The MYANMA

The MYANMA Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The MYANMA, Media/News Company, .

📻 လှိုင်းတို 16m📻  17.71mhz🌞  မနက် ၈ - ၈:၃၀🌝  ည ၈ - ၈:၃၀👇📻 ရေဒီယို ဝယ်လျှင် သိထားရန် 📻👇 Radio ရဲ့ အနောက်မှာ ကမ္ဘာ့မြေပုံ...
20/08/2021

📻 လှိုင်းတို 16m
📻 17.71mhz
🌞 မနက် ၈ - ၈:၃၀
🌝 ည ၈ - ၈:၃၀

👇📻 ရေဒီယို ဝယ်လျှင် သိထားရန် 📻👇
Radio ရဲ့ အနောက်မှာ ကမ္ဘာ့မြေပုံပါမှ သို့မဟုတ် SW ဆိုတဲ့ short wave 1,2,3,4,5စသည် လိုင်းတွေ ပါမှ လိုချင်တဲ့ လိုင်းကို ဖမ်းလို့ရမှာပါ။
AM FM လောက်နဲ့ မရပါဘူး။
အများသိအောင် ကူတင်၊ ကူရှယ်ပေးကြပါ။ ပုံဆေ့ထားကြပါ။

 #၈၈ကသွေးကြွေးဟောင်း_၂၁မှာအပြီးတောင်း #မန္တလေးသပိတ်အင်အားစုယနေ့ မန္တလေးသပိတ်အင်အားစုများ၏ (၈၈၈၈) အရေးတော်ပုံ အထိမ်းအမှတ်...
08/08/2021

#၈၈ကသွေးကြွေးဟောင်း_၂၁မှာအပြီးတောင်း

#မန္တလေးသပိတ်အင်အားစု

ယနေ့ မန္တလေးသပိတ်အင်အားစုများ၏ (၈၈၈၈) အရေးတော်ပုံ အထိမ်းအမှတ် ဂုဏ်ပြု သပိတ်လှုပ်ရှားမှု မြင်ကွင်း။

သပိတ်တိုက်ပွဲဝင် ရဲဘော်အပေါင်းကို လေးစား၊ ဦးညွတ်၊ ဂုဏ်ပြုပါ၏။







#သွေးကြွေးဆပ်မယ့်_မျိုးဆက်သစ်ရှစ်ရက်ရှစ်လ၂၁

#စစ်အာဏာရှင်စနစ်_မုချကျရှုံးရမည်

#အရေးတော်ပုံ_အောင်ရမည်

Photos Credit to Original Sources

၈ ဩဂုတ် ၂၀၂၁

အရေးပေါ် အထောက်အပံ့ အကူအညီ အတွက် ရည်ရွယ်တဲ့ အလံဖြူကမ်ပိန်း ကို မလေးရှားမှာ ကျယ်ကျယ်ပြန့်ပြန့် မြင်လာရပါတယ်။ ကိုးဗစ်ကာလအတ...
06/07/2021

အရေးပေါ် အထောက်အပံ့ အကူအညီ အတွက် ရည်ရွယ်တဲ့ အလံဖြူကမ်ပိန်း ကို မလေးရှားမှာ ကျယ်ကျယ်ပြန့်ပြန့် မြင်လာရပါတယ်။

ကိုးဗစ်ကာလအတွင်း ငွေကြေးအကျပ်အတည်း ဖြစ်လာကြတဲ့ မလေးရှား နိုင်ငံ က လက်လုပ်လက်စား၊ အခြေခံ ပြည်သူတွေအကြား အကူညီ၊အစားအစာ လိုအပ်တဲ့အိမ် တွေက အိမ်ရှေ့မှာ အလံဖြူထောင်ပြီး ရပ်ရွာကို အကူညီတောင်းကြတာပါ။ အလံဖြူတင်ထားတယ်ဆိုရင် အကူညီပေးကြတဲ့ အဖွဲ့အစည်းတွေ ၊ လူပုဂိုလ်တွေ ကျော်ကြားတဲ့ အနုပညာရှင်တွေက လိုက်လံ ကူညီကြတယ်လို့ ဆိုပါတယ်။

အလံဖြူဆိုတာက လူသားချင်းစာနာမှု ကိုတောင်းခံတဲ့ သဘော ဆန်ပါတယ်။
ကျမတို့ နိုင်ငံမှာလဲ လက်ရှိ အခြေအနေအကြား ဘ၀ တိုက်ပွဲမှာ အရှူံးပေးကြရမယ့် သူတွေ အများကြီး ရှိလာပါတော့မယ်။ လူသားချင်းစာနာမှု အထောက်အပံ့ အကူအညီ တောင်းခံတာဟာ ရှက်စရာမဟုတ်ပါဘူး။

ကျမတို့ ပြည်သူတွေမှာ ပြည်သူအချင်းချင်း ပေးတဲ့ ရိက္ခာနဲ့ အသက်ဆက်မယ်၊ ဖေးမမယ်၊ တော်လှန်သွေးတွေ ဆက်မွေးကြမယ်၊ သွေးမအေးဘဲ အသက်မသေဘဲ ဆက်လက် ရင်ဆိုင်ကြဖို့ အချင်းချင်း ဖေးမလက်တွဲတဲ့ ကမ်းလက်တွေ လိုပါတယ်။ ဒီကမ်းလက်တွေကို လှမ်းလင့်တဲ့ အလံဖြူတွေက ရှက်စရာမဟုတ်ပါဘူး။

https://www.straitstimes.com/asia/se-asia/malaysians-launch-white-flag-campaign-to-signal-distress-without-begging

ရန်ကုန် ြဖစ်စဥ်/ယာဥ်အမှတ်_____FAW ယာဥ်အား (လက်ပစ်ဗုံး) ဟုယူဆရ ေသာ အရာြဖင့်ပစ်ခံရပြီးရဲတပ်ဖွဲ့(၂၆) မှဒုရဲအုပ်တစ်ဦး(ေသဆုံ...
18/06/2021

ရန်ကုန် ြဖစ်စဥ်/ယာဥ်အမှတ်_____FAW ယာဥ်အား (လက်ပစ်ဗုံး) ဟုယူဆရ ေသာ အရာြဖင့်ပစ်ခံရပြီး
ရဲတပ်ဖွဲ့(၂၆) မှဒုရဲအုပ်တစ်ဦး(ေသဆုံး)နှင့် ဒုတပ်
ကြပ်တစ်ဦး၊တပ်သားတစ်ဦး (ဒဏ်ရာများရ-စီစစ်ဆဲ)မင်္ဂလာဒုံတပ်နယ်မှတပ်ကြပ်ကြီးတစ်ဦးနှင့်တပ်
သားသုံးဦး(ဒဏ်ရာများရ-စီစစ်ဆဲ) နှင့် ေပါက်ကွဲမှု့
ြဖစ်ပွားစဥ်အနီးရှိToyota Vitzယာဥ်ေပါ်တွင်ေပါက်
ကွဲသဖြင့်ကားေပါ်ပါသူအမျိုးသားတစ်ဦး(ေသဆုံး
ပြီးကျန်အမျိုးသားတစ်ဦး(စီစစ်ဆဲဒဏ်ရာများ)ရခဲ့
#ေတွ့လို့ေနာ် cd

ဇွန် - ၁၂ #သွေးမအေးတဲ့မန္တလေးယနေ့မနက်ကစုပေါင်းသပိတ်တပ်ပေါင်းစု #အရေးတော်_ပုံအောင်ရမည်Pho@crd
12/06/2021

ဇွန် - ၁၂
#သွေးမအေးတဲ့မန္တလေး
ယနေ့မနက်ကစုပေါင်းသပိတ်တပ်ပေါင်းစု

#အရေးတော်_ပုံအောင်ရမည်
Pho@crd

ကသာတိုက်ပွဲတွင် ဒဏ်ရာရရှိသူများ ထပ်မံသေဆုံး၍ စုစုပေါင်း သေဆုံးသူ စစ်ကောင်စီအဖွဲ့ဝင် ၁၁ ဦးရှိ ၊ သေဆုံးသူများတွင် ရဲအများဆ...
02/06/2021

ကသာတိုက်ပွဲတွင် ဒဏ်ရာရရှိသူများ ထပ်မံသေဆုံး၍ စုစုပေါင်း သေဆုံးသူ စစ်ကောင်စီအဖွဲ့ဝင် ၁၁ ဦးရှိ ၊ သေဆုံးသူများတွင် ရဲအများဆုံးပါဝင်

ရန်ကုန်၊ ဇွန် ၂

စစ်ကိုင်းတိုင်း၊ကသာမြို့နယ်တွင် မေလ ၃၀ ရက်နေ့က ကသာPDF နှင့် အကြမ်း ဖက်စစ်ကောင်စီတပ်များအကြား ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဒဏ်ရာရရှိသူများပါ ထပ်မံသေဆုံး၍ သေဆုံးသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးရှိလာပြီဖြစ်ကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က သတင်းထုတ်ပြန်သည်။

ကသာတိုက်ပွဲတွင် ကသာPDFမှ ရဲဘော် ၅ ဦးကျဆုံးခဲ့၍အထူးဝမ်းနည်းရပါကြောင်း၊သို့သော်အကြမ်းဖက်စစ်ကောင်စီဘက်မှ ၈ ဦးထက်မနည်းသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ထက်မနည်းတွင်လည်း ၃ ဦး ထပ်မံ သေဆုံးသွားကြောင်း ၊ သေဆုံးသူများတွင် ရဲတပ်ဖွဲ့ဝင်များ အများဆုံးပါဝင်ကြောင်း ၊ ကသာမြို့နယ်ကျောက်ထုံးကြီးရဲကင်းမှ စခန်းမှူးနှင့်ရဲတပ်သား ၃ ဦးပါရှိကြောင်း ကသာ PDF က သတင်းထုတ်ပြန်သည်။

ထို့ပြင် စစ်ကောင်စီကား ၂ စီးကိုလည်း ဖျက်ဆီးနိုင်ကြောင်း ကသာPDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Credit khitthitmedia

နမ့်ဖတ်ကာရှိ စစ်ကောင်စီ ခလရ ၁၂၃ စခန်းကို မြောက်ပိုင်းညီနောင်သုံးဖွဲ့ဝင်တိုက်၊ ဒုတပ်ရင်းမှူးအပါအဝင် ၁၁ ဦး သေ၊ စစ်သားအချိ...
31/05/2021

နမ့်ဖတ်ကာရှိ စစ်ကောင်စီ ခလရ ၁၂၃ စခန်းကို မြောက်ပိုင်းညီနောင်သုံးဖွဲ့ဝင်တိုက်၊ ဒုတပ်ရင်းမှူးအပါအဝင် ၁၁ ဦး သေ၊ စစ်သားအချို့ ထွက်ပြေး

ရန်ကုန်၊ မေ ၃၁

ယနေ မေလ ၃၁ ရက် နံနက် ၁ နာရီခန့်တွင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရှိ အာဏာသိမ်းဖက်ဆစ် စစ်တပ်၏ ခလရ ၁၂၃ တပ်စခန်းကို မြောက်ပိုင်းညီနောင်သုံးဖွဲ့ AA၊ TNLA နှင့် MNDAA တို့ ဝင်တိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ဒုတပ်ရင်းမှူးအပါအဝင် ၁၁ ဦးကို အသေဖမ်းမိခဲ့သည်။

စစ်ကောင်စီ တပ်သားအများအပြား ရှိနိုင်သေးပြီး ထွက်ပြေးသွားပြီဟု ယူဆကြောင်း ညီနောင်သုံးဖွဲ့က ပြောသည်။

Photo - Northern Alliance (Burma)
Credit Khitthitmedia

မူဆယ်တွင် ဗုံးပေါက်၊ လူ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရန်ကုန်၊ မေ ၂၈ ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်တွင် ယနေ့ နံနက် ၈ နာရီ ၁၅ မ...
28/05/2021

မူဆယ်တွင် ဗုံးပေါက်၊ လူ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

ရန်ကုန်၊ မေ ၂၈

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်တွင် ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ်က ဗုံးပေါက်ကွဲပြီး လူ ၁ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာအပြင်းအထန်ရရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

ယနေ့ နံနက်ပိုင်း မူဆယ်မြို့ ၊ အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းအနီး၊ မူဆယ်ပြည်သူ့ဆေးရုံနားဝန်းကျင်၊ လားရှိုးဆေးဆိုင်ရှေ့တွင် ပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။

"ပေါက်ကွဲတဲ့အသံက တော်တော်ကျယ်တယ်။ ဆိုင်ကယ်တစ်စီးပျက်စီးတယ်။ ဆိုင်ကယ်ပေါ်မှာ ပေါက်တယ်လည်း ပြောတယ်။ တစ်ဦးက တော့ လမ်းပေါ်မှာ ပွဲချင်းပြီးဆုံးတယ်။ နောက်တစ်ခါ အခြားလူတစ်ဦးလည်း ဒဏ်ရာရတယ်။ အခုတော့ အဲဒီဘက် လမ်းကို ပိတ်ထားတယ်" ဟု မူဆယ်ဒေသခံတစ်ဦးက ဆိုသည်။

ဒေသခံတစ်ဦး၏ အဆိုအရ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူသည် စည်ပင်ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း သိရှိရသော်လည်း ရန်ကုန်ခေတ်သစ်အနေဖြင့် အတည်ပြုချက်ရရှိရန် ထပ်မံ ကြိုးစားလျက်ရှိသည်။

Photo CJ
Credit Khitthitmedia

ရဲတပ်သား သူရအောင် သေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိခဲ့သော တောင်ကြီး ဗုံးပေါက်ကွဲမှု CCTV (Video)ရန်ကုန်၊ မေ ၂၁ တောင်ကြီးမြို့လ...
21/05/2021

ရဲတပ်သား သူရအောင် သေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိခဲ့သော တောင်ကြီး ဗုံးပေါက်ကွဲမှု CCTV (Video)
ရန်ကုန်၊ မေ ၂၁
တောင်ကြီးမြို့လယ်ခေါင်းတွင် ယမန်နေ့ ညနေပိုင်းက ဗုံးပေါက်ကွဲခဲ့ပြီး လူ ၂ ဦးက ပစ်ချခဲ့သော အထုပ်ကို ရဲတပ်သား ၃ ဦးက သွားရောက် ဖွင့်ကြည့်ရာ ရဲတပ်သား သူရအောင် သေဆုံးသွားခြင်းဖြစ်သည်။
Credit Khitthitmedia
#သတင်းပါပုံများမှာ ၎င်းcctv က ဖြစ်သည်။

မြန်မာမစ်ယူနီဗာ့စ် သူဇာဝင့်လွင် အကောင်းဆုံး ဝတ်စုံဆု The Best National Costume Winner ကို ရရှိ**************************...
17/05/2021

မြန်မာမစ်ယူနီဗာ့စ် သူဇာဝင့်လွင် အကောင်းဆုံး ဝတ်စုံဆု The Best National Costume Winner ကို ရရှိ
************************************
အမေရိကန်ပြည်ထောင်စုမှာ ၆၉ ကြိမ်မြောက် မစ်ယူနီဗာ့စ် အလှမယ်ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုအလှမယ် မစ်ယူနီဗာ့စ်မြန်မာ သူဇာဝင့်လွင် လည်း ပါဝင်ယှဉ်လျှက်ရှိရာ ချင်းတိုင်းရင်းသားဝတ်စုံဖြင့် The Best National Costume Winner ဆုကို ရရှိကြောင်း Miss Universe Myanmar page မှာ ဖော်ပြသည်။

သူဇာဝင့်လွင် ဟာ ထိပ်ဆုံး ၂၁ ဦးထိ ရောက်ရှိ၊ ယှဉ်ပြိုင်နိုင်ခဲ့သည်။

Source/MU, MUM, Thuzarwintlwin_fb
English_

The Best National Costume Winner is MYANMAR for the 69th Miss Universe Competition!

Miss Universe Myanmar 2020 Thuzar Wint Lwin during the 69th Miss Universe Preliminary Competition, which round of the competition do you like the most❓

🎉 Congratulations 🎉

Congratulations MYANMAR for entering the Top 21 Semi-Finalists in the 69th Miss Universe Competition! 🧡





⚜️Don’t forget to watch LIVE of the 69th Miss Universe Competition on TV Channel on 17th of May at 06:30AM MYANMAR Standard Time! Let’s Cheers loudest! 🎊🎉






Photo : CTTO

Congratulations 🎉



ရန်ကုန် ကုန်ဈေးတန်း ယနေ့ မီးလောင်
16/05/2021

ရန်ကုန် ကုန်ဈေးတန်း ယနေ့ မီးလောင်

မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ  ဈေးနှင့်သားသတ်ဌာန မှ ဈေးသူ ဈေးသားများသို့ ဆိုင်ခန်းများ ပြန်လည် ဖွင့်လှစ်ရန် အကြောင်း...
15/05/2021

မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ ဈေးနှင့်သားသတ်ဌာန မှ ဈေးသူ ဈေးသားများသို့ ဆိုင်ခန်းများ ပြန်လည် ဖွင့်လှစ်ရန် အကြောင်းကြားလာပါသည်။ ဟု ကြေညာ
Crd

 #ဦးနောက်သုံးရမယ်ဒီနွေဦးတော်လှန်ရေးမှာ လူငယ်တွေကြွေးကြော် အော်အော်နေတဲ့ #မင်းတို့ဦးနောက်၈၈_ငါတို့ဦးနောက်၂၁ အလွန်ကို ...
13/05/2021

#ဦးနောက်သုံးရမယ်

ဒီနွေဦးတော်လှန်ရေးမှာ လူငယ်တွေကြွေးကြော် အော်အော်နေတဲ့
#မင်းတို့ဦးနောက်၈၈_ငါတို့ဦးနောက်၂၁

အလွန်ကို အဓိပ္ပါယ်ရှိတဲ့ ကြွေးကြော်သံပါ

ဒီတော်လှန်ရေးမှာ
ကျွန်တော်တို့ပြည်သူတွေ နိုင်ရမယ်

အဲလိုနိုင်ဖို့ဆိုရင်
နှစ်ပေါင်း ၆၀ နီးပါး ရှိလာပီ
အတွေအကြုံရော လက်နက်ပါရှိနေတဲ့ စစ်အာဏာရှင်ကို ဖြုတ်ကျဖို့အရာမှာ

လက်နကိမရှိတဲ့ ကျွန်တော်တို့ ပြည်သူတွေသည်
ဦးနောက်သုံး၍ တိုက်မှ ရပါမည်

လမ်းမပေါ်တက် ဆန္ဒပြနေကျတာ
ရက်ပေါင်း ၉၀ ကျော်လာပီဖြစ်၍
အန္တရာယ်ကင်းအောင် ဆန္ဒဘယ်လိုပြရမယ် ဆိုတာ
အတော်များများ နားလည်းပီးဖြစ်တယ်

မနေ့က
မန္တလေးတပ်ပေါင်းစုသပိတ် အဖြိုခံရတယ်အပိုင်း ပြန်ကြည့်ရင် စစ်ကောင်စီဘက် အရမ်းတော်နေလို မဟုတ်ပါဘူး ။ မိမိတို့ဘက်က လိုအပ်ချက်လိုပဲ အဲလိုပဲ မြင်ပါတယ်

အခုလိုအချိန်အခါမှ
လူတွေအများကြီ အဖမ်းခံလိုက်ရတာဟာ နာလှပါတယ်

နွေဦးတော်လှန်ရေးအောင်ပွဲသည် မကြာခင်
ပြည်သူထံ ရောက်လာမည့်ဖြစ်၍
စိတ်ရှည်ကြဖို့တော့ လိုတယ်

သတိစကားလက်ဆောင်ပါးခြင်တာက
အားနဲချက် လိုအပ်ချက်တွေပြင်စဥ်ပီး
#မင်းတို့ဦနောက်၈၈_ငါတို့ဦးနောက်၂၁ ဆိုတဲ့အတိုင်း
ဦးနောက်သုံးပီး စိတ်အေးအေးနဲ့
လမ်းမထက်က ဆန္ဒပြပွဲတွေကို
ဗျူဟာမြောက်စွာဆောင်ရွက်နိုင်ကျပါစေ

ဆန္ဒပြတဦးခြင်းစီတိုင်းအားလေးစားလျှက်

#အရေးတော်ပုံ_အောင်ရမည်

၂၀၁၂ဝန်းကျင် တိုင်းပြည်ထဲကိုနိုင်ငံခြားသတင်းထောက်တွေလာတော့မင်းဘာလို့နိုင်ငံရေးလုပ်ခဲ့တာလဲစစ်အစိုးရကဒီလောက်ရက်စက်တာကိုမကြ...
11/05/2021

၂၀၁၂ဝန်းကျင် တိုင်းပြည်ထဲကို
နိုင်ငံခြားသတင်းထောက်တွေလာတော့
မင်းဘာလို့နိုင်ငံရေးလုပ်ခဲ့တာလဲ
စစ်အစိုးရကဒီလောက်ရက်စက်တာကို
မကြောက်ဘူးလား ဘာအတွက်လုပ်တာလဲတဲ့...

သူတို့ထင်တာက
တိုင်းပြည်အတွက် လူမျိုးအတွက်
ဒီမိုကရေစီ လူ့အခွင့်အရေးဘာညာ
အဲဒါတွေအတွက်လုပ်ခဲ့တာလို့ ဖြေမယ်ထင်ပုံရတယ်...

ကျနော်ကအရိုးသားဆုံးဖြေခဲ့တယ်
ကြောက်လို့လုပ်တာလို့
ဘာကိုကြောက်တာလဲဆိုတော့
စစ်အစိုးရလက်အောက်ကဘဝက
နေရင်းထိုင်ရင်းကြောက်နေရတာ
ကိုယ်လည်းဘာမှမဟုတ်တာမလုပ်ဘဲ
ဘယ်နေရာမဆိုသူတို့ကိုကြောက်ရတယ်
ယူနီဖောင်းမြင်တာနဲ့ ကိုယ်တွေအရပ်သားတွေက
တဆင့်နိမ့်နေရတယ် လူ့ဂုဏ်သိက္ခာမဲ့ရတယ်
အဲ့လိုကြောက်နေရတဲ့ဘဝမှာ
ဆက်နေရမှာကိုကြောက်လို့လုပ်ခဲ့တာပဲ
ငါအကြောက်ဆုံးက
အကြောက်တရားအောက်မှာနေရမှာပဲလို့ဖြေခဲ့တယ်...

ဆိုလိုချင်တာက
တော်လှန်ရေးလုပ်တာဟာ
ကျနော့်အတွက်တော့ ကျန်တာတွေကနောက်မှ
ပထမဆုံးကတော့ ကျနော့်အတွက်ကျနော်လုပ်တာပဲ
ကျနော့်ရဲ့ လူ့ဖြစ်တည်မှု လူ့ဂုဏ်သိက္ခာကို
ကျနော်တန်ဖိုးထားခြင်းတယ်
လူလူချင်းကြောက်ရတာ မလိုချင်ဘူး ဒါပဲ
တခြားဘာတာဝန် ဘာဝတ္တရားကြောင့်မှမဟုတ်ဘူး
နိုင်ငံတော်ကြီး လူ့အဖွဲ့အစည်းကြီးကို
ကူညီကယ်တင်နေတာလည်း မဟုတ်ဘူး
မိမိကိုယ်ကို မိမိဂုဏ်သိက္ခာကို ကယ်တင်တာပဲ...

ခုလည်း ဘယ်လူပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်းမှာမှ
ဒီတိုင်းပြည်ကိုဖြစ်စေ လူမျိုးတမျိုးကိုဖြစ်စေ
ကူညီဖို့ ကယ်တင်ဖို့ တာဝန်မရှိဘူး
တော်လှန်ချင်လည်း တော်လှန်
မတော်လှန်ချင်လည်းသဘောပဲ
လူတိုင်းဟာ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်ပဲ
ကိုယ့်ရွေးချယ်မှုကပဲ
ကိုယ့်သမိုင်းနဲ့ကိုယ့်ရဲ့ လူသားဂုဏ်သိက္ခာကိုရေးထိုးတာပဲ...

၂၀၂၁မှာ အာဆီယံဘာလုပ်ခဲ့တယ်
UN ဘာလုပ်ခဲ့တယ် အမေရိကန် ဘာလုပ်ခဲ့တယ်ဆိုတာက
သူ့ရဲ့သမိုင်း သူ့ရဲ့ဂုဏ်သိက္ခာပဲ
ပြည်တွင်းက ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေလည်း
အလားတူပဲ...

ကမ္ဘာ့သမိုင်းရဲ့အဖြစ်အပျက်တွေမှာ
လူ့ဂုဏ်သိက္ခာနဲ့ တရားမျှတမှုအတွက်
ရပ်တည်ခဲ့တဲ့သူတွေကို သူတို့ရဲ့ရွေးချယ်မှုအတွက်လေးစားဂုဏ်ပြုမယ်
ငါတို့ကိုမင်းတို့ လာကူတယ်
ကျေးဇူးကြီးလှပါတယ်ဆိိုတာမရှိဘူး...

ကိုယ်တိုင်လည်း ကမ္ဘာပေါ်ကနေရာတိုင်းမှာ
ဘယ်နေရာက မတရားမှုဖြစ်ပစေ
ဘယ်သူကကျူးလွန်ပစေကန့်ကွက်ရှုတ်ချတယ်
အမေရိကန်လည်း မတရားတာတွေလုပ်ရင်ရှုတ်ချမယ်
အစ္စရေးက ပါလက်စတိုင်းကို
မတရားသိမ်းပိုက်ထားတာလည်း
တသက်လုံးရှုတ်ချနေမယ်
အစ္စလာမ်အခြေခံဝါဒီတွေက
လူ့အခွင့်အရေးချိုးဖောက်နေတာတွေလည်း
ရှုတ်ချနေမှာပဲ...

ဒါကိုက ကျနော်ဟာ
ဘယ်လိုလူသားတယောက်အဖြစ်
ရှင်သန်နေထိုင်မလဲဆိုတာကို
ကိုယ်တိုင်ရွေးချယ်တာတခုပဲ
ဒီထက်ဘာမှ မပိုဘူး
ဘာမှကြီးကျယ်ခမ်းနားတဲ့ကိစ္စမဟုတ်ဘူး...

မိုဃ်းသွေး
May 11th 2021

သိန်း၂၉၀ တန်ကားကို အတိုးအပါသိန်း၃၃၀ နဲ့အရစ်ကျဝယ်ထားရင် ဘဏ်က သိန်းလေးဆယ်စားတယ်။အခုငွေဈေး ၂၀%ကျပုံနဲ့ဆိုရင် ၅၈ သိန်းကျတယ်။...
11/05/2021

သိန်း၂၉၀ တန်ကားကို အတိုးအပါသိန်း၃၃၀ နဲ့အရစ်ကျဝယ်ထားရင် ဘဏ်က သိန်းလေးဆယ်စားတယ်။အခုငွေဈေး ၂၀%ကျပုံနဲ့ဆိုရင် ၅၈ သိန်းကျတယ်။အရစ်ကျကို ပုံမှန်သွင်းပေးတာတောင်မှ ဘဏ်က ၁၈သိန်းရှုံးတယ်။ငွေဈေးထပ်ကျတိုင်းထပ်ကျတိုင်း ဘင်္ဏကထပ်ရှုံးတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေလိုအများကြီးချေးထားရင်အများကြီးရှုံးမယ်။
Credit

ပြည်သူတွေ ဘဏ်ထဲကနေ ငွေဘာလို့ထုတ်ကြလဲဆိုတော့ သူတိုငွေတွေ တန်ဖိုးကျကုန်မှာစိူးလို့ ရသမျှပြန်ထုတ်ပြီး ရွှေ ဒေါ်လာတို့ ပြန်ဝ...
10/05/2021

ပြည်သူတွေ ဘဏ်ထဲကနေ ငွေဘာလို့ထုတ်ကြလဲဆိုတော့ သူတိုငွေတွေ တန်ဖိုးကျကုန်မှာစိူးလို့ ရသမျှပြန်ထုတ်ပြီး ရွှေ ဒေါ်လာတို့ ပြန်ဝယ်ထားကြတာ။ စည်သူအောင်မြင့်ရေးတာ အရဆိုရင်ဖေဖော်ဝါရီ မတိုင်ခင်က ဘဏ်ထဲငွေသိန်းတစ်ရာ ရှိတယ် ဆိုရင် အခုချိန်မှာအဲဒီငွေက ဒေါ်လာနဲ့တွက်ရင် ၂၆သိန်းကျော်လောက်ဆုံးနေပြီ ၇၄ သိန်းပဲ ရှိတော့တဲ့ သဘောဖြစ်နေပြီး ဒီတော့ ဘဏ်ထဲမှာပိုက်ဆံ ဆက်ထားမယ့် သူကလည်း အရှုံးခံနိုင်မှပဲရမယ် ထင်တယ်
Credit/Thet

ခန္တာကိုယ်ပေါ်မှာ အညိုကွက် အမဲကွက်တွေပေါ်လာရင် တော်တော်များများကစုန်းစုတ်တယ်လို့ပြောကြလို့ ဒီပိုစ့်လေးနဲ့အသိပေးအပ်ပါတယ်န...
10/05/2021

ခန္တာကိုယ်ပေါ်မှာ အညိုကွက် အမဲကွက်
တွေပေါ်လာရင် တော်တော်များများက
စုန်းစုတ်တယ်လို့ပြောကြလို့ ဒီပိုစ့်လေး
နဲ့အသိပေးအပ်ပါတယ်နော်.....

"အရေပြားပေါ်မှာ အညိုအမည်းကွက်တွေပေါ်ရတဲ့ အကြောင်းအရင်းများ"

တခါတလေ ဘာမှတိုက်မိခိုက်မိတာမရှိဘဲနဲ့ အရေပြားပေါ်မှာ အညိုအမည်းကွက်တွေပေါ်လာရင် ဘာကြောင့်လဲ၊ ဘယ်လိုပျောက်အောင်လုပ်ရမလဲ စဉ်းစားရခက်နေတာမျိုးဖြစ်ရပါတယ်။ ဒီလို အညိုကွက်တွေဖြစ်ရတာ အကြောင်းရင်းတချို့ကြောင့်ဖြစ်နိုင်ပြီး သင့်ရဲ့ကျန်းမာရေးအခြေအနေနဲ့လည်း တိုက်ရိုက်ပတ်သက်နေပါတယ်။ ဒီတော့ အရေပြားပေါ်မှာ အညိုအမည်းကွက်တွေပေါ်ရတဲ့ အကြောင်းရင်းနဲ့ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုသိရဖို့ ဖတ်ကြည့်လိုက်ပါဦးနော်။

(၁) အလေးချိန်များတဲ့ပစ္စည်းတွေမခြင်းကြောင့်
တခါတရံ အရမ်းလေးတဲ့ပစ္စည်းတွေ မ,လိုက်တဲ့အခါမျိုးမှာ ခန္ဓာကိုယ်ထဲက ဆံချည်မျှင်သွေးကြောလေးတွေ ပြတ်သွားပြီး အရေပြားပေါ်မှာ အညိုအမည်းကွက်တွေဖြစ်လာရခြင်းဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်က ခံနိုင်တာထက်ပိုတဲ့ အလုပ်တွေလုပ်မိသွားပြီဆိုတဲ့ အဓိပ္ပါယ်ဖြစ်တာကြောင့် နောက်ဆို ဒီလို လေးပင်တာတွေမ,တဲ့အခါ ဆင်ခြင်လိုက်ပါ။

(၂) ဆေးတစ်မျိုးမျိုးသောက်ခြင်းကြောင့်

သံဓာတ်အားဖြည့်ဆေး၊ အရောင်လျော့ဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေသောက်ထားတာကြောင့်လည်း ဒီလို အညိုကွက်တွေဖြစ်တတ်ပါတယ်။ သင့်အနေနဲ့ ဆေးသောက်ထားတဲ့နေ့တွေမှာ အဲ့ဒီလို အညိုအမည်းကွက်တွေဖြစ်လာတယ်လို့ သတိထားမိတယ်ဆိုရင်တော့ ခန္ဓာကိုယ်အတွင်းပိုင်းသွေးကြောတွေမှာ သွေးယိုစီးမှုတွေဖြစ်နေနိုင်တာကြောင့် ဆရာ၀န်နဲ့သေချာပြသပြီး စစ်ဆေးသင့်ပါတယ်။

(၃) သွေးရောဂါတစ်ခုခုကြောင့်

အရေပြားပေါ်က အညိုအမည်းကွက်တွေဟာ သွေးရောဂါတစ်ခုခုကြောင့်ဖြစ်တယ်ဆိုရင် အဲ့ဒီအညိုအမည်းကွက်တွေပေါ်လာတဲ့အချိန်မှာ ခြေထောက်ရောင်ရမ်းနာကျင်တာ၊ သွားဖုံးသွေးယိုတာ ၊ နှာခေါင်းသွေးထွက်တာနဲ့ အရေပြားအပေါ်လွှာမှာ သွေးကြောပြတ်ရာလေးတွေတွေ့နေရပြီဆိုရင်တော့ သွေးကင်ဆာလိုရောဂါမျိုးကြောင့် ဖြစ်နေနိုင်တာမို့ ချက်ချင်းဆေးစစ်ဖို့လိုပါတယ်။

(၄) အာဟာရဓာတ်လိုအပ်နေခြင်းကြောင့်

ခန္ဓာကိုယ်ထဲမှာ ဗီတာမင်ဓာတ်တစ်မျိုးမျိုး ချို့တဲ့နေတဲ့အချိန်မှာလည်း အရေပြားပေါ်မှာ အညိုအမည်းကွက်တွေဖြစ်လာတတ်ပါတယ်။ ဗီတာမင်၊ အာဟာရဓာတ်ချို့တဲ့မှုကြောင့် ဖြစ်လာတဲ့ အညိုအမည်းကွက်တွေကတော့ ထိလိုက်ရင် နာကျင်မှုမရှိပါဘူး။ ဒီအခြေအနေဆိုရင်တော့ သင့်ခန္ဓာကိုယ်ထဲမှာ ဗီတာမင် B12 ၊ ဗီတာမင် ကေ နဲ့ ဗီတာမင် စီ အဓိကလိုအပ်နေတာပါ။

(၅) ဟော်မုန်းမညီမျှမှုကြောင့်

ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းပမာဏ မညီမျှခြင်းကြောင့်လည်း အရေပြားပေါ်မှာ အညိုကွက်တွေဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ အီစထရိုဂျင်ဟော်မုန်း နည်းနေမယ်ဆိုရင် ဆံချည်မျှင်သွေးကြောလေးတွေကို အားနည်းစေပြီး ပြတ်ထွက်တဲ့အထိဖြစ်စေနိုင်ပါတယ်။

(၆) အရေပြားတစ်သျှူးတွေအားနည်းခြင်းကြောင့်

အသက်ကြီးလာတဲ့အချိန်မှာ အရေပြားတစ်သျှူးတွေက အားနည်းလာပြီး ကျုံ့ဆန့်နိုင်စွမ်းလည်း နည်းလာပါတယ်။ အဲ့ဒီအခါ အရေပြားအောက်မှာရှိတဲ့ သွေးကြောလေးတွေလည်း အားနည်းလာပြီး ပြတ်လွယ်လာတာကြောင့် အဲ့ဒီနေရာတွေမှာ အညိုကွက်တွေဖြစ်လာပါတယ်။

(၇) ဆီးချိုရောဂါကြောင့်

အရေပြားပေါ်က အညိုအမည်းကွက်တွေဟာ ဆီးချိုရောဂါရဲ့ရှေ့ပြေးလက္ခဏာဖြစ်နေနိုင်ပါတယ်။ သွေးထဲမှာ သကြားဓာတ်များနေတဲ့အခါ သွေးလှည့်ပတ်မှုကို ကမောက်ကမဖြစ်စေနိုင်ပြီး အရေပြားပေါ်မှာ အညိုအမည်းကွက်တွေလွယ်လွယ်ဖြစ်စေနိုင်ပါတယ်။ တခါတလေ ထိခိုက်မှုက မပြင်းထန်ပေမယ့် အညိုကွက်က အကြီးကြီးပေါ်နေတာမျိုး၊ အနာမကျက်လွယ်တာမျိုး၊ အရေပြားပေါ်မှာ အဖြူရောင်အကွက်လေးတွေဖြစ်တာမျိုးနဲ့ မျက်စိမှုန်တာတွေ တပြိုင်တည်းဖြစ်နေရင်တော့ ဆီးချိုရောဂါဖြစ်နိုင်ချေများနေတာကြောင့် ဆရာ၀န်နဲ့ပြသင့်ပါပြီ။

ကမ္ဘာကျော်သော ဓာတ်ပုံများဓာတ်ပုံတွေက မလိမ်ဘူး📽️အက်ရှင်ရှင်ဇာတ်ဝင်ခန်း📽️ထဲကပုံရိုပ်တွေမဟုတ်ဘူးနိုင်ငံခြားမှာ ဖြစ်ပျက်တာတွ...
09/05/2021

ကမ္ဘာကျော်သော ဓာတ်ပုံများ
ဓာတ်ပုံတွေက မလိမ်ဘူး
📽️အက်ရှင်ရှင်ဇာတ်ဝင်ခန်း📽️ထဲကပုံရိုပ်တွေမဟုတ်ဘူး
နိုင်ငံခြားမှာ ဖြစ်ပျက်တာတွေမဟုတ်ဘူး
ဒါ 🇲🇲မြန်မာနိုင်ငံ 🇲🇲က တကယ့်အဖြစ်အပျက်
နွေဦးတော်လှန်းရေးရဲ့ ကြွေးကြော်သံတွေ၊ ခံစားချက်တွေ၊နာကျင်မှုတွေကို ဒီပုံတွေကတစ်ဆင့် ကမ္ဘာကြီးကမြင်နိုင်ခဲ့တယ်၊ ကြားနိုင်ခဲ့တယ် ၊ ခံစားပေးနိုင်ခဲ့ကြတယ်။
#ᎶᎬᏁᏃ
#အရေးတော်ပုံအောင်ရမည်
photo

ကျောက်မဲမြို့လုံးကျွတ် သပိတ်
03/05/2021

ကျောက်မဲမြို့လုံးကျွတ် သပိတ်

မီတာမဆောင်ဘူးဧည့်စာရင်းမတိုင်ဘူးကျောင်းမတက်ဘူး...မပူးပေါင်းဘူးအခွန်မပေးဘူးမနာခံဘူး...အုပ်ချုပ်ခွင့် လုံးဝမပေးဘူး...     ...
26/04/2021

မီတာမဆောင်ဘူး
ဧည့်စာရင်းမတိုင်ဘူး
ကျောင်းမတက်ဘူး...

မပူးပေါင်းဘူး
အခွန်မပေးဘူး
မနာခံဘူး...

အုပ်ချုပ်ခွင့်
လုံးဝမပေးဘူး...




#အရေးတော်ပုံအောင်ရမည်
#နွေဦးတော်လှန်ရေး
#အရေးတော်ပုံအောင်တော့မည်

အိမ်မှာ အသက် 16 to 35 ယောင်္ကျားလေး အရွယ်ကောင်းတွေ ရှိတဲ့အိမ်တွေ ပိုသတိထားပါ။ Defense Line ကလူငယ်တွေကို ဖမ်းဆီးတယ်လို့ သ...
14/04/2021

အိမ်မှာ အသက် 16 to 35 ယောင်္ကျားလေး အရွယ်ကောင်းတွေ ရှိတဲ့အိမ်တွေ ပိုသတိထားပါ။

Defense Line ကလူငယ်တွေကို ဖမ်းဆီးတယ်လို့ သတင်းလွှင့်ထားပေမယ့် တကယ်ဖမ်းနေတာက လူငယ်ဖြစ်ပြီးရော Random ဖမ်းနေတာ။

Defense လိုင်းလိုင်း မလိုင်းလိုင်း လူငယ်ဖြစ် ဖမ်းတယ်။ ဖယ်ဒရယ်တပ်မတော်မှာ ဝင်ရောက်တာဝန်ထမ်းဆောင်နိုင်တဲ့ အသက်အရွယ်မျိုးတွေကို အဓိကထား ဖမ်းဆီးနေတယ်။

ဒီအချိန်မှာ ကိုယ့်အိမ်မှာ လူငယ်ရှိမရှိ သိသာနိုင်တဲ့ အချက်အလက်တွေကို စစ်ကောင်စီကို သွားပေးဧည့်စာရင်းတိုင်တာဟာ အန္တရာယ်ကို လက်ယပ်ခေါ်တာနဲ့ အတူတူပါပဲ။ ဧည့်စာရင်းပြေးတိုင်နေသူတွေဟာ ကိုယ့်သား၊ ကိုယ့်မောင်၊ ကိုယ့်တူလည်ပင်း ကိုယ် ကြိုးကွင်းစွပ်နေတာနဲ့ အတူတူပဲ။

ဧည့်စာရင်းတိုင်ရတယ်ဆိုတာ ၂၀၁၆ ခုနှစ်က အရပ်သားအစိုးရဖျက်သိမ်းလိုက်တဲ့ ဥပဒေဖြစ်ပြီး အာဏာသိမ်းပြီး စစ်ကောင်စီက ချက်ချင်းပြန်လည်ပြဌာန်းလိုက်တာပဲ ဖြစ်တယ်။

ဧည့်စာရင်းတိုင်တယ်ဆိုတာ သန်းခေါင်စာရင်းထဲကလိပ်စာနဲ့ လက်ရှိနေထိုင်ရာ လိပ်စာမတူရင်ဘဲ ဧည့်စာရင်း တိုင်ရတာ။

အခုက အကုန်ပဲ ဧည့်စာရင်းတိုင်ရမယ်တို့၊
မတိုင်ရင် ဘာဖြစ်မယ်တို့ ခြောက်နေတာ။

တကယ့် ပြစ်ဒဏ်က ဒဏ်ငွေ တစ်သောင်းနဲ့ ထောင် ၇ ရက်ပါ။

ထောင် ၇ ရက်ကို ထောင်သုံးနှစ်ဆိုပြီး အရပ်စကားနဲ့ လိုက်ကြေညာပြီး လူတွေကို တမင် ကြောက်သွားအောင် အကြောက်တရား သွင်းနေတာ။ သူတို့ပါးစပ်က ဘာအမှန်တရားမှ မထွက်ဘူးဆိုတာ အခုအသက်အရွယ်ထိ မြန်မာပြည်မှာနေခဲ့ရင် ကောင်းကောင်းသိလောက်ရောပေါ့။

ခင်ဗျားတို့ကို ဖိန့်နေတာ။

ဒီအချိန်မှာ ဘယ်ကောင်မှ တစ်အိမ်တက်ဆင်း ဧည့်စာရင်း လိုက်မစစ်နိုင်သေးဘူး။

ခင်ဗျားတို့ ကိုယ်တိုင်လာပေးတဲ့ အချက်အလက်ကို အသာလေး ယူထားပြီး ခင်ဗျားတို့ကို အချိန်မရွေး ရိုက်သတ်နိုင်မယ့် ကြက်တွေလို ခြင်းထဲထည့်နေတာ။

စောင့်ကြည့်၊

ဖယ်ဒရယ်တပ်မတော် ပေါ်ပေါက်လာပြီဆိုတာနဲ့ တိုင်ထားတဲ့ ဧည့်စာရင်းကို ကြည့်ပြီး အသက် ၁၆ နဲ့ ၃၀ ကြား လူငယ်တွေကို စစ်ထုတ်ပြီးလောလောလတ်လတ် လာဧည့်စာရင်းတိုင်ထားတဲ့ အိမ်လိပ်စာနဲ့ အတိအကျ လာဖမ်းဖို့ အကွက်တွေ လာလိမ့်မယ်။

ဧည့်စာရင်းကို ကိုယ်သွားတိုင်ထားပြီး ကိုယ့်အိမ်က လူငယ်လေးတွေ အပြစ်မဲ့ အဖမ်းခံရရင် သူများကို လိုက်လက်ညှိုးမထိုးနဲ့။

မှန်ထဲကြည့်ပြီး ကိုယ့်ပါးကိုယ်ရိုက်ပြီး ငိုဖို့ပဲ ကျန်ပါလိမ့်မယ်။

ကိုယ်လည်ပင်းက ကြိုးကွင်းကို ကူကျစ်ပေးဖို့လောက်ထိ မ အ ကြပါနဲ့။

(ကူးလာသည်)
photo/credit

အေးချမ်းပါစေမြန်မာပြည် 🙏🙏🙏
13/04/2021

အေးချမ်းပါစေမြန်မာပြည် 🙏🙏🙏

(၁၀.၄.၂၀၂၁)ရက်နေ့တွင် ဖမ်းဆီးခံရပြီး အိုးဘိုထောင်တွင် ရောက်ရှိနေသူများ၏ စာရင်းCredit
11/04/2021

(၁၀.၄.၂၀၂၁)ရက်နေ့တွင် ဖမ်းဆီးခံရပြီး အိုးဘိုထောင်တွင် ရောက်ရှိနေသူများ၏ စာရင်း
Credit

ယနေ့မန္တလေး  ၉.၄.၂၀၂၁အကြမ်းဖက်စစ်အုပ်စုက ရက်ရက်စက်စက်ဖမ်းဆီး ပစ်ခက်သတ်ဖြတ်နေသော်လည်းဘဲ အနာဂါတ်မျိုးဆက် အတွက် ရဲရဲ၀ံ့၀ံ့ ...
09/04/2021

ယနေ့မန္တလေး ၉.၄.၂၀၂၁

အကြမ်းဖက်စစ်အုပ်စုက ရက်ရက်စက်စက်ဖမ်းဆီး
ပစ်ခက်သတ်ဖြတ်နေသော်လည်းဘဲ အနာဂါတ်မျိုးဆက် အတွက် ရဲရဲ၀ံ့၀ံ့ နေ့စဥ်မပျက် အာဏာရှင်ကို ဆန့်ကျင်နေကြတဲ့ မန္တလေးက ရဲရဲတောက် သပိတ်စစ်ကြောင်းတွေ။

၁။ မြတောင်သပိတ်စစ်ကြောင်း
၂။ အင်ဂျင်နီယာ ဆိုင်ကယ် သပိတ်စစ်ကြောင်း
၃။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ အဖွဲ့ချုပ်
သပိတ် စစ်ကြောင်း
၄။ မန္တလေမြို့ပေါ် တက္ကသိုလ်၊ ဒီဂရီကောလိပ်မှ ဆရာ
ဆရာမများ၊ ဝန်ထမ်းများရဲ့ သပိတ်စစ်ကြောင်း
၅။ ကျန်းမာရေး မိသားစု သပိတ်စစ်ကြောင်း
၆။ မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း
၇။ စိန်ပန်း ရပ်ကွက်လူထု သပိတ်စစ်ကြောင်း
၈။ မန္တလေး ဘောလုံးမိသားစု သပိတ်စစ်ကြောင်း
၉။ တမ္ပဝတီ လူထု သပိတ်စစ်ကြောင်း
၁၀။ အမှတ် (၇ )ကျောင်းသား ကျောင်းသူဟောင်းများ
သပိတ်စစ်ကြောင်း
၁၁။ ရတနာပုံ တက္ကသိုလ်ကျောင်းသား/ကျောင်းသူများ
သပိတ်စစ်ကြောင်း

ဖော်ပြထားတဲ့အထဲမှာ မပါသေးတဲ့ ရပ်ကွက်သပိတ်များနဲ့ အခြားသပိတ်စစ်ကြောင်းများလည်း ကျန်ရှိနိုင်ပါသေးတယ်။

#မလျှော့ဘူး
#သွေးမအေးဘူး

"စစ်အာဏာရှင်စနစ် မကြာမှီမုချကျရှုံးရမည်"

"အရေးတော်ပုံ အောင်ရမည်"

မန္တလေး
၉.၄.၂၀၂၁

photo crd;

ဆရာကြီးဒေါက်တာဇော်ဝေစိုးက မနက်စောစောစီးစီး အကုန်လုံးကိုအားဆေးတိုက်ထားပါတယ် ။ ယူသောက်လိုက်ကြပါဦး ။ #ဒေါက်တာဇော်ဝေစိုး၁။ C...
08/04/2021

ဆရာကြီးဒေါက်တာဇော်ဝေစိုးက မနက်စောစောစီးစီး အကုန်လုံးကိုအားဆေးတိုက်ထားပါတယ် ။
ယူသောက်လိုက်ကြပါဦး ။
#ဒေါက်တာဇော်ဝေစိုး
၁။ CDM က ခိုင်မာနေပါတယ်။
၂။ ICC, ICJ ပြဿနာရှိပါတယ်။
၃။ အာဆီယံဟာ မရပ်တည်ပေးရဲ၊
အနေအထားကို ရောက်သွားပါပြီ။
၄။ တရုတ်အနေနဲ့လည်း အရမ်းကြီးထောက်ခံမှု မပြသတော့ပါဘူး။
၅။ embargo ပိတ်ဆို့မှုတွေဟာ ငွေကြေး၊ လက်နက်အဝယ်၊ ပြည်ပအထွက် စသဖြင့် နေရာတိုင်းမှာ ဆက်တိုက် ဆက်တိုက် ကန့်သတ်အရေးယူလျက် ရှိပါတယ်။
၆။ ပိုက်ဆံကို လက်ဝါးချင်းရိုက်ဖို့ ခရိုနီအုပ်စုဆီက သစ္စာမလာတော့ မလာနိုင်တော့ပါဘူး။ ခြေဥကြောင့် ခရိုနီအသစ်မွေးဖို့လည်း အလွန်ခက်တဲ့အနေအထားပါ။
၇။ ဘဏ္ဍာရေးမှာ ကမ္ဘာ့ဘဏ်ကငွေကြေး မသုံးစွဲနိုင်တော့ပါဘူး။
၈။ ကုလသမဂ္ဂကိုယ်စားလှယ်ဟာ အရွေးကောက်ခံအစိုးရ ကိုယ်စားပြုရှိနေပါတယ်။ (မိမိဘက်မရှိနိုင်တော့ဘူးလို့တောင် ဆိုနိုင်ပြီမလား)
၉။ နိုင်ငံချင်း သံကူးလူးဆက်ဆံချက် ဟာ
ရွေးကောက်ခံအစိုးရနဲ့ စတင်ပြသထားပြီးပြီမို့
မကြာခင်မှာအခြားနိုင်ငံများဆက်လာဖို့သာရှိပါတယ်
၁၀။ လမ်းပေါ်တက်ဆန္ဒပြမှုအရှိန်ဟာမကျပါဘူး။ ထိန်းချုပ်လို့ ရကောင်းရပါလိမ့်မယ်၊ ခြောက်လှန့်နှိပ်ကွပ်နေတယ်လို့ ပုံဖော်ခံရဦးမှာပါပဲ။
၁၁။ ဒစ်ဂျစ်တယ်နဲ့ နည်းပညာဘက်မှာ ထိန်းချုပ်မှုခက်တဲ့အပြင် ထိုးနှက်မှုတွေ ခံရပါတယ်။
ရွေးကောက်ခံအစိုးရရဲ့ ဝန်ကြီးများအဖွဲ့
စာရင်း အခိုင်အမာဖွဲ့စည်း ထွက်ပေါ်လာတာနဲ့
အကြပ်အတည်းဟာ အပြင်းထန်ဆုံးရောက်လာမှာ ဖြစ်ပြီး၊ ဒါဟာလည်း မကြာတော့လောက်ဘူး လို့ ယူဆရပါတယ်။
"CDMတိုက်ပွဲကိုပဲ အဆုံးထိဆင်နွဲကြ"
သူတို့တစ်တွေ တုန်လှုပ်နေပြီ
သူတို့တစ်တွေ ခြောက်ခြားနေပြီ
သူတို့ သုံးပတ်ကျော်ပြီ အစိုးရဖွဲ့မရဘူး
သူတို့ကို ဘယ်သူမှအသိအမှတ် မပြုဘူး
သေနတ်ထောက်ပြီး အလုပ်လုပ်ခိုင်းနေရတယ်
လုံးဝ မကြောက်နဲ့
လုံးဝ မတွေဝေနဲ့
လုံးဝ ဇွဲမလျှော့နဲ့
ဒို့ရင်ထဲ မှာအမှန်တရားရှိတယ်
ဒို့နောက်မှာ ပြည်သူ ရှိတယ်
CDMတိုက်ပွဲကို အဆုံးထိ ဆင်နွဲကြ
ပြည်သူ့အစိုးရပြန်ရမှအလုပ်လုပ်မယ်
ဒေါက်တာ ဇော်ဝေစိုး

Generation Extra(Gen E)ဒီ generation ကတော့ ‌တော်လှန်ရေးရဲ့ စည်းဝိုင်းအပြင်ဘက်ရောက်နေတဲ့သူတွေ စုထားတဲ့ generation အပိုတွေ...
05/04/2021

Generation Extra(Gen E)

ဒီ generation ကတော့ ‌တော်လှန်ရေးရဲ့ စည်းဝိုင်းအပြင်ဘက်ရောက်နေတဲ့သူတွေ စုထားတဲ့ generation အပိုတွေ
(အပိုတွေလုပ်လွန်းလို့မဟုတ်ဘူး😆 ဘာမှမလုပ်ပဲ တော်လှန်ရေးကြီးထဲမှာလူပိုတွေဖြစ်နေလို့)

ဆောင်ပုဒ်နဲ့တကွ ပြောရရင်
" ဆိတ်ဆိတ်နေတာ
Gen Extra"ပေါ့

ဝူခုန်းက GenZ၊ပါကျဲက Gen Y၊
ဆားဝူဂျင်းက Gen X ၊ရှီးဖော်က Gen L ဆိုရင်
နေကြာစိစားပြီး အဲ့ဇာတ်ကားထိုင်ကြည့်နေတဲ့ သူတွေက Gen E တွေပဲ
(ဘာလို့လဲဆို ဇာတ်ကားထဲမှာ ဝူခုန်းတို့တွေမိစ္ဆာတွေနဲ့တွေ့ပြီး ဘယ်လောက်ချနေနေ သူတို့က အပြင်ကကြည့်နေတဲ့ ပရိသတ် သက်သက်ပဲ)

Gen E တွေက အပြင်မှာဆို လူအေးတွေ(ဘယ်လောက်အေးလဲဆို ရေခဲတုံးတောင်သူတို့နားထားရင် စောင်ပတ်ပေးထားရလောက်အောင်ကို သူတို့အအေးဓာတ်ကပြင်းတယ်🥶)

🥴သံပုန်းတီးရမှာလဲ သူတို့ရှက်တယ်

🥴လက်၃ချောင်းလဲမထောင်ဖူးဘူး

🥴တို့အရေးလဲ မအော်ရဲ

🥴CDM တွေကိုလဲ ကူညီရကောင်းမှန်းမသိ

🥴ပြည်လုံးကျွတ်ပြီးသပိတ်ဆင်နွှဲကြတာတောင် သူတို့မကျွတ်

🥴ရှက်တတ်လွန်းလို့ အေးလွန်းလို့လူမသိသူမသိ CRPH ကိုငွေလှူဖူးလားဆိုတော့လဲ တပြားမှမလှူ

🥴Keyboard Fighter လားဆိုတော့လဲ game သာနေ့ညဆော့တတ်တာ fb မှာ အကောင့်သေ၊ဝင်ကြည့်ဖတ်၊ပြီးရင်ပြန်ထွက်

🥴အရေးတော်ပုံနဲ့တိုက်ရိုက်မသက်ဆိုင်တဲ့ မီးဘေးများကူလေမလားဆိုပြီးမျှော်လင့်မိပြန်တော့လဲ ရေစုန်မျော

🥴ရပ်ကွက်လုံခြုံရေးအတွက်သဲအိတ်ကာမယ့်အစားအပြင်မထွက်ဘဲ ကိုယ့်အိမ်ထဲ၊ကိုယ့်အခန်း‌လေးထဲ နေရင် အန္တရာယ်ပိုကင်းတယ်ဆိုတဲ့ လူမျိုးတွေ

🥴ကိုယ်တိုင်သာဗိုက်ဝအောင်ဒံပေါက်ဝယ်စားမယ် ဒံပေါက်ကျွေးဖို့ဝေး

🥴Boycott ဆိုတာလဲမသိလို့ dictionary လှန်ရှာရမယ့်လူတွေ

အဲလို အပေါ်ကဟာတွေတခုမှ မလုပ်တာ Gen E

မြန်မာပြည်ကြီး ၂ခြမ်းကွဲနေပြီး ဟိုဘက်ခြမ်းကနေထိုင်၊ နေကြာစိစားပြီး ပွဲကြည့်ပရိသတ်လုပ်နေကြတဲ့
အရမ်းအနေအေးကြတဲ့
Gen E တွေ

အေးး
အရေးတော်ပုံကြီးအောင်မြင်ပြီး လူတွေအောင်ပွဲခံတော့မှ ရော‌ယောင်ပြီးပျော်ဖို့ထွက်မလာနဲ့
ပွတ်လွှတ်မှာ (ရေခဲတုံးနဲ့)

Suwai

တိုင်းပြည်ရဲ့အနာဂတ်ကိုအပြီးတိုင်ပြောင်းလဲပြစ်မဲ့ရဲရဲတောက်ဖိိုက်တာသုံးဦးလမ်းမပေါတော်လှန်းရေးသတ္တိရှိရှိဦးဆောင်ခဲ့သူများ
05/04/2021

တိုင်းပြည်ရဲ့အနာဂတ်ကိုအပြီးတိုင်ပြောင်းလဲပြစ်မဲ့ရဲရဲတောက်ဖိိုက်တာသုံးဦးလမ်းမပေါတော်လှန်းရေးသတ္တိရှိရှိဦးဆောင်ခဲ့သူများ

လိုရမယ်ရ သိမ်းထားရန် !!Cc to owner
04/04/2021

လိုရမယ်ရ သိမ်းထားရန် !!

Cc to owner

အနာဂတ်ကလေးများအတွက်
02/04/2021

အနာဂတ်ကလေးများအတွက်

ယနေ့ ဧပြီလ ၂ ရက်နေ့တွင် တွေ့ရသော မုံရွာသပိတ်။ နေ့စဥ် သပိတ်ကြောင်းကို ပြည်သူအင်အားသောင်းနှင့်ချီ၍ ထွက်နေခြင်းဖြစ်ပြီး စစ်...
02/04/2021

ယနေ့ ဧပြီလ ၂ ရက်နေ့တွင် တွေ့ရသော မုံရွာသပိတ်။ နေ့စဥ် သပိတ်ကြောင်းကို ပြည်သူအင်အားသောင်းနှင့်ချီ၍ ထွက်နေခြင်းဖြစ်ပြီး စစ်အာဏာရှင် ကျဆုံးစေရန် ဆန့်ကျင်ဆန္ဒပြလျက်ရှိသည်။
Credit/Khit Thit Media

02/04/2021

Address


Website

Alerts

Be the first to know and let us send you an email when The MYANMA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share