Myanmar Citizen News Agency - MCNA

  • Home
  • Myanmar Citizen News Agency - MCNA

Myanmar Citizen News Agency - MCNA to give reliable news for people's

ဆန်စျေးနူန်း ပိုတင်ရောင်းသူတွေကို ဖမ်းဆီး အရေးယူဇွန် ၃၀/ ၂၀၂၄ဆန် စျေးကွက်အတွင်း သင့်တင့်မျှတဲ့ စျေးနူန်းထက် စျေးပိုတင်ရေ...
30/06/2024

ဆန်စျေးနူန်း ပိုတင်ရောင်းသူတွေကို ဖမ်းဆီး အရေးယူ

ဇွန် ၃၀/ ၂၀၂၄

ဆန် စျေးကွက်အတွင်း သင့်တင့်မျှတဲ့ စျေးနူန်းထက် စျေးပိုတင်ရောင်းသူတွေကို ဖော်ထုတ် ဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်နေတယ်လို့ နစက က ဇွန်လ ၃၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် ပြောဆိုထားပါတယ်။

Citizen News Agency - MCNA

မန္တလေးမြို့ပေါ်မှာ လုယက်မှု ကျူးလွန်သူ (၁၁)ဦးနဲ့ လက်ပစ်ဗုံးပြ ခြိမ်းခြောက်သူ (၂) ဦး ဖမ်းဆီးရမိဇွန် ၁၆/ ၂၀၂၄မန္တလေးမြိ...
16/06/2024

မန္တလေးမြို့ပေါ်မှာ လုယက်မှု ကျူးလွန်သူ (၁၁)ဦးနဲ့ လက်ပစ်ဗုံးပြ ခြိမ်းခြောက်သူ (၂) ဦး ဖမ်းဆီးရမိ

ဇွန် ၁၆/ ၂၀၂၄

မန္တလေးမြို့ပေါ်က Sky Mobile ဖုန်းဆိုင်နဲ့ Paradise Mobile ဖုန်းဆိုင်တွေကို လုယက်ခဲ့ကြတဲ့ အမျိုးသမီး (၃) ဦးနဲ့ အမျိုးသား (၅) ဦးကို
ဖမ်းဆီးရမိခဲ့တယ်လို့ နစက ကပြောပါတယ်။

ဒါအပြင် မြို့ပေါ်ရပ်ကွက်အချို့မှ လုယက်မှု အကြိမ်ကြိမ်ကျူးလွန်ခဲ့သူ (၁) ဦးကိုလည်း ရွှေထည်ပစ္စည်း တချို့နဲ့ ဖမ်းဆီးရမိခဲ့ပြီးတော့ လက်ပစ်ဗုံးပြ ဖောက်ခွဲမယ်လို့ ခြိမ်းခြောက်သူ (၂) ဦးကိုလည်း MG 1 လက်ပစ်ဗုံး (၁)လုံးနဲ့ အတူ ဖမ်းဆီးရှိခဲ့ သေးတယ်လို့ ဆိုပါတယ်။

အဲ့ ဒီ ကျူးလွန်သူတွေကို ဇွန်လ (၁၂)နဲ့ (၁၃ )ရက်နေ့တွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ရှောင်တခင် စစ်ဆေးမှု၊ ပိတ်ဆို့ ရှာဖွေ စစ်ဆေးမှုတွေကနေ ဖမ်းဆီးနိုင်ခဲ့တာလို့ သိရပါတယ်။

Mobile ဖုန်းဆိုင် တွေကို လုယက်ခဲ့သူတွေထဲက (၁) ဦးကတော့ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

ဓါတ်ပုံ - လွတ်မြောက်နေတဲ့ လုယက်မှုကျူးလွန်သူနဲ့ ဖမ်းဆီးရမိထားသူများ (နစက ထုတ်ပြန်)

Citizen News Agency - MCNA

သန်လျင် တံတားသစ် ဖွင့်ပွဲကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ဖို့ ကြံစည်သူတွေကို ဖမ်းဆီးရမိခဲ့ဟုဆိုဇွန် ၁၁/ ၂၀၂၄ရန်ုကုန်၊ သာကေတန...
11/06/2024

သန်လျင် တံတားသစ် ဖွင့်ပွဲကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ဖို့ ကြံစည်သူတွေကို ဖမ်းဆီးရမိခဲ့ဟုဆို

ဇွန် ၁၁/ ၂၀၂၄

ရန်ုကုန်၊ သာကေတနဲ့ သန်လျင်မြို့နယ်ကို ဆက်သွယ်ထားတဲ့ သန်လျင် အမှတ် (၃) တံတား သစ် ဖွင့်ပွဲကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ဖို့ကြံစည် သူတွေ ဖမ်းဆီးရမိခဲ့တယ်လို့ နစက က ထုတ်ပြန် ပြောဆိုထားပါတယ်။

ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ဖို့ ကြံစည်သူ (၉) ဦးကို ဒဂုံ မြို့သစ် ဆိပ်ကမ်းမြို့နယ်နဲ့ ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ်တွေမှာ ရှော့တိုက်ဒုံးအပါအဝင် ဆက်စပ်ပစ္စည်းတွေနဲ့ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

အမှတ် (၃) တံတားသစ်ကိုတော့ဇွန်လ (၈) ရက်နေ့က နစက ဥက္ကဌ ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့တာလဲ ဖြစ်ပါတယ်။

ဓါတ်ပုံ - နစက ထုတ်ပြန်

Citizen News Agency - MCNA

NLD နာယက ဦးတင်ဦးရဲ့ ဈာပနအခမ်းအနားဇွန် ၅/ ၂၀၂၄NLD နာယက ဦးတင်ဦးရဲ့ ဈာပနအခမ်းအနားကို ဇွန်လ (၅) ရက်နေ့ နေ့လည်ပိုင်းက ရေဝ...
05/06/2024

NLD နာယက ဦးတင်ဦးရဲ့ ဈာပနအခမ်းအနား

ဇွန် ၅/ ၂၀၂၄

NLD နာယက ဦးတင်ဦးရဲ့ ဈာပနအခမ်းအနားကို ဇွန်လ (၅) ရက်နေ့ နေ့လည်ပိုင်းက ရေဝေးသုသာန်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ဂူသွင်းသင်္ဂြိုဟ်ခဲ့တာပါ။

ဓါတ်ပုံ - MCNA

Citizen News Agency - MCNA

NLD နာယက ဦးတင်ဦး အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ လွမ်းသူ့ပန်းခြင်းများ ပေးပို့ ...
03/06/2024

NLD နာယက ဦးတင်ဦး အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ လွမ်းသူ့ပန်းခြင်းများ ပေးပို့

ဇွန် ၄ /၂၀၂၄

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ နာယက ဦးတင်ဦးဟာ ဇွန်လ (၁) ရက်နေ့ နံနက်ပိုင်းက ကွယ်လွန်သွားခဲ့တာဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လွမ်းသူ့ပန်းခြင်း ပေးပို့ထားတာကို တွေ့ရပါတယ်။

ဒါအပြင် ဒေါ်အောင်ဆန်းစုကြည် ကလည်း လွမ်းသူ့ပန်းခြင်း ပေးပို့ထားတာကို တွေ့ရပါတယ်။

ဓါတ်ပုံ - MCNA

Citizen News Agency - MCNA

NLD ပါတီ နာယက ဦးတင်ဦး ကွယ်လွန်ဇွန် ၁/ ၂၀၂၄အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD)ရဲ့ နာယက တစ်ဦး ဖြစ်တဲ့ ဦးတင်ဦး ဟာ...
01/06/2024

NLD ပါတီ နာယက ဦးတင်ဦး ကွယ်လွန်

ဇွန် ၁/ ၂၀၂၄

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD)ရဲ့ နာယက တစ်ဦး ဖြစ်တဲ့ ဦးတင်ဦး ဟာ ဒီကနေ့ မနက် (၈) နာရီ ခွဲ ကျော်လောက်မှာ ကွယ်လွန်သွားခဲ့တယ်လို့ မိသားစု တွေဆီက သိရပါတယ်။

"ဒီမနက်ပဲ (အစောကလေးတင်)ဆုံးသွားတာ။ ရန်ကုန်ဆေးရုံကြီးမှာပါပဲ" လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

ဦးတင်ဦးဟာ ၂၀၁၇ ခုနှစ်က နေအိမ် ရေချိုးခန်းအတွင်း ချော်လှဲရာကနေ လေဖြတ်ဝေသနာကို ကြုံတွေ့ခံစားနေခဲ့ရတာ ဖြစ်ပြီး အသက် (၉၈) နှစ် ပြည့်တော့မှာ ဖြစ်ပါတယ်။

ဦးတင်ဦးဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တာ၀န် (၁၉၇၄ - ၁၉၇၆) ကို ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးလဲ ဖြစ်ပါတယ်။

Citizen News Agency

ရွှေတိဂုံစေတီတော်မှာ ကဆုန်လပြည့်နေ့ ညောင်ရေ သွန်းလောင်း ပူဇော်နေမှုနဲ့ ဘုရားဖူးလာရောက်ကြသူများ Photo - MCNA
22/05/2024

ရွှေတိဂုံစေတီတော်မှာ ကဆုန်လပြည့်နေ့ ညောင်ရေ သွန်းလောင်း ပူဇော်နေမှုနဲ့ ဘုရားဖူးလာရောက်ကြသူများ

Photo - MCNA

ထိုင်းမှာ ပြစ်ဒဏ် ကျခံပြီးတဲ့ မြန်မာနိုင်ငံသား (၁၀၀) ကျော်ကို နေရပ်ပြန်ပို့ရနောင်း (MCNA)ထိုင်းနိုင်ငံ တောင်ပိုင်းက အချု...
08/05/2024

ထိုင်းမှာ ပြစ်ဒဏ် ကျခံပြီးတဲ့ မြန်မာနိုင်ငံသား (၁၀၀) ကျော်ကို နေရပ်ပြန်ပို့

ရနောင်း (MCNA)

ထိုင်းနိုင်ငံ တောင်ပိုင်းက အချုပ်တွေမှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံခဲ့ပြီးတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ဒီကနေ့ မေလ (၈)ရက်နေ့က နေရပ်ပြန်ပို့ခဲ့ကြတယ်လို့ သိရပါတယ်။

နေရပ်ပြန်ပို့တာတွေကိုတော့ ထိုင်းနိုင်ငံ ရနောင်းဘက်ခြမ်းကနေ စက်လှေတွေနဲ့ မြန်မာ ဘက်ခြမ်း ကော့သောင်းအာဏာပိုင်တွေဆီကို လွှဲပြောင်း ပေးအပ်ခဲ့ကြတာပါ။

ပြန်လည်လက်ခံမှုမှာတော့ အမျိုးသား (၇၄)ဦး၊ အမျိုးသမီး (၂၉)ဦးနဲ့ ကလေး ကျား/မ (၄)ဦး ပါဝင်ပြီး သူတို့တွေကို ကျန်းမာရေး စစ်ဆေးမှုတွေ၊ ကိုယ်ရေး အချက်အလက် စစ်ဆေးတာတွေနဲ့ အသိပညာပေးတာတွေကို ဒေသအာဏာပိုင်တွေက လုပ်ဆောင်ပေးခဲ့ ကြပါတယ်။

စစ်ဆေးအသိပညာပေးမှုတွေ ပြုလုပ်ပြီးတဲ့ အခါမှာတော့ နေရပ်အသီးသီး ပြန်နိုင်အောင် အာဏာပိုင်တွေက စီစဥ်ဆောင်ရွက်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

Citizen News Agency

ဓာတ်ပုံ - ထိုင်းအချုပ်များ၌ ပြစ်ဒဏ်ကျခံပြီး မြန်မာနိုင်ငံသားများအား မေလ (၈)ရက်နေ့ က ရနောင်းကနေ ကော့သောင်း သို့လွှဲပြောင်းပေးအပ်နေမှု

နေပြည်တော် လမ်းလျှောက် သင်္ကြန် အကြိုနေ့ နံနက်ပိုင်း မြင်ကွင်း တချို့
13/04/2024

နေပြည်တော် လမ်းလျှောက် သင်္ကြန် အကြိုနေ့ နံနက်ပိုင်း မြင်ကွင်း တချို့

NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား နစက ကျင်းပပြုလုပ်အောက်တိုဘာ ၁၅တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာ...
15/10/2023

NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား နစက ကျင်းပပြုလုပ်

အောက်တိုဘာ ၁၅

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို နေပြည်တော်က MICC 2 မှာ အောက်တိုဘာ ၁၅ ရက်နေ့က နစက ကျင်းပပြုလုပ်ခဲ့ပါတယ်။

Citizen News Agency - MCNA

ပဲခူးမြို့ ရေကြီး နေမှု  (MFSD)
10/10/2023

ပဲခူးမြို့ ရေကြီး နေမှု (MFSD)

ဖားကန့်က မြေစာပြိုကျမှု ရေနစ်မြုပ်သွားခဲ့သူများ၏ သေဆုံးအလောင်း ၃၀ နီးပါးတွေ့ရှိသြဂုတ် ၁၆၊ ၂၀၂၃ကချင်ပြည်နယ်၊ ဖားကန့်မြို့...
16/08/2023

ဖားကန့်က မြေစာပြိုကျမှု ရေနစ်မြုပ်သွားခဲ့သူများ၏ သေဆုံးအလောင်း ၃၀ နီးပါးတွေ့ရှိ

သြဂုတ် ၁၆၊ ၂၀၂၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနမှော်မှာ ဩဂုတ်လ ၁၃ ရက် ညနေပိုင်းက မြေစာပုံ ပြိုကျရာကနေ ရေလှိုင်းထပြီး တစ်ဖက်မှာရှိ တဲ့ မြေစာပုံနဲ့ အတူ ကျောက်ရှာဖွေသူတွေလဲ ရေထဲမျှောပါမှု ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီလို ရေထဲမျှောပါသွားတဲ့ ကျောက်ရှာဖွေသူတွေရဲ့ သေဆုံးရုပ်အလောင်း တွေကိုတော့ သြဂုတ်လ ၁၅ ရက်နေ့ ညနေပိုင်းက စတင်တွေ့ရှိခဲ့ပြီး လက်ရှိ သြဂုတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းအထိ အလောင်း ၃၀ လောက် တွေ့ရှိနေရပြီလို့ လူမှုရေးအသင်းအဖွဲ့တွေဆီက သိရပါတယ်။

ဓာတ်ပုံ - သေဆုံးရုပ်အလောင်းများတွေ့ရှိမှု (Crd - Photo)
Citizen News Agency - MCNA

ဘားအံ သံလွင်တံတားအနီး ပူးပေါင်းစစ်ဆေးရေး ဂိတ်ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ဟုဆိုဇူလိုင် ၃၁၊  ၂၀၂၃။ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သ...
31/07/2023

ဘားအံ သံလွင်တံတားအနီး ပူးပေါင်းစစ်ဆေးရေး ဂိတ်ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ဟုဆို

ဇူလိုင် ၃၁၊ ၂၀၂၃။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်တံတားနားက ပူးပေါင်းစစ်ဆေးရေး ဂိတ် ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၇ နာရီထိုးခါးနီးအချိန်လောက်က ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

‌ပေါက်ကွဲမှုကို သက်ဆိုင်ရာက စစ်ဆေးမှုတွေ ပြုလုပ်နေပြီး သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှု တွေ ရှိခဲ့တယ်သိရပါတယ်။

အဲ့ဒီတံတားဟာ ဘားအံနှင့် မြိုင်ကလေးကို ဆက်သွယ်ထားတဲ့ တံတားဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည့် စစ်ဆေးရေးဂိတ် (Crd - လူမှုကွန်ယက်)
Citizen News Agency - MCNA

ရန်ကုန် မင်္ဂလာတောင်ညွန်မှာ ကျပ်သိန်း ၅၀၀ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါများ တရားခံများနှင့် အတူ ဖမ်းဆီးရမိဇူလိုင် ၂၈၊ ၂၀၂၃။ရ...
28/07/2023

ရန်ကုန် မင်္ဂလာတောင်ညွန်မှာ ကျပ်သိန်း ၅၀၀ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါများ တရားခံများနှင့် အတူ ဖမ်းဆီးရမိ

ဇူလိုင် ၂၈၊ ၂၀၂၃။

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန်မြို့နယ်၊ ကန်အရှေ့ရပ်ကွက်၊ (၉၄)လမ်းမှာ ဇူလိုင်လ ၂၇ ရက်နေ့ ညနေပိုင်းက Toyota Fielder အမျိုးအစား ယာဥ်အား သက်ဆိုင်ရာမှ ရပ်တန့် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာ မူးယစ်ဆေး၀ါးတွေနဲ့ သယ်ဆောင်လာသူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိမှုအနေနဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၅၀၀)ကို ယာဥ်မောင်းအပါအ၀င် (၅) တို့နဲ့ အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးရမိသူတွေကို မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ထားပြီး တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ဖမ်းဆီးရမိမူးယစ်ဆေး၀ါးများနှင့် ဖမ်းဆီးရမိသူများ (CCDAC Myanmar)
Citizen News Agency

နစက ဥက္ကဌ ၏ အကြံပေးအဖြစ် MEC ဥက္ကဌကို ခန့်အပ်တာဝန်ပေးဇူလိုင် ၅/ ၂၀၂၃ နစက ဥက္ကဌ ၏ အကြံပေးအဖြစ် မြန်မာ့စီးပွါးရေးကော်ပိုရေ...
05/07/2023

နစက ဥက္ကဌ ၏ အကြံပေးအဖြစ် MEC ဥက္ကဌကို ခန့်အပ်တာဝန်ပေး

ဇူလိုင် ၅/ ၂၀၂၃

နစက ဥက္ကဌ ၏ အကြံပေးအဖြစ် မြန်မာ့စီးပွါးရေးကော်ပိုရေးရှင်း (MEC) ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောကို ဇူလိုင်လ ၅ ရက်နေ့က ထုတ်ပြန် ခန့်အပ်တာဝန်ပေးခဲ့တယ်လို့ သိရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉အရ ဒုဗိုလ်ချုပ်ကြီး ညိုစောကို နစက အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး လက်မှတ်ဖြင့် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

Citizen News Agency- MCNA

မန္တလေးတွင် မူးယစ်ဆေး ထိုးသွင်းနေချိန် သေဆုံးမှုဖြစ်ပွါးဇူလိုင် ၃၊ ၂၀၂၃။မန္တလေးမြို့ 37လမ်း/ 85Dလမ်းတွင် အသက် ၂၇ နှစ်အရွ...
03/07/2023

မန္တလေးတွင် မူးယစ်ဆေး ထိုးသွင်းနေချိန် သေဆုံးမှုဖြစ်ပွါး

ဇူလိုင် ၃၊ ၂၀၂၃။

မန္တလေးမြို့ 37လမ်း/ 85Dလမ်းတွင် အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ မူးယစ်ဆေး ထိုးသွင်း အသုံးပြုနေချိန် ဇူလိုင် ၃ ရက်ဆုံးနေ့ နေ့လည်နေပိုင်းက သေဆုံးနေခဲ့တယ်လို့“မဏီစလ”လူမှုကူညီရေးအသင်း(မန္တလေး) ဆီကနေ သိရပါတယ်။

သေဆုံးအလောင်းကို အနီးပတ်ဝန်းကျင်ကတွေ့ရှိခဲ့ပြီး ဆက်သွယ်အကြောင်းလာတာကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံ ဌာနသို့ပို့ဆောင် ပေးထားခဲ့တယ်လို့လဲ အသင်းထံကနေ သိရပါတယ်။

ဓာတ်ပုံ - မူးယစ်ဆေးထိုး သေဆုံးနေမှု (မဏီစလ)
Citizen News Agency - MCNA

လှိုင်သာယာက ငါးအအေးခန်းစက်ရုံ မီးလောင်မှုဖြစ်ပွားဇူလိုင် ၃၊ ၂၀၂၃။လှိုင်သာယာ၊ အနော်ရထာစက်မှုဇုန်၊ ဂန္ဓမာလမ်းက ငါးအအေးခန်း...
03/07/2023

လှိုင်သာယာက ငါးအအေးခန်းစက်ရုံ မီးလောင်မှုဖြစ်ပွား

ဇူလိုင် ၃၊ ၂၀၂၃။

လှိုင်သာယာ၊ အနော်ရထာစက်မှုဇုန်၊ ဂန္ဓမာလမ်းက ငါးအအေးခန်း စက်ရုံဟာ ဒီကနေ့ ဇူလိုင်လ ၃ ရက် နံနက် ၂ နာရီခွဲအချိန်လောက်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုကို မီးသတ်တပ်ဖွဲ့နဲ့ ပရဟိတလူမှုရေးအသင်းတွေက သွားရောက်မီးငြိမ်းသတ်ပေးခဲ့ကျပြီး နံနက် ၃ နာရီကျော်လောက်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှု ဖြစ်စဉ်နဲ့ ပျက်စီးဆုံးရှုံးမှုကိုတော့ သက်ဆိုင်ရာ ကစစ်ဆေးနေပြီး လူထိခိုက်မှုနဲ့ အခြား ပတ်ဝန်းထိခိုက်ပျက်စီးမှုတော့ မရှိခဲ့ဘူးလို့လဲ သိရပါတယ်။

ဓာတ်ပုံ - မီးလောင်မှုဖြစ်ပွားနေမှုနှင့် မီးငြိမ်းသတ်နေမှု (မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့)
Citizen News Agency - MCNA

ALP ပါတီ ဒု ဥက္ကဌ အပါအဝင် (၃) ဦး ရည်ရွယ်ချက်ရှိရှိ လုပ်ကြံချောင်းမြောင်း ပစ်သတ်ခြင်းခံခဲ့ရဟုဆိုဇူလိုင် ၂၊ ၂၀၂၃။ရခိုင်ပြည...
02/07/2023

ALP ပါတီ ဒု ဥက္ကဌ အပါအဝင် (၃) ဦး ရည်ရွယ်ချက်ရှိရှိ လုပ်ကြံချောင်းမြောင်း ပစ်သတ်ခြင်းခံခဲ့ရဟုဆို

ဇူလိုင် ၂၊ ၂၀၂၃။

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ဒုဥက္ကဌ ခိုင်နီရောင် အပါအဝင် (၃)ဦး ရည်ရွယ်ချက်ရှိရှိ လုပ်ကြံချောင်းမြောင်း ပစ်သတ်ခြင်းခံခဲ့ရတယ်လို့ ပါတီက ထုတ်ပြန်ပြောဆိုထားပါတယ်။

၎င်းတို့ဟာ ဇူလိုင်လ (၁)ရက်နေ့က ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိုခါမုန်တိုင်းကယ်ဆယ်ရေးကိစ္စများအတွက် ဥက္ကဌရုံးမှာအစည်းအဝေးပြုလုပ်ပြီးအပြန် ပစ်ခတ်ခံခဲ့ရတာလို့ သိရပါတယ်။

ဓာတ်ပုံ - ALP ပါတီ သဘောထားထုတ်ပြန်ချက်
Citizen News Agency - MCNA

Taxi တစ်စီး ဆီပန့်ပြင်ရာကနေ မီးလောင်မှုဖြစ်ပွါးဇူလိုင် ၂၊ ၂၀၂၃။ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောအလယ်ရပ်ကွက်၊ မြောင...
02/07/2023

Taxi တစ်စီး ဆီပန့်ပြင်ရာကနေ မီးလောင်မှုဖြစ်ပွါး

ဇူလိုင် ၂၊ ၂၀၂၃။

ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောအလယ်ရပ်ကွက်၊ မြောင်းမြလမ်းမှာ ဇူလိုင် ၂ ရက် နေ့လည် ၁ နာရီ ခွဲလောက်က Fielder အမျိုးအစား Taxi ဟာ ဆီပန့်ပြုပြင်ရာကနေမီးလောင်မှုဖြစ်ပွါးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဌာနကနေသိရပါတယ်။

မီးလောင်မှုဟာ လူထိခိုက်မှုမရှိခဲ့ပေမယ့် ကားကတော့ မီးလောင်းကျွမ်းသွားခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ပရဟိတလူမှုရေး အသင်းတို့က မီးငြိမ်းသတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - မီးလောင်မှု ဖြစ်ပေါ်ခဲ့သည့် Taxi
Citizen News Agency -MCNA

ထိုင်း ဘုရင့် အမတော် သီရိဒုံဖောင်‌ဒေးရှင်းက ပေးအပ်သည့် Princess Maha Chakri Award ဆု လှိုင်သာယာက အထက်တန်းပြ ဆရာမ ရရှိဇွန...
30/06/2023

ထိုင်း ဘုရင့် အမတော် သီရိဒုံဖောင်‌ဒေးရှင်းက ပေးအပ်သည့် Princess Maha Chakri Award ဆု လှိုင်သာယာက အထက်တန်းပြ ဆရာမ ရရှိ

ဇွန် ၃၀၊ ၂၀၂၃။

ထိုင်း ဘုရင့် အမတော် သီရိဒုံ၏ မဟာချက္ကရီသီရိဒုံ ဖောင်ဒေးရှင်းမှ ချီးမြှင့် ပေးအပ်သည့် Princess Maha Chakri Award (PMCA) ဆု ကို လှိုင်သာယာ အထက (၂)က အထက်တန်းပြ ဆရာမ ‌ဒေါ်အေးစုဝင်း ရရှိခဲ့ကြောင်း PMCA Foundation မှ သိရှိရသည်။

‌ဆရာမ ဒေါ်အေးစုဝင်းသည် Grade – 12 အင်္ဂလိပ်စာပြ ဆရာမ တစ်ဦးဖြစ်ပြီး ဆုကို အောက်တိုဘာ ၁၇ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် PMCA ညီလာခံတွင် ချီးမြှင့်ပေး အပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Princess Maha Chakri Award ဆုကို ဖောင်ဒေးရှင်း စတင်တည်ထောင်ခဲ့သည့် ၂၀၁၅ ခုနှစ်ကနေ မှ စတင်၍ (၂) နှစ် တကြိမ် အာဆီယံ (၁၀)နိုင်ငံနှင့် တီမောလက်ရှ်တေ နိုင်ငံများမှ ဆရာ/ ဆရာမများအား ချီးမြှင့်ပေးအပ် ခြင်း ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံက ၂၀၁၅ ခုနှစ်တွင် ဆရာမ ဒေါ်ရည်မွန်စိုးသူ ရရှိခဲ့ဖူးပြီး ၂၀၂၀ - ၂၀၂၁ ခုနှစ်တွင် ဆရာ ဦးကျော်ဇင်အောင် ဆိုသူတို့မှ ၎င်း Princess Maha Chakri Award ဆုရရှိခဲ့ဖူးကြောင်း သိရှိရသည်။

PMCA ဖောင်ဒေးရှင်းကို ထိုင်းဘုရင့်အမတော် သီရိဒုံမင်းသမီး၏ အသက် (၆၀)ပြည့် မွေးနေ့ ဂုဏ်ပြုသည့် အနေဖြင့် (၂၀၁၅ ခုနှစ်) တည်ထောင်ခဲ့ခြင်းဖြစ်သည်။

၎င်းဆုသည် ဆရာ/ ဆရာမတို့မှ ကျောင်းသားများ၏ ဘဝဖွံ့ဖြိုးတိုးတက်‌စေ‌ရေး၊ တိုင်းပြည်နှင့် ပညာရေး ဖွံ့ဖြိုး တိုးတက်‌ရေးများအပေါ် ရွေးချယ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

PMCA ဖောင်ဒေးရှင်းမှ ဆုရရှိသူအား Princess Maha Chakri ဆုတံဆိပ်၊ ဂုဏ်ထူးဆောင် ရွှေရင်ထိုး (၁)ခု ၊ အမေရိကန် ဒေါ်လာ (၁)သောင်းနှင့် ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ - ဆုရရှိခဲ့သည် ဆရာမ ဒေါ်အေးစုဝင်း (လူမှုကွန်ယက်)
Citizen News Agency - MCNA

တောင်ကြီးမြို့တွင် ပြုလုပ်သည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ မူးယစ်‌ဆေးဝါးများ မီးရှို့ဖျက်ဆီးဇွန် ၂၆၊ ၂၀၂၃တောင်ကြီးမြို့ ...
26/06/2023

တောင်ကြီးမြို့တွင် ပြုလုပ်သည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ မူးယစ်‌ဆေးဝါးများ မီးရှို့ဖျက်ဆီး

ဇွန် ၂၆၊ ၂၀၂၃

တောင်ကြီးမြို့ မီးပုံးပျံကွင်းမှာ ဇွန်လ ၂၆ ရက်နေ့က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွှဲသုံးစားမှုနဲ့ တရားမဝင် ရောင်းဝယ်တိုက်ဖျက်‌‌‌‌‌ရေးနေ့မှာ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတချို့ ကိုမီးရှို့ ဖျက်ဆီးမှုတွေကို သက်ဆိုင်ရာက ပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။

အဲ့ဒီလို မီးရှို့ဖျက်ဆီးမှုတွေကိုတော့ ရန်ကုန်၊ မန္တလေးမြို့တွေမှာလဲ ပြုလုပ်ခဲ့ပြီး ဒီနှစ် (၂၀၂၃) အတွင်း မေလအထိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုအနေနဲ့ အမေရိကန် ဒေါ်လာ ၁၇၉ ဒသမ ၅၃ သန်း ရှိတယ်လို့ မူးယစ်ဆေးဝါး ကာကွယ်တားဆီး နိမ်နင်း‌‌ရေးရဲတပ်ဖွဲ့ဆီကနေ သိရပါတယ်။

ဓာတ်ပုံ - တောင်ကြီးမြို့တွင် မူးယစ်ဆေးဝါးများ ဖျက်ဆီးမှု (MCNA)
Citizen News Agency - MCNA

ရပ်ထားသည့် သစ်တင်ကားအား ဆိုင်ကယ်ဖြင့် ဝင်တိုက် (၁)ဦးသေဆုံးဇွန် ၂၃၊ ၂၀၂၃။မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-လားရိ...
23/06/2023

ရပ်ထားသည့် သစ်တင်ကားအား ဆိုင်ကယ်ဖြင့် ဝင်တိုက် (၁)ဦးသေဆုံး

ဇွန် ၂၃၊ ၂၀၂၃။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-လားရိူးလမ်း၊ အနီးစခန်းနားက စည်သာဂုတ်ထိပ်နားမှာ ဇွန်လ (၂၂) ရက်နေ့ နေ့လည် (၂) နာရီလောက်က ရပ် ထားတဲ့ သစ်တင်ကားကို ဆိုင်ကယ်တစ်စီးက နောက်ကနေ ဝင်တိုက်ခဲ့ ဖြစ်စဉ်ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဖြစ်စဉ်မှာ ဆိုင်ကယ်မောင်းနှင်စီးနှင်းလာတဲ့ အမျိုးသမီး (၂) ဦး ထဲက တစ်ဦးဟာ ပြင်ဦးလွင်ပြည်သူ့ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တယ်လို့ တုသိတာလူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။

ဓာတ်ပုံ - ယာဉ်တိုက်မှုဖြစ်ပွါးခဲ့သည့် နေရာ (တုသိတာ လူမှုကူညီရေးအသင်း)

Citizen News Agency - MCNA

ညမထွက်ရ အချိန်တွင် ဖွင့်လှစ်သည့် Honey Nest Bar ဝင်ရောက်စစ်ဆေးခံရ၊ အယောက် ၃၀၀ ကျော် ခံဝန်ဖြင့် ပြန်လွတ်ဇွန် ၁၃၊ ၂၀၂၃။ရန်...
13/06/2023

ညမထွက်ရ အချိန်တွင် ဖွင့်လှစ်သည့် Honey Nest Bar ဝင်ရောက်စစ်ဆေးခံရ၊ အယောက် ၃၀၀ ကျော် ခံဝန်ဖြင့် ပြန်လွတ်

ဇွန် ၁၃၊ ၂၀၂၃။

ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၁)ရပ်ကွက်ထဲက Honey Nest Bar ကို သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေက ဇွန်လ ၁၃ ရက်နေ့ မနက်စော ဇွန်လ ၁၂ ရက်နေ့ ည ၁၂ နာရီအကျော်မွာဝင် ရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဆိုင်ဟာ ညမထွက်အရ အချိန်ကျော်လွန်ဖွင့်လှစ်မှုနဲ့ ဆိုင်အတွင်းရှိနေတဲ့ လာရောက်တဲ့ အမျိုးသား (၂၅၁)ဦး၊ အမျိုးသမီး (၁၀၈) ဦးတို့ကို သက်ဆိုင်ရာက ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ သူတွေကို ခံဝန်လက်မှတ်ရေးထိုးစေပြီး ဇွန်လ (၁၃) ရက်နေ့ မနက်ပိုင်းမှာပဲ ပြန်လွှတ်ပေးခဲ့ကာ ဆိုင်မန်နေဂျာကိုတော့ ဥပဒေအရ အမှုဖွင့် အရေးယူသွားမယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Honey Nest Bar
Citizen News Agency – MCNA

ဗန်းမော်ဆရာတော်ကြီး၏ အန္တိမဈာပန မနက်ဖြန် ကျင်းပပြုလုပ်မည်ဇွန် ၅၊ ၂၀၂၃။ဗန်းမော်ဆရာတော် ဘုရားကြီးရဲ့ အန္တိမဈာပန ကိုမန္တလေး...
05/06/2023

ဗန်းမော်ဆရာတော်ကြီး၏ အန္တိမဈာပန မနက်ဖြန် ကျင်းပပြုလုပ်မည်

ဇွန် ၅၊ ၂၀၂၃။

ဗန်းမော်ဆရာတော် ဘုရားကြီးရဲ့ အန္တိမဈာပန ကိုမန္တလေး၊ ချမ်းမြသာစည် လေဆိပ်ဟောင်းမှာ ဇွန်လ (၆) ရက်နေ့ ညနေပိုင်းမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဇွန်လ (၇) ရက်နေ့ နံနက်ပိုင်းမှာတော့ ဆရာတော်ဘုရာကြီးရဲ့ ကြွင်းကျန်ရစ်တော်မူတဲ့ အရိုးပြာတော်ကို ဧရာဝတီမြစ် အတွင်း ရေမျှော ပူဇော်သွား မှာလို့ သိရပါတယ်။

ဆရာတော် ဘုရားကြီးဟာ ကျန်းမာရေးအခြေအနေကြောင့် ထိုင်းနိုင်ငံ ဘန်ကောက် ဆေရုံးကြီးမှာ သွား ရောက်ဆေးကုသမှုခံယူပြီး မေလ (၂၅) ရက်နေ့က မန္တလေးမြို့ မဟာအောင်မြေ မြို့နယ်၊ ဗန်းမော်ကျောင်းတိုက် မှာ သီတင်းသုံးနေစဉ် ည (၁၁) နာရီအချိန် ပျံလွန်တော်မှုခဲ့တာ ဖြစ်ပါတယ်။

ဆရာတော် ပျံလွန်တော်မှုချိန်မှာ သက်တော် (၉၅) နှစ်၊ ဝါတော် (၇၅) ဝါရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - အန္တိမဈာပနာ အခမ်းအနား ပြင်ဆင်ထားမှု (မဏိစလ လူမှုကူညီရေးအသင်း)
Citizen News Agency - MCNA

တာချီလိတ်တွင် ဦးခေါင်းထိခိုက်ဒဏ်ရာဖြင့် သေဆုံးအလောင်း တွေ့ရှိ‌ဇွန် ၅၊ ၂၀၂၃။တာချီလိတ်မြို့၊ ဝမ်လုံးရွာ အဝင်လမ်းနားမှာ ဇွန...
05/06/2023

တာချီလိတ်တွင် ဦးခေါင်းထိခိုက်ဒဏ်ရာဖြင့် သေဆုံးအလောင်း တွေ့ရှိ

‌ဇွန် ၅၊ ၂၀၂၃။

တာချီလိတ်မြို့၊ ဝမ်လုံးရွာ အဝင်လမ်းနားမှာ ဇွန် ၄ ရက်‌နေ့ ညပိုင်းက ဦးခေါင်းဒဏ်ရာနဲ့ သေဆုံးနေတဲ့အမျိုးသား အလောင်း (၁)လောင်း တွေ့ရှိခဲ့တယ်လို့ ဦးလှမိုး လူမှုကူညီရေးအဖွဲ့ထံက သိရပါတယ်။

သေဆုံးနေသူဟာ မယ်မန်းမှာ နေထိုင်တဲ့ အသက် ၃၀ အရွယ် ကိုမြင့်သိန်း ဆိုသူဖြစ်ပြီး သေဆုံးမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက စစ်ဆးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

သေဆုံးအလောင်းကိုတော့ လူမှုကူညီရေးအသင်းက
တာချီလိတ်ပြည်သူ့ဆေးရုံကြီး မော်ကြူရီ ဌာနကို ပို့ဆောင်ပေးထားခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - သေဆုံး အလောင်း (ဦးလှမိုး လူမှုကူညီရေးအသင်း)
Citizen News Agency - MCNA

စီမံ/ ဘဏ္ဍာဝန်ကြီး ဟောင်း ဦးဆက်အောင် လွတ်ရက်စေ့ ပြန်လည်လွတ်မြောက်လာဇွန် ၂၊ ၂၀၂၃။စီမံ/ ဘဏ္ဍာ ဒုဝန်ကြီး ဟောင်း ဦးဆက်အောင်ဟ...
02/06/2023

စီမံ/ ဘဏ္ဍာဝန်ကြီး ဟောင်း ဦးဆက်အောင် လွတ်ရက်စေ့ ပြန်လည်လွတ်မြောက်လာ

ဇွန် ၂၊ ၂၀၂၃။

စီမံ/ ဘဏ္ဍာ ဒုဝန်ကြီး ဟောင်း ဦးဆက်အောင်ဟာ ဇွန်လ (၂) ရက်နေ့ ဒီကနေ့ မနက်ပိုင်းက ရမည်းသည်း အကျဉ်းထောင်ကနေ လွတ်ရက်စေ့ ပြန်လည်လွတ်မြောက်လာခဲ့ပြီလို့ သိရပါတယ်။

ဦးဆက်အောင်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့က ဖမ်ဆီးထိန်းသိမ်းခံခဲ့ရပြီး နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေ ပုဒ်မ ၃ - ၁ (ဂ) နဲ့ နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးက ထောင်ဒဏ် (၃) နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

Citizen News Agency - MCNA

ငါးသယ်လှေ‌ ဒီဇယ်ကန်အား ဆင်းဆေးသည့် အမျိုးသား (၂) ဦး အောက်ဆီဂျင်ပြတ် သေဆုံးမေ ၃၁၊ ၂၀၂၃ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့...
31/05/2023

ငါးသယ်လှေ‌ ဒီဇယ်ကန်အား ဆင်းဆေးသည့် အမျိုးသား (၂) ဦး အောက်ဆီဂျင်ပြတ် သေဆုံး

မေ ၃၁၊ ၂၀၂၃

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ ကြို့ကုန်း Jetty ဆိပ်ကမ်းဝန်းအတွင်းက ငါးသယ်လှေပေါ်က ဒီဇယ်ကန်ကို ဆင်းဆေးရာကနေ အမျိုးသား (၂)ဦး အောက်ဆီဂျင်ပြတ်တောက်ကာ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီ့ သေဆုံးမှုဟာ မေလ (၃၁) ရက်နေ့ နံနက် (၁၀) နာရီ ခွဲအချိန်လောက်က ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အင်းစိန်မြို့နယ်မီးသတ်စခန်းက သွားရောက်ကူညီဆောင်ရွက်ခဲ့ပေးခဲ့တယ်လို့ သိရပါတယ်။

သေဆုံး ရုပ်အလောင်းတွေကို ကနောင် လူမှုကယ်ဆယ်ရေးအသင်းယာဉ်နဲ့ အင်းစိန်ပြည်သူ့ဆေးရုံကို ကူညီပို့ဆောင်ပေးထားခဲ့တယ်လို့လဲ သိရပါတယ်။

ဓာတ်ပုံ - ငါးသယ်လှေ ဒီဇယ်ကန်အတွင်း သေဆုံးသူများအား ကူညီဆယ်ထုတ်နေမှု
Citizen News Agency - MCNA

ဘုန်းကြီးကားနှင့် ရွှေညာမြေ Express ယာဉ်တိုက်မှုဖြစ်ပွား ဘုန်းကြီး တစ်ပါး ပျံလွန်တော်မူမေ ၃၁၊ ၂၀၂၃။မန္တလေး - ကျောက်ပန်းတ...
31/05/2023

ဘုန်းကြီးကားနှင့် ရွှေညာမြေ Express ယာဉ်တိုက်မှုဖြစ်ပွား ဘုန်းကြီး တစ်ပါး ပျံလွန်တော်မူ

မေ ၃၁၊ ၂၀၂၃။

မန္တလေး - ကျောက်ပန်းတောင်း - မိတ္ထီလာကားလမ်းပိုင်း ဆယ်လမ်းခွဲနားမှာ မေလ ၃၀ ရက်နေ့ ညနေ ပိုင်းက ဘုန်းကြီးကားနဲ့ ရွှေညာမြေ Express ယယဉ်တို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူ သွားခဲ့တယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုဟာဆို နှစ်ဖက်ကားတွေ ကျောက်ပန်းတောင်း - မိတ္ထီလာကားလမ်းပိုင်း ၄၆ မိုင် ၆ ဖာလုံ အရောက်မှာ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာဖြစ်ပါတယ်။

ဘုန်းကြီးကားပေါ်က ဘုန်းကြီးတစ်ပါး ပျံလွန်တော်မှုကာ တစ်ပါး ပြင်းထန် ဒဏ်ရရှိခဲ့ကာ ကျောက်ပန်းတောင်းဆေးရုံကို မေတ္တာမွန် လူမှုကူညီရေး အသင်းကသို့ဆောင်‌ပေးထားခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ယာဉ်တိုက်ဖြစ်ပွားခဲ့ပြီး အခြေနေ
Citizen News Agency - MCNA

၃၈ ဖြာ မင်္ဂလာ သင်တန်းပို့ချပြီး အပြန် အဆိုတော် ဒေါ်လီလီနိုင်ကျော် ပစ်ခတ်ခံရမေ ၃၁၊ ၂၀၂၃။ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြိ...
31/05/2023

၃၈ ဖြာ မင်္ဂလာ သင်တန်းပို့ချပြီး အပြန် အဆိုတော် ဒေါ်လီလီနိုင်ကျော် ပစ်ခတ်ခံရ

မေ ၃၁၊ ၂၀၂၃။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ (၂) ရပ်ကွက်၊ ရန်အောင်လမ်း၊ တိုက် (က/၂၆၇) မှာ မေလ (၃၀) ရက်နေ့ ည (၇) နာရီ အချိန်လောက်က အပြင်ကနေ ၃၈ ဖြာ မင်္ဂလာ သင်တန်းပို့ချပြီး အပြန် လာတဲ့ အဆိုတော် ဒေါ်လီလီနိုင်ကျော် ကားပေါ်မှာတင် ပစ်ခတ်ခံရတယ်လို့ သိရပါတယ်။

ပစ်ခတ်ခံရမှုကြောင့် ယာနားထင်အောက် ကျည်ထိမှန် ပြင်းထန်ဒဏ်ရာနဲ့ တပ်မတော် အမှတ် (၁) ကုတင် (၁၀၀၀) ဆေးရုံကို ပို့ဆောင်ဆေးကုသမှု ခံယူနေရာကနေ ည (၁၀) နာရီ အချိန်လောက်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အဆိုတော် လီလီနိုင်ကျော်ဟာ မဘသနဲ့ အမျိုးသားတက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်ပြီး သူ့လိုပဲ မဘသနဲ့ အမျိုးသားတက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ကိုတင့်လွင် ဆိုသူလဲ မေလ (၂၆) ရက်နေ့က ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ပါသေးတယ်။

ဓာတ်ပုံ - ပစ်ခတ်ခံရသည့် အဆိုတော် လီလီနိုင်ကျော် (အင်တာနက်)
Citizen News Agency - MCNA

နစက၏ ငြိမ်းချမ်းအရေးအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင် မြောက်ပိုင်း သုံးဖွဲ့တို့ တွေ့ဆုံမည်မေလ ၃၀၊ ၂၀၂၃။နစကရဲ့ ငြိမ်းချ...
30/05/2023

နစက၏ ငြိမ်းချမ်းအရေးအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင် မြောက်ပိုင်း သုံးဖွဲ့တို့ တွေ့ဆုံမည်

မေလ ၃၀၊ ၂၀၂၃။

နစကရဲ့ ငြိမ်းချမ်းရေးအဖွဲ့ (NSPNC)နဲ့ တိုင်းရင်းသားလက်နက်ကိုင် မြောက်ပိုင်း သုံးဖွဲ့တို့ ဇွန်လ (၁) ရက်နေ့တွင် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့တွင် တွေ့ဆုံသွားမယ်လို့ သိရပါတယ်။

အဲ့ဒီတွေ့ဆုံပွဲအတွက် မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ/ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNTJP/ MNDAA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး/ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/ TNLA)နဲ့ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/ AA)တို့က ကိုယ်စားလှယ်တွေ မိုင်းလားကို မေလ ၃၀ ရက်နေ့ (ဒီကနေ့) ကရောက်ရှိနေပြီဖြစ်တယ်လို့ ဒေသတွင်း သတင်းများရဲ့ ဖော်ပြချက်အရ တွေ့ရှိရပါတယ်။

ဆွေးနွေးပွဲ အောင်မြင်စွာ ဖြစ်မြောက်ရေးအတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာ အထူးသံတမန် မစ္စတာ ကောပေါင်က တရုတ်နိုင်ငံ ကိုယ်စားလှယ်အဖြစ် ပါဝင်သွားမယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ - ဆွေးနွေးပွဲအတွက် မိုင်းလားသို့ ရောက်ရှိမှု (Mongla News)

Citizen News Agency - MCNA

Address


Alerts

Be the first to know and let us send you an email when Myanmar Citizen News Agency - MCNA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Citizen News Agency - MCNA:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share