Sphider Gaming

  • Home
  • Sphider Gaming

Sphider Gaming like and follow

18/10/2020

ခိုင်မာတဲ့ရပ်ကွက်တစ်ခုဖြစ်လာဖို့ရယ်

ဘာလိုတစ်ခြားရပ်ကွက်တွေနဲ့ကွာဟနေရတာလဲသိ

ချင်ရင် ဖတ်

Sponsorship And Viewers
ကျွန်တော်တို့ အခုမြင်တွေ့နေရတဲ့ Media တွေ၊organizationတွေ၊MLBB အပါအဝင် အခြားအခြားသော အားကစားပြိုင်ပွဲတိုင်းရဲ့နောက်ကွယ်မှာ အသင်းတစ်သင်းဖြစ်တည်လာဖို့ Leagueတစ်ခုဖြစ်တည်ဖို့
အတွက် Budget ထုတ်ပေးမည့် Sponsor တွေ
များစွာရှိပါတယ်။Sponsor တွေများလာတာနဲ့အညီ
Budget တွေ လုံလောက်လာတဲ့အတွက် အခမ်းအနား ရဲ့ အခင်းအကျင်း၊နည်းပညာ၊လူအင်အားကအစ တိုးတက်လာတဲ့အတွက် ရိုးရိုးပြောရလို့ရှိရင် Community တစ်ခုက အဆင်မြင့် လာပါတယ်။Budget သိန်းတစ်ထောင်နဲ့လုပ်တဲ့ပွဲ နဲ့ သိန်းတစ်ရာနဲ့လုပ်တဲ့ ပွဲ အရှိန်အဝါ ချင်း က
မိုးနဲ့မြေပါ။Indo MPL ဆိုရင် LED screen နဲ့ Stageစင်တွေ၊ များပြားလှတဲ့Panelists နဲ့ Casters တွေ၊ Public Attraction အတွက် Popularityများတဲ့ Streamersတွေ၊ပွဲ မှာလည်းBattle တိုင်း ရဲ့ data တွေကို မှတ်ထားပြီး Statistics ကျကျ အသင်းနှစ်သင်း၊ ကစားသမားအချင်းချင်းကိုနှိုင်းယှဉ်ပြ တာတွေ ဟာ ပရိတ်သတ်တွေ အတွက် စိတ်ဝင်စားစရာပါ။
လူအင်အား၊နည်းပညာအား ဒီလို‌စိုက်ထုတ်နိုင်တာကလည်း များပြားလှတဲ့Sponsor တွေကြောင့်ပါ။
သူတို့ဘာလို့ အဲ့လို Sponsor တွေရနေတာလဲ?
ရှင်းပါတယ်။ စိတ်ဝင်စားမှုများလို့ပါ။Facebook Term နဲ့ ပြောရရင် Viewers တွေ ၊Like တွေ၊React တွေများလို့ပါ။ Sponsor လာပေးတယ်ဆိုတာကလည်း ပရဟိတ လာလုပ်တာမဟုတ်ပါဘူး။
သူတို့ Product ကို ကြော်ငြာချင်လို့ပါ။အဲ့တော့ ရိုးရိုးလေးပါဘဲ Viewers များတဲ့ Indo mpl မှာ
Sponsor သွားပေးပြီး Community ကြီးက ကြီးသထက်ကြီးလာပါတယ်။ အဲ့ဒါဆို ဘာလို့ viewers
တွေများနေရတာလဲ indo မှာ?အဲ့ဒါကလည်း ရှင်းပါတယ်။ ကြည့်ကောင်းလို့ viewersများတာပါ။Rrq၊Evos Legend၊ Onic တို့အပါအဝင် Bigertron၊Alter Ego၊Genflix တို့ကပါ အသီးသီး Strong လာကြပါတယ်။ အကောင်းဆုံး ဆိုတာ ဘယ်သူလည်း မသိရပါဘူး။ Strategy ပိုင်းမှာ မာယာများတာတွေ၊Draft လျှိုတာတွေ၊Flow အသစ်အဆန်းတွေ ၊ Player တွေရဲ့ Individual Skill တွေ ၊Teamwork တွေ ဟာ MLBB ဆော့သူတိုင်း အတွက် ဆွဲဆောင်မှုရှိလှပါတယ်။MPL ကို
Indonesia၊Philipines၊Malaysia/Singapore၊Myanmar တို့မှာ အခု ကျင်းပနေပါတယ်။ Prize Pool တွေမတူသလို Sponsorship တွေလည်း မတူပါဘူး။ ဥပမာပြောရရင် Premier League နဲ့ Italy Series A ရဲ့ အရှိန်အဝါချင်း မတူပါဘူး။
Premier League ရဲ့ တန်းဆင်းအသင်းတောင်
အခြားLeague တွေရဲ့ Top 2 Top 3 ထက်Income များတဲ့အတွက် အဲ့ဒါကိုကြည့်ချင်းအားဖြင့် Community တစ်ခု ရဲ့ Growth က ဘယ်လောက်ထိ အရေးကြီးလည်း သိနိုင်ပါတယ်။MM mpl ရဲ့ Pricepool က indo နဲ့ philippines ရဲ့ တစ်၀က်ဘဲ ရှိတာတော့စိတ်မကောင်းစရာပါ။ အဲ့ဆို BGကတောင် Philippines ကိုယ်စားပြု Sunsparkကို M1မှာရိုက်ခဲ့သေးတာပဲ။ဘာလို့ Pricepoolနဲ့ Sponsor တွေ ကဘာလို့ ထင်သလောက် တက်မလာရတာလဲဆိုတော့ အမှန်တိုင်းပြောရရင် ရင်နာဖို့ကောင်းပါတယ်။Sponsorship တွေက ဘယ်သူက ပိုကောင်းလည်း သိပ်စိတ်မဝင်စားပါဘူး။သူ့ရဲ့ productကို ဘယ်မှာ ပြရင် လူဘယ်လောက်မြင်မလဲ ဘယ်League မှာ Viewersများမှာ လည်းဘဲ စိတ်ဝင်စားကြတာပါ။အဲ့တာကြောင့် မြန်မာမှာလည်း ပြိုင်ဆိုင်မှုပြင်းထန်ပြီး ပွဲစဉ်တိုင်း က စိတ်ဝင်စားဖို့ ကောင်းမှသာ Pricepool တွေ Sponsor တွေများလာမှာပါ။
မြန်မာမှာ Burmese Ghouls က လွှမ်းမိုးမှု အများဆုံးနဲ့ Fan Base အများဆုံး အသင်းဖြစ်ပြီး
MPL Title ကို 3ခါ ရဖူးတဲ့ ပထမဆုံးအသင်းလည်းဖြစ်ပါတယ်။ YG နဲ့ Claw တို့ကလည်း အနီးကပ်ဆုံး ဖိအားလိုက်ပေးနိုင်ခဲ့ပင်မယ့် ပြိုင်မြင်းအဆင့်ကို ရောက်လိုက်မရောက်လိုက်နဲ့ပါ။
တစ်ခြား ပွဲတွေမှာလည်း Early3 min လောက် သာသွားတာနဲ့ တစ်ပွဲလုံးသာသွားပြီး နိုင်သွားတဲ့ပွဲ တွေက ကြာလာရင် ပရိတ်သတ်ကို ငြီးငွေ့စေပါတယ်။Comeback မရှိတဲ့ပွဲတွေ၊ တစ်ဖက်သက်ဆန်လွန်းတဲ့ ‌ပွဲတွေက ဆွဲဆောင်မှုမရှိလှပါဘူး။ အသင်းတိုင်းကလည်း အမြဲနိုင်ပွဲတွေ၊revenge တွေကို ဆာလောင် နေမှ ပွဲတိုင်း ပွဲတိုင်းဟာ မြိုင်ဆိုင်နေမှာဖြစ်ပြီးsponsor တွေကလည်း အဲ့ဒါမှ မြန်မာ MPL အတွက် Budget များများ ထုတ်ပေးချင်မှာပါ။Fan တွေကလည်း ကိုယ့်အသင်း‌ကို အားပေးပုံအားပေးနည်း မှန်ဖို့လိုအပ်ပါတယ်။ ခုခေတ်က fan တွေ က အသင်းတွေကို အဆိပ်ခတ်တဲ့ခေတ်ပါ။ပြိုင်ဘက်အသင်းကို မလေးစားတဲ့အပြင် ပုတ်ခတ်ပြော‌ဆိုလာကြပါတယ်၊ရန်တိုက်ပေးလာကြတယ်။Comment တွေက မဖတ်လည်းတွေ့နေရတော့
အိမ်နဲ့ပတ်ဝန်းကျင်ကို တော်လှန်ပြီး ကြိုးစားနေတဲ့ Players တွေအဖို့က ဆုပ်လည်း ဆူး စားလည်း ရူးပါ။ အသင်းသစ် ထွက်လာလိုက် ဝိုင်းဆဲလိုက် Disband လိုက်နဲ့ Experienced Team ဆိုတာ
မရှိတော့ပါဘူး။Tournament experience မရှိတဲ့အတွက် Generation ပြတ်လတ်ပြီး International ကိုလည် BG ကလွဲလို့ သူတင်ကိုကိုယ်တင် မဆော့နိုင်ပါဘူး။ အမှန်တိုင်းပြောရရင်BG တောင် တစ်ဆင့်နိမ့်နေသလို ခံစားရပါတယ်။Indo mpl အခု season မှာ RRQ vs Evos Regular Season မှာတောင် Peak viewers က 1.7Millions ပါ။ Mm mpl ထက် 10 ဆ ကျော်များပါတယ်။Double Live လွှင့်ပြီး Cast တဲ့ Caster တွေကလည်း MLBB MM OFFiCIAL LIVE မှာ Viewer တွေပိုများအောင် ကူညီ‌ပေးကြပါ။ဒီ Community ကြီးတိုးတက်လာရင် မိမိလည်း အခွင့်လမ်းတွေ များလာမှာ ဖြစ်တဲ့အတွက် ခုအချိန်မှာတော့ ETHICS ရှိပေးဖို့လိုပါတယ်။ fan တွေအနေနဲ့မိမိအားပေးတဲ့အသင်းတွေကို International နဲ့ယှဉ်နိုင်ပြီး Emotes တွေ Sticker တွေနဲ့ တန်းတူ အခွင့်အရေးတွေရတာကို လိုချင်လား၊ ဒါမှမဟုတ် ရေအိုင်ငယ်လေးထဲမှာဘဲ ကျက်စားစေ ချင်တာလားဆိုတာ မိမိနဲ့ဘဲသက်ဆိုင်ပါတယ်။Playerတွေကို မ blame ဘဲ အားပေးခြင်းအားဖြင့် အသင်းတွေရဲ့Growthကို ကူညီပေးပါ။ဒါမှသာလျှင် ပြိုင်ဆိုင်မှုပြင်းထန်ပြီး အဆင့်အတန်းမှီတဲ့ MLBB Professional League ကို မြန်မာနိုင်ငံမှာ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။


Crd Castbywaiwai Page ပါ
ကျနော်တို့Page ကနေ Mpl Double Live မလွှင့်တော့ပါဘူးဗျ MLBB Myanamr Page မှာဘဲ MPL တူတူကြည့်ကြတာပေါ့ ❣

18/10/2020

ကျနော်တို့ မြန်မာ mpl အတွက်
Like and share
Viewer များလာဖို့ လိုပါတယ်
ဒီလို လူကြည့်များလာမှ
မြန်မာ Esport ဟာ sponsored များလာမှာဖစ်ပီး
ပိုမို တိုးတက်လာနိုင်တယ်
Pre live မိုလို့ blame နေမယ့်အစား
Indo လို supporting ကောင်းကောင်းနဲ့
Live ပြသနိုင်အောင်
တက်နိုင်သလောက် shareခြင်းကူညီကြပါဗျာ
Mpl mmအတွက် sponsoredများလာပါက
Myanmar Esport တိုးတက်လာနိုင်ပါတယ်


29/06/2020

ဒီနေ့ည မင်းရဲ့ကိုကြီး
Gfatt ရဲ့ နာရတဲ့ကဗျာ နဲ့

စတွင်းမယ် စတွင်းမယ်
Ok

Address


Website

Alerts

Be the first to know and let us send you an email when Sphider Gaming posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share