14/05/2024
PS5 စက်ရှိပြီး storage မလောက်တဲ့သူတွေအတွက် external storage ထပ်ပေါင်းထည့်ချင်သူတွေအတွက်ရည်ရွယ်ပါတယ်။
External storage တပ်မယ်ဆိုရင်
PS5 ဂိမ်းတွေကိုတော့ တိုက်ရိုက်ဆော့လို့ရမှာမဟုတ်ပါဘူး။external storage ထဲမှာ သိမ်းဆည်းထားလို့ပဲရမှာပါ။ဆော့မယ်ဆိုတဲ့အချိန်မှ game ကို စက်ထဲပြန်ကူးထည့်ပြီး ဆော့ရမှာပါ။
PS4 ဂိမ်းတွေကိုတော့ တိုက်ရိုက် ယူပြီးဆော့နိုင်ပါတယ်။
ပထမဆုံး HDD ကို အရင် Format ချရပါမယ်
Setting>storage>USB extended storage>format as USB extended storage
တကယ်လို့စက်မှာ usb device တွေအများကြီးတပ်ထားမိတယ်ဆိုရင် select another usb drive ကိုရွေးပြီး format ချလို့ရပါမယ်။
Format ချနေတုန်းမှာတော့ စက်ပိတ်ပစ်တာမျိုးတွေမလုပ်ရပါဘူး။data တွေထိခိုက်နိုင်လို့ပါ။
* SuperSpeed USB 5 Gbps (USB 3.0/USB 3.1 Gen1/USB 3.2 Gen1)
* SuperSpeed USB 10 Gbps (USB 3.1 Gen2/USB 3.2 Gen2/USB 3.2 Gen1x2*)
* SuperSpeed USB 20 Gbps (USB 3.2 Gen2x2**)
ဒီသတ်မှတ်ချက်တွေနဲ့ ပြည့်စုံတဲ့ HDD တွေကပဲ တပ်သုံးလို့အဆင်ပြေပါမယ်။
Type C ကြိုးနဲ့ HDD တွေကတော့ စက်ရဲ့ရှေ့ဘက်က Type C port မှာ တပ်လိုက်ရုံပါပဲ။
USB Type A ကြိုးဆိုရင်တော့ စက်ရဲ့ အနောက်ဖက်က USB Port နှစ်ပေါက်မှာတပ်ဆင်နိုင်ပါတယ်။
အနည်းဆုံး 250 GB - 8TB အထိ တပ်ဆင်နိုင်ပါတယ်။
တပ်ထားတဲ့ USB extended storage ကို ခဏဖြုတ်ချင်တာပဲဖြစ်ဖြစ် အခြားစက်မှာ သုံးချင်လို့ဖြုတ်တာမျိုးလုပ်တဲ့အခါမှာ ဒီတိုင်းဆွဲမဖြုတ်ရပါဘူး။
Setting>Storage>USB Extended Storage>Safely Remove From PS5
စက်ထဲက ဂိမ်းကို HDD ထဲ ရွှေ့မယ်ဆိုရင်
Game Library > select game> option>Move Game and App >Movable To USB Extended Storage
HDD ထဲက ဂိမ်းကို စက်ထဲပြန်ကူးမယ်ဆိုရင်
Game Library >Installed Tab >Copy