PUBG Story

PUBG Story Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PUBG Story, Gaming Video Creator, .

22/05/2024

So play mal

20/05/2024

A9

GEရဲ့ PMSL နဲ့ PMGC တံခါးခေါက်သံ🇲🇲----------------------2023 PMPL(sea wildcard )ရဲ့ချန်ပီယံဘွဲ့ကို ပူပူနွေးနွေးရရှိထားတဲ...
21/06/2023

GEရဲ့ PMSL နဲ့ PMGC တံခါးခေါက်သံ🇲🇲
----------------------
2023 PMPL(sea wildcard )ရဲ့ချန်ပီယံဘွဲ့ကို ပူပူနွေးနွေးရရှိထားတဲ့ Genesis Esport အသင်းဟာဆိုရင် နောက်တစ်ဆင်ဖြစ်တဲ့ Pubg mobil super League (PMSL) အဆင့်ကိုဆက်လက်ယှဥ်ပြိုင်သွားရမှာဘဲဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ 4 နိုင်ငံပူးတွဲကျင်းပခဲ့တဲ့ PMPL ပွဲစဥ်မှာဆိုရင် ကျနော်တို့ကြိုတင်ခန့်မှန်းထားတဲ့အတိုင်း Genesis esport အသင်းဟာဆိုရင် အစရက်တွေမှာဆိုရင် အထနှေးနေတက်ပြီး ပွဲအရှိန်တက်လာတာနဲ့အမျှ နောက်ပွဲစဥ်တလျောက် တည်ငြိမ်လွန်းနဲ့ လက်စွမ်းနဲ့အတူ Local ပြိုင်ဘက်တွေဖြစ်တဲ့ YG , HWG အစရှိတဲ့အသင်းတွေကို အကောင်းဆုံးကျော်ဖြတ်ပြခဲ့ပြီး Back to Back ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တာပါ ။
ဒီအခြေအနေ ကြောင့်ဘဲ GE အနေနဲ့ PMGC 2023 ကို တိုက်ရိုက်ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရရှိဖို့ 80% သေခြာသွားခဲပြီလို့ဆိုနိုင်သလို GE ရဲ့ပုရိတ်သတ်တွေသာမက မြန်မာတစ်နိုင်ငံလုံးက ပရိတ်သတ်တွေကပါ GE ရဲ့PMGC တံခါးခေါက်သံကို ထင်ထင်ရှားကြားနေရပြီပေါ့ ။

တစ်ဆက်တည်းဆိုရရင် ပထမအကြိမ် ကျင်းပခဲ့တဲ့ PMSL ပွဲစဥ်မှာ Week Play အဆင့်နဲ့ဘဲ ကျေနပ်ခဲ့ရတဲ့မှတ်တမ်းကို ချေဖြတ်ပြီးဒီသြဂုတ်လအတွင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့မှာ ဒုတိယအကြိမ် ထပ်မံကျင်းပမဲ့ ဖော်ပြပါ PMSL ပြိုင်ပွဲ ကြီးကို GE အနေနဲ့ အကောင်းဆုံးယှဥ်ပြိုင်နိုင်ဖို့ အသေခြာပြင်ဆင်လာမှာ မြေကြီးလက်ခက် မလွဲဘဲမို့ ကျနော်တို့ဘက်က အင်ပြည့်အားပြည့်အတူတူ အားပေးလိုက်ရအောင်လား ပရိတ်သတ် ။
Fighting Genesis 🇲🇲
We are one
we are genesis

TTQ ရဲ့ အမြင့်ပျံခရီး🇲🇲----------------2021 ခုနှစ်ခန့်ကနေ စတင်ပြီး Pubg mobile လောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ Time to Qu...
21/06/2023

TTQ ရဲ့ အမြင့်ပျံခရီး🇲🇲
----------------
2021 ခုနှစ်ခန့်ကနေ စတင်ပြီး Pubg mobile လောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ Time to Quick Esport ဟာ နောက်ပိုင်းနှစ်တွေအတွင်း Scrim , Tournament နဲ့ Offical ပွဲစဥ်တွေမှာဆို အမြဲလိုလို တစ်ခုခု လုပ်ပြနေတက်တဲ့ အသင်းပြီပြီ ဒီတစ်ခေါက်ဆိုရင်လည်း Road to Asian games 2022 မြန်မာ Qualifier အဆင့်မှာLocal က လက်စွမ်းထက်အသင်းတွေကို အကောင်းဆုံးကျော်ဖြတ်ပြီး မြန်မာကိုယ်စားပြုအသင်းအဖြစ် မာကာအို နိုင်ငံမှာ သွားရောက်ယှဥ်ပြိုင်ရတော့မှာဘဲဖြစ်ပါတယ် ။

အသင်းသမိုင်းတစ်လျောက် ပထမဆုံးအကြိမ်အဖြစ်နိုင်ငံတကာကို သွားရောက်ဆော့ကစားရမယ့် အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အခက်အခဲမျိုးစုံကနေ အစွမ်းကုန်ကျိုးစားဖောက်ထွက်ပြသွားနိုင်တယ်ဆိုရင်လည်း မမှားပါဘူး ။

YG ရဲ့လက်စွမ်းထက် Player ဟောင်းတစ်ဦးဖြစ်တဲ့ WT နဲ့ စောလျှင်စွာ ပေါင်းစည်းနိုင်ခဲ့တာကလည်း အသင်းရဲ့အားသာချက်တစ်ခုအဖြစ်ဆက်လက်တည်ရှိနေမှာဖြစ်ပြီး June လ (၂၂) ရက်နေ့မာကာအိုနိုင်ငံမှာ စတင်ကျင်းပမယ့် Asian Game Qualifier stage ကို ဘယ်လိုလက်စွမ်းတွေထပ်မံထုတ်ပြပြီး အကောင်းဆုံးကျော်ဖြတ်သွားနိုင်မလဲဆိုတာ ကျတော်တို့အတူတူ အားပေးလိုက်ကျရအောင်....
Fighting TTQ
we ae one
Do Or Die
crd photo

PMPL Final မြန်မာ ၅သင်းအလားအလာ1️⃣ Gensis esport 🇲🇲—————————2023pmpl ရဲ့ Week 1 ရော Week 2 မှာပါ ချံပီယံဖြစ်ထားတဲ့ လက်ရှိ...
14/06/2023

PMPL Final မြန်မာ ၅သင်းအလားအလာ
1️⃣ Gensis esport 🇲🇲
—————————
2023pmpl ရဲ့ Week 1 ရော Week 2 မှာပါ ချံပီယံဖြစ်ထားတဲ့ လက်ရှိချံပီယံ GE ဟာ Weekely ပွဲစဥ်အလိုက် အစ ရက်တွေမှာ အထနှေးနေခဲ့ပေမယ် နောက်ပိုင်းရက်တွေဆိုရင် သူတို့ရဲ့တည်ငြိမ်တဲ့လက်စွမ်းနဲ့အတူ အကောင်းမွန်ဆုံးဆော့ကစားနိုင်ခဲ့ပြီး Battle အမြန်ဝင် အမြန်ထွက်ပုံစံတွေအပြင် တစ်ဦးချင်းစွမ်းဆောင်ရည်ကောင်းမွန်တဲ့ အသင်းပီပီ Seawildcard မှာဆိုရင် ဘုရင်တစ်ပါးဖြစ်ကြောင်း ထပ်ခါထပ်ခါ သက်သေပြထားနိုင်သလို ဒီတစ်ခေါက် PMGC တံခါးခေါက်သံသဲသဲကိုကြားနေရပြီမို့ GE Fan တွေအပြင် မြန်မာ PUBG Community တစ်ခုလုံးကပါ မျှော်လင့်ချက်ကြီးကြီးနဲ့ကြိုတင်ရင်ခုန်နေမှာ မလွဲဧကန်ပါဘဲ ......

2️⃣ Yangon Galactico 🇲🇲
—————————
နောက်ထပ်မြန်မာအသင်းတစ်သင်းဖြစ်တဲ့ YG ဟာဆိုရင်လဲ Andrew လို ငယ်ရွယ်ပြီး မြန်ဆန်သွက်လက်တဲ့ Player တစ်ဦးကို အသင်းဆီအရောက် ခေါ်ဆောင်လာနိုင်ခဲ့မှုအတူ သူတို့ရဲ့အားသာချက်ဖြစ်တဲ့Zone အဝင်/အထွက် နဲ့ Zone နေရာယူမှုပုံစံတွေ က အခြားအသင်းတွေထက်ကောင်းမွန်နေတက်ပြီး ဒီအားသာချက်ကိုသာ အကောင်းဆုံး အသုံးချနိုင်ခဲ့မယ်ဆိုရင် ဒီ PMPL မှာလည်း လုံးဝမေ့ထားလို့မရတဲ့ အသင်းတစ်သင်းပါ။
Fan အင်အားတောင့်တင်းတဲ့ အသင်းပီပီ Fan တွေရဲ့အားပေးမှုနဲ့အတူဘယ်လောက်အထိလုပ်ပြနိုင်မလဲဆိုတာ စောင့်ကြည့်သွားရမှာဘဲဖြစ်ပါတယ် ..

3️⃣ HERE WE GO AGAIN 🇲🇲
—————————
တစ်နေ့ရွှေ တစ်နေ့ငွေဆိုတာ HWG အသင်းကိုပြောရမလိုဖြစ်နေခဲ့ ပြီး မထင်ရင် မထင်သလိုလုပ်ပြတက်တဲ့ အသင်းပီပီ Weekely ပွဲစဥ်တွေမှာ တစ်ပွဲနဲ့တစ်ပွဲမတူညီတဲ့ လက်စွမ်းတွေကို ထုတ်ပြတက်တဲ့အသင်းတစ်သင်းဆိုရင်လည်းမမှားပါဘူး ။
ခန့်မှန်းရခက်ခဲတဲ့ Playing style ကို ပိုင်ဆိုင်ထားတဲ့ လက်စွမ်းထက် အသင်းကောင်းတစ်သင်းမို့ ပွဲစဥ်အလိုက် အမှားယွင်းမရှိဘဲ Points တွေကို စနစ်တကျ သာစုဆောင်းနိုင်ခဲ့ရင် Top ထဲမှာ လုံးဝမေ့ထားလို့ မရနိုင်တဲ့အသင်းတစ်သင်းဖြစ်တဲ့အပြင် HWG အနေနဲ့ဘာမဆိုဖြစ်သွားနိုင်မယ့် အသင်းတစ်သင်းအဖြစ်သတ်မှတ်ထားရမှာပါ။

4️⃣ Falcon Esport 🇲🇲
—————————
Fcon Esport ဟာသူတို့ရဲ့ Main player တစ်ယောက်ဖြစ်တဲ့Andrew နဲ့ လမ်းခွဲထားမှုနဲ့အတူWeek အလိုက်ပွဲစဥ်တွေမှာ အနည်းငယ်ခက်ခဲတဲ့ပုံစံကို မြင်တွေ့ခဲ့ရတာပါ ။ ငယ်ရွယ်တဲ့ Player တွေဖြစ်တာနဲ့အညီ ဒီ Grandfinal ပွဲစဥ်မှာ သူတို့အနေနဲ့ အမှားကင်းကင်းနဲ့ ရေကုန်ရေခမ်း ကြိုးစားသွားရင် ကောင်းမွန်တဲ့မှတ်တမ်းတစ်ခု ရေးထိုးနိုင်မှာ မလွဲပါဘဲ။

5️⃣The Guys Of Asian🇲🇲
—————————
BG ရဲ့ Player line up တစ်ခုလုံးကို အသင်းဆီအရောက် ခေါ်ဆောင်လာနိုင်ခဲ့မှုအတူ TGOA အနေနဲ့ Playerတွေရဲ့ အတွေအကြုံနဲ့ အတူ Weekely ပွဲစဥ်တွေမှာ အကောင်းဆုံး ထိန်းကျောင်းဆော့ကစားနိုင်ခဲ့ပီး ဒီGrandfinal ကိုရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အသင်းဆိုရင် မမှားပါဘူး ။ အချိန်တစ်ခုကတည်းက အတူတွဲဆော့လာတဲ့ Player တွေဖြစ်တာနဲ့အညီ ဒီနားလည်မှုပြည့်ဝနေတဲ့အားသာချက်ကိုသာ အကောင်းဆုံး အသုံးချပြီး ဆော့ကစားနိုင်ခဲ့မယ်ဆိုရင် သူတို့လည်း Top ထဲမှာမေ့ထားလို့မရတဲ့ အသင်းတစ်သင်းအဖြစ်ရပ်တည်နေအုံးမှာပါ ။

မည်သို့ပင်ဆိုစေကာမူ Player တွေရဲ့အိမ်မက် Player တွေရဲ့ မျှော်လင်ချက်တစ်ခုဖြစ်တဲ့ PMGC ခရီးလမ်းအစ PMPL ခရီးကြမ်းကြီးကို မြန်မာကိုယ်စားပြု အသင်းတွေအနေနဲ့ အကောင်းဆုံးကျော်ဖြတ်သွားနိုင်ဖို့ စည်းစည်းလုံးလုံးနဲ့ ကျနော်တို့အားလုံးအတူတူအားပေးလိုက်ရအောင်လား ပရိတ်သတ် ........
🇲🇲🇲🇲
are one
or die

26/05/2023

Up to Date

Andrew Fcon to >>> YG
Sando YG to >>> TGOA
-------
WT Mre to >>> TTQ
Power Free to >>> MS
Lord Free to >>> MS
Bmay BG to >>> TGOA
MH BG to >>> TGOA
Amura BG to >>> TGOA
Edward BG to >>> TGOA

BURMESE GHOULS🇲🇲ရဲ့တကျော့ပြန်အိမ်မက်-------------------Pubg mobile လောကမှာ ထက်မြက်တဲ့ လက်စွမ်းနဲ့အတူ မှတ်တမ်းကောင်း များ...
07/05/2023

BURMESE GHOULS🇲🇲ရဲ့တကျော့ပြန်အိမ်မက်
-------------------
Pubg mobile လောကမှာ ထက်မြက်တဲ့ လက်စွမ်းနဲ့အတူ မှတ်တမ်းကောင်း များစွာ ပိုင်ဆိုင်ထားတဲ့ BG 🇲🇲အသင်းဟာဆိုရင် လွန်ခဲ့တဲ့ 2022ခုနှစ်နဲ့ 2023အစောပိုင်းကာလ ကစပြီး Player တွေ အဝင်အထွက်များပြားခဲ့မှုနဲ့အတူ ..PUBG (M)လောကမှာ အတော်လေးရုန်းကန်နေခဲ့ရတယ်ဆိုပေမယ့် လက်စွမ်းထက်အသင်းကောင်းတစ်သင်းဖြစ်တဲ့ Godmax အသင်းရဲ့ Player lineup တစ်ခုလုံးကို အသင်းဆီအရောက်ခေါ်ဆောင်လာနိုင်ခဲ့မှုနဲ့အတူ BG အသင်းအနေအနဲ့ အရင်ချိန်က ရွှေရောင်နေ့ရက်တွေဆီ ပြန်သွားဖို့ အဆင်သင့်ဖြစ်လို့နေခဲ့ပြီလား..... ?

(၄)နိုင်ငံပူးတွဲကျင်းပတဲ့ PMPL ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရရှိခဲ့တာဟာလည်း အသင်းအတွက်အဖိုးမဖြတ်နိုင်တဲ့ အတွေကြုံကောင်းများစွာကို ထပ်မံရရှိခဲ့တာဆိုရင်လည်းမမှားဘူးပေါ့.....

ဒါ့အပြင်ယခင့် ယခင်မျိုးဆက်တွေအလွန် အသင်းသမိုင်းတလျှောက် အကောင်းဆုံးသော လူငယ်မျိုးဆက်တွေကို ပိုင်ဆိုင်ထားတဲ့ BG အသင်းဟာဆိုရင်
iGL-MH ရဲ့ဦးဆောင်မှု.....Bmay/Amura /EDWARD အစရှိတဲ့ Gun power အားကောင်းတဲ့ Players တွေနဲ့ စုဖွဲ့ထားမှုနဲ့အတူ
ရှေ့လျောက် မဝေးတော့တဲ့အချိန်တခုမှာအသင်းအနေနဲ့ ဝေးကွာနေတဲ့ ချန်ပီယံ အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အကောင်းဆုံးအချိန်တစ်ခုကို ရောက်ရှိနေပြီဆိုတာ အသေအခြာဘဲမို့ ရှေ့လျောက်ပွဲစဥ်တွေမှာ BG အသင်းကိုကျနော်တို့ အားလုံး အတူတူ စောင့်ကြိုအားပေးလိုက်ရအောင် လား ပရိတ်သတ်....👏👏👏


WT 🇲🇲------------မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့ Organization နဲ့တည်ဆောက်ထားတဲ့  Genesis esport နဲ့ Yangon glacgios အသင်း...
07/05/2023

WT 🇲🇲
------------
မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့ Organization နဲ့တည်ဆောက်ထားတဲ့ Genesis esport နဲ့ Yangon glacgios အသင်းတွေလိုမျိုးမှာ Key player တစ်ဦးအနေနဲ့ ကျင်လည်ခဲ့တဲ့ WT .........Local မှာရော Sea မှာပါ အတွေ့ကြုံကြွယ်ဝတဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့တာပါ ။

သူဟာ ပြီးခဲ့တဲ့ 2023 PMPL အလွန်မှာတော့ Yangon glacgios အသင်းနဲ့ စာချုပ်
ဖျက်သိမ်းခဲ့ပြီး Playerlife ကနေ အနားယူတော့မယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် ခုဆိုရင် Monster Esport (MRE) အသင်းမှာ Player life ကို ပြန်လည်စတင်နေပြီး နောက်ကျရင် streaming ဘက်ကိုသာ အာရုံစိုက်ပြီး အသားပေးလုပ်ဆောင်သွားဖို့ရှိတယ်လို့ သူ့ရဲ့ ကိုယ်ပိုင်စာမျက်နှာမှာ ဖော်ပြထားတာကိုလည်းတွေ့ရှိခဲ့ရတာပါ ။

မည်သို့ပင်ဆိုစေကာမူ Local မှာ ရော Sea မှာပါအတွေကြုံ ကြွယ်ဝတဲ့ ကစားသမားပီပီ ရှေ့ ေလျာက်အောင်မြင်မှုတွေ ထပ်မံရရှိနိုင်ပါစေကြောင်း ဆုမွန်ကောင်းလျှက်... WT is the best 💜❤️🧡💙

2023- Cambodia seagame 🇰🇭➖➖➖➖➖➖➖➖➖➖Edit ; ယခင်အသုံးပြုနေတဲ့ Page လေးပျက်သွားလို့ New Page လေးကို Like & Flow လေးနဲ့ ကူညီ...
04/05/2023

2023- Cambodia seagame 🇰🇭
➖➖➖➖➖➖➖➖➖➖
Edit ; ယခင်အသုံးပြုနေတဲ့ Page လေးပျက်သွားလို့ New Page လေးကို Like & Flow လေးနဲ့ ကူညီပေးခဲ့ကျပါခင်ဗျား🙏🙏🙏
~~~~~~~~~~~~~~~~~~~
မြန်မာ Qualifier ပွဲစဥ်ကနေ ထက်မြက်တဲ့လက်စွမ်းနဲ့အတူ လက်ရည်စစ်ပွဲအောင်မြင်လာခဲ့တဲ့ မြန်မာကိုယ်စားပြုအသင်းတွေဖြစ်
တဲ့ ... YG 🇲🇲အသင်းနဲ့ GE 🇲🇲အသင်းတို့ဟာဆိုရင် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် 2023 Seagames ပြိုင်ပွဲကြီးမှာ ပါဝင်ယှဥ်ပြိုင်ဖို့အတွက် အဆင်သင့်ဖြစ်လို့နေခဲ့ပါပြီ....

မေလ 11 ရက်နေ့မှာ စတင်ယှဥ်ပြိုင်မယ့်ဒီပွဲစဥ်နဲ့ပက်
သက်လို့မြန်မာကိုယ်စားပြု တစ်သင်းဖြစ်တဲ့ YG 🇲🇲ဟာဆိုရင် သူတို့ရဲ့ အဓိက ကစားသမားတစ်ယောက်
ဖြစ်တဲ့ WT နဲ့လမ်းခွဲထားခဲ့တယ်ဆိုပေမယ့် IGL- 1Sec ရဲ့ဦးဆောင်မှုနဲ့အတူ Sea အတွေ့ကြုံ ကြွယ်ဝတဲ့ အသင်းပီပီ ဒီတစ်ခေါက် Seagame ပြိုင်ပွဲကြီးမှာချံပီယံဖြစ်ဖို့...... အသေခြာပြင်ဆင်လာမှာ မလွဲပါဘဲ။

ဒါ့အပြင် PMPL SEA Wildcard ချံပီယံ ပူပူနွေးနွေးရရှိထားတဲ့ Genesis esport🇲🇲အသင်းဟာဆိုရင်လည်း ပြီးခဲ့တဲ့ PMSL ကရရှိခဲ့တဲ့ အတွေ့ကြုံနဲ့အတူ ဒီ Seagame ပြိုင်ပွဲကြီးမှာလည်း နောက်တစ်ဖန် ဘာတွေထပ်မံလုပ်ပြသွားမလဲဆိုတာကို ကျနော်တို့အားလုံးတူတူရင်ခုန်စွာနဲ့ စောင့်မျှော်အားပေးလိုက်ရအောင်လားပရိတ်သတ်

PMPL sea wilcard Week 2/ day 3  မှာ မြန်မာအသင်းတွေရေးထိုးခဲ့တဲ့မှတ်တမ်းကောင်းတစ်ခု 🇲🇲-----------Day 3 ရဲ့အရှေ့ပွဲစဥ် ၄ ပ...
25/04/2023

PMPL sea wilcard Week 2/ day 3 မှာ မြန်မာအသင်းတွေရေးထိုးခဲ့တဲ့မှတ်တမ်းကောင်းတစ်ခု 🇲🇲
-----------
Day 3 ရဲ့အရှေ့ပွဲစဥ် ၄ ပွဲလုံး Cicken Denner (ဆက်တိုက်)ရယူပြသွားခဲ့တဲ့ မြန်မာကိုယ်စားပြုအသင်းတွေရဲ့ စွမ်းဆောင်
ရည်နဲ့ ဒီရဲ့စံချိန်ကို အခြားနိုင်ငံကိုယ်စားပြုအသင်း တွေလိုက်လံချေပဖို့ ခက်ခဲမယ့် စံချိန်ကောင်းတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ် ။

Sea Wilcard ထဲမှာဆို မြန်မာကို ဘယ်နိုင်ငံမှ ယှဥ် လို့မရ
ဘူးဆိုတာကို ထင်သာမြင်သာရှိစေခဲ့တဲ့ မှတ်တမ်းကောင်းတစ်ခုလည်းဖြစ်စေခဲ့တာပါ ။

PMPL SEA WC မှ Team Power PH 🇵🇭ကို Ban လိုက်တဲ့ PUBG MOBILE ❌❌❌Team Power PH ဟာ PMNC PH မှာ Champion ရထားတဲ့အသင်းတစ်သင်း...
25/04/2023

PMPL SEA WC မှ Team Power PH 🇵🇭ကို Ban လိုက်တဲ့ PUBG MOBILE ❌❌❌

Team Power PH ဟာ PMNC PH မှာ Champion ရထားတဲ့အသင်းတစ်သင်းဖြစ်ပြီး ယခုလက်ရှိကျင်းပနေတဲ့ PMPL မှာ Team Power PH ရဲ့Player တစ်ယောက်ဖြစ်တဲ့ Vigor ဟာ PUBG Mobile ကချမှတ်ထားတဲ့ စည်းမျဥ်းတွေကိုဖောက်ဖျက်ပြီး Cheat ဆော့ခဲ့တာကြောင့် 2023 February ကနေစပြီးတော့ ၃ နှစ်တိတိ Ban ခံလိုက်ရပြီပဲ ဖြစ်ပါတယ် ။

Team Power PH ကိုလဲ PMPL SEA WC ကနေထုတ်ပယ်လိုက်ပြီးတော့ PMNC PH ကအသင်းတစ်သင်းကိုအစားထိုးသွားမှာဖြစ်ကြောင်းသိရှိရ ပါတယ်။


PUBG(M) Offical ပြိုင်ပွဲမှ ရှားရှားပါးပါးထုတ်ပယ်ခြင်းပြုခဲ့ရသည့် တစ်ခုတည်းသောဖြစ်စဥ်(PMNC-2022)❌❌❌❌❌❌❌❌❌ယမန်နှစ် ယခုလို...
25/04/2023

PUBG(M) Offical ပြိုင်ပွဲမှ ရှားရှားပါးပါးထုတ်ပယ်ခြင်းပြုခဲ့ရသည့် တစ်ခုတည်းသောဖြစ်စဥ်(PMNC-2022)
❌❌❌❌❌❌❌❌❌
ယမန်နှစ် ယခုလိုနေ့မျိုးမှာPMNC 2022 Myanmar ပြိုင်ပွဲရဲ့ ပွဲစဥ်တွေကို ယှဥ်ပြိုင်ခဲ့ရာ Original Trap အသင်းဟာ ထက်မြက်တဲ့ လက်စွမ်းနဲ့အတူ Group State ကနေပြီး Grandfinal ထိတက်လှမ်းနိုင်ခဲ့ပေမယ့်..... Semi Final Group A ပွဲစဥ်တွေကို ယှဥ်ပြိုင်ခဲ့စဥ်အချိန်တွင် အဆိုပါ Trap အသင်းရဲ့ Player တစ်ယောက်ဟာ တိုက်ရိုက် Live ထုတ်လွင့်ပြီး ယှဥ်ပြိုင်ဆော့ကစားခဲ့တာကို ပြိုင်ပွဲကျင်းပသူတွေက စိစစ်တွေ့ရှိခဲ့လို့ PMNC 2022 Rules NO.14 အရ Original Trap အသင်းကို ပြိုင်ပွဲကနေ ထုတ်ပယ်ခဲ့ပြီး Grand final ယှဥ်ပြိုင်ခွင့်ကိုပါ ပိတ်ပင်ခြင်း ပစ်ဒါဏ်ချမှတ် လိုက်တာဖြစ်လို့ Trap အသင်းအတွက် အဆိုပါနှစ်ဟာ အတော်လေး နစ်နာစရာနှစ်တစ်နှစ် ဖြစ်ခဲ့ရတာပါ ။

အမှတ်အများဆုံးနှစ်သင်းသာ Final တက်ရောက်ခွင့်ရမယ့်ဒီပွဲစဥ်မှာ semifinal group A ရဲ့ ပထမနေရာကနေတက်လှမ်းလာတဲ့
ရမှတ် (၇၁) မှတ်ရရှိခဲ့တဲ့ Trap အသင်းကို ထုတ်ပယ်ခဲ့ပြီး ရမှတ် (၆၁)မှတ်နဲ့ ဒုတိယနေရာကနေ တက်လှမ်းလာတဲ့ Oldman အသင်းကိုအုပ်စုပထမ အဖြစ်ပြောင်းလဲသတ်မှတ်ကာ ရမှတ်(၅၇) မှတ်နဲ့တတိယ နေရာသာရရှိခဲ့တဲ့ MyEcstay အသင်းကို အုပ်စုဒုတိယအဖြစ် ပြင်ဆင်သတ်မှတ်ပြီး Final ကစားဖို့ခွင့်ပြုခဲ့တာ မို့လို့ Offical ကျင်းပပြုလုပ်တဲ့ မြန်မာ PUBG mobile ပြိုင်ပွဲသမိုင်းမှာ ရှားရှားပါးပါး ထုတ်ပယ်ခြင်းခံရပြီး Grandfinal ပွဲစဥ်နဲ့ လွဲချော်ခဲ့တဲ့ တစ်ခုတည်းသောအသင်းအဖြစ် Original Trap အသင်းက မှတ်တမ်းဝင်ခဲ့ခြင်းလည်းဖြစ်ခဲ့ပါတယ် ။

(*Trap အသင်း OM အသင်းနှင့် MyE အသင်းအား ပုတ်ခက်ပြောဆိုလိုခြင်းမဟုတ်ဘဲ ဗဟုသုတရရှိစေရန် ဖော်ပြခြင်းသာဖြစ်ပါသည်ခင်ဗျား 🙏🙏)

2023 PMNC Champion GE🏆🇲🇲🔹🔹🔹🔹🔹🔹🔹🔹Grandfinal Day 3 ယှဥ်ပြိုင်လို့ အပြီးမှာတော့ ..Genesis Esports အသင်းကဘဲ Total Points (22...
25/04/2023

2023 PMNC Champion GE🏆🇲🇲
🔹🔹🔹🔹🔹🔹🔹🔹
Grandfinal Day 3 ယှဥ်ပြိုင်လို့ အပြီးမှာတော့ ..Genesis Esports အသင်းကဘဲ Total Points (225)pts ဖြင့် 2023 PMNC ချန်ပီယံ 🏆🏆ဆုကြီးကို ထိုက်ထိုက်တန်တန် သိမ်းပိုက်ရရှိခဲ့ပီဘဲဖြစ်ပါတယ် ။ .........မြန်မာ PUBG Mobile သမိုင်းတစ် ေလျှာက် PMNC နှစ်ကြိမ်ဆက်ချန်ပီယံအသင်းအဖြစ် မှတ်တမ်း ဝင်ခဲ့သလို လက်စွမ်းထက် Players တွေနဲ့ တဖန် come back လာနိုင်ခဲ့ပြီး Final ပွဲစဥ်တစ်လျောက်ပြသခဲ့တဲ့ Performance တွေက တကယ်ကို ကြောက်ခမန်းလိလိ ဖြစ်စေခဲ့တာပါ ။

နောက်ထပ် လက်စွမ်းထက်အသင်းတစ်သင်းဖြစ်တဲ့ GodMax အသင်းကတော့ (168)pts ဖြင့် 1th runner up 🥇လို နေရာမျိုးကို အတည်ငြိမ်ဆုံးလက်စွမ်းနဲ့ ရယူသွားနိုင်ခဲ့သလို ကျနော်တို့ကြိုတင်ခန့်မှန်းထား တဲ့အတိုင်း PMPL ကို သွားဖို့ ထိုက်တန်တဲ့အသင်း ကောင်းတစ်သင်းဖြစ်ကြောင်း အားလုံးကို သက်သေပြသွားနိုင်ခဲ့ပါတယ် ။

Rank 3 🥉လိုနေရာမျိုးမှာတော့ ပုရိတ်သတ်တွေနဲ့ ရင်းနှီးပြီးသားအသင်းကောင်းတစ်သင်းဖြစ်တဲ့ Falcon Esport က သိမ်းပိုက်ထားနိုင်ခဲ့တာပါ ။

ချန်ပီယံဖြစ်ဖို့ရေပန်းစားတဲ့အသင်းမှာ ပါဝင်နေတဲ့ YG အသင်းကတော့ ..အချို့ပွဲစဥ်တွေမှာ...အမှားအယွင်းအနည်းငယ်ရှိခဲ့ပေမယ့်လည်း......နောက်ဆုံး Miramar map ပွဲစဥ်မှာ ရရှိခဲ့တဲ့ WWCD 1 ပွဲနဲ့အတူ Rank 4 လိုနေရာမျိုးမှာ ရပ်တည်နိုင်ခဲ့ပြီး ပွဲစဥ်တစ်လျောက် သတိကြီးကြီးထား ယှဥ်ပြိုင်ခဲ့ရတာကို မြင်တွေ့ခဲ့ရပါတယ် ။

Rank 5 လိုနေရာမျိုးကိုတော့ Local အသင်းကောင်းတစ်သင်းဖြစ်တဲ့ Sakura Equal အသင်းက ရရှိခဲ့ပြီး PMPLဝင်ခွင့်နောက်ဆုံးလက်ကျန် တစ်နေရာကိုရရှိခဲ့တယ်ဆိုရင်လည်း မမှားပါဘူး ။

ဆက်လက်ပြီး Most kills Player အဖြစ် Genesis Esports အသင်းရဲ့ ကစားသမား GEichi က(41)Killsဖြင့်ရရှိခဲ့ပြီး Match အလိုက် Most kill (11) ထိရှိခဲ့တာကလည်း တကယ်ကိုလက်ဇောင်းထက် Player ဖြစ်ကြောင်း မှတ်တမ်းဝင်ခဲ့တာပါ ။

မည်သို့ပင်ဆိုစေကာမူ (MM🇲🇲,SG🇸🇬,KH🇰🇭,PH🇨🇿) ၄ နိုင်ငံ ပူးတွဲကျင်းပမယ် PMPL ပွဲစဥ်မှာလည်း မြန်မာကိုယ်စားပြု အသင်းများအနေဖြင့် အကောင်းဆုံး လက်စွမ်းပြပြီး ..........PMSLပွဲစဥ်ကြီးအထိလျောက်လှမ်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျှက် ..........2023 PUBG mobile Myanmar National Cup ပြိုင်ပွဲကြီးကတော့ ဒီမှာတပြီးဆုံးခဲ့ပြီဘဲဖြစ်ပါတယ် ။.................. မင်္ဂလာရှိသောနေ့ရက်လေးကို ပိုင်ဆိုင်
နိုင်ကျပါစေလို့ ဆုမွန်ချွေရင်း.........

CONGRATULATIONS 👏👏👏


Genesis Esports 🇲🇲 ရဲ့ချန်ပီယံကာကွယ်ပွဲ------------------------------------2022 PMNC ရဲ့လက်ရှိချန်ပီယံ GE အသင်းဟာဆိုရင် ...
25/04/2023

Genesis Esports 🇲🇲 ရဲ့ချန်ပီယံကာကွယ်ပွဲ
------------------------------------
2022 PMNC ရဲ့လက်ရှိချန်ပီယံ GE အသင်းဟာဆိုရင် ထိုပြိုင်ပွဲအလွန်............2022 PMMC ပြိုင်ပွဲမှာတော့အုပ်စုအဆင့်ကနေလှည့်ပြန်ခဲ့ရတဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်ခဲ့ပြီးနောက်...... သူတို့ရဲ့ Main Players တွေနဲ့ လမ်းခွဲခဲ့မှုနဲ့ အတူ အတက်အကျပေါင်းများစွာနဲ့ ခက်ခဲတဲ့အချိန်တစ်ခုကို ကြံကြံခံ ရင်ဆိုင်ကျော်ဖြတ်ရင်း ....... .......

#သင်အရှုံးမပေးသရွေ့မရှုံးသေးဘူးဆိုတဲ့ ........နိယာမ တရားကို လက်ကိုင်ထားလို့......... ......ထက်မြက်တဲ့လက်စွမ်းနဲ့တကျော့ပြန် ....... ပြန်လည်တောက်ပလာတဲ့ GE ဟာ အရင်အချိန်က ရွှေရောင်နေ့ရက်တွေဆီပြန်သွားဖို့ ......အဆင်သင့်ဖြစ်လို့နေခဲ့ပါပြီ.......

BG ရဲ့လက်စွမ်းထက် Player Ichi ကိုအသင်းစီအရောက်ခေါ်ဆောင်နိုင်ခဲ့ခြင်းနဲ့အတူ...........Xcripted ,T1MM နဲ့ MS လိုအသင်းမျိုးမှာ ဆော့ကစားလာခဲ့ပြီး အတွေ့ကြုံကောင်းများစွာ ပိုင်ဆိုင်ထားတဲ့ Zai ကိုပါ ထပ်မံခေါ်ယူထားနိုင်ခဲ့တာကြောင့်............. ကစားကွက်နဲ့ Playing စတိုင်က သွက်သွက်လက်လက်နဲ့....... အသင်းတိုင်းကို အခက်အခဲဖြစ်နေစေအုံးမှာပါ ။

2022 PMNC ရဲ့လက်ရှိချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ ........ဒီတစ်ခါ ကျင်းပမယ့် 2023 PMNC ပြိုင်ပွဲမှာရော ချန်ပီယံ ဆုကိုထပ်မံသိမ်းပိုက်ပီး ........Back to Back ချံပီယံအဖြစ်မြင်တွေ့သွား ........နိုင်မလားဆိုတာ ...... အားလုံးအတူတူ စောင့်မျှော်အားပေးလိုက်ရအောင် .........



crd photo

YG 🇲🇲အသင်း ကျော်ဖြတ်ရမယ့် PMNC ခရီးကြမ်း-----------------------------PUBG Mobile အသင်းစတင်ဖွဲ့စည်းခဲ့ချိန်ကစလို့ ..........
25/04/2023

YG 🇲🇲အသင်း ကျော်ဖြတ်ရမယ့် PMNC ခရီးကြမ်း
-----------------------------
PUBG Mobile အသင်းစတင်ဖွဲ့စည်းခဲ့ချိန်ကစလို့ ...........ပထမ မျိုးဆက်နဲ့ ဒုတိယမျိုးဆက်အလွန် အကောင်းဆုံး သော ...........ရွှေရောင်တတိယမျိုးဆက်ကိုပိုင်ဆိုင်ထားတဲ့ YG အသင်းအနေအနဲ့ Offical ပြိုင်ပွဲ ကြီးတွေဆိုရင် မေ့ထားလို့မရသလို ...... Fan အင်အားလည်း တောင့်တင်းတဲ့ အသင်းကောင်းတစ်သင်းဆိုရင်လည်း မမှားပါဘူး .......

နှစ်အလိုက် Season အလိုက်ကျင်းပမြဲဖြစ်တဲ့
APC cup , Sea playin , PNRC အစရှိတဲ့ National ပြိုင်ပွဲရဲ့ အတွေ့ကြုံကောင်းများစွာနဲ့ Local အတွေ့ကြုံကောင်းများစွာကို ပိုင်ဆိုင်ထားတဲ့ အသင်းပီပီ PUBG(M) ရဲ့ Offical ပြိုင်ပွဲအဆက်ဆက် ပါဝင်ယှဥ်ပြိုင်ဖူးပြီး Experience ကောင်းများစွာနဲ့ Pubg အသိုင်းအဝိုင်းကလူတိုင်းချစ်ခင်ကျရတဲ့ 1SEC ရဲ့ ဦးဆောင်မှုနဲ့အတူ ဒီတစ်ခါ (PMPL) တံခါးခေါက်သံ သဲ့သဲ့ကို ကြားနေရပြီပေါ့ ..........
........ သို့ပေမယ့် လည်းဒီဘက်နှစ်တွေနောက်ပိုင်းမှာ ..... လက်စွမ်းထက်အသင်းကောင်းတွေကလည်း အလျှိုလျှို ပေါ်ထွက် လာနေတာဖြစ်တဲ့အပြင် YG ရဲ့ Playe type တွေကို အလွတ်ရနေတဲ့ အသင်းခပ်များများပါဝင်တာမို့လို့ YG အနေနဲ့ ဒီတစ်ခေါက် ပြိုင်ပွဲကို အမှားကင်းကင်းနဲ့ သတိကြီးကြီးထား ယှဥ်
ပြိုင်သွားရမှာတော့ မြေကြီးလက်ခက်မလွဲပါဘဲ.........။

နဂိုရှိရင်းစွဲ Players တွေအပြင် လက်စွမ်းထက် Player တစ်ယောက်ဖြစ်တဲ့ WT နဲ့စောလျှင်စွာ ပေါင်းစည်းနိုင်ခဲ့တာကလည်း အသင်းရဲ့အားသာချက်တစ်ခုအဖြစ် ရှိနေမှာပါ ။

'' PUBG လောကမှာ ဘယ်ကောင်ဘာမှ မဟုတ်ဘူး ZONE က ဆရာကြီးဘဲ '' ဆိုတဲ့အတိုင်း ဇုန်ကို ပါးပါးနပ်နပ်ကိုင်တွယ် နိုင်တဲ့ 1SEC ရဲ့ အတိုးအလှုပ်တွေ Zone အရွှေ့အပြောင်းတွေ နေရာယူမှုပုံစံတွေက လျှော့တွက်လို့ လို့မရတဲ့အထဲမှာ ပါတဲ့အတွက် ......... သူ.ရဲ့ဦးဆောင်မောင်းနှင်မှုနဲ့အတူ PMPLခရီးအစ ....... PMNC ခရီးကြမ်းကြီးကို ....... ဘယ်လို ကျော်ဖြတ်သွားမလဲဆိုတာ ......... စောင့်မျှော် အားပေးရင်းနဲ့

2022-Road to bali ချံပီယံ နဲ့ 2022-PMMC ချံပီယံ ဆိုတဲ့......နှစ်ကြိမ်ဆက်ချံပီယံအလွန် Offical ပွဲစဥ်တွေရဲ့ ၃ ကြိမ်ဆက်ချံပီယံအိမ်မက်......တိုက်ပွဲကြီးအတွက် ..... 👏👏👏
Good luck YG 💜💜


Crd photo

2023 Pubg Mobile National Cup (PMNC) Myanmar Grandfinal ပွဲစဥ်ကြီးအားကြိုတင် ခံစားကြည့်ခြင်း🔹🔹🔹🔹🔹🔹🔹🔹🔹🔹PUBG Players တိုင်...
25/04/2023

2023 Pubg Mobile National Cup (PMNC) Myanmar Grandfinal ပွဲစဥ်ကြီးအားကြိုတင် ခံစားကြည့်ခြင်း
🔹🔹🔹🔹🔹🔹🔹🔹🔹🔹

PUBG Players တိုင်း Players တိုင်းအိမ်မက်မက်ခဲ့ကျတဲ့.... PMGC (global championship )ကြီးဆီသို့သွားရာ လမ်းခရီးအစ.......... ပထမ ခြေလှမ်း................................ဒီခရီးလမ်းကို လျှောက်လှမ်းဖို့ရာ ..... ဒီနေ့နောက်ဆုံးအဆင့်ကို ရောက်ရှိလာတဲ့ (၁၆) သင်းသော အသင်းတွေကို ကြည့်လိုက်မယ်ဆိုရင်
တော့..Localမှာ ..တကယ့်ကြမ်းပါတယ် တကယ် Strong ပါတယ်ဆိုတဲ့ .....အသင်းအားလုံး ကဘဲ အသီးသီးနေရာယူထားခဲ့ပါပီ..... ။

သေချာတာတစ်ခုကတော့ ယခင့် ယခင်နှစ်တွေကပြည်တွင်း(offical)ပွဲတွေမှာ ကျင်းပခဲ့သမျှ ပွဲစဥ်တွေအားလုံးထက် သာလွန်ကောင်းမွန်တဲ့ ရသမျိုး ပေးစွမ်းနိုင်မယ့် Final ပွဲစဥ်တစ်ပွဲအဖြစ် မှတ်တမ်းဝင်ဖို့ အခြေအနေ တစ်ခုဖြစ်လို့နေခဲ့တဲ့အပြင်.....

Pubg က ကျင်းပပေးခဲ့သမျှပွဲတွေရဲ့ နောက်ဆုံး Final ပွဲတွေအများကြီးထဲကမှ ဒီနှစ် PMNC 2023 Final ပွဲကအကောင်းဆုံး Final ပွဲတစ်ပွဲဖြစ်ဖို့ရာ အတော်လေးနီးစပ်နေခဲ့ပါပြီ.......

ဆိုရရင် ပုရိတ်သတ် အားလုံးနဲ့ ရင်းနှီးပြီးသား လက်စွမ်းထက်အသင်းတွေဖြစ်ကျတဲ့ YG, GE , BG ,Falcon , ViX တိုနှင့်အတူ.........
နောက်ပီုင်း နှစ်တွေမှာ လက်ဇောင်းထက်လာတဲ့ ...TTQ , GodMax , TMP , Skr EQUAL/AC , GDOP , Rst , Kolin Gaming အပါအဝင် .......

ဘာမဆိုလုပ်ပြနိုင်စွမ်းရှိတဲ့ Dynos Messi , Burma Club နဲ့ OASIS esport အစရှိတဲ့ အသင်းတွေဟာဆိုရင် မြန်မာ ကိုယ်စားပြု အသင်းအဖစ်ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရရှိမယ့် PMPL လက်မှတ် ၅ နေရာအတွက် အနိုင်မခံ အရှုံးမပေးသူနိုင်ကိုယ်နိုင် အပြိုင်ကျဲ ကျမယ် ပွဲကြီးပွဲကောင်း တစ်ပွဲဆိုရင်လည်း မမှားပါဘူး.........
Sponsor ရှားပါမှုပြဿနာ .........ပြည်တွင်းပွဲကြီးတွေရှားပါမှုပြဿနာ အစရှိတဲ့ပြဿနာပေါင်းစုံကို ကြံကြံခံရင်း Players တွေ့ရဲ့အိမ်မက်တွေ ကိုယ်စီ ကိုယ်စီ.......မျှော်လင့်ချက်တွေ ကိုယ်စီ ကိုယ်စီနဲ့........ ယှဥ်ပြိုင်ကျမယ့် ဒီပွဲစဥ်ကြီးကိုတော့ PUBG ချစ်မြတ်နိုး သူတိုင်းရင်ခုန်စွာ စောင့်မျှော်အားပေးနေကျမယ်ဆိုတာ မလွဲဧကန်ပါဘဲ..............💙❤️💜

...... We are One Do or Die.......

GodMax ...🇲🇲2023 PMNC Go to GrandFinal--------------------------ဟုတ်ပါတယ်.......၂ဝ၂၂ နှစ်ကုန်ပိုင်းကနေ စပြီးတောက်လျှောက်...
25/04/2023

GodMax ...🇲🇲2023 PMNC Go to GrandFinal
--------------------------
ဟုတ်ပါတယ်.......၂ဝ၂၂ နှစ်ကုန်ပိုင်းကနေ စပြီးတောက်လျှောက် ထက်မြတ်တဲ့ လက်စွမ်းနဲ့အတူ ... Tour နဲ့ Scrim တွေမှာ တစ်ခုခု အမြဲလုပ်ပြနေတဲ့ PUBG Mobile myanmar အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ GodMax အသင်းဟာ Experience ရှိ Players အချို့နှင့် ပြန်လည်စုဖွဲ့ခဲ့မှုနဲ့အတူ 2023 PMNC myanmar ပြိုင်ပွဲကြီးမှာ Grandfinal အဆင့်ကိုရောက်ရှိကာ... မြန်မာနိုင်ငံက အသင်းကြီးအချို့ကို ဒုက္ခ ကောင်းကောင်းပေးနိုင် တဲ့ အသင်းကောင်းတစ်သင်းအဖြစ် ရောက်ရှိနေခဲ့ပြီလား. ?????

ထို့အတူ...
2022 Asia Pacific Cup မှာ ထက်မြတ်တဲ့လက်စွမ်းနဲ့ MVP (man of the match )ဆုကိုသိမ်းပိုက်ရရှိခဲ့ဖူးပြီး အတွေ့ကြုံကောင်းများစွာပိုင်ဆိုင်ထားတဲ့ (Exp player) Bmay ရဲ့ပါဝင်ပေါင်းစပ်မှုနဲ့အတူ ...... GodMax ဆိုတာဖျက်မြင်းအသင်း တစ်သင်းအဆင့်ထပ်ကျော်လွန်ပြီး ၄ နိုင်ငံပူးတွဲကျင်းပမယ့် PMPL မှာ 🇲🇲မြန်မာကိုယ်စားပြု အသင်းအဖြစ် ပါဝင်ဖို့ တာစူနေပြီဆိုတာ ငြင်းလို့မရနေခဲ့ဘူး............

Organization ရှိပြီးသား Local အသင်းကြီးတွေကို ဖယ်ထုတ်လိုက်ရင် ...... GodMax ဟာ အဆင့်တစ်ခုထိသွားနိုင်တယ်ဆိုတဲ့ လက်စွမ်းထက် အသင်းကောင်းတစ်သင်းဖြစ်ကြောင်းအကြိမ်ကြိမ် သက်သေပြခဲ့ပြီးပီမို့ ဒီနှစ် ၂ဝ၂၃ PMNC ပြိုင်ပွဲ တစ်ဖြစ်လဲ .......

မြန်မာ ၅ သင်းပါဝင်ခွင့်ရမယ့် ၄ နိုင်ငံ PUBG MOBILE PRO LEAGUE (PMPL) လက်ရည်စစ်ပွဲလို့ပြောလို့ရတဲ့ ပွဲစဥ်ကြီးမှာ ဘယ်လိုလက်စွမ်းတွေ ထပ်မံ ထုတ်ပြသွားမလဲဆိုတာကို အားလုံးတူတူရင်ခုန်စွာနဲ့စောင့်မျှော်အားပေးလိုက်ရအောင် ....

Rosters ........

BMAY
Amura
MH
GENFOSS ........

...... EDWARD ? or TOM???

crd photo
(*Sub player များအား မသိရှိရသဖြင့် အတိကျဖော်ပြနိုင်ခြင်းမရှိပါ 🙏🙏)

Rule Change in 2023 ‼️‼️တူရကီနိုင်ငံက အိမ်ရှင်အဖစ် လက်ခံကျင်းပမယ့် 2023 (PMGC) ပြိုင်ပွဲကြီးရဲ့ အမှတ်ပေးစည်းမျဥ်းကို ယခင...
25/04/2023

Rule Change in 2023 ‼️‼️

တူရကီနိုင်ငံက အိမ်ရှင်အဖစ် လက်ခံကျင်းပမယ့် 2023 (PMGC) ပြိုင်ပွဲကြီးရဲ့ အမှတ်ပေးစည်းမျဥ်းကို ယခင်အသုံးပြုနေကျ Global အမှတ်ပေးစည်းမျဉ်း မှ( china pro league )PEL ရဲ့ အမှတ်ပေးစည်းမျဥ်းကို ပြောင်းလဲ အသုံးပြုသွားမှာ မို့ ရှေ့လာမယ့် PMPL ပွဲအပါဝင် ပြည်တွင်း ပြည်ပ ပွဲအားလုံး ဟာလည်း ဒီရဲ့အမှတ်ပေးစနစ်အတိုင်း အသုံးပြုသွား ဖို့ရာခိုင်နှုန်း များသွားခဲ့ပြီမို့ Local အသင်းတွေအနေနဲ့ ဖော်ပြထားတဲ့ PEL အမှတ်ပေးစနစ်နဲ့ အသားကျဖို့ရာ ကြိုတင်ပြင်ဆင်ထားကြဖို့ လိုအပ်ပါမယ်။

VANIX Esport ရဲ့ အိမ် အ ပြန် ခ ရီး........................Pubg mobile လောကမှာ ထက်မြက်တဲ့ လက်စွမ်းနဲ့အတူ မှတ်တမ်းကောင်း မ...
25/04/2023

VANIX Esport ရဲ့ အိမ် အ ပြန် ခ ရီး........................
Pubg mobile လောကမှာ ထက်မြက်တဲ့ လက်စွမ်းနဲ့အတူ မှတ်တမ်းကောင်း များစွာ ပိုင်ဆိုင်ထားတဲ့ Vanix Esport ဟာဆိုရင် လွန်ခဲ့တဲ့ 2021 အစောပိုင်းကာလ ကစပြီး Player တွေထွက်ခွါသွားခဲ့မှုနဲ့အတူ ..... esport လောက,ကနေ အပြီး
တိုင် ကျောခိုင်းထွက်ခွါသွားခဲ့ပြီလို့ ထင်မှတ်ခဲ့ရပေမယ့်Founder ကြီး Ko fool ဦးဆောင်ပြီး Player တွေ ပြန်လည် ရှာဖွေနေတဲ့သတင်း နဲ့အတူ Vix ဖန်တွေအနေအနဲ့ အရင်ချိန်တွေ ပြန်သွားဖို့ အဆင်သင့်ဖြစ်နေပြီလား..... ??

မြန်မာ့ Pubg mobile လောကရဲ့ ခိုင်မာတဲ့ သတင်းအရင်းအမြစ်အရ ပြန်လည်စုဖွဲ့ထားတဲ့ Play တွေနဲ့အတူ Local Scrim တွေမှာ အကောင်းဆုံးကြိုးစားဆော့ကစားနေကြကြောင်း ဖော်ပြထားတာမို့လို့ ရှေ့မှာဆီးကြိုနေတဲ့ PMPL ပွဲစဥ် ကြီးနဲ့အတူ တစ်ချိန်တစ်ခါက Vix ရဲ့တောက်ပခဲ့တဲ့နေရက်တွေကို ပြန်လည်မြင်တွေခွင့်ရဖို့က ဖန် တွေ့ရဲ့ အကြီးစားအိမ်မက် တစ်ခုဘဲဆိုတာတော့ ငြင်းလို့မရနေဘူး ......။

ဆုကြေးတွေရခဲ့လို့ ..Player အချင်းချင်း ခွဲယူဖို့မလောက်ငှ ခဲ့ရင် အိတ်စိုက်ပြီး ထုတ်ပေးတက်တဲ့ ကိုFool ကြီးဦးဆောင်မှုနဲ့အတူ.........
....Vix ရဲ့ တကျာ့ပြန် အိမ်အပြန်ခရီးစဥ် ကြီးမှာ ဘယ်Players တွေနဲ့ အကြမ်းစားစကေးတွေပြသပြီးလှပတဲ့ အိမ်အပြန်ခရီးစဥ်ကြီးအဖစ် ဖန်တီးသွားမလဲဆိုတာ ကျနော်တို့ အားလုံး အတူတူ စောင့်ကြိုအားပေးလိုက်ရအောင် ....👏👏👏

မြန်မာနိုင်ငံကအသင်းအားလုံး နှစ်ရှည်လများ မျှော်လင့်စောင့်စားနေခဲ့တဲ့ PMPL ကြီးကတော့ KH,PH,SG နဲ့တွဲပြီး၂၀၂၃ မှာယှဉ်ပြိုင...
25/04/2023

မြန်မာနိုင်ငံကအသင်းအားလုံး နှစ်ရှည်လများ မျှော်လင့်စောင့်စားနေခဲ့တဲ့ PMPL ကြီးကတော့
KH,PH,SG နဲ့တွဲပြီး
၂၀၂၃ မှာယှဉ်ပြိုင်ခွင့်ပေးလိုက်ပြီပဲဖြစ်ပါတယ်

Player တွေရဲ့အိမ်မက် Player တွေရဲ့လက်စွမ်းတွေကို ချပြခွင့် ရရှိသွားမယ့် ပြိုင်ပွဲတစ်ခုဆိုရင်လည်းမမှားဘူးလို့ပြောရမှာပါ .....
🇲🇲🇵🇭🇰🇭🇸🇬

Address


Website

Alerts

Be the first to know and let us send you an email when PUBG Story posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share