MyanCheck

MyanCheck သတင်းတု၊ သတင်းမှားများကို စိစစ်ဖော?

ရောဂါအခံရှိသူများ Covid-19 ကာကွယ်ဆေးထိုး၍မရဆိုသော သတင်းအမှား ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄𝐅𝐚𝐜𝐭-𝐜𝐡𝐞𝐜𝐤 𝐛𝐲 𝐌𝐲𝐚𝐧𝐂𝐡𝐞𝐜𝐤  “ဆီးချို၊ နှလ...
26/01/2021

ရောဂါအခံရှိသူများ Covid-19 ကာကွယ်ဆေးထိုး၍မရဆိုသော သတင်းအမှား
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
𝐅𝐚𝐜𝐭-𝐜𝐡𝐞𝐜𝐤 𝐛𝐲 𝐌𝐲𝐚𝐧𝐂𝐡𝐞𝐜𝐤

“ဆီးချို၊ နှလုံး၊ အသည်း၊ ကျောက်ကပ် ကလီစာရောဂါအခံရှိသူတွေ Covid-19 ကာကွယ်ဆေး ထိုးလို့ မရဘူး” ဆိုတဲ့ သတင်းတွေ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေပါတယ်။

ထိုသတင်းကို သတင်းအမှန်အဖြစ် မှတ်ယူကာ ပြန်လည်မျှဝေသူ (Share)၂,၃၀၀ ကျော် ရှိနေပါတယ်။

MyanCheck က သိရှိထားသမျှ
▄▄▄▄▄▄▄▄▄▄▄▄▄▄

ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနက ဇန်နဝါရီ၂၅ ရက်၊ ၂၀၂၁ ခုနှစ် က ထုတ်ပြန်ထားသော ကြေညာချက်တွင် ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကင်ဆာစသည့် နာတာရှည်ရောဂါအခံရှိသောသူများ၊ ယင်းရောဂါများအတွက် သက်ဆိုင်ရာဆေးဝါးများ သောက်သုံးနေရသူများသည် Covid-19 ကာကွယ်ဆေးကို ထိုး၍ရကြောင်း၊ ဤကဲ့သို့ ရောဂါအခံရှိသောသူများသည် Covod-19 ရောဂါ ကူးစက်ခံရပါက အသက်အန္တရာယ်စိုးရိမ်ရသောကြောင့် Covid-19 ကာကွယ်ဆေးထိုးသင့်သောသူများ ဖြစ်ကြောင်း ပါရှိပါသည်။ (Link- https://bit.ly/3cawZOK)

ထို့ကြောင့် ရောဂါအခံရှိသူများ Covid-19 ကာကွယ်ဆေး မထိုးရဆိုသည်မှာ သတင်းအမှား ဖြစ်ပါသည်။

Original Link Archived - https://archive.vn/i9QTo

23/01/2021

အနံ့ပျောက်သူတွေသောက်ရင် သုံးရက်အတွင်းရောဂါပျောက်တဲ့ဆေးဆိုသော သတင်းအမှား
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
Fact-check by MyanCheck

အနံ့ပျောက်သူတွေသောက်ရင် သုံးရက်အတွင်းရောဂါပျောက်တဲ့ဆေးဆိုသော သတင်းအမှား▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄Fact-check by MyanCheckအနံ့ပ...
22/01/2021

အနံ့ပျောက်သူတွေသောက်ရင် သုံးရက်အတွင်းရောဂါပျောက်တဲ့ဆေးဆိုသော သတင်းအမှား
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
Fact-check by MyanCheck

အနံ့ပျောက်သူများ သောက်သုံးလျှင် သုံးရက်အတွင်းရောဂါပျောက်ကင်းတဲ့ ကိုယ်တွေ့ဆေးဟုဆိုကာ Azithromycin ဒြပ်ပေါင်း ၅၀၀ မီလီဂရမ်ပါဝင်သော ဆေးကိုသောက်ရန် ပုံနှင့်တကွ ညွှန်းထားသည့် သတင်းမှားတစ်ခု ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့လျှက်ရှိသည်။
ထိုဆေးကို ဆိုရှယ်မီဒီယာသုံးစွဲသူအများအပြားက ကိုဗစ်-၁၉ ရောဂါ၏ ရှေ့ပြေးလက္ခဏာဖြစ်သော အနံ့ပျောက်မှုကို ကုသနိုင်သော ဆေးအဖြစ် မှတ်ယူကာ ပြန်လည်မျှဝေ(Share) နေကြပြီး စုစုပေါင်း မျှဝေမှု ၆,၅၀၀ ကျော်ရှိပြီဖြစ်သည်။
ယင်းဆိုရှယ်မီဒီယာပို့စ်တွင် အများအပြားက သတင်းအမှန်အမှား ဝေခွဲရခက်နေကြပြီး မည်သို့သောက်သင့်သည့် ဆေးညွှန်းကိုမေးမြန်းလျှက်ရှိကာ၊ အချို့ကမူ ဘေးထွက်ဆိုးကျိုး(Side Effect) ကို စိုးရိမ်နေကြသည်။

MyanCheck က သိရှိထားသမျှ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ယင်း Azithromycin ဆေးဝါးဒြပ်ပေါင်းသည် ကိုဗစ်-၁၉ မှ ပြန်လည်နာလန်ထူရန်၊ သက်သာရန် အကျိုးအာနိသင်မရှိ ကြောင်း ဗြိတိန်နိုင်ငံ၏ တော်ဝင် ဆေးဝါးဆိုင်ရာအဖွဲ့အစည်း(Royal Pharmaceutical Society) ၏ ဆေးဝါးဆိုင်ရာဂျာနယ်နှင့် တရားဝင်ဝဘ်ဆိုက်ဖြစ်သော pharmaceutical-journal.com တွင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက်က ဖော်ပြထားသည်။ (Link - https://bit.ly/2NphCYA)
အမေရိကန်နိုင်ငံ၏ အမျိုးသား ဆေးဝါးဆိုင်ရာစာကြည့်တိုက် (United States National Library of Medicine (NLM))၏ ကျောထောက်နောက်ခံပေးမှုဖြင့် လွှင့်တင်ထားသော ဆေးဝါးစမ်းသပ်မှုဆိုင်ရာ မှတ်ပုံတင်သောဝဘ်ဆိုက် clinicaltrials.gov တွင် ထို Azithromycin ဒြပ်ပေါင်းကို ကိုဗစ်-၁၉ လူနာများတွင် သုံးရန် ၂၀၂၀ ပြည့်နှစ် ဧပြီလအတွင်းက လူပေါင်း ၂,၂၀၀ ကျော်တွင် စမ်းသပ်ခဲ့ဖူးသည်။ (https://bit.ly/3iwRq9I)
သို့သော် ၎င်းသည် ဆေးသုတေသနအတွက် စမ်းသပ်ဆဲခြင်းသာဖြစ်ပြီး အများပြည်သူသုံးစွဲရန် ခွင့်ပြုချက်ပေးခြင်းမဟုတ်ပါ။
ထိုစမ်းသပ်မှုပြီးနောက် ဗြိတိန်သုတေသီများက ထိုဒြပ်ပေါင်းသည် ကိုဗစ်-၁၉ အတွက် အကျိုးသက်ရောက်မှု မရှိကြောင်း တွေ့ရှိပြီး ထုတ်ပြန်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအစိုးရ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအာဏာပိုင်များကလည်း ထိုဆေးကို သုံးစွဲရန် လမ်းညွှန်ခြင်းမျိုး မတွေ့ရှိပါ။
ထို့ကြောင့် Azithromycin ကို အနံ့ပျောက်သူများ မှီဝဲလျှင် သုံးရက်အတွင်း ရောဂါပျောက်သည် ဆိုသည်မှာ သတင်းမှားဖြစ်ပါသည်။

Original Link Archived - https://archive.vn/ZU1rC


ဆီးချိုရောဂါသည်တွေ အပြင်မထွက်ရဘူးဆိုတာ သတင်းအမှားပါ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄Fact-check by MyanCheckဆီးချိုဝေဒနာသည်တွေကို အပြ...
19/01/2021

ဆီးချိုရောဂါသည်တွေ အပြင်မထွက်ရဘူးဆိုတာ သတင်းအမှားပါ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
Fact-check by MyanCheck

ဆီးချိုဝေဒနာသည်တွေကို အပြင်မထွက်ဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သကဲ့သို့ အရေးကြီးအထူးသတင်းအဖြစ် ဖြန့်ဝေနေသည့် သတင်းမှားတစ်ခု ဆိုရှယ်မီဒီယာ ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့နေပါသည်။

ဖေ့စ်ဘွတ်ခ်ပို့စ်တစ်ခုတွင် လူပေါင်း ၁၅,၇၀၀ ကျော်က ထိုသတင်းကို အမှန်ထင်၍ မျှဝေ(Share)ထားပါသည်။

MyanCheck က သိရှိထားသမျှ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ဝန်ကြီးဌာနများနှင့် အာဏာပိုင်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များတွင် ထိုကဲ့သို့ ဆီးချိုရောဂါသည်တစ်မျိုးတည်းကို အပြင်မထွက်ရန် သီးခြားထုတ်ပြန်ထားခြင်းမျိုးမရှိသဖြင့် အဆိုပါသတင်းမှာ သတင်းမှားဖြစ်ပါသည်။

COVID -19 ကြောင့် သေဆုံးသူများထဲတွင် အများစုသည် ဆီးချို၊ သွေးတိုးနှင့် အခြားရောဂါအခံရှိသူများ ဖြစ်တာကြောင့်ရောဂါအခံရှိသူများနှင့် မိသားစုဝင်များ COVID -19 ကာကွယ်ရေးကို အထူးဂရုစိုက်သင့် ကြောင်းသာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အဆိုပါသတင်းမှာ ကျန်းမာရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာ အာဏာပိုင်များက တရားဝင် ထုတ်ပြန်ထားသည့် စည်းကမ်းများဖြစ်သော “ပြည်သူများကို မလိုအပ်ပါက အပြင်သို့မထွက်ဖို့၊ လူထူထပ်သည့်နေရာများ တတ်နိုင်သမျှရှောင်ရှားဖို့၊ မဖြစ်မနေအပြင်သွားရလျှင်လည်း အနည်းဆုံး လူဦးရေသာထွက်ဖို့နှင့် တစ်ဦးနှင့်တစ်ဦး ခြောက်ပေခွာဖို့” စသည့်တို့ကို လူအများနားလည်မှုလွဲအောင် ချဲ့ကားပြောဆိုခြင်းသာ ဖြစ်ပါသည်။

ကျန်းမားရေးဝန်ကြီးဌာနက Stay-at-Home ထုတ်ပြန်ထားသည့်မြို့နယ်များတွင်ပင် ထိုကဲ့သို့ ဆီးချိုရောဂါသည်များကိုကွက်၍ အပြင်မထွက်ရန် သီးသန့်ညွှန်ကြားထားခြင်းမျိုးမရှိပါ။

ပြည်တွင်းရှိ တရားဝင်သတင်းဌာနများကလည်း ထိုကဲ့သို့သော သတင်းမျိုး ဖော်ပြခြင်းမျိုးမရှိသကဲ့သို့၊ နိုင်ငံတကာမှ ကျွမ်းကျင်သူများ၊ သတင်းဌာနများကလည်း ထိုကဲ့သို့ရေးသားဖော်ပြ ထုတ်ပြန်ခြင်းမျိုး မရှိပါ။

ဦးဇော်ဇော်ကလူတစ်ဦးငါးသိန်းလှူမယ်ဆိုတာသတင်းအမှားပါ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄𝐅𝐚𝐜𝐭-𝐜𝐡𝐞𝐜𝐤 𝐛𝐲 𝐌𝐲𝐚𝐧𝐂𝐡𝐞𝐜𝐤• “ဦးဇော်ဇော်နှင့်အ...
16/01/2021

ဦးဇော်ဇော်ကလူတစ်ဦးငါးသိန်းလှူမယ်ဆိုတာသတင်းအမှားပါ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
𝐅𝐚𝐜𝐭-𝐜𝐡𝐞𝐜𝐤 𝐛𝐲 𝐌𝐲𝐚𝐧𝐂𝐡𝐞𝐜𝐤

• “ဦးဇော်ဇော်နှင့်အလှူရှင်များမှ၅သိန်းလှူဒါန်းမည်”
• “၁၁-၁-၂၀၂၁ မှ ၃၀-၂-၂၀၂၁ အထိ တစ်အိမ်ထောင်လျှင် ကျပ်ငါးသိန်းစီထောက်ပံ့မည်”

• အစရှိသည့်သတင်းများသည် အမှန်တကယ်မဟုတ်ဘဲ လိမ်လည်နေသည့်သတင်းများဖြစ်ပါသည်။

• Facebook ပေါ်တွင် သတင်းအတုများဖြန့်ဝေကာ ဖုန်းနံပါတ်များတောင်းခြင်း၊ ငွေကြေးလိမ်လည်ခြင်းများ ပြုလုပ်နေပါသည်။ မိမိထံသို့ အလားတူသတင်းမှားများရောက်လာပါက လောဘဇောြဖင့် ငွေပေးခြေခြင်းများ မပြုလုပ်မိရန်လိုပါသည်။

• အဆိုပါသတင်းမှားများသည် Facebook Group များ Messenger များမှတဆင့်ပျံ့နှံ့နေပြီးငွေကြေးလိမ်လည် တောင်းခံမှုများ ပြုလုပ်နေသည်။

𝐅𝐚𝐜𝐭-𝐜𝐡𝐞𝐜𝐤 𝐛𝐲 𝐌𝐲𝐚𝐧𝐂𝐡𝐞𝐜𝐤
𝐌𝐲𝐚𝐧𝐂𝐡𝐞𝐜𝐤 ကသိထားသမျှ
▄▄▄▄▄▄▄▄▄▄▄▄▄▄

• ၎င်း၏အမည်ကို အလွဲသုံးစားလုပ်ကာ ဟုလိမ်လည်နေကြောင်း ဦးဇော်ဇော်က သူ၏ အပြာခြစ် (Bule Mark) ရထားသည့် U Zaw Zaw အကောင့်မှ သတိပေးထားသည်။

• “ကျွန်တော်တို့ လူမျိုးတွေဟာ အယုံလွယ်တတ်ကြပါတယ်။ လူတချို့က အဲ့ဒီအားနည်းချက်ကို အသုံးချပြီး လိမ်လည် လှည့်စားကြပါတယ်။ မသမာတဲ့နည်းနဲ့ ကိုယ်ကျိုးရှာကြပါတယ်။ ဦးဇော်ဇော်က မဲဖောက်ပေးပါမယ်။ လက်ဆောင်ပေးပါမယ်။ အလှူငွေတွေ ပေးနေပါပြီ။ Like လုပ်ပေးပါ။ Share လုပ်ပေးပါ။ ဖုန်းနံပါတ်လေး ထားခဲ့ပေးပါ။ ငွေလွှဲပေးပါမယ်ဆိုလည်း ယုံတတ်ကြပါတယ်”

• “တကယ်တော့ ဒီကိစ္စတွေ အားလုံးဟာ မိမိနဲ့ လုံးဝ မသက်ဆိုင်ပါဘူး။ မဖြစ်သင့်တာတွေ မဖြစ်စေရအောင်လို့ အသိပေးခြင်း ဖြစ်ပါတယ်” ဟုလည်း ဦးဇော်ဇော်ကသတိပေးထားသည်။

အရက်သောက်ရင် ကိုဗစ်ပျောက်တယ်ဆိုတာမဟုတ်ပါ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄𝐅𝐚𝐜𝐭-𝐜𝐡𝐞𝐜𝐤 𝐛𝐲 𝐌𝐲𝐚𝐧𝐂𝐡𝐞𝐜𝐤အရက်သောက်ရင် ကိုဗစ်ပျောက်တယ်ဆိုတာမဟ...
15/01/2021

အရက်သောက်ရင် ကိုဗစ်ပျောက်တယ်ဆိုတာမဟုတ်ပါ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
𝐅𝐚𝐜𝐭-𝐜𝐡𝐞𝐜𝐤 𝐛𝐲 𝐌𝐲𝐚𝐧𝐂𝐡𝐞𝐜𝐤

အရက်သောက်ရင် ကိုဗစ်ပျောက်တယ်ဆိုတာမဟုတ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကကြေညာထားပါတယ်။

သရုပ်ဖော်ပုံ - WHO

ဘူတန်မှာစစ်တပ်မရှိ၊ မှုခင်းမဖြစ်ဆိုတာမဟုတ်ပါ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄𝐅𝐚𝐜𝐭-𝐜𝐡𝐞𝐜𝐤 𝐛𝐲 𝐌𝐲𝐚𝐧𝐂𝐡𝐞𝐜𝐤“နေချင်မိတဲ့ဘူတန်နိုင်ငံ” ဟုအစချီက...
14/01/2021

ဘူတန်မှာစစ်တပ်မရှိ၊ မှုခင်းမဖြစ်ဆိုတာမဟုတ်ပါ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
𝐅𝐚𝐜𝐭-𝐜𝐡𝐞𝐜𝐤 𝐛𝐲 𝐌𝐲𝐚𝐧𝐂𝐡𝐞𝐜𝐤

“နေချင်မိတဲ့ဘူတန်နိုင်ငံ” ဟုအစချီကာ ဟိမဝန္တာတောင်တန်းများကြားက ဘူတန်နိုင်ငံသည် မည်မျှ သာယာကြောင်း ဖွဲ့နွဲ့ရေးသားထားသည့် သတင်းတစ်ခုအကြောင်း လူမှုကွန်ရက်ပေါ်တွင် တွေ့မြင်နိုင်သည်။

ဘူတန်နိုင်ငံရဲ့ လှပသာယာပုံတွေနဲ့ နိုင်ငံရေးစနစ်တွေအကြောင်း ဖွဲ့နွဲ့ရေးသားထားတဲ့ အဆိုပါရေးသားချက်တွေထဲမှာ အချက်အလက်အမှန်တွေပါတွင်သလို အချက်အလက်အမှားတချို့လည်း ပါဝင်နေသည်။

“ဘူတန်နိုင်ငံတွင်စစ်တပ်မရှိဘူး”

“၁၀ နှစ်အတွင်း တစ်နိုင်ငံလုံးမှာ အမှုတစ်မှုပဲရှိခဲ့ပါတယ်။ အဲ့ဒီ အမှုကလည်း ဘုန်းကြီးကျောင်းထဲကို ဖိနပ်စီးပြီး ဝင်မိခြင်းပင်ဖြစ်သည်” အစရှိသည့်အချက်များမှာ အချက်အလက် အမှားများသာဖြစ်ပါသည်။

𝐅𝐚𝐜𝐭-𝐜𝐡𝐞𝐜𝐤 𝐛𝐲 𝐌𝐲𝐚𝐧𝐂𝐡𝐞𝐜𝐤
𝐌𝐲𝐚𝐧𝐂𝐡𝐞𝐜𝐤 ကသိထားသမျှ
▄▄▄▄▄▄▄▄▄▄▄▄▄▄

“ဘူတန်နိုင်ငံမှာစစ်တပ်မရှိဘူး” ဆိုသည်က အချက်အလက်အမှားဖြစ်သည်။ ဘူတန်နိုင်ငံတွင် ရေတပ်နှင့်လေတပ်သာမရှိခြင်းဖြစ်ပြီး တော်ဝင်ဘူတန်တပ်မတော် (Royal Bhutan Army) ရှိပါသည်။ တော်ဝင်ဘူတန်တပ်မတော်အကြောင်းကို ၎င်းတို့၏ အင်တာနက်စာမျက်နှာတွင်လေ့လာနိုင်သည်။

လူဦးရေ (၇)သိန်းခန့်သာရှိပြီး မြင့်မားသည့်တောင်တန်းများအကြားမှ ကုန်းတွင်းပိတ်နိုင်ငံတစ်ခု ဖြစ်သည့်အတွက် ရေတပ်နှင့်လေတပ်တို့မရှိခြင်းကို စစ်တပ်မရှိဟု ထင်မြင်မိခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

“၁၀ နှစ်အတွင်း တစ်နိုင်ငံလုံးမှာ အမှုတစ်မှုပဲရှိခဲ့သည်” ဆိုသည်ကလည်း အချက်အလက် အမှားပင် ဖြစ်သည်။
ဘူတန်နိုင်ငံဟာ တခြားနိုင်ငံတွေနဲ့ယှဉ်ရင် မှုခင်းဖြစ်ပွားမှုနှုန်းဟာ အလွန်နည်းပါးတာမှန်ပေမယ့် ၁၀ နှစ်မှ ၁ မှုဆိုတာကတော့ မမှန်ပါဘူး။

မူးယစ်ဆေးဝါးအမှု၊ အရက်သေစာနဲ့ပတ်သက်တဲ့အမှုအခင်းတွေနဲ့ မုဒိန်းမှုတွေနဲ့ပတ်သတ်ပြီးတိုင်ကြားမှုတွေရှိခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရပ်ခြားလုံခြုံရေးဆိုင်ရာ အကြံပေးကောင်စီရဲ့ ၂၀၂၀ အစီရင်ခံစာမှာတွေ့နိုင်ပါတယ်။

𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞/ကိုးကားချက်များ
▄▄▄▄▄▄▄▄▄▄▄▄▄▄

အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရပ်ခြားလုံခြုံရေးဆိုင်ရာ အကြံပေးကောင်စီရဲ့ ၂၀၂၀ အစီရင်ခံစာ ကိုကြည့်ရန်။
shorturl.at/dgqJL

ကြက်သွန်ဖြူက ကိုဗစ်ကိုနိုင်တယ်ဆိုတာသတင်းအမှားပါ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄𝐅𝐚𝐜𝐭-𝐜𝐡𝐞𝐜𝐤 𝐛𝐲 𝐌𝐲𝐚𝐧𝐂𝐡𝐞𝐜𝐤ကြက်သွန်ဖြူစားရင်ကိုရိုနာဗိုင်း...
14/01/2021

ကြက်သွန်ဖြူက ကိုဗစ်ကိုနိုင်တယ်ဆိုတာသတင်းအမှားပါ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
𝐅𝐚𝐜𝐭-𝐜𝐡𝐞𝐜𝐤 𝐛𝐲 𝐌𝐲𝐚𝐧𝐂𝐡𝐞𝐜𝐤

ကြက်သွန်ဖြူစားရင်ကိုရိုနာဗိုင်းရပ်ပျောက်တယ်ဆိုတာမဟုတ်ပါဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကကြေညာထားပါတယ်။

ကြက်သွန်ဖြူက ကျန်းမာရေးအတွက်အထောက်အကူပြုပြီး ရောဂါပိုးတချို့ကို တိုက်ဖျက်နိုင်တယ်ဆိုပေမယ့် ကိုဗစ်ကိုနိုင်တယ်ဆိုတဲ့ အထောကအထားမရှိဘူးလို့ WHO ကဆိုပါတယ်။

သရုပ်ဖော်ပုံ - WHO

ရေသန့်ကို ကျိုချက်သောက်ရင် ကင်ဆာဖြစ်စေသလား▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄𝐅𝐚𝐜𝐭-𝐜𝐡𝐞𝐜𝐤 𝐛𝐲 𝐌𝐲𝐚𝐧𝐂𝐡𝐞𝐜𝐤  “ရေသန့်ကို ရေနွေးကျိုသောက်တာတင် ...
13/01/2021

ရေသန့်ကို ကျိုချက်သောက်ရင် ကင်ဆာဖြစ်စေသလား
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
𝐅𝐚𝐜𝐭-𝐜𝐡𝐞𝐜𝐤 𝐛𝐲 𝐌𝐲𝐚𝐧𝐂𝐡𝐞𝐜𝐤


“ရေသန့်ကို ရေနွေးကျိုသောက်တာတင် မဟုတ်ဘဲ နေပူထဲချထားရင်တောင် ကင်ဆာဖြစ်ပါတယ်” ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေပါတယ်။

“ရေသန့်ထဲမှာထည့်ထားတဲ့ ကလိုရင်းဓာတ်က အပူနဲ့ထိတွေ့တဲ့အခါ ကလိုရိုဖောင်း ဓာတ်အဖြစ် ပြောင်းလဲသွားပြီး ကြာရှည်အပူပေးသုံးစွဲလာတဲ့အခါ မအီမသာဖြစ်ခြင်း ခေါင်းကိုက်ခြင်း ပျို့အန်ခြင်း အမည်မဖော်နိုင်တဲ့ ရောဂါတွေဖြစ်လာခြင်းများဖြစ်ပေါ်လာပြီး ကင်ဆာဘက်ကို နွယ်လာနိုင်တာမျိုး ဖြစ်နိုင်ချေများပါတယ်” ဆိုပြီးရေးသားထားပါတယ်။

မြန်မာနိုင်ငံရေသန့်လုပ်ငန်းရှင်များအသင်း ဥက္ကဌနဲ့ ရေသန့်ပညာရှင်တွေကတော့ ဒါဟာသတင်းမှားဆိုပြီး သူ့ရဲ့ဖေ့ဘုတ်ခ်ကနေ ပြန်လည်ဖြေရှင်းထားပါတယ်။




မြန်မာနိုင်ငံရေသန့်လုပ်ငန်းရှင်များအသင်းဥက္ကဌရဲ့ဖြေရှင်းချက်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ရေသန့်ကောလဟာလများ
ရေသန့်ကိုကြိုသောက်ရင်ကင်ဆာ
ဖြစ်တယ်လို့
ချက်မယ်ပြုတ်မယ်ဂရုထဲမှာတင်ထားတာ
မိတ်ဆွေတချို့ကဖတ်လိုက်ရလို့မေးကြပါတယ်

ရေသန့်ကိုကြိုသောက်လို့ကင်ဆာမဖြစ်ပါခင်ဗျာ

ကင်ဆာကိုဖြစ်စေနိုင်တာက
ရေသန့်ဘူးလုပ်ထားတဲ့PET ပလတ်စတစ်
ကသာနေပူထဲမှာကြာရှည်ထားရင်ဓါတ်ပြုပြီး
ကင်ဆာဖြစ်နိုင်တာပါ

ရေသန့်ထဲမှာကလိုရင်းပါလို့မရပါဘူးခင်ဗျာ
FDAကခွင့်မပြုပါဘူး

ကလိုရင်းရဲ့အနံ့ကအရမ်းပြင်းပါတယ်
ရေကူးကန်ရောက်ဘူးသူတိုင်းသိပါတယ်ခင်ဗျ

ကျနော်ပေးချင်တဲ့Messageကတော့
မြန်မာတနိုင်ငံလုံးကFDA အသိမှတ်ပြု
လက်မှတ်ရထားတဲ့ရေသန့်မှန်သမျှ
စိတ်ချလက်ချသောက်သုံးနိုင်ပါကြောင်း
ရေးသားအပ်ပါတယ်ခင်ဗျာ

ကောလဟာလဘေးမှကင်းဝေးကျပါစေ
ချစ်ခြင်းအားဖြင့်
ဆိုပြီးရေးသားထားပါတယ်။


ရေသန့်ပညာရှင်ရဲ့ဖြေရှင်းချက်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ရေသန့်အင်ဂျင်နီယာ ဒေါက်တာစိုင်းအောင်သန့်ဇင်ကလည်း ရေသန့်ကိုပြန်ကျိုချက်သောက်ရင် ကင်ဆာဖြစ်စေတယ်ဆိုတာ မမှန်ဘူးလို့ဆိုပါတယ်။

“ရေကို နေပူထဲထားတာကလဲ ရေက cancer ဖြစ်တာမဟုတ်ပါဘူး။ ရေဗူးက chemical တွေထွက်လာတတ်လို့ဖြစ်ပါတယ်”

“ရေကဖြစ်တာမဟုတ်ပါဘူး၊ ဗူးကဖြစ်တာပါ။ ဗူးပါထည့်ကျိုရင်တော့ ဖြစ်မှာပါ။ ဒီတိုင်းဆိုရင်တော့ သုံးတဲ့ဗူးအမျိုးအစား၊ ရှိနေတဲ့ ပတ်ဝန်းကျင် အပူချိန်ပေါ်မူတည်ပါတယ်။ ရေကဖြစ်တာမဟုတ်ပါဘူး၊ ရေထည့်တဲ့ ဗူးက chemical တွေ ရေထဲပျော်ဝင်လာတာပါ” လို့ဆိုပါတယ်။

𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞/ကိုးကားချက်များ
▄▄▄▄▄▄▄▄▄▄▄▄▄▄

မူရင်းရေးသားချက်ကိုဖတ်ရှုရန်
https://archive.vn/wip/X4VAl

မြန်မာနိုင်ငံရေသန့်လုပ်ငန်းရှင်များအသင်းဥက္ကဌရဲ့ဖြေရှင်းချက်ကိုဖတ်ရန်
https://archive.vn/drS9u



ရေသန့်ပညာရှင်ရဲ့ဖြေရှင်းချက်ကိုဖတ်ရန်
https://archive.vn/MLTJr

သတင်းမှားဖြန့်သူတွေကကာတွန်းပုံကိုဘယ်လိုပြုပြင်ထားသလဲ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄𝐅𝐚𝐜𝐭-𝐜𝐡𝐞𝐜𝐤 𝐛𝐲 𝐌𝐲𝐚𝐧𝐂𝐡𝐞𝐜𝐤သတင်းမှားဖြန့်သူများ အ...
13/01/2021

သတင်းမှားဖြန့်သူတွေကကာတွန်းပုံကိုဘယ်လိုပြုပြင်ထားသလဲ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
𝐅𝐚𝐜𝐭-𝐜𝐡𝐞𝐜𝐤 𝐛𝐲 𝐌𝐲𝐚𝐧𝐂𝐡𝐞𝐜𝐤

သတင်းမှားဖြန့်သူများ အသုံးပြုလေ့ရှိတဲ့နည်းတွေထဲက တစ်ခုက ကာတွန်းရုပ်ပုံနှင့်ဓာတ်ပုံများကို ပြုပြင်ဖန်တီးပြီး မူလအကြောင်းအရာနှင့် ဆန့်ကျင်ဘက်ဖြစ်အောင် ပြုပြင်ရေးသားခြင်းမျိုးပါ။

ကာတွန်းစိုးကြီး(ပေါင်းတည်) က ၂၀၁၉ တွင်ရေးသားခဲ့သည့် ကာတွန်းတစ်ခုကို စာသားပြောင်းထားပြီး မူလပုံစံနဲ့ ကွဲလွဲတဲ့ အကြောင်းအရာဖြစ်အောင် ပြုပြင်ဖန်တီးရေးသားထားတဲ့ ကာတွန်းတစ်ခု ပျံ့နှံ့နေပါတယ်။

𝐌𝐲𝐚𝐧𝐂𝐡𝐞𝐜𝐤 ကသိထားသမျှ
▄▄▄▄▄▄▄▄▄▄▄▄▄▄

ပြုပြင်ဖန်တီးပြီး တည်းဖြတ်ထားတဲ့ ကာတွန်းပုံမှာ မူရင်းစာသားတွေကိုပြုပြင်ထားရုံမက ဆော့ဝဲလ်အသုံးပြုပြီး ပုံကိုပြုပြင်ထားတာကိုလည်းတွေ့ရပါတယ်။

ပထမဆုံးပြုပြင်ထားတဲ့တစ်ခုကတော့ မိန့်ခွန်းပြောနေတဲ့သူရဲ့စာသားဖြစ်ပါတယ်။ မူလကာတွန်းမှာ “ကျုပ်နာမည်နဲ့ မြေတကွက်ယူဘူးလားပြော” ဆိုတဲ့နေရာမှာ “ ကျုပ်တို့အစိုးရက အရင်အစိုးရလုပ်သွားတဲ့ အရှုပ်တွေကိုရှင်းနေရတာဗျ” ဆိုတဲ့ စာသားကိုပြုပြင်ဖန်တီးထားပါတယ်။

ဒုတိယတစ်ခုကတော့ မိန့်ခွန်းပြောနေတဲ့သူရဲ့ အဝတ်အစားအရောင်ကိုလည်း ပြုပြင်ထားပါသေးတယ်။ မူရင်းကာတွန်းမှာပါတဲ့ အဝတ်အစားရောင်က အဖြူနဲ့အစိမ်းဖြစ်ပေမယ့် ပြုပြုင်ထားတဲ့ ကာတွန်းမှာတော့ ပင်နီနဲ့အနီရောင်ဖြစ်အောင် ဖန်တီးထားပါတယ်။

တတိယတစ်ခုကတော့ စင်အောက်က ပြန်ပြီးစကားပြောတဲ့သူရဲ့ ပြောစကားကိုလည်း ပြုပြင်ထားတာတွေ့ရပါတယ်။

𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞/ကိုးကားချက်များ
▄▄▄▄▄▄▄▄▄▄▄▄▄▄

မူရင်းကာတွန်းကိုကြည့်ရှုရန်
https://archive.vn/pxE3o

ပြုပြင်ထားသည့် ကာတွန်းကိုကြည့်ရန်
https://archive.vn/tSymT

Address


Website

Alerts

Be the first to know and let us send you an email when MyanCheck posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share