Nway Oo Pyawbwe Page

  • Home
  • Nway Oo Pyawbwe Page

Nway Oo Pyawbwe  Page Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nway Oo Pyawbwe Page, News & Media Website, ပျော်ဘွယ်, .

23/05/2023

“၈၈ တုန်းကလို ဖြစ်သွားတော့မှာလား”

နွေဦးတော်လှန်ရေးဟာ ဒီအတိုင်းပြီးသွားတော့မှာ။ ဟိုနားလေး ကွက်ဆူလိုက်၊ ဒီနားလေးဖောက်ခွဲလိုက်နဲ့ ပြီးသွားတော့မှာ။ ရပ်ကွက်အုပ်ရေးမှူးတွေ နည်းနည်းပါးပါးကို သတ်ပြလိုက်၊ ရဲတွေကိုသတ်ပြလိုက်၊ ဒလန်တွေကိုသတ်တယ်ပြောလိုက်နဲ့ ပြီးသွားတော့မှာ။ ဝန်ထမ်းတွေအလုပ်ပြုတ်၊လူငယ်တွေ ဘဝပျက်တာပဲ အဖတ်တင်တယ်။ နိုင်ငံရေးအမြတ်ထုတ်တဲ့သူတွေ ကောင်းစားသွား၊ အလှူခံသမားတွေ ချမ်းသာသွားပြီး စစ်ကောင်စီသာ အနိုင်ရသွားတော့မှာ ။

ဒါကတော့ စစ်တပ်လော်ဘီတွေရဲ့ တညီတညွတ်တည်းအသုံးပြုလာတဲ့ ဆိုက်ဝါးပါ။ အခုမှ သုံးလာတဲ့ဆိုက်ဝါးမဟုတ်ဘဲ (၄) လပိုင်း သင်္ကြန်ကာလမှာကတည်းက စတင်သုံးစွဲခဲ့တဲ့ဆိုက်ဝါး။ အဲဒီ့ဆိုက်ဝါးကြောင့် တချို့ CDM တွေ Non CDM ပြန်ဖြစ်သွားကြပါတယ်။

အခု ဒီဆိုက်ဝါးကို တစ်ကျော့ပြန် အရှိန်မြှင့်လာကြပြန်ပြီ။ အရှိန်မြှင့်တာ ဘယ်လိုလုပ်သိသလဲဆိုတော့ ကျွန်တော့်အကောင်ထဲကလူတွေ အယောက်(၂၀)မက လာမေးနေကြလို့ပါ။

“ဒီတိုင်းပဲ ပြီးသွားတော့မှာလား။ ၈၈ တုန်းကလိုမျိုး ဖြစ်သွားမလား။ နိုင်ရော နိုင်ပါ့မလား” စသဖြင့် လာမေးနေကြပါတယ်။ မအားလပ်တဲ့ကြားကလည်း ပြန်ဖြေပေးနေရပါတယ်။

စာအရှည်ကြီး မဖတ်ချင်ရင် အောက်က တစ်ကြောင်းထဲပဲ ဖတ်ပါ။

" ဒီအတိုင်း မပြီးပါဘူး။ ၈၈တုန်းကလိုမျိုး လုံးဝမဖြစ်ဘူး။ ကျွန်တော်တို့ နိုင်ကိုနိုင်တယ်။ အရေးတော်ပုံမုချအောင်မြင်မှာပါ။"

(စာအရှည်ကြီး ဖတ်နိုင်တဲ့သူတွေက အောက်က သုံးသပ်ချက်ဆောင်းပါးကို ဆက်လက်ဖတ်ရှုနိုင်ပါတယ်။)

“တော်လှန်ရေးအခြေအနေအပေါ် သုံးသပ်ချက်”

လက်ရှိနွေဦးတော်လှန်ရေးဟာ ခံစစ်ရော၊ တိုက်စစ်ရော အောင်မြင်လျက်ရှိပါတယ်။ ခံစစ်ဆိုတာ CDM ကို ဆိုလိုတာပါ။ ဝန်ထမ်းတွေရဲ့ CDM (ကျန်းမာရေးဝန်ထမ်းတွေရဲ့ CDM ၊ ပညာရေးဝန်ထမ်းတွေရဲ့ CDM ၊ ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ CDM) ဟာ မျှော်မှန်းထားတာထက်တောင် အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။ ဘယ်လောက်အထိအောင်မြင်သလဲဆိုရင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ဘာတစ်ခုမှလုပ်နိုင်ဘဲ မယောင်ရာဆီလူးအလုပ်တွေပဲ လုပ်ခိုင်းနေရတဲ့အထိ အောင်မြင်တာပါ။ ခံယူချက်နဲ့လုပ်တဲ့ CDM ဝန်ထမ်းတွေများတဲ့အတွက် အစိုးရဝန်ထမ်းတွေရဲ့ CDM ခံစစ်ဟာ အောင်မြင်ဆဲပဲဖြစ်ပါတယ်။

ပြည်သူလူထုရဲ့ CDM ကလည်း အောင်မြင်ဆဲပဲဖြစ်ပါတယ်။ ပညာရေးမှာဆိုရင် ကျောင်းတက်တဲ့သူရာခိုင်နှုန်းဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ၂၀ % တောင် မပြည့်ပါဘူး။ ဘဏ်လုပ်ငန်းငွေ ပုံမှန်မလည်ပတ်သေးပါဘူး။ ထီ ပုံမှန်မရောင်းရသေးပါဘူး။ စစ်ကောင်စီကသာ အတင်းအကြပ် ပုံမှန်အတိုင်းဖြစ်နေပြီဆိုပြီး လိမ်နေပေမယ့် ဘယ်ကဏ္ဍမှာမှ ပုံမှန်အတိုင်း မဖြစ်သေးပါဘူး။

အဲဒီတော့ ခြုံပြောရရင် ပြည်သူအားလုံးရဲ့ စစ်ကောင်စီအပေါ် အမိန့်မနာခံမှုအစီအစဉ်( Civil Disobedience Movement – CDM) ဟာ အောင်မြင်ဆဲပဲဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးခံစစ်ဟာ ဘာအကြောင်းနဲ့မှ ပြိုလဲစရာမကြောင်းမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခံယူချက်ပြင်းထန်တဲ့သူတွေက စစ်ကောင်စီပြုတ်မကျမချင်း/ အာဏာမလွှဲမချင်း တော်လှန်နေကြမှာမို့လို့ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးတိုက်စစ်ဆိုတာ လက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( Public Defense Force –PDF) တွေရဲ့ လှုပ်ရှားမှုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်(Ethnic Armed Organization – EAO) တွေရဲ့ တိုက်ခိုက်မှု+ ကူညီမှုတွေ၊ CRPH နဲ့ NUG ရဲ့ နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်မှု၊ စစ်ကောင်စီကို ဥပဒေကြောင်းအရ တရားစွဲဆိုမှု၊ နွေဦးတော်လှန်ရေးမှာပါဝင်တဲ့ stakeholders တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ပြည်တွင်း/ပြည်ပမှာရှိတဲ့ ပြည်သူတွေက နည်းမျိုးစုံနဲ့ စစ်အစိုးရပြုတ်ကျရေး အစွမ်းကုန်ဆန့်ကျင်/ ဆန္ဒပြတာတွေ၊ နိုင်ငံတကာက စစ်ကောင်စီကို ပိတ်ဆို့အရေးယူမှုနဲ့ NUG ကို သံတမန်ရေးရာအရ အကူညီပေးမှုတွေကလည်း တဖြည်းဖြည်း အားကောင်းပြီး အောင်မြင်လျက်ရှိပါတယ်။

ဒီနေရာမှာ တိုက်စစ်မှာပါဝင်နေတဲ့ ကဏ္ဍအသီးသီးကို အသေးစိတ်ထပ်ရှင်းရင် စာရှည်ပြီး ဖတ်ရတဲ့သူလည်း သိပ်စိတ်မဝင်စားနိုင်တာမို့ လူတွေစိတ်ဝင်စားနိုင်တဲ့ကိစ္စကိုပဲ သုံးသပ်ပြပါ့မယ်။

အဲဒါကတော့ PDF ကိစ္စပါ။

ဒီမိုကရေစီကို လက်သန်းနဲ့ ဆန္ဒပြုလို့မရ၊ လက်(၃)ချောင်းထောင်ပြီး ပြန်တောင်းလို့လည်းမရတဲ့အခါ လက်ညှိုးကွေးပြီး တိုက်ယူရမယ့် အခြေအနေဖြစ်သွားပါတယ်။ နွေဦးတော်လှန်ရေး အပြီးသတ်အောင်မြင်ဖို့အတွက် တစ်ခုတည်းသောနည်းလမ်းဟာ လက်နက်ကိုင်ပြီး တိုက်ယူခြင်းပဲဖြစ်ပါတယ်။ အဲဒါကြောင့်လည်း လူငယ်တွေဟာ ဒုက္ခခံပြီး တောခိုသွားတာဖြစ်ပါတယ်။

အခု PDF တွေ ဒလန်တွေကို သုတ်သင်ရှင်းလင်းနေတာဟာ တော်လှန်ရေးရဲ့ ပထမအဆင့် (Phase – 1) ကို အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ စစ်ခွေးတွေ၊ စစ်တပ်မိတ်ဖက်ပါတီဝင်တွေကို သုတ်သင်နေတာဟာ “မနိုင်နိုင်ရာမဲ” လုပ်နေတာ မဟုတ်ပါဘူး။ တော်လှန်ရေးပထမအဆင့်ဖြစ်တဲ့ “ပြောက်ကျားစနစ်အသုံးပြု၍ ရန်သူကို တိုက်ခိုက်ချေမှုန်းခြင်း” ကို အကောင်အထည်ဖော်နေတာပါ။

မိမိရန်သူက မိမိထက် လက်နက်အင်အား၊ စစ်သည်အင်အား သာလွန်နေတဲ့အခါမျိုးမှာ ပြောက်ကျားစနစ်ကို အသုံးပြုပြီး တိုက်ခိုက်ရပါတယ်။ ပြောက်ကျားစနစ်ကို မသုံးဘဲ ထိပ်တိုက်ရင်ဆိုင်ရင် မိမိဘက်က အရေးနိမ့်သွားမှာဖြစ်ပါတယ်။

ဥပမာအနေနဲ့ စစ်သူကြီးဗန္ဓုလ အကြောင်းကို လေ့လာနိုင်ပါတယ်။ ဗန္ဓုလဟာ သူရသတ္တိနဲ့ ပြည့်စုံပြီး သတ်ရဲသေရဲပေမယ့် မိမိထက် လက်နက်အင်အား၊ စစ်သည်အင်အားသာလွန်တဲ့ နယ်ချဲ့အင်္ဂလိပ်ကို ထိပ်တိုက်သွားတွေ့တဲ့အခါ အရေးနိမ့်ခဲ့ရပါတယ်။ နွေဦးတော်လှန်ရေးမှာလည်း ထို့အတူပါပဲ။ လက်နက်အင်အား၊ လူအင်အားမမျှသေးတဲ့အတွက် ပြောက်ကျားစနစ်ကိုအသုံးပြုပြီး တိုက်ခိုက်နေတာဖြစ်ပါတယ်။ အခု PDF တွေ သုတ်သင်ပစ်လိုက်တဲ့ဒလန်တွေဟာ စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေဖြစ်ပါတယ်။

PDF တွေဟာ ဒလန်တွေကို မသုတ်သင်ခင်မှာ လုပ်ငန်းစဉ်(၂)ခုကို လုပ်လေ့ရှိပါတယ်။ ပထမတစ်ခုက ဒလန်စာရင်းကို အရင်ဆုံးပြုစုတာပါ။ စာရင်းရပြီးရင် သူတို့ဟာ ပြည်သူလုထုကို ဒုက္ခပေး/မပေး ဆိုတာကို သေချာစုံစမ်းပါတယ်။ ပြည်သူလူထုကို ဒုက္ခပေးနေတာသေချာပြီဆိုရင် ဒုတိယအဆင့်အနေနဲ့ သတိပေးတာမျိုး/ခြိမ်းခြောက်တာမျိုး လုပ်ပါတယ်။ အဲဒီ့လို လုပ်တာတောင် မဆင်ခြင်တာ/ဂရုမစိုက်တာမျိုး လုပ်တော့မှ သုတ်သင်ပစ်တာပါ။ PDF တွေဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတိုင်း၊ ကြံ့ခိုင်ရေးပါတီဝင်တိုင်းကို မသတ်ပါဘူး။

(တချို့က PDF တွေဟာ သူတို့မကျေနပ်ရင် အပြစ်မဲ့ပြည်သူတွေကို သတ်ပစ်တယ်၊ NLD ကို မထောက်ခံရင် သတ်ပစ်တယ်ဆိုတာမျိုး သွားပုပ်လေလွင့်လျှောက်ပြောလို့ ရှင်းပြရတာပါ။)

နောက်တစ်ချက်က တချို့တော်လှန်ရေးသမားတွေ အားမလိုအားမရဖြစ်ပြီး ဝေဖန်ကြတဲ့အချက်ပါ။ အဲဒါက ဘာလဲဆိုတော့ “PDF တွေဟာ ဘာဖြစ်လို့ အောက်ခြေစစ်သားတွေ၊ ရဲတွေ၊ အုပ်ချုပ်ရေးမှူးတွေလောက်ပဲ သတ်နေတာလဲ။ သတ်မယ့်သတ် အကောင်ကြီးကြီး၊ ရဲမှူး၊ ဗိုလ်မှူး၊ တိုင်းမှူးတွေကို သတ်ပါလား” ဆိုပြီးတော့ပါ။

အတိုချုပ်ပြောရရင် အဲ့လောက် မလွယ်ပါဘူး။ အဓိကက လုံခြုံရေးအန္တရာယ်ကြောင့်ပါ။ ဖြစ်နိုင်ရင် မအလတို့ သရေးကြိုးကိုးကွင်းတို့ကိုတောင် နုပ်နုပ်စဉ်းပစ်ချင်နေကြတာပါ။ ဒါပေမယ့် စစ်တပ်မှာ အကောင်ကြီးလေ လုံခြုံရေးများများယူထားလေမို့ သူတို့ကို လုပ်ကြံဖို့ဆိုတာ မလွယ်ကူပါဘူး။ အဲဒါကြောင့်ပါ။

ဒါပေမယ့် အောက်ခြေကို ရှင်းပစ်နေတဲ့အပေါ် သံသယမဝင်ပါနဲ့။ စိတ်ဓာတ်လည်း မကျပါနဲ့။ တကယ့်တကယ် တိုက်ကြကြေးဆိုရင် အဲဒီ့အောက်ခြေတပ်သားတွေကသာ အသေခံတိုက်ကြတာပါ။ တိုက်နိုင်တာပါ။ အခုဆိုရင် စစ်ကောင်စီကို သစ္စာခံနေတဲ့ ဒေါက်တိုင်တွေ တဖြည်းဖြည်းပြုတ်ကုန်ပါပြီ။ သူတို့ကို ကာကွယ်ပေးမယ့် စစ်ခွေးတွေလည်း တဖြည်းဖြည်းလျော့နည်းလာပါပြီ။

Phase 1 က အောင်မြင်ပြီး Phase 2 စဖို့ ရက်ပိုင်းပဲ လိုပါတော့တယ်။ Phase 2 အကြောင်းကို ကျွန်တော် မရှင်းပြနိုင်ပါ။ ရန်သူ့ဘက်ကို ကြိုတင် သတင်းပေးသလိုဖြစ်မှာစိုးရိမ်တဲ့အတွက် ဒီနေရာမှာပဲ ရပ်ပါမယ်။

D Day ဘယ်တော့ခေါ်မလဲ၊ ဘာလို့ မခေါ်သေးတာလဲ ?

Phase 1 ပြီးတာနဲ့ Phase 2 လာပါလိမ့်မယ်။ NUG အနေနဲ့ လတ်တလောမှာ D Day ခေါ်ဦးမှာ မဟုတ်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ D Day ခေါ်ဖို့အတွက် အရေးကြီးလုပ်ငန်းစဉ်(၂)ခု မပြီးပြတ်သေးလို့ဖြစ်ပါတယ်။ နံပါတ်(၁)က တစ်နိုင်ငံလုံးမှာရှိတဲ့ PDF တွေနဲ့ ပေါင်းစပ်ညှိနှိုင်းဖို့ ဖြစ်ပြီး၊ နံပါတ်(၂)က လက်နက်ဝယ်ယူရေးကိစ္စဖြစ်ပါတယ်။

စစ်ကောင်စီဟာ ဘာကိုမှမကြောက်ပါဘူး။ သူတို့ကြောက်တာက PDF ပါ။ အဲဒီ့လိုပြောလို့ အရိုးကိုက်ဘောမတွေနဲ့ စစ်တပ်လော်ဘီတွေက ရယ်ကောင်းရယ်နိုင်ပါတယ်။ ကလေးတွေကို ကြောက်စရာလား၊ တစ်လသင်တန်းလောက် တက်ထားတဲ့သူတွေက Standard Army ကြီးကို ဘယ်လိုလုပ်အံတုလို့ရမှာလဲဆိုပြီး ပြောကြပါလိမ့်မယ်။ ဒါပေမယ့် ပြောတဲ့သူတွေကိုကြည့်လိုက်ရင် Profile Lock ချထားတဲ့သူ၊ ဓာတ်ပုံအမှန်မတင်ဘဲ အကောင့်ပုန်းနဲ့သုံးနေသူများပါတယ်။ပြောသာပြောရတယ်။ သူတို့လည်း အမှန်တကယ် ကြောက်နေရှာတာပါ။

စစ်ကောင်စီဟာ အခုအချိန်မှာ CDM ကိုလည်း အာရုံမရတော့ဘူး။ ဆန္ဒပြတာတွေကိုလည်း ဂရုမစိုက်တော့ဘူး။ PDF တွေကိုသာ နည်းလမ်းပေါင်းစုံသုံးပြီး ဖြိုးခွင်းနေတာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို တကယ်ဒုက္ခပေးနိုင်တာမို့လို့ဖြစ်ပါတယ်။ အခုဆိုရင် စစ်ခွေးတွေ၊ ဘောမတွေကလည်း PDF ဆိုတဲ့အသံ ကြားတာနဲ့တင် ကျောစိမ့်နေကြပြီဖြစ်ပါတယ်။

အဲဒါကြောင့်လည်း သူ့လူ(စစ်ခွေးနဲ့ဘောမတွေ)ကို မိုတီဗေးရှင်းရအောင်/ စိတ်အားတက်ကြွအောင်/ မကြောက်အောင် ဇာတ်လမ်းတွေရိုက်ပြ၊ ဗီဒီယိုအတုတွေ ဖန်တီးပြီး ဝါဒဖြန့်နေတာဖြစ်ပါတယ်။ ဝါဒဖြန့်ရတဲ့ အဓိကရည်ရွယ်ချက်ဟာ PDF တွေကို ကြောက်ရွံ့ပြီး လက်နက်မကိုင်ရဲအောင်လုပ်တာအပြင်၊ သူတို့လူတွေကိုပါ ဂျင်းထည့်တာဖြစ်ပါတယ်။

စာကို ပြန်ချုပ်ရရင် နွေဦးတော်လှန်ရေးဟာ တစ်ဆင့်ပြီးတစ်ဆင့်(step-by-step) အောင်မြင်နေပါပြီ။ အပြီးသတ်အောင်မြင်ဖို့အတွက် အချိန်အနည်းငယ်ပဲကျန်ပါတော့တယ်။ ဒါဟာလည်း NUG က ပြည်တွင်းစစ်(civil war) မဖြစ်စေလိုတဲ့အတွက်၊ ပြည်သူတွေအများကြီး ထိခိုက်ဒဏ်ရာရမှာစိုးရိမ်တဲ့အတွက် နွေဦးတော်လှန်ရေးကို Phase တစ်ခုချင်းစီအလိုက်သွားနေလို့ အချိန်ကြာတာဖြစ်ပါတယ်။ NUG ဟာ စစ်ကောင်စီက နည်းလမ်းပေါင်းစုံနဲ့ ပိတ်ဆို့ထားတဲ့ကြားကနေ လက်နယ်ဝယ်ယူရရှိရေး/လက်နက်ရရေးကို အသည်းအသန်ကြိုးစားနေပါတယ်။

အတိအကျအခိုင်အမာပြောနိုင်တာက နွေဦးတော်လှန်ရေးဟာ “ပြည်သူတွေသာ အနိုင်ရမယ့်ပွဲ” ဆိုတာပါပဲ။

၈၈ လို မရှုံးဘဲ ပြည်သူတွေသာ အနိုင်ရမယ့်အချက်များ

(၁) ၈၈ တုန်းက လူထုအုံကြွမှုအားကောင်းပေမယ့် ပေါင်းစည်းမှုအားနည်း။ နွေဦးတော်လှန်ရေးမှာ လူထုအုံကြွမှုရော၊ လူထုပေါင်းစည်းမှုရော အားကောင်း။ နိုင်ငံ့သမိုင်းတစ်လျှောက် အခုလောက်အထိ ပြည်သူလူထုညီညွတ်တာမျိုး မရှိခဲ့။

(၂) ၈၈ တုန်းက အတွေ့အကြုံမရှိဘဲ တော်လှန်ခဲ့ရပြီး၊ နွေဦးတော်လှန်ရေးမှာ "၈၈တုန်းက အတွေ့အကြုံ" ရှိတဲ့သူတွေက ဦးဆောင်နေတဲ့အတွက် စစ်တပ်ရဲ့အကွက်တွေကို ကြိုသိနေ။

(၃) ၈၈ တုန်းကလည်း လူငယ်တွေပဲ တော်လှန်ရေးကို ဦးဆောင်ခဲ့။ နွေဦးတော်လှန်ရေးမှာလည်း လူငယ်တွေကပဲ တော်လှန်ရေးကို ဦးဆောင်နေ။ သတ္တိရှိမှု၊ စွန့်လွှတ်နိုင်မှုခြင်း တူညီကြပေမယ့် နွေဦးတော်လှန်ရေးရဲ့ GZ (Generation Z) တွေက လိမ္မာပါးနပ်မှု၊ အကင်းပါးမှု၊ အကွက်မြင်မှု၊ တီထွင်ဖန်တီးနိုင်မှုတွေ ပိုသာ ။

(၄) ၈၈ တုန်းက စနစ်တကျ ဦးဆောင်မယ့်သူ၊ လမ်းညွှန်မယ့်သူ၊ ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းမရှိခဲ့။ နွေဦးတော်လှန်ရေးမှာ CRPH, NUG တို့ စနစ်တကျ ဦးဆောင်နေ။

(၅) ၈၈ တုန်းက တိုင်းရင်းသားလက်နက်ကိုင်တွေ၊ တခြားအဖွဲ့အစည်းတွေနဲ့ စနစ်တကျ မချိတ်ဆက်နိုင်ခဲ့။ နွေဦးတော်လှန်ရေးမှာ KNU, KIA တို့လို EAOs တွေနဲ့ စနစ်တကျ ပူးပေါင်းဆောင်ရွက်နေ။

(၆) ၈၈ တုန်းက နိုင်ငံတကာအနေနဲ့ ပိတ်ဆို့အရေးယူမှုတွေသာ လုပ်နိုင်ပြီး ပြင်းထန်တဲ့ဖိအားပေးမှုများ မပြုလုပ်နိုင်ခဲ့။ နွေဦးတော်လှန်ရေးမှာ ကမ္ဘာတစ်ဝှမ်းရှိ ဒီမိုကရေစီကိုလိုလားသော နိုင်ငံများက တရုတ်နဲ့ စစ်ကောင်စီကို ပိတ်ဆို့အရေးယူမှု၊ ပြင်းထန်သောဖိအားများပေးလျက်ရှိ။ မြန်မာ့အရေးကို အလေးအနက်ထား ဆောင်ရွက်ပေးနေကြ။

(၇) ၈၈ တုန်းက ဆက်သွယ်ရေးနည်းပညာနိမ့်ကျတဲ့အတွက် သတင်းအမှောင်ချမှု၊ ဆိုက်ဝါးများ အောင်မြင်ခဲ့။ နွေဦးတော်လှန်ရေးမှာ နည်းပညာတိုးတက်နေတဲ့ခေတ် ဖြစ်တဲ့အတွက် သတင်းအမှောင်ချလို့မရ၊ ဆိုက်ဝါးများ မအောင်မြင်၊ ရှေ့ကလိမ် နောက်ကပေါ် ဖြစ်နေ။

(၈) ၈၈ တုန်းက ခံယူချက်ပြင်းထန်တဲ့တော်လှန်ရေးသမား နည်းပါးခဲ့။ စစ်တပ်ကို ရသလောက် တိုက်မယ်၊ “တိုက်လို့မရရင် စစ်အုပ်ချုပ်ရေးအောက်မနေဘူး ဆိုတဲ့သူ” ဆိုတဲ့သူ များပြား။ နွေဦးတော်လှန်ရေးမှာ ခံယူချက်ပြင်းထန်တဲ့တော်လှန်ရေးသမား များပြားနေ။ စစ်ကောင်စီ အာဏာမလွှဲမခြင်း/ မသေမခြင်း တိုက်ပွဲဝင်နေမယ့်သူ များပြား။ တစ်ဦးတစ်ယောက်ကြောင့် တော်လှန်နေတာမဟုတ်တဲ့အတွက် ဘယ်သူရှိရှိ/ မရှိရှိ အောင်မြင်သည်အထိ တိုက်ပွဲဝင်မယ့်သူများပြား။

(၉) ၈၈ တုန်းက လူငယ်တွေဟာ တောခိုပြီး အကြောင်းကြောင်းကြောင့် ပြန်မလာကြ/ ပြန်မလာနိုင်ခဲ့။ နွေဦးတော်လှန်ရေးမှာ လူငယ်တွေဟာ မြို့ပြနဲ့တောထဲကို အိမ်ဦးနဲ့ကြမ်းပြင်လို သွားလာနေကြ။

(၁၀) ၈၈ တုန်းက စစ်တပ်မှာ ဉာဏ်ရည်မြင့်တဲ့ စစ်ခေါင်းဆောင်တွေများတဲ့အတွက် စစ်တပ်ဟာ အင်အားကောင်းခဲ့။ နွေဉီးတော်လှန်ရေးမှာ မအလအပါအဝင် တခြားစစ်ခေါင်းဆောင်တွေဟာ စစ်တပ်ကို စနစ်တကျမကွပ်ကဲနိုင်တဲ့အတွက် စစ်တပ်ဟာ ဝါးအစည်းပြေသလိုဖြစ်ပြီး တပ်ပျက်နေ။ တိုက်တိုင်းရှုံး။ ထွက်ပြေးတဲ့သူများသလို၊ CDM လုပ်တဲ့သူ များပြားနေ။

(၁၁) ၈၈ တုန်းက တော်လှန်ရေးအတွက် လမ်းပြမြေပုံ(Road Map) နဲ့ မဟာဗျူဟာ (Strategy) မရှိခဲ့။ နွေဦးတော်လှန်ရေးမှာ လမ်းပြမြေပုံ နဲ့ မဟာဗျူဟာများ ရေးဆွဲထားပြီးဖြစ်။ စစ်တပ်က ချေမှုန်းဖို့အတွက် အသည်းအသန်ကြိုးစားနေ။ သို့သော် မဟာဗျူဟာနဲ့ လုပ်ငန်းစဉ်တွေကို မသိရှိသည့်အတွက် အခက်ကြုံနေ။ ဒီ့အတွက် NUG က ချပြလာအောင် ဆိုက်ဝါးမျိုးစုံသုံး။ NUG က ချမပြသည့်အခါ ပြည်သူနဲ့ရန်တိုက်ပြီး သွေးခွဲနေကြတာဖြစ်ပါတယ်။

စာအရှည်ကြီးကို စိတ်ရှည်လက်ရှည်ဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ရေးဖူးသမျှဆောင်းပါးထဲမှာ ဒီဆောင်းပါးဟာ အချိန်အယူရဆုံး၊ ဦးနှောက်အခြောက်ဆုံး ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ တော်လှန်ရေးရဲဘော်တွေ သိသင့်သိထိုက်တာတွေ သိရအောင်၊ ရန်သူဘက်က မသိသင့်တာတွေ မသိရအောင် ချိန်ဆရလို့ ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်ကျရှုံးရမည်။

အရေးတော်ပုံမုချအောင်ရမည်။

မိုးခ
(2.7.2021)
11:47 AM

၂၀၂၃ ဘောမသင်္ကြန်ဖွင့်ပွဲ😀😀
14/04/2023

၂၀၂၃ ဘောမသင်္ကြန်ဖွင့်ပွဲ😀😀

၁၀တန်းစာမေးပွဲဖြေတာတဲ့၊ စည်ကားလိုက်တာနော်😀😀
08/03/2023

၁၀တန်းစာမေးပွဲဖြေတာတဲ့၊ စည်ကားလိုက်တာနော်😀😀

တော်လှန်ရေး ၂ နှစ်ပြည့်အတွက်ဖေဖော်ဝါရီ ၁ ရက်နေ့မှာတသံတည်းညီပြီး တစ်ချီတည်းရုန်းကြမယ်
31/01/2023

တော်လှန်ရေး ၂ နှစ်ပြည့်အတွက်
ဖေဖော်ဝါရီ ၁ ရက်နေ့မှာ
တသံတည်းညီပြီး တစ်ချီတည်းရုန်းကြမယ်

15/01/2023

တပ်မတော်သားတစ်ဦး
ရင်ဖွင့်သံ
========

အရင်က ဘယ်နေရာမှာ နှိမ်နင်းနိုင်ခဲ့တယ် ၊ ဘယ်နှစ်ယောက်အရှင်ဖမ်းမိတယ် ၊ ဘယ်နှယောက်အသေဖမ်းမိတယ် ၊ ဘယ်နေရာကို ဝင်စီးလိုက်နိုင်တယ် ၊ ဘယ်စခန်းကို သိမ်းလိုက်နိုင်တယ်ဆိုပြီး ကျုပ်တို့ တပ်မတော်ထောက်ခံသူတွေဂုဏ်ယူခဲ့ရချိန်ပေါ့ အမျိုးတို့ ၊

အခုတော့ ပြောင်းပြန်တွေဖြစ်ကုန်ပြီ ၊ လူတွေခြေလျှင်တက်လို့ မိုင်းဆွဲခံရတယ် သေတယ် ၊ ကားနဲ့ပြောင်းတက်တယ် ၊ သေတာပဲ ၊ ရေကြောင်းကသွားတယ် ၊ သေနေဆဲပဲ ၊ လေကြောင်းပစ်ကူတယ် ၊ ပျက်ကျပြီး သေတာပဲ ၊ စခန်းထဲ ထိုင်နေတယ် ဒရုန်းနဲ့လာကျဲလို့ သေပြန်တယ် ၊ ကင်းပုန်ဝပ်တယ် ကားနဲ့လာပစ်လို့ သေပြန်ရော ၊ ဈေးထွက်ဝယ်လဲ သေတာပဲ ၊ အုပ်ကြီးလဲ သေ ၊ ဒလန်လဲ သေ ၊ တပ်ထောက်ခံသူလဲ သေ ၊ ပြည်ခိုင်ဖြိုး အဖွဲ့ဝင်လဲ သေ ၊ စစ်သားက အစ ဗိုလ်မှူးကြီး အထိသေ ၊ ရဲသားက အစ ရဲမှူးကြီးအထိ သေ ၊ သေနေတာ ကိုယ်တွေဘက်ကချည်းပဲ။ အယောက်တစ်ရာသေလို့မှ ဟိုဘက္က တစ်ယောက်ဒဏ်ရာရဆိုပြီး တက္တက္လာတာ ကုလားကားကြည့်နေရသလိုပဲ။ ဂျင်းပါကွာလို့ မပြောနဲ့ သူတို့ဘက်ကတစ်ယောက်သေရင် ခင်များတို့ကျုပ်တို့ တကူးတကစုံစမ်းစရာတောင်မလိုဘူး တစ်နိုင်ငံလုံး တတ်သေမတတ်ဝမ်းနည်းနေတာ ၊ ကျုပ်တို့ဘက်က တပ်ရင်းတစ်ရင်းလုံးကျတာတောင် ဝမ်းနည်းမယ့်သူမရှိဘူး။သူတို့ဘက်ကတစ်ယောက်ကျရင် ဘုရင်သေသလိုပဲ တစ်အုပ်တစ်မကြီးလိုက်ပို့တာ ကျုပ်တို့ဘက်က ခွေးသေကောင်တွေလိုပြန့်ကြဲနေတာပဲ။ ကျုပ်တို့ထောက်ခံနေတဲ့ စစ်အစိုးရက သူများသွားတိုက်ဖို့မပြောနဲ့ သူတို့မသေအောင်တောင် ကာကွယ်ဖို့မတတ်နိုင်တော့တာ ဘာကိစ္စဆက်ပြီး ထောက်ခံနေရမှာလဲ ၊ အရင်က သူတို့နိုင်မှာဆိုပြီး ဖင်ယားပြီး ပြောမိတာတွေကြောင့် အခုလမ်းသွားရင်တောင် လန့်နေရတယ်။
"ဘယ်ကောင်သေရဲလဲကွ''ဆိုပြီး ကျုပ်တို့ လက်နက်မပါတဲ့တစ်ဖက်လူကို အာချောင်ခဲ့မိလို့ အဲဒီနာကြည်းစိတ်နဲ့ တော်တော်ရက်ရက်စက်စက် လက်စားချေခံနေရတာ ကိုယ်တွေ့ပဲ။
ငါ့များဘယ်နေရာကနေထွက်ပစ်သွားမလဲဆိုပြီး ဘုရားတနေရတယ်။

ခင်များတို့လဲ ကျုပ်လိုပဲမလား အဲ့တော့ မြန်မြန်ဘက်ပြောင်းတာပဲ ကောင်းလိမ့်မယ် ၊ တိုကြ္ပဲမွာ ရှင်ကျန်ခဲ့တဲ့သူက အနိုင်ပဲတဲ့ ၊ သေတော့မသေချင်သေးဘူး။ ဘဝမွာ တစ်ခါပဲသေရမယ်။ ဟုတ်တယ်။ ဒါပေမယ့် သေရမယ့်တစ်ခါကို လူလူသူသူလိုလေးတော့ ဂုဏ်ရှိရှိသေချင်တယ်ဗျာ။
ကျွန်တော်ဒါရေးလို့ လိုင်းပေါ်က လော်ဘီတွေက ဖရဲသီးလို့ပြောလိမ့်မယ်။ သူတို့ အရင်စစ်တိုက်ထွက်ခိုင်းရမယ် တစ်ခါလောက်ဖြစ်ဖြစ် 😊😊

Credit

https://www.facebook.com/385165108587508/posts/1696799784090694/?mibextid=Nif5oz
04/01/2023

https://www.facebook.com/385165108587508/posts/1696799784090694/?mibextid=Nif5oz

မတူပီ-ပလက်ဝ လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦး သေဆုံး၊ ပျော်ဘွယ် လွတ်လပ်ရေး ကျောက်တိုင်ရှိ စစ်သားများကို ဗုံးခွဲ တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၄

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီ-ပလက်ဝ လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ် ခမရ ၃၀၄ ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားကာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း CDF Matupi ထံမှသိရသည်။

ဇန်နဝါရီလ ၄ ရက် ညနေ ၃ နာရီ ၅ မိနစ်က မတူပီ-ပလက်ဝလမ်းပေါ်တွင် အခြေစိုက်ထားသော အကြမ်းဖက်စစ်ကောင်စီစစ်တပ်ကို CDF မတူပီမှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက်စစ်သား ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ ယနေ့ည ၈ နာရီအထိ လက်နက်ကြီးများဖြင့် အများအပြားရမ်းသမ်းပစ် ခတ်နေပြီး CDF –Matupi မှ ရဲဘော်များ ထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေး၊ ပျော်ဘွယ်မြို့ လွတ်လပ်ရေးကျောက်တိုင်တွင် လုံခြုံရေးချထားသော စစ်သားများကို ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း တိုက်ဒေါင်း - ပြည်သူ့တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၃ နာရီ ၃၆ မိနစ်တွင် ပျော်ဘွယ်မြို့ လွတ်လပ်ရေး ကျောက်တိုင်ဝန်းအတွင်း လွတ်လပ်ရေးနေ့ အခမ်းအနားပွဲ ကျင်းပရန် လုံခြုံရေးချထားပြီး ကြိုတင်ပြင်ဆင်နေသည့် စစ်သားများကို ဗုံးခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၆ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

" ဒီနေ့ နံနက် ၃ နာရီ ၃၆ မိနစ်က ပျော်ဘွယ်မြို့ လွတ်လပ်ရေး ကျောက်တိုင်ဝန်းအတွင်းမှာ လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပဖို့ လုံခြုံရေးချထားတဲ့ စစ်သားတွေကို ဗုံးခွဲ တိုက်ခိုက်ခဲ့တယ် ၆ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရပြီး သေဆုံးတဲ့ အရေအတွက်တော့ အတိအကျ မသိရှိရသေးဘူး" ဟု တိုက်ဒေါင်း - ပြည်သူ့တော်လှန်ရေးအင်အားစု မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

29/11/2022

စကစတပ်ဟာ
၂၀၁၈ ၂၀၁၉ ၂၀၂၀ ရခိုင်တပ်တော်AAနဲ့
၃နှစ်တာစစ်ပွဲဖြစ်ခဲ့တယ်
၃နှစ်တိတိတောင့်ခံနိုင်ခဲ့တာဟာ
စကစတပ်ဟာစစ်မျှက်နှာတစ်ခုထဲကိုတိုက်ခဲ့ရတဲ့အတွက်တောင့်ခံနိုင်ခဲ့တယ်။
ကချင်စစ်မျှက်နှာမရှိဘူး
ချင်းစစ်မျက်နှာမရှိဘူး
ကရင်နီစစ်မျက်နှာမရှိဘူး
ကရင်စစ်မျက်နှာမရှိဘူး အဲဒီအတွက်တောင့်ခံနိုင်ခဲ့တယ်
အခု ကရင် ချင်း ကရင်နီ ကချင်စစ်မျှက်နှာဖွင့်ထားရတဲ့အတွက် ၃လအတွင်းမှာပဲပြိုကျပျက်စီးပြီးအပစ်အခတ်ရပ်စဲရေးကမ်းလှမ်းလိုက်ရပြီးဖြစ်တယ်။
ဒါဟာ စကစတပ်ရဲ့လက်ရှိပကတိအရှိတရားဖြစ်တယ်
၂၀၀၉ခုနှစ်လောက်ကိုင်စစ်ပွဲမှာလဲ တပ်ရင်းအလိုက်ကျဆုံးခဲ့တာတွေရှိတယ်
စစ်ရေးမှာစကစဟာနာလန်မထူနိုင်တော့ဘူးဆိုတာအမှန်တကယ်ဖြစ်တယ်
လေကြောင်းအင်အားတစ်ခုထဲကိုသာအားကိုနေရတဲ့စကစဟာအကုန်အကျပိုမိုများလာဖို့ရှိတယ်
မြေပြင်စစ်ပွဲမှာတော့ ကျား ဆိုတာနဲ့ ကားနေတော့တာပဲ

နိုင်ငံရေးအနေအထားမှာရွေးကောက်ပွဲနဲ့ထွက်ပေါက်ရှာနေတဲ့မအလ ဟာ
အချိန်ဇယားအတိအကျမရှိခင်မှာပဲ အာဆီယံ မူ၁၅ချက်ကြောင့် ထွက်ပေါက်ပိတ်သွားပြီးဖြစ်တယ်။
အဲဒီအတွက် အရှက်မရှိတဲ့သူတွေပီပီ
တိုင်းရင်းသားလက်နက်ကိုင်တွေကိုမက်လုံးပေးပြီး
ထွက်ပေါက်ရှာလာလိမ့်မယ်

NUCCနဲ့ NUGကဒီထွက်ပေါက်ကိုပိတ်စို့ထားနိုင်ရမယ်။
ဘယ်လိုပိတ်စို့မလဲဆိုတာတော့ လက်ရှိစစ်ရေးမဟာမိတ်တွေဖြစ်တဲ့
ကချင် ကရင် ချင်း ကရင်နီ
စတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေအပြင်ကျန်တဲ့တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ညီညွတ်ရေးနဲ့သစ္စာရှိရှိ ခိုင်မာအောင်တည်ဆောက်ထားနိုင်ရမှာဖြစ်တယ်
ဒါမှသာစစ်ရေး၊ နိုင်ငံရေး၊ သံမတန်ရေးဖိအားတွေနဲ့အပြင်းထန်းဆုံးဖိအားပေးနိုင်မှာဖြစ်တယ်။

အာဆီယံရဲ့ယခုတစ်ကြိမ်မူ၁၅ ချက်ဟာ
မအလစစ်တပ်ဟာသူတို့ရှုံးနေပြီးဆိုတာကောင်းကောင်းသိနေပြီးဖြစ်တယ်။

အခု ပွင့်လင်းရာသီမှာအကြီးအကျယ်စစ်မျက်နှာအားလုံးမှာထိုးစစ်ဆင်ဖို့လုပ်နေတဲ့ မအလတပ်ဟာ
ရခိုင်စစ်မျှက်နှာမှာအစွယ်ပြုတ်ထွက်သွားပြီးဒူးထောက်လိုက်ရပြီးဖြစ်တယ်

နောက်တစ်ချက်ကတော့ စကစ ဟာ
စစ်မျက်နှာအားလုံးတွေမှာအစွမ်းကုန်ယုတ်မာလာလိမ့်မယ် အရပ်သားနေအိမ်တွေကိုပစ်မှတ်ထားပြီးတိုက်ခိုက်တာတွေပိုပြင်းထန်စွာလုပ်လာလိမ့်မယ်။

သွေးခွဲတဲ့နည်းတွေနဲ့ယုတ်မာမယ် နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းကြမယ်ဆိုပြီးအာချောင်ပြီး
ဘာညာနဲ့အချိန်ဆွဲလာလိမ့်မယ်
ဒါတွေကိုကျနော်တို့သိရှိနားလည်ဖို့လိုသလို
စကစဘာပြောပြောဘာလုပ်လုပ်လက်မခံမိဖို့လိုတယ်
လက်နက်ချရင်ချလက်နက်မချရင်
အမြစ်ဖြတ်ရေးဟာဒီနေ့EROတွေနဲ့PDFနဲ့ပြည်သူတွေလျှောက်နေတဲ့လမ်းဟာလမ်းကြောင်းမှန်ဖြစ်တယ်
တော်လှန်ရေးဟာစစ်အောင်နိုင်ရေးကာလ
အသွင်ကူးပြောင်းရေးကာလ
တိုင်းသစ်ပြည်သစ်တည်ဆောက်ရေးကာလတွေကို
တဆင့်ချင်းမလွဲမသွေဖြတ်သန်းရပါမယ်
အဲဒီတော့ ကျနော်တို့တွေညီညွတ်ကြဖို့လိုတယ်
ဘယ်တော့မှမကွဲတဲ့စည်းလုံးမှုမျိုးလိုအပ်တယ်။

မလအ ဟာ နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးပြီးအရှုံးပေးမလား
အမြစ်အဖြတ်ခံမလား
ရွေးချယ်စရာနည်လမ်း ၂ခုထဲက တစ်ခုပဲရွေးရလိမ့်မယ်
ပထမအချက်ကိုရွေးခဲ့ရင် တစ်သက်လုံးထောင်ထဲမှာပဲနေရမလား ကွိုးစငျးလား
နှစ်ခုထဲကတစ်ခုပဲဖြစ်တယ်။
ဒါကိုတော့မအလ ကရွေးချယ်မှာမဟုတ်ဘူး
နိုင်ငံရေးနည်းလမ်းအရမဖြစ်နိုင်ဘူး
နောက်ဆုံးကတော့
အလုံစုံပျက်စီးရေးကိုသာလုပ်ဆောင်ရွေးချယ်လိမ့်မယ်
အခု
မအလစစ်တပ် ရဲ့လုပ်နေတဲ့စစ်ဆင်ရေးကိုကြည့်ရင်သိသာပါတယ်

အဲတော့ငါတို့ကလဲ သွေးကြွေးမှာဆွေးနွေးစရာမလိုတဲ့
ဖက်စစ်စစ်တပ်အမြစ်ဖြတ်ကြတော့

မင်းမိုးယံ

ယနေ့ ည  မြန်မာစံတော်ချိန် ၉ နာရီလောက်ကစပြီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲရဲ့ ဖွင့်ပွဲ ပုံရိပ်များကိုChill With P2D နဲ့ Nwa...
20/11/2022

ယနေ့ ည မြန်မာစံတော်ချိန် ၉ နာရီလောက်ကစပြီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲရဲ့ ဖွင့်ပွဲ ပုံရိပ်များကို

Chill With P2D နဲ့ Nway Oo Videos App/ Website ၂ ခုလုံးမှာ ဝင်ကြည့်လို့ရပါတယ်။

🍎 iOS 👉 https://testflight.apple.com/join/5wKlOET4

🤖 Play Store မှဒေါင်းလုပ် လုပ်ရန်လင့် 👉 https://bit.ly/3HD3ama

Nway Oo Videos Web 👉 http://bit.ly/3X2qUt1 (With Ouo Link)

Chill With P2D 👉 https://bit.ly/3TZOB2q

Available on iOS

30/10/2022

😃 ခိုးထားတာ ပေါ်ကုန်ပြီ ဟေ့ 😁

👍👍👍ကဲ! အမျိုးတို့ရေ👍👍😎

အမေရိကန်အစိုးရကတော့ပါးပါးပုတ်လည်မြိုစညှစ်လိုက်ပါပြီ။မြန်မာစကစသာမက စင်ကာပူပါထိတော့မယ်။
စစ်တပ်ရဲ့မြှပ်နှံထားတဲ့ဘီလျှံပေါင်းများစွာသောပြည်သူ့ငွေတွေပါ။
ဒီတခါတော့ အလုပ်နဲ့သက်သေပြမဲ့သဘောဘဲ။

Singapore ဟာ မြန်မာ ပြည်ကစစ်တပ်အကျိုးစီးပွါးတွေကိုကြားခံလုပ်ဆောင်ပေးနေတဲ့ပွဲစားနိုင်ငံတခုပါ အမေရိကန် ဟာ Singapore ဘဏ်တွေလုပ်ဆောင်ပေးနေတာမသိဘူးလို့မထင်လိုက်ပါနဲ့အကုန်သိပါတယ် လွှတ်ပေးထားတာပါ သူကိုယ်တိုင် အမေရိကန်ရေနံ ကုမ္မဏီ တွေဖြစ်တဲ့ ရှယ်ဗရွန် အမိုကို ပြင်သစ်ကုမ္ပဏီ တိုတယ်တို့ဆီကနေ မြန်မာစစ်တပ်အကျိုးအမြတ်ရနိုင်တာသိပေမဲ့ အ‌ေခြအနေကြောင့်လွှတ်ပေးထားပါသေးတယ် အခုတော့ စင်္ကာပူကို လာပြောပါပြီ မင်းတို့ငါတို့လိုဘဲပိတ်လို့ရတဲ့အနေအထားမှာရှိတယ် ဒီအရှေ့တောင်အာရှမှာ ပြိုကွဲပျက်စီးမဲ့ နိုင်ငံတခု ဖြစ်လာမှာကိုလက်ခံပေးလို့မရဘူး အဲတော့မင်းတို့လုပ်ပါ စင်္ကာပူကတော့အခု စာရေးချိန်အထိ မတုန့်ပြန်သေးပါဘူး
မြန်မာကို အာဆီယံမှာဘယ်သူကျောထောက်နောက်ခံပေးနေသလဲဆိုတာပေါ်လွင်နေပါတယ် အမေရိကန်‌ ဘဏ်တွေထဲမှာတောင် မြန်မာနိုင်ငံရဲ့ငွေ USD 1 Billion ဘဲရှိပြီး စင်္ကာပူဘဏ်တွေထဲ စကစ၊ သူတို့နဲ့ပတ်သက်သူခရိုနီများ မိသားစုများရဲ့အပ်နှံငွေများဟာ USD 24.3 Billions ရှိပါသတဲ့ နဲနဲနောနောငွေမဟုတ်ပါဘူး အမေရိကန်တို့ဟာ အာဆီယံမှာ စကစ ကိုဘယ်ကောင်ကျားကန်ပေးနေသလဲ သိနေပေမဲ့ လွှတ်ထားပေးပြီး အချိန်တန်တော့မှ ဆွဲဇိကုပ်တာပါ စင်္ကာပူတို့အတော်အကြပ်ရိုက်နေတဲ့ပုံပါ အကယ်၍ အမေရိကန်အကြံပေးတာကိုနားမထောင်ရင် စင်္ကာပူဘဏ်တွေကို အမေရိကန်ဘဏ္ဏာရေးဌာနက သမ တာခံရပါတော့မယ် ဒိအပြင်စင်္ကာပူဟာ လုံခြုံရေးအရ အမေရိကန်ထီးရိပ်ခိုလုပ်စားနေရတဲ့တိုင်းပြည်ပါ စကစ ဟာ ဒီအခြေအနေကို သတင်းတွေအရရိပ်စားမိပုံပေါ်လို့ ဗဟိုဘဏ်ထဲ 6ဘီလီယံရှိတယ်ဘာညာပြော နိုင်ငံရေးအကျဉ်းသား များကိုလွှတ်ပေးပြီး အမေရိကန်အကြိုက်လုပ်ပေးပြီးအာရုံလွှဲဖို့ကြိုးစားပါတယ် မရပါဘူး

တဆက်တည်းမှာ တချိန်လုံးမပြောဘဲ ချုပ်တည်းထားတဲ့ကိစ္စတခုပါအမေရိကန်တွေအန်ထွက်လာပါတယ် အမေရိကန်နိုင်ငံသားသတင်းသမား ကိစ္စပါ အမေရိကန်နိုင်ငံသားတယောက်ကို အချိန်အများကြီးကြာအောင် ဖမ်းဆီးထားပြီးဟုတ်လှပြီအောက်မေ့နေတဲ့ စစ်ခေါင်းဆောင်တွေကို ထိထိမိမိကိုပညာပြန်ပေးပါလိမ့်မယ်
အမေရိကန် အထူးသံ ဒဲရက် ချိုလေးက မြန်မာနိုင်ငံမှာ Danny Fenster လိုနိုင်ငံရေးအကျဉ်းသားအားလုံးကိုလွှတ်ပေးရမယ်လို့ သူ့နိုင်ငံသားအမည်ကိုနာမည်နဲ့တကွထုတ်ပြောသွားပါတယ် အောက်လွှတ်တော် အမတ် ကေသီမင်းနင်းကလဲ Danny Fenster ကိုအမည်နဲ့တပ်ပြီးတော့ကို သူနဲ့တကွ ဖမ်းဆီးထားသူအားလုံးကို လွှတ်ပေးဖို့ Burma act ကိုအတည်ပြုဖို့လိုတယ်လို့ပြောသွားပါပြီ အောက်လွှတ်တော်အမတ် Gregory Meeks ကလဲ ပြည်သူတွေရဲ့ဆန္ဒကို ဗြောင်ပစ်ပယ်တဲ့ လူ့သရမ်း စစ်တပ်ရဲ့လုပ်ရပ်ကို လွှတ်တော်အနေနဲ့လက်ပိုက်ကြည့်မနေနိုင်ပါဘူးတဲ့ ဒီဥပဒေကို ပူးတွဲတင်သွင်းတဲ့ Republican အမတ် Steve Chabot ကလဲ အခုဥပဒေကို အတည်ပြုတာဟာအရေးကြီးတဲ့ခြေလှမ်းတရပ်လို့ပြောကြားသွားပါတယ်

Biden Administration ဟာ မြန်မာစစ်ကောင်စီ ကိုသူစတက်တက်ချင်း စီးပွါးရေးပိတ်ဆို့မှု Sanction တွေချမှတ်ခဲ့ပါတယ် US Treasury department ဟာ စစ်တပ်နဲ့ပတ်သက်တဲ့ စီးပွါးရေးလုပ်ငန်းတွေ ကို တခုချင်းပစ်မှတ်ထားပိတ်ဆို့ပါတယ် ကြားထဲမှာလွတ်ပြီး UK ဘဏ်တွေနဲ့ပြောင်းလုပ်တဲ့ခရိုနီတဦးနဲ့သူ့ကုမ္ပဏီ ကိုလဲ UK ကထပ်ပိတ်ပါတယ် လွတ်နေတာကစင်္ကာပူပါ Singapore ကိုလဲ အခုပြောသွားပါတယ် ခင်ဗျားတို့လုပ်လို့ရတယ် လုပ်ပါမလုပ်ရင် အမေရိကန် US Treasury စင်္ကာပူဘဏ်တွေကိုဆော်ပါလိမ့်မယ်
တပြိုင်နက်ထဲမှာဘဲ House နဲ့ Senate 2ခုလုံးက Burma Unified through Rigorous Military Accountability act of 2021 ကိုအတည်ပြုလိုက်ရင် (အတည်ပြုဖို့ 90%)ပါမြန်မာအတွက်အလုပ်လုပ်ပေးနေတဲ့ နိုင်ငံတကာဘဏ်တွေအစိုးရတွေ ကုမ္ပဏီတွေ အကုန်နာပါပြီ အခုလဲတခုချင်းပစ်မှတ်ထားဆော်နေပါတယ် ဒီ Act က ပိုပြီးထိရောက်မြန်ဆန်နိုင်ပါတယ် စင်္ကာပူတော့ပဲလှော်ကြားဆားညပ်တာလား ပစ်ရမှာလဲဆီနဲ့တ၀င်း၀င်း စားရမှာလဲသဲနဲ့ရှပ်ရှပ်ပါ
ဒဲရက်ချိုလေး ဂျာကာတာကိုအရောက်အေပီသတင်းဌာန ကိုပြောကြားရာမှာ

မြန်မာနိုင်ငံအတွက်ကြီးမားတဲ့အလှည့်အပြောင်းပြုလုပ်ဖို့အချိန်ရောက်ပြီ

အမေရိကန်နဲ့အခြားအစိုးရများဟာအာဏာသိမ်းအဖွဲ့ရဲ့အကျင့်ဆိုးတွေကိုပြောင်းလဲသွားအောင်တွန်းအားဖြစ်စေမဲ့နိုင်ငံရေး စီးပွါးရေး ခလုပ်များကိုဆွဲလို့ရတဲ့အနေအထားရောက်လာပါပြီ

ဒါသူ့စကားပါ စောင့်ကြည့်ကြပါစို့ အဘတို့နဲ့ အဘတို့နဲ့ပေါင်းစားသူများတသက်လုံးမတရားရှာထားသမျှ တချက်ထဲနဲ့အကုန်ကုန်မဲ့ကိန်းလားမသိပါဘူးတရုပ်ဘဏ်ထဲကဟာတွေလဲတရုပ်ကသိမ်းလိုက်ရင်တော့ ဘုရား သာတနေရမဲ့ကိန်း
အော်သင်္ခါရ ပါတကား အမေရိကန်နိုင်ငံသားတယောက်ရဲ့တန်ဖိုး ကိုလဲ မသိမသာပြသွားပါပြီ

Ref: VOA,
Bangkok post,
AP
Credit
Htin Linn Thant & uploaders

27/10/2022

❝ဖားကန့်-အနန့်ပါအတွက် ဝမ်းနည်းမှုကို

တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်ကြ❞
▬▬▬▬▬▬▬▬▬▬▬▬▬

❏ ဖားကန့်-အနန့်ပါမှသည် တိုင်းရင်းသား လူမျိုးပေါင်းစုံ သွေးစည်းညီညွတ်ရေးကို ဖော်ညွှန်း‌သည့် အောက်ပါ လူထုတိုက်ပွဲလှုပ်ရှားမှုကြီးကို လူထုအားလုံး တညီတညွတ်တည်း ဖော်ဆောင်၊ ဆင်နွှဲကြပါစို့။

ဖားကန့်-အနန့်ပါ လေကြောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုကြီးအတွက် မိမိတို့ စိတ်ထဲကနေ ဝမ်းနည်း၊ ကြေကွဲ၊ နာကြည်းနေရုံမျှနဲ့ တင်းတိမ်မနေကြသင့်။ ဒီဝမ်းနည်းနာကြည်းစိတ်ကို တော်လှန်ရေးခွန်အားအဖြစ် လက်တွေ့ကျကျ ပြောင်းလဲဖော်ဆောင်ကြရမယ်။

ဒီအတွက် ပြည်သူလူထုတရပ်လုံး၊ တနိုင်ငံလုံး ပါဝင်ဆင်နွှဲနိုင်မယ့် "လူထုတိုက်ပွဲ လှုပ်ရှားမှု" ကြီးတရပ် ဖော်ဆောင်ကြပါစို့။

#မီးပိတ်သပိတ်_လူထုလှုပ်ရှားမှု

ဖားကန့်-အနန့်ပါ လေကြောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုကြီးမှာ ကျဆုံး၊ ထိခိုက်ဒဏ်ရာရသူများ အပါအဝင် နွေဦးတော်လှန်ရေးနှင့် တော်လှန်ရေးအဆက်ဆက်မှာ ကျဆုံးရသူများအတွက် ဝမ်းနည်းကြေကွဲခြင်း၊ ဂုဏ်ပြုဦးညွှတ်ခြင်းအားဖြင့် မိမိတို့ပြည်သူအားလုံးက "မီးပိတ်သပိတ် လူထုလှုပ်ရှားမှု" ကြီး ဆင်နွှဲကြဖို့ ဖြစ်ပါတယ်။

☗ နေ့ရက် - ၂၈ ရက် အောက်တိုဘာ ၂၀၂၂ ခု (သောကြာနေ့)

☗ အချိန် - ည (၈:၃၀) နာရီ (ဖားကန့်-အနန့်ပါ လေကြောင်း တိုက်ခိုက်ခံရသည့် အချိန်)

☗ မီးပိတ်မှု ကြာချိန် - ၁၀ မိနစ်

ဒီသတ်မှတ် နေ့ရက်နဲ့ အချိန်မှာ မိမိတို့ အိမ်များ၊ လမ်းများ၊ အဆောက်အဦများက လျှပ်စစ်မီးအပါအဝင် မီးအားလုံးကို ပိတ်၊ အမှောင်ချထားကြဖို့ ဖြစ်ပါတယ်။

အဲ့ဒီညမှာ မီးပိတ်သပိတ် လှုပ်ရှားမှုအပြင် ကျဆုံးပုဂ္ဂိုလ်များအတွက် မိမိတို့ ယုံကြည်မှု ဘာသာတရားအလိုက် ဆုတောင်းမှုများ၊ ကချင်လူထုနဲ့ အတူရပ်တည်ကြောင်း ရည်ညွှန်း သရုပ်ဖော် လှုပ်ရှားမှုများကိုလည်း တပါတည်း ဖော်ဆောင်ကြဖို့ ဖြစ်ပါတယ်။

ကချင်မြေကို ထိရင် ငါတို့အားလုံးနဲ့ ငြိတာပဲ။ ဖက်ဒရယ်ပြည်ထောင်စုရဲ့ ဘယ်နေရာကို ထိထိ ငါတို့ ပြည်သူအားလုံးနဲ့ သေချာပေါက် ငြိတာပါပဲ။

လူမျိုးပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်ရေးမှသည် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ . . .

ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်။

အရေးတော်ပုံ အောင်ရမည်။

#မီးပိတ်သပိတ်

#ဖားကန့်_အနန့်ပါ

#စစ်ရာဇဝတ်မှု

#ဝမ်းနည်းမှုကို_‌တော်လှန်ခွန်အားအဖြစ်ပြောင်းကြ

25/10/2022
https://www.facebook.com/385165108587508/posts/1632022520568421/
22/10/2022

https://www.facebook.com/385165108587508/posts/1632022520568421/

Breaking News- လေး​ကေ့​ကော်နှင့်ကော့ကရိတ်ဘက်သို့ စစ်တပ်က တိုက်လေယာဥ်များဖြင့် ညသန်းခေါင်ယံအချိန် ဗုံးကျဲ

ရန်ကုန်၊ အောက်တိုဘာ ၂၃

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်နှင့်ကော့ကရိတ်ဘက်သို့ ညသန်းခေါင်အချိန် အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်နေကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၀၀ နာရီအချိန် အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ် ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ပြီး မြဝတီမြို့ပေါ်မှ ပေါက်ကွဲသံများ ကြားနေရကြောင်း သိရသည်။

" လေးကေ့ကော်ဘက်က ပေါက်ကွဲသံတွေကြားရတယ်။ အိမ်တွေ​တောင် တုန်တယ်။ တိုက်လေယာဥ် ၂ စီးနဲ့ ဗုံးကျဲနေတာလို့ သိရတယ်" ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

ကော့ကရိတ်ဒေသခံတစ်ဦးကလည်း လေယာဉ်ပျံသံများကြားရပြီး ဗုံးကျဲသံများကြားရသော်လည်း မည်သည့်နေရာကို ဗုံးကျဲနေသည်ကို မသိရှိရသေးဟု ပြောဆိုသည်။

ဓာတ်ပုံ- ညအချိန် ပျံသန်းသည့် အကြမ်းဖက်စစ်တိုက်လေယာဉ်။ (ပုံအဟောင်းဖြစ်သည်)

21/10/2022

ကော့ကရိတ်မြို့မှာ တိုက်ပွဲ ပြင်းထန်နေ၊ အရပ်သား ထိခိုက်သေဆုံးတာတွေ ရှိနေ

ကော့ကရိတ်၊ အောက်တိုဘာ ၂၁

ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီးမှာ ဒီကနေ့ မနက်ပိုင်းက တိုက်ပွဲတွေဖြစ်ပွားနေပြီး မြို့တွင်းမှာလည်း လက်နက်ကြီးကျရောက်ပေါက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကော့ကရိတ်မြို့နယ်မှာ မနေ့ညပိုင်းကစပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့သလို လေယာဉ်တွေလည်း လာရောက်ပျံဝဲတာတွေရှိနေသလို ဒီကနေ့ အောက်တိုဘာ (၂၁)ရက်နေ့ မနက်ပိုင်းမှာတော့ မြို့တွင်းထဲမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှု ရှိနေတာဖြစ်ပါတယ်။

"ရေနံဆီကုန်း ပန်းခြံတန်းဘက်မှာ လက်နက်ကြီးကျတယ်တဲ့၊ တစ်ယောက်သေတယ် (၃)ယောက်ထိတယ်။ လက်နက်ကြီးပစ်သံက လက်ရှိအချိန်ထိ တရစပ်ပါ။ အခြေအနေမကောင်းဘူး၊ လူနာတင်ကားတွေ ရှုပ်နေတယ်တဲ့။ ဘေးကင်းလုံခြုံရာ နေရာများမှာ ရှောင်ရှားနေပေးကြပါ" လို့ မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်မှုသာမက ဒီကနေ့ မနက်မှာလည်း ကော့ကရိတ်မြို့အနီး ကျေးရွာတွေဘက်မှာ လေယာဉ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်မှုတွေပြလုပ်နေတယ်လို့ ကြားသိရပြီး ထိခိုက်မှုတော့ မသိရှိရသေးဘူးလို့ ဒေသခံရွာသားတွေက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့ ကော့ကရိတ်မြို့ပေါ် အခြေအနေနဲ့ ပတ်သက်ပြီး ဒေသခံ တစ်ဦးကလည်း အခုလိုပဲ ပြောပါတယ်။

"မနက်ကတည်းက ပစ်ခတ်မှုတွေဖြစ်နေတယ်။၊ မြို့ပတ်ချာလည်နီးပါးကို KNLA အဖွဲ့တွေက ဝိုင်းထားတယ်လို့ ကြားရတယ်၊ စကစဘက်ကလည်း ပစ်နေတာရှိတယ်၊ လက်နက်ကြီးကျည်တွေမြို့ထဲကို ကျရောက်ပေါက်ကွဲပြီး ပြည်သူတွေ ထိတယ်၊ နေအိမ်တွေပေါ်ကျတယ်၊ သေနတ်အသံတွေက တချက်မှ မစဲသေးဘူး၊ အခုထိ ဆက်ဖြစ်တုန်းပဲ"လို့ သူက ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေဖြစ်တဲ့ ကော့ကရိတ်-မြဝတီ အာရှလမ်းမထဲမှာ အခုရက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး တိုက်ပွဲကြောင့် အာရှလမ်းမပိုင်းမှာ အသွားအလာပိတ်ခဲ့ရကာ ခရီးသည်နဲ့ ယာဉ်အများအပြား ပိတ်ဆို့နေတယ်လို့ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

ပျော်ဘွယ်မြို့နယ်တွင်စိတ်ကြွမူးယစ်ဆေးဝါးများဖော်ထုတ်ဖမ်းဆီးရမိအောက်တိုဘာ(၁၇)၂၀၂၂ ပျော်ဘွယ် #ရွှေမောင်မောင်(မိတ္တီလာ)(OTR...
17/10/2022

ပျော်ဘွယ်မြို့နယ်တွင်စိတ်ကြွမူးယစ်
ဆေးဝါးများဖော်ထုတ်ဖမ်းဆီးရမိ

အောက်တိုဘာ(၁၇)၂၀၂၂ ပျော်ဘွယ်
#ရွှေမောင်မောင်(မိတ္တီလာ)(OTR003)

မန္တလေးတိုင်းဒေသကြီးပျော်ဘွယ်မြို့
ရွှေပြည်ရန်အောင်ရပ်ကွက်ရှိ​​နေအိမ်
တစ်အိမ်မှသတင်းအရရှာဖွေရာစိတ်ကြွ
မူးယစ်ဆေးပြားများဖော်ထုတ်ဖမ်းဆီး
ရမိခဲ့ကြောင်းသိရသည်။

အောက်တိုဘာ(၁၅)ရက်နေ့လည်(၂:၃၀)
အချိန်ခန့်မိတ္တီလာမူးယစ်တပ်ဖွဲ့စု(၅၅)
တပ်ဖွဲ့ဝင်များမှမူးယစ်ဆေးဝါးရောင်း
ချနေသည်ဟုသတင်းရရှိထားသည့်
ပျော်ဘွယ်မြို့ရွှေပြည်ရန်အောင်ရပ်ကွက်နယ်မြေ(၅)နေချမ်းမြေ့ကျော်
(ခ)ဝေကြီးနေအိမ်သို့သက်သေများနှင့်
အတူမူးယစ်ဆေးဝါးရှာဖွေဖမ်းဆီးခွင့်
ဝရမ်းအမှတ်(၂၃/၂၀၂၂)ဖြင့်ဝင်ရောက်
ရှာဖွေရာချမ်းမြေ့ကျော်(ခ)ဝေကြီးနှင့်
၄င်းအိမ်သို့ရောက်ရှ်ိနေသူသီဟစိုးမင်း
ထွန်း(ခ)မဲလေးတို့အားတွေ့ရှိပြီး၄င်းတို့
၏ခန္ဓာကိုယ်အားရှာဖွေရာသီဟစိုးမင်း
ထွန်း(ခ)မဲလေး၏ခါးကြားမှပလပ်စတစ်ဖြင့်ထုပ်လျက်88/1စာတမ်းပါပန်း
ရောင်စ်ိတ်ကြွမူးယစ်ဆေးပြား(၂၀)
ပြားကိုလည်းကောင်းနေအိမ်လှေကား
အနီးမှအအေးစုပ်ပိုက်နှင့်ထည့်လျက်
88/1စာတမ်းပါပန်းရောင်စိတ်ကြွမူးယစ်
ဆေးပြား(၁၄)ပြားနှင့်သုံးစွဲပစ္စည်းများ
ကိုလည်းကောင်းနေအိမ်အပေါ်ထပ်
အိပ်ခန်းမွေ့ရာအောက်မှလက်ဆွဲအိတ်
အတွင်းပိုက်ဖြတ်စတစ်ခုချင်းစီအတွင်း
မှ88/1စာတမ်းပါပန်းရောင်မူးယစ်
ဆေးပြား(၃၉)ပြားစီပါ(၄)ခုပေါင်းမူး
ယစ်ဆေးပြား(၁၅၆)ပြားဖမ်းဆီးရမိ
မူးယစ်ဆေးပြားစုစုပေါင်း(၁၉၀)ပြား
နှင့်ဖုန်း(၁)လုံးတို့ကိုတွေ့ရှ်ိ၍သက်သေ
များနှင့်အတူသိမ်းဆည်းခဲ့ကြောင်းသိ
ရသည်။

ဖမ်းဆီးရမိမူးယစ်ဆေးပြားများအား
ရမည်းသင်းမြို့နယ်အုတ်ဖိုကျေးရွာ
အုပ်စုလက်ပန်ခါးလှ(မြောက်ရွာ)နေ
မနှင်းအေးထံမှသွားရောက့ဝယ်ယူခဲ့
ကြောင်းသိရှ်ိရသဖြင့်သွားရောက်ထပ်
မံဖမ်းဆီး၍စိတ်ကြွမူးယစ်ဆေးပြား
များအားသုံးစွဲဖြန့်ဖြူးရောင်းချလက်
ဝယ်တွေ့ရှ်ိသူပျော်ဘွယ်မြို့ရွှေပြည်
ရန်အောင်ရပ်ကွက်နယ်မြေ(၅)နေ
ချမ်းမြေ့ကျော်(ခ)ဝေကြီး(၂၅)နှစ်
သီဟစိုးမင်းထွန်း(ခ)မဲလေး(၂၄)နှစ်
မူးယစ်ဆေးပြားများရောင်းချပေးခဲ့သူ
မနှင်းအေးလက်ပန်ခါးလှ(မြောက် ရွာ)
ရမည်းသင်းမြို့နယ်နေသူတို့အား
အရေးယူပေးရန်တိုင်တန်းချက်အရ
ပျော်ဘွယ်မြို့မရဲစခန်းမယ(ပ)၁၀/
၂၀၂၂ မူး/စိတ်ပုဒ်မ၁၉(က)/၂၁ ဖြင့်
အမှုဖွင့်အရေးယူဖမ်းဆီးစစ်ဆေး
ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

16/10/2022

ပျော်ဘွယ်မြို့ စစ်ဆေးရေးဂိတ်ကို ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ရဲ ၁ ဦး ပွဲချင်းပြီး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၆

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့အထွက် စစ်ဆေးရေးဂိတ်ကို ယနေ့ အောက် တိုဘာ ၁၆ နံနက်ပိုင်း ဗုံးခွဲတိုက်ခိုက်မှု တစ်ရပ်ဖြစ်ပွားပြီး ရဲ ၁ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်နှင့် ဒေသခံများထံမှ သိရှိရသည်။

အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီ ၁၃ မိနစ်အချိန် ပျော်ဘွယ်မြို့နယ် မြောက်ဘက်အထွက် စစ်ဆေးရေးဂိတ်ကို ပျော်ဘွယ်နှင့်သာစည် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ရာ ရဲ ၁ ဦးပွဲ ချင်းပြီးသေဆုံးသွားခြင်းဖြစ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ပျော်ဘွယ်မြို့မြောက်ဘက်အထွက်မှာ မော်တော်ပီကယ်ရယ်၊ ရဲတွေကဖြတ်သွားသမျှကားတွေကိုငွေကောက်နေတာ။ အဲဒါဗုံးနဲ့ပစ်သွားတာ စစ်ခွေးတစ်ယောက်တော့ ပက်လက်ကြီးမလှုပ်တော့ပါဘူး။ လူနာတင်ကားတွေနဲ့တင်သွားတယ်။ သေသွားတယ်လို့ပြောတယ်" ဟု ပျော်ဘွယ်မြို့နယ်ဒေသခံတစ်ဦးက ပြောသည်။

ဓာတ်ပုံ- ယမန်နှစ် ဇွန်လ၊ မြင်းခြံတွင် ယာဉ်ထိန်းရဲ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးနေစဉ်။ (ပုံအဟောင်းဖြစ်သည်)

Address

ပျော်ဘွယ်

Website

Alerts

Be the first to know and let us send you an email when Nway Oo Pyawbwe Page posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share