Norman's Blog

  • Home
  • Norman's Blog

Norman's Blog Smoking is a bad habit but also it's a really cool thing in the world. You can use ci******es for ta

19/10/2019

Winston (blue)

Classic ရဲ့ အရသာကို စမ်းသောက်ကြည့်ပြီးတော့
အစ်ကို တစ်ယောက်ရဲ့ recommend နဲ့ deep blue
ကို ဝယ်သောက်ဖြစ်တယ်။

Classic မှာ ချီးမွန်းခန်း ဖွင့်ခဲ့သမျှ blue မှာ
အကြိုက်တွေ့စရာ မရှိအောင် အခြေအနေ တင်းမာသွားတယ်။
သူ့ရဲ့ အရသာက စူးရှရှ အရသာမျိုး။
သောက်နေရင်းနဲ့ လည်ချောင်းပါ ခြောက်လာတယ်။
ပြီးတော့ ကျနော့်အကြိုက်မဟုတ်တဲ့ light
အရသာမျိူး ပေးတာပဲ။ အဲ့တစ်ခုက အဆိုးဆုံး ဖြစ်မယ်
ထင်တယ်။ စူးရှရှနဲ့ ပျင်းနေရင် ခံသာသေးတယ်။
အခုက ခပ်ပေါ့ပေါ့နဲ့ ရှနေတော့ ကျနော့်အတွက် အဆင်မပြေ
စေဘူး။ အဲ့တာက အရသာပိုင်းမှာပေါ့။

အပြင်အဆင်ကတော့ မဆိုးဘူး။
Classic ကိုပဲ အပြာရောင် ဆန်ဆန် ဖန်တီးထားတဲ့ ဘူးခွံ။
ဝေခွဲရခက်တာ တစ်ခုပြောပါဆိုရင်..........
blue သောက်ပြီး လူ ယိုင်သွားတာပါပဲ။

"မင်းပြောတော့ ပေါ့တယ်ဆို" ဆိုပြီး စောဒက တက်ကောင်း
တက်နိုင်ပေမယ့် ကျနော်ထင်တယ်.......
သူက ပေါ့ ရှရှ အရသာမျိုးနဲ့ ပျင်းတဲ့ဆေးလိပ်မျိုး။

ဆိုတော့ အနီးစပ်ဆုံး ဥပမာပေးရရင်
ဆေးပေါ့လိပ် ပုံစံမျိုးကို cigarette version နဲ့ ထုတ်ထား
သလားလို့ပဲ မေးခွန်းထုတ်ရမှာပဲ။
Classic ထက်ပိုပြီး အငွေ့များတယ်။
ပိုပြီးတော့လဲ ဆေးရွက်နံ့ရတယ်။

သူ့ကို ဒီအတိုင်း သောက်ရင် မမိုက်လောက်ဘူး။
တစ်ခုခု စားပြီးမှ သောက်လဲ မထူးလောက်ဖူး။
ကျနော် ထင်တယ်.... လက်ဖက်ရည် ချိုပေါ့ လေးနဲ့ တွဲမယ်
ဆိုရင် ၂ လိပ် ၃ လိပ်နဲ့ အာသာပြေမယ့် ဆေးလိပ်မျိုး။

သူ့ကို ဘယ်သူတွေ သောက်သင့်လဲလို့ မေးလာရင်
ဆေးလိပ်နံ့ပြင်းတာ ကြိုက်ရင် သောက်ကြည့်.......။
ကြိုက်ရင် ဆက်သောက်၊ မကြိုက်ရင် မသောက်နဲ့လို့ပဲ
ဘုနဲ့ ဘောက်နဲ့ ပြောရမှာပဲ။

17/09/2019

Ruby ဈေးတက်ခဲ့ခြင်းက smoker တွေ တော်တော်များများကို
ဒုက္ခလှလှ တွေ့စေခဲ့တယ်။ ဆိုတော့ Ruby က ဘာကြောင့်
လူအများဆုံး သောက်တဲ့ ဆေးလိပ်ဖြစ်နေလဲဆိုတာကို ကျနော်
ပြန်တွေးကြည့်မိတော့ "အရင်တုန်းက" ဆိုတာကို သတိရသွားတယ်။

ဘာလဲဆိုတော့ Ruby ရဲ့ အရင်ဈေးက ၆၅၀ လားမသိဘူး။
အဲ့လောက်ဝန်းကျင်ပဲ ရှိတယ်ခဲ့တယ်လို့ ကျနော်ကြားမိတယ်။
ကျနော် ကိုယ်တိုင်တော့ မမှီလိုက်ပေမယ့် စထွက်လာတဲ့ Ruby ဟာ
အဲ့လောက် ဈေးနှုန်းပေးရတယ်ဆိုတာကို ပါးစပ်ရာဇဝင်နဲ့ ကြားဖူးတယ်။
ဆိုတော့..... အရင်တုန်းက Ruby နဲ့ ဝန်းကျင် ဆေးလိပ်
တွေထဲမှာ Ruby က အမိုက်ဆုံး။ ဥပမာ ပေးရရင် London တို့
555 တို့။

သူတို့ ခေတ်မှာ Ruby က အကောင်းဆုံးပဲ၊ တကယ်လဲ တော်တော်
ကောင်းတယ်လို့ ပြောလို့ရတယ်။
နောက်ပိုင်းမှာ Ruby quality ကျလာတာကို ခံစားမိကြတယ်။
ဒါပေမယ့်ဆိုင်တွေက (လက်ဖက်ရည်ဆိုင်တွေက) Ruby ပဲ တင်လက်စ
ရှိတာကြောင့်ပဲ Ruby ဆက်သောက်ဖြစ်ကြတယ်ထင်တာပဲ။
ထားပါတော့.... ဒါက ကျနော့် အမြင်ပါ။

အခု Ruby ကို တစ်လိပ်100 ပေးပြီး သောက်စရာ အကြောင်း
မရှိသလောက် ကို ရှားသွားပါပြီ။
ဘာကြောင့်လဲဆိုတော့ ကျနော်အခု ပြောမယ့် Winston
Classic ကြောင့်ပါပဲ။ သူ့ကို ကျနော် ပထမဆုံး တစ်ဖွာ
စသောက်မိကတည်းကကို တော်တော်ကြိုက်သွားတယ်။
လက်ရှိ Ruby ရဲ့ စုတ်ချာချာ အရသာနဲ့ တော်တော့်ကို ကွာတာ
ဗျာ။

ဆေးသား နေရာမှာလဲ သူက ပိုကျစ်တယ်။ သိပ်သိပ်သည်းသည်း
ခံစားရတယ်။ အရသာပိုင်းမှာဆို ဂျပန်ထုတ် Mevius နဲ့တောင်
တူတယ်။ ဒါပေမယ့် သူက classic ပိုဆန်တဲ့ အရသာမျိုးကို ခံစား
ရတယ်။ ပြောရမယ်ဆိုရင်ဗျာ Ruby ကို modify လုပ်ထား
သလိုပဲ သူ့ပုံစံမျိုးကိုမှ ပိုကောင်းတဲ့ အရသာနဲ့။

အထဲမှာ Firmtech* filter သုံးထားတော့ ပိုပြီး smooth
ဖြစ်တဲ့ အရသာမျိုးကို ခံစားရတယ်။ ဘူးခွံမှာလဲ ရေးထားပါတယ်။
ဆိုတော့ဗျာ.... ရှည်ရှည်ဝေးဝေး မပြောတော့ဘူး။
ဝယ်သာ သောက်ကြည့်လိုက်ဗျာ။

ဈေးနှုန်းကတော့ 1000 ဝန်းကျင်လောက် ရှိတယ်။

17/09/2019

ကျနော့်ကို တစ်နေ့က အစ်ကို တစ်ယောက် တိုက်တာနဲ့ပဲ
ကျနော် သောက်ဖြစ်ခဲ့တယ်။
Winston Caster .........
သူ့အ‌ကြောင်း မ‌ပြောခင် သူ့ရဲ့ Winston ဆိုတာကြီးကို
အရင် ပြောရမယ်။ သူက Amarican Cigarette brand
တစ်ခုပေမယ့် US အပြင်ဖက်ကို Mevius ကို ထုတ်တဲ့
Japan To***co(JT) ကနေ အဓိကပြန်ဖြန့်ပေးတာဗျ။

1954 မှာ စတဲ့သူက cigarette တစ်ခုမှာ ရှိသင့်တဲ့
အရသာကိုပေးနိုင်ပါတယ် ဆိုပြီးဈေးဗန်းတွေ ခင်းခဲ့တဲ့
အတွက် လျော့တွက်လို့တော့ မရဘူး။ 70's နောက်ပိုင်းမှာ Marlboro က ထိပ်ဖြစ်လာတယ်ဆိုရင် 60 ဝန်းကျင်ကာလမှာ Winston ကို ဘုရင်တစ်ပါး လို့ ‌ပြောလို့ရတယ်။
သူက American brand ဆိုပေမယ့် နာမည်ပဲ ကျန်တာ
လို့တောင် ပြောလို့ရတယ်။သူ့ကို ထုတ်ခဲ့တဲ့ Company က
Imperial To***co Company ကို 7.1 billion နဲ့ 2015 မှာ
အပြီးရောင်းလိုက်တယ်။ ဆိုတော့ အခု Winston က
ITG Brands လို့ခေါ်တဲ့ Third-party company တွေနဲ့
run နေတာဗျ။

သူ့က U.S မှာ နာမည်ကျလာတဲ့အခါ ရောင်းရပြုရ အဆင်
မပြေတော့ဘူး ဆိုပေမယ့် Japan To***co ကိုင်ထားတဲ့
outside U.S မှာ လုံးဝ အောင်မြင်တယ်။ ဒီတော့ Winston
က ကျနော့်အတွက် ရှုပ်ထွေးပွေလီတဲ့ ဇာတ်လမ်းတစ်ပုဒ်လို
ရင်တမမနဲ့ ကြည့်နေရတဲ့ အရာဆိုလဲ မမှားပါဘူး။

အခု ဒီ Caster ကို လောလောဆယ် ဈေးကွက်ထဲက Mevius
Caster နဲ့ ယှဉ်ပြောရမယ်။ Winston Caster က ၁၁၀၀ ဝန်းကျင်
ပတ်ချာလည် ပေးရပြီးတော့ Mevius Caster ကတော့ ၁၉၀၀
ဝန်းကျင်ပေးရတယ်ဗျ။
ဆိုတော့ ဈေးနှုန်းကြောင့်ပဲလားတော့ မသိဘူး။
အရသာ ကွာတယ်။ ဒီ caster က တော်တော့်ကို ချိုတာဗျ။
ဘယ်လောက်ထိလဲ ဆိုရင် ကျနော်တို့ သောက်ပြီးတဲ့အခါ
လျှာနဲ့ နှုတ်ခမ်းကို သတ်လိုက်ရင်တောင် နှုတ်ခမ်းမှာ အချို
ဓာတ် အပြည့်အဝ ရှိတယ်။
Mevius caster ကတော့ အဲ့လောက်မချိုဘူး။
နဲနဲလဲ ပိုပြီး အရသာ ပျင်းတယ်။ မချို မခါးလေးပဲ။
ဒီ Winston ကတော့ အရသာလဲ ပိုပြီးတော့ light ဖြစ်တယ်။
‌ခပ်ဖွဖွ‌လေးကိုမှ တော်တော်ချိုတာ။ ဆိုတော့ လက်ဖက်ရည်
ဖန်ဆိမ့်လေးနဲ့ဆို တော်တော် လိုက်ဖက်မယ်ထင်တယ်။

သူ့ကို လူငယ်တွေ သောက်သင့်တယ်။ ဘာလို့လဲ ဆိုရင်
အရသာလဲ light ဖြစ်တယ်....... ချိုလဲ ချိုတယ်....... ဆိုတော့
cigarette ကို fun ဖြစ်ရုံလောက် ပေါ့ပေါ့ပါးပါးသောက်တဲ့ သူ
တွေအတွက် အဆင်ပြေတယ်။
နောက်တစ်ချက်က ရုံးသမားတွေ၊ Agency မှာ cigarette ကို
အပြင်မှာ ထွက်ပြီး သောက်ရလေ့ ရှိတဲ့သူတွေ အတွက်
သက်တောင့်သက်သာနဲ့ အရသာရှိတဲ့ feeling မျိုးကို ပေးနိုင်
တဲ့အတွက် စမ်းသောက်ကြည့်သင့်တယ်။

16/09/2019

Norman's Blog

16/09/2019
16/09/2019

() Red Ruby

Ruby အကြောင်း ရေးဖို့ ကြိုးစားကြည့်တော့
ဒီကောင်နဲ့ ပက်သက်တဲ့ တိကျတဲ့ အထောက်အထား
မရှိဘူး။ အဲ့တော့ သူ့ကို ထုတ်တဲ့ Virginia To***co
Co;Ltd. အထိ ပြေးရှာတယ်။ အဲ့ကောင်လဲ ဘာမှန်းမသိ
ဘူး။ အဲ့တာနဲ့ ဟိုး သူတို့အားလုံးရဲ့ အချုပ် Union of
Myanmar Economic Holdings ထိရောက်သွား
တယ်။

အဲ့ဒီမှာ ရေးချင်စိတ်က ပျောက်စပြုနေပြီ။ Ruby ကို
ဆေးလိပ်စသောက်တုန်းက တော်တော်ကြိုက်တယ်။
ဆိုင်တွေမှာက အဲ့တာပဲ အများဆုံး ရတာကိုး......။
တကယ်စဉ်းစားကြည့်မှ အဲ့ကောင်က quality လဲ မကောင်း၊
filter လည်း မကောင်း၊ ဆေးသားလဲ မကျစ် ပြီးစလွယ်
လုပ်ထားတဲ့ ဆေးလိပ်ကို ကျနော် ဘာကြောင့် သောက်ခဲ့
မိပါလိမ့်လို့ တွေးတယ်။ အဲ့ဒီအစား ဂျိုသိန်းတို့၊ နှင်းဆီတို့၊
ခြေင်္သေ့သုံးကောင်လိုမျိုး ဖက်ကြမ်း ဖွာလိုက်တာမှ တော်ဦးမယ်။

ဒီတော့ ပြောရရင် UMEH က မြန်မာ့ တပ်မတော်က ထောင်
ထားတာ။ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ လက်အောက်မှာ ရှိတယ်။
UMEH က 1990 Feb မှာ စပြီး တည်ဆောက်ခဲ့တာလို့တော့
တွေ့တယ်။ ဆိုတော့... ကျနော်တို့ Red Ruby နဲ့ပက်သက်ပြီး
ထူးခြားချက်တွေ၊ brand တည်ဆောက်ပုံတွေ၊ marketing တွေ၊
Fashion တွေ.... ဘာမှ မရပဲ.... ရောဂါတစ်ခုပဲ only ပေးနေတဲ့
Cigarette brand တစ်ခု သက်သက်ဖြစ်လာတယ်။

အခု Ruby တစ်ဘူး ၁၂၀၀ ခေတ်မှာ ကျနော်တို့က ruby ကိုပဲ
ဆက်လက် ရွေးချယ်နေဦးမှာလား........။
တစ်ခြား brand တွေကိုရော မြည့်စမ်းပြီး သောက်ကြည့်သင့်
ပြီလို့တော့ ကျနော်က ထင်တယ်။
Lucky Strike
Camel
Marlboro
Kent
Mevius
London
Premium Gold
Chesterfield.....etc.
လိုမျိုး ကမ္ဘာနဲ့ချီပြီး ရှိတဲ့ များစွာသော brand တွေကို ကျနော်တို့
မြည်းစမ်းသင့်ပြီ။

ကျနော်လဲ တတ်နိုင်သလောက် လိုက်ဝယ်ပြီး သောက်ကြည့်မယ်။
ခင်ဗျားတို့လဲ ကျနော့်ကို လာလှူလို့ ရပါတယ်။ အားမနာပါနဲ့.....။
တကယ် အတည် အလှူခံပါတယ်။

ဖက်ကြမ်းဖွာရင်း ရေးလိုက်သည်။ keke:3

09/09/2019

ဖက်ကြမ်း ဘက်တွေမှာဆို အရသာပိုင်းအရ
ကျနော်က ခြေင်္သေ့ကို တော်တော်ကြိုက်တယ်။
သူ့ရဲ့ ဆေးသားက များသောအားဖြင့် ကျစ်ပြီးတော့
သုံးထားတဲ့ ဖက်ရွက်က နဲနဲပိုပါးတယ်။
ပျံလွှား သုံးကောင်နဲ့ ယှဉ်ရင် ကျနော်က ခြေင်္သေ့ကိုပဲ
ပိုသောက်ဖြစ်တာ များတယ်။ အရင်တုန်းကတော့
ပျံလွှား သုံးကောင်က ဆေးသားကောင်းတယ်၊ ဆေးလိပ်
ကျစ်တယ်..... နောက်ပိုင်းတွေမှာ အဲ့လို မဟုတ်ချင်တော့ဘူး
နဲနဲ ယိုယွင်းစပြုလာတယ်။

08/09/2019

() M a r l bo ro အပိုင်း(၂)

ဆိုတော့ Pilip Morris က ယောက်ျားတွေကို
စပြီး ဦးတည်တယ်။ အဲ့ခေတ်က cigarette တွေမှာ
နှစ်မျိုး ရှိတယ်။ filter ပါတာနဲ့၊ မပါတာ.....။
filter မပါတဲ့ cigarette တွေက အဆုတ်ကင်ဆာ
ဖြစ်နိုင်ချေ ပိုများတယ်။ ဒေါက်တာ သောက်ဆန်းတွေရဲ့
လေ့လာမှုကြောင့် အမျိုးသမီးတွေ အတွက် ဆေးလိပ်
ဈေးကွက်က တစ်ဖြေးဖြေးကျလာတဲ့ အခါ ဆေးတံတွေမှုတ်၊
Cigar တွေ ခဲနေတဲ့ အမျိုးသားတွေ အတွက် cigarette
က ရွေးချယ်စရာကောင်းတဲ့ အရာတစ်ခုဖြစ်လာခဲ့တယ်။
အထူးသဖြင့် filter ပါတဲ့ cigarette တွေပေါ့။

ရှေးဟောင်း ရောမ တွေရဲ့ ပထမဆုံး ဖွဲ့စည်းတည်ဆောက်ပုံ
Roman Sanate အကြောင်းကို သမိုင်းပြုဆရာ Appian
က ရေးခဲ့တယ်။ အဲ့ထဲမှာ ဘိုးတော် ဂျူးလိယက် ဆီဆာ က
" I came, I saw, I conquered " ဆိုပြီး ပြောခဲ့တယ်။
Latin စကားနဲ့ဆို "Veni, vidi, vici" လို့ ခေါ်တယ်။
အဲ့ဒီ စကားသုံးလုံးကို Marlboro ရဲ့ ဘူးခွံ ထိပ်မှာ
တံဆိပ်တစ်ခုအနေနဲ့ ရေးဆွဲ ဖော်ပြခဲ့တယ်။ ပြီးတော့
Cowboy တွေကို Marlboro ရဲ့ figure အဖြစ် သတ်မှတ်
ပြီးတော့ အဲ့ဘဲတွေကို Marlboro Man လို့တောင် နာမည်ပေး
ခဲ့တယ်။ အဲ့တာတွေက 60s ဝန်းကျင်မှာ သူလုပ်ခဲ့တာတွေပဲ။

နောက်ပိုင်းမှာ Marlboro က ပိုပြီး နူးညံ့အောင်၊ အနံအရသာ
ပျော့ပျောင်းပြီး အချိုဓာတ်ပိုကဲအောင် ထုတ်ဖို့ ကြိုးစားလာတယ်။
အဲ့အတွက် ammonia ကို to***co ထဲကို
ထပ်ပေါင်းထည့်ခဲ့တယ်။ ဘာဖြစ်လဲ ဆိုတော့....
ammonia နဲ့ to***co smoke ဓာတ်ပြုပြီး
free ni****ne ဖြစ်သွားတယ်။ ပြောချင်တာကတော့
ni****ne ပမာဏ များများ ခန္ဓာကိုယ်ထဲ မဝင်တော့ဘူး
ဆိုတာပါပဲ။ ဒါနဲ့ပဲ Marlboro က......
တခြား ဆေးလိပ်တွေထက် ပိုနေရာရလာတယ်။

တရားလွန်လာတဲ့ Marlboro က အဲ့ဒီ formula ကို လျှို့ဝှက်ထားပြီး
ရိုးရိုး co***ne ကနေ crack co***ne ဖြစ်အောင် ထက်ကြိုးစားတယ်။
အောင်မြင်ခဲ့တယ်ပဲ ပြောရမလား..... သူ ရသွားခဲ့တယ်။
အဲ့မှာ Marlboro ကရောင်းတဲ့ co**in ကို crack to***co လို့
ခေါ်ပြီး သူက တရားဝင် ဆေးလိပ်ထဲမှာ ထည့်သောက်လို့ရတဲ့ co**in
ဖြစ်လာတယ်။

1960 ကာလမှာ Marlboro က Longhorn 100's ကို
စတင်မိတ်ဆက်ခဲ့တယ်။ သူက ရွှေရောင်နဲ့ full favour အမျိုးအစား။
ဒီလိုနဲ့ ဘာရယ်မဟုတ်ဘူး 70s ဝန်းကျင်လဲရောက်ရော ကမ္ဘာပေါ်မှာ
ရောင်းအား အကောင်းဆုံး cigarette ဖြစ်လာတာ........
အခုထိပဲပေါ့။

07/09/2019

() M a r l bo ro

ဒီကောင်က လူတိုင်းသိထားတဲ့ brand တစ်ခု။
ဘယ်က brand လဲ ဆိုရင် Amarican က
အဓိက manufacture လုပ်တဲ့ brand ပါပဲ။
အိုကေ........ ငယ်ငယ်က
ကြားဖူးတဲ့ ဗာဂျီးနီးယား (Virginia) ဆိုတဲ့ ပြည်နယ်
က To***co ကို အဓိကယူတယ်။ သူက Marlboro
ရဲ့ အကြီးမားဆုံး ကုန်ကြမ်းထုတ်လုပ်ပေးတဲ့ နေရာပဲ။

1972 ကစပြီး Marlboro က နိုင်ငံတကာဈေးကွက်
မှာရော Amarican ဈေးကွက်မှာရော....ထိပ်ဆုံး နေရာကို
ရလာတယ်။ Lucky Strike နန်းကျပြီးတဲ့အခါ ထောင်တက်
လာတဲ့ Amarican cigarette brand ပဲ။ Camel နဲ့
ယှဉ်ဖိုက် ပြီး ဈေးကွက်ကို ထိုးဖောက်လာခဲ့တယ်ပဲ ဆိုပါတော့။

သူက စလာကတည်းက luxury style နဲ့လာတာ။
1908 မှာ သူ့ရဲ့ founder Philip Morris* က
US ရဲ့ Cigarette brand license ထဲမှာ
Marlboro ကို registered လုပ်ခဲ့တယ်။
ဒါပေမယ့် အဲ့ အချိန်ထိ Marlboro ဆိုတဲ့ cigarette က
ဈေးကွက်ထဲကို မရောက်သေးဘူး။
တကယ်တော့..... ထုတ်ကို မထုတ်ရသေးတာ။

နောက် 1920 ရောက်မှ စထုတ်ဖြစ်တယ်။
1923 မှာ ဈေးကွက်ထဲကို စရောက်လာပြီး.....
နောက်တစ်နှစ်မှာ brand က အတည်တကျလေး ဖြစ်
သွားတယ်။ LS ကြီးစိုးနေတဲ့ 1930 မှာ Marlboro
ကလဲ marketing အပြိုင်အဆိုင် ဝင်ခင်းတယ်။
" Mild as May " ဆိုတဲ့ စာသားနဲ့အတူ Marlboro
က အရင် အောင်မြင်ပြီးသား Marlborough* ကို
revolution ပုံစံနဲ့ ပြန်မိတ်ဆက်ခဲ့တယ်။

ပြောချင်တာကဗျာ..... အရင်က Marlborough
ကို Philip က Marlboro ဆိုပြီး အသစ်ပြန်လုပ်တာ။
Marlborough က အရင်ကတည်းက အမျိုးသမီးတွေ
ကြိုက်တယ်.....။ ဘာလို့ revolution လုပ်ရလဲ ဆိုရင်
သူက luxury ပုံစံ ပြန်သွားချင်လို့ပဲ။ နဲနဲတော့ ရှုပ်တယ်။
ထားပါတော့ဗျာ......။

အဲ့တော့ 30s တုန်းက ဆေးလိပ်ဆိုတာ အမျိုးသမီးတွေကို
အဓိက ဦးတည်တာ..... ဘာလို့လဲ ဆိုရင် ယောက်ျားတွေက
ဆေးတံ ကိုက်လို့ကောင်းတုန်း... cigar ကြီးတွေ ငုံလို့ကောင်းတုန်းမို့။
ပိန်ပိန်သေးသေး cigarette လေးက အမျိုးသမီးတွေနဲ့
သိပ်လိုက်ဖက်တာဗျ။ အဲ့တော့ Marlboro က လည်တယ်။
သူတို့ရဲ့ filter ကို ခေတ်စားနေတဲ့ နှုတ်ခမ်းနီ အရောင်လို
နီနီရဲရဲလေး ဖန်တီးခဲ့တယ်။ ပြီးတော့ အဲ့ဒီ filter ကို
"Beauty Tips to Keep the Paper from Your Lips"
ဆိုပြီး နာမည်လှလှလေးပေးခဲ့တယ်။ သိပ်ကို luxury ဆန်လွန်း
ပါတယ်။

အဲ့ဒီနောက် world war ll မှာ ကပ်ဆိုက်တယ်။ ဘယ်သူမှ
မ လက်ဇူရီ နိုင်တော့ပဲ အကုန်ခွေးပြေးဝက်ပြေး ပြေးရတဲ့အခါ
Marlboro သောက်ပြဿနာ စတက်တယ်။ သူတင်မကဘူး
ဘော်ဒါတစ်သိုက် ဖြစ်တဲ့ LS, Mild Seven, Camel,
Chesterfield တို့ အကုန်လုံးပါ တိုင်ပတ်ခဲ့ရတဲ့ အချိန်တွေပေါ့။
1950 လည်းရောက်ရော....နောက် ပြဿနာ တစ်ခုပါ
ထက်တက်တယ်။ သိပ္ပံပညာဆရာဝန် ဒေါက်တာ သောက်ဆန်း
တွေက "ဆေးလိပ်သောက်ခြင်းသည် အဆုပ်ကင်ဆာ ဖြစ်စေသည်"
ဆိုတဲ့ စာတမ်းကို တင်ပြလိုက်တယ်။ ချက်ချင်းပဲ ဆရာသမား
Philip က Marlboro ကို ယောက်ျားတွေဘက် စပြီး
ဦးတည်တော့တာပါပဲ.......။

ဒီနေ့အချိန်မရတော့လို့ နက်ဖြန်ဆက်ရေးပေးပါ့မယ်။
အပိုင်း (၂) မျှော်........။

18/08/2019

() L u c k i e s

Lucky Strike က Amarican Brand တစ်ခုပဲ။
1930 နဲ့ 40's ဝန်းကျင်က Amarican မှာ
ရောင်းအား အကောင်းဆုံး ဆေးလိပ်ဖြစ်ခဲ့တယ်။
"ကံကောင်းခြင်း" ဆိုတဲ့ "Luckies" ကို အခြေခံတဲ့
Brand name ကြောင့်ပဲ တော်တော်အောင်မြင်တဲ့
Cigarette တစ်ခုဖြစ်ခဲ့တယ်။

သူ့ကိုစထုတ်ခဲ့တာ 1870 ကျော်ကျော်လောက်က....
ဆေးလိပ် brand ထဲမှာ သက်တော်ရှည် brand လို့တောင်
ပြောလို့ရတယ်..... ဘိုးအေ ဆေးလိပ် ပေါ့။
ကျနော်ပြောခဲ့သလိုပဲ 1920, 1930 ဝန်းကျင်ပိုင်းတွေမှာ
Lucky Strike ရဲ့ marketing Campinas တွေက
အရမ်းထိရောက်ပြီး ရောင်းအား အကောင်းဆုံး ဆေးလိပ်ဖြစ်
ခဲ့တယ်။ Music programs တွေ၊ radio programs
တွေမှာပါ LS က ကြီးစိုးထားတယ်။
ဘယ်လောက်ထိတောင်လဲ ဆိုရင် Jass* ဂီတပညာရှင်
Benjamin Albert Rolfe* ဆိုတဲ့ ဆရာသမားကတောင်
Lucky Strike Orchestra ဆိုပြီး တီးခဲ့ရသေးတယ်။
စကားမစပ် အဲ့ဘဲက ရုပ်ရှင် producer လည်း ဟုတ်တယ်။

Green ဆိုတဲ့ အစိမ်းရောင်ကို သူတို့ brand colour ဖြစ်
အောင်လုပ်ခဲ့တာကလဲ တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။
အဲ့ခေတ်က နာမည်ကြီးတဲ့ အမျိုးသမီးတွေကို အစိမ်းရောင်
ဝတ်စုံတွေ ချုပ်ပေးပြီး ပွဲတက်ခိုင်းတယ်.... နောက်ပြီး
အမျိုးသမီးထုကို ဦးတည်တဲ့ အနေနဲ့ အဲ့ခေတ်ကာလ fashion
ကိုပါ အစိမ်းရောင်လွှမ်းမိုးအောင် ပြုလုပ်ခဲ့သေးတယ်။နောက်ပြီး
ဆေးလိပ်သောက်ရင် ပိန်စေတယ် ဆိုပြီး ဂျင်းကောင်းကောင်း
ထည့်ခဲ့သေးတယ်ဗျ။

Luckies က နာမည်ကြီး smoker တစ်ယောက်ဖြစ်တဲ့
Bette Davis* ဆိုတဲ့ ဘွားတော် အတွက်တောင်
ရွေးချယ်ဖို့ ကောင်းတဲ့ cigarette ဖြစ်တယ်လို့ ချီးကျူး
ခံခဲ့ရတယ်။

သူ့ရဲ့ အကျပိုင်းက 1944 နောက်ပိုင်းက စတယ်။
သူတို့ရဲ့ colour ကို အဖြူရောင် ပြောင်းဖို့ စစဉ်းစားတဲ့
အချိန်ပေါ့။ (တကယ်တော့ ပြောင်းပြီးခဲ့ပါပြီ။ 1942 မှာပါ၊)
Designer ဆွဲပေးထားတဲ့ Green & Red Design ကို
စမန်ထပြီး White & Red ဖြစ်အောင်ပြောင်းခဲ့ပါတယ်။
အဲ့ဒီကာလတွေမှာ ဒုတိယ ကမ္ဘာစစ်လဲ ဖြစ်နေပြီပေါ့။
Modern ဆန်ဆန် ကာလာကို ရွေးခဲ့တဲ့ သူတို့က
မမှားပေမယ့် လူတွေ စာတတ်လာခြင်းက သောက်ပြဿနာ
ဖြစ်လာစေပါတယ်။ To***co ကနေ ရောဂါတွေ ဗလပွ
ထနိုင်မှန်း လူတွေ(အမျိုးသမီးတွေ) စသိတဲ့ အချိန်ကစပြီး
brand ဟာ အရောင်ကျလာတော့တယ်။

ပူရှိန်းရှိန်းလေး ဆိုတဲ့ အရသာကို 1960 မှာစပြီး
အသက်သွင်းခဲ့တယ်။ ပုံမှန် filters တွေ အစား
mentholated style filter ကို စပြီး မိတ်ဆက်တယ်။
အဲ့ဒီအချိန်မှ LS Green ဆိုပြီး ပြန်ဖြစ်လာတယ်။
ဒါပေမယ့် အရင်က စိမ်း လို တစ်ဗူးလုံးစိမ်းတာ
မဟုတ်တော့ပါဘူး။ ထားပါတော့......
ဘယ်လိုလုပ်လုပ် ကျရှူံးလာရာကနေ..... 2006 ကနေစပြီး
မြောက်အမေရိကမှာ LS ထုတ်လုပ်ခြင်းကို ရပ်ဆိုင်းလိုက်ပါတယ်။

အခုတော့ LS က အနည်းငယ်သော smoker base လေးနဲ့
ရပ်တည်နေပြီး နောက်ပိုင်း ဘယ်လိုဖြစ်လာဦးမလဲဆိုတာ
စောင့်ကြည့်စရာတော့ ဖြစ်နေပါပြီ။

Ps: LS ကြိုက်တဲ့လူတွေ ကြိုက်တဲ့အကြောင်း ment ပေးပြီး
မကြိုက်ရင်လဲ မကြိုက်ကြောင်း ment ပေးဗျာ......။
သိချင်ယုံ သက်သက်ပဲ............။

17/08/2019

M e v i u s ()

ကျနော်တို့သောက်နေတဲ့ Mevius ကို ဂျပန်က
Nihon Tabako ဆိုတဲ့ ကုမ္ပဏီက ထုတ်တာဗျ။
ဒီကောင်ကို အရင်က Mild Seven လို့လဲ ခေါ်တယ်။
အခုလဲ လက်ဖက်ရည်ဆိုင် တော်တော်များများမှာ
Mild Seven လို့ ခေါ်နေကြဆဲပါ။

သူက ဂျပန်က စထုတ်တဲ့ တကယ့် ဂျပန် brand ဗျ။
ဂျပန်မှာ 1970 ဝန်းကျင်ကာလတုန်းက ခေတ်စားတဲ့
Seven Stars ဆေးလိပ် brand ကို Mild version နဲ့
ထုတ်ခဲ့တာ.....။
အဲ့ဒီနောက်မှာ မူလ Seven Stars ကိုပါ
သူက ကျော်တက်ခဲ့တာကြောင့် ချက်ခြင်းပဲ နိုင်ငံတကာကို
စဖြန့်ခဲ့တယ်။
ဒါပေမယ့် နောက်ပိုင်းမှာ brands ၂ ခု အခြေအတင်တွေ
ဖြစ်လာတဲ့အတွက် သူတို့ထုတ်တဲ့ တစ်ခြား brand ဖြစ်တဲ့
Cabin* ကိုပဲ Mild Seven အနေနဲ့ ဘူးခွံ Design ရော
ဘာရော အကုန်ပြင်ပြီး ထုတ်လိုက်တယ်။

အဲ့ဒီအချိန် TVC တွေမှာ
" The blue world of Mild Seven " ဆိုပြီး
ကြော်ညာတယ်။ တစ်ဆက်ထဲမှာပဲ အပြာရောင်က သူ့ရဲ့
Brand colour ဖြစ်လာတယ်။
2012 ရောက်မှ Mild Seven ဆိုတဲ့ နာမည်ကနေ
Mevius ဆိုပြီး ဖြစ်လာခဲ့တာ။

မြန်မာနိုင်ငံမှာ Ruby နဲ့ Lucky Strike ပြီးရင်
တတိယ လူသောက်အများဆုံး brand ပဲ။
သူ့ရဲ့ အရသာက ခပ်လေးလေး ပင်ပင်ရှိတယ်။
ပြီးတော့ Ruby နဲ့ မတူတဲ့အချက်က
ဆေးသား ကျစ်တာပဲ။
ဆေးလိပ်က Ruby နဲ့ ယှဉ်ရင် နဲနဲ တိုပေမယ့်
ဆေးသားကျစ်တော့ သောက်ရတာ အဆင်ပြေတယ်။

ဒီမှာ Originl blue, Sky blue နဲ့ Blueberry ပဲ
အများဆုံး သောက်ကြတယ်။
တကယ် ဆေးလိပ်ကို ပေါ့ပေါ့လေး သောက်ချင်ရင်
One, Light လိုမျိုး ဝယ်သောက်သင့်တယ်။
ကျနော်ကတော့ Original blue ကို အကြိုက်ဆုံးပဲ။
ခပ်ပျင်းပျင်းရှရှ နဲ့ တစ်လိပ်ထဲနဲ့ လုံလောက်တဲ့
cigarette မျိုးပါပဲ။

13/08/2019

Cigarette တွေရဲ့သမိုင်းကြောင်းက
သိပ်တော့ အရှုပ်အထွေးကြီး မဟုတ်ဘူး။
9th ရာစုလောက်က စပြီး Maxico နဲ့
America တစ်ဝိုက်မှာ smoking tube
တွေနဲ့ စသောက်ကြတယ်။
ကျနော်တို့ရဲ့ ပေါက်ကရ လေးဆယ် God တွေဖြစ်တဲ့
မာယာကောင်တွေက ဒါတွေရဲ့ ဇာတ်လမ်းအစ။
သူ့ရဲ့ နောက်ပေါက် Aztecs တွေလဲ ပါတယ်။

အဲ့ခေတ်နဲ့ဆိုရင်တော့ Cigar တွေပေါ့။
Cigar တွေကို Maxico နဲ့ South America တစ်ဝိုက်မှာ
စပြီး သောက်ဖြစ်ကြတယ်။
ဒါပေမယ့် သိပ်မကျယ်ပြန့်သေးဘူး။
To***co ရယ်၊ ဘာရယ်လဲ တိတိကျကျ မသုံးသေးပါဘူး။

17th ရာစုကို ခုန်ပျံပြီး ရောက်လာတော့မှ
ပြင်သစ်ဖက်မှာ fine paper* လို့ခေါ်တဲ့
Cigarette လိပ်တဲ့စာရွက် စပြီး ဖြစ်လာတယ်။

1830 ပြီးတော့ 1845 ရောက်မှ ပြင်သစ်မှာ
Cigarette ရယ်လို့ စဖြစ်လာပြီး to***co ကို အသုံးပြုပြီး
ဈေးကွက်ထဲကို စရောင်းဖြစ်တယ်။

အင်္ဂလန်ထိပါ ရောက်ပြီး cigarette ဈေးကွက်ကြောင့်ပဲ
Cigarette လိပ်စက် ပေါ်လာပြီး ကုမ္ပဏီတွေ ပေါ်ပေါက်လာတာ။
လက်နဲ့ လိပ်တဲ့ လုပ်ငန်းတွေလဲ မနည်းမနောပဲ ပေါ်လာတယ်။

09/08/2019

အသက်ကို မရှင်ချင်တော့ဘူး.....
အဲ့လို ပြောရင်း ဆေးလိပ်သောက်နေခဲ့တဲ့ ညတွေကလဲ
မနည်းမနောပါပဲလေ။

ဝေဒနာတွေ မရှိတဲ့ ဖီးနစ်ငှက်လို
အတောင်ညောင်းတဲ့ အထိ ပျံသန်းချင်ပေမယ့်
ခြေထောက်မှ ကြိုးတွေနဲ့......။

အခိုင်ခံဆုံး သံယောဇဉ် မျှင်မျှင်လေးတွေနဲ့
ခန္ဓာကိုယ်ကို ထွေးပွေနေသလို
လူကိုလဲ အဆုံးစွန်သော ရမ္မက်မီးထဲ ပို့လွှတ်တယ်။

ဒီသံသရာမှာ အကွေ့တွေများသာ ရှိရင်
ကျနော် ခင်ဗျားနဲ့အတူ နောက်တစ်ကြိမ်ဆုံချင်ပါသေးတယ်။
ဒီတစ်ကြိမ်တော့ လွှတ်မြောက်ခွင့်လေး ပေးခဲ့ပါ.....မေ။

06/08/2019

နိုင်ငံခြားပြန် တက္ကသီလတွေ ပေါများကြောင်းကို JS က
KFC ထိုင်မှ သိလိုက်ရတယ်။

ကျနော်လဲ သူတို့ဆီမတက်ဖူးတော့ ဘယ်လို ဘယ်ကြောင်း
ရှိတယ်လို့ရယ် တိတိကျကျတော့ မသိဘူး။
ကျနော်တကယ် နားလည်တာက သင်ကြားခြင်း၊
သင်ယူခြင်း ဆိုတာနဲ့ ပက်သက်တဲ့ အချို့ အချက်တွေပဲ။

တကယ်တမ်း တွေးကြည့်ရင် သူတို့လဲ
သင်ရိုးစာအုပ်တွေ ရှိမယ်.... ဒီလိုပဲ သင်ကြ ကြားကြမယ်ပေါ့။
ဘယ်လို ဆန်းသစ်တဲ့ သင်နည်းနဲ့ပဲ ဖြစ်ဖြစ်...
သင်တာက သင်တာပဲ.... ဒါပေမယ့်.....
သင်ကြားခြင်းနဲ့ ပက်သက်ပြီး နဂိုမူလ ပထမက "အတွေး"
ဆိုတာကို ယုံ။

တကယ်တမ်း ဆရာ့ဆရာကြီးတွေ ကျနော်တို့ကို သင်ကြားတယ်။
အဲ့ဒီ ဆရာ့ဆရာတွေလဲ စဉ်းစားပြီးမှ ဒါတွေကို သိခဲ့တာ
မဟုတ်လား။ ရိုးရိုးရှင်းရှင်း ပြောရရင်ဗျာ။
ပီမိုးနင်း
အဲ့ဘဲ ရေးတဲ့စာတွေက တော်တော်လန်းတယ်။
ကျနော်သူ့ fan တော့ မဟုတ်ပါဘူး။
ထားတော့ တကယ်တမ်း သူ့ကို ဒီလိုစာတွေ ရေးတတ်အောင်
သင်ပေးတာက စဉ်းစားခြင်းပဲ။
အတွေ့အကြုံ လဲ ပါသေးတယ်လို့ ကျနော့်ကို ထောက်ပြကြလိမ့်မယ်။
အတွေ့အကြုံကို စဉ်းစားခြင်းနဲ့ မပေါင်းစပ်ရင်လဲ ဂွမ်းတာပဲ....
လို့ ကျနော် ပြန်ပြောမယ်။

ဒီအတိုင်းသာဆို နိုင်ငံခြား တက္ကသိုလ်မကလို့ ကမ္ဘာခြားတက္ကသိုလ်ပဲ
သွားသွား အဓိက ကျတဲ့ စဉ်းစားခြင်းမှာ တင်းပြည့် ကျပ်ပြည့်
အလုပ်မလုပ်နိုင်ရင် ဘာမှ မကျိုးမထူးဘူး။

အတွေး သက်သက်သာ

03/08/2019

ပလုံသွားသော စာတိုပေစများနှင့် ဓာတ်ပုံများနှင့် အမှတ်တရဖြစ်စေရန် မှတ်တမ်းတစ်ချို့အား.......သာဓု သုံးကြိမ် ခေါ်ဆိုပေးရန်
Ps: page လေး ၂ ခု အပါအဝင်

03/08/2019

Norman's Blog's cover photo

Address


Telephone

+959885490740

Website

Alerts

Be the first to know and let us send you an email when Norman's Blog posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share