Bright Hope for Myanmar: "Revolutionist အရေးတော်ပုံ အောင်ရမည်"

  • Home
  • Bright Hope for Myanmar: "Revolutionist အရေးတော်ပုံ အောင်ရမည်"

Bright Hope for Myanmar: "Revolutionist အရေးတော်ပုံ အောင်ရမည်" This page will be for upcoming news about what is happening in Myanmar and what will happen in the future of Myanmar.

Let us build our country together in unity for better and brighter future

 #သတိထားလုပ်ဆောင်ကြပါရန် တော်လှန်ရေးအဖွဲ့တွေကို  ကွန်မြူနစ်တံဆိပ် စတင်ကပ်လာနေပြီ။သဘောတရားကတော့  ဆိုရှယ်လစ်စစ်အုပ်စုနှင့်...
16/08/2024

#သတိထားလုပ်ဆောင်ကြပါရန်
တော်လှန်ရေးအဖွဲ့တွေကို ကွန်မြူနစ်တံဆိပ် စတင်ကပ်လာနေပြီ။သဘောတရားကတော့ ဆိုရှယ်လစ်စစ်အုပ်စုနှင့်ကွန်မြူနစ်အုပ်စု ဘာရွေးမလဲဆိုတဲ့အထာမျိုး ကမ္ဘာ့နိုင်ငံတွေကို ဝါဒ စဖြန့်နေပြီ။ကွန်မြူနစ်ထက်စာရင် နိုင်ငံရေးအားဖြင့် အနည်းငယ်ပျော့ပြောင်းတဲ့ဆိုရှယ်လစ်ဝါဒဆွဲကိုင်တဲ့စစ်အုပ်စုကို ရွေးမလားဆိုတဲ့နှပ်ကြောင်းမျိုးပါပဲ။

တကယ်တော့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဟာ အမျိုးသားရေးဝါဒီတွေပါ။ကွန်မြူနစ်ဝါဒ (ဗ.က.ပ)ကို တိုင်းရင်းသားဒေသတွေဖက်တွန်းပို့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုပါ ကွန်မြူနစ်တံဆိပ်ကပ်တော့တာပဲ။၁၉၄၇ - ၄၈ လောက်ကတည်းက ကျွေးခဲ့တဲ့ဂျင်းတွေက တော်လောက်ပါပြီ။သည်ဇာတ်လမ်းတွေကလည်း ကမ္ဘာ့ပုန်းလျှိုးအစိုးရက တဆင့်ချင်း၊တဆင့်ချင်း စီစဉ်ပြီး သူတို့အလိုရှိရာ ရောက်အောင် ကြိုးဆွဲခဲ့တဲ့အချုပ်ဇယားတွေပါပဲ။

၁၉၄၇ - ၄၈ ခုနှစ် ဗြိတိသျှအစိုးရဟာ မြန်မာနိုင်ငံကို လွတ်ရေးမပေးခင်ကတည်းက မြန်မာ့ပညာတတ်လူငယ်တွေကြားမှာ ကွန်မြူနစ်ဝါဒကို ရည်ရွယ်ချက်ရှိရှိထိုးသွင်းပြီး နောင်တချိန်အစိပ်စိပ်အမွှာမွှာကွဲဖို့ သူတို့ဟာ ရည်ရွယ်လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။တကယ်လည်း ကွဲထွက်ကုန်ခဲ့ကြတယ်။လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ သူတို့ မှန်းထားသလို ကွန်မြူနစ်ဝါဒဟာ (ဗ.က.ပ) ကနေတဆင့် တိုင်းရင်းသားဒေသများနှင့်ပြည်နယ်များဆီ ပြန့်နှံ့သွားခဲ့ပြီး ဆိုရှယ်လစ်ဖြစ်တဲ့စစ်အုပ်စုဆီ မြန်မာ့အာဏာ ဆုပ်ကိုင်နိုင်ဖို့ တွန်းပို့ခဲ့ကြတာဖြစ်ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းဟာ သူတို့ကြိုးဆွဲလို့ရမည့်သူ မဟုတ်တာရော၊သူတို့လမ်းကြောင်းပေးထားသော ကွန်မြူနစ်နှင့်ဆိုရှယ်လစ်စနစ်ကနေသွေဖယ်ပြီး ပြည်ထောင်စုတည်ဆောက်ဖို့ ကတိခံပြီး ကြိုးပမ်းနေတဲ့ဗိုလ်ချုပ်အောင်ဆန်းနှင့်ခေါင်းဆောင်ကြီးများကို လုပ်ကြံပစ်လိုက်တော့ အဲ့သည်မှာ မြန်မာ့နိုင်ငံရေးဟာ ရေစုန်မျောတော့တာပါပဲ။

ယခုနွေဦးတော်လှန်ရေးကာလမှာ ကွန်မြူနစ်ဝါဒ(ဗ.က.ပ)တွေဆိုပြီး တစခန်းပြန်ထလာပြန်ပြီ။တစ်ခါလာ မဲပြာပုဆိုး .. တစ်ခါလာမဲပြာပုဆိုးနဲ့ အကွက်တွေက ထပ်နေပြီ။သည်ဇာတ်လမ်းတွေကို ပြည်သူတွေအရမ်းငြီးငွေ့နေပါပြီ။ က'နေကြတဲ့သူတို့တွေ မမောပေမဲ့ ကြည့်နေရတဲ့ပြည်သူတွေက အတော်ကို အာရုံနောက်နေပြီ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေဟာလည်း အရင်က ဘာအယူအဆ၊ဘာနိုင်ငံရေးဝါဒပဲ ရှိခဲ့ရှိခဲ့ ဖက်ဒရယ်လမ်းစဉ်သာ ခိုင်ခိုင်မာမာရပ်တည်လျှောက်လှမ်းကြပါ။သူတို့အချုပ်ဇယားအခင်းအကျင်းထဲဝင်ပြီး သူတို့နှင့်ထိုးသတ်ရင် သူတို့က အနိုင်ပါပဲ။အတွေ့အကြုံပိုင်းမှာ သူတို့က သာပါတယ်။ အခင်းအကျင်းသစ်ထဲမှာဆိုရင် သူရော၊ကိုယ်ရော အသစ်စက်စက် - Newbie ပါပဲ။ဉာဏ်သာသူက အနိုင်ပဲ။

နောက်တစ်ခုက တရုတ်ဗဟိုအစိုးရက စစ်ကောင်စီနှင့်တွေ့တယ်၊အမေရိကန်က NUG နှင့်တွေ့တယ်။တိုက်ဆိုင်နေတယ်။ဘယ်လက်နှင့်ညာလက် ဖြစ်နေမှာစိုးရတယ်။အဲ့သည်လိုနည်းနဲ့ကမ္ဘာ့နိုင်ငံတွေကို ဖွတ်ဖွတ်ညက်ညက်ကြေအောင် ကစားခဲ့ကြတဲ့သာဓကတွေ အများကြီးပါပဲ။

ဒါကြောင့် သတိထားပါ။သတိဆိုတာ ပိုတယ်မရှိပါဘူး။အမေရိကန် ရွေးကောက်ပွဲကျင်းပဖို့ ရက် ( ၈၀ ) သာလိုတော့တာမို့ ပိုသတိထားပါ။အမေရိကန်ရွေးကောက်ပွဲမတိုင်ခင် အချုပ်ဇယားဝင်တာ၊ခြေကန့်လန့်ထိုးတာမျိုးတွေ ရှိလာနိုင်တယ်။
ဘယ်သူတွေက ဘာအကြံပဲပေးပေး၊ဘယ်သူတွေက ဘယ်လောက်တိုက်တွန်းပါစေ ၊ဘယ်သူတွေက ဘယ်လိုပဲဆွယ်တရားဟောနေပါစေ မိမိ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့သာ သွားပါ။ဆုံးဖြတ်လုပ်ဆောင်ချက်ဟာ မိမိကိုယ်ပိုင်ဉာဏအားဖြင့်တည်းဖြတ် လုပ်ဆောင်တာမျိုးပဲ ဖြစ်ပါစေ။

မေတ္တာအားဖြင့် ~ ❤️❤️

myanmar society 🇲🇲

Myanmar Society

“ အကြမ်းဖက်စစ်ကောင်စီကိုပွဲသိမ်းဘယ်လိုတိုက်မလဲ “————————————————————-ပြီးခဲ့တဲ့ ၃ ရက်အတွင်း အာရက္ခတပ်တော် AA ကသံတွဲလေဆိပ...
26/06/2024

“ အကြမ်းဖက်စစ်ကောင်စီကိုပွဲသိမ်းဘယ်လိုတိုက်မလဲ “
————————————————————-

ပြီးခဲ့တဲ့ ၃ ရက်အတွင်း အာရက္ခတပ်တော် AA ကသံတွဲလေဆိပ်ကိုသိမ်းတယ် ၊ သံတွဲကိုဆက်သိမ်းဖို့ ခမရ ၅၆၆ ကိုထိုးစစ်ဆင်နေတယ်။ မနေ့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ မဟာဗျုဟာစခန်းဖြစ်တဲ့ တောဟိန်းတောင်ဗျုဟာကုန်းကိုသိမ်းလိုက်တယ်။

ကချင်ပြည်မှာ KIA က ဖားကန့်ကိုထိန်းချုပ်ဖို့ မိုးညှင်း( အင်းတော်ကြီး ) ၊ ဖားကန့်လမ်းမပေါ်က ဝှေ့လုံး၊ ညောင်ပင်၊ ချောင်းဝခန်းသုံးခုကိုထိုးစစ်ဆင်တာ မနေ့က ဝှေ့လုံ နှင့်ညောင်ပင်ကိုရပြီ အခု ချောင်းဝစခန်းကိုဆက်သိမ်းနေတယ်။

ချင်းပြည်မှာ CNA က တီးတိန် ၊ ကနေဒီတောင်စခန်းကိုပြန်သိမ်းပိုက်လိုက်ပြီ၊ သိုင်းငင်းစခန်းကိုဆက်တိုက်နေတယ်။

ကရင်ပြည်မှာ KNLA နှင့်ပူးပေါင်းတပ်တွေက ကော့ကရိတ်၊ စုကလိစခန်းကိုအပြီးသိမ်းပိုက်ခဲ့တယ်။ အကြမ်းဖက်တပ်က (၆)ဦး သေဆုံးပြီး ဗိုလ်မှူးကြီး ၀ဏ္ဏတိုး အပါအ၀င် (၂၁) ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆည်းရခဲ့တယ်။

အဲ့ဒီလိုတော်လှနိရေူအင်အားစုတွေ အောင်ပွဲဆက်နေချိန်မှာ စစ်ကောင်စီက ရွှေစျေးတက်လို့ဆိုပြီး ရွှေကုန်သည်တွေဖမ်းလိုက် ၊ ပြည်သူတွေ Facebook သုံးလို့ဆိုပြီး VPN တွေ့ရင်ဖမ်းလိုက်၊ အမေစုမွေးနေ့ အထိမ်းအမှတ်ဖြစ်နေတယ်ဆိုပြီး ပန်းပန်ရင်ဖမ်းလိုက်၊ ဆန်စျေးတက်လို့ဆိုပြီး ဆန်ကုန်သည်တွေကိုဖမ်းလိုက်၊ ဝင်းနိမ္မိတာရုံဆရာတော်ကြီးကို PDF ပစ်တာပါဆိုပြီးလိမ်လိုက်၊ အလိမ်ပေါ်သွားတော့ တောင်းပန်လိုက်နဲ့ ဖရိုဖရဲ ၊ ကသောင်းကနင်းတွေဖြစ်နေတယ်။ အခုဆို ဒေါ်လာစျေးက ၁ ဒေါ်လာ ကို မြန်မာငွေ ၄၄၀၀ ကျပ်ဖြစ်နေပြီဖြစ်တယ်။ အာဏာသိမ်းခါစနဲ့ယှဉ်ရင် ဒေါ်လာစျေးက အဆ ၃၅၀ မြင့်တက်သွားတာဖြစ်တယ်။

စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေရဲ့ထိုးစစ်အောက်မှာ ဒေသကွတ်ကဲမှုစစ်ဌာနချုပ် ၁ ခု ၊ စစ်ဆင်ရေးကွတ်ကဲမှုဌာနချုပ် ၃ ခု ၊ တပ်ရင်းဌာနချုပ်ပေါင်း ၆၃ ခု ၊နယ်ခြားစောင့် ရဲတပ်ရင်း ၇ ခုနှင့် မဟာဗျုဟာစစ်စခန်း၊ စစ်ဗျုဟာစခန်း ၊ အထိုင်စခန်းပေါင်း ၂၅၀၀ ကျော်ကို လက်လွတ်ဆုံးရှုံးခဲ့ရပြီးဖြစ်တယ်။

၂၀၂၄ နှစ်ဆန်းကနေ ယနေ့အထိ အတွင်းလေးမှာတင် အကြမ်းဖက်စစ်ကောင်စီဖက်က စစ်ခန်းပေါင်း ၂၀၀ ကျော်လက်လွတ်ခဲ့ရပြီး စစ်သားပေါင်း ၃၀၀၀ ကျော်သေဆုံးခဲ့တယ်။


တကယ်တော့ အကြမ်းဖက်စစ်ကောင်စီဟာ ဖက်စုံကနေပြိုလဲနေတာဖြစ်တယ်။ ဒါကြောင့်လည်းဖက်စုံကနေ ကျရှုံးနေတာ၊ ရှုံးနှိမ့်နေတာဖြစ်တယ်။ ဒါပေမယ့် စစ်ကောင်စီသက်သာရာရနေတာက ဖက်စုံထိုးစစ်တစ်ခုကို တော်လှန်ရေးအင်အားစုတွေမဖော်ဆောင်နိုင်သေးလို့ဖြစ်တယ်။

တော်လှန်ရေးအင်အားစုတွေက တစ်ဖွဲ့နဲ့တစ်ဖွဲ့ မဟာဗျုဟာမြောက်ညှိနှိုင်းတိုင်ပင်မှုအားနည်းပြီး။ ဟိုဖက်မှာစစ်ပြေငြိမ်းလိုက် ၊ ဒီဖက်မှာထိုးစစ်ဆင်လိုက်ဖြစ်နေကြလို့ဖြစ်တယ်။ ဒီကြားထဲ အချင်းချင်းအားပြိုင်မှုပုံစံတစ်ချို့ကိုလည်းမြင်ရတယ်။ TNLA နှင့် KIA ကြားကပဋိပက္ခတစ်ချို့၊ CNA နှင့် Chin Brotherhood ကြားကအားပြိုင်မှု၊ AA ဝင်ရောက်ပါဝင်နေမှုစတာတွေဖြစ်တယ်။

ပြည်မဖက်မှာ သပ်ပါတီဆိုပြီး ဗိုလ်နဂါးကိုတည်ကြက်ထားတစ်စင်ထောင်ဖြိုခွဲတဲ့ဖြစ်စဉ်ပေါ်လာပေမယ့် အမျော်အမြင်ရှိတဲ့ ပြည်သူတွေကလက်မခံကြလို့ သပ်ပါတီတွေ အလိုလိုမြောင်းထဲရောက်သွားတဲ့အတွက် NUG ဦးဆောင်နေတဲ့ ပြည်မဖက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်သာရှိပြီး ခေါင်းမကွဲ၊ မယိုင်လဲ၊ မချိနဲ့သွားခဲ့တာဖြစ်တယ်။

တစ်ချို့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေက ပြည်ထောင်စုတစ်ခုလုံးအတွက်မစဉ်းစားပဲ မိမိဒေသအတွင်း သိမ်းပိုက်ခံနယ်မြေအများအပြားရရှိရေးနှင့် ထိန်းချုပ်ရေးကိုသာ အသည်းအသန်ကြိုးစားနေကြတာတွေ့ရတယ်။ တစ်ချို့တိုင်းရင်းသားအဖွဲ့တွေက တကယ်လေးစားစရာကောင်းလောက်အောက် တစ်နိုင်ငံလုံအရေးတာဝန်ခံကူညီပေးနေတာလည်းတွေ့ရတယ်။

စစ်ကောင်စီဟာ စီးပွါးရေး နှင့် လက်နက်အင်အားအဆမတန်သာလွန်ပြီး တစ်သွေး၊တစ်သံတစ်မိန့်နဲ့ ရွှေ့လျားဆောင်ရွက်နိုင်တဲ့တပ်ဖွဲ့ဖြစ်တဲ့အတွက်ကြောင့် စီးပွါးရေးနှင့် လက်နက်အင်အားနည်းပါးပြီး အဖွဲ့ပေါင်းစုံကွဲနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ အနိုင်တိုက်ဖို့ဆိုလျှင် အားလုံးတစ်စုတစ်စည်းထဲ မဟာဗျုဟာမြောက် တပ်ဖွဲ့ပြင်ဆင်၊ ညှိနှိုင်းတိုင်ပင်ပြီး တစ်ချိိန်တည်း တစ်ပြိုင်တည်းထိုးစစ်ဆင်ဖို့လိုတယ်။

ဒုတိယကမ္ဘာစစ်အတွင်းက မတူညီတဲ့နိုင်ငံတွေတောင် နာဇီဂျာမဏီကိုတိုက်ဖို့ မဟာမိတ်ဖွဲ့ပြီး စစ်ဆင်ရေးရေးဆွဲတဲ့အခါ Chain of Command တစ်ခုတည်းအဖြစ်တည်ဆောက်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ထိုးစစ်ဆင်နိုင်ရင် မြန်မာလိုနိုင်ငံသေးသေးလေးထဲက အင်အားတစ်သိန်းအောက်တွေသာရှိကြတဲ့ တပ်ဖွဲ့တွေစုပေါင်းပြီး Chain Of Command တစ်ခုမတည်ဆောက်နိုင်စရာအကြောင်းမရှိဘူးလို့မြင်တယ်။

ကလေးဆန်ဆန် ဗိုလ်နေရာလုနေကြတယ် ၊ မာနပြိုင်နေကြတယ် ၊ ငါ့နယ်မြေငါစီုးမိုးနိုင်ရင်ပြီးပြီ ဘယ်သူမှဂရုစိုက်မှာမဟုတ်ဘူး ဆိုကြရင်တော့ အားလုံးတစ်စုတစ်စည်းစုဖွဲ့နိုင်မှာမဟုတ်သလို အကြမ်းဖက်စစ်တပ်ကိုအပြီးသတ်ခြေမှုနိးနိုင်မှာမဟုတ်ပဲ စစ်တပ်က တရုတ်အားကိုးနဲ့ဖြစ်စေ ပြန်နာလံထူလာရင် အားလုံးအတွက် မကောင်းတဲ့အကျိုးဆက်တွေဖြစ်လာနိုင်တယ်။

အခုနောက်ပိုင်းတရုတ်ဟာ စစ်တပ်ကိုထောက်ပံ့ကူညီမှုတွေပိုများလာတာကိုသတိထားကြရမယ်။ တရုတ်က အကြမ်းဖက်စစ်ကောင်စီမြန်မာပြည်ကိုဆက်ပြီးစီုးမိုးချုပ်ကိုင်ထားစေချင်တယ်။ စစ်တပ်ဟာ စစ်သားသစ်တွေစုဆောင်းနေသလို ဒရုန်းနည်းပညာလိုမျိုးကို ငွေကြေးအမြောက်အများသုံးစွဲအသုံးပြုလာနေပြီး ရုရှ နဲ့တရုတ်ဆီကနေ လက်နက်ပိုမိုဝယ်ယူလာတာကိုလည်း သတိပြုမိဖို့လိုတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ အခုအချိန် အဖက်ဖက်က ဖရိုဖရဲဖြစ်နေချိိန်မှာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ တစ်စုတစ်စည်းထဲ ပြင်းပြင်းထန်ထန် စစ်ဆင်ရေးလုပ်မယ်ဆို အကြမ်းဖက်တွေ ဒူးထောက်အညံ့ခံကြရမှာသေချာတယ်။ ပြင်ဆင်ချိန်ပေးလိုက်ရင် ၊ နာလံထူချိန်ပေးလိုက်ရင်တော့ အခြေအနေတွေပြောင်းလဲသွားနိုင်တာသိဖို့လိုတယ်။ ၁၀၂၇ စစ်ဆင်ရေးလိုမျိုူကို ညီနောင်သုံးဖွဲ့တည်းမဟုတ်ပဲ KIA , KNU , ကရင်နီ ၊ ချင်းစတဲ့ အဖွဲ့အားလုံးနဲ့ ညှိနှိုင်းပြီးတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထိုးစစ်ကြီးသာလုပ်ခဲ့ကြမယ်ဆိုရင် အကြမ်းဖက်စစ်ကောင်စီဟာ အခုအချိန်မှာ လက်နက်ချအညံခံပြီးသားဖြစ်နေနိုင်တယ်။

အကြမ်းဖက်စစ်ကောင်စီဟာ အဲ့ဒီလိုအနေအထားဖြစ်လာမှာကို အင်မတန်စီုးတယ်။ ဒါကြောင့်လည်း တိုင်းရင်းသားအဖွဲ့အချင်းချင်းမညီညွတိအောင်၊ အဖွဲ့တူအချင်းချင်း နေရာလုလာအောင် သူတို့စနစ်တကျလေ့ကျင့်ထားတဲ့ထောက်လှမ်းရေးသူလျီုတွေထည့်ပြီးတောက်လျောက်သွေးခွဲနေတာလည်းသိဖို့လိုတယ်။

အကြမ်းဖက်စစ်ကောင်စီကို တစ်စုတစ်စည်းတည်းတိုက်ဖို့ဝေလာဝေး သူလျှိုတွေမြောက်ပေးမှုနဲ့ အချင်းချင်းပြန်တိုက်ကုန်ကြရင် ကျွန်တော်ဖက်က ရှုံးနိမ့်ဖို့သေချာသွားပါပြီ၊ အခြေအနေပြောင်းပြန်ဖြစ်သွားမှာဖြစ်ပါတယ်။ဒါကိုမပေါ့မဆ သတိကြီးစွာထားဖို့လိုပါတယ်။ အချင်းချင်းကြားကပြဿနာတွေလျော့နည်းအောင်၊ မကြီးထွားလာအောင်ပထမဦးဆုံးကြိုးစားကြရပါမယ်။

KIA နှင့် TNLA ကြား တစ်ချို့ပဋိပက္ခလေးတွေက မြေပြင်တပ်ဖွဲ့တွေအချင်းချင်းဖြစ်တဲ့ကိစ္စဖြစ်တဲ့အတွက် အထက်လူကြီးတွေစကားပြောလိုက်ရင်အဆင်ပြေသွားကြတာရှိပေမယ့် ဒီလိုမျိုးဆက်ဖြစ်နေကြရင် အမှိုက်ကအစပြသဒ်မီးလောင်ဖြစ်ရမှာကိုလည်းသတိထားဖို့လိုတယ်။

ချင်းပြည်နယ်မှာ နှစ်ခြမ်းကွဲနေတဲ့ကိစ္စက နှစ်ဖက်စလုံးကိုဖိအားပေးရမည့်ကိစ္စဖြစ်တယ်။ ကလေးဆန်ဆန်သူမှန် ကိုယ်မှန်စွတ်စွဲငြင်းခုန်ရင်း ကြားထဲကမြောက်ပေးတဲ့သူတွေကြောင့် အချင်းချင်းချကုန်ကြတဲ့ကိစ္စလိုပဲမြင်တယ်။ ချင်းတပ်ဖွဲ့တွေနှစ်ခြမ်းကွဲတဲ့ကိစ္စမှာ ပထမဆုံးသူမှန်ကိုယ်မှန်ပြောဆိုရေးသားကြတာကို ဆန့်ကျင်ဖို့လိုသလို ဆိုရှယ်မီဒီယာကနေတစ်ဆင့် ကြားထဲက မြောက်ပေး၊ ရန်တိုက်ပေးရေးသားနေသူတွေကို ဆန့်ကျင်ရမယ်။ ချင်းပြည်သုလူထုအနေနဲ့ ချင်းအဖွဲ့နှစ်ဖွဲ့ အတူလက်တွဲမလုပ်နိုင်သေးရင်တောင် ပဋိပက္ခကိုဦးမတည်ပဲ ညှိနှိုင်းလုပ်ဆောင်ဖို့ဖိအညးပေးရမယ်။ အဲ့ဒီလိုဖိအားပေးနေစဉ်အတွင်းမှာ နှစ်ဖက်စလုံးကို အားမပေးဖို့၊ မထောက်ပံ့ကြဖို့လိုအပ်တယ်။ ၂ ဖက်စလုံးအချင်းချင်းစကားပြောညှိနှိုင်းလို့ရပြီဆိုမှသာ ပြန်လည်ထောက်ပံ့အားပေးကြရမယ်။

နိဂုံး

အကြမ်းဖက်စစ်ကောင်စီအခုအချိန်ဖရိုဖရဲဖြစ်ပြီး ကစင့်ကလျားဖြစ်နေချိန်မှာ တော်လှန်ရေးအင်အားစုတွေက စနစ်တကျညှိနှိုင်းပြီး မဟာဗျုဟာကျကျစုဖွဲ့မှုတွေပြုလုပ်ကြရမယ်၊တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထိုးစစ်ကြီးဆင်နွဲဖို့လိုတယ်။ အကြမ်းဖက်စစ်ကောင်စီကို နာလံထူဖို့အချိန်လုံးဝပေးလို့မရပါဘူး။

အခွင့်အရေးဆိုတာနှစ်ခါမရနိုင်ပါဘူး။

( အောက်ကမြေပုံမှာ တော်လှန်ရေးတပ်ဖွဲ့များစီုးမိုးထားသောနယ်မြေတွေ နှင့် သိမ်းပိုက်ပြီးတဲ့တပ်စခန်းတွေကိုဖော်ပြထားပါတယ်။)

ဦးမျိုးရန်နောင်သိန်း
၂၀၂၄ ခုနှစ် ဇွန်လ ၂၄ ရက်

-

-

ချက်နိုင်ငံ၊ ပရာ့ဂ်မြို့တွင် သံရုံးများ ပွဲတော်တွင် စစ်ကောင်စီသံရုံး၏ ပြခန်း ဆန္ဒပြခံရသဖြင့် ပြခန်းပိတ် ထွက်ပြေးရန်ကုန်၊...
09/06/2024

ချက်နိုင်ငံ၊ ပရာ့ဂ်မြို့တွင် သံရုံးများ ပွဲတော်တွင် စစ်ကောင်စီသံရုံး၏ ပြခန်း ဆန္ဒပြခံရသဖြင့် ပြခန်းပိတ် ထွက်ပြေး

ရန်ကုန်၊ ဇွန် ၉

ချက်နိုင်ငံ၊ ပရာ့ဂ်မြို့တွင် ယမန်နေ့ သံရုံးများ ပွဲတော် ပြုလုပ်ခဲ့ပြီး ယင်းပွဲတော်တွင် စစ်ကောင်စီ၏ မြန်မာသံရုံးကလည်း ပြခန်းဖွင့်လှစ်ပြသခဲ့သော်လည်း ဆန္ဒပြခံရသဖြင့် ပြခန်းပိတ်ထွက်ပြေးရကြောင်း သိရှိရသည်။

ဇွန်လ ၈ ရက်နေ့ ချက်နိုင်ငံ၊ ပရာ့ဂ်မြို့တွင် ကျင်းပသော သံရုံးများပွဲတော်သို့ နိုင်ငံအစုံမှ သံရုံးများက ၎င်းတို့မိခင်နိုင်ငံ၏ ယဉ်ကျေးမှုများ၊ နိုင်ငံအကြောင်းကို ပြခန်းများဖွင့်လှစ် ပြသ မိတ်ဆက်ကြကြောင်း၊ စစ်ကောင်စီသံရုံးကလည်း မြန်မာနိုင်ငံအကြောင်း ပြခန်းဖွင့်လှစ်ခဲ့ကြောင်း၊ သို့ရာတွင် ချက်နိုင်ငံမှ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ Igor Blazevic နှင့် တက်ကြွလှုပ်ရှားသူများက မြန် မာသံရုံး၏ ပြခန်းရှေ့တွင် မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှု နှင့် ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ အကြောင်း ရှင်းပြထားသည့် ပိုစတာများကိုင်ဆောင်၍ ဆန္ဒပြကြကြောင်း သိရှိရသည်။

စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံးပြခန်းရှေ့ နေပူထဲတွင် တက်ကြွလှုပ်ရှားသူများက ၆ နာရီကြာ ဆန္ဒပြသဖြင့် မြန်မာသံရုံးက ရဲကို အကြောင်း ကြားပြီး ဆန္ဒပြသူများကို ဖယ်ရှားခိုင်းကြောင်း၊ သို့ရာတွင် ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို ဆက်လက် ဆန္ဒပြခွင့်ပြုသဖြင့် နောက်ဆုံးတွင် စစ်ကောင်စီ၏ မြန်မာသံရုံး ပြခန်းမှာ ပိတ်သိမ်းပြီး ထွက်ပြေးသွားကြောင်း၊ စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံး၏ ပြခန်းသို့လည်း လာရောက် ကြည့်ရှုသူ နည်းပါးခဲ့ကြောင်း သိရှိရသည်။

Khit Thit

သားရှင်များ ဂယက်ထသွားသော စာတစောင်     နံနက်အိပ်ယာထမှာ စာတစောင်ရောက်လာတယ်သားလေးနာမည်နဲ့ ရဝတ ရုံးကခေါ်စာ မိဘဆိုတော့စိတ်ပူသ...
14/03/2024

သားရှင်များ ဂယက်ထသွားသော စာတစောင်

နံနက်အိပ်ယာထမှာ စာတစောင်ရောက်လာတယ်
သားလေးနာမည်နဲ့ ရဝတ ရုံးကခေါ်စာ မိဘဆိုတော့စိတ်ပူသွားတာပေါ့ သားငယ်ကိုချက်ချင်းမေး ရန်ဖြစ်လာလား ဘာဖြစ်လာလည်း ခလေးကလည်းဘာမှမဖြစ် ဘာမှမသိ မိဘဆိုတော့ ဟိုတွေး ဒီတွေးပေါ့ ခလေးကိုယ်စား ကိုယ်မိဘဘဲ သွားတွေ့လိုက်တယ်
ဟိုရောက်တော့ သိလိုက်ရတာက မဖြစ်မနေ စစ်မှု့ထမ်းရမှာတဲ့
သင်းတန်းကာလ 6 လ သင်တန်းပြီး 1နှစ် 6 လ ကတာဝန်ထမ်းဆောင်ရမယ် ပေါင်း 2 နှစ် (.သင်တန်းကာလမှာ တလလျှင်လခ 470000 ပေးမယ်တဲ့)

[တရပ်ကွက်လုံးရှိ အရွယ်ရောက်လူငယ်များ အားလုံးနော်]

စစ်မှု့ထမ်းရန်ခေါ်တွေ့ (အတွေးများနဲ့ရင်မောရသောနေ့ တနေ့)

#ကဲခင်ဗျားတို့ဘာလုပ်ကြမလဲ_ခင်ဗျားတို့ဆီလည်းလာတော့မှာနော်

အရုပ် ကြီး

စစ်ကောင်စီလက်အောက်တွင် စစ်မှု မထမ်းလိုသော လူငယ်လူရွယ်များအတွက် တော်လှန်ရေးတပ်ဖွဲ့များက တော်လှန်ရေးရဲဘော်သစ်များ အပြိုင်အ...
13/02/2024

စစ်ကောင်စီလက်အောက်တွင် စစ်မှု မထမ်းလိုသော လူငယ်လူရွယ်များအတွက် တော်လှန်ရေးတပ်ဖွဲ့များက တော်လှန်ရေးရဲဘော်သစ်များ အပြိုင်အဆိုင် ခေါ်ယူနေ

အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေ ကို အသက်သွင်းပြီးနောက် လူငယ်လူရွယ်များကို စစ်တပ်ထဲသို့ ခေါ်သွင်းရန် ပြင်ဆင်နေချိန် စစ်အာဏာရှင် တော်လှန်ရေးတပ်ဖွဲ့များကလည်း တော်လှန်ရေးရဲဘော်သစ်များကို အပြိုင်အဆိုင် ခေါ်ယူနေကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ညပိုင်းတွင် စစ်တပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြေညာပြီးနောက် အများစုသော လူငယ်များမှာ စစ်ကောင်စီလက်အောက်တွင် အမှုမထမ်းလိုကြောင်း လူမှုကွန်ရက်များတွင် ထုတ်ဖော်ပြောဆိုလာပြီးနောက် တစ်နိုင်ငံလုံးရှိ တော်လှန်ရေးတပ်ဖွဲ့များက ယင်းသို့ တော်လှန်ရေးရဲဘော်များကို ခေါ်ယူလာခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ပြဋ္ဌာန်းလိုက်သော ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံသားတိုင်း စစ်မှုထမ်းရမည်ဖြစ်ပြီး အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း စစ်မှုထမ်းရန် အကြမ်းဖက် စစ်ကောင်စီက ဆင့်ခေါ်မည်ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းရန်ကာလကို (က) စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားတိုင်းကို (၂၄)လ ထက်မပိုသည့် ကာလ အပိုင်းအခြား အတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်ကြောင်း၊ (ခ) စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားများအနက် တပ်မတော် စက်မှုလက်မှု ပညာသည်များအဖြစ် အမှုထမ်းရန် ဆင့်ခေါ်ခြင်း ခံရသူများကို (၃၆) လထက် မပိုသည့် ကာလ အပိုင်းအခြားအတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်ကြောင်း၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော ကျွမ်းကျင်သူများအား (၃၆) လထက်မပိုသည့် ကာလ အပိုင်းအခြား အတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ထို့ပြင် နိုင်ငံတော်တွင် အရေးပေါ် အခြေအနေဖြစ်ပေါ်လျှင် အစိုးရအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းရန် ကာလကို (၅)နှစ်အထိ တိုးမြှင့် သတ်မှတ်နိုင်သည်ဟု ဥပဒေက ဆိုသည်။

ထို့ကြောင့် စစ်ကောင်စီလက်အောက်တွင် စစ်မှုမထမ်းလိုသော လူငယ်လူရွယ်များကို‌ အောက်ပါတော်လှန်ရေးအဖွဲ့များက တော်လှန်ရေးရဲဘော်များအဖြစ် ခေါ်ယူနေကြောင်း သိရှိရသည်။

၁-TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့

https://www.facebook.com/tbkwegf/posts/373953068711617

၂-Bamar People's Liberation Army - BPLA

https://www.facebook.com/BamarPeoplesLiberation/posts/374303568652851

၃-ရန်ကုန်တိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်

https://docs.google.com/forms/d/e/1FAIpQLScreS5-RapsjBYIfVPNdue_czQpa6eEVuhLt1rexHexoK_4PQ/viewform?fbclid=IwAR364rpTo4p6O5owmDPof8R6F_vez1ZsLxCnJ5yDkX65w0DbJWBm717uwdA

၄-Homalin People's Defense Force - HPDF 124

https://www.facebook.com/permalink.php?story_fbid=364753972994745&id=100083804347356

၅-Mandalay PDF

https://www.facebook.com/permalink.php?story_fbid=360049413491792&id=100084602090156&locale=ms_MY

၆-လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway )

https://www.facebook.com/100075665358623/posts/410611941470981/
Telegram -

၇- ရှမ်းတောင် ၁၀၀၅တပ်ရင်း
https://www.facebook.com/PDF1005?mibextid=2JQ9oc

၈- ရှမ်းတောင် ၁၀၀၈ တပ်ရင်း
https://www.facebook.com/profile.php?id=100083288321728&mibextid=2JQ9oc

၉- KNDF BO7
https://m.facebook.com/story.php?story_fbid=3620663934838257&id=100006840580143&mibextid=2JQ9oc

၁၀- ရွှေဘိုခရိုင်တပ်ရင်း-၁၄ YeU PDF
https://www.facebook.com/mod.pdfbattalion14yeu?mibextid=2JQ9oc

၁၁- မြိတ်ခရိုင်တပ်ရင်း(၂)
https://www.facebook.com/100094722176106/posts/243993032101434/?app=fbl

၁၂- Cobra Column 2 Venom
https://m.facebook.com/story.php?story_fbid=352055581126026&id=100089647594834&mibextid=2JQ9oc

၁၃- ကျားဖြူစစ်ကြောင်း Justice Soldier PDF
https://www.facebook.com/profile.php?id=61555310281701&mibextid=2JQ9oc

၁၄- DOVE KK Medical Team ကရင်နီရှေ့တန်းဆေးအဖွဲ့
https://www.facebook.com/DoveKK.MedicalCrew?mibextid=2JQ9oc

၁၅- MDF : Myanmar Defence Force (ရွှေဘိုခရိုင်တပ်ရင်း ၂၆)
https://www.facebook.com/profile.php?id=100081313510471&mibextid=2JQ9oc

၁၆- MDF : Myanmar Defence Force (သာယာဝတီခရိုင် တပ်ရင်း (၃)၊ ပဲခူး)
https://www.facebook.com/mdfshwebo?mibextid=2JQ9oc

၁၇- နွေဦးကျန်းမာဆေးရုံ (ကရင်နီဒေသ) ၊ CDM ကျန်းမာရေးအင်အားစု
https://m.facebook.com/story.php?story_fbid=842419774357479&id=100057683910854&mibextid=I6gGtw

၁၈-Eagle Brigade
https://www.facebook.com/EagleBrigade/posts/400985485916675

၁၉- ပြည်သူ့လွတ်လပ်ရေးတပ်တော်

https://www.facebook.com/story.php?story_fbid=419899783936035&id=100077480495211&paipv=0&eav=Afa7seNHfJDHH_4Ix372IaSsaufazewpFe1fjolFfbcN3wMB8EpG_BsNZ3lPCHo9RS0&_rdr

၂၀- Burma Liberation Democratic Front - BLDF

https://www.facebook.com/profile.php?id=100078696534906

၂၁-ပဲခူးခရိုင်၊အမှတ်၂တပ်ရင်း(P2-3702)

https://www.facebook.com/profile.php?id=61552261812842&mibextid=2JQ9oc

၂၂-တောကျီးကန်းစစ်ကြောင်း

https://www.facebook.com/SevenRavensColumn?mibextid=2JQ9oc

၂၃- Royal peacock column
(တော်ဝင်ဒေါင်း-P29913)
https://www.facebook.com/royalpeacockcolumn

၂၄-Spring warriors column(ရိုးမဗျူဟာ)

https://www.facebook.com/springwarriorscolumn

၂၅-အာဠာဝကစစ်ကြောင်း(တပ်ရင်း-၃)

https://www.facebook.com/pdfbat3thaton

၂၆-PDF တာဝန်ခံ(ကျိုက်ထို၊ဘီးလင်း၊သထုံ)
ရဲဘော် အေးမင်းထွန်း
09405000900 signal / 09899777780 telegram

၂၇-PDF တပ်ရင်း၂ ဆက်ဆံရေးရုံး
ဆရာစံ-09756499618 / +66944177332 signal
တပ်ရင်း၂ ရေးတာဝန်ခံ

၂၈-ပြည်သူ့ရဲတပ်ဖွဲ့(အမျိုးသားညီညွတ်ရေးအစိုးရ)

https://www.facebook.com/peoplepolice.mm

၃၉-Student Armed Force - ကျောင်းသားလက်ရုံးတပ်တော်

https://www.facebook.com/StudentArmedForce/posts/409894154880661

၃၀-Southern Eagle PDF

https://www.facebook.com/profile.php?id=100089711965220&mibextid=2JQ9oc

၃၁- People Defense Force - ShweGu

https://www.facebook.com/peopledefenseforceshwegu/posts/423971526868584

Khit Thit

ပြည်သူတိုင်း မဖြစ်မနေ စစ်မှုထမ်းခိုင်းမည့် ဥပဒေသည် ဆန့်ကျင်ဘက် ရလဒ်သာဖြစ်စေမည်ဖြစ်ပြီး တရားမဲ့စစ်အာဏာရှင်ကို ပြန်လည် တို...
12/02/2024

ပြည်သူတိုင်း မဖြစ်မနေ စစ်မှုထမ်းခိုင်းမည့် ဥပဒေသည် ဆန့်ကျင်ဘက် ရလဒ်သာဖြစ်စေမည်ဖြစ်ပြီး တရားမဲ့စစ်အာဏာရှင်ကို ပြန်လည် တိုက်ခိုက်ရန်သာရှိတော့သည်

By Igor Blazevic

သိသိသာသာ စစ်မြေပြင်နှင့် နယ်မြေ ဆုံးရှုံးမှုများအပြီးတွင် ၎င်းတို့ကိုယ်ကိုယ်စစ်ကောင်စီဟုခေါ် သောယူနီဖောင်းဝတ် အဓမ္မဂိုဏ်းသည် မဖြစ်မနေစစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေ ၂၀၁၀ ကို စတင်အသက်ဝင်ကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညပိုင်းတွင် ကြေညာခဲ့သည်။

အဆိုပါ ဥပဒေကို ယခင်စစ်အစိုးရခေတ် က ၂၀၁၀ ခုနှစ်တွင်ပြဋ္ဌာန်းခဲ့သော်လည်း အသက်ဝင်ခဲ့ခြင်းမရှိပေ။ အဆိုပါဥပဒေတွင်အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီးများအား ၂ နှစ်မှ ၅ နှစ်အထိ တာဝန်ထမ်းဆောင်ရန် စစ်တပ်ကဆင့်ခေါ်ခွင့်ပြုထားသည်။

ကျရှုံးနေပြီဖြစ်သည့် စစ်အာဏာရှင်တို့၏ဇွတ်တရွတ်လုပ်ဆောင်သော ယခုလုပ်ရပ်သည် ပြောင်းပြန် အကျိုးဆက်သာဖြစ်လာမည်ဖြစ်ပြီး ဘာမှဖြစ်နိုင်စရာမရှိဟု လောင်းကြေးထပ်ပါသည်။ စစ်အာဏာရှင်တို့သည် လက်ရှိတွင်အလွန်အားနည်းနေပြီး ပြိုကွဲပျက်စီးနေသောကြောင့် ပမာဏ အတိုင်းအတာတခုအတွက် စစ်သားသစ်စုဆောင်းခြင်းလုပ်ငန်းဆောင်ရွက်ရန် မြေပြင်တွင်စီမံခန့်ခွဲနိုင် စွမ်းမရှိပေ။

ယခုကြေငြာမှုသည် စစ်ရာဇ၀တ်ဂိုဏ်း၏ ခြိမ်းခြောက်မှုအောက်တွင် လူတိုင်းသည်ရှိနေပြီဖြစ်ကြောင်း ပြည်သူများ (အဓိက အားဖြင့် မြို့ပြနေပြည်သူများ) ထံအချက်ပြလိုက်ခြင်းသာဖြစ်သည်။ မထင်မရှားနေထိုင်ပြီး ကိုယ့်အလုပ်ကိုယ်လုပ်ကာ ကိုယ့်အရေးကိုသာကိုယ်အာရုံစိုက်နေထိုင်ရန် ကြိုးစားနေသူများပင် မည်သူမျှမလုံခြုံတော့ပါ။ ထိုသို့သော အခြေအနေမျိုးဖြင့်နေထိုင်နေသူများထံသို့ပင် ငွေကြေးများအားလုယူရန်၊ လူသားဒိုင်း အဖြစ်သုံးရန် လာရောက်ခေါ်ဆောင်ကြတော့မည်ဖြစ်သည်။

ဤဥပဒေသည် စစ်အာဏာရှင်တို့၏စွမ်းဆောင်အားကို တိုးမြှင့်ပေးနိုင်စရာမရှိပါ။ စစ်အာဏာရှင် တို့အားမုန်းတီးနေပြီးဖြစ်သော အတင်းအကြပ်စုဆောင်းခံရမည့်အရပ်သားပြည်သူများက စစ်အာဏာ ရှင်တို့အတွက် ချက်ခြင်းစတင်တိုက်ခိုက်ပေးစရာမရှိပါ။
စစ်အာဏာရှင်တို့သည် စိတ်ထင်ရာလုပ်ရန် ပြင်ဆင်လိုက်ခြင်းဖြစ်သည်။

၁။ ထင်သလိုဖမ်းဆီးထားသော နိုင်ငံသားများကို အဓမ္မခိုင်းစေအသုံးပြုရန်။ အချို့သောသတင်းများ အရ စစ်တပ်သည် ရန်ကုန်မြို့လယ်နှင့် မုံရွာမြို့နယ်တို့တွင် ယမန်နေ့ညကစတင်ကာ ပေါ်တာဆွဲနေပြီ ဖြစ်ကြောင်း သိရသည်။

၂။ စစ်အာဏာရှင်တို့သည် မိမိတို့၏အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ရန်အတွက် မြန်မာပြည်သူ များအား လူသားဒိုင်းအဖြစ်အသုံးပြုရန်။ စစ်အာဏာရှင်တို့သည် မြန်မာနိုင်ငံကျေးလက်ဒေသ အနှံ့အပြားရှိ လွတ်မြောက် ရေးတပ်များနှင့် တိုက်ပွဲများတွင် စစ်ရှုံးနေပြီဖြစ်သည်။ ယခုလုပ်ဆောင် သောရည်ရွယ်ချက်မှာ မြို့များ တွင်ပုန်းအောင်းပြီး အရပ်သားပြည်သူတရပ်လုံးကို လူသားဒိုင်းများ အဖြစ် အသုံးချရန်ဖြစ်သည်။

၃။ အခြားအတင်းအကျပ်စုဆောင်းထားသောပြည်သူများကို မြို့ကြီးများတွင်ရှိသည့် စခန်းများတွင် အစောင့်ချတာဝန်ပေးပြီး ယခုထိုနေရာများတွင် စောင့်ကြပ်နေသောလေ့ကျင့်ထားသော တပ်သားများ ကိုရှေ့တန်းပို့ရန် ဖြစ်သည်။

၄။ အခြားအရာများအပြင် စစ်မှုထမ်းဥပဒေအသက်ဝင်ခြင်းသည် ပြည်သူများထံမှ ငွေညှစ်ရာတွင် အသုံးပြုရန်ဖြစ်သည်။ အဂတိလိုက်စားမှုနှင့် မျက်နှာသာပေးမှုတို့အတွက် လွတ်ကွက်များရှိနေသည်။ ဆင်းရဲနွမ်းပါးသူများသည် အဓမ္မလုပ်အားပေးခိုင်းစေခြင်းနှင့် လူသားဒိုင်းအဖြစ်အသုံးချခံရပြီး နိုင်ငံအနှံ့အပြားရှိ လူလတ်တန်းစား မိသားစုများထံတွင်ကျန်ရှိနေသေးသော ငွေကြေးနှင့် ရွှေများကို ရယူကြရန်ဖြစ်သည်။

စစ်အာဏာရှင်တို့သည် ခြိမ်းခြောက်ခြင်း၊ ငွေညှစ်ခြင်း၊ အကြမ်းဖက်ခြင်း နှင့် အကြပ်ကိုင်ငွေယူမှု၊ လုယက်မှုများကိုသာ လုပ်ဆောင်သည့် ရာဇ၀တ်ဂိုဏ်းမှလွဲ၍ အခြားမဟုတ်ကြောင်း ထပ်မံပြသ လျက်ရှိသည်။

မြန်မာပြည်သူများသည် စစ်အာဏာရှင်တို့က ၎င်းတို့အမိန့်နာခံအောင် တောက်လျောက်ကြိုးပမ်း ခဲ့သည့် မအောင်မြင်သောယခင်နည်းလမ်းများအားလုံးကိုမနာခံခဲ့သလိုပင် ယခုဥပဒေကိုလည်း မနာခံ၊ ကြံ့ကြံ့ခံပြီး ခုခံသွားကြမည် ဖြစ်သည်။

မြန်မာပြည်သူပြည်သားများသည် ဤမာဖီးယားဂိုဏ်း၏ဖိနှိပ်မှုအောက်မှအပြီးတိုင်ရုန်းထွက် လွတ်မြောက်ရေးအတွက် တော်လှန် ရေးကြီးတွင် ပံ့ပိုးကူညီရန်၊ ပူးပေါင်းပါဝင်ရန်မှတပါး အခြားရွေးချယ်စရာမရှိပေ။ ပြည်သူများအားလုံးကို ထောင့်ကျဥ်းထဲကို တွန်းပို့ခံရပြီး တခြားရွေးချယ်စရာမရှိတော့သည်အချိန်တွင် တရားမဲ့အာဏာရှင်များကို ပြန်လည်တိုက်ခိုက်ရန်သာရှိတော့သည်။

Khit Thit

တရုတ်နှစ်သစ်ကူးနေ့မှာ မအလ က စစ်မှုမထမ်း မနေရ စာထုတ်တယ်။ အဲဒီစာအရ ‌အသက် ၁၈ နှစ်ကျော် လူငယ်တွေအားလုံးကို တွေ့တဲ့ နေရာမှာ က...
11/02/2024

တရုတ်နှစ်သစ်ကူးနေ့မှာ မအလ က စစ်မှုမထမ်း မနေရ စာထုတ်တယ်။ အဲဒီစာအရ ‌အသက် ၁၈ နှစ်ကျော် လူငယ်တွေအားလုံးကို တွေ့တဲ့ နေရာမှာ ကားပေါ်၊ဆွဲ၊တင် ဖ၊မ်းခေါ်သွားလို့ ရတယ်။ ဘီယာဆိုင် ကလပ် ကားမှတ်တိုင် ရထားပေါ် အဝေးပြေးဂိတ် သင်တန်းကျောင်း စက်ရုံ နေရာအစုံမှာပေါ့။ စ၊စ်တွေ မ၊ကျ၊အောင် ကြေညာလိုက်တဲ့ တရားဝင် ပေါ်၊တာ၊ဆွဲ၊ခွ၊င့် ဥပဒေ လေ။

လူငယ်တသိန်းလိုတယ်။ အဲဒီလူငယ်တသိန်းရဲ့ ထမင်းဘိုး ယူနီဖောင်းဘိုး ကုန်ကျစရိတ်အားလုံး အတွက် လူ ဆယ်သိန်းကို အ၊ဖ၊မ်း၊ပြ ပြီးတော့ လူ ကိုးသိန်းဆီက ငွေ၊ညှ၊စ် ပြန်လွှတ်ပြီး ရှာမယ် တဲ့။ တပ်ရင်းတရင်း ပုံစံပြည့် လူငယ်အယောက် ၅၀၀ နှုန်းနဲ့ လူတသိန်းကို အထမ်းသမား တ၊ပ်၊ရ၊င်း ၂၀၀ ဖွဲ့မယ် တဲ့။ တရင်းအတွက် သေ၊န၊တ် ကိုင် အယောက် ၅၀ က ထိန်းထားရင် ရပြီ တဲ့။ အထမ်းသမား တပ်ရင်းတွေပဲ လိုတာနော် တဲ့။ လူ၊သား၊ဒို၊င်း အထမ်းသမားတပ်ရင်းပေါ့ တဲ့။ ပစ္စည်းထမ်း၊ ရှေ့ကသွား၊ ဒို၊င်း၊ကာ၊ မို၊င်း၊ကွင်း၊ဖြ၊တ်၊ ဒါမျိုးတွေပဲ ခိုင်းဖို့ဆို ဆယ်ရက်လောက် နား၊ပ၊န်၊ကျင်း ဘယ်ညာမောင်း ပုံစံသွင်း လိုက်ရင် ယူ၊နီ၊ဖော၊င်း ပေးဝတ်ပြီး ရှေ့၊တ၊န်း လွှတ်လိုက်လို့ရပြီ တဲ့။ အကြာကြီး သင်တန်းပေးစရာ မလိုဘူး တဲ့။

အဲဒီလူငယ်တွေအထဲက နဲနဲ အပိုးကျိုးလာတဲ့သူတွေကို စခန်းကုန်း ရှေ့ ကာကင်း က၊တု၊တ်၊ကျ၊ဉ်း မြောင်းတလျှောက်မှာ ခြေထောက်ကို သံ၊ကျင်း၊ခတ်ပြီး သေ၊န၊တ်နဲ့ ကျ၊ည် ပေးထားလိုက်ရင် သုံးလို့ရပြီ တဲ့။ အဲလောက် အသုံးဝင်ရင် ရပြီ တဲ့။ ပထမ က၊မ္ဘာ၊စ၊စ် ရုပ်ရှင်တွေထဲမှာ တွေ့ဖူးလိမ့်မယ် တဲ့။ လူတသိန်းကို ထိန်းဖို့ ပုံစံကျပြီးသား သေ၊န၊တ်ကို၊င် လူဟောင်း တထောင်ရှိရင် လည်ပတ်လို့ရတယ်‌ တဲ့။ လူတသိန်း နဲ့ မလောက်ရင် နောက်ထပ် တသိန်း ထပ်ပြီး ပေါ်၊တာ၊ဆွဲ ရုံပေါ့ တဲ့။ မအလ စကစ အနေနဲ့ ဒါမျိုးတွေ လုပ်ဖို့က အထူးအထွေ ပြင်ဆင်စရာ ထပ်မလိုပါ တဲ့။

မအလ စကစ ရဲ့ စ၊စ်၊မှု၊ထမ်း စာထုတ်တဲ့အဓိက ရွှေ့ကွက်က ပြည်သူကို ပြည်သူနဲ့ ရန်တိုက်တယ် ဆိုတာ တွေ့ရတယ်။ စိုး၊ရိ၊မ်၊ထိ၊တ်၊လ၊န့် မှုနဲ့အတူ ငါနဲ့ ငါ့သားသမီး လွတ်ရင်ပြီးရော ဆိုတဲ့ ကိုယ်လွတ်ရုန်း စိတ်ဓါတ်မျိုး ပြည်သူတွေ အကြားကို ထိုးထည့်လိုက်တာပဲ။ ပြည်သူတွေရဲ့ ညီညွတ်မှုကို ဖြိုခွဲလိုက်တာပဲ။ အခု ကြေညာလိုက်တဲ့ ဥပဒေကို မန္တလေး ရန်ကုန်လို မြို့ကြီးတွေမှာ အရင် စ မလား မြို့ငယ်လေးတွေမှာ အရင် စ မလား စောင့်ကြည့်ရမယ်။ စကစ ရည်ရွယ်တာက စစ်တွေ မကျအောင် တောင့်ခံပြီး ရှမ်းမြောက်ကို မိုးမကျခင် အရ ပြန်ထိုးမယ့်ပုံ ရှိတယ်။

ဒီ ကြေညာချက် နဲ့ဆို စကစ ထိန်းချုပ်ထားတဲ့ ဘယ်နေရာမှာမှ လူငယ်တွေအတွက် စိတ်မချရတော့ဘူး။ လူငယ်တွေကို ထိုး၊နှ၊က်လိုက်တာဟာ တနိုင်ငံလုံးမှာ ရှိတဲ့ မီးစာကုန်ခါနီး စီးပွားရေး လည်ပတ်နေမှု လက်ကျန်လေးကို အဆုံးသတ်လိုက်တာပဲ။ လမ်းပေါ် ဈေးထဲ သင်တန်းကျောင်း စက်ရုံအလုပ်ရုံ အဲလိုနေရာတွေဟာ လူငယ်တွေကို ပေါ်၊တာ၊လို၊က်ဆွဲဖို့ စကစ ရဲ့ စားကျက်တွေ ဖြစ်လာတယ်။ မြောက်ကိုရီးယား နဲ့ အာဖဂန် ပေါင်းထားတဲ့ အခြေနေမျိုးဆီ မြန်မာတနိုင်ငံလုံးကို တွန်းပို့လိုက်တာပဲ။

Zaw Tun Oo

သွေးကြွေးမှာ ဆွေးနွေးစရာမရှိဘူး မအလတွေ မင်းတို့အလှည့်မှ ...
05/02/2024

သွေးကြွေးမှာ ဆွေးနွေးစရာမရှိဘူး

မအလတွေ မင်းတို့အလှည့်မှ ...

မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို  ပံ့ပိုးနေသည့်  အိန္ဒိယ၏ ရပ်တည်ချက် မပြောင်းလျှင် မြန်မာ လူထုနှင့် တိုင်းရင်းသားပြည်သ...
16/01/2024

မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို ပံ့ပိုးနေသည့် အိန္ဒိယ၏ ရပ်တည်ချက် မပြောင်းလျှင် မြန်မာ လူထုနှင့် တိုင်းရင်းသားပြည်သူတို့ ၏ အပြစ်ပေးမှု မလွဲမသေ ခံရမည်

By Glory

မြန်မာနိုင်ငံ နှင့် အိန္ဒိယနိုင်ငံတို့ကြား (၁၀၂၁) မိုင် နယ်နိမိတ် ထိစပ်လျက်ရှိပြီး နှစ်နိုင်ငံ အပြန် အလှန် ဆက်သွယ်မှုများ နီးနီးကပ်ကပ်ရှိနေသော်လည်း နွေဦးတော်လှန်ရေး ကာလတွင် မြန်မာ ပြည်သူများ အပေါ် ထားရှိသည့် အိန္ဒိယ အစိုးရ ရပ်တည်ချက်သည် ဒုက္ခရောက်၊ ထိခိုက် ခံစား နေရသည့် အရပ်သား လူထု ဘက်တွင် ရှိမနေခဲ့ပါ။

အိန္ဒိယ သည် ဒေသတွင်းရှိ ပုံစံမျိုးစုံသောအာဏာရှင်နိုင်ငံများကြားတွင် ဒီမိုကရေစီ မီးတိုင် ကို ထိန်ထိန်လင်း ထွန်းညှိထားသည့်နိုင်ငံဖြစ်ပြီး ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး လေးစားတန်ဖိုး ထားသည့် နိုင်ငံများ၊ အဖွဲ့အစည်းများက အားကျစိတ်ဖြင့် လေ့လာစောင့်ကြည့်ရသည့် နိုင်ငံ ဖြစ်သည်။

သို့သော်လည်း နွေဦးတော်လှန်ရေး ကာလ တွင် ပထဝီ နိုင်ငံရေး လိုအပ်ချက်များ၊ ဒေသတွင်း အားပြိုင်မှုများ၏ လိုအပ်ချက်များ အောက်တွင် အိန္ဒိယအစိုးရ သည် စစ်အာဏာရှင်များ၏ အကြမ်းဖက် နှိပ်စက်မှုများကို ရင်ဆိုင်နေရသည့် ဒီမိုကရေစီရေး၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးရေး တောင်းဆိုနေသည့် မြန်မာ ပြည်သူများ၊ အဖွဲ့အစည်းများ နှင့် ရပ်တည်ရမည့် အစား စစ်အုပ်စု နှင့် ရပ် တည်နေလျက်ရှိသည်။

ထို့အတွက်ကြောင့် အိန္ဒိယ နိုင်ငံ၊ အစိုးရ နှင့် အိန္ဒိယ ပြည်သူများ၏ အကျိုးစီးပွားကို ရေရှည် အထောက်အကူ ဖြစ်စေရန် လက်ရှိ ရပ်တည်ချက်များကို ပြန်လည် သုံးသပ်သင့်ပြီး မြန်မာ ပြည်သူ များ၏ ဒီမိုကရေစီရေး တောင်းဆိုမှု နှင့် အတူ ရပ်တည်ရန် အချိန်နောက်ကျနေပြီဖြစ်သည်။

နွေဦးတော်လှန်ရေး ကာလတွင်း အိန္ဒိယ နိုင်ငံတွင်း လက်နက်ဖြင့် ဝင်ရောက်ခဲ့သည့် အကြမ်းဖက် စစ်တပ် တပ်သားများကို အိန္ဒိယနိုင်ငံက လက်ခံထားရှိပြီး ပြန်လည် လွှဲပြောင်းပေးနေခြင်းများကို ဝမ်းနည်းစွာတွေ့နေရသည်။ အာဏာသိမ်း စစ်ကောင်စီ တပ်သားများသည် တော်လှန်ရေး တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအတွင်းရှိ တပ်စခန်းများကို ထွက်ပြေး စွန့်ခွာပြီး အိန္ဒိယ နိုင်ငံ၊ မီဇိုရမ် ပြည်နယ်အတွင်းသို့ ဝင်ရောက် ခိုလှုံခဲ့ကြသည်။

အိန္ဒိယဘက်က အာဏာသိမ်းစစ်တပ်ဘက်မှ စစ်သားများကို ကောင်းမွန်စွာ လက်ခံ ဆေးကုပေးပြီး လေယာဉ်ဖြင့် ပြန်လည်ပေးပို့မှုများကို မကြာခဏ ဆိုသလိုလုပ်ဆောင်နေပြီး စစ်ကောင်စီ တပ် သားများကို လက်ခံပြန်ပို့မှု အကြိမ်ပေါင်း မနည်းတော့ပေ။ အိန္ဒိယက ပြန်လည်စေလွှတ်နေသော စစ်ကောင်စီတပ်သား ရာဂဏန်းကျော်ရှိနေပြီဖြစ်သည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို အိန္ဒိယ အစိုးရ ၏ လုံခြုံရေးဆိုင်ရာ တာဝန်ယူသူများ ကိုယ်တိုင် သယ်ယူပို့ဆောင်ပေးလျက်ရှိသည်ကို တွေ့ရသည်။ အိန္ဒိယ နိုင်ငံတွင်းသို့ စစ်ကောင်စီ တပ်သားများ ဝင်ရောက် ရာတွင် အိန္ဒိယ စစ်တပ် နှင့် အာသံရိုင်ဖယ် တာဝန်ရှိသူများထံ စစ် ကောင်စီ က ဦးစွာ ခိုလှုံခွင့်တောင်းခံပြီးမှ အာသံရိုင်ဖယ် သဘောတူညီမှု ရှိ၍ သာ ယခုကဲ့သို့ ဝင်ရောက်နိုင်ခြင်းဖြစ်သည်။

နယ်စပ် ဖြတ်ကျော်၍ တစ်ဖက်နိုင်ငံတွင်း ဝင်ရောက်သည့် ဖြစ်စဥ်မျိုး နွေဦးတော်လှန်ရေး ကာလ တွင်း ဖြစ်ပွားခဲ့သော်လည်း အိန္ဒိယ နိုင်ငံ ဖြစ်စဥ်များကဲ့သို့ ရာနှင့်ချီ ဝင်ရောက်မှုမျိုး မတွေ့ရ သေးပေ။ ထိုင်း-ကရင် နယ်စပ် တွင် စစ်ကောင်စီ တပ်သား ဆယ်ဂဏန်းခန့် ဝင်ရောက်သည့် ဖြစ်စဥ်မျိုး ရှိခဲ့ဖူးသည်။ မြန်မာ နိုင်ငံ၏ အိမ်နီးချင်း များ အဖြစ် တရုတ်၊ ထိုင်း၊ လာအို၊ ဘင်္ဂလား ဒေ့ရှ် နှင့် အိန္ဒိယ နိုင်ငံတို့ရှိသည်။

တခြားသော အိမ်နီးချင်း နိုင်ငံများသို့ စစ်ကောင်စီ တပ်ဖွဲ့များ ဝင်ရောက်လေ့ရှိသော်လည်း လက်နက်မဲ့ဝင်ရောက်ခြင်းသာ အများစုဖြစ်ပြီး လက်နက်ပါလာလျင်လည်း အဆိုပါ နိုင်ငံများက ချက်ချင်း သိမ်းဆည်းလေ့ရှိသည်။ အိန္ဒိယ နိုင်ငံကမူ ယင်းသို့ ပြုလုပ်လေ့မရှိပေ။

စစ်ကောင်စီတပ်သားများကို လက်နက်များနှင့် အတူ အိန္ဒိယ နိုင်ငံသို့ ဝင်ရောက်သည်ကို လက်ခံထားခြင်း၊ တိုက်ခိုက်မှုများ ပြန်လည် လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ ဘက်သို့ လုံခြုံစွာ ‌စောင့်ရှောက် ပို့ဆောင်ခြင်း စသည်တို့ လုပ်ဆောင်နေသည်ကို တွေ့ရှိရသဖြင့် အကြမ်းဖက် စစ်တပ်၏ မြေပြင်စစ်ဆင်ရေးများတွင် အိန္ဒိယ နိုင်ငံ တိုက်ရိုက် ပါဝင် ပတ်သတ်နေသလား ဟု မြန်မာပြည်သူများ နှင့် နိုင်ငံရေး အင်အားစုများက မေးခွန်းထုတ်ရမည်ဖြစ်သည်။

စစ်ကောင်စီ တပ်သားများကို လူသားချင်းစာနာထောက်ထားမှု ပြသသည့် အနေဖြင့် ကူညီ ဆက်ဆံမှု ဟုဆိုပါက နှစ်နိုင်ငံ စစ်ရေး ဆက်ဆံရေးအရ ထောက်ပြစရာ မရှိပေ။ သို့သော် မြန်မာ နိုင်ငံမှ ခိုကိုးရာမဲ့ ဒုက္ခရောက် ထွက်ပြေးလာသည့် လက်နက်မဲ့ အရပ်သားများ အပေါ် အိန္ဒိယ နိုင်ငံ၏ ပြုမှု ဆက်ဆံမှုသည် လက်နက်ကိုင် စစ်ကောင်စီ တပ်သားများ ကို ဆက်ဆံမှု နှင့် မတူဘဲ ကွဲထွက်နေသည်။ ထို့အတွက် အိန္ဒိယ အစိုးရ၏ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ရပ်တည်ချက်တွင် စံနှုန်း (၂) ခု ရှိနေပြီလား ဟု တွေးတော စရာဖြစ်နေသည်။

အိန္ဒိယ-မြန်မာ နယ်စပ် ဒေသ၊ အိန္ဒိယ ဘက်ခြမ်း မီဇိုရမ် ပြည်နယ်ရှိ ရက္ခိုင်ရွာများ၊ ပလတ်ဝ နှင့် ရက္ခိုင် ဒေသမှ စစ်ဘေးရှောင်ရန် ထွက်ပြေးရောက်ရှိလာသည့် စစ်ရှောင်အရပ်သားများကို အာသံရိုင်ဖယ် တပ်ဖွဲ့ဝင်များက ဖိနိုပ် မှုများ လုပ်ဆောင်ခဲ့ကြသည်။

၂၀၂၂ ခုနစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ တွင် အဆိုပါ စစ်ရှောင်များ ကို အာသံရိုင်ဖယ် တပ်ဖွဲ့ဝင်များက ညှဥ်းပန်းနှိပ်စက်ခြင်း၊ ကိုယ်ထိလက်ရောက် အနိုင်ကျင့်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးခြင်းတို့ လုပ်ဆောင်ခဲ့သည်။ အဆိုပါ လုပ်ဆောင်ချက်များသည် အခြေခံ လူ့အခွင့်အရေးများကိုချိုးဖောက်မှုများ ပင်ဖြစ်သည်။

ထို့အတွက် မြန်မာ ပြည်သူများ အပေါ် ထားရှိသည့် အိန္ဒိယ နိုင်ငံ၏ သဘာထား နှင့် စေတနာကို မေးခွန်းထုတ်စရာ ဖြစ်နေသည်။ တဖက်တွင် အိန္ဒိယ အစိုးရ က စစ်ကောင်စီသို့ ပြန်လည် အပ်နှံလိုက်သည့် တပ်သားများသည် တိုက်ခိုက်ရေးဘက်တွင် ပြန်လည် တာဝန်ထမ်းဆောင်လျက်ရှိကာ စစ်ရာဇဝတ်မှုများကို ထပ်မံ ကျူးလွန်နေသည်ကိုတွေ့ရသည်။ ထို့အတွက်ကြောင့် အိန္ဒိယ အစိုးရ၏ လုပ်ဆောင်ချက်သည် စစ်ရာဇဝတ်မှုကျူးလွန်နေသည့် စစ်ကောင်စီကို အားပေးကူညီရာ ရောက်သလို မြန်မာ ပြည်သူများကို စစ်ကောင်စီ သတ်ဖြတ်နိုင်ရေး သွယ်ဝိုက် ပံ့ပိုးပေးနေသလို ဖြစ်နေသည်။

အိန္ဒိယ အစိုးရ၏ စစ်ကောင်စီ အပေါ် အားပေးထောက်ခံပေးနေသည့် နောက်ထပ် လုပ်ဆောင်ချက် တရပ်သည် တော်လှန်ရေး အဖွဲ့အစည်းများ၏ သတင်းများကို မျှဝေပေးပို့နေမှုဖြစ်သည်။ အိန္ဒိယ-မြန်မာ နယ်စပ် ရှိ တော်လှန်ရေး အဖွဲ့အစည်းများသည် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်လျက်ရှိပြီး အဆိုပါ အဖွဲ့များ၏ စစ်ဘက် ဆက်သွယ်ပြောဆိုမှုများ၊ ကြေးနန်း၊ ဂြိုလ်တုဖုန်းပြောကြားမှုများကို အိန္ဒိယ အစိုးရ က ကြားဖြတ်နားထောင်ကာ နေပြည်တော်သို့ သတင်းအချက်အလက်များ ပေးပို့လျက်ရှိသည်။

ယင်းသို့ ကြားဖြတ်နားထောင်မှုများအကြောင်းကို ၁၀၂၇ စစ်ဆင်ရေးတွင် ညီနောင် မဟာမိတ် အဖွဲ့က ဖမ်းဆီးရမိသည့် စစ်ကောင်စီ သုံ့ပန်းများ၊ CDM အရာရှိများက အတည်ပြုပြောကြား‌ပေးထားသည်။ အဆိုပါ တော်လှန်ရေး အဖွဲ့အစည်းများ သည် မြန်မာ ပြည်သူများ လိုလားချက်ဖြစ်သည့် ဒီမိုကရေစီရေး၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးရေး၊ စစ်အာဏာရှင်တိုက်ဖျက်ရေး လုပ်ဆောင်နေသည့် အဖွဲ့များဖြစ်သည်။

ထို့ပြင် အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများ ကျူးလွန်နေသည့် စစ်ကောင်စီကို အာဏာသိမ်းပြီးချိန်နောက်ပိုင်းတွင်လည်း အိန္ဒိယ အစိုးရ က လက်နက်များ ဆက်လက်ရောင်းချခြင်း၊ ထောက်ပံ့ခြင်းတို့ လုပ်ဆောင်လျက်ရှိသည်။
အိန္ဒိယ နိုင်ငံသည် ကမ္ဘာ့ အကြီးဆုံး ဒီမိုကရေစီ နိုင်ငံ ဟု သတ်မှတ်ခံထားရသော်လည်း အာဏာသိမ်း စစ်ကောင်စီ ဖက်ဆစ် စစ်တပ် ကို ကူညီပေးနေခြင်းမှာ အိန္ဒိယ အစိုးရ ၏ နိုင်ငံကြီး မပီသမှု နှင့် ဘက်လိုက်မှု ကို အထင်းသား ပြသလိုက်ခြင်းလည်းဖြစ်သည်။ ထို့အပြင် မြန်မာ ပြည်သူများ၏ သဘောထား ဆန္ဒ ကို မလေးစားကြောင်း ပြသလိုက်မှုဖြစ်သည်။

ဒီမိုကရေစီ ကို မထောက်ခံဘဲ မြန်မာစစ်အာဏာရှင်များကို ကူညီနေမှုသည် နိုင်ငံကြီးတနိုင်ငံ၏ ဘက်မလိုက်ရေး ဝါဒ နှင့် သွေဖည်နေပြီး ကျင့်ဝတ်နှင့်လည်း မညီပေ။ မြန်မာ နိုင်ငံတွင်းရှိသည့် အိန္ဒိယ နိုင်ငံ၏ ရေရှည် အကျိုးစီးပွားကို အာမခံပေးနိုင်သူသည် မြန်မာ ပြည်သူများသာဖြစ် သည်။ မြန်မာ ပြည်သူများကို ဆန့်ကျင့်ပြီး စစ်အာဏာရှင်များကို ကူညီနေမှုသည် အိန္ဒိယ၏ အကျိုးစီးပွား ကို ဆန့်ကျင် နေမှုလည်းဖြစ်သည်။

ကျင့်ဝတ်ပိုင်းအရရာ၊ အကျိုးစီးပွားအရပါ အိန္ဒိယ နိုင်ငံ နှင့် အစိုးရ ကို ရေရှည်အာမခံပေးမည့် မြန်မာ ပြည်သူများ၊ လက်နက်မဲ့ စစ်ရှောင် အရပ်သားများ ဝင်ရောက်လာပါက အဓ္ဓ နှင်ထုတ်ခြင်း၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ ပံ့ပိုးပေးမှု မရှိခြင်း တို့ လုပ်ဆောင်ခဲ့သော်လည်း လက်နက် နှင့် တကွ ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်သားများကို အကာအကွယ်ပေးခြင်း၊ ကောင်းမွန်စွာ ကူညီစောင့်ရှောက်ထားသည်တို့ကို ကြည့်ပါက မြန်မာ ပြည်သူများ အပေါ် ထားရှိသည့် အိန္ဒိယ အစိုးရ၏ သဘောထား နှင့် စေတနာကင်းမဲ့မှုကို ဖော်ပြလျက်ရှိသည်။

မြန်မာ ပြည်သူများသည် စစ်အာဏာရှင်စနစ်အောက်တွင် ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသူများဖြစ်ပြီး နွေဦး တော်လှန်ရေး ကာလတွင် စစ်အာဏာရှင်များကို အင် နှင့် အားနှင့် ခုခံတွန်းလျက်ရှိသူများဖြစ်ကာ နိုင်ငံတကာ၏ အကူအညီ အထူးသဖြင့် အိန္ဒိယ ကဲ့သို့သော အိမ်နီးချင်း နိုင်ငံများ၏ အကူအညီ အရေးတကြီးလိုအပ်လျက်ရှိသည်။ ထို့အတွက်ကြောင့် မြန်မာ ပြည်သူတရပ်လုံး၏ ဆန္ဒ ကို အိန္ဒိယ နိုင်ငံ အနေဖြင့် အလေးထားကာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ကိစ္စရပ်များတွင် ယခုထိ ပိုမို လုပ်ဆောင် ပေးသင့်သည်။

မြန်မာနိုင်ငံဘက်ကဆိုလျင်လည်း နွေဦး တော်လှန်ရေးမှ ပေါက်ဖွားလာသည့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နှင့် တော်လှန်ရေး အဖွဲ့များ အနေဖြင့် မြန်မာ ပြည်သူများ အပေါ် ထားရှိသည့် အိန္ဒိယ နိုင်ငံ၏ ရပ်တည်ချက်၊ သဘာထား၊ စစ်အာဏာရှင် အ‌ပေါ်ထားရှိသည့် ပြုမှုလုပ်ဆောင်ချက်များကို အနီးကပ် စောင့်ကြည့်လေ့လာသင့်သည်။

အိန္ဒိယသည် လက်ရှိ သဘောထား ရပ်တည်ချက်အတိုင်း စစ်အာဏာရှင်ကို ပံ့ပိုးကူညီနေမှု ဆက်လက် လုပ်ဆောင် မပြောင်းလဲလျှင် ဒီမိုကရေစီ မြတ်နိုး ချစ်ခင်၍ တိုက်ပွဲဝင်နေသော မြန်မာပြည်သူလူထုနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ဆန့်ကျင်မှုနှင့် အပြစ်ပေးဒဏ်ခတ်မှုကို မလွဲမသေ အနှေးနှင့်အမြန် ခံရမည်မှာ အသေအချာပင်ဖြစ်သည်။

(စာရေးသူ Glory သည် ပြင်ပ ပုဂ္ဂလိက လွတ်လပ်သော ဆောင်းပါးရှင်တစ်ဦးဖြစ်သည်။)

Khit Thit

Address


Website

Alerts

Be the first to know and let us send you an email when Bright Hope for Myanmar: "Revolutionist အရေးတော်ပုံ အောင်ရမည်" posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share