Right Underground News - RUGN

  • Home
  • Right Underground News - RUGN

Right Underground News - RUGN Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Right Underground News - RUGN, Media/News Company, .
(1)

များလားနဲလားတော့မသိဘူးသံသံရေ မနေ့ကညကတော့မနဲတောင်တိုးယူရတယ်🤭
05/11/2022

များလားနဲလားတော့မသိဘူးသံသံရေ မနေ့ကညကတော့မနဲတောင်တိုးယူရတယ်🤭

ပြည်မြို့ ဥယာဉ်မှူး ဘုရားအား အကြမ်းဖက် PDFမှ ဗုံးခွဲ-----26.12.2021-- ပြည်မြို့ ရွာဘဲရက်ကွက် အတွင်းရှိ ဥယာဉ်မှူး ဘုရားအာ...
26/12/2021

ပြည်မြို့ ဥယာဉ်မှူး ဘုရားအား အကြမ်းဖက် PDFမှ ဗုံးခွဲ
-----
26.12.2021
--
ပြည်မြို့ ရွာဘဲရက်ကွက် အတွင်းရှိ ဥယာဉ်မှူး ဘုရားအား အကြမ်းဖက် PDF ပြည်သူအား ဆိုးကျိုးများပေးနေသော အယုတ်တမာ အဖွဲ့မှ သာသနာပျက်စီးစေရေး၊ပြည်သူများအား ထိတ်လန့်အန္တရယ် ဖြစ်ပေါ်စေရေး၊ ပြည်သူများ၏ အိုးအိမ်စည်းစိမ်များ ပျက်စီးစေရေးအတွက် ယနေ့ ညနေပိုင်းခန့်က ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။ထိုဗုံးပေါက်ကွဲမှုကြောင့် ပြည်သူများ၏ကားများနှင့် ဆိုင်ကယ်များ ပျက်စီးပြီး ပြည်သူများအတွက်ဒုက္ခ ဆိုးကျိုးများစွာ‌ကိုအကြမ်းဖက်PDFကလုပ်ဆောင်ခဲ့ပါတယ်။အကြမ်းဖက်PDFများအား ထောက်ခံနေသူများအနေနှင့် လည်း အမှားမြင်အမှန်သိကာ ပြည်သူ့အိုးအိမ်မပျက်စီးစေရေး စစ်မှန်သော ဘက်ကိုသာ ထောက်ခံပေးကြရန် နှိုးဆော်လိုက်ပါတယ်။
အကြမ်းဖက်PDF အမျိုးယုတ် များ အမြန်ပျက်ဆုံးပါစေကြောင်းဆုမွန်ကောင်းပို့သလျှက်

လွတ်လပ်သော မီဒီယာ အဖြစ် ရပ်တည်နိုင်ရေး
RUGN Pageအား Like and Followလုပ်ခြင်း ဖြင့်သော်လည်းကောင်းPostအား Shareပေးခြင်းဖြင့်‌ေသာ်လည်းကောင်း ကူညီနိုင်ပါတယ် ။
RUGN သည် Donateတောင်းခံခြင်းလုံး၀လုံး၀မရှိပါ။

ကျွန်တော်တို့အဖွဲ့လုံခြုံပါတယ်!!!!     NUG,CRPH,PDF အကြမ်းဖက်အဖွဲ့အစည်းတို့ ရဲ့အဖွဲ့၀င်ကြမ်းဖက် သောင်းကြမ်း သူများမှ ကျွ...
16/12/2021

ကျွန်တော်တို့အဖွဲ့လုံခြုံပါတယ်!!!!
NUG,CRPH,PDF အကြမ်းဖက်အဖွဲ့အစည်းတို့ ရဲ့အဖွဲ့၀င်ကြမ်းဖက် သောင်းကြမ်း သူများမှ ကျွန်တော်တို့ရဲ့အဖွဲ့အစည်းငယ်‌ဖြစ်သည့် RUGN Pageနှင့်သက်ဆိုင်သူ များအား လိုက်လံရှာဖွေနေတယ်လို့သိရှိရပါတယ်။
""ကျွန်တော်တို့အနေနှင့်လူကြီးမင်းတို့ထင်သော နေရာတွင်မရှိပါ""
စိတ်ပူပေးကြတဲ့ တိုင်းပြည်ချစ် ရင်ဘက်တူ RUGN ရဲ့မိသားစုများကိုလဲအထူးကျေးဇူးတင်လျှက် သတင်းထူးများရှိပါကဆက်လက်ဖော်ပြပေးသွားမည်ဟု ‌သတင်းကောင်းပို့သလျှက်.......

15/12/2021

ပြည်မြို့ အောင်ဆန်းရက်ကွက် တစ်နေရာမှဗုံးသံ တစ်ချက်ကြားရ
(ကနေဦးသတင်းပါ)

အကြမ်းဖက်အဖွဲ့၀င် ပြည်မြို့မြေပြင်သတင်း(ခေါ်) သတင်းအမှားဖော်ပြရေး အဖွဲ့၏ အဖွဲ့၀င်တစ်၀က်ကျော်ခန့်ဖမ်းစီးခံရ______________...
15/12/2021

အကြမ်းဖက်အဖွဲ့၀င် ပြည်မြို့မြေပြင်သတင်း(ခေါ်) သတင်းအမှားဖော်ပြရေး အဖွဲ့၏ အဖွဲ့၀င်တစ်၀က်ကျော်ခန့်ဖမ်းစီးခံရ
_________________
15.12.2021
-------------
ပြည်မြို့၏ အေးချမ်းသာယာ၀ပြောမှု အရှိန်အဝါအားမှေးမှိန်အောင်ပြုလုပ်လျှက် ရှိသော အကြမ်းဖက်၊ပြည်သူအား သတင်းအမှားများ ဖြန့်ဝေ၍ ပြည်သူများအားစိုးရိမ်ပူပန်စရာများဖြစ်ပေါ်ရန် ဖျက်ဆီး၊ဗုံးခွဲခြင်းများပြုလုပ်လျှက်ရှိသော အကြမ်းဖက် PDF ၊ NUG ၊ CRPH တို့နှင့်ဂိုဏ်းတူ အကြမ်းလုပ်ဆောင်ချက်များအား လုပ်လုပ်ဆောင်လျှက်ရှိသော ပြည်မြို့မြေပြင် သတင်း(ခေါ်) သတင်းအမှားဖော်ပြရေး၏အဖွဲ့၀င်တစ်၀က်ကျော်လွန်‌ခဲ့သောရက်အနဲငယ်အတွင်းကဖမ်းစီးခံရတယ်လို့ မြို့ခံတစ်ဦးရဲ့သတင်းပေးပို့ချက်အရသိရှိရပါတယ်။ထိုလူများ အဖမ်းစီးခံခဲ့ရပြီး နောက်ရက်များတွင် ပြည်မြို့တွင် အေးချမ်းသားယာ၍ စည်ကားလျှက်ရှိကြောင်းကိုလဲထပ်မံပြောကြားသွားပါသေးတယ်။

လွတ်လပ်သော မီဒီယာ အဖြစ် ရပ်တည်နိုင်ရေး
RUGN Pageအား Like and Followလုပ်ခြင်း ဖြင့်သော်လည်းကောင်းPostအား Shareပေးခြင်းဖြင့်‌ေသာ်လည်းကောင်း ကူညီနိုင်ပါတယ် ။
RUGN သည် Donateတောင်းခံခြင်းလုံး၀လုံး၀မရှိပါ။

အေးချမ်းသာယာလှပသော ပြည်မြို့ အား မိုင်းဖုန်းဆရာတော်ဘုရားကြီး၏သားတပည့် တစ်ပါးရောက်ရှိ------------------- 15.12.2021 -----...
15/12/2021

အေးချမ်းသာယာလှပသော ပြည်မြို့ အား မိုင်းဖုန်းဆရာတော်ဘုရားကြီး၏သားတပည့် တစ်ပါးရောက်ရှိ
-------------------

15.12.2021
------------
မိုင်းဖုန်းဆရာတော်ဘုရားကြီး၏သားတစ်ပည့်တစ်ပါး သည် ယနေ့ 15-12.2021 ရက်နေ့ ဗုဒ္ဓဟူး‌နေ့ တွင် သာယာအေးချမ်းလှသော ပြည်မြို့ကြီးသို့ရောက်ရှိလျှက်ရှိပြီး ပြည်မြို့အတွင်းရှိသမိုင်း၀င်ဘုရားများအား လိုက်လံဖူးမျှော်၍ ပြည်မြို့နှင့်တကွ တစ်နိုင်ငံလုံးရှိအမြို့မြို့အနယ်နယ်တိုင်းအေးချမ်းသာယာ ရေးအတွက် နိမိတ်ကောင်းဖြစ်လျှက်ရှ်ိကြောင်း ပြည်မြို့ခံတစ်ဦး၏သတင်းပေးပို့ချက်အရသိရှိရပါသည်။
သူပုန်၊သွေးကြွ၊ အကြမ်းဖက်များ၏ စိတ်ဓာတ်များလည်း အမြင်မှန်ရကြပါစေလို့ ဆုတောင်းမေတ္တာပို့သလျှက်

လွတ်လပ်သော မီဒီယာ အဖြစ် ရပ်တည်နိုင်ရေး
RUGN Pageအား Like and Followလုပ်ခြင်း ဖြင့်သော်လည်းကောင်းPostအား Shareပေးခြင်းဖြင့်‌ေသာ်လည်းကောင်း ကူညီနိုင်ပါတယ် ။
RUGN သည် Donateတောင်းခံခြင်းလုံး၀လုံး၀မရှိပါ။

 #ဒေါ်ခင်ကြည်နေရာတွင်ပါဝင်သရုပ်ဆောင်ထားတဲ့ဇာခြည်လင်းကွယ်လွန်ဗိုလ်ချုပ်ရုပ်ရှင်တွင် ဒေါ်ခင်ကြည်အဖြစ် သရုပ်ဆောင်ခဲ့သော ဇာခ...
10/12/2021

#ဒေါ်ခင်ကြည်နေရာတွင်ပါဝင်သရုပ်ဆောင်ထားတဲ့ဇာခြည်လင်းကွယ်လွန်

ဗိုလ်ချုပ်ရုပ်ရှင်တွင် ဒေါ်ခင်ကြည်အဖြစ် သရုပ်ဆောင်ခဲ့သော ဇာခြည်လင်းသည်ဒီဇင်ဘာ(၁၀)ရက်နေ့တွင် သွေးကင်ဆာဖြင့် ပုသိမ်ဆေးရုံကြီးတွင်ကွယ်လွန်သွားကြောင်းသိရှိရသည်။

ပြည်မြို့တွင် ညနေ (၄)နာရီ လက်ခုတ်တီးကြရန်နှင့် ည(၈)နာရီ သံဗုံးတီးကြရန် အကြမ်းဖက်များမှကြွေးကြော်ထားသော်လည်း တိတ်ဆိတ်လျှက...
10/12/2021

ပြည်မြို့တွင် ညနေ (၄)နာရီ လက်ခုတ်တီးကြရန်နှင့် ည(၈)နာရီ သံဗုံးတီးကြရန် အကြမ်းဖက်များမှကြွေးကြော်ထားသော်လည်း တိတ်ဆိတ်လျှက်ရှိ
---------
၁၀-၁၂-၂၀၂၁
-------
ပြည်မြို့တွင် အကြမ်းဖက် PDFနှင့် NUG ,CRPH အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ခံသူများမှ အိမ်တွင်းပုံး အသံတိတ် ဆန္ဒပြလှုပ်ရှားမှုအား မနက်၁၀နာရီမှ ညနေ၄နာရီအထိ ရှေ့တစ်မျိုးကွယ်ရာတစ်မျိုး ကြောက်လှန့် ဟန်ဆောင်ဆန္ဒပြခဲ့ကြ၍ ညနေ (၄)နာရီဆန္ဒပြအပြီးတွင်လက်ခုပ် တီးကြရန်ကြွေးကြော်ထားသော်လည်း တုတ်တုတ်မျှမလှုပ် သတ္တိမဲ့ ကြောက်လန့်တိတ်ဆိတ်ခဲ့ကြပြီး ည(၈)နာရီသံဗုံးတီးကြရန်ထပ်မံကြွေးကြော်ကာ ထပ်မံအတိုင်း တိတ်ဆိတ် ကြောက်ရွံ့လျှက် ပြည်မြို့ကြီး၏ သာယာအေးချမ်းမှုအား ပြည်သူနှင့် တပ်မတော် တစ်သားထဲရှိကြောင်း အပြောပင်မဟုတ် အလုပ်ဖြင့်သက်သေပြသွားကြောင်း ပြည်မြို့ မှ မြို့ခံတစ်ဦး၏ပြောကြားချက်အား ပီတိများစွာဖြင့် ကြားသိရပါသည်။

လွတ်လပ်သော မီဒီယာ အဖြစ် ရပ်တည်နိုင်ရေး
RUGN Pageအား Like and Followလုပ်ခြင်း ဖြင့်သော်လည်းကောင်းPostအား Shareပေးခြင်းဖြင့်‌ေသာ်လည်းကောင်း ကူညီနိုင်ပါတယ် ။
RUGN သည် Donateတောင်းခံခြင်းလုံး၀လုံး၀မရှိပါ။

ပြည်မြို့တွင် အညတြလူမှုဘ၀အေးချမ်းလုံခြုံရေးကွန်ရက် မှ အကြမ်းဖက်PDFများအမြင်မှန်ရစေရေးကြိုးပမ်းဆောင်ရွက်---------10-12-20...
10/12/2021

ပြည်မြို့တွင် အညတြလူမှုဘ၀အေးချမ်းလုံခြုံရေးကွန်ရက် မှ အကြမ်းဖက်PDFများအမြင်မှန်ရစေရေးကြိုးပမ်းဆောင်ရွက်
---------
10-12-2021
----
ပြည်မြို့တွင် အညတြလူမှုဘ၀အေးချမ်းလုံခြုံရေးကွန်ရက်(ပြည်)မှ အကြမ်းဖက်PDFများအသိတရားများရရှိ၍ ပြန်လည်အလင်း၀င်လာရေး၊ NUG,PDF အကြမ်းဖက်အဖွဲ့အစည်းများအတွက်အလှူခံပေးလျှက်ရှိသော ပြည်သူထဲမှ အသိအမြင်မှန်ပျောက်ဆုံးသူများ အမြင်မှန်ပြန်ရစေရေး၊ NUG,PDF အကြမ်းဖက်အဖြွ့များအတွက်စားနပ်ရိက္ခာထောက်ပံ့ပေးနေသူများအနေနှင့် အမြင်မှန်များရရှိရေး တို့အတွက် ""ပြည်သူမှပြည်သူသို့ မေတ္တာရပ်ခံသော ပြည်သူ့အသံ"" ဟူသောဆောင်ပုဒ်ဖြင့် ဈေးများ၊ရက်ကွက်များအနှံ့ လိုက်လံ ၍ စာရွက်များဝေ၍ အသိပညာတိုးပွားစေရေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
_________
လွတ်လပ်သော မီဒီယာ အဖြစ် ရပ်တည်နိုင်ရေး
RUGN Pageအား Like and Followလုပ်ခြင်း ဖြင့်သော်လည်းကောင်းPostအား Shareပေးခြင်းဖြင့်‌ေသာ်လည်းကောင်း ကူညီနိုင်ပါတယ် ။
RUGN သည် Donateတောင်းခံခြင်းလုံး၀လုံး၀မရှိပါ။

ပြည်သူနှင့်ဆန္ဒပြ သူဦးရေနှိုင်းယှဉ်မှုပြဇယားလူအယောက် 100တွင် 1ယောက်မျှခန့်သာ ဆန္ဒပြလွတ်လပ်သော မီဒီယာ အဖြစ် ရပ်တည်နိုင်ရေ...
10/12/2021

ပြည်သူနှင့်ဆန္ဒပြ သူဦးရေနှိုင်းယှဉ်မှုပြဇယား

လူအယောက် 100တွင် 1ယောက်မျှခန့်သာ ဆန္ဒပြ

လွတ်လပ်သော မီဒီယာ အဖြစ် ရပ်တည်နိုင်ရေး
RUGN Pageအား Like and Followလုပ်ခြင်း ဖြင့်သော်လည်းကောင်းPostအား Shareပေးခြင်းဖြင့်‌ေသာ်လည်းကောင်း ကူညီနိုင်ပါတယ် ။
RUGN သည် Donateတောင်းခံခြင်းလုံး၀လုံး၀မရှိပါ။

ယနေ့ PDFအကြမ်းဖက်၏ အသံတိတ် သပိတ်ကိုဆန့်ကျင်၍ ရန်ကုန် ( လှည်းတန်း) တွင်ပြည်သူများလမ်းပေါ်ထွက် Crd:Photoလွတ်လပ်သော မီဒီယာ ...
10/12/2021

ယနေ့ PDFအကြမ်းဖက်၏ အသံတိတ် သပိတ်ကိုဆန့်ကျင်၍ ရန်ကုန် ( လှည်းတန်း) တွင်ပြည်သူများလမ်းပေါ်ထွက်
Crd:Photo

လွတ်လပ်သော မီဒီယာ အဖြစ် ရပ်တည်နိုင်ရေး
RUGN Pageအား Like and Followလုပ်ခြင်း ဖြင့်သော်လည်းကောင်းPostအား Shareပေးခြင်းဖြင့်‌ေသာ်လည်းကောင်း ကူညီနိုင်ပါတယ် ။
RUGN သည် Donateတောင်းခံခြင်းလုံး၀လုံး၀မရှိပါ။

ပြည်မြို့ နေ့လည် 12 နာရီခွဲအချိန်ခန့် ပြည်မြို့တစ်ခုလုံး ပြန်လည်စည်ကား လျှက်ရှိ ၀မ်းမြောက်၀မ်းသာဖြစ်လျှက်လွတ်လပ်သော မီဒီ...
10/12/2021

ပြည်မြို့ နေ့လည် 12 နာရီခွဲအချိန်ခန့် ပြည်မြို့တစ်ခုလုံး ပြန်လည်စည်ကား လျှက်ရှိ
၀မ်းမြောက်၀မ်းသာဖြစ်လျှက်

လွတ်လပ်သော မီဒီယာ အဖြစ် ရပ်တည်နိုင်ရေး
RUGN Pageအား Like and Followလုပ်ခြင်း ဖြင့်သော်လည်းကောင်းPostအား Shareပေးခြင်းဖြင့်‌ေသာ်လည်းကောင်း ကူညီနိုင်ပါတယ် ။
RUGN သည် Donateတောင်းခံခြင်းလုံး၀လုံး၀မရှိပါ။

လွတ်လပ်သော မီဒီယာ အဖြစ် ရပ်တည်နိုင်ရေး RUGN Pageအား Like and Followလုပ်ခြင်း ဖြင့်သော်လည်းကောင်းPostအား Shareပေးခြင်းဖြင...
10/12/2021

လွတ်လပ်သော မီဒီယာ အဖြစ် ရပ်တည်နိုင်ရေး
RUGN Pageအား Like and Followလုပ်ခြင်း ဖြင့်သော်လည်းကောင်းPostအား Shareပေးခြင်းဖြင့်‌ေသာ်လည်းကောင်း ကူညီနိုင်ပါတယ် ။
RUGN သည် Donateတောင်းခံခြင်းလုံး၀လုံး၀မရှိပါ။

10/12/2021

ပြည်မြို့ပေါ်တွင် လုံခြံရေးတပ်ဖွဲ့များ ကင်းလှည့်ပြီးစဉ်အတွင်း ပိတ်ထားသောဈေးဆိုင်များ အနှေးနှင့်အမြန်ပြန်ဖွင့်
____________________
10-12-2021 ရက်နေ့တွင် တစ်နိုင်ငံလုံး အသံတိတ်သပိတ် ဟုဆို၍ အကြမ်းဖက်PDFမှ ဈေး‌ဆိုင်များပိတ်ခြင်း | ပြည်သူများအား အိမ်ထဲမှအိမ်ပြင်မထွက်ရန်ခြိမ်းခြောက်ခြင်း စသည့်ရိုင်းစိုင်းသောအပြုအမူများပြုလုပ်ခြိမ်းခြောက်ခဲ့သည်။ယနေ့တွင် ဈေးဆိုင်များ ၁၀ပုံတစ်ပုံခန့်ပိတ်ခဲ့သော်လည်း ပြည်မြို့၌ လုံခြံုရေးတပ်ဖွဲ့၀င်များကင်းလှည့်အပြီးတွင် ပိတ်ထားသောဆိုင်များအားလုံး တာ၀န်သိပြည်သူစိတ်ဓာတ်ဖြင့်ပြန်လည်ဖွင့်လှစ်ခဲ့ကြသည်။ PDFအကြမ်းဖက်အဖွဲ့များအနေနှင့်ထိုမြင်ကွင်းအားဘအသဲတစ်ယားယား စိတ်ထဲမအီမသာဖြစ်ကြမည်ကို တွေးမိပေသည်။

လွတ်လပ်သော မီဒီယာ အဖြစ် ရပ်တည်နိုင်ရေး
RUGN Pageအား Like and Followလုပ်ခြင်း ဖြင့်သော်လည်းကောင်းPostအား Shareပေးခြင်းဖြင့်‌ေသာ်လည်းကောင်း ကူညီနိုင်ပါတယ် ။
RUGN သည် Donateတောင်းခံခြင်းလုံး၀လုံး၀မရှိပါ။

ဒီနေ့မှ ပိုပြီး စည်ကားနေတယ်☃️ ဒီဇင်ဘာဆယ်ရက်နေ့ ☃️ပိန်းပိန်းနဲ့ ပိတ်ပိတ်တွေတိတ်တိတ်နေ သပိတ်...။မြို့ရွာတွေ လူစည်ဖြိုးလို့...
10/12/2021

ဒီနေ့မှ ပိုပြီး စည်ကားနေတယ်

☃️ ဒီဇင်ဘာဆယ်ရက်နေ့ ☃️

ပိန်းပိန်းနဲ့ ပိတ်ပိတ်တွေ
တိတ်တိတ်နေ သပိတ်...။

မြို့ရွာတွေ လူစည်ဖြိုးလို့
တိုးတိုးကြိတ်ကြိတ်...။

နန်းနတ်နေနွယ်နိုင်

အကြမ်းဖက်PDFမှအပြင်မထွက်ရန်ခြိမ်းခြောက်ထားသော်လည်း ပြည်မြို့တွင် စည်ကားလျှက်ရှိ----------------------------- ယနေ့ (၁၀.၁၂...
10/12/2021

အကြမ်းဖက်PDFမှအပြင်မထွက်ရန်ခြိမ်းခြောက်ထားသော်လည်း ပြည်မြို့တွင် စည်ကားလျှက်ရှိ
-----------------------------
ယနေ့ (၁၀.၁၂.၂၀၂၁) ရက်နေ့ အား ပြည်သူများအနေနှင့် ဈေးရောင်းချခြင်းမပြုဘဲ အိမ်အတွင်းနေထိုင်ရန် အကြမ်းဖက်အဖွဲ့အစည်း PDFမှ ခြိမ်းခြောက်ထားသည်ရှိသော်လည်း ပြည်သူများ၏ စိတ်သဘောဆန္ဒ များအလျှောက် တိုင်းပြည်ချစ်စိတ်များ နိုးကြားထကြွ၍ ပြည်မြို့ မြို့ပေါ်တစ်ဝှမ်းနှင့်ပြည်မြို အန‌ီးတစ်ဝိုက်ကျေးရွာများအထိ စည်ကားသိုက်မြိုက်စွာ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်လျှက်ရှိကြောင်း ၀မ်းသာပီတိဖြစ်စွာသော အကြောင်းဖြင့် ပြည်သူတစ်ဦး၏သတင်းပေးပို့ချက်အရသိရှိရပါသည်။
____________

လွတ်လပ်သော မီဒီယာ အဖြစ် ရပ်တည်နိုင်ရေး
RUGN Pageအား Like and Followလုပ်ခြင်း ဖြင့်သော်လည်းကောင်းPostအား Shareပေးခြင်းဖြင့်‌ေသာ်လည်းကောင်း ကူညီနိုင်ပါတယ် ။
RUGN သည် Donateတောင်းခံခြင်းလုံး၀လုံး၀မရှိပါ။

28/11/2021

၂၈. ၁၁ . ၂၀၂၁ (တနဂ်နွေနေ့)................................................
မိမိပြုတဲ့ကံကြောင့် မိမိခံရတာ ဝမ်းနည်းပက်လက် ငိုသံကြီးနဲ့ အသနားမခံပါနဲ့...

ာဇာ
https://www.facebook.com/109935161439426/posts/130724792693796/

တပ်မတော်ကို လက်နက် များ တောက်လျှောက် ထောက်ပံ့နေ သောpdfမြဝတီမြို့တွင် လက်နက်များဖမ်းဆီးရမိ၂၇ နိုဝင်ဘာ ၂၀၂၁နို ၂၆ ရက် ၁၀အခ...
27/11/2021

တပ်မတော်ကို လက်နက် များ တောက်လျှောက် ထောက်ပံ့နေ သောpdf

မြဝတီမြို့တွင် လက်နက်များဖမ်းဆီးရမိ

၂၇ နိုဝင်ဘာ ၂၀၂၁

နို ၂၆ ရက် ၁၀အချိန်တွင် သတင်းအရ လခရပူးပေါင်းအဖွဲ့မှ မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက် သီရိမြဝတီဟိုတယ်၌ တည်းခိုနေသူ ၂ ဦးထံမှ စစ်ကိုင်းတိုင်းဒေသကြီး NLD အကြမ်းဖက်အဖွဲ့ သို့ ပို့ဆောင်ရန် သယ်ဆောင်လာသာ အောက်ဖော်ပြပါ လက်နက်များ နှင့် ဆက်စပ်ပစ္စည်းများဖမ်းဆီးရမိခဲ့ -

(က) အမ်-၂၂(တရုတ်) ၆ လက်။
( ခ ) အေကေ-၄၇(သစ်သားဒင်)(ဒင် ၁ ခုမပါ)(တရုတ်) ၅ လက်။
( ဂ ) အေကေ-၄၇(ခေါက်ဒင်)(တရုတ်) ၁ လက်။
(ဃ) G***k အမျိုးအစား(သြစတေးလျ)ပစ္စတို ၇ လက်။
( င ) အမ်-၁၆(ပြောင်းတို)(အမေရိကန်) ၁ လက်။
( စ ) ၉ လုံးကျည်ဖြင့်ပစ်ခတ်ရသောပြောင်းတိုပစ္စတို ၁ လက်။
(ဆ) အမ်-၂၂ ကျည်အိမ် ၆ ခု။
( ဇ ) အေကေ-၄၇ ကျည်အိမ် ၆ ခု။
( ဈ ) G***k ပစ္စတိုကျည်အိမ် ၁၄ ခု။
(ည) ပွိုင့်-၂၂ မမ ကျည် ၃၀၀ တောင့်။
( ဋ ) ပွိုင့်-၃၈ မမ ကျည် ၁၀၀ တောင့်။
( ဌ ) ၇ဒ၆၅ မမ ကျည် ၅၀ တောင့်။
( ဍ ) ၉ မမ ကျည် ၁၅၀ တောင့်။
( ဎ ) ၇ဒ၆၂ × ၃၉ မမ ကျည် ၅၀ တောင့်။
(ဏ) ၉ လုံးကျည် ၅ တောင့်။

ဖြစ်ကြောင်းသိရသည်။

credit

ပံ့သကူအမှတ်ဖြင့် အထုပ်ကောက်ရာမှ ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသူ၏ ဈာပနမြင်ကွင်း------ ------ ------ ----- -----ရန်ကုန်တို...
21/11/2021

ပံ့သကူအမှတ်ဖြင့် အထုပ်ကောက်ရာမှ ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသူ၏ ဈာပနမြင်ကွင်း
------ ------ ------ ----- -----
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် ပံ့သကူအမှတ်ဖြင့် အထုပ်ကောက်ယူခဲ့ရာတွင် အဆိုပါအထုပ်ပေါက်ကွဲမှုဖြစ်၍ သေဆုံးခဲ့ရသည့် အသက် ၅၁နှစ်အရွယ် အနှေးယာဥ် (ဆိုက်ကား) လုပ်သား ဦးလှထွေး၏ စျာပနကို ယနေ့(နို၀င်ဘာ ၂၁ရက်)က ရေဝေးသုဿန်တွင် ပြုလုပ်သည်။

ဦးလှထွေးသည် နိုဝင်ဘာလ ၁၉ ရက် ညပိုင်းက သုနန္ဒာလမ်းမကြီးလမ်းပေါ်တွင်ပစ်ချထားသည့် အထုတ်တခုအား ပံ့သကူပစ်ထားသည်ထင်မှတ်၍ ကောက်ယူခဲ့ရာတွင် အဆိုပါအထုတ်မှပေါက်ကွဲမှုဖြစ်ပွားဖြစ်ပွားကာ သေဆုံးခဲ့ရခြင်းဖြစ်သည်။

အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ၊ မတရားအသင်းဆက်သွယ်မှုဥပဒေတို့အရ ချိတ်ပိတ်ခံရတော့မည့် တိုက်ခန်းများ။
21/11/2021

အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ၊ မတရားအသင်းဆက်သွယ်မှုဥပဒေတို့အရ ချိတ်ပိတ်ခံရတော့မည့် တိုက်ခန်းများ။

 အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG၏ စေခိုင်းချက်အရအကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသောNLDပါတီဝင် မောင်ကျော်(ခ)ဖြိုးဇေယျာသော...
20/11/2021



အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော
NUG၏ စေခိုင်းချက်အရအကြမ်းဖက်
လုပ်ငန်းများ ဆောင်ရွက်နေသောNLD
ပါတီဝင် မောင်ကျော်(ခ)ဖြိုးဇေယျာသော်
၏ ထွက်ဆိုချက်အရ ဆက်စပ်တရား
ခံများနှင့် လက်နက်/ခဲယမ်းများထပ်မံ
ဖမ်းဆီးရမိ

နေပြည်တော်၊ နို ၂၀

အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော CRPH၊ NUG နှင့် PDF အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် NUG နှင့် NLD ပါတီဝင် မောင်ကျော်(ခ) ဖြိုးဇေယျာသော် တို့၏ စေခိုင်းချက်အရ ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်ခဲ့သော တရားခံ ကျား ၄၀ ဦး၊ မ ၇ ဦး၊ ပေါင်း ၄၇ ဦးအား လက်နက်ငယ်မျိုးစုံ ၃၄ လက်၊ ကျည်အိမ်မျိုးစုံ ၇၀ ခု၊ ကျည်မျိုးစုံ ၂၁၀၅ တောင့်၊ ၄၀ မမဗုံးသီး ၁၇ လုံး၊ လက်လုပ်ဗုံး ၁၀ လုံး၊ ရီမုမိုင်း ၄ လုံး၊ ရှေ့ထွက်မိုင်း ၄ ခု၊ မီးခိုးဗုံး ၅ လုံး၊ ရှို့ပစ် ၂ လုံး၊ ယမ်းမှုန့်(မီးခိုရောင်) ၇ ထုပ်၊ မှန်ပြောင်း ၁ ခုနှင့် စိတ်ကြွရူးသွပ်ဆေးပြားများအား ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်အား နိုဝင်ဘာလ ၁၇ ရက်တွင်လည်းကောင်း၊ ရန်ကုန်မြို့အတွင်း အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးမှုများ၊ အပြစ်မဲ့ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လုပ်ကြံသတ်ဖြတ်ရန် စေခိုင်းနေသော NLD ပါတီဝင် မောင်ကျော်(ခ)ဖြိုးဇေယျာသော် အား ဒဂုံ(ဆိပ်ကမ်း) မြို့နယ်၊ ရတနာလမ်း၊ ရတနာနှင်းဆီကွန်ဒို၊ တိုက်အမှတ်(3/B)၊ အခန်းအမှတ်(B-0907)၌ Sigsauer အမျိုးအစားပစ္စတို ၂ လက်၊ ၉ မမ ကျည် ၄၈ တောင့်၊ M-16 သေနတ် ၁ လက်၊ ၅.၅၆ ကျည် ၇၄ တောင့်နှင့်အတူ ဖမ်းဆီးရမိ ခဲ့သည့်ဖြစ်စဉ်အား နိုဝင်ဘာလ ၁၈ ရက်တွင်လည်းကောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်၊၊

တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော် ၏ ထွက်ဆိုချက်များအရ ရန်ကုန် မြို့အတွင်း အကြမ်းဖက်အဖွဲ့များ ခိုအောင်းနေထိုင်ရန် ငှားရမ်းပေးထားသော နေရာ ၂၁ ခုရှိကြောင်း ဖော်ထုတ်သိရှိရသည်။ ၎င်းနေရာများအား နိုဝင်ဘာလ ၁၉ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းမှုများဆောင်ရွက်ခဲ့ရာ
- တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ လယ်ယာရွှေမြေလမ်း၊ မ-၂၆၊ ၄ လွှာအား လည်းကောင်း။
- တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ မာလာနွယ်လမ်း၊ အမှတ်(၇၆၄)၊ ၄ လွှာ အား လည်းကောင်း။
- တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ ဝဏ္ဏသိင်္ဂလမ်း၊ အမှတ်(၅၁၂)၊ ၃ လွှာအား လည်းကောင်း။
- တောင်ဥက္ကလာပမြို့နယ်၊ တကောင်း(၅)လမ်း၊ အမှတ်(၈၃)၊ ၄ လွှာအား လည်းကောင်း။
- သာကေတမြို့နယ်၊ သိင်္ဂီ(၂)လမ်း၊ ၄ လွှာ၊ အမှတ်(၆၄/အေ)အား လည်းကောင်း။
- သာကေတမြို့နယ်၊ သင်္ဂီ(၂)လမ်း၊ ၄ လွှာ၊ အမှတ်(၆၄/ဘီ)အား လည်းကောင်း။
- ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်း၊ ပထမထပ်၊ အမှတ်(၄၂)အားလည်းကောင်း။
- ဗိုလ်တထောင်မြို့နယ်၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်မြတ်ထွန်းတာဝါ၊ တိုက်(A)၊ အခန်း(၁၀၆)အား လည်းကောင်း။
- ရန်ကင်းမြို့နယ်၊ သုခရိပ်သာလမ်း၊ (၁၂)ရပ်ကွက်၊ အမှတ်(၄/၃/၇၆)အား လည်း ကောင်း။
- တာမွေမြို့နယ်၊ ဗညားဒလလမ်း၊ အမှတ်(၃၁၄/၅)၊ ပထမထပ်အား လည်းကောင်း။
- ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်း၊ အမှတ်(၃၇၄)၊ ၅ လွှာအား လည်းကောင်း။
- တောင်ဥက္ကလာပမြို့နယ်၊ မိဂသီလမ်း၊ အမှတ်(၁၇၇)၊ ၃ လွှာအား လည်းကောင်း။
- မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်လုံးပြန်ရပ်ကွက်၊ ခန်းမဆောင်လမ်း၊ အမှတ် (၂၃)အား လည်းကောင်း။
- သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်(၃)လမ်း၊ အမှတ်(၇၁၀)အားလည်းကောင်း။
- သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်(၄)လမ်း၊ အမှတ်(၅၂၃)နှင့်
- သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ သမိန်ဗရမ်းလမ်း၊ အမှတ်(၂၉၁)၊ ၅ လွှာတို့အား ဝင်ရောက်ရှာဖွေခဲ့ရာ အထက်ပါ ၁၆ နေရာတွင် အကြမ်းဖက် သမား များ နေထိုင်တော့ခြင်းမရှိကြောင်း တွေ့ရှိရသည်။
- သင်္ဃန်းကျွန်းမြို့နယ်၊ သွပ်ဝိုင်းကြီးရပ်ကွက်၊ နဝရတ်လမ်း၊ ပထမထပ်၊ အမှတ် (၉၀)အား ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းနေအိမ်တွင် အကြမ်းဖက်သမား ၅ ဦးခန့် လတ်တလောနေထိုင်သွားပြီး ထွက်ပြေးတိမ်းရှောင်သွားကြောင်း တွေ့ရှိရသည်။

အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်လျက်ရှိသော နေရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဆက်လက်ရှင်းလင်းခဲ့ရာ
- ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၇ ရပ်ကွက်၊ သဒ္ဒါရုံလမ်း၊ အမှတ်(၈၇၈)၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ မီးခိုးဗုံး ၅ လုံး၊ ပွိုင့် ၂၂ ကျည်ခွံ ၅ ခု၊ လက်လုပ်ဗုံးပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့သည်။

- ထို့ပြင် သင်္ဃန်းကျွန်းမြို့နယ်၊ (၂၉)ရပ်ကွက်၊ သုခိတာလမ်း၊ အမှတ်(၆၇)အား ဝင်ရောက် ရှာဖွေခဲ့ရာ M-16 ၇ လက်၊ AK-47 ၈ လက်၊ MK-12 ၁၅ လက်၊ M4 A1 ကာဘိုင် ၃ လက်၊ FCG-9 ၃ လက်၊ စနိုက်ပါ ၂ လက်၊ ကာဘိုင် ၁ လက်၊ ပစ္စတို ၁၁ လက်၊ လက်လုပ်ပစ္စတို ၁၂၈ လက်၊ M-16 ကျည်အိမ် ၅၀ ခု၊ AK-47 ကျည်အိမ် ၁၄ ခု၊ MK-12 ကျည်အိမ် ၃၀ ခု၊ FCG-9 ကျည်အိမ် ၆ ခု၊ ပစ္စတိုကျည်အိမ် ၃၀ ခု၊ ၅.၅၆ ကျည် ၃၈၅၀ တောင့်၊ ၇.၆၂ ကျည် ၂၅၀ တောင့်၊ ပစ္စတိုကျည် ၆၁၀ တောင့်၊ 12 Volt ကျည် ၂၇၀၀ တောင့်၊ ပွိုင့် ၄၅ ကျည် ၁၅၀ တောင့်၊ AK-47 ကျည် ၁၀၀၀ တောင့်၊ ၄၀ မမ ဗုံးသီး ၂၆ လုံး၊ ရှေ့ထွက်မိုင်း ၆ လုံး၊ MK-12 သေနတ် ဆက်စပ်ပစ္စည်းအစုံ ၃၀ ၊ လက်ပစ်ဗုံး ၁၈ လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး ၁၅ လုံး၊ လက်လုပ်ဗုံး ၁၃၈ လုံး၊ လက်လုပ်ဗုံး(အကြီး) ၃ လုံး၊ မီးရှို့လက်လုပ်ဗုံး၊ ၃၉ လုံး၊ ယမ်းပြင်း ၂၅ ထုပ်၊ လက်လုပ်ယမ်း ၄၃ ထုပ်၊ ယမ်းကြိုး(၁၀၀ ပေ) ၁ ခွေ၊ ဒီတိုနေတာ ၈၀၀ ချောင်း၊ TNT ယမ်း (၀.၂၅)ပေါင် ၁၅၃ တောင့်၊ TNT ယမ်း(၁ ပေါင်) ၁၀ တောင့်၊ C4 ယမ်း (၁.၂၅)ပေါင် ၉ တောင့်၊ Transistor ၁၄ ဗူး၊ ဖုန်း(ကီးပတ်) ၁၆ လုံး၊ နာရီ ၇ လုံး၊ ဂြိုလ်တုဖုန်း ၁၂ လုံးနှင့် ဆက်သွယ်ရေး အထိုင်စက် ၁ လုံး၊ ၂.၅ လက်မသံ ၅ ပိဿာ(စုစုပေါင်း လက်နက်မျိုးစုံ ၅၀ လက်၊ လက်လုပ်ပစ္စတို ၁၂၈ လက်၊ ကျည်အိမ်မျိုးစုံ ၁၃၀ ခု၊ ကျည်မျိုးစုံ ၈၅၆၀ တောင့်၊ ၄၀ မမဗုံးသီး ၂၆ လုံး၊ ရှေ့ထွက်မိုင်း ၆ လုံး၊ လက်ပစ်ဗုံးမျိုးစုံ ၃၃ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၁၈၀ လုံး၊ TNT ယမ်းမျိုးစုံ ၁၆၃ တောင့်၊ C4 ယမ်း ၉ တောင့်၊ ဒီတိုနေတာ ၈၀၀ ချောင်း၊ ဂြိုလ်တုဖုန်း ၁၂ လုံးနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်း)တို့အား သိမ်းဆည်းရမိခဲ့သည်။

- ဆက်လက်၍ သင်္ဃန်းကျွန်းမြို့နယ်၊ (ဇ)မြောက်ရပ်ကွက်၊ ပြည်သာယာ လမ်းသွယ်(၂)၊ ငွေတိုက်စိုးခြံ၊ အမှတ်(၁၄၂)အား ဝင်ရောက်ရှာဖွေခဲ့ရာ M-16 ၁၃ လက်၊ AK-47 ၁၂ လက်၊ MK-12 ၉ လက်၊ ပစ္စတို ၄ လက်၊ ခြောက်လုံးပြူး ၁ လက်၊ M-16 ကျည်အိမ် ၃၀ ခု၊ AK-47 ကျည်အိမ် ၁၀ ခု၊ MK-12 ကျည်အိမ် ၂၂ ခု၊ ပစ္စတို ကျည်အိမ် ၁၄ ခု၊ ၅.၅၆ ကျည် ၂၀၀၀ တောင့်၊ ၉ မမကျည် ၄၀၀ တောင့်၊ 12 ဗို့ကျည် ၂၀၀၀ တောင့်၊ AK-47 ကျည် ၈၀၀ တောင့်(စုစုပေါင်း လက်နက်မျိုးစုံ ၃၉ လက်၊ ကျည်အိမ်မျိုးစုံ ၇၆ ခု၊ ကျည်မျိုးစုံ ၅၂၀၀ တောင့်)တို့အား သိမ်းဆည်း ရမိခဲ့သည်။

#သတင်းစဥ်

"ပံ့သကူအမှတ်နဲ့ ကောက်ယူမိပြီး ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရတဲ့ ဦးလှထွေးရဲ့ နေအိမ်" (နွမ်းပါးလှပါတယ်) လမ်းမှာတွေ့တဲ့ဗုံးက...
20/11/2021

"ပံ့သကူအမှတ်နဲ့ ကောက်ယူမိပြီး ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရတဲ့ ဦးလှထွေးရဲ့ နေအိမ်" (နွမ်းပါးလှပါတယ်)

လမ်းမှာတွေ့တဲ့ဗုံးကို ပံ့သကူအမှတ်နဲ့ ကောက်ယူမိပြီးပေါက်ကွဲမှုကြောင့် အူပွင့်ထွက်ကာ သေဆုံး
ခဲ့ရတဲ့ ဦးလှထွေးရဲ့ နေအိမ်ဖြစ်ပါတယ်။

ဦးလေးကြီးက နွမ်းပါးရှာပြီး ဝမ်းရေးအတွက်ဆိုက်ကားနင်းရတယ်လို့သိရပါတယ်။

Photo-crd

ဖြစ်စဉ် အပြည့်စုံ 👇

ဗုံးအထုပ်ကို ပံ့သကူအမှတ်နဲ့ ကောက်ယူမိတဲ့
ဆိုက်ကားဆရာ ဦးလေးကြီး ဗုံးပေါက်ကွဲမှုကြောင့် အူပွင့်ထွက်ကာ အရေးပေါ်ရောက် သေဆုံး

အရေးပေါ်ရောက်သွားပြီး နောက် မြောက်ဥက္ကလာပ ဆေးရုံကြီးမှာ သေးဆုံးသွားတယ်လို့သိရပါတယ်

ဖြစ်စဉ်က နိုဝင်ဘာ ၁၉ ရက်နေ့ညက ဖြစ်သွားတာ ဖြစ်ပြီး (ည) ရပ်ကွက် သုနန္ဒာလမ်းမပေါ် ပံ့သကူလိုက်ကောက်သူ ဦးလှထွေး ဧရာ၂၂ လမ်း အသက်၅၁နှစ် ဆိုက္ကားနင်းလုပ်သားသည်

ကားပေါ်မှ ချသွားသော အထုပ်ကို ပံ့သကူ အမှတ်နဲ့ ကောက်စဉ် အထုပ်ဟာ ပံသကူမဟုတ်ပဲ လက်လုပ်မိုင်းဗုံးဖြစ်နေပြီး ပေါက်ကွဲမှုကြောင့်
ဗိုက်အရေခွံပွင့်ထွက်သွားကာ ဥက္ကလာဆေးရုံကြီးသိုပို့ဆောင်ကုသခံယူခဲ့ပါတယ်။

ထို့နောက်ဒဏ်ရာအခြေအနေကြောင့် ဆေးရုံကြီးမှာပဲ သေဆုံးသွားကြောင်း ထပ်မံသိရှိရပါတယ်။

Photo CJ

ကြို့ပင်ကောက်မြို့နယ်ကရဲကင်း ဗုံး(၂)ကြိမ်ခွဲခံရပြီး အနီးနားမှာရှိတဲ့ သံဃာ၂ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ နိုဝင်ဘာ ၂၀-၂၀၂၁ပဲခူးတ...
20/11/2021

ကြို့ပင်ကောက်မြို့နယ်ကရဲကင်း ဗုံး(၂)ကြိမ်ခွဲခံရပြီး အနီးနားမှာရှိတဲ့ သံဃာ၂ပါး ထိခိုက်ဒဏ်ရာရရှိခဲ့

နိုဝင်ဘာ ၂၀-၂၀၂၁

ပဲခူးတိုင်းအနောက်ပိုင်း ကြို့ပင်ကောက်မြို့နယ်၊ စျေးချိုတောင်ရပ်ကွက်ရှိ ရဲကင်းမှာ နှစ်ကြိမ်တိုင် ဗုံးခွဲခံရတာဖြစ်ပြီး ဒုတိယအကြိမ်ပေါက်ကွဲမှုမှာ ကိုက် ၃၀၀ အကွာလောက်မှာရှိတဲ့ သံဃာနှစ်ပါးထိခိုက်မိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဗုံးထိမှန်တဲ့ သံဃာ ၂ ပါးထဲက တပါးကတော့ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ သိရပါတယ် ။

" ထိတာက၂ပါးထိတာ။စာချတန်းဆရာတော်တပါးနဲ့နောက်တပါးထိတာ။တပါးက စိုးရိမ်ရတယ်၊ရဲကင်းဘေးမှာ သစ်သီးဝလံရောင်းတဲ့ဆိုင်ခန်းလေးတွေရှိတယ်။ မနက်၆ နာရီတခါ ၈ နာရီခွဲမှာတလုံးပေါက်တာ။ဒုတိယတလုံးမှာထိတာပေါ့။ သံဃာတွေက လိုအပ်တဲ့ပစ္စည်းလေးပါးဝယ်ချိန် ထိတာပေါ့။ကံဆိုးတယ်ပြောရမှာပေါ့။ကီးပက်နဲ့တွဲလုပ်တာ လက်လုပ်ဗုံး ပြောရမှာပေါ့။ " လို့ ကြို့ပင်ကောက်ဒေသခံတဦးကပြောပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ ဆရာတော်တွေဟာ ကြို့ပင်ကောက်မြို့နယ်၊ ဗောဓိရိပ်သာကျောင်းကဖြစ်ပြီး ၊ လက်ရှိမှာတော့ စိုးရိမ်ရတဲ့သံဃာတော်ကို စစ်ဆေးရုံပို့ဆောင်ထားတယ်လို့ သိရပါတယ်။

အဲ့ဒီပေါက်ကွဲမှု နဲ့ပတ်သက်ပြီး ကြို့ပင်ကောက်မြို့နယ်အကြမ်းဖက် PDF ကလုပ်ဆောင်တာဖြစ်ကြောင်း ၊ ပေါက်ကွဲမှုကြောင့် ဆရာတော်သံဃာတော်နှစ်ပါးထိခိုက်ခဲ့မှုအတွက် စိတ်မကောင်းကြောင်း ၊ ပေါက်ကွဲမှုဟာ ဆရာတော်သံဃာတော်နှစ်ပါးကို ထိခိုက်ဒဏ်ရာရရှိအောင် မရည်ရွယ်ခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဆရာတော်သံဃာတော်နှစ်ပါး နဲ့တကွ ကြို့ပင်ကောက်မြို့ရှိဆရာတော် သံဃာတော်အပေါင်းတို့အနေနဲ့ ပြည်သူ့တော်လှန်စစ်အပေါ်ခွင့်လွှတ်နားလည်ပေးရန် အနူးအညွတ်တောင်းပန်လျှောက်ထားအပ်ပါတယ်ဆိုပြီး ကြေညာစာထုတ်ပြန်ထားပြီး အပြစ်ကိုဖုံးကွယ် မျက်ရည်ခြွေခဲ့တာကိုလည်း တွေ့ရပါတယ်။

ကြို့ပင်ကောက်မြို့မှာ နိုဝင်ဘာလဆန်းပိုင်းကလည်း ဒုရဲအုပ်တဦး သေနတ်နဲ့ပစ်ခံရပြီး ဒဏ်ရရှိခဲ့သေးတယ်လို့ သိရပါတယ်။

19/11/2021
အောင်ပြီဆို...နိုင်ပြီဆိုစစ်တပ်က ဝင်ရှင်းလို့ ထွက်ပြေးလာတဲ့PDF ကလေးတွေကို လမ်းမှာတွေ့လို့ထမင်းငတ်လာတယ်ဆိုတာနဲ့ အဆာပြေဝယ်...
17/11/2021

အောင်ပြီဆို...နိုင်ပြီဆို

စစ်တပ်က ဝင်ရှင်းလို့ ထွက်ပြေးလာတဲ့
PDF ကလေးတွေကို လမ်းမှာတွေ့လို့
ထမင်းငတ်လာတယ်ဆိုတာနဲ့
အဆာပြေဝယ်စားလို့ရအောင်ပိုက်ဆံ လေးပေးပြီး
သိချင်တာလေးတွေမေးလိုက်တယ်...

""မင်းတို့ဘာလို့ထွက်ပြေးလာတာလဲ.ညီလေးတို့ရာ..
ပြည်သူက ဒီလောက်အလှုငွေထောက်ပံ့ပေးနေတာ
လက်နက်ကောင်းတွေနဲ့အစားကောင်းကောင်းစားပြီးစကစတပ်တွေကိုတိုက်နေကြတာ
အောင်မြင်ကာနီးပြီမဟုတ်ဘူးလား..""

"စောက်တစ်လွဲတွေပါအကိုရာ..
လက်နက်ကောင်းတွေရ/မရတော့မသိဘူး..
တစ်တောင့်တောင်ထွက်အောင်မနည်းပစ်နေရတဲ့
တူမီးနဲ့ ပြန်ပစ်လို့လည်းမရ..
စားရတော့ နီးစပ်ရာရွာတွေက တောင်းစားရတယ်..
ကြာတော့ရွာတွေက ငြိုငြင်လာကြပြီ..
ကြောက်လို့သာပါးစပ်က မပြောရဲပေမယ့်
သူတို့မျက်နှာတွေက
အမြင်မကြည်တော့ဘူး..
စစ်တပ်ကိုနိုင်ဘို့နေနေသာသာ
စစ်တပ်သတင်းကိုအမြဲစောင့်နားထောင်နေရတာ
ကောင်းကောင်းလည်းမအိပ်ရဘူး..
ဘယ်အချိန်ဝင်လာတိုက်မလဲလို့ စိုးရိမ်နေရတာက
အချိန်တိုင်းပဲ..
စစ်တပ်လာပြီးဆိုတာနဲ့ လက်နက်တွေ အကုန်ပစ်ပြီး
ထွက်ပြေးလာရတာ အကိုမြင်တဲ့အတိုင်းပဲ.."

"အမ်..နို့.အကိုတို့အင်တာနက်မှာ ဖတ်နေရတာက
တနေ့ကို စစ်ခွေးတွေ ရာနဲ့ချီသေနေကြတာမဟုတ်လား.....PDF တွေက အသေအပျောက်မရှိဘဲ
စစ်ခွေးတွေသေတာမှနည်းလား...
ဒီနှုန်းအတိုင်းဆိုရင် ၃/၄ လလောက်ဆို
နိုင်ပြီဆို.."

"အမလေး...အကိုရာ မပိန်းတော့နဲ့ ကြားလား..
ကျနော်တို့လည်း အဲလို ပိန်းခဲ့လို့
PDF ထဲရောက်ခဲ့တာ..
အင်တာနက်မှာ တင်နေတာတွေအကုန်လုံး
မြေပြင်မှာဖြစ်ပျက်နေတာနဲ့
အကုန်တခြားစီဘဲ..စောက်တစ်လွဲတွေ..
မင်းသမီးမင်းသားတွေက
တောထဲမှာကောင်းကောင်းနေရတယ်..
သေနတ်လေးကိုင်ပြီးဓာတ်ပုံရိုက်ပြလိုက်..
သူတို့ဘဲ စကစ ကိုဝင်တိုက်နေသလိုလို..
ပြီးတော့ အလှုခံရတဲ့ငွေတွေနဲ့ကောင်းကောင်းစားပြီးကျနော်တို့လူငယ်တွေကို ဝါဒမှိုင်းတိုက်နေတာ
အဲဒါတွေကြည့်ပြီး တကယ်မှတ်လို့ PDF ထဲဝင်တာ
ခုတော့ အကိုမြင်တဲ့အတိုင်းဘဲ..
မနည်းအသက်လုပြေးနေရတာ..
သွားပြီအကိုရေ..
ထမင်းတစ်နပ်အတွက်ကျေးဇူးပါဗျာ.."

"နေ..နေ.ပါဦး ညေးတို့ရာ..ဒါဆို..
GP တွေ Page တွေကတင်နေတဲ့
အကိုတို့ဖတ်နေရတဲ့
အင်တာနက်သတင်းတွေထဲကလို
စစ်ခွေးတွေသေတာ
တကယ်မဟုတ်ဘူးပေါ့..အောင်ပြီဆို..နိုင်ပြီဆို.."

"အဲဒီလိုအခြေအမြစ်မရှိတဲ့သတင်းတွေဖတ်ပြီး
ယုံခဲ့လို့ကျနော်တို့ ဘဝပျက်နေရတာ..
နိုင်မှတော့ အခုလိုပြေးနေမလားဗျ..
ဘာမှမနိုင်ဘူး..
စောက်တစ်လွဲတွေစိတ်ထင်တာရေးနေကြတာ..
ဆိုက်ကားသမား ဘိန်းစားလောက်က
စစ်ခွေးသေပြီလို့ ထရေးလဲ
စောက်ပေါတွေက ဝိုင်းယုံကြတာဘဲ..အကိုရေ..
အခုအိမ်ကိုပြန်မှာ အမေ့အိမ်ကိုပြန်တော့မှာ..
ဘာမှမနိုင်ဘူး.."

သေစမ်းဟ ..ဒင်းတို့ Post တွေဖတ်ပြီးစိတ်ကူးယဉ်ခဲ့ရတာသွားလေပေရောဟ!!!!

ဆောင်းဘောက်အတွင်းM-16သေနတ်နှင့်သေနတ်ကျည်ဆံသယ်ဆောင်လာသူတို့ကိုဖမ်းမိ-----------------------------------------------------...
16/11/2021

ဆောင်းဘောက်အတွင်းM-16သေနတ်နှင့်သေနတ်ကျည်ဆံသယ်ဆောင်လာသူတို့ကိုဖမ်းမိ
-------------------------------------------------------------
အမှုဖြစ်စဉ်မှာ၁၅.၁၁.၂၀၂၁ရက်

နံနက်၆နာရီ၀၅မိနစ်အချိန်ခန့်တွင်ကရင်ပြည်နယ်၊မြ၀တီမြို့နယ်သင်္ဃန်းညီနောင်အဖွဲ့စုံပူးပေါင်းစစ်ဆေးဂိတ်တွင်မြ၀တီခရိုင်တပ်ဖွဲ့မှူးရုံးမှရဲအုပ်စိုးမြင့်အောင်မှာတာဝန်ခံအရာရှိအဖြစ်တာဝန်ထမ်းဆောင်နေစဉ်ခရိုင်ရဲတပ်ဖွဲ့မှူး၏ညွှန်ကြားချက်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးပူးပေါင်းဂိတ်တာဝန်ကျမှရဲတပ်ကြပ်ဝေယံဦး၊ရဲတပ်သားထွန်းလင်းဦး သက်သေ ဦးအောင်ဖြိုးပိုင်၊သင်္ဃန်းညီနောင်ကျေးရွာပြည်သူ့စစ်ခေါင်းဆောင်ဦးမင်းလွင်တို့နှင့်အတူယာဉ်များအားရပ်တန့်စစ်ဆေးရှာဖွေနေစဉ် မြဝတီဘက်မှ ပဲခူးသို့ ယာဉ်မောင်းကျော်မင်းဦး(၄၃)နှစ်၊ဇရပ်ကြီးကျေးရွာထန်းတပင်မြို့နယ်၊ပဲခူးတိုင်းဒေသကြီးနေသူမောင်းနှင်ပြီးယာဉ်နောက်လိုက်မျိုးမြင့်ထွန်း(၃၃)နှစ်၊၊၂လမ်း၊ခပေါင်းကျေးရွာ၊ တောင် ငူမြို့နယ်နေသူ နှင့် ယာဉ်ပေါ်တွင် ခရီးသည်ကျော်မင်းခန့်(၁၃)နှစ်၊ဆိတ်ကြီးရပ်ကွက်၊ထန်းတပင်မြို့၊ကျော်ကျော်(၃၆)နှစ်၊ခြံကြီးကျေးရွာ၊တန်းတပင်မြို့နယ်နှင့်ဒေါ်စန်းစန်းရွှေ၊(၅၉)နှစ်၊မှီခို၊(၈)ရပ်ကွက်၊ကမ်းနားလမ်း၊တောင်ငူမြို့နယ်နေသူတို့စီးနင်း လိုက်ပါလာသော ယာဉ်အမှတ် BGO-9p9249Haise(ခဲရောင်)အန်စာတုံး
ယာဉ်အားနောက်ဖုံးဖွင့်၍စစ်ဆေးရာယာဉ်ပေါ်တွင်
ဆောင်းဘောက်(၂)လုံးအား ပလပ်စတစ်ပါကင်
ဖြင့်ထုတ်ထားသည့်ကို တွေ့ရှိရပြီး လိုအပ်သည်ထက်ပို လေးလံနေသဖြင့်မသင်္ကာဖြင့်ယာဉ်ပေါ်မှချ၍ဖွင့်ဖောက်စစ်ဆေး ရာ M-16သေနတ်(၅)လက် ၄င်းကျည်ဘောက်(၆)ခု၊အားဖြုတ်ကာထည့်သွင်းသယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိ
ရကြောင်းသိရသည်။

သက်သေများ ရှေ့တွင်ရဲအုပ် စိုးမြင့်အောင်မှ
ရှာဖွေပုံစံရေးသွင်းသိမ်းဆည်းကာ M-16သေနတ်(၅)လက်၊၄င်းကျည်ဘောက်(၆)ခုအားဖြုတ်ကာဆောင်ဘောက်အတွင်းထည့်သွင်းသယ်ဆောင်လာသူယာဉ်မောင်း
ကျော်မင်းဦး(၄၃)နှစ် နှင့်မျိုးမြင့်ထွန်း၃၃နှစ်တိုအား
ဥပဒေအရအရေးယူပေးပါရန်ရဲအုပ်စိုးမြင့်အောင်
(အဖွဲ့စုံပူးပေါင်းစစ်ဆေးရေးဂိတ်တာဝန်ခံ)မှတရားလိုပြုလုပ်တိုင်တန်းခဲ့ရာ၁၅.၁၁.၂၀၂၁ရက်မွန်းလွဲ၁၂နာရီ၂၀မိနစ်အချိန်သင်္ယန်းညီနောင်နယ်မြေရဲစခန်း(ပ)၉၆/၂၀၂၁လက်နက်ဥပဒေပုဒ်မ-၁၉(စ)ဖြင့်အမျှရေးဖွင့်ပြီး အမှုစစ်ဒုရဲအုပ် မြင့်ကျော်က စစ်ဆေးလျှက်ရှိကြောင်း
သိရှိရသည်။

16/11/2021

အထူးဝမ်းနည်းကြောင်း ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (Y.M.B.A) ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး(ခ)ဖိုးဝကြီးသည် ယနေ့ (၁၆.၁၁.၂၀၂၁) မနက်၌ မသမာသူ အကြမ်းဖက်လူတစ်စု၏ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခြင်း ခံခဲ့ရပြီး ၎င်းဒဏ်ရာဖြင့်ပင် ကုတင် (၁၀၀၀) စစ်ဆေးရုံကြီး၊ မဂ်လာဒုံ ၌ ယနေ့ နေ့လည် (၂:၃၀) ခန့်တွင် ကွယ်လွန်သွားကြောင်း သိရှိရပါသည်။

ဦးအောင်ကျော်စိုး(ခ)ဖိုးဝကြီး၏ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ အပေါ် ကာကွယ်စောင့်ရှောက် အားထုတ်ခဲ့ခြင်းများအတွက် အထူးပင်ဂုဏ်ယူ အမှတ်တရဖြစ်နေမည်ဖြစ်ပါကြောင်းနှင့် ယခုလို အကြမ်းဖက်အသတ်ခံရမှုအတွက်ကျန်ရစ်သူမိသားစုနှင့်ထပ်တူ အထူးပင် ဝမ်းနည်းအပ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (Y.M.B.A.) အလုပ်အမှုဆောင်အဖွဲ့က ဝမ်နည်းစွာ ထုတ်ပြန်ကြေညာအပ်ပါသည်။

Y.M.B.A
ရန်ကုန်တိုင်းဒေသကြီး
၁၆.၁၁.၂၀၂၁

သန္တာလှိုင်ကို လေဆိပ်တွင် ဖမ်းဆီး*******************************သရုပ်ဆောင် မော်ဒယ်သန္တာလှိုင်နဲ့ သူ့မိသားစုဝင်အချို့ဟာ ဒ...
15/11/2021

သန္တာလှိုင်ကို လေဆိပ်တွင် ဖမ်းဆီး
*******************************

သရုပ်ဆောင် မော်ဒယ်သန္တာလှိုင်နဲ့ သူ့မိသားစုဝင်အချို့ဟာ ဒီကနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ ရန်ကုန်လေဆိပ်ကနေ
ထိုင်းနိုင်ငံ ဘန်ကောတ်မြို့ကို ထွက်ခွာမယ် မြန်မာ့အမျိုးသားလေကြောင်းလိုင်း MNA နဲ့ လိုက်ပါဖို့ ရန်ကုန်လေဆိပ်ရောက်လာခဲ့ပြီး လေယာဉ်ပေါ် အတက်မှာ သရုပ်ဆောင် သန္တာလှိုင် တက်ခွင့်မရဘဲ တားဆီးခံလိုက်ရတယ်လို့ အဲ့ဒီခရီးစဉ်နဲ့လိုက်ပါခဲ့သူတစ်ဦးက ပြောပါတယ်။

နိုင်ငံရေးအကြောင်းပြ လုပ်ကြံသတ်ဖြတ်နေခြင်းကို ရှုံ့ချကြောင်း YMBA ထုတ်ပြန်……………………………………………………..ရန်ကုန၊ နိုဝင်ဘာ ၁၅ (Peo...
15/11/2021

နိုင်ငံရေးအကြောင်းပြ လုပ်ကြံသတ်ဖြတ်နေခြင်းကို ရှုံ့ချကြောင်း YMBA ထုတ်ပြန်
……………………………………………………..

ရန်ကုန၊ နိုဝင်ဘာ ၁၅ (People Media)

လက်ရှိ နိုင်ငံရေးအခြေအနေမတည်မငြိမ်မှုဖြစ်စဉ်များတွင် နိုင်ငံရေးအား အကြောင်းပြ၍ ရဟန်းသံဃာတော် အရှင်သူမြတ်များ၊ ဆရာ၊ ဆရာမများ ၊ နိုင်ငံတော်ဝန်ထမ်းများ၊ ကလေးသူငယ်များနှင့် ကျောင်းသား၊ ကျောင်း သူများကို လုပ်ကြံသတ်ဖြတ်နေသည့်အပေါ်တွင် ကန့်ကွက်ရှုံ့ချကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) မှ ထုတ်ပြန်သည်။

ယင်းထုတ်ချက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) သည် ၁၉၀၆ ခုနှစ်မှ စတင်၍ "အမျိုး ဘာသာ သာသနာနှင့် ပညာ" လုပ်ငန်းစဉ်များကို လွတ်လပ်ရေးရသည်အထိ ဆောင်ရွက်ခဲ့ သော မြန်မာ့လွတ်လပ်ရေးရှေ့ဆောင် သမိုင်းဝင်အသင်းကြီးဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ယခုအချိန်တွင် နိုင်ငံရေးအား အကြောင်းပြ၍ ရဟန်းသံဃာတော် အရှင်သူမြတ်များ၊ ပညာသင်ကြားပေး နေသော အနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများ၊ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ ဝန်ထမ်းများ၊ အပြစ်မဲ့ပြည်သူများ၊ ကလေးသူငယ်များနှင့် ကျောင်းသား၊ ကျောင်းသူများ အကြမ်းဖက် အဖွဲ့အစည်းများက နေရာအနှံ့တွင် လုပ်ကြံသတ်ဖြတ်နေသည့်အပေါ်တွင် ကန့်ကွက်ရှုံ့ချကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ ဖော်ပြထားသည်။

ပြီးခဲ့သည့်လပိုင်းကလည်း မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း (YMBA) မှ နယကဖြစ်သူကို အမည်မသိ သေနတ်သမားတစ်ဦးက လုပ်ကြံသတ်ဖြတ်ခြင်းခံရကြောင်း သိရသည်။



(unicode)
နိုင်ငံရေးအကြောင်းပြ လုပ်ကြံသတ်ဖြတ်နေခြင်းကို ရှုံ့ချကြောင်း YMBA ထုတ်ပြန်
……………………………………………………..

ရန်ကုန၊ နိုဝင်ဘာ ၁၅ (People Media)

လက်ရှိ နိုင်ငံရေးအခြေအနေမတည်မငြိမ်မှုဖြစ်စဉ်များတွင် နိုင်ငံရေးအား အကြောင်းပြ၍ ရဟန်းသံဃာတော် အရှင်သူမြတ်များ၊ ဆရာ၊ ဆရာမများ ၊ နိုင်ငံတော်ဝန်ထမ်းများ၊ ကလေးသူငယ်များနှင့် ကျောင်းသား၊ ကျောင်း သူများကို လုပ်ကြံသတ်ဖြတ်နေသည့်အပေါ်တွင် ကန့်ကွက်ရှုံ့ချကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) မှ ထုတ်ပြန်သည်။

ယင်းထုတ်ချက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) သည် ၁၉၀၆ ခုနှစ်မှ စတင်၍ "အမျိုး ဘာသာ သာသနာနှင့် ပညာ" လုပ်ငန်းစဉ်များကို လွတ်လပ်ရေးရသည်အထိ ဆောင်ရွက်ခဲ့ သော မြန်မာ့လွတ်လပ်ရေးရှေ့ဆောင် သမိုင်းဝင်အသင်းကြီးဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ယခုအချိန်တွင် နိုင်ငံရေးအား အကြောင်းပြ၍ ရဟန်းသံဃာတော် အရှင်သူမြတ်များ၊ ပညာသင်ကြားပေး နေသော အနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများ၊ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ ဝန်ထမ်းများ၊ အပြစ်မဲ့ပြည်သူများ၊ ကလေးသူငယ်များနှင့် ကျောင်းသား၊ ကျောင်းသူများ အကြမ်းဖက် အဖွဲ့အစည်းများက နေရာအနှံ့တွင် လုပ်ကြံသတ်ဖြတ်နေသည့်အပေါ်တွင် ကန့်ကွက်ရှုံ့ချကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ ဖော်ပြထားသည်။

ပြီးခဲ့သည့်လပိုင်းကလည်း မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း (YMBA) မှ နယကဖြစ်သူကို အမည်မသိ သေနတ်သမားတစ်ဦးက လုပ်ကြံသတ်ဖြတ်ခြင်းခံရကြောင်း သိရသည်။

လွတ်လပ်သော မီဒီယာ အဖြစ် ရပ်တည်နိုင်ရေး
RUGN Pageအား Like and Followလုပ်ခြင်း ဖြင့်သော်လည်းကောင်းPostအား Shareပေးခြင်းဖြင့်‌ေသာ်လည်းကောင်း ကူညီနိုင်ပါတယ် ။
RUGN သည် Donateတောင်းခံခြင်းလုံး၀လုံး၀မရှိပါ။

Address


Website

Alerts

Be the first to know and let us send you an email when Right Underground News - RUGN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share