𝚈𝚒𝚗 𝚔𝚑𝚠𝚒𝚗 𝚝𝚊𝚠 𝚑𝚕𝚊𝚗 𝚢𝚊𝚢𝚢

  • Home
  • 𝚈𝚒𝚗 𝚔𝚑𝚠𝚒𝚗 𝚝𝚊𝚠 𝚑𝚕𝚊𝚗 𝚢𝚊𝚢𝚢

𝚈𝚒𝚗  𝚔𝚑𝚠𝚒𝚗  𝚝𝚊𝚠  𝚑𝚕𝚊𝚗  𝚢𝚊𝚢𝚢 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝚈𝚒𝚗 𝚔𝚑𝚠𝚒𝚗 𝚝𝚊𝚠 𝚑𝚕𝚊𝚗 𝚢𝚊𝚢𝚢, News & Media Website, .

Permanently closed.
11/09/2021

🚨Oktwin Breaking News 🚨

အုတ်တွင်းမြို့၊မဲကုန်းရပ်ကွက်
အထူး သတိပြုကြရန်‼️
ယနေ့ည မဲကုန်းရပ်ကွက်အား ပေါ်တာဆွဲရန်
စစ်ခွေးများ ဒလန် အိမ်မှာ စုနေသည် ဟု
သတင်းရရှိထားပါတယ်ဗျာ
အားလုံး အထူး သတိရှိကြပါ။

သတင်းထူးရင်လည်း page သို့ လာရောက်ပြောကြားနိုင်ပါတယ်။

07/09/2021

လေတပ်ဖွဲ့စည်းထားပြီဖြစ်ကြောင်း
NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် သတိပေး
Source Ye Minn AAC

အားလုံးကို ကြေငြာချင်တာလေးတစ်ခုက သတိပေးချင်တာပေါ့ဗျာ....သတင်းတွေ တင်တာက တင်ပါ ကောင်းပါတယ်ဗျာဒါပေမယ့် False Newsတွေကို အထ...
07/09/2021

အားလုံးကို ကြေငြာချင်တာလေးတစ်ခုက
သတိပေးချင်တာပေါ့ဗျာ....
သတင်းတွေ တင်တာက တင်ပါ ကောင်းပါတယ်ဗျာ
ဒါပေမယ့် False Newsတွေကို အထူးသတိရှိပါ
Source တိကျမှ တင်စေချင်လိုပါတယ်။🙏
ဒါက အရေးကြီးတဲ့ အချက်လေး မို့ပါ
ကျွန်တော်ရဲဘောတွေရော ပြည်သူတွေရော
ဘေးကင်းကြဖို့ မျှော်လင့်ပါတယ်ဗျ💪

ကျွန်တော်တို့ အနေနဲ့ကလည်း သတင်းတွေကို သေချာစုံစမ်းပြီးမှ
တင်ပေးနေပါတယ်ဗျ🙏🙏🙏

07/09/2021

📌📌ရန်ကုန်မှာ
ပို့ဆောင်ရေးစစ်လေယာဉ်တွေ
တစီးပြီးတစီး မနားတမ်းထွက်ခွာနေ တယ်ဟု
သတင်းရရှိ📌📌

07/09/2021

D-Day စသည့်နေ့၌ စကစ၏ လက်နက်စက်ရုံသို့သွယ်တန်းထားသည့် မီးလိုင်းကို PDF ဖြတ်တောက်😉
တတ်နိုင်တဲ့ဘက်က
ကူညီကြဖို့
သတင်းလာပေးစို့💪

D day ကြေငြာ လိုက်ပြီဆိုတော့ အရေးကြီးတာတွေပြင်ဆင်သင့်တာတွေ..online ရနေတုန်းပြင်ဆင်ထားကြပါ..NUG အစိုးရအဖွဲ့အစည်ကလည်းဘာတွေ...
07/09/2021

D day ကြေငြာ လိုက်ပြီဆိုတော့ အရေးကြီးတာတွေပြင်ဆင်သင့်တာတွေ..
online ရနေတုန်းပြင်ဆင်ထားကြပါ..

NUG အစိုးရအဖွဲ့အစည်ကလည်းဘာတွေဘာတွေလုပ်ဖို့ ညွှန်ကြားထားပါတယ်

အပိုင်း (1)
https://m.facebook.com/story.php?story_fbid=160623262874089&id=100188938917522

အပိုင်း (2)
https://www.facebook.com/100188938917522/posts/160626366207112/

အပိုင်း (3)
https://www.facebook.com/100188938917522/posts/161999992736416/

အပိုင်း (4)
https://www.facebook.com/100188938917522/posts/162721162664299/

အပိုင်း (5)
https://www.facebook.com/100188938917522/posts/163716175898131/



လက်ရှိတော်လှန်းရေးက တရားနည်းလမ်းကျတဲ့ တော်လှန်ရေးဖြစ်သည်။ ရေရှည်ငြိမ်းချမ်းသောနိုင်ငံ တည်ဆောက်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည...
07/09/2021

လက်ရှိတော်လှန်းရေးက တရားနည်းလမ်းကျတဲ့ တော်လှန်ရေးဖြစ်သည်။ ရေရှည်ငြိမ်းချမ်းသောနိုင်ငံ တည်ဆောက်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ တော်လှန်ရေး ဖြစ်တယ်။

📌Breaking News📌ယနေ့ စက်တင်ဘာလ ၇ ရက်နေ့မှစတင်၍ စစ်အာဏာရှင်ကို ချေမှုန်း တိုက်ခိုက်သည့် D-Day အဖြစ် ကြေညာကြောင်း NUG သမ္မတ...
07/09/2021

📌Breaking News📌

ယနေ့ စက်တင်ဘာလ ၇ ရက်နေ့မှစတင်၍ စစ်အာဏာရှင်ကို ချေမှုန်း တိုက်ခိုက်သည့် D-Day အဖြစ် ကြေညာကြောင်း NUG သမ္မတ ဒူဝါလရှီးလက ကြေညာ

ရန်ကုန်၊ စက်တင်ဘာ ၇

ယနေ့ စက်တင်ဘာလ ၇ ရက်နေ့မှစတင်၍ စစ်အာဏာရှင်ကို တော်လှန်သည့် ပြည်သူ့တော်လှန်ရေး စတင်သည့် D-Day အဖြစ် ကြေညာကြောင်း NUG သမ္မတ ဒူဝါလရှီးလက အရေးပေါ် မိန့်ခွန်းထုတ်ပြန်၍ ကြေညာနေပြီဖြစ်သည်။

တရားမဝင် စစ်အာဏာရှင်ကို ဖြုတ်ချရန် လိုအပ်သည့်အတွက် ယနေ့မှစတင်၍ နိုင်ငံတော်ကို အရေးပေါ် အခြေအနေကြေညာကြောင်း NUG အစိုးရကလည်း တရားဝင် အမိန့် ကြေညာချက် ထုတ်ပြန်လိုက်ပြီဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ အရေးပေါ် ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမိန့်ကြေညာချက်အမှတ် (၁/၂၀၂၁)

၇ စက်တင်ဘာလ ၂၀၂၁

“အရေးပေါ်အခြေအနေ ကြေညာခြင်း”

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ စတင်၍ စစ်ကောင်စီသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို လက်နက်အားကိုးဖြင့် အဓမ္မလုယူသိမ်းပိုက်ထားရုံမက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါး အကြမ်းဖက် အန္တရာယ်ပြုလျက်ရှိခြင်း၊ ပြည်သူများကလည်း နည်းလမ်းစုံဖြင့် စစ်အာဏာရှင်အုပ်စိုးမှုအား ခုခံတွန်းလှန်လျက်ရှိခြင်း၊ ယခုအခါ တရားမဝင် စစ်အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံးကို အပြီးတိုင် ဖျက်သိမ်းပစ်ရန် လိုအပ်လာခြင်း ဟူသော ဖြစ်ပေါ်ပြောင်းလဲလျက်ရှိသည့် အခြေအနေ အရပ်ရပ်ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရသည် ယနေ့ ၂၀၂၁ခုနှစ် စက်တင်ဘာလ ၇ ရက်မှ စတင်၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

၂။ အရေးပေါ်အခြေအနေ သက်ရောက်သည့်နယ်မြေသည် ပြည်ထောင်စုနိုင်ငံတော်တစ်ဝန်းလုံး ဖြစ်ပြီး၊ အချိန်ကာလအားဖြင့် ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန်လည် ထူထောင်နိုင်သည့် အချိန်အထိ သတ်မှတ်သည်။

ဒူဝါလရှီးလ
ယာယီသမ္မတ
အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

🔔အုန်းပင်ရွာကို စစ်ကားတစ်စီး ချီတက်သွားတယ်လို့သတင်းရထားပါတယ် 🔔စောနကဗုံးသတင်းကလဲတင်လုပ်ကြံတယ်လို့ခန့်မှန်းသိရှိရပါတယ် #ကျ...
06/09/2021

🔔အုန်းပင်ရွာကို စစ်ကားတစ်စီး ချီတက်သွားတယ်လို့သတင်းရထားပါတယ် 🔔
စောနကဗုံးသတင်းကလဲတင်လုပ်ကြံတယ်လို့ခန့်မှန်းသိရှိရပါတယ်
#ကျွန်တော်တို့pageလေးကိုအုတ်တွင်းမြို့ကသတင်းတွေလာရောက်ပေးပို့နိုင်ပါတယ်

06/09/2021

Breaking news ‼️‼️‼️‼️

ယနေ့ည ၈နာရီခွဲဝန်းကျင်တွင်
အုတ်တွင်းမြို့ အရှေ့ဘက်အုန်းပင်ကျေးရွာ ဒလန်တစ်ဦးအိမ်တွင် ဗုံးတစ်လုံးတွေ့ရှိသဖြင့် အကြမ်းဖက်ရဲတပ်ဖွဲ့ဝင်အမြောက်အများသွားရောက်၍
ပြည်သူများစိတ်အနှောက်အယှက်ဖြစ်စေရန်အတွက် သေနတ်များဆက်တိုက်ဖောက်လျက်ရှိသည်

Send a message to learn more

MRTV မှာ ကြေ​ငြာသွားတာ ဒီနေ့ည10နာရီခွဲ အင်တာနက်လိုင်းများ စတင်ပိတ်မည်ဆိုတာ...ပိတ်ချင်ပိတ် မပိတ်ချင်​နေ လီးပါပဲ☺  တကယ်ဖြတ...
06/09/2021

MRTV မှာ ကြေ​ငြာသွားတာ ဒီနေ့ည10နာရီခွဲ အင်တာနက်လိုင်းများ စတင်ပိတ်မည်ဆိုတာ...ပိတ်ချင်ပိတ် မပိတ်ချင်​နေ လီးပါပဲ☺

တကယ်ဖြတ်ခဲ့မယ်ဆိုရင်တော့ See ya'll later poh ✨

05/09/2021

ရွာသစ်ရွာ တွင် အပြစ်မဲ့ရွာသား နှစ်ဦးကို စစ်ကောင်စီတပ်မှ ရိုက်နှက်ဖမ်းဆီး။
-------------------------------------------------------
ရေတာရှည်၊ စက်တင်ဘာ ၃၊ ၂၀၂၁။

ရွာသစ်ကျေးရွာနေ အပြစ်မဲ့ ပြည်သူနှစ်ဦးကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၃ ရက် ညသန်းခေါင်ချိန်က ဖမ်းဆီးသွား ကြောင်း ဒေသခံများအပြောအရသိရသည်။

ရေတာရှည်မြို့နယ်အပိုင် ရွာသစ်ကျေးရွာမှ ဦးညွှန့်၀င်းနှင့် ဦတင်မြင့်တို့ကို ၎င်းတို့၏နေအိမ်များရှိရာသို့ စစ်တပ်က ည ၁၂ နာရီခွဲဝန်းကျင်တွင် ဝင်ဖမ်းခြင်းဖြစ်သည်။

ဧည့်စာရင်းစစ်သည့်ပုံစံဖြင့် ဒလန်များ၏ သတင်းပေးချက်အရ လာရောက် ရှာဖွေခြင်းဖြစ်ပြီး ဖမ်းဆီးခံရသည့်သူများကို ရိုက်နှက်ဖမ်းဆီး စစ်မေးခဲ့ကြောင်း ကျေးရွာ‌နေသူ များကပြောသည်။

ဦးညွှန့်၀င်းနှင့် ဦးတင်မြင့်တို့ကို အာဏာသိမ်း‌တပ်ထောပ်တိုင် ဒလန်များက အစောပိုင်းကတည်းက စောင့်ကြည့်ခဲ့ရာ သူတို့က တိမ်းရှောင်နေပြီးမှ ပြန်ရောက်လာခဲ့ခြင်းဖြစ်သည်။

“ဦးညွှန်၀င်းနဲ့ ဦးတင်မြင့်တို့အိမ် ကို ဝင်စစ်တယ်ညက၊ ပြီးတော့ ပါသွားတယ်။ ကွင်းဆက်လို့တော့ ပြောတာကြားရတယ်။ ည ၁၂ နာရီထိုးလောက်မှာ သူ့တို့‌ေနအိမ်မှာပဲ အဖမ်းခံရတာ" လို့ရွာခံတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ရွာသစ်ကျေးရွာမှ စစ်ထွက်တဦးလည်း အသတ်ခံခဲ့ရသည်။

ဆွာ သတင်းမှန် ပြန်ကြားရေး

📌Breaking News📌❗ယနေ့ည ❗အုတ်တွင်းမြို့ရှိ CDM သမားများ📌ကို စစ်အကြမ်းဖက်အုပ်စုမှဒလန်အကူညီနှင့်အတူဖမ်းဆီးမည်ဟုသတင်းရထားပါသည...
02/09/2021

📌Breaking News📌
❗ယနေ့ည ❗
အုတ်တွင်းမြို့ရှိ CDM သမားများ📌ကို
စစ်အကြမ်းဖက်အုပ်စုမှဒလန်အကူညီနှင့်
အတူဖမ်းဆီးမည်ဟုသတင်းရထားပါသည်။
Source Comfirm 📌

📌အုတ်တွင်း CDM အထူးသတိရှိပါဗျာ📌ဟုတ်သော််ရှိမဟုတ်သော်ရှိ သတိနဲ့ နေကြပါ 🩹
02/09/2021

📌အုတ်တွင်း CDM အထူးသတိရှိပါဗျာ📌
ဟုတ်သော််ရှိမဟုတ်သော်ရှိ
သတိနဲ့ နေကြပါ 🩹

  cmt
02/09/2021

cmt

မန္တလေးမြို့တွင် အခက်အခဲများကြားမှ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၂၀၅ ရက်မြောက်အဖြစ် သံဃသမဂ္ဂစစ်ကြောင်းသည် စက်တင်ဘာ ၁ တွင် ခ...
01/09/2021

မန္တလေးမြို့တွင် အခက်အခဲများကြားမှ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၂၀၅ ရက်မြောက်အဖြစ် သံဃသမဂ္ဂစစ်ကြောင်းသည် စက်တင်ဘာ ၁ တွင် ချီတက်ခဲ့သည်။ ဓာတ်ပုံ-CJ

သံဃာများက စစ်အာဏာရှင်လက်အောက်မှ မြန်မာပြည်သူများအတွက် ပရိတ်ရွတ်ဖတ်မေတ္တာပို့ခြင်းများလည်း ပြုလုပ်ခဲ့ကြသည်။

YGN‼ကြည့်မြင်တိုင်စခအင်အား ၁၀၀လောက် ဒလန်တွေပါရပ်ကွက်ထဲ တိုက်တွေကိုနေရာယူထား
01/09/2021

YGN‼ကြည့်မြင်တိုင်

စခအင်အား ၁၀၀လောက် ဒလန်တွေပါ

ရပ်ကွက်ထဲ တိုက်တွေကိုနေရာယူထား

01/09/2021

"Breaking News"
=============

နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော ညီညီအောင်ထက်နိုင်ရဲ့ အမွှာအကိုဖြစ်သူ ကိုကိုအောင်ထက်နိုင်အား အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်ဖမ်းစီးခဲ့ရာ ထွက်ပြေးလွတ်မြောက်သွားသည်ဟု သိရပါသည်။ယခုအခါ ကိုကိုအောင်ထက်နိုင်၏ မိခင်ဖြစ်သူအား ဓားစာခံအဖြစ် ဖမ်းဆီး၍ ကိုကိုအောင်ထက်နိုင်အား လာရောက်အဖမ်းခံရန် ဖုန်းဖြင့်ဆက်သွယ်ကာ အကျပ်ကိုင်နေသည်ဟု သိရပါသည်။လာရောက်ဖမ်းဆီးရတဲ့အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။



Address


Website

Alerts

Be the first to know and let us send you an email when 𝚈𝚒𝚗 𝚔𝚑𝚠𝚒𝚗 𝚝𝚊𝚠 𝚑𝚕𝚊𝚗 𝚢𝚊𝚢𝚢 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share