Media Queen TV

  • Home
  • Media Queen TV

Media Queen TV Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Media Queen TV, Media/News Company, .

23/06/2023

" အနှောင်အဖွဲ သီချင်းလေးကို ပရိသတ်တွေ အများကြီးက လက်ခံပေးခဲ့ကြတာပါ။ သီချင်းလေးသာ လူတစ်ယောက်ဖြစ်မယ်ဆိုရင် သူက မီးနိုရဲ့ Idol ဖြစ်လာမှာ‌‌ပေါ့နော်။ သူ့ကြောင့်ပဲ အားအင်တွေ ရခဲ့တယ်။ ကြည်နူးခဲ့ရတယ် "
.... လိုပြောပြလာတဲ့ အဆိုတော် မီးနို နှင့် ခဏတာ



#မြန်မာအဆိုတော် #မီးနို


#" မီးနို " ကို " အနှောင်အဖွဲ " နဲ့ တွဲသိလာကြတယ်

23/06/2023

“ အနုပညာကို ရူးသွပ်စွာ ဆုထက်က ကြိုးစားခဲ့တယ်။ ထမင်းရှင် ပရိသတ်တွေရဲ့ ကျေးဇူးကို ရိုးသားတဲ့ အနုပညာလုပ်ရပ်တွေနဲ့ ပေးဆပ်သွားမှာပါ။ ဝမ်းစာ ဖြည့်နေဆဲမို့ လောဘမကြီးဘဲ စိတ်ရှည် သည်းခံ လမ်းကြောင်းမှန်‌အောင် ကြိုးစားသွားမယ်။ အကောင်းဆုံး ဖန်တီးမှုတွေကို နှလုံးသားနဲ့ရင်းပြီး ချပြသွားမယ် ”
.... လို့ပြောပြလာတဲ့ သရုပ်ဆောင် / အဆိုတော် ဆုထက်လှိုင် နှင့် ခဏတာ



#မြန်မာသရုပ်ဆောင် #အဆိုတော် #ဆုထက်လှိုင်


#သူတစ်ပါးကို “ ချနင်း ” ပြီး မအောင်မြင်ချင်ဘူး

23/06/2023

" အန်တီဝါ့ အသက်အရွယ်က အဆီချဖို့ လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန် မလုပ်နိုင်တော့ပါဘူး။ ခုတော့ ဗိုက်က အဆီတွေကို ထုတ်လိုက်ပါပြီ။ ဗိုက်အဆီချလိုက်လို့ ကမ်းခြေမှာ အမှတ်တရပုံလေးတွေ ရိုက်ခဲ့တာပါ။ ကိုအောင်ခိုင်က လှရင် ပြီးတာပါပဲလို့ ပြောတယ် "
.... လို့ပြောပြလာတဲ့ သရုပ်ဆောင် အကယ်ဒမီ ဝါဝါအောင် နှင့် ခဏတာ



#မြန်မာသရုပ်ဆောင် #အကယ်ဒမီဝါဝါအောင်


# ဗိုက်အဆီချဖို့ သိန်း (၃၀) ကုန်ကျခဲ့တယ်

23/06/2023

“ ဖေဖေနဲ့မေမေက ပန်းရောင်ကို ပိတ်ပင်တာမျိုး မရှိပါဘူး။ ဘယ်အလုပ်မဆို တစိုက်မတ်မတ် လုပ်ပြီး ကြိုးစားဖို့ မှာထားတယ်။ ပန်းရောင်လည်း အသက် (၂၇) ရောက်လာပြီမို့ ရင့်ကျက်လာပါပြီ ”
..... လို့ပြောပြလာတဲ့ သရုပ်ဆောင် / အဆိုတော် ပန်းရောင်ခြယ် နှင့် ခဏတာ



#မြန်မာသရုပ်ဆောင် #ပန်းရောင်ခြယ်


#မေမေက “ ပန်းရောင် ” ကို“ မင်းသမီး ” မဖြစ်စေချင်ဘူး

23/06/2023

“ ယောင်္ကျားလေးချင်းကြိုက်တာ မိန်းက‌လေးချင်းကြိုက်တာဆိုတာ တကယ်တော့ မဆန်းပါဘူး။ လူတစ်ယောက်က လူတစ်ယောက်ကို ချစ်တဲ့အချစ်ကိုပဲ လက်ခံထားပါတယ်။ ကိုယ့်ရဲ့စိတ်အပေါ်မူတည်နေတာမို့ ဘယ်သူ့ကိုချစ်မယ်ဆိုပြီး သတ်မှတ်ထားခြင်း မရှိပါဘူး။ အချစ်က အချစ်ပါပဲ ”
.... လို့ပြောပြလာတဲ့ " မီးခြစ်ဆံ ပုံပြင် " ဇာတ်လမ်းတွဲမှ သရုပ်ဆောင် ဟိန်းသစ်စ , မျိုးကိုကိုကျော်တို့နဲ့ တွေ့ဆုံခြင်း



#မြန်မာသရုပ်ဆောင်
#မျိုးကိုကို‌ကျော် #ဟိန်းသစ်စ
#မီးခြစ်ဆံပုံပြင်


# ယောင်္ကျားလေးချင်း ချစ်လည်း " အချစ်က လှပတယ် "

22/06/2023

“ မေမေနဲ့ နန်းဆုက ကြောင်နဲ့ကြွက်လိုပါပဲ။ တည့်တဲ့အခါရှိသလို မတည့်တဲ့အခါလည်း ရှိတာပေါ့နော်။ (၃)က ဇာတ်ကားကြီးနဲ့ သမီးလေးက အကယ်ဒမီနဲ့ လွဲချော်ခဲ့တာမို့ စိတ်မကောင်းတော့ ဖြစ်မိခဲ့ပါတယ်။ ရစေချင်ခဲ့ပေမယ့် ..... ? ”
.... လို့ပြောပြလာတဲ့ သရုပ်ဆောင် နန်းဆုဦး , မိခင်ဖြစ်သူ အဆိုတော် ပင်းတို့ သားအမိနဲ့ တွေ့ဆုံခြင်း




#မြန်မာသရုပ်ဆောင် #နန်းဆုဦး
#မိခင်ဖြစ်သူ #အဆိုတော်ပင်း


# " နန်းဆု " က သမီးအလိမ္မာလေး တစ်ယောက်ပါ

22/06/2023

“ သမီးရှိရင် ယောက္ခမတော်ချင်တဲ့သူက အများကြီး ရှိတာပေါ့နော်။ လောကရဲ့ နိယာမတရားတွေပါပဲ။ သမီးလေးကို ငယ်ငယ်ကတည်းက သူငယ်ချင်းပေါင်း ပေါင်းပေးထားတာမို့ အစစအရာရာ သင်ကြားပေးထားပါတယ်။ သမီးလေး ရွေးချယ်လာမယ့် ဘယ်သူ့ကိုမဆို ... ? ”
.... လို့ဆိုပြီး သရုပ်ဆောင် မိုခမ်း ပြောပြလာတဲ့
သမီးလေး “ ဩ ” အကြောင်း တစေ့တစောင်း



#မြန်မာသဂယရုပ်ဆောင် #မိုခမ်း


# “ ယောက္ခမကြီး ”လို့ခေါ်လည်း စိတ်မဆိုးပါဘူး

22/06/2023

“ ယောင်္ကျားလေး သူငယ်ချင်းထဲမှာ သီဟက အကုန်သိနေတဲ့သူတစ်ယောက်မို့ အကူအညီ ဖြစ်ပါတယ်။ သူက ဆရာဝန်လည်းဖြစ်လို့ သိသမျှ Sharing လုပ်ပေးတယ်။ ကာရိုက်တာအတွက် အဝတ်အစားကအစ လိုက်ရှာပြီး ဝယ်ပေးတယ် ”
.... လို့ပြောပြလာတဲ့ သရုပ်ဆောင် အလှမယ် သင်းသဲဗိုလ်နဲ့ သီဟတင်အောင်စိုး ( Junior Creative ) တို့နဲ့ တွေ့ဆုံခြင်း


#သီဟတင်အောင်စိုး

#မြန်မာသရုပ်ဆောင်
#အလှမယ် #သင်းသဲဗိုလ်


# " သီဟ " က " ဗိုလ့် " အတွက် ရှေ့ဆောင်လမ်းပြပါ

22/06/2023

“ ညီမလေးက အရမ်း စိတ်ထားဖြူစင်တယ်။ ရိုက်ကူးရေးလုပ်တဲ့အခါမှာလည်း တခြားတစ်ယောက်လိုပဲ ပြောင်းလဲသွားတယ်။ တကယ်ကို တော်တဲ့ညီမလေးပါ။ ခင်လာတာကြာပြီမို့ မကောင်းတဲ့အချက်ဆိုတာ မရှိလောက်အောင် ကလေးဆန်တယ် ”
.... လို့ပြောပြလာတဲ့ သရုပ်ဆောင် Everest Moe , သိမ်မွေ့သံစဉ်တို့နဲ့ တွေ့ဆုံခြင်း



#မြန်မာသရုပ်ဆောင်
#အဲဗရက်မိုး #သိမ်မွေ့သံစဉ်


# " Everest " နဲ့ " သိမ်မွေ့ " ရဲ့ Relationship က ..... ?

21/06/2023

“ ကြယ် Season (2) ကို အမိုက်စား ပြင်ဆင်ထားတယ်။ (1) ထက် ပိုကြမ်းပါမယ်။ စောင်ကိုက်ရတဲ့အခန်းတွေ အများကြီးပါမလားဆိုရင် ... ? ။ အစစ်မတွေကော ပါမလားဆိုရင် ... ? ဘာဖြစ်ဖြစ် ပရိသတ်ကြီးက စောင့်ကြည့်ပေးပါ ”
.... ဆိုပြီး သရုပ်ဆောင် မျိုးမောင်မောင် ၊ တည်မင်းခန့်တို့ ပြောပြလာတဲ့ “ ကြယ် Season (2) ” အကြောင်း တစေ့တစောင်း .....



#မြန်မာသရုပ်ဆောင်
#မျိုးမောင်မောင် #တည်မင်းခန့်


Series မှာ အစစ်မပါရင် " အဆဲခံရတယ် "

21/06/2023

“ ဗိုလ်က Weight ကို အစားအသောက်နဲ့ပဲ ထိန်းဖြစ်ပါတယ်။ ကိုယ့်ကို ဘေးဖြစ်စေမယ့်အရာ‌တွေကို ရှောင်ဖြစ်တယ်။ Gym တော့ မဆော့ဖြစ်သေးပါဘူး။ ဘယ်အချိန်တော့ ဝလာမလဲဆိုတာ ဗိုလ်လဲ မပြောတတ်သေးဘူးပေါ့နော် ”
.... လို့ပြောပြလာတဲ့ သရုပ်ဆောင် ရတနာဗိုလ်နဲ့ ခဏတာ



#မြန်မာသရုပ်ဆောင် #ရတနာဗိုလ်


# " Gym " ဆော့ဖို့ စိတ်ကူးထားတာ (၉)နှစ်ရှိပြီ

21/06/2023

" လူတစ်ယောက်ကို တန်ဖိုးမထားနိုင်ပဲ နားမလည်ပေးနိုင်ပဲနဲ့ မပတ်သတ်တာ အကောင်းဆုံးပါပဲ။ ချစ်တယ်ဆိုတာရဲ့နောက်မှာ အများကြီး ပါလာနိုင်တယ်။ ငါကြိုက်သလို နေပေးရမယ်ဆိုပြီး ကန့်သတ်တာမျိုးတွေ ကို မကြိုက်ပါဘူး "
.... ဆိုပြီး ပြောပြလာတဲ့ သရုပ်ဆောင် ညီထွဋ်ခေါင်ရဲ့ အချစ်ရေးက ... ?



#မြန်မာသရုပ်ဆောင် #ညီထွဋ်ခေါင်


# " ညီထွဋ်ခေါင် " ဆိုတာ ကုတ်ကမြင်းပါ

20/06/2023

“ လူခွဲလည်း မရှိတာမို့ ဘဝအတွက် လုံးပန်းနေရတာ ပင်တော့ပင်ပန်းတာပေါ့နော်။ ဗိုက်နဲ့ဆိုတော့ ပလုပ်တိုင်းက တာမပေါက်ဘူး။ ကိုယ့်ယောင်္ကျားကို တော်တော် သနားနေမိပြီ။ အလုပ်မှန်သမျှ သူပဲ လုပ်နေတာ ”
.... လို့ပြောပြလာတဲ့ သရုပ်ဆောင် Moe Z ၊ ဇနီးဖြစ်သူ အေးသီတာ (Miss Asia Myanmar 2016) တို့ ဇနီးမောင်နှံနဲ့ စကားစမြည်



#မြန်မာသရုပ်ဆောင် #မိုးဇက်
#ဇနီးဖြစ်သူ #အေးသီတာ


# " မိန်းမ " ကို ကလေးပဲ မွေးစေချင်တဲ့ " မိုး Z "

20/06/2023

“ လူဆိုတာ မင်းသား အမြဲဖြစ်နေရမယ်လို့ ဘယ်သူမှ တွက်ချက်လို့မရပါဘူး။ ကနိုင်သလောက် ကျွန်တော် ကဦးမှာပါ။ မကရလို့လည်း ခံစားရတာမျိုး မရှိခဲ့ဘူး။ မျိုးဆက်သစ်လေးတွေအတွက် ကူညီပေးနေမှာပါ ”
.... လို့ပြောပြလာတဲ့ သဘင်အနုပညာရှင် တင်မောင်ဆန်းမင်းဝင်းနဲ့ ခဏတာ



#မြန်မာသဘင်အနုပညာရှင် #တင်မောင်ဆန်းမင်းဝင်း


#“ သဘင်ပညာရှင် ” ဘဝကို စွန့်လွှတ်တော့မှာလား ..... ?

20/06/2023

" ဒီနှစ် အကယ်ဒမီကတော့ (၃)နှစ်စာ ပေါင်းပေးတော့ နည်းနည်းတော့ ရှုပ်တာပေါ့။ ဘယ်လိုရွေးသွားမှန်း မသိပါဘူး။ ကျွန်တော်ကတော့ အများကြီး တွေးထားတာ မရှိပါဘူး။ ထူးချွန်တဲ့သူကိုပဲ ပေးစေချင်တာ "
.... လို့ပြောပြလာတဲ့ ဒါရိုက်တာ အောင်ချမ်းလူနဲ့ ခဏတာ



#မြန်မာဒါရိုက်တာ #အောင်ချမ်းလူ


#" အကယ်ဒမီ " ပေးပွဲက ထုံးစံအတိုင်းပဲ ဖြစ်နေတယ်

19/06/2023

“ အနုပညာကို တန်ဖိုးထား လေးစားသူတိုင်းကို အမေက ချစ်ပါတယ်။ ဒါရိုက်တာ ဝိုင်းက အနုပညာကိုချစ်ပြီး ရူးသွပ်စွာ ကြိုးစားခဲ့တဲ့ အမေ့ရဲ့ သားပါပဲ။ သူနဲ့ အမှတ်တရတွေကို ပြောပြပါဆိုရင် ... ? ”
.... လို့ပြောပြလာတဲ့ ဝါရင့်သရုပ်ဆောင် အမေ ဒေါ်စမ်းစမ်းဝင်းနဲ့ ခဏတာ



#မြန်မာဝါရင့်သရုပ်ဆောင် #ဒေါ်စမ်းစမ်းဝင်း


#အမေ့ရဲ့ဆရာက " ဒါရိုက်တာ ဝိုင်း " ပါ

19/06/2023

" နှစ်တွေကြာခဲ့ပြီမို့ နှစ်ယောက်သားက အရမ်းချစ်တော့ အပျင်းပြေ ရန်ဖြစ်ကြရအောင်လို့ ပြောယူရတယ်။ သူနဲ့ကိုယ်က ကလေးလိုပါပဲ။ စရင်း နောက်ရင်းနဲ့ပဲ နားလည်မှု အပြည့်နဲ့ အတူတူ ရှေ့ဆက်နေကြဦးမှာပါ "
.... လို့ပြောပြလာတဲ့ သရုပ်ဆောင် သတ္တိ ၊ မြတ်နိုးအိမ်တို့ ဇနီးမောင်နှံနဲ့ တွေ့ဆုံခြင်း




#မြန်မာသရုပ်ဆောင် #သတ္တိ
#ဇနီးဖြစ်သူ #မြတ်နိုးအိမ်


#ကျွန်တော်တို့နှစ်ယောက်ကို " ညားခါစလို့ ထင်ကြတယ် "

19/06/2023

" ကိုယ့်အကြောင်းမသိလို့ ပြောနေကြသူတွေကို ဖြေရှင်းနေလို့လည်း မထူးဘူးလေ။ ဘေးမှာ မတ်တပ်ရပ်ပြီး ကျွန်တော့်ကို ကြည့်နေတာမဟုတ်ပါဘူး။ မချယ်ရီသင်းက ကျေးဇူးရှိဖူးတဲ့ အစ်မတစ်ယောက်ပါပဲ။ ဒါပေမယ့် ..... ? "
.... လို့ပြောပြလာတဲ့ အဆိုတော် မင်းစည်သူနဲ့ ခဏတာ



#မြန်မာအဆိုတော် #မင်းစည်သူ


#“ မချယ်ရီသင်း ” ကြောင့် “ မင်းစည်သူ ” ဖြစ်လာတာ မဟုတ်ဘူး

18/06/2023

“ ဂျိုးနဲ့ ကျွန်တော်က မိတ်ဆွေအဖြစ်နဲ့ ပြန်တွေ့ခဲ့တယ်။ ကလေးတစ်ယောက်တည်းနဲ့ ရပ်တည်နေတဲ့ ဂျိုးကို အကြံပေးရင်း ချစ်မိခဲ့တယ်။ ဂျိုးမှာ တခြားသူတွေမှာ မရှိတဲ့ အရည်အချင်းတွေ အများကြီး ရှိတယ်။ ဒါပေမယ့် အဲ့ဒီ အရည်အချင်းတွေ ပျောက်နေခဲ့တဲ့ ဂျိုးကို တွေ့လိုက်ရတဲ့အချိန်မှာ ..... ? ”
.... လို့ပြောပြလာတဲ့ သရုပ်ဆောင် မျိုးစန္ဒီကျော်ရဲ့ ခင်ပွန်းဖြစ်သူ ဇာတ်ညွှန်းရေးဆရာ ကိုအောင်ကြီးနဲ့ တွေ့ဆုံခြင်း



#ဇာတ်ညွှန်းရေးဆရာ #ကိုအောင်ကြီး


#ကျွန်တော်နဲ့ “ ဂျိုး ” ကို သဘောမတူခဲ့ကြဘူး

18/06/2023

“ နန်းဆုနဲ့ ဧပရယ်လ်က သူငယ်ချင်းလို ဖြစ်နေပါပြီ။ နန်းဆုက အရမ်းဖော်ရွေသလို စိတ်ထားလည်း ကောင်းတယ်။ ပဲလည်း မများတတ်ဘူး။ ဟန်ဆောင်မှုလည်း ကင်းတယ်။ နှစ်ယောက်လုံးရဲ့အမှတ်တရက အမြဲ လွဲနေတာပါပဲ ”
.... လို့ပြောပြလာတဲ့ သရုပ်ဆောင် နန်းဆုရတီစိုး , မဧပရယ်လ် (စိန်နန်းတော်)တို့ရဲ့ ခင်မင်မှု အမှတ်တရတွေက ..... ?



#မြန်မာသရုပ်ဆောင် #နန်းဆုရတီစိုး #ဧပရယ်လ်
#စိန်နန်းတော်


#“ နန်းဆု ” ရဲ့ လျှို့ဝှက်ချက်ကိုမဖော်ရဲတဲ့ “ ဧပရယ်လ် ”

18/06/2023

" (၅)နှစ်တာ ပျိုးလာခဲ့တဲ့ဇာတ်မို့ မင်းကောင်းမင်းမြတ်ကို အောင်မြင်မယ်ဆိုတာ ယုံကြည်ပါတယ်။ ဇာတ်ကောင်အသစ်တွေကို သုံးရခြင်းအားဖြင့်လည်း ပရိသတ်တွေက အမြင်ဆန်းစေမှာပါ။ ဒီရုပ်ရှင်ဇာတ်ကားကို ကြည့်ပြီး နောင်တမရစေရဘူးလို့ ကတိပေးပါတယ် "
.... လို့ပြောပြလာတဲ့ ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) , သရုပ်ဆောင် လင်းလက်ခွန်းချို , မာဂရက်တို့နဲ့ တွေ့ဆုံခြင်း


(DweMyittar)

#မြန်မာသရုပ်ဆောင်
#လင်းလက်ခွန်းချို #မာဂရက်


#" ရုပ်ရှင် " ကို " ဇာတ်လမ်းတွဲ " တွေက ယှဉ်မရဘူး

18/06/2023

“ အစ်ကို စတီးလ်က လူတန်းစားမရွေးဘဲ ဆက်ဆံတတ်တယ်။ မင်းသား မင်းသမီးကစ စက်အဖွဲ့အဆုံး လေးလေးစားစားနဲ့ တစ်သားတည်း ဆက်ဆံတာတွေ့ရတယ်။ အဓိက က ငယ်တယ် ကြီးတယ်ဆိုတာထက် တစ်ယောက်ကို တစ်ယောက် Respect ရှိဖို့ပါပဲ။ တကယ်ကို စေတနာ ကောင်းလွန်းတဲ့ ဒါရိုက်တာ တစ်ယောက်ပါ ”
.... လို့ပြောပြလာတဲ့ ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) , သရုပ်ဆောင် သုတအောင် , အိမ့်ချစ်ချစ်တို့နဲ့ တွေ့ဆုံခြင်း


(DweMyittar)

#မြန်မာသရုပ်ဆောင် #သုတအောင် #အိမ့်ချစ်ချစ်


#“ ကိုရန်လေး ” နဲ့ “ ကိုခန့် ” ကို ဖြဲခဲ့တဲ့ မင်းသမီးလေးမို့ သဘောကျသွားတယ်

18/06/2023

“ အစ်ကိုက ကျွန်တော့်ရဲ့ ဆရာဆိုလည်း ဟုတ်တယ်။ အစ်ကိုဆိုလည်း ဟုတ်ပါတယ်။ အစ်ကိုက ကျွန်တော့်ကို အများကြီး သင်ပြပေးခဲ့တယ်။ လမ်းညွှန်ပေးခဲ့တယ်။ အစ်ကို လမ်းကြောင်းဖောက်ပေးခဲ့လို့ ဘုန်းလျှံဆိုတာ ဒီနေ့ဒီချိန်ထိ ရပ်တည်နိုင်ခဲ့တာပါ ”
.... လို့ပြောပြလာတဲ့ သရုပ်ဆောင် နေထက်လင်း , ဘုန်းလျှံတို့နဲ့ တွေ့ဆုံခြင်း



#မြန်မာသရုပ်ဆောင် #‌နေထက်လင်း #ဘုန်းလျှံ


#" ဘုန်းလျှံ " ဆိုတာ " ကိုနေထက် " လက်မှာကြီးပြင်းလာခဲ့သူပါ

18/06/2023

“ Relationship တစ်ခု တည်ဆောက်ပြီဆိုရင် နှစ်ယောက်လုံးက အရမ်း ချစ်နေကြတာပဲကောင်းတယ်။ မျှမျှတတ ဖြစ်တာပေါ့နော်။ နန်းဆုကတော့ ချစ်ပြီဆိုရင် ရှိသမျှ အစွမ်းကုန် ပုံအောပြီး ချစ်ပလိုက်တာပဲ။ အရမ်းချစ်ချင်လို့ အရမ်းချစ်မှ ကြိုက်တယ် ”
.... လို့ပြောပြလာတဲ့ သရုပ်ဆောင် နန်းဆုရတီစိုးရဲ့ လက်ရှိ အချစ်ရေးက ..... ?



#မြန်မာသရုပ်ဆောင် #နန်းဆုရတီစိုး


#“ နန်းဆု ” ရဲ့ အချစ်က ပေးဆပ်ခြင်း သပ်သပ်ပဲ

17/06/2023

" နေတိုးက အင်မတန်ကိုမှ စိတ်အေးတဲ့သူပါ။ဘယ်တုန်းကမှာ ပြာယာခက်တာ၊စိတ်တိုတာ၊စိုးရိမ်ပူပန်တာ မျိုး မတွေ့ဖူးဘူး။ အဖွဲ့အစည်းနဲ့လုပ်ရတာမျိုးဆို၊ သူတစ်ယောက်ထဲအတွက်မဟုတ်ပဲ အများအတွက်ပါ အသေးစိတ်ကအစ ဂရုစိုက်ပေးတတ်တဲ့သူပါ "
.... ဆိုပြီး သရုပ်ဆောင် ‌" နေတိုး "အကြောင်း ပြောပြလာတဲ့ သဘင်ပညာရှင် ပတ္တမြားကေခိုင်


#ပတ္တမြားကေခိုင်

#သဘင်အနုပညာရှင်


#ရံပုံငွေပွဲမှာ " နေတိုး " ပါလို့ အရမ်း ဝမ်းသာတယ်

17/06/2023

" The Star Season -2 အတွက် စိတ်ရော ကိုယ်ရော နှစ်ပြီး ကြိုးစားထားပါတယ်။ နှစ်ယောက်သား အချိတ်အဆက်မိအောင် အတူတူ ဈေးဝယ်ထွက်တာတို့ လုပ်ဖြစ်တယ်။အခက်အခဲတွေကို တစ်ယောက်နဲ့ တစ်ယောက် တိုင်ပင် ဆွေးနွေးဖြစ်ကြတယ်။အရမ်း close ဖြစ်ပါတယ်။ "
.... ဆိုပြီး သရုပ်ဆောင် မင်းသန့် ၊ တည်မင်းခန့်တို့ ပြောပြလာတဲ့ “ ကြယ် Season (2) ” အကြောင်း တစေ့တစောင်း .....



#မြန်မာသရုပ်ဆောင်
#မင်းသန့် #တည်မင်းခန့်


#"မင်းသန့်" က Daddy Type ပါ။

17/06/2023

" ကိုယ့်ကို တစ်ကယ် ချစ်တဲ့ မြတ်နိုးတန်ဖိုးထားတဲ့သူမျိုးကို ထားဖြစ်မှာပါ။တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေ၊သည်းခံမှုတွေ၊ကိုယ်ချင်းစာတရားရှိမယ်ဆိုရင်တော့ .....? "
.... ဆိုပြီး အချစ်ရေးအကြောင်း ပြောပြလာတဲ့ သရုပ်ဆောင် ရွှေစင်ဝင်းကို



#မြန်မာသရုပ်ဆောင် #ရွှေစင်ဝင်းကို


#" ရွှေစင် " ရွေးမယ့်ချစ်သူက ဘောလုံးသမားထဲကလား ... ?

17/06/2023

"ယုဝါနဲ့ က အမြွှာညီအစ်မဆိုပေမယ့် သုံးနှစ်လောက်ကြီးတဲ့ အစ်မတစ်ယောက်လိုပါပဲ။ သူက ပိုပြီးတော့ သွက်တယ်၊ စကားပြောတတ်တယ် ၊ လူတိုင်းနဲ့ လိုက်လျောညီထွေနေတတ်တယ်။ ငုဝါက လူကြောက်တတ်တဲ့ပါတော့ ပွဲတွေသွားရင် သူ့နောက်မှာပဲနေတာ အရှေ့မသွားရဲဘူး။ ယုဝါ မရှိတော့တဲ့ နောက်မှာတော့ .....? "
.... ဆိုပြီး အစ်မဖြစ်သူ "ခိုင်သဇင်ယုဝါ " နဲ့ အကြောင်းပြောပြလာတဲ့ သရုပ်ဆောင် ခိုင်သဇင် ငုဝါ



#မြန်မာသရုပ်ဆောင် #ခိုင်သဇင်ငုဝါ


#" ယုဝါ " က ယောကျာ်းရ ကံကောင်းတယ်

Address


Website

Alerts

Be the first to know and let us send you an email when Media Queen TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share