GBI Afort News

  • Home
  • GBI Afort News

GBI Afort News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from GBI Afort News, Media/News Company, .

အရေးတော်ပုံအောင်ရမည်
27/03/2021

အရေးတော်ပုံအောင်ရမည်

စာတွေအများကြီးရေးစရာမလိုတော့ဘူး။ ပုံနဲ့လုံလောက်တယ်။အလှည့်ကျရင်မနွဲ့ကြကြေးတာဝန်အရအမိန့်အရ ဆိုတဲ့ထမင်းရည်ပူလျှာလွဲ စကားပြေ...
26/03/2021

စာတွေအများကြီးရေးစရာမလိုတော့ဘူး။ ပုံနဲ့လုံလောက်တယ်။
အလှည့်ကျရင်
မနွဲ့ကြကြေး
တာဝန်အရ
အမိန့်အရ ဆိုတဲ့
ထမင်းရည်ပူလျှာလွဲ စကားပြောဖို့
အခွင့်အရေးတောင်မရစေနဲ့။ CRT

ရေးမြို့ စကားတောင်စေတီအားတပ်စွဲလိုက်ပြီဖြစ်ကြောင်းတစ်ချို့မသိကြသေးပါဘူး ကူတင်ပေးကြပါCRT  # .လက်ရှိတပ်ဆုတ်သွားပါပြီး ဘာကြ...
25/03/2021

ရေးမြို့ စကားတောင်စေတီအား

တပ်စွဲလိုက်ပြီဖြစ်ကြောင်း

တစ်ချို့မသိကြသေးပါဘူး

ကူတင်ပေးကြပါ

CRT # .လက်ရှိတပ်ဆုတ်သွားပါပြီး ဘာကြံနေပြန်ပြီမှန်းမသိ

CDM ဆောင်ရွက်သော ဝန်ထမ်းများအား ကူညီခြင်း ပြည်သူ့ဝန်ထမ်းများအတွက် ကျွန်တော်တို့ရှိပါတယ်။ပြည်သူ့ဘက်မှရပ်တည်ကာ Civil Disob...
25/03/2021

CDM ဆောင်ရွက်သော ဝန်ထမ်းများအား ကူညီခြင်း

ပြည်သူ့ဝန်ထမ်းများအတွက် ကျွန်တော်တို့ရှိပါတယ်။

ပြည်သူ့ဘက်မှရပ်တည်ကာ Civil Disobedience Movement ပါဝင်သော ဝန်ထမ်းများအား နေအိမ် အခက်အခဲရှိနေသည့်အတွက် ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။

ထို့အပြင် ဌာနစုံမှ ဝန်ထမ်းအယောက် (၂၀) အား တစ်ဦးလျှင် (၅၀၀၀၀) ကျပ်နှုန်းဖြင် စုစုပေါင်း (၁၀) သိန်းကျပ်အား ဂျပန်ရောက်မြန်မာအဖွဲ့ကိုယ်စား ဂုဏ်ပြုချီးမြှင့်ခဲ့ကြပါတယ်။

အပြောင်းအလဲမှာ ပြည်သူ့ဝန်ထမ်းတွေအားလုံးက နိုင်ငံရဲ့ သူရဲကောင်းတွေအဖြစ် မှတ်တမ်းထင် ကျန်နေရစ်အောင် ကျွန်တော်တို့အတူတူ ရင်ဆိုင်ကျော်ဖြတ်ကြရအောင်ပါ။

Civil Disobedience Movement မှာ မတရားမှုကိုဆန့်ကျင်သော ပြည်သူ့ဝန်ထမ်းများအား နိုင်ငံရေး၊ စီးပွားရေး၊ အနုပညာရေး အလွှာစုံမှ ပြည်သူများက ကူညီစောင့်ရှောက်ကြပါစို့ 🙏🏼🙏🏼🙏🏼

" ဝန်ထမ်းတွေ နီးရာဓါးကြောက်နေရရင်
ဓါးမရှိတဲ့ဘက်မှာ ရပ်တည်လိုက်ပါ "
- ဒေါ်အောင်ဆန်းစုကြည်



ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သတ်ပေးရန် မော်လမြိုင်လူငယ်များ တောင်းဆိုဧရာဝတီ၊ မတ် ၂၄၊ ၂၀၂၁အာဏာသိမ်း စစ်ကောင်စီ ခ...
25/03/2021

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သတ်ပေးရန် မော်လမြိုင်လူငယ်များ တောင်းဆို

ဧရာဝတီ၊ မတ် ၂၄၊ ၂၀၂၁

အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သတ်ဖြတ်ပေးရန် မွန်ပြည်နယ် မော်လမြိုင်မြို့ခံလူငယ်များက သံလွင်တံတားအောက်မှာ စာရေးတောင်းဆိုလိုက်ကြပါတယ်။ ဒါဟာ မော်လမြိုင်လူငယ်များ၏ကမ္ဘာကိုတောင်းဆိုမှုများ ဖြစ်တယ်လို့လည်း ဧရာဝတီကို ပြောပါတယ်။

ကုလသမဂ္ဂ (UN) အနေနဲ့လည်း အာဏာသိမ်းပြီး လူထုကို သတ်ဖြတ်နေတဲ့ မြန်မာ စစ်တပ်ကို ပိုမိုထိရောက်တဲ့ အရေးယူမှုတွေပြုလုပ်ပေးဖို့နဲ့ မြန်မာစစ်တပ်ကို လက်နက်ရောင်းချပေးနေမှုတွေကို ရပ်တန့်သွားအောင် လုပ်ဆောင်ပေးဖို့လည်း တောင်းဆိုထားကြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရဟာ လက်ရှိအာဏာသိမ်း စစ်ကောင်စီမဟုတ်ဘဲ ပြည်သူလူထုက မဲပေးရွေးချယ်တင်မြောက်ထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) သာဖြစ်ကြောင်းနဲ့ မြန်မာစစ်တပ်က ပြည်သူတွေကို ကျည်အစစ်တွေ သုံးပြီး ပစ်ခတ်သတ်ဖြတ်နေတာတွေကို ရပ်တန့်သွားအောင် လုပ်ဆောင်ပေးဖို့လည်း အကူအညီတောင်းထားတာတွေ့ရပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က စပြီး မတ်လ ၂၂ ရက်နေ့ အထိ အာဏာသိမ်းတာ လက်မခံကြောင်း ဆန္ဒဖော်ထုတ်သူတွေကို သတ်ဖြတ်နေတာ ၂၇၅ ဦးရှိပြီး ၂၄၁၈ ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကထုတ်ပြန်ထားသည်။

ဓာတ်ပုံ - CJ


25/03/2021

တောင်တရုတ်ပင်လယ်ပြင်ထဲ ကန်လေကြောင်းအင်အားကိုပါ တိုးချဲ့လာ
[Zawgyi/Unicode]

အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ထဲမှာ အမေရိကန်ဘက်က ရေကြောင်းအပြင်၊ လေကြောင်းအင်အားတွေပါ စချလာနေပြီလို့ သုံးသပ်သူတွေကဆိုပါတယ်။

အမေရိကန်နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးတွေရဲ့ အာရှဒေသခရီးစဉ်အပြီးဖြစ်လာတဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲ လေကြောင်းအင်အားတိုးလာတာဟာ တရုတ်ရဲ့ အင်အားချဲ့ထွင်မှုကို အလျင်အမြန်အသေးစိတ်စောင့်ကြပ်နိုင်ဖို့ဖြစ်တယ်လို့ ဒေသတွင်း ကျွမ်းကျင်သူတွေက ယူဆပါတယ်။

အခုလို လေယာဉ်တွေချထားမှုကြောင့် ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်အတွင်း စစ်သဘောင်္တွေသွားလာမှုအပေါ် ပိုသိသိသာသာ စောင့်ကြည့်သွားနိုင်ပေမဲ့ တရုတ်နဲ့တင်းမာမှုကိုတော့ ပိုဆိုးသွားစေလိမ့်မယ်လို့်လည်း သုံးသပ်သူတွေက ထောက်ပြကြပါတယ်။

လေယာဉ်တွေသဘာဝအရ သဘောင်္ာတွေထက် ပိုများများစောင့်ကြည့်နိုင်ပြီး သူတို့လုပ်စရာတွေကိုလည်း ပိုမြန်မြန်ပြီးအောင်လုပ်နိုင်စွမ်းရှိတယ်လို့ သုံးသပ်သူတွေကပြောပါတယ်။

လေယာဉ်တွေဟာ အမြင့်ပျံပြီး အပေါ်စီးက ကြည့်နိုင်တာမို့ သင်္ဘောနဲ့ မတူဘဲ လေ့လာစောင့်ကြပ်မှုကို ကျယ်ကျယ်ပြန်ပြန်အလွယ်တကူလုပ်နိုင်တဲ့ အားသာချက်ရှိတယ်လို့ ဟာဝိုင်ယီပြည်နယ်ရှိ Daniel K. Inouye အာရှ-ပစိဖိတ် လုံခြုံရေးလေ့လာမှုဌာနက ပါမောက္ခ Alexander Vuvind ကပြောပါတယ်။

ဒီလိုတင်းမာမှုတွေဖြစ်လာနိုင်ခြေရှိတာကို တရုတ်ဘက်ကတော့ မဟာဗျူဟာအရ ထည့်သွင်းစဉ်းစားပြီးသားဖြစ်လိမ့်မယ်လို့ စင်္ကာပူ အမျိုးသားတက္ကသိုလ် ပြည်သူ့ရေးရာမူဝါဒကျောင်း လက်ထောက်ပါမောက္ခ Eduardo Araral က သုံးသပ်ပါတယ်။



[Unicode Version]

တောင်တရုတ်ပင်လယ်ပြင်ထဲ ကန်လေကြောင်းအင်အားကိုပါ တိုးချဲ့လာ

အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ထဲမှာ အမေရိကန်ဘက်က ရေကြောင်းအပြင်၊ လေကြောင်းအင်အားတွေပါ စချလာနေပြီလို့ သုံးသပ်သူတွေကဆိုပါတယ်။

အမေရိကန်နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးတွေရဲ့ အာရှဒေသခရီးစဉ်အပြီးဖြစ်လာတဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲ လေကြောင်းအင်အားတိုးလာတာဟာ တရုတ်ရဲ့ အင်အားချဲ့ထွင်မှုကို အလျင်အမြန်အသေးစိတ်စောင့်ကြပ်နိုင်ဖို့ဖြစ်တယ်လို့ ဒေသတွင်း ကျွမ်းကျင်သူတွေက ယူဆပါတယ်။

အခုလို လေယာဉ်တွေချထားမှုကြောင့် ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်အတွင်း စစ်သဘောၤတွေသွားလာမှုအပေါ် ပိုသိသိသာသာ စောင့်ကြည့်သွားနိုင်ပေမဲ့ တရုတ်နဲ့တင်းမာမှုကိုတော့ ပိုဆိုးသွားစေလိမ

မြန်မာစစ်တပ်ကို သီးခြားစောင့်ကြည့်ရန် ကုလလူ့အခွင့်အရေးကောင်စီတောင်းဆိုအပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေနှင့် အပြည်ပြည်ဆ...
25/03/2021

မြန်မာစစ်တပ်ကို သီးခြားစောင့်ကြည့်ရန် ကုလလူ့အခွင့်အရေးကောင်စီတောင်းဆို

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဥပဒေများကို ချိုးဖောက်ခြင်းနှင့်ပတ်သက်၍ တာဝန်ခံမှုရှိစေရေး မြန်မာစစ်တပ်ကို သီးခြားစောင့်ကြည့်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ယနေ့ (မတ် ၂၄) တွင် တောင်းဆိုလိုက်သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ၄၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဆွတ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ ၌ကျင်းပခဲ့ရာ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်ကို မဲမခွဲဘဲ ဆုံးဖြတ်ခဲ့သည့် အပြင် လူ့အခွင့်အရေး ဆိုင်ရာမဟာမင်းကြီးကိုလည်း ကောင်စီက တောင်းဆိုချက်များပြုလုပ်ခဲ့သည်။

စစ်တပ်က အာဏာသိမ်းယူသည့် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကဏ္ဍ ပြောင်းလဲမှုအပါအဝင် မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေအားလုံးကို စောင့်ကြည့်ရန်နှင့် အကဲဖြတ် ရန် မဟာမင်းကြီးကို တောင်းဆိုခဲ့သည်။

နိုင်ငံတစ်ဝန်း ကြီးလေးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများနှင့် လူ့အခွင့် အရေးချိုးဖောက်မှုများ အတွက် တာဝန်ရှိသူအားလုံးကို တာဝန်ခံမှုရှိစေရေး သေချာစေရန် အရေးပေါ်လိုအပ်ကြောင်း ဆုံးဖြတ် ချက်ကို အဖွဲ့ဝင် ၄၇ နိုင်ငံပါဝင်သော ကုလလူ့အခွင့်အရေးကောင်စီက ထည့်သွင်းဆုံးဖြတ်ခဲ့သည်။

ယင်းနောက် ကောင်စီက အတည်ပြုဖွဲ့စည်းထားသော မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်း စစ်ဆေးမှုယန္တရား( IIMM) အပါအဝင် ကုလသမဂ္ဂကို အပြည့်အဝ၊ အကန့်အသတ်မရှိ၊ စောင့်ကြပ် ကြည့်ရှုခြင်းမရှိဘဲ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်ပေးရန် အထက်ပါဆုံးဖြတ်ချက်၌ထည့်သွင်းထားသည်။

ထို့အပြင် ကောင်စီသည် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ Tom Andrews ၏ လုပ်ပိုင်ခွင့်နှင့်တာဝန်ကို သက်တမ်းတစ်နှစ်တိုးမြှင့်ခြင်းကိုလည်း မဲမခွဲဘဲ ဆုံးဖြတ်ခဲ့သည်။

ဓာတ်ပုံ − မတ် ၁၂ ရက်က ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက R2P ပိုစတာများ ကိုင်ဆောင်ထားစဉ်။ (ဓာတ်ပုံ − EPA)

အာစီယံ လှုပ်ပြီ***********     အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒိုက မြန်မာ့အရေးကို မထင်မှတ်သောနည်းဖြင့် ရဲတင်း ထိ...
25/03/2021

အာစီယံ လှုပ်ပြီ
***********

အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒိုက မြန်မာ့အရေးကို မထင်မှတ်သောနည်းဖြင့် ရဲတင်း ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အာစီယံ အစည်းအဝေး တရပ်ခေါ်ယူရန် တောင်းဆိုလိုက်သည်။
ယင်းသို့တောင်းဆိုသည်မှာ တနိုင်ငံနှင့် တနိုင်ငံ ပြည်တွင်းရေးကို ဝင်မ စွက်ဖက်ရေး ဟူသော အာစီယံနိုင်ငံများ၏ နိုင်ငံ
ခြားရေးမူဝါဒကို သွေဖီရာကျနေ
သည်ဟု ဝေဖန်သူများက သုံးသပ်ကြသည်။
စစ်အုပ်စုရဲ့ လူမဆန်မှုကို
အာစီယံနိုင်ငံများပါ လက်ပိုက်
ကြည့်မနေနိုင်တော့ဘဲ မိမိတို့ရဲ့ နိုင်ငံခြားရေးမူဝါဒများကိုပါ ဖောက်ဖျက်ကာ ဝင်ရောက်စွက်ဖက် လာကြရတော့မည်ဖြစ်သည်။

Breaking News!!!!!ထူးတော့ထူးနေပြီ၊ ဒီတစ်ပတ် အတွင်းမှာကို ထူးခြားတော့ပါ မယ်၊  စစ်မိစ္ဆာ​တွေရေ သေဖို့တာ ပြင်ထားပေတော့👏👏👏👏👏...
25/03/2021

Breaking News!!!!!

ထူးတော့ထူးနေပြီ၊ ဒီတစ်ပတ် အတွင်းမှာကို ထူးခြားတော့ပါ မယ်၊ စစ်မိစ္ဆာ​တွေရေ သေဖို့တာ ပြင်ထားပေတော့👏👏👏👏👏👏
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးက take action ဆိုတဲ့ အသုံးအနှုန်းကို ညတုန်းက သုံးထားသလို၊ မနေ့ က ဩဇီ သံရုံး pages ကလည်း စားစရာ၊ ရိက္ခာတွေ ၂ ပတ်စာ စုဆောင်းထားဖို့ ကြေငြာချက်ထုတ်ထားပါတယ်၊ မြန်မာရေ ပိုင်နက်နားရောက်နေတဲ့ မဟာမိတ် စစ်သင်္ဘော အုပ်စုဟာ အမရိကန်ရော ဩဇီ ရောပါတဲ့ QUAD စစ်ရေးမဟာမိတ် ဖြစ်ပါတယ် ဆိုတာ သတိချပ်သင့်သလို၊ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟာ take action ဆိုတဲ့ စကားကို အရင်နေ့တွေက မပြောသလို မနေ့ကမှ စပြီးပြောတာပါ👍👍👍
UN အထွေထွေ အတွင်းရေးမှူးချုပ် က လည်း UN Security Council ရဲ့ ခွင့်ပြုချက်မလိုဘူး အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ ကို ဆော်ချင်တဲ့ လူ ဝင်သာဆော်တော့ လို့ ခွင့်ပြုချက်လည်း ပေးပြီးသား ဖြစ်နေပါပြီ 👏👏👏

အရေးတော်ပုံ အောင်ရမည်

AALO 🇺🇸

Via, Chochin

24ရက်နေ့ ရေးမြို့နယ် ရဲ့ အသံတိတ်သပိတ့်။
25/03/2021

24ရက်နေ့ ရေးမြို့နယ် ရဲ့ အသံတိတ်သပိတ့်။

အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းမှုကြောင့် မွန်ညီညွတ်ရေးပါတီ မှ  ဗဟိုအလုပ်မှု ဆောင်‌ ကော်မတီဝင်တစ်ဦးနုတ်ထွက်By RISE News...
25/03/2021

အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းမှုကြောင့်
မွန်ညီညွတ်ရေးပါတီ မှ ဗဟိုအလုပ်မှု ဆောင်‌ ကော်မတီဝင်တစ်ဦးနုတ်ထွက်

By RISE News

မွန်ညီညွတ်ရေး ပါတီ က အကြမ်းဖက်စစ်အာဏာသိမ်းကောင်စီနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့ဝာာကြောင့် ပါတီ ဗဟိုလုပ်မှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ မယဉ်ယဉ်နု (ခ) မိကျေဝ်ကျေဝ်ညီ ဟာ ဒီကနေ့မတ်လ ၂၄ ရက်နေ့ မှာ နှုတ်ထွက် သွားကြောင်းသိရှိရပါတယ်။

အာဏာသိမ်း စစ်အစိုးရမှ ဖွဲ့စည်းထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာမွန်ညီညွတ်ရေးပါတီက အဖွဲ့ဝင်တစ်ဦး ပါဝင်ရန် ဆုံးဖြတ်လိုက်တာဟာ ပါတီမူဝါဒ လမ်းစဉ်တွေသွေဖယ် နေတာ မို့ နှုတ်ထွက်ရခြင်း ဖြစ်ကြောင်းမိကျေဝ်ကျေဝ်ညီက သူမရဲ့ နုတ်ထွက်စာမှာရေးသား ထားပါတယ်။

အခု လို အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းတာကိုလည်း လက်ခံ နိုင်စရာမရှိဘူးလို့ဆိုပါတယ်။

မွန်ညီညွတ်ရေးပါတီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်ထမ်းဆောင်တာဟာ ပါတီမူဝါဒလမ်းစဉ် အခန်း(၅)၊ အပိုဒ် (၁၀)(ဆ) အရ အာဏာရှင်စနစ် မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသည့် လူမျိုးရေးဝါဒတို့ကို ဆန့်ကျင်ရန် ဖော်ပြချက်ကို ချိုးဖောက်တာဖြစ်တယ်လို့လည်း သူမရဲ့နုတ်ထွက်စာမှာရေးသားထားပါတယ်။

မွန်ညီညွတ်ရေးပါတီ က ဒေါက်တာဗညားအောင်မိုးကို အာဏာသိမ်းစစ်ကောင်စီ ဝင်အဖြစ် ခန့်အပ်ကြောင်း မတ်လ ၁၇ ရက်နေ့က ကြေညာခဲ့ပါတယ်။

မွန်ညီညွတ်ရေး ပါတီ MUP ကို အာဏာသိမ်းစစ်ကောင်စီ မှာပါဝင်ဖို့ ကမ်းလှမ်းခဲ့ရာမှာတော့ ပါတီကိုယ်စားလှယ်အဖြစ် ဒေါက်ဝာာဗညားအောင်မိုး ကို စေလွှတ်ခဲ့ဝာာဖြစ်ပြီး ဗဟိုကော်မတီအစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ချက်ရရာထူး ရယူခဲ့တာဖြစ်ပါတယ်။

အလားတူ မွန်ပြည်နယ် နစကမှာလည်း
မွန်ညီညွတ်ရေးပါတီက တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမကို ခန့်အပ် ရာထူးပေးထားပါတယ်။

မွန်ညီညွတ်ရေးပါတီ က အာဏာသိမ်းစစ်ကောင်စီ နဲ့ ပူးပေါင်းခဲ့ဝာာကြောင့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် သက်တမ်းမှာ လွှတ်တော် ဒုဥက္ကဌ အဖြစ်တာဝန်ယူဆောင်ရွက်ခဲ့တဲ့ ဒေါက်တာအောင်နိုင်ဦးကလည်း ဖေဖော်ဝါရီ ၂၂ ရက်နေ့က နုတ်ထွက်ခဲ့ပါတယ်။

စစ်​ကောင်စီနှင့် ပူး​ပေါင်း၍ မွန်ညီညွတ်​ရေးပါတီမှ အစုလိုက် အပြုံလိုက် နုတ်ထွက်ရန်ကုန်၊ မတ် ၂၄  #အကြမ်းဖက်အာဏာသိမ်း စစ်​က...
25/03/2021

စစ်​ကောင်စီနှင့် ပူး​ပေါင်း၍ မွန်ညီညွတ်​ရေးပါတီမှ အစုလိုက် အပြုံလိုက် နုတ်ထွက်

ရန်ကုန်၊ မတ် ၂၄ #

အကြမ်းဖက်အာဏာသိမ်း စစ်​ကောင်စီနှင့်ပူး​ပေါင်းခဲ့ကြ​သော ​ဒေါက်တာဗညား​အောင်မိုး၊ လယိတမတို့​ကြောင့် မွန်ညီညွတ်​ရေးပါတီမှ ဗဟို အလုပ်အမှု​ဆောင်များ၊ ပါတီဝင်များ အစုလိုက်အပြုံလိုက် နုတ်ထွက်​နေကြပြီဖြစ်သည်။

Address


Website

Alerts

Be the first to know and let us send you an email when GBI Afort News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share