝန်ကြီးမှ RDT Test Kit ဖြင့် စစ်ဆေးပေးခဲ့ရာ COVID -19 ရောဂါပိုး Positive (၆)ဦး ထပ်မံတွေ့ရှိခဲ့သ​ဖြင့် အဆိုပါပိုးတွေ့ရှိသူများအား ပြည်သူ့ဆေးရုံ Isolation Ward တွင် ထားရှိ၍ ဆေးကုသမှုခံယူလျှက်ရှိပါသည်။ စုစုပေါင်း positive (၇) ဦးရှိပြီ ဖြစ်ပါသည်။
#ဒီပဲယင်းမြို့နယ် အတွင်းနေထိုင်ကြသူမိဘပြည်သူများအနေဖြင့်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID -19 ရောဂါကာကွယ်ရေးနည်းလမ်းများအား တိကျစွာလိုက်နာကြပါရန်အသိပေးမေတ္တာရပ်ခံအပ်ပါသည်။

GAD-TBY

 အမေရိကန်ပြည် ထောင်စု၊ ရောဂါကူးစက်မှုကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဗဟိုဌာန (CDC)မှထုတ်ပြန်ထား သည်ဆိုသောအချက် အလက်များကိုဘာသ...
11/07/2021


အမေရိကန်ပြည် ထောင်စု၊ ရောဂါကူးစက်မှုကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဗဟိုဌာန (CDC)မှထုတ်ပြန်ထား သည်ဆိုသောအချက် အလက်များကိုဘာသာ ပြန်မျှဝေပေးခြင်းသာဖြစ်ပါသည်

ကရိုနာဗိုင်းရပ်စ်ကူးစက်မှုနှင့်စပ်လျဉ်း၍ သိပ္ပံနည်းကျတွေ့ရှိ ထားသောအထောက် အထားများ။

၁။ မျက်နှာပြင်များမှကူးစက်မှုအန္တရာယ်
အလွန်နည်းသည်။

၂ ။ ပြင်ပပါတ်ဝန်းကျင်တွင်သွားလာ
လှုပ်ရှားမှုများမှကူးစက်နိုင်မှု အန္တရာယ်
အလွန်နည်းသည်။
(အောက်တွင်ရှင်းပြထားပါသည်)။

၃။ ရုံးခန်း၊ဘာသာရေးဝတ်ပြုရာနေရာ၊ရုပ်ရှင်ရုံ၊အားကစားခန်းမ (Gym) သို့မဟုတ် ကပွဲ ရုံကဲ့သို့သောအလုံပိတ်ပါတ်ဝန်းကျင်တွင်စုဝေးမှုမျိုးမှ ကူးစက်နိုင်မှု အန္တရာယ်အလွန်များ သည်။

ဤအထောက်အထားများကိုအချိန်ကာလအတော်ကြာကြာကပင်တွေ့ရှိထားပြီးဖြစ်သည့်အတွက်၊လက်ရှိဖြစ်ပေါ်နေသည့်ရောဂါကူးစက်မှု အခြေအနေကိုအကောင်းဆုံးစီမံခန့်ခွဲနိုင်ရန်ဤအချက်များ ကိုထည့်သွင်းစဉ်းစားကျင့်သုံးရန်လိုသည်။

မျက်နှာပြင်မှကူးစက်နိုင်သည်ဟူသောစိုးရိမ်လွန်ကဲမှုများကို လျှော့ချပြီး၊ ရုံးပြန်တက်ရန်ဆန္ဒမစောကြသင့်ပေ။

မေးခွန်း - မည်သို့သောပုဂ္ဂိုလ်မျိုး ကရိုနာဗိုင်းရပ်စ်ကူးစက်ခံရဖွယ်ရှိသနည်း။

မေးခွန်း -
မည်သို့သောအခြေအနေမျိုးတွင်
ကူးစက်ခံရမည်နည်း။

လူတယောက်ထံရောဂါ ပိုးအမှန်တကယ် ကူးစက်နိုင်ရန် - ဗိုင်းရပ်စ်ပိုးအရည်အတွက် 1000 Viral
Particles (vp) လိုအပ်ပါသည်။

ပုံမှန် သဘာဝပါတ်ဝန်းကျင်တွင်အောက် ပါအပြုအမူများ၌ ဗိုင်းရပ်စ်ပိုးပါဝင်မှုအရည်အတွက်မှာ
> အသက်ရှူခြင်း - 20 vp/minute
> စကားပြောခြင်း - 200 vp/minute
> ချောင်းဆိုးခြင်း - 200 million vp/minute
(လေဝင်လေထွက်မကောင်းသည့်ပါတ်ဝန်းကျင်တွင် ဗိုင်းရပ်စ် ပိုးများလေထဲတွင်နာရီပေါင်းများစွာအသက် ရှင်ကျန်ရစ်နေနိုင်သည်)
> နှာချေခြင်း - 200 million vp/minute.

တွက်ချက်နည်း (Formula)

အမှန်တကယ်ရောဂါကူးစက်ခံနိုင်ရန် = ဗိုင်းရပ်စ်
ပိုးနှင့်ထိတွေ့မှု x အချိန်ကာလ

အခြေအနေပါတ်ဝန်းကျင် (Scenarios)

၁။ လူတယောက်နှင့် ၆ ပေအကွာအဝေးအတွင်း
အတူနေပြီး ၄၅ မိနစ်ထက်မကြာပါကရောဂါ ကူးစက်ခံရမှု အန္တရာယ်အလွန်နည်းသည်။

၂။ လူတယောက်နှင့်တယောက် (မျက်နှာဖုံးစွပ်
လျက်)မျက်နှာခြင်းဆိုင်စကားပြောမှု ၄ မိနစ်ထက်မပိုခဲ့လျင် ရောဂါ ကူးစက်မှုအန္တရာယ်အလွန်နည်းသည်။

၃။ လူတယောက်နှင့်တယောက်လမ်းလျှောက်ရင်းပြေးရင်း၊ စက်ဘီးစီးရင်းဖြတ်သွားဖြတ် လာတွေ့မှုမှရောဂါ ကူးစက် မှုအန္တရာယ်အလွန်နည်းသည်။

၄။ လေဝင်လေထွက်ကောင်းသည့်နေရာမျိုးတွင်လိုအပ်သည့် အကွာအဝေးအတိုင်း၊အချိန်ကာလအတိုင်းအတာ တခုအတွင်းတွေ့ထိနေထိုင်လျှင်ရောဂါကူးစက်မှုအန္တရာယ်အလွန်နည်းသည်။

၅။ စျေးဝယ်ထွက်ခြင်းသည်ရောဂါကူးစ က်နိုင်မှုအန္တရာယ်အလယ် အလတ်ရှိသော်လည်းစျေးဝယ်ချိန်ကို ကန့်သတ်ပြီး၊ကျန်းမာရေးနဲ့ညီညွတ်အောင်နေပါ က၊အန္တရာယ်ကိုလျော့ကျစေနိုင်သည်။

၆။ အလုံပိတ်အခန်းသည်ရောဂါကူးစက်နိုင်မှုအန္တရာယ်အလွန်များသည့်နေရာဖြစ်သည်။

၇။ အများသုံးအိမ်သာ/ဘုံစုဝေးရာနေရာများ သည်၊ အဝတ်အစား၊အိုးခွက်ပုဂံ၊ပရိဘောဂစသည့်မျက်နှာပြင်များမှရောဂါကူးစက်နိုင်သည့်အန္တရာယ်အလွန်များသည့်နေရာများဖြစ်သည်။

၈။ စားသောက်ဆိုင်များ သည်လည်းရောဂါကူးစက်နိုင်မှုအန္တရာယ်အလွန်များသည်နေရာများဖြစ်သည်။မျက်နှာ ပြင်များနှင့်ထိတွေ့မှုလျှော့ချရန်သတိရှိပါကကူးစက်မှုအန္တရာယ်လည်းလျော့ကျသွားနိုင် သည်။

၉။ လုပ်ငန်းခွင်နှင့်စာ သင်ခန်းများသည်၊သတ် မှတ်ထားသည့်အကွာအဝေးအတိုင်းနေထိုင်သည့်တိုင်ရောဂါကူးစက်နိုင်မှုအန္တရာယ်အလွန်များသည့်နေရာများဖြစ်သည်၊အထူးသဖြင့်တွေ့ထိသည့်မျက်နှာပြင် မှကူးစက်နိုင်သည့်အန္တရာယ်အလွန်များသည်။

၁၀။ ပါတီပွဲ၊မင်္ဂလာ ဆောင်စသည်အခမ်း အနားများသည်၊ရောဂါ ကူးစက်နိုင်မှုအန္တရာယ် အလွန်များသည့်နေရာများဖြစ်သည်။

၁၁။ စီးပွားရေးလုပ်ငန်းကွန်ယက်များ၊ညီလာခံ
များသည်လည်းရောဂါ ကူးစက်နိုင်မှုအန္တရာယ်
အလွန်များသည့်နေရာများဖြစ်သည်။

၁၂။ အားကစားကွင်းကဲ့သို့လူစုဝေးသည့်နေရာ၊ ကဇါတ်ရုံ၊ရုပ်ရှင်ရုံစသည်တို့သည်လည်း၊ရောဂါကူးစက်နိုင်မှုအန္တရာယ် အလွန်များသည့်နေရာများဖြစ်သည်။

အန္တရာယ်ရှိမှုကိုချိန်ဆခြင်း

ရောဂါကူးစက်နိုင်သည့်အန္တရာယ်အနည်းအများ
ကိုချိန်ဆတွက်ချက်သည့်အခါအောက်ပါအချက်များကိုနှိုင်းယှဉ်ကြည့်ရန်လိုသည်။

- အခန်းတွင်း နှင့် ပြင်ပ၊
- ကျဉ်းမြောင်းသည့်နေရာ နှင့် လေဝင်လေထွက်ကောင်းသည့်နေရာ၊
- လူသူထူထပ်မှု နှင့် လူဦးရေနည်းပါးမှု၊
- အချိန်ကြာကြာနေခြင်း နှင့် ခေတ္တခဏသာနေခြင်း၊

ပထမအခြေအနေများသည် ရောဂါ
ကူးစက်မှု အန္တရာယ်ကိုပိုများစေသည်။

တစ်နိုင်ငံလုံး ကျောင်းတွေ မနက်ဖြန်က စပြီး ယာယီ ပိတ်မယ်ကိုဗစ် ကူးစက်မှု များပြားလာတဲ့ အတွက် မြန်မာနိုင်ငံ တစ်ဝန်းလုံးက အခ...
08/07/2021

တစ်နိုင်ငံလုံး ကျောင်းတွေ မနက်ဖြန်က စပြီး ယာယီ ပိတ်မယ်

ကိုဗစ် ကူးစက်မှု များပြားလာတဲ့ အတွက် မြန်မာနိုင်ငံ တစ်ဝန်းလုံးက အခြေခံပညာကျောင်းအားလုံးကို မနက်ဖြန်က စပြီး သီတင်းနှစ်ပတ်ခန့် ယာယီ ပိတ်မယ်လို့ ကိုဗစ် ထိန်းချုပ်ကုသရေး ဗဟို ကော်မတီက ဒီကနေ့ရက်စွဲနဲ့ ကြေညာပါတယ်။

ကျောင်းတွေကို မနက်ဖြန် ဇူလိုင် ၉ ရက်ကနေစပြီး ၂၃ ရက် အထိ ယာယီ ပိတ်ထားဖို့ အဲဒီ ကြေညာချက်မှာ ပါပါတယ်။

ပုဂ္ဂလိကကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်ကျောင်းတွေ အပါအဝင် အခြေခံပညာကျောင်းအားလုံး ပိတ်ထားဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းအပါအဝင် နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှု

https://www.bbc.com/burmese/live/burma-57652919

အမျိုးသမီးဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရွှေထည်ပစ္စည်းတချို့ ပါသွားတယ်လို့ ရွှေနန်းတော်ရွှေဆိုင.....

08.00နာရီမှ17.00 နာရီထိမီးပျက်မည်။
07/07/2021

08.00နာရီမှ17.00 နာရီထိ
မီးပျက်မည်။

မနက်ဖြန် ဓာတ်အားပိတ်မည်တဲ့နော်။
23/06/2021

မနက်ဖြန် ဓာတ်အားပိတ်မည်တဲ့နော်။

History of Dr.SaSaဒေါက်တာဆာဆာဖြစ်လာမည့် တစ်နှစ်မှ တစ်ခါသာ ရေချိုးဖူးတဲ့ လိုင်းလင်းပီရွာက ကလေးလေးကိုဒေါက်တာဖြစ်မည်လို့ သူ...
24/02/2021

History of Dr.SaSa

ဒေါက်တာဆာဆာဖြစ်လာမည့်
တစ်နှစ်မှ တစ်ခါသာ ရေချိုးဖူးတဲ့
လိုင်းလင်းပီရွာက ကလေးလေးကိုဒေါက်တာဖြစ်မည်လို့ သူ့အဖေက ပြောတုန်းက ရွာကလူတွေက သူ့ကိုအရူးလို့ ထင်ပြီး ဝိုင်းကြည့်ဖူးတယ်။ ရုပ်ဝတ္ထုတွေကြည့်ပြီး ဆုံးဖြတ်လို့ မရဘူး။ ဒေသတစ်ခုမှာ ပညာတတ်တွေရှိလား။ ရှိရင် အဲဒီနေရာရဲ့ အနာဂါတ်ကို သွားပြီး ဟောကိန်းမထုတ်လေနဲ့။ ဘာမဆို ဖြစ်သွားနိုင်တယ်။ ဒေါက်တာဆာဆာ လေသံအတိုင်း ယူပြောရရင်
“The greatest gift we can give to the younger generation is education. They will be able to do so many things. Just watch – we will change their story.”

ဒေါက်တာဆာဆာကို မိုးရွာတဲ့နေ့တစ်နေ့ရဲ့ မနက်ခင်းမှာ မွေးတယ်။ မွေးနံ မွေးရက် မွေးသက္ကရာဇ် ဘာမှ မသိဘူး။ သူ့အမေက စာတစ်လုံးမှ မတတ်ဘူး။ သူ့အဖေကတော့ ပထမတန်းကို ဒစ်စတင့် အက်ကျူကေးရှင်းနှင့် အောင်တယ်တဲ့။ 😂
သားဖွားဆရာမလည်း မရှိဘူး။ စာသင်ကျောင်းလည်း မရှိဘူး။ ဒါကြောင့် ဒေါက်တာဆာဆာရဲ့ မွေးသက္ကရာဇ်အတိအကျကို ဘယ်သူမှ မသိဘူးတဲ့။ မိုးရွာနေတဲ့ မနက်ခင်းဟာ ဒေါက်တာဆာဆာရဲ့ မွေးနေ့ပဲ။
(မီးဖိုချောင်ထဲမှာ သူအမေကိုယ်တိုင်မွေးရတယ်တဲ့.. အဲ့ဒါကြောင့် ဆေးကျောင်းတက်လို့ ကိုယ်ရေးရာဇာဝင်ဖြည့်တဲ့အချိန်မှာ ကျောင်းက သူ့ကို အယုံအကြည်မရှိဘူး)

အသက် ၁၃နှစ်အရွယ် သူ့ရွာမှာ စာဆက်သင်ဖို့ကျောင်းမရှိတော့တာရော၊ လက်နက်ကိုင်တွေကသောင်းကျန်း၊ စာဆက်သင်ဦးမယ်ဆိုပြီး လိုင်လင်းပီရွာကနေ ရန်ကုန်ကို စွန့်စွန့်စားစား တက်လာတယ်။ အဝတ်တထည် ကိုယ်တစ်ခု။ ရန်ကုန်ရွှေမြို့တော်ကြီးကို ပညာသင်သွားတော့မှာ ဆိုတော့ ရွာကလူတွေက ကြက်တွေ လက်ဆောင်ပေးကြတယ်။ ကြက်တွဲကြီးကို ဝါးလုံးနှင့် လျှိုထမ်းပြီး ရန်ကုန်တက်လာတယ်။ ခြေလျင်။ လမ်းမှာ ရက်ပေါင်းနှစ်ဆယ်ကြာတယ်။ ကျောင်းစရိတ်အတွက် ကြက်တစ်အုပ်လည်း လမ်းခရီးမှာတင် ကုန်ပြီ။

တစ်နှစ်မှ တစ်ခါသာ ရေချိုးဖူးသူ။ ဆံပင်ကလည်း အရှည်ကြီး။ ခေါင်းမှာလည်း သန်းတွေချည်း။ မြန်မာစကားကလည်း တစ်လုံးမှ မတတ်။ ရန်ကုန်ရောက်တော့ လိုင်းကားသမားက သူခိုးကြမ်းပိုးထင်ပြီး ကန်ချထားခဲ့တယ်။

ကြုံရာကျပန်း အလုပ်မျိုးစုံလုပ်ရင်းနဲ့ပဲ ၁၉၉၇ခုနှစ်မှာ ဆယ်တန်းအောင်တယ်။ ဘွဲ့လေးတစ်ခုတော့ ယူလိုက်မယ် စိတ်ကူးပေမယ့် အဲဒီအချိန်မှာ တက္ကသိုလ်တွေက ပိတ်ထားတဲ့အချိန်နဲ့တိုက်ဆိုင်နေလို့ လိုင်းလင်းပီရွာကို ပြန်တယ်။

ရန်ကုန်ပြန် ခေတ်ပညာတတ်ကြီးဆိုတော့ ရွာကလူတွေက စာသင်ခိုင်းတယ်။ လိုင်းလင်းပီမှာ လုပ်အားပေးဆရာအဖြစ် နှစ်နှစ် စာသင်ပေးတယ်။ ရွာမှာနေထိုင်ရင်း ဘာတွေ့ရလဲဆိုတော့ ရွာကလူတွေ အကြောင်းအမျိုးမျိုးနဲ့ အလွယ်တကူ သေဆုံးနေကြရတာကို သူသတိထားမိလာတယ်.. ။ သူ စာသင်ပေးနေတဲ့ ကလေးငယ် သုံးယောက် ဝမ်းလျှော၊ ဝမ်းပျက်ရောဂါနဲ့ သေဆုံးသွားခဲ့တော့ သူနာကျင်တတ်လာတယ်.. သူ့ဆွေမျိုးတစ်ယောက် ကိုယ်ဝန်ဆောင်ရင်း သေဆုံးရတဲ့နောက်မှာတော့... ဒီဒေသမှာ ဆရာဝန်လိုအပ်နေပြီဆိုတာကို သူသဘောပေါက်လာတယ်... အစိုးရရဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရှိတာ၊ ရွာသူရွာသားတွေ ကျန်းမာရေးဗဟုသုတမရှိတာကို စဉ်းစားမိပြီး ကိုယ်တိုင်ပဲ ဆေးပညာကိုလေ့လာသင်ယူဖြန့်ဝေမယ်ဆိုတဲ့ဆုံးဖြတ်ချက်ချလိုက်တယ်..

၁၉၉၉မှာ ရွာကသူတွေက စုပေါင်းပြီး အိန္ဒိယကို အောက်လမ်းက ပို့လိုက်ကြတယ်။ ရွာကပေးလိုက်တဲ့ ကြက်မတစ်အုပ်ကြီး ထမ်းပြီး အိန္ဒိယထဲ ကူးသွားတယ်။ ရဲတွေက ကြက်သူခိုးဆိုပြီး ကြက်တွေကို ရိုက်သတ်ချက်စားပြီး လူကိုတော့ အချုပ်ထဲ ထည့်လိုက်တယ်။ အေးတာပဲ။
နောက်ဆုံး ဒေလီကို ရောက်လာတယ်။ ကောလိပ်တက်ဖို့ သွားလျှောက်တယ်။ အနောက်တိုင်းဝတ်စုံနှင့်မှ ကျောင်းထဲ ဝင်ခွင့်ပြုမယ်ဆိုလို့ ဘောင်းဘီတစ်ထည်ပြေးဝယ်တယ်။ ပိုက်ဆံမတတ်နိုင်တော့ ဈေးအပေါဆုံးဘောင်းဘီဝယ်လာတယ်... အင်္ကျီကသူငယ်ချင်းဆီကယူဝတ်တာ မတော်တော့ နည်းနည်းကျပ်နေတယ်..။ ဝယ်လာတဲ့ဘောင်းဘီက မိန်းကလေးတွေဝတ်တာဖြစ်ပြီး ကျပ်ထုတ်နေတဲ့အင်္ကျီနဲ့ဆိုတော့ ကျောင်းအုပ်က မိန်းမလျှာထင်ပြီး ငြင်းလွှတ်လိုက်သတဲ့။ ကျားကျားယားယား ဥပဓိကောင်းတဲ့ ချင်းကြီးဆာဆာရဲ့အဖြစ်က..အဲ့လို

ကောလိပ်ကျောင်းပေါင်း ၃၃ ကျောင်းကို လျှောက်ပေမယ့် မရခဲ့ဘူး။ နောက်ဆုံးတော့ ကောလိပ်တစ်ခုမှာ ဝင်ခွင့်ရခဲ့ပြီး။ ပြီးဆုံးတော့ ဆေးကျောင်းလျှောက်ဖို့ အမှတ်မှီခဲ့တယ်.. နောက်တော့ Prospect Burma ကျောင်းနဲ့ သူဆက်သွယ်မိတယ်.
Prospect Burma ကျောင်းဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရံပုံငွေ တစ်စိတ်တစ်ဒေသနဲ့ ဖွင့်လှစ်ထားတဲ့ အိန္ဒိယနိုင်ငံနယူးဒေလီမြို့မှာရှိတဲ့ကျောင်းပါ။ မြန်မာပြည်ကရောက်လာကြတဲ့ ဒုက္ခသည်အမျိုးမျိုးကို အင်္ဂလိပ်စာ၊ ကွန်ပျူတာ စတဲ့လိုအပ်တာတွေ အခမဲ့သင်ကြားပေးပါတယ်။ လမ်းစရိတ်နဲ့ စာအုပ်စာတမ်း၊ စာရေးကိရိယာတွေ နဲ့ သင်တန်းအမျိုးမျိုးအတွက် schorship တွေလဲ ပေးပါတယ်။
အင်္ဂလိပ်စကား သိပ်မကျွမ်းသေးတဲ့ ဆာဆာက သူသိသမျှ တတ်သမျှ အင်္ဂလိပ်စကားပြောနဲ့ ဆရာဝန်ဖြစ်ချင်တဲ့အကြောင်းကို ထပ်ခါထပ်ခါရှင်းပြပြောရတာပေါ့...
နောက်ဆုံးတော့လည်း Prospect Burma က ဆာဆာကို ထောက်ပံ့ကြေးပေးမယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြတယ်.. (Prospect Burma ကလည်း ကျောင်းစရိတ်ကြီးတဲ့ London မှာတော့ မထောက်ပံ့နိုင်ဘူးလေ... လူဦးရေ ၃ သန်းလောက်သာ ရှိတဲ့ အာမေးနီးယား နိုင်ငံလေးမှာ ဆေးပညာပထမနှစ် တက်ဖို့ ကျောင်းစရိတ်လောက်ပဲထောက်ပံ့ပေးနိုင်ရှာတယ်။ စားဖို့နေဖို့ အခြားစရိတ်တွေတော့ ကိုယ့်အားကိုယ်ကိုး ဖြေရှင်းပေါ့။ စားမေးပွဲကြရင်လည်း ထပ်မပေးဘူးပေါ့ဆိုတဲ့ ကတိတွေနဲ့ပဲ ကျောင်းတက်ခဲ့ရတယ်..

အဲ့ဒါနဲ့ အာမေးနီးယားရောက်ရောပေါ့... စားဝတ်နေရေးအတွက်တော့ လမ်းဘေးဆိုင်မှာ အိုက်တိုးပဂေးဆံ လုပ်၊ ဟိုသွားဒီသွားဖို့က ကိုးခြောက်ကိုးသုံး၊ စာအုပ်စာတမ်းအတွက် စာကြည့်တိုက်နဲ့ ဟိုငှားဒီငှား နဲ့ပဲ စာမေးပွဲမကျအောင် ကြိုးစားရတော့တာပေါ့..

သူ့ရဲ့ စိတ်ဓါတ်ကို စမ်းသပ်ခဲ့တာတွေလည်း ရှိတယ်... သူ့အကြောင်းကို သိတဲ့ သူဌေးမကြီးတစ်ယောက်က သူ့ဆီကို လာလည်ရင်း ကားဝယ်စီးဖို့ဆိုပြီး ဒေါ်လာငါးထောင် ပေးခဲ့တယ်..
ဒေါ်လာငါးထောင်ပိုက်ပြီးပြန်လာတဲ့ စိတ်ကူးထဲက "ကားလေးတစ်စီးနဲ့အာမေးနီးယမ်းဆေးကျောင်းသူလေးတွေနဲ့ လျှောက်လည်မယ့်အကြံအစည်"ဟာ သူ့အခန်းကျဉ်းလေးထဲ ရောက်တော့ ချက်ခြင်းပဲ ပြောင်းလဲသွားပါတယ်...
ဘာ့ကြောင့်ဆို မနေ့ကမှ သူ့ရွာချင်းတောင်က ရောက်လာတဲ့ "ရွာမှာ ရေရှားနေပြီဖြစ်ကြောင်း၊ သောက်ရေသန့်ရဖို့ ဟိုးအဝေးကြီးကို တောင်တက်တောင်ဆင်းနဲ့ သက်စွန့်ဆံဖျား သွားခပ်ကြရကြောင်း" ရေးထားတဲ့စာကို စားပွဲပေါ်မှာတွေ့လိုက်ရတော့ သူ့လက်မှာ ပူပူနွေးနွေးကိုင်လာခဲ့တဲ့ ဒေါ်လာငါးထောင်ကိုလည်း သူ့ရွာနဲ့ ရွာနီးကပ်ရွာတွေအတွက် ရေလှောင်ကန်ရေပိုက်သွယ်ရာမှာသုံးဖို့ ပေးပို့ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ သူ့ရွာကို မမေ့ဘူးပေါ့...

သူဆဌမနှစ်ဆေးကျောင်းသားဘ၀ ၂၀၀၈ ခုနှစ်မှာ ဗြိတိသျှနန်းလျာ ချားလ်မင်းသားနဲ့ တွေ့ဆုံခဲ့ရတယ်။ နေရာက London မြို့ပေါ်က Abbey Gardens, Westminister ဆိုတဲ့ အဓိကနေရာကြီးမှာပေါ့.. တော်ဝင်မင်းသားနဲ့တွေ့တဲ့အခါ လိုက်နာရမယ့် နှုတ်ဆက်ပုံတွေကို မလုပ်တတ်လို့ တွေးပူနေတဲ့ ဆာဆာကံကောင်းချင်တော့ စံအိမ်တောင်အပေါ်ထပ်လှေကားပေါ်က ဆင်းလာတဲ့ ချားလ်မင်းသားက လှေခါးတစ်ဝက်ကနေပဲ ဟိုရောင်စုံဝတ်စုံနဲ့ ထောင်ထောင်မောင်းမောင်းလူငယ်က ဘယ်သူလဲဆိုပြီး ပြောဆိုပြီး သူနားရောက်လာပြီး သူ့လက်မောင်းကို လှမ်းကိုင်လိုက်တော့ အရိုအသေမပြုတတ်တဲ့ ဆာဆာလည်း ချောလဲရောထိုင်လုပ်ရတာပေါ့..
ဆာဆာရဲ့ ချင်းဝတ်စုံကို "colorful and beautiful" လို့ ၅ ကြိမ်လောက်ပြောတဲ့ ချားလ်မင်းသားကို ဆာဆာက ချင်းပြည်နယ်အဲ့နှစ်မှာကြုံတွေ့ နေရတဲ့ နှစ်၅၀မှတစ်ခါပွင့်တဲ့ ဝါသီးပွင့်ချိန်မှာမှ ကြွက်တွေကြောင့် အငတ်ဘေးရတဲ့အကြောင်းကို တင်ပြခွင့်ရခဲ့တယ်...
London ကအပြန်မှာတော့ ချင်းပြည်နယ် အငတ်ဘေးလူနာ ၃၇၅၇ အတွက် ဆေးပစည်းအကူအညီနဲ့အတူ ဆန်အိတ် ၇၅၉ အိတ်ကို ချားလ်မင်းသားတို့ဆီကနေ အကူအညီ ရခဲ့တယ်..
၂၀၀၉ ခုနှစ်မှာ အာမေးနီးယားတကသိုလ်ကနေ ဆာဆာ တစ်ယောက် ဆရာဝန်ဘွဲ့ကို ဂုဏ်ထူးနဲ့ရခဲ့ပါတယ်။ Prospect Burma ရဲ့ အထောက်အပံ့နဲ့ ဆာဆာရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်ပေါ့..

ဆရာဝန်ဘွဲ့ရပြီး လန်ဒန်မှာ မွေးစားအမေလို့ ပြောနိုင်တဲ့ လွှတ်တော်အမတ်အဆက်အသွယ်နဲ့ လူရည်တက်တွေကြားမှာ တစ်နှစ်လောက် ကျင်လည်ပြီးနောက် ဒေါက်တာဆာဆာ သူ့ရွာလေးကို ပြန်ဖို့ပြင်ပါတယ်.. လန်ဒန်မှာရှိတဲ့ သူ့မိတ်ဆွေတွေကတော့ လန်ဒန်မှာပဲ နေလို့ရရဲ့သားနဲ့ ဘာလို့ တောကြိုအုံကြားကို ပြန်ရတာလည်းဆိုပြီး တားတာပေါ့..
သူ့ရပ်ရွာရဲ့ ကျန်းမာရေးကို မြှင့်တင်မှုကို လုပ်မယ်ဆိုတဲ့ စိတ်နဲ့ပဲ ဒေါက်တာဆာဆာ ကားလမ်းမရှိ၊ မီးမရှိ၊ ခေတ်မှီအသုံးအဆောင် ဘာမှမရှိတဲ့ သူ့တောင်ပေါ်ရွာလေးကို ပြန်လာခဲ့တော့တယ်..

သူ့ရွာပြန်ရောက်တာနဲ့ သူရွာနဲ့ ရွာနီးချုပ်စပ်က ရွာတွေက လူနာမျိုးစုံကို ကုတော့တာပေါ့...
တစ်ရက်ကို လူနာ လေးရာကျော် ကြည့်ရတဲ့ ဒေါက်တာဆာဆာလည်း နှစ်ပတ်လောက်နေတော့ အရမ်းပင်ပန်းပြီး သူကိုယ်တိုင် လူနာပြန်ဖြစ်မယ့် အခြေအနေ ဖြစ်လာတော့တယ်... ဒီလို ရေရှည်မဖြစ်သေးပါဘူးဆိုပြီး... ရွာတိုင်းမှာ အခြေခံကျန်းမာရေးအသိရှိသူတွေ မွေးထုတ်ပေးမှပါဆိုပြီး ... တစ်ရွာကို လူ၂ယောက်နှုန်းနဲ့ ရွာပေါင်း ၁၄၇ ရွာက အခြေခံကျန်းမာရေးလုပ်သားလုပ်မယ့်သူတွေကို သင်တန်းပေးတဲ့လုပ်ငန်း ကို ၂၀၀၉ နိုဝင်ဘာမှ စတင်နိုင်ခဲ့ပါတယ်။။

သူ့သင်ရိုးက "Where there is no Doctor" (ဆရာဝန်မရှိတဲ့နေရာမှာ) ဆိုတဲ့ စာအုပ်ဖြစ်ပြီး သင်တန်းသားတွေကို သာမိုမီတာတစ်ချောင်းစီ၊ နားကြပ်တစ်ခုနဲ့ သွေးပေါင်ချိန်တိုင်းကိရိယာ တစ်ခုစီကိုပါ သင်တန်းပြီးတဲ့အခါ ထည့်ပေးလိုက်တယ်..။ Prospect Burma နဲ့ အလှူရှင်တွေရဲ့ အထောက်အပံ့နဲ့ပေါ့... အဲဒီ သင်တန်းကဆင်းတဲ့ အခြေခံလုပ်သား ၃၀၀ ကျော်က ချင်းပြည်နယ်ပြည်သူ တစ်သိန်းကျော်လောက်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို တစ်ဖက်တစ်လမ်းက ကာမိစေတာပေါ့..

နောက်ပိုင်း အဲဒီပရောဂျက် နာမည်ကို Health and Hope(ကျန်းမာခြင်းနဲ့မျှော်လင့်ခြင်း) နာမည်နဲ့ ဒေါက်တာဆာဆာက ဖောင်ဒေးရှင်းထောင်လိုက်တယ်... အဲ့ဒီဖောင်ဒေးရှင်းမှာ ချာလ်းမင်းသားက နာယကပေါ့..
အဲ့ဒီဖောင်ဒေးရှင်းကနေ ချင်းပြည်နယ်သားတစ်ရာကျော်ကို နိုင်ငံခြားပညာတော်သင် လွှတ်ထားပါတယ်..
ရိုးသားကြိုးစား လူရည်ချွန်တွေအပေါ် ကံကြမ္မာကလည်း မျက်နှာသာပေးပါတယ်..
သူ့ဒေသဝန်းကျင်မှာ လမ်းပန်းဆက်သွယ်ရေးကောင်းဖို့၊ ပညာရေးမြှင့်တင်ဖို့၊ ကျန်းမာရေး ကောင်းဖို့ တွေက သူ့ရည်မှန်းချက်ဖြစ်တာနဲ့အညီ အသေးစား လေယာဉ်ကွင်းကိုလည်း အထောက်အပံ့တွေနဲ့ ဆောက်နေပြီ.. ပြီးတော့မယ်
ကမ္ဘာ့ဘဏ်ဥက္ကဌကလည်း အာမေးနီယားလူမျိုးဖြစ်တဲ့အပြင် ဒေါက်တာဆာဆာနဲ့လည်းခင်တယ်..
ခေတ်အမှီဆုံးဆေးရုံလည်း ဆောက်ဖို့ကြိုးစားနေတယ်..ကောလိပ်ဖွင့်ဖို့လည်း ကြိုးစားနေတယ်..
မြန်မာတစ်ပြည်လုံးကိုလည်း တိုးတက်ဖို့ စဉ်းစားထားတာကို သူ့အင်တာဗျူးတွေမှာ တွေ့ရတယ်

ကိုယ့်လူမျိုး ကိုယ့်ပြည်နယ်ကို အဲ့လိုချစ်တတ်၊ အဲ့လိုတော်တဲ့ လူတွေလက်ထဲကို ထည့်ချင်တာကတော့ မြန်မာနိုင်ငံသားအားလုံးရဲ့ ဆန္ဒပဲ မဟုတ်ပါလားဗျာ..
အဲ့လိုမျိုးလူတွေလည်း ဒေသတိုင်းမှာပေါ်ပါစေလို့ ဆန္ဒပြုရင်း

အောင်မိုးလွင်
၁၉၊ ၈၊ ၂၀၂၀

(လူတော်တစ်ယောက် inspiration ယူစရာတစ်ယောက်အနေနဲ့ရှယ်ပေးပါ... တစ်ခြားပါတီကို နှိမ့်ချပြောဆိုခြင်းမျိုးတွေနဲ့ မရှယ်ပါနဲ့ ခင်ဗျာ)

Crrd; Zaw Win
Credit - Ko Mg Oo


မူရင်း
လေးစားလျှက်
P. P. A

29/01/2021

မိတ်ဆွေတို့ရေ.....
#လုပ်ငန်းတစ်ခုအတွက်သုံးဖို့ရန်လိုလို/မိဘတွေကို နံပါတ်လှလေးနဲ့ ကန်တော့ချင်ဘဲ ဖြစ်ဖြစ် ကိုယ်တိုင်ဘဲ ကိုင်ကိုင် နံပါတ်လှလှ လေးတစ်ခုတော့ လိုအပ်ပါတယ်နော်။နံပါတ်လှလှ ကို စုံလင်စွာရရှိနိုင်ပါတယ်နော်။

MPT ရဲ့ တွေ့ရခဲ နံပါတ်လှမှတ်မိလွယ် လိုင်းဆွဲအားကလည်း ပြောစရာမလို အရင်က 2သိန်းကျော်‌ေပးမှသာ ကိုင်ရသော
#400နှင့်‌စသောနံပါတ်အလှများ
်ကဒ်/နံပါတ်လှ
်/နံပါတ်လှ
‌ေန့တိုင်းမိနစ်60ရ/ပလန်ကဒ်/နံပါတ်လှလေး
#(0966666.... )
#ဘုန်းဘုန်းတို့ အတွက် 094......969 အပိတ်လေး
များ ကို စုံလင်စွာ ဝယ် ယူလို့ရပါပီ နော်။အဝေးမှဆိုလျှင် စာတိုက် မှ တဆင့် ပို့ပေးပါမည် ။
#စုံတွဲကဒ်‌ေလးတွေရောရှိပါတယ်နော် 💘💘💘💘💘

ဒီပဲယင်းမြို့ရပ်သာကျောင်းပြန်လည်တည်ထားကိုးကွယ်မည့်ရှေးဟောင်းဘုရားစေတီ၏25.1.2021အခြေအနေပါ။(28.1.2021)ရက်နေ့နံနက်၉နာရီမှာဌ...
26/01/2021

ဒီပဲယင်းမြို့ရပ်သာကျောင်း
ပြန်လည်တည်ထားကိုးကွယ်မည့်
ရှေးဟောင်းဘုရားစေတီ၏
25.1.2021အခြေအနေပါ။

(28.1.2021)ရက်နေ့နံနက်၉နာရီမှာ
ဌာပနာများအောက်ခြေအုတ်မြစ်အတွင်းပြန်လည်ထည့်သွင်းပူဇော်ခြင်းအခန်းအနားပြုလုပ်ပါမည်။

22/01/2021
15.1.2021မှ 14.3.2021ထိ ညမထွက်ရတဲ့နော်
15/01/2021

15.1.2021မှ 14.3.2021ထိ ညမထွက်ရတဲ့နော်

⚠️ ဒီပဲယင်းမြို့နယ်အတွင်း ညမထွက်ရအမိန့်ထုတ်ပြန်ခြင်း ⚠️

❝ ဒီပဲယင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
အမိန့်အမှတ်(၁/၂၀၂၁) ❞

Tabayin -GAD

12/01/2021
12/01/2021

ဈေးထဲပြန်ဝင်ကြရအောင်တဲ့

QR code ကိုယ်တိုင်ပြုလုပ်နည်း
05/01/2021

QR code ကိုယ်တိုင်ပြုလုပ်နည်း

02/01/2021

ဒီပဲယင်းမြို့မှ ဦးသူယူပါ(ယူ လို့မန့်ပေးပါ)။ အိမ်အထိတော့ လာမပေးပါ။
တစ်ပါတ်အတွင်း အချင်းချင်း မိနစ် 150 ပါတယ်နော် ။

📲09422515590
📲09964515590
📲09666676746

28/12/2020

RDT ဖြင့်စစ်ဆေးရာမှ Positive (၁)ဦးတွေ့
//////////////////////////////////////////////////////////////

ဒီပဲယင်းမြို့နယ်၊ အေးသာယာကျေးရွာအုပ်စု၊ နဘဲလှကျေးရွာ တွင် အသက်(၄၆) နှစ်၊ အကြော်ရောင်းသည့်အမျိုးသမီးတစ်ဦးသည် လွန်ခဲ့သည့် (၁၄)ရက်ခန့်မှစ၍ အနံ့ပျောက်သဖြင့် RDT ဖြင့်စစ်ဆေးခဲ့ရာ COVID-19ရောဂါပိုးတွေ့ရှိခဲ့ပါသည်။ သတင်းဆက်လက်ထုတ်ပြန်မည်ဖြစ်ပါသည်။

Tabayin Township Complain Center

22/12/2020

မနက်ဖြန်တဲ့

22/12/2020

ကျေးဇူးတင်ပါတယ် နယ်သားတို့ရေ

Address


Website

Alerts

Be the first to know and let us send you an email when Depeyin News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share